← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

🌻 Chapter 99

အစေခံများက လက်ဖက်ရည်နှင့် မုန့်များ ယူလာပေးကြပြီးနောက် ယင်ကျန်းက ဟင်းပွဲအချို့ ယူလာရန် အမိန့်ပေး သည်။

ဒသမမင်းသားက ကမ်းကော်ကော်ကို အကြိမ်အနည်းငယ် လှမ်းကြည့်ပြီးနောက် မနေနိုင်တော့ဘဲမေးသည်။

"စတုတ္ထနောင်တော်... ဘဲဥအနှစ်ရောင်လို ဝတ်ဆင်ထားတဲ့ ဒီအလှလေးက ဘယ်သူလဲ"

[ဘဲဥအနှစ်ရောင် ဟုတ်လား၊ ဒါ အဝါရောင်လို့ခေါ်တယ်ဟဲ့၊ ငါ့အဝတ်က အဝါရောင်ထက် နင့်စိတ်ကတောင် ပိုဝါနေသေးတယ်၊ ပြီးတော့ နင့်မျက်နှာကြီးကလည်း အဝါရောင်ပဲ]

ယင်ကျန်း သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး "သူမက ငါ့အိမ်တော်က ကိုယ်လုပ်တော်ပဲ"

ဒသမမင်းသားက သူ့နောက်ရှိ အစေခံမလေးထံမှ ယပ် တောင်ကို လုယူကာ အလျင်အမြန် ခတ်လိုက်ရင်း

"အိုး... အိမ်ကနေ ခေါ်လာတာကိုး၊ ကျွန်တော်က အပြင်ကနေ ခေါ်လာတာလို့ ထင်နေတာ"

နဝမမင်းသားက ဒသမမင်းသား ပခုံးကို ယပ်တောင်ဖြင့် ပုတ်ကာ ရယ်မောလျက် "ဒသမညီတော်ကလည်း စတုတ္ထအစ်ကိုတော်က ပြည့်တန်ဆာအိမ်တွေကို သွားလေ့ရှိတဲ့ လူစားမျိုး မဟုတ်ဘူးလေ"

ဒသမမင်းသားက "ဟွန့်... သူက ဖြောင့်မတ်တယ်ဆိုရင်တောင် အဋ္ဌမအစ်ကိုတော်နဲ့ ယှဉ်လို့ရမလား အဋ္ဌမအစ်ကိုတော်မှာက အိမ်တော်မှာ ဇနီးတစ်ယောက်တည်း ရှိတာလေ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီ ကျားမကြီးက ကျေးဇူးတင်ရကောင်းမှန်း မသိဘူး ဟူး..."

အဋ္ဌမမင်းသား မျက်နှာအမူအရာမှာ အဆုံးတွင် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလာသည်

"ဒသမညီတော်၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

[ဟားဟား... သမိုင်းထဲက အဋ္ဌမမင်းသားရဲ့ ဇနီးက တကယ်ကို ကြောက်စရာကောင်းတာပဲ၊ ဟမ့်... သစ္စာရှိတယ်ဆိုတာက ယောကျာ်းတစ်ယောက်ရဲ့ အကောင်းဆုံး တန်ဖိုးပဲ၊ အဋ္ဌမမင်းသားက ရှေးခေတ် မင်းသားတွေကြားမှာ တကယ်ကို ရှားပါးတဲ့သူပဲ]

[ဒါဆို မေးစရာရှိလာပြီ၊ အကယ်၍ စတုတ္ထမင်းသားသာ ဇနီးတစ်ယောက်တည်းကိုပဲ လက်ထပ်ပြီး သစ္စာရှိတဲ့သူဖြစ်ခဲ့မယ်ဆိုရင် သူ့အိမ်တော်က အခြေအနေတွေကို သူ ဘယ်လို ဖြေရှင်းမလဲ]

[ဒါဆိုရင် ဒီခန္ဓာကိုယ်ပိုင်ရှင်အစစ်က ကမ်းချန်အန်းရဲ့ ရောင်းစားခံရလို့ စတုတ္ထမင်းသားရဲ့ အိမ်တော်ကို အစေခံမလေးအဖြစ် ရောက်လာလောက်တယ်]

[အဲလို သေချာဖြစ်လာမှာ]

ထိုအကြောင်းကို တွေးမိပြီး ကမ်းကော်ကော် တုန်ယင်သွားကာ ယင်ကျန်းထံမှ စိမ့်ထွက်လာသော အေးစက်စက် အငွေ့အသက်များကိုပင် ခံစားလိုက်မိသည်။

[ယင်ကျန်း ဘာဖြစ်သွားတာလဲ၊ သူက ဒီညီတော်တွေကို တကယ် သဘောမကျတာ ထင်တယ်]

ဒသမမင်းသားက နဝမမင်းသားဘက်သို့ လှည့်ကာမေး သည်။

"နဝမအစ်ကိုတော်... တစ်ခုခု ပြောပါဦး၊ ဟိုတစ်ခေါက်က အစ်ကိုတော် အပျော်မယ်အတွက် ငွေသုံးထောင် သုံးခဲ့တယ်လေ၊ သူမကို ခေါ်လာတဲ့အချိန် အစ်ကိုတော့်ဇနီးတောင် ဘာမှမပြောရသေးခင် အဋ္ဌမမင်းသားကတော်က အစ်ကိုတော်တော့်အိမ်ကို အပြေးအလွှား ရောက်လာပြီး အဲ့အပျော်မယ်ကို မောင်းထုတ်ခဲ့တာလေ၊ အဲဒါက တရားလို့မလား၊ သူမနဲ့ ဘာဆိုင်လို့လဲ"

[ဟားဟားဟား... အဋ္ဌမမင်းသားကတော်က တကယ်ရယ်ရတာပဲ၊ အဲဒီ ညီအစ်ကိုသုံးယောက်က အမြဲတမ်းဆန်ကုန်မြေ လေးတွေ ပြဿနာရှာဖို့ပဲတက်တာ]

နဝမမင်းသားက ယင်ကျီကို တစ်ချက်ကြည့်လိုက်ပြီး "ဒသမညီတော်... အဋ္ဌမမရီးတော် လုပ်ခဲ့တာက မှန်ကန်ပြီး သင့်တော်ပါတယ်၊ ငါ သူမကို ကျေးဇူးတင်သင့်တာ၊ ချင်းမင်းဆက်ရဲ့ မင်းသားတစ်ပါးက ပြည့်တန်ဆာတစ်ယောက်ကို အိမ်ခေါ်လာတာက ဘယ်လို အဓိပ္ပာယ်မျိုးလဲ၊ သူ့မှာ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူးလား"

[နဝမမင်းသားရဲ့ အသားအရေက တကယ်ကောင်းတာပဲ၊ မိတ်ကပ်လိမ်းတက်တဲ့ အိမ်ရှေ့စံမင်းသားထက်တောင် ပိုကောင်းသေးတယ်၊ သူက ယီဖေးရဲ့သားဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ ရာဇ၀င်ထဲကယီဖေးက အရမ်းလှတဲ့ အလှမယ်လေးတစ်ယောက်လို့ ကြားဖူးတယ်]

[ယှဉ်ကြည့်လိုက်ရင် ဒသမမင်းသားက နည်းနည်း လိုအပ်သေးတယ်၊ သူက အရမ်းကြမ်းတမ်းလွန်းတယ်၊ တကယ်ပါပဲ... နဂါးသားတော်ကိုးယောက်က တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပဲ]

[ဟူး... နဝမမင်းသားက အရမ်းချောတာပဲ၊ ဒါပေမဲ့ နောက် ကျ ယင်ကျန်းက သူ့ကို ဝက်တို့၊ ခွေးတို့လို နာမည်ပြောင်းပေးလိုက်မယ့် အကြောင်းကို တွေးကြည့်လိုက်တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး]

ယင်ကျန်းက ရုတ်တရက်လှည့်ကာ သူမကို စူးရဲစွာ စိုက်ကြည့်လာသည်။

[ဟင်... စတုတ္ထမင်းသား ရေဆာနေလို့များလား]

ကမ်းကော်ကော်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။

ယင်ကျန်းက ယူလိုက်သော်လည်း သူ့နှုတ်ခမ်းများက မျဉ်းတစ်ကြောင်းပမာ ဖြောင့်တန်းစွာ စေ့ပိတ်ထားဆဲပင်။

[ကျစ်... အလိုလိုက်ပေးရတာ အရမ်းခက်တာပဲ]

ဒသမမင်းသား "အဲဒီလို ပြောလို့ မရဘူးလေ၊ အိမ်မှာ ခက်ထန်တဲ့ မိန်းမတစ်ယောက် ရှိနေတာက တကယ်ကို ကြောက်စရာကောင်းတယ်၊ တစ်ခါတလေ သူမရဲ့ ငတုံးမရုပ်ကြီးကို မြင်ရင် ဖြတ်ရိုက်ချင်စိတ်တောင် ပေါက်လာတယ်"

နဝမမင်းသားက နားကိုကလော်ရင်း မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ရယ်မောလျက်ပြောသည်။

"အာ... ဒသမညီတော်၊ မင်းက ဘယ်သူ့ကို ရိုက်ချင်တာလဲ"

ဒသမမင်းသားက အဋ္ဌမမင်းသားကို တစ်ချက်ကြည့်ကာ "အဋ္ဌမမရီးတော်ကိုတော့ မဟုတ်ပါဘူး"

[ဒီ ဒသမမင်းသားက မိန်းမကို နှိပ်စက်တက်တဲ့သူများလား]

နဝမမင်းသားက ကမ်းကော်ကော်ကို ကြည့်ကာ ရုတ်တရက် မေးသည်။

"ငါ မှတ်မိတာ မမှားဘူးဆိုရင် ဒါက ပြီးခဲ့တဲ့ရက်အနည်းငယ်က စတုတ္ထနောင်တော် ခမည်းတော်ဧကရာဇ်ဆီမှာ ချွင်းချက်အနေနဲ့ စဲဖူအဖြစ် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကိုယ်လုပ် တော်လေး မဟုတ်လား"

ဒသမမင်းသားက ရုတ်တရက် သဘောပေါက်သွားကာ သူ့နဖူးကိုသူ ရိုက်လိုက်ပြီး "ဒါကြောင့်ကိုး"

[ဘာလဲဟ]

[ယင်ကျန်း ငါ့ နောက်ကွယ်မှာ တကယ်ကြီး အဲ့တာကို တောင်းဆိုပေးတယ်ပေါ့၊ ဘာလို့ ငါ့ကို မပြောပြတာလဲ ခစ်ခစ်... အဲ့တာ တကယ်ရရ၊ မရရ သူ့စိတ်ထဲမှာရှိတာနဲ့တင် လုံလောက်နေပါပြီ]

ယင်ကျန်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး "နဝမညီတော်... မင်းရဲ့ အာရုံကို မိန်းမတွေဆီမှာပဲ အမြဲမထားရင် ပိုကောင်းလိမ့်မယ်"

နဝမမင်းသားက ယပ်တောင်ကို ခတ်ကာ မျက်လုံးများ မှေးမှိတ်သည်အထိ ပြုံးလိုက်သည်။

"ကျွန်တော်က အမြဲတမ်း မိန်းမလိုက်စားတဲ့သူလေ၊ စတုတ္ထအစ်ကိုတော်လို စည်းကမ်းကြီးတဲ့သူမှ မဟုတ်တာ၊ ကျွန်တော်က တော်တော်လေး အချစ်ကြီးတဲ့သူပါ"

"အချစ်ကြီးတယ် ဟုတ်လား"

ယင်ကျန်း အဋ္ဌမမင်းသားကို တစ်ချက်ကြည့်ကာ "အဲဒီဘွဲ့ကိုတော့ ငါဒီတစ်သက် ရမှာမဟုတ်ဘူး"

အဋ္ဌမမင်းသားက သူ့ခွက်ကို မြှောက်လိုက်ပြီး ရေပြင်ကို ဖြတ်တိုက်သွားသော နွေဦးလေညင်းလေးပမာ နူးညံ့ပြီး ကရုဏာသက်ဖွယ် အသံဖြင့် ပြောလာသည်။

"တစ်နေ့က ရေကြီးမှု ဖြစ်ပွားခဲ့လို့ ဘေးဒဏ်သင့် ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး သနားစရာ ကောင်းခဲ့ရတယ်၊ စတုတ္ထအစ်ကိုတော်ရဲ့ မပင်မပန်း ကြိုးစားအားထုတ်မှုတွေကြောင့်သာ ဘေးဒဏ်သင့် ပြည်သူတွေ ခိုလှုံရာ ရှာတွေ့ခဲ့ပြီး မြို့တော်က ပြည်သူတွေလည်း ငြိမ်းချမ်းမှုကို ခံစားနိုင်ခဲ့တာပါ၊ စတုတ္ထအစ်ကိုတော်အတွက် ကျွန်တော် အရက်တစ်ခွက် ဆက်သပါတယ်"

[အဋ္ဌမမင်းသားရဲ့ နာမည်ဂုဏ်သတင်းက တစ်နည်းနည်းနဲ့ အစွန်းရောက်နေတယ် ဆိုပေမယ့် တကယ်ကို ကြင်နာတတ်ပြီး လူကောင်းတစ်ယောက်လိုပါပဲ၊ သူ့ရဲ့ ညီတော်နှစ်ယောက်က မိန်းမတွေကိုပဲ စိတ်ဝင်စားနေချိန်မှာ သူကတော့ နိုင်ငံနဲ့ ပြည်သူတွေအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေရှာတယ်]

ယင်ကျန်းက လေးနက်တည်ကြည်ကာ ခပ်တန်းတန်းပုံစံဖြင့်ပင် "ငါ လက်မခံရဲပါဘူး၊ ခမည်းတော်ဧကရာဇ်ရဲ့ လောကကြီးအပေါ် ကောင်းချီးပေးမှုတွေကြောင့်သာ အဓိကပါ၊ ကောင်းတာလုပ်တာနဲ့ ပတ်သက်ရင် တတိယနောင်တော်က ငါ့ထက်တောင် အများကြီး ပိုကြီးမားပါတယ်"

နဝမမင်းသားက ယပ်တောင်ကို ခေါက်ကာ ရယ်မောလျက် "ဒီကိစ္စကို တတိယအစ်ကိုတော်နဲ့ စတုတ္ထအစ်ကိုတော်တို့ အတူတူ လုပ်ခဲ့ကြတာဆိုပေမယ့် အစကနေ အဆုံးထိ တတိယအစ်ကိုတော်က မျက်နှာတောင် သိပ်မပြဘူးလို့ ကြားတယ်၊ အားလုံးကို စတုတ္ထအစ်ကိုတော်နဲ့ စတုတ္ထမရီးတော်တို့ကပဲ ကိုင်တွယ်ဖြေရှင်းခဲ့တာဆို"

ယင်ကျန်း မျက်မှောင်ကြုတ်သွားသည်။

"တတိယအစ်ကိုတော်နဲ့ တတိယမရီးတော်တို့က စားနပ်ရိက္ခာဝယ်ဖို့ ငွေကြေးခွဲဝေချထားရေးနဲ့ ဆန်ပြုတ်ဝေငှရေးတွေမှာ အလုပ်များနေခဲ့ကြတာ၊ တကယ်ကို ကြိုးစားပမ်းစား လုပ်ခဲ့ကြတာ၊ ချွင်းရှုက တတိယမရီးတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းလို့သာ ကူညီပေးခဲ့တာပါ၊ ငါကတော့ ငါ့တာဝန်ကို ငါ လုပ်ခဲ့တာပဲ"

[ဒီ နဝမမင်းသားက တတိယမင်းသားနဲ့ ငါတို့ စတုတ္ထမင်း သားကြားမှာ ရန်တိုက်ပေးဖို့ ကြိုးစားနေတာလား၊ စတုတ္ထမင်းသား ထိခိုက်နစ်နာအောင် မြှောက်ပင့်ပေးနေတာလား၊ ဘယ်လောက်တောင် ယုတ်မာလိုက်လဲ၊ တော်တော်အကြံအ စည်ကြီးတဲ့ လူပဲ]

ဒသမမင်းသားက အော်ပြောလာသည်။

"ဘယ်သူပဲဖြစ်ဖြစ် လာ... သောက်ကြတာပေါ့"

အခြားသူအားလုံးကလည်း သူတို့ခွက်များကို မြှောက်လိုက်ကြပြီး ယင်ကျန်းလည်း တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူတို့ အရက်ခွက်ကို ချထားလိုက်ချိန်၌ အဋ္ဌမမင်းသားက ပြောလာသည်။

"ဒီနေ့က ညီအစ်ကိုတွေ စုဝေးကြတဲ့နေ့ဆိုတော့ စည်းကမ်းချက်တွေ အများကြီး လိုအပ်မှာ မဟုတ်ဘူး၊ စတုတ္ထအစ်ကိုတော်နောက်က ကိုယ်လုပ်တော်လေးလည်း ဒီမှာ မတ်တပ်ရပ်နေရတာ အတော်ကြာနေပြီ၊ သူမ တော်တော်လေး ပင်ပန်းနေလောက်တော့ ဘာလို့ဝင်ထိုင်ပြီး ကျွန်တော်တို့နဲ့အတူ တစ်ခုခု ဝင်မစားတာလဲ"

[အဋ္ဌမမင်းသားက တကယ်ကို သူ့နာမည်နဲ့ လိုက်ဖက်တာပဲ]

ယင်ကျန်း ခေါင်းညိတ်ပြလိုက်သဖြင့် ကမ်းကော်ကော်က သူ့ဘေးတွင် ဝင်ထိုင်သည်။

သူမက ကိုယ်တိုင်မစားဘဲ ဖြူဖွေးသွယ်လျသော လက် ချောင်းလေးများကို အနည်းငယ် ကွေးထားရင်း ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကောက်ဝတ်ရှိ အင်္ကျီလက်စကို ညင်သာစွာ မတင်ကာ ယင်ကျန်းအတွက် ဟင်းခတ်ပေးရန်သာ အာရုံစိုက်နေခဲ့သည်။ လှုပ်ရှားမှုတိုင်းက အလွန်ပင် လှပပြီး ကျက်သရေရှိလှသည်။

[ကံကောင်းလို့ ငါက အထိန်းတော်ကြီးတွေဆီကနေအပြု အမူ အနေအထိုင်တွေကို ကြိုတင်လေ့ကျင့်ထားခဲ့ရတာ၊ မဟုတ်ရင် ဒီလိုအခြေအနေမျိုးကျရင် အရှက်ကွဲရတော့မှာပဲ]

ယင်ကျန်း သူမကို စောင်းငဲ့ကြည့်လာရာ ကမ်းကော်ကော်က အပြုံးဖြင့် ပြန်လည် တုံ့ပြန်သည်။ သူမ မျက်လုံးများက တောက်ပကာ စိုစွတ်နေပြီး မျက်နှာဖုံးအောက်ရှိဖြူဖွေးသော နှာတံထိပ်လေးမှ ချွေးစက်အချို့ပင် စိမ့်ထွက်နေပုံရသည်။

သူ မနေနိုင်ဘဲ သူမကို လှမ်းသုတ်ပေးရန် လက်ရွယ်သော် လည်း သူ့ အခြားညီတော်များ ရှိနေသဖြင့် လက်သီးကိုသာ ဆုပ်ထားလိုက်ပြီး ချောင်းဟန့်ဟန်ဆောင်လိုက်ရသည်။

🌻 Chapter 100

ဒသမမင်းသား အားပါးတရ ရယ်မောလိုက်ပြီး "စတုတ္ထအစ်ကိုတော်က တကယ်ကို ကံကောင်းတာပဲ"

ယင်ကျန်း ခပ်ရဲ့ရဲ့ပြုံးလေပြီး "ဒီနေ့ မင်းကိုသာ မမြင်ခဲ့ရဘူးဆိုရင် ငါ ပိုပြီးတောင် ကံကောင်းဦးမှာ"

ထိုစကားကို ကြားသောအခါ ဒသမမင်းသားမျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားရသည်။

"အစ်ကိုတော်က မာကျောပြီး အေးစက်နေတဲ့ အပ်တစ်ချောင်းလိုပဲ၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို အမြဲတမ်း အေးစက်စက်ဖြစ်အောင် တကယ်ထိုးဖောက်နိုင်တာပဲ"

[သူက တကယ့်ကိုဗီလိန်ကောင်ပဲ]

အဋ္ဌမမင်းသားက "ဒသမညီတော်... စတုတ္ထအစ်ကိုတော်က မင်းကို နောက်ပြောင်နေတာကို၊ ဘာလို့ ဒေါသထွက်နေရတာလဲ"

ဒသမမင်းသားက ယင်ကျန်းကို စူးရဲစွာ စိုက်ကြည့်ကာ ကြမ်းတမ်းသော အသံဖြင့်ပြောသည်။

"ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး"

ယင်ကျန်း စကားမပြောနိုင်မီ အခြားတစ်ယောက်ဝင်လာပြီး အစီရင်ခံသည်။

"နျန်ကုန်းယောင်နဲ့ သူ့ညီမတို့လည်း ရေကန်ကို အပန်းဖြေဖို့ ရောက်လာကြပါတယ်"

[ဘယ်... ဘယ်သူ ရောက်နေတယ်လို့ပြောတယ်တာလဲ၊ ငါ ကြားလိုက်တာ တကယ်ကြီးလား၊ ဟီးဟီး... နျန်ကုန်းယောင်တဲ့၊ နောက်ထပ် နာမည်ကြီး တစ်ယောက်နဲ့ တွေ့ရတော့မှာပဲ]

[နေပါဦး... သူ့ညီမ ဟုတ်လား၊ ဘယ်ညီမမလဲ၊ နန်းဆောင်မှာ မျက်နှာသာဆုံး ကိုယ်လုပ်တော် ဖြစ်လာမယ့် အနာဂတ်က နျန်ဖေးများလား၊ ငါ သူမအကြောင်းကို မေ့တောင်မေ့နေပြီ]

[ဒါပေမဲ့ သူမက ဒီလောက်စောစောကြီး ပေါ်လာလို့လား]

[ဟူး... သူမ နန်းတော်ထဲ ဝင်လာတာနဲ့ ငါ့ရဲ့ နည်းပါးလှတဲ့ မျက်နှာသာပေးခံရမှုလေးလည်း ဆုံးရှုံးသွားတော့မှာပဲ၊ ရုတ်တရက်ကြီး အန္တရာယ်ရှိနေသလို ခံစားလာရပြီ၊ တကယ်လို့ ငါသာ မျက်နှာသာပေးမခံရတော့ဘူးဆိုရင်...]

ကမ်းကော်ကော် စိတ်အခြေအနေမှာ အနည်းငယ် ညှိုးနွမ်းသွားရသည်။

ယင်ကျန်းက စားပွဲအောက်ရှိ ကမ်းကော်ကော် လက်ဖမိုးပေါ်သို့ သူ့လက်ကို တင်လိုက်ကာ ရှုပ်ထွေးသောမျက်နှာအမူ အရာဖြင့် သူမကိုကြည့်လာသည်။

သူတို့နှစ်ဦးမှာ ပတ်ဝန်းကျင်နှင့် သီးခြားစီဖြစ်ကာ သဘာဝအတားအဆီးတစ်ခု ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။ သူတို့ဘေးတွင် ဒသမမင်းသားက အော်ပြောနေပြီဖြစ်သည်။

"နျန်ကုန်းယောင် ဟုတ်လား၊ သွား... ဒသမမင်းသားက သူ့ကို ဝင်လာပြီး သောက်ဖို့ခေါ်တယ်လို့ သွားပြောချေ"

သူ့ဩရှရှအသံကြီးမှာ အလွန်ကျယ်လောင်လှသဖြင့် အခြားလှေတစ်စင်းပေါ်ရှိ နျန်ကုန်းယောင်မှာ အစေခံတစ်ယောက် လာရောက် အကြောင်းကြားရန်ပင် မလိုဘဲ ကြားနိုင်သည်။

"ဒသမမင်းသားလည်း ဒီမှာ ရှိနေတာလား"

"နျန်ကုန်းယောင်က သခင်လေးတို့အားလုံးကို အရိုအသေပေးပါတယ်"

"ချွင်းလင်လည်း သခင်လေးတို့အားလုံးကို အရိုအသေပေးပါတယ်၊ အားလုံးပဲ ကျန်းမာသက်ရှည်ကြပါစေရှင်"

"အပြင်ရောက်နေတာကို ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ"

နျန်ကုန်းယောင်နှင့် သူ့ညီမတို့ ဝင်လာသောအခါ ကမ်းကော်ကော်မှာ စိတ်လှုပ်ရှားနေခဲ့သည်။ သူမ နျန်ကန်းယောင် ညီမကိုတွေ့လိုက်သော ယင်ကျန်း မျက်နှာအမူအရာကို သေချာစွာ စောင့်ကြည့်ချင်ခဲ့သလို ဒဏ္ဍာရီလာ နျန်ဖေးမှာ မည်မျှလှပသည်ကိုလည်း သူမကိုယ်တိုင် မြင်တွေ့ချင်ခဲ့သည်။

သို့သော် ယင်ကျန်း မျက်လုံးများမှာမူတည်ငြိမ်နေဆဲပင်။ ထိုမောင်နှမနှစ်ယောက် သူ့အနားသို့ ရောက်လာမှသာ ခေါင်းအနည်းငယ် ညိတ်ပြလေသည်။

[နျန်ကုန်းယောင်က ငါ စိတ်ကူးထားတာထက် ပိုပြီးခန့်ညားတာပဲ ပြီးတော့ သူ့ညီမက နာမည်ကြီး မင်းသမီးတစ်ယောက်ထက်တောင် ပိုလှနေသေးတယ်]

[နောက်ပိုင်းကျရင်... ဟူး... အံ့ဩစရာတော့ မဟုတ်ပါဘူးလေ]

ရုတ်တရက် သူမ လက်ဖဝါးမှာ စပ်ဖျင်းဖျင်း ဖြစ်သွားသည်။ ကမ်းကော်ကော် ခေါင်းလှည့်ကာ ယင်ကျန်းကို နားမလည်နိုင်စွာဖြင့် ကြည့်လာသည်။

[သူက ဘာလို့ ငါ့ကို အမြဲတမ်း လာဆိတ်နေရတာလဲ]

[ရှင်က ကျွန်မကို အခုကတည်းက စပြီး မုန်းနေပြီလား၊ ဒါဆို မြန်မြန်သာ ငါ့ကို ထွက်သွားခွင့်ပြုပေးတော့၊ ပြီးရင်တော့ ကျွန်မကို လျော်ကြေးငွေ အများကြီးပေး]

ကမ်းကော်ကော် အံ့ဩသွားသည်မှာ နျန်ကုန်းယောင် ညီမကလည်း သူမကို ခိုးခိုးကြည့်နေခြင်းပင်။

"ကုန်းယောင်... မင်းရဲ့ ပျောက်ဆုံးနေတဲ့ ညီမကို ရှာတွေ့ဖို့ စတုတ္ထမင်းသားက ကူညီပေးခဲ့တယ်လို့ ငါ ကြားတယ်"

နဝမမင်းသားစကားများက ကမ်းကော်ကော်စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ နျန်ကုန်းယောင်က ခေါင်း ညိတ်လိုက်ပြီး သူ့ မျက်နှာပေါ်တွင် ကျေးဇူးတင်မှုများ အပြည့်ဖြင့် ပြန်ပြောသည်။

"ဒီကုန်းယောင်ကို သတိရပေးတဲ့ စတုတ္ထမင်းသားကို တကယ် ကျေးဇူးတင်မိပါတယ်၊ ချွင်းလင်နဲ့ ဆုံတွေ့ရတဲ့ ကံကောင်းမှုအတွက် ကျွန်တော်တို့ မောင်နှမက စတုတ္ထမင်းသားကို အရမ်း ကျေးဇူးတင်ပါတယ်"

[ချွင်းလင် ဟုတ်လား၊ အဲ့တုန်းက ချွင်းလင်က ဒဏ္ဍာရီထဲက ချွင်းလင်တဲ့လား]

ကမ်းကော်ကော်က ချွင်းလင် လုပ်ရပ်များအကြောင်းကို ဟွာယွီပြောပြ၍သာ ကြားဖူးခဲ့သော်လည်း သူမ အဝေးသို့ အပို့မခံရမီက ချွင်းလင်နှင့် တွေ့ဆုံခွင့် မရခဲ့ဖူးပေ။

[ဒါဆို သူမက နျန်ကုန်းယောင်ကို မှတ်မိသွားလို့ပေါ့၊ သူမ ရုတ်တရက်ကြီး ပျောက်သွားတာ အံ့ဩစရာ မဟုတ်ပါဘူးလေ၊ ငါက ဖူကျင်း လုပ်လိုက်တာလို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ ယင်ကျန်း လုပ်ခဲ့တာကိုး...]

ဒသမမင်းသား "အဲဒီတစ်ခေါက် ငါတို့ သောက်ကြတုန်းက မင်းမှာ ညီမလေးတစ်ယောက် ရှိတယ်လို့ ပြောခဲ့တာလေ၊ တကယ်ကြီး ရှိနေတာကိုး၊ မင်း ငါတို့ ညီအစ်ကိုတွေကို လိမ်ခဲ့တာ မဟုတ်ဘူးပဲ၊ ဟီးဟီး... မင်းညီမက တကယ်လှတာပဲ"

အဋ္ဌမမင်းသားက သူ့ခွက်ကို ထပ်မံ မြှောက်လိုက်ပြီး "ဒါက တကယ်ကို ဝမ်းသာစရာ ကိစ္စပဲ၊ လာ... ကုန်းယောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သောက်ကြရအောင်"

အဖွဲ့လိုက် ခွက်များကို မြှောက်ကာ ထပ်မံ သောက်ကြပြန်သည်။ ခွက်များကို ချထားလိုက်ပြီးနောက် ဒသမမင်းသားက စပ်စုချင်စိတ်ဖြင့် မေးလာသည်။

"စတုတ္ထအစ်ကိုတော်... နျန်ကုန်းယောင် သူ့ညီမကို ရှာတွေ့ဖို့ အစ်ကိုတော် ဘယ်လို ကူညီပေးခဲ့တာလဲ"

နဝမမင်းသားကလည်း ဝင်ပြောသည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ ညီအစ်ကိုတွေ အဆက်အသွယ်တွေ အများကြီး သုံးခဲ့တာတောင် သူမကို ရှာမတွေ့ခဲ့ဘူးလေ၊ ဒါပေမဲ့ အစ်ကိုတော်က တိတ်တဆိတ်နဲ့ အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တာပဲ"

ယင်ကျန်းက တည်ငြိမ်စွာ ပြန်ပြောသည်။

"ငါ့လူတွေက ချွင်းလင်နဲ့ တိုက်ဆိုင်စွာ ဆုံခဲ့တာလို့ ကုန်းယောင် ပြောခဲ့တယ် မဟုတ်လား ပြီးတော့ မင်းတို့အားလုံးက ကိစ္စတွေကို အလေးအနက် မထားဘဲ အမြဲတမ်းပေါ့ပေါ့ဆ ဆနေတတ်ကြလို့ သဘာဝကျကျပဲ ဘယ်သူ့ကိုမှ ရှာမတွေ့နိုင်ကြတာပေါ့"

ဒသမမင်းသားက သည်းမခံနိုင်တော့ဘဲ မျက်လုံးများ ပြူးကျယ်သွားကာ "စတုတ္ထအစ်ကိုတော်... အစ်ကိုတော်ပြောတာ နည်းနည်းလောက် လွန်လွန်းသွားတယ် မထင်ဘူးလား"

[ဘယ်နေရာမှာ လွန်နေလို့လဲ၊ သူ လုပ်တာ ကောင်းတယ်၊ အဲဒီလိုပဲ ဖြစ်သင့်တာ၊ နင်တို့ပဲ အဲဒီလို မေးခွန်းတွေ အမြဲလာမေးနေတာ၊ အဲဒါ သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှန်း နင်တို့ မသိကြဘူးလား]

ချွင်းလင်က ထိုနေရာတွင် ထိုင်ကာ သူမလက်ကိုင်ပဝါကို အဆက်မပြတ် လိမ်ကျစ်နေရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရသည်။

နျန်ကုန်းယောင်သည် စူးရှထက်မြက်သော မျက်လုံးများဖြင့် မင်းသားများကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့အရက်ကို တစ်ငုံ သောက်လိုက်ကာ ပြုံးပြလာသည်။

"တကယ့်ကို ကောင်းမွန်တဲ့ အရက်ပဲ၊ ဒီနေ့ သခင်လေးတို့နဲ့သာ မဆုံခဲ့ရင် ကျွန်တော်တို့ ဒါကို မြည်းစမ်းခွင့်ရဖို့ ကံကြမ္မာ ပါလာမှာ မဟုတ်ဘူး"

ချွင်းလင်ကလည်း သူမအရက်ခွက်ကို မြှောက်ကာ ဖြည်းဖြည်းချင်း သောက်လိုက်သည်။

အဋ္ဌမမင်းသားက သူ့လက်ဖြင့် ခွက်ကို ဝေ့ယမ်းလျက်

"အရက်အကြောင်း ပြောရရင် ငါက ကျူယဲ့ချင် အရက်ကို အကြိုက်ဆုံးပဲ၊ နဝမညီတော်ကတော့ ပါရှန်းအရက်ကို ပိုကြိုက်တယ်၊ ကျန်းနန်ချွန်း အရက်က ချိုမြိန်ပြီး မွှေးကြိုင်ပေမယ့် တော်တော်လေး ပြင်းတယ်၊ သခင်မလေးချွင်းလင်က မိန်းကလေးဆိုတော့ အများကြီး မသောက်သင့်ဘူး"

ချွင်းလင် ရှက်ရွံစွာ ပြုံးလာပြီး "အဋ္ဌမမင်းသားရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်ရှင်"

နျန်ကုန်းယောင် "သခင်လေးတို့... လှေပေါ်မှာအရက်သောက် ရတာက နည်းနည်းလေး ငြီးငွေ့စရာကောင်းနေတယ် မဟုတ်လား"

All Chapters