← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 25 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 25 Ch. 287-288

အပိုင်း (၂၈၇)

အောက်မင်နှင့် ဝေမြို့စားကြီး အိမ်တော်ကို ပါးရိုက်ရန်အတွက် အောက်ယွီက ဖိတ်စာ ထောင်ပေါင်းများစွာကို ပို့ဆောင်ခဲ့ပုံ ရသည်။

ကျန်းကျိုးမြို့ ရှိ မျက်နှာပန်းလှသူ အားလုံးကို ဖိတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့် မြို့ဝန်တို့ပါ ပါဝင်၏။

သေချာသည်မှာ ပညာရေးဝန်ကြီး လည်း ပါဝင်သလို ယခုတစ်ကြိမ် ပြည်နယ်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကျူရန် အားလုံးလည်း ပါဝင်သည်။ အားလုံးက ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသည် မဟုတ်လား။

ထို့အပြင် ဤကျူရန် အသစ်များမှာ တကယ်ကို သတ္တိကောင်းလှ၏။ အောက်ယွီက ဖိတ်ကြားရဲသလို သူတို့ကလည်း တကယ် လာရဲကြပြီး လူတစ်ဝက်ကျော်ခန့် ရောက်ရှိလာကြသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့က စုမန်ကိုတော့ မဖိတ်ကြားခဲ့ပေ။

စုမန် လည်း မလာခဲ့ပေ။ ယွင်ကျုံးဟဲ့က သူ့ကို ဤကိစ္စတွင် မပါဝင်စေရန် ကာကွယ်ပေးထားခြင်း ဖြစ်၏။

သို့ပေမည့် ဖခင်ဖြစ်သူ အောက်ရှင်းကတော့ မင်္ဂလာဆောင်သို့ ပြန်လာနိုင်ခြင်း မရှိခဲ့ပေ။ ဧကရာဇ်၏ အမိန့်တော် မရှိဘဲ မြို့တော်မှ ထွက်ခွာခွင့် မရှိသောကြောင့် ဖြစ်သည်။

မင်္ဂလာဆောင်တွင် သက်သေအဖြစ် ဆောင်ရွက်ပေးမည့် သူမှာ အောက်ယွီ၏ ဆရာ၊ ထျန်းယီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း ဖြစ်၏။

မွန်းတည့်ချိန်တွင် နုလန်ဟောက် အိမ်တော်၌ ဧည့်သည်များ ပြည့်နှက်နေပြီး ဧည့်သည် ထောင်ပေါင်းများစွာ ရောက်ရှိနေကြသည်။

သို့ပေမည့် ပြည်နယ်ဝန်ကြီးမှစ၍ မြို့ဝန်အထိ၊ ခရိုင်ဝန် နှစ်ဦးပင်လျှင် ရောက်မလာခဲ့ကြပေ။ အောက်ထင် ကလည်း အဘိုး အနေဖြင့် ရောက်မလာခဲ့သလို၊ အောက်မင်နှင့် အောက်ကျင်း တို့လည်း ရောက်မလာ ခဲ့ကြပေ။

အတိုချုပ်ဆိုရလျှင် အောက်မျိုးနွယ်စုမှ လူတစ်ဦးမျှ မရောက်လာခဲ့ကြပေ။ သို့ပေမည့် ကိစ္စမရှိပေ။ အလွန် စည်ကားနေဆဲဖြစ်ပြီး ဧည့်သည် ထောင်ပေါင်းများစွာက သက်သေအဖြစ် လုံလောက်နေပြီ ဖြစ်၏။

ထို့အပြင် ဧည့်ခံပွဲကို မနေ့တည်းက စတင် ကျွေးမွေးနေပြီဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် စားသောက် နိုင်သည်။ လက်ဖွဲ့ ပေးပါက ပိုကောင်းသော်လည်း မပေးလျှင်လည်း ကောင်းသော စကား အနည်းငယ် ပြောလိုက်ရုံဖြင့် ရသည်။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့က ဟွာမန်လောက်ကို သတိရသွားမိသည်။ ရည်မှန်းချက် ကြီးမားသော ထိုသူတောင်းစားသည် အသုဘအိမ်များ၊ မင်္ဂလာဆောင် အိမ်များသို့ သွားရောက်ကာ အခမဲ့ စားသောက် ရသည်ကို အလွန် နှစ်သက်သူ ဖြစ်၏။

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ဟွာမန်လောက်နှင့် ယန်ဖြန်ရှန် တို့မှာ လုံးဝ မတူညီသော လူနှစ်ဦးအဖြစ် ထင်မှတ်နေမိသည်။

မွန်းလွဲပိုင်း အချိန်တွင် ကြီးကျယ်ခမ်းနားသော သတို့သမီး ကြိုဆိုရေး အဖွဲ့ကြီးက ပန်းဝေါယာဉ်ကို ထမ်းကာ နုလန်ဟောက် အိမ်တော်မှ ထွက်ခွာလာပြီး ဝေမြို့စားကြီး အိမ်တော်သို့ သတို့သမီး သွားကြိုရန် ထွက်ခွာလာကြ၏။

လမ်းတစ်လျှောက်လုံး တီးမှုတ် အော်ဟစ်လာကြသောကြောင့် အလွန် စည်ကားလှသည်။

ထို့အပြင် လမ်းတစ်လျှောက်လုံး မင်္ဂလာ သကြားလုံးများ ကြဲချလာသောကြောင့် ယနေ့သည် ကျန်းကျိုးမြို့ ရှိ ကလေး အများအပြားအတွက် ပွဲတော်ရက် တစ်ခု ဖြစ်လာခဲ့၏။

နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် သတို့သမီး ကြိုဆိုရေးအဖွဲ့က ဝေမြို့စားကြီး အိမ်တော်သို့ ရောက်ရှိ လာသည်။

ပုံမှန်အားဖြင့် မင်္ဂလာဆောင်မည် ဆိုပါက သတို့သမီးဘက်မှ ဖြစ်သော ဝေမြို့စားကြီး အိမ်တော်တွင်လည်း မီးအိမ်များ ချိတ်ဆွဲကာ ဧည့်သည်များကို ဧည့်ခံ ကျွေးမွေးရမှာဖြစ်၏။

သို့ပေမည့် လုံးဝ မရှိပေ။ ဝေမြို့စားကြီး အိမ်တော်တွင် မည်သည့် မင်္ဂလာ အငွေ့အသက်မှ မရှိဘဲ အလွန် တိတ်ဆိတ် ငြိမ်သက်နေသောကြောင့် မသိသောသူများက အိမ်ထဲတွင် လူသေနေသည်ဟုပင် ထင်မှတ်သွား နိုင်၏။ ဤသည်မှာ ပုံမှန် မဟုတ်ကြောင်း သိသာလှသည်။

သတို့သမီး ကြိုဆိုရေး အဖွဲ့က အပြင်ဘက်မှနေ၍ တံပိုးများမှုတ်ကာ သတို့သမီးကို အမြန် ထွက်လာရန် တိုက်တွန်းနေကြ၏။

“အချိန်ကျပြီ… သတို့သမီး ဝေါယာဉ်ပေါ် တက်ပါတော့။”

“အချိန်ကျပြီ… သတို့သမီး ဝေါယာဉ်ပေါ် တက်ပါတော့။”

သတို့သမီး ကြိုဆိုရေး အဖွဲ့က အဆက်မပြတ် အော်ဟစ်နေကြပြီး အပြင်ဘက်တွင် ဝိုင်းရံ ကြည့်ရှုနေသော လူထောင်ပေါင်းများစွာကလည်း လိုက်လံ အော်ဟစ်ကြလေသည်။

ဤလူများက ပွဲကြည့်ချင်သောစိတ်ဖြင့် ရောက်လာကြခြင်းဖြစ်ပြီး ဝေမြို့စားကြီး အိမ်တော်က မည်သို့ ကတိဖျက်မည်ကို ကြည့်ချင်နေကြ၏။

လူအများရှေ့တွင် ပန်းဝေါယာဉ်ကို ရိုက်ခွဲပစ်မည်လား။ သို့မဟုတ် တွမ်ယင်းယင်း၏ နေရာတွင် အစေခံမလေး တစ်ဦးကို အစားထိုး ထည့်ပေးလိုက်မည်လား။

သို့မဟုတ် ပို၍ ဆိုးရွားစွာဖြင့် ကြက်မ တစ်ကောင်ကို ပန်းဝေါယာဉ်ပေါ် တင်ပေးလိုက်မည်လား။ သို့မဟုတ် အောက်တန်းကျဆုံးသော ပြည့်တန်ဆာမ တစ်ဦးကို သတို့သမီးအဖြစ် ဟန်ဆောင်ကာ ပန်းဝေါယာဉ်ပေါ် တင်ပေးလိုက်မည်လား။

ထို့ကြောင့် လူထောင်ပေါင်းများစွာက ပို၍ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာကြ၏။ “အချိန်ကျပြီ… သတို့သမီး.. ဝေါယာဉ်ပေါ် တက်ပါတော့။”

“သတို့သမီး... ဝေါယာဉ်ပေါ် တက်ပါတော့။”

“စာချုပ် လက်မှတ်ထိုးရဲပြီး ဝေါယာဉ်ပေါ်တော့ မတက်ရဲဘူးလား။”

လူထောင်ပေါင်းများစွာ၏ အော်ဟစ်သံများအကြားတွင် ဝေမြို့စားကြီး အိမ်တော်၏ တံခါးကြီး ပွင့်လာလေသည်။

သတို့သမီး တစ်ဦးက အမျိုးသမီး နှစ်ဦး၏ တွဲကူမှုဖြင့် ဖြည်းညင်းစွာ ထွက်လာ၏။ ခန္ဓာကိုယ် အချိုးအစားက အလွန် လှပ သွယ်လျလှ၏။

“မျက်နှာအစစ် ဟုတ်၊ မဟုတ် စစ်ဆေးမယ်။ မျက်နှာအစစ် ဟုတ်၊ မဟုတ် စစ်ဆေးမယ်။” လူအုပ်ထဲမှ တစ်ယောက်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

ဤသည်မှာ သူတို့က ညစ်ချင်၍ မဟုတ်ဘဲ ဝေမြို့စားကြီး အိမ်တော်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ အကယ်၍ လူစားထိုးလိုက်လျှင် မည်သို့ လုပ်မည်နည်း။

“မျက်နှာအစစ် ဟုတ်၊ မဟုတ် စစ်ဆေးမယ်။ မျက်နှာအစစ် ဟုတ်၊ မဟုတ် စစ်ဆေးမယ်။” လူထောင်ပေါင်းများစွာက အတူတကွ အော်ဟစ်လိုက်ပြန်ရာ နားကွဲမတတ် ဆူညံသွားပြန်၏။

ထိုသတို့သမီးက ရပ်တန့်သွားပြီးနောက် ခေါင်းဆောင်းကို ချက်ချင်း ဖယ်ရှားလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ “သေချာ ကြည့်ထားကြ။ တွမ်ယင်းယင်း အစစ်ပဲ။”

ဤအမျိုးသမီးက အလွန် လှပသော်လည်း မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေပြီး မင်္ဂလာ သွားဆောင်မည့်ပုံ မပေါ်ဘဲ လူသွားသတ်မည့် ပုံ ပေါက်နေ၏။

သတို့သမီး၏ မျက်နှာအစစ်ကို စစ်ဆေးပြီးနောက် တီးဝိုင်းက ပြန်လည် စတင် တီးမှုတ်ကာ သတို့သမီးကို ဝေါယာဉ်ပေါ် တက်ရန် ဖိတ်ခေါ်လေသည်။

တွမ်ယင်းယင်းက ခေါင်းဆောင်းကို ပြန်ဆောင်းလိုက်ပြီး ပန်းဝေါယာဉ် အတွင်းသို့ ဝင်ရောက်သွား၏။

“ဝေါယာဉ် မမယ်။” အော်ဟစ်သံနှင့်အတူ နုလန်ဟောက် အိမ်တော်မှ သိုင်းပညာရှင် အချို့က ပန်းဝေါယာဉ်ကို မကာ ရိုးရာဓလေ့အတိုင်း ဝေါယာဉ်ကို လှုပ်ခါကြလေသည်။

လမ်းတစ်လျှောက်လုံး တီးမှုတ် အော်ဟစ်ကာ သတို့သမီးကို နုလန်ဟောက် အိမ်တော်သို့ ခေါ်ဆောင် လာခဲ့ကြ၏။

ညဘက် ရောက်ချိန်မှာတော့ နုလန်ဟောက် အိမ်တော် တစ်ခုလုံး မီးအိမ်များ ချိတ်ဆွဲထားပြီး အလွန် လှပနေ၏။ ဧည့်သည် ထောင်ပေါင်းများစွာက ဆူညံစွာဖြင့် အလွန် စည်ကားနေသည်။

“သတို့သမီးကို ကြိုဆိုမယ်။” အော်ဟစ်သံနှင့်အတူ အဘွားကြီး တစ်ဦးက ပန်းဝေါယာဉ်ထံသို့ သွားကာ သတို့သမီးကို ကျောပိုးပြီး နုလန်ဟောက် အိမ်တော်၏ ဧည့်ခန်းမ အတွင်းသို့ ခေါ်ဆောင်လာခဲ့၏။

ထို့နောက် မင်္ဂလာ အခမ်းအနား စတင်ကာ ကန်တော့ခြင်းများ ပြုလုပ်ရတော့မှာဖြစ်သည်။

သို့ပေမည့် လူကြီး နေရာတွင် နုလန်ဟောက်၏ ဇနီး လျိုကတော် တစ်ဦးတည်းသာ ရှိနေသည်။ အောက်ထင် မရောက်လာခဲ့သလို အောက်ရှင်းလည်း မြို့တော်တွင်သာ ရှိနေသေး၏။ ဝေမြို့စားကြီး အိမ်တော် ဘက်မှလည်း တစ်ဦးမှ တက်ရောက်လာခြင်း မရှိပေ။

သို့ပေမည့် လျိုကတော် သည် ပြုံးရွှင်နေဆဲ ဖြစ်၏။ သို့ပေမည့် ဤအပြုံးသည် ပျော်ရွှင်သော အပြုံး မဟုတ်ဘဲ လက်စားချေလိုသော အပြုံးမျိုး ဖြစ်နေသည်။

‘တွမ်ယင်းယင်း… မင်းက ငါ့ရဲ့ ဖက်တီးလေးကို အထင်သေးခဲ့တယ် မဟုတ်လား။ အခု ဘယ်လိုလဲ။ လိမ္မာရေးခြားရှိစွာနဲ့ လာပြီး လက်ထပ်ရပြီ မဟုတ်လား။ ငါ့သားက ဒီနေ့ လက်ထပ်ပြီး ညဘက် လင်မယားအဖြစ် နေပြီးတာနဲ့ မနက်ဖြန်ကျရင် မင်းကို ကွာရှင်းလိမ့်မယ်။

မင်းတို့ ဝေမြို့စားကြီး အိမ်တော်ရဲ့ ဘယ်ဘက် ပါးကို ရိုက်ရုံတင် မကဘူး၊ ညာဘက် ပါးကိုပါ ရိုက်အုံးမယ်။ တွမ်ယင်းယင်း.... မင်းကို အရှက်ကွဲအောင် လုပ်ပစ်မယ်။ ရက်စက်တဲ့ မိန်းမ။’

အမှန်တကယ်တော့ ဆရာကြီး ကျူ့လန်ထျန်း သည် ဤမင်္ဂလာဆောင်တွင် သက်သေအဖြစ် မပါဝင် သင့်သော်လည်း သူ ရောက်လာခဲ့၏။

ဤသည်မှာ သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်းပင် ဖြစ်နိုင်သည်။ သူသည် အောက်ယွီနှင့် လုံးဝ ပူးပေါင်းသွားပြီဖြစ်ပြီး အမတ်ချုပ်ကြီးလင်၏ ပါတီဂိုဏ်းဂဏကို တရားဝင် စတင် တိုက်ခိုက်တော့မှာ ဖြစ်သည်။

“အချိန်ကျပြီ… မင်္ဂလာ အခမ်းအနား စတင်မယ်။”

ထို့နောက် သက်သေဖြစ်သူ ကျူ့လန်ထျန်းက ဆုတောင်းစကားများကို စတင် ရွတ်ဆိုလေသည်။ အရာအားလုံးက ပုံမှန် မင်္ဂလာဆောင် တစ်ခု အတိုင်းပင် ဖြစ်၏။

ဆုတောင်း စကားများက စာလုံးရေ တစ်ထောင်ကျော် ရှိသောကြောင့် နားထောင်ရသူများ အနေဖြင့် အလွန် စိတ်မရှည် ဖြစ်နေကြ၏။ အားလုံးက ပြဇာတ်ကြီးကို စောင့်ကြည့်ချင်နေကြသည်။

ထိုနေရာတွင် ရှိနေသူ အားလုံးက ဤမင်္ဂလာ အခမ်းအနားတွင် ကြီးမားသော ပြဿနာ တစ်ခုခု သေချာပေါက် ဖြစ်လာမည်ဟု ထင်မှတ်နေကြသည်။ နာရီဝက်ခန့်ကြာပြီးသည့်နောက် ဆုတောင်း စကားများ ရွတ်ဆို ပြီးစီးသွား၏။

ဆရာကြီး ကျူ့လန်ထျန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ကန်တော့ခြင်း စတင်မယ်။”

လူတိုင်း ချက်ချင်း အာရုံစိုက်လိုက်ကြပြီး မျက်လုံးကို အကျယ်ဆုံး ပြူးကာ အသက်ရှူရန်ပင် မဝံ့ရဲဘဲ အံ့အားသင့်ဖွယ် ပြဇာတ်ကြီးကို လက်လွတ်သွားမည် စိုးရိမ်နေကြ၏။

“ပထမ ကောင်းကင်နဲ့ မြေကြီးကိုကန်တော့မယ်။”

သတို့သား ယွင်ကျုံးဟဲ့နှင့် သတို့သမီး တွမ်ယင်းယင်း တို့က ပိုးဖဲကြိုး အနီရောင်ကို ကိုင်ဆောင်ကာ အပြင်ဘက်ရှိ ကောင်းကင်နှင့် မြေကြီးကို ဒူးထောက်၍ တစ်ကြိမ်ကန်တော့လိုက်ကြသည်။

လူတိုင်း အံ့အားသင့်သွားကြ၏။ ‘သတို့သမီးက ပြဿနာ မရှာဘူးလား။ တကယ်ပဲ လိမ္မာရေးခြား ရှိစွာနဲ့ ကောင်းကင်နဲ့ မြေကြီးကို ကန်တော့လိုက်တာလား။’

“ဒုတိယ မိဘတွေကို ကန်တော့မယ်။”

သတို့သားနှင့် သတို့သမီးတို့က လူကြီးနေရာတွင် ထိုင်နေသော လျိုကတော်ကို ဒူးထောက်၍ ကန်တော့လိုက် ကြသည်။

“လင်မယား အချင်းချင်း ကန်တော့မယ်။”

ထိုစကား ထွက်လာချိန်တွင် လူတိုင်းက ပို၍ မျက်တောင် မခတ်ရဲတော့ပေ။ အကယ်၍ သတို့သမီး ပြဿနာ ရှာမည်ဆိုလျှင် ဤအချိန်တွင် ပြဿနာ ရှာရတော့မှာဖြစ်၏။

လင်မယား အချင်းချင်းကန်တော့ပြီးသွားပါက အခမ်းအနား ပြီးဆုံးပြီဖြစ်ပြီး သူတို့ နှစ်ဦးက တရားဝင် လင်မယား ဖြစ်သွားပြီ ဖြစ်၏။ အနည်းဆုံးတော့ အမည်ခံ အားဖြင့် လင်မယား ဖြစ်သွားပြီ ဖြစ်သည်။

‘တွမ်ယင်းယင်း… ခင်ဗျား ပြဿနာ ကြီးကြီး ရှာချင်ရင် အခု အချိန်ပဲ။’

သို့ပေမည့် မည်သည့် ကိစ္စမှ ဖြစ်ပေါ်မလာခဲ့ပေ။

သတို့သား အောက်ယွီနှင့် သတို့သမီး တွမ်ယင်းယင်း တို့သည် လင်မယား အချင်းချင်း ကန်တော့ခြင်းကို အောင်မြင်စွာ ပြီးစီးသွားကြ၏။

‘ဒါ ဘယ်လို ဖြစ်တာလဲ။ တွမ်ယင်းယင်းက ကံကြမ္မာကို လက်ခံလိုက်တာလား။ အောက်ယွီကို စိတ်လိုလက်ရ လက်ထပ်လိုက်တာလား။ ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ။’

“မင်္ဂလာ အခန်းထဲ ဝင်မယ်။” ဆရာကြီး ကျူ့လန်ထျန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ မိန်းမစိုး တစ်ဦး၏အသံ ထွက်ပေါ်လာ၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် လာပြီ… ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် လာပြီ။”

ထို့နောက် မိန်းမစိုးကြီး တစ်ဦးက အလျင်အမြန် ပြေးဝင်လာလေသည်။ “ဆရာကြီး ကျူ့လန်ထျန်း… ခင်ဗျား ဒီမှာ ရှိနေတာကိုး။ ကျုပ် ရှာလိုက်ရတာ။”

ထို့နောက် ထိုမိန်းမစိုးကြီးက အမိန့်တော်ကို ဖြန့်လိုက်ရာ ဆရာကြီး ကျူ့လန်ထျန်း အလျင်အမြန် ရှေ့သို့ တိုးလာပြီး ဒူးထောက်လိုက်၏။

“ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ ဧကရာဇ်မင်းမြတ်က ယန်သမိုင်းကို ပြန်လည် ရေးသားရန် ရည်ရွယ်ထားရာ ကျူ့လန်ထျန်း သည် ပညာ အရည်အချင်း ပြည့်ဝသူ ဖြစ်သောကြောင့် ယနေ့ပင် မြို့တော်သို့ လာရောက်၍ ဒုတိယ စာတည်းမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ရန် အမိန့်ပေးလိုက်သည်။ အမိန့်တော်...”

ဆရာကြီး ကျူ့လန်ထျန်းက ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျုပ် အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။”

ထိုမိန်းမစိုးကြီးက ပြောလိုက်၏။ “သခင်ကြီး ကျူ့… အခုပဲ ကျုပ်နဲ့အတူ လိုက်ခဲ့ပါတော့”

ဆရာကြီး ကျူ့လန်ထျန်းက မေးလိုက်သည်။ “ဒီနေ့အတွင်း သွားရင် ရတယ် မဟုတ်လား။”

ထိုမိန်းမစိုးကြီး၏ မျက်နှာ အနည်းငယ် တုန်ယင်သွားပြီး ပြန်ဖြေ၏။ “အဲဒီလို ပြောလို့ ရပေမဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ရပြီးတာနဲ့ ချက်ချင်း ထွက်ခွာသင့်တယ် မဟုတ်လား။”

ဆရာကြီး ကျူ့လန်ထျန်းက မေးလိုက်သည်။ “ကျုပ် ဒီအခမ်းအနားလေး ပြီးတဲ့အထိ စောင့်လို့ ရမလား။”

မိန်းမစိုးကြီးက အတင်းအကျပ် ပြုံးကာ ဆို၏။ “သခင်ကြီးက အဲဒီလို လုပ်ချင်တယ် ဆိုရင်လည်း ရပါတယ်။”

ဆရာကြီး ကျူ့လန်ထျန်းက မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “သတို့သားနဲ့ သတို့သမီးကို မင်္ဂလာအခန်းထဲ ပို့ဆောင်မယ်။”

.........................

အပိုင်း (၂၈၈)

“နေအုံး…” သတို့သမီး တွမ်ယင်းယင်းက ရုတ်တရက် အော်ဟစ်လိုက်၏။

လူတိုင်း အာရုံစိုက်လိုက်ကြသည်။ ‘လာတော့မလား။ ဒီကိစ္စ လာတော့မှာလား။’

ဆရာကြီး ကျူ့လန်ထျန်းက မေးလိုက်၏။ “အောက်ယွီရဲ့ ဇနီး… ခင်ဗျား ဘာလုပ်ချင်လို့လဲ။”

သတို့သမီး တွမ်ယင်းယင်းက ပြန်ဖြေသည်။ “တချို့ နေရာတွေရဲ့ ဓလေ့ထုံးစံအရဆိုရင် သတို့သားနဲ့ သတို့သမီးက မင်္ဂလာအခန်းထဲ မဝင်ခင် ယောက္ခမတွေကို လက်ဖက်ရည် ကန်တော့ရတယ် မဟုတ်လား။ ကျွန်မလည်း ယောက္ခမကို လက်ဖက်ရည် တစ်ခွက်ကန်တော့ပြီးမှ သွားချင်လို့ပါ။”

ထို့နောက် တွမ်ယင်းယင်းက ခေါင်းပေါ်မှ အနီရောင် ခေါင်းဆောင်းကို ဆွဲချွတ်လိုက်ရာ ပြိုင်ဘက်ကင်း လှပသော မျက်နှာ ထွက်ပေါ်လာ၏။

သို့ပေမည့် လူတိုင်း အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် တွမ်ယင်းယင်း၏ ဆံပင်ပုံစံမှာ သတို့သမီး ဆံပင်ပုံစံ မဟုတ်ဘဲ မုဆိုးမ၏ ဆံပင်ပုံစံ ဖြစ်နေပြီး ဆံပင်ပေါ်တွင် ပန်းဖြူ တစ်ပွင့် ပန်ဆင်ထားသောကြောင့် ဖြစ်၏။

ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ယောကျာ်း သေဆုံးသွားသော အဓိပ္ပာယ် ဖြစ်သည်။

မင်္ဂလာ အခမ်းအနားတွင် တွမ်ယင်းယင်းက ဤကဲ့သို့ ဝတ်ဆင်ထားခြင်းက အောက်ယွီကို စောစော သေစေရန် ကျိန်ဆဲနေခြင်း မဟုတ်ပါလား။

တွမ်ယင်းယင်းက စားပွဲအနီးသို့ သွားကာ လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ပြီး လက်နှစ်ဖက်ဖြင့်ကိုင်ကာ လျိုကတော်၏ အရှေ့သို့ သွားရောက် ဦးညွှတ်လိုက်၏။ “ယောက္ခမကြီး… လက်ဖက်ရည် သုံးဆောင်ပါ။”

လျိုကတော်က အေးစက်စက် မေးလိုက်သည်။ “ဒီလို ဝတ်ဆင်ထားတာက ဘာအဓိပ္ပာယ်လဲ။”

“ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ လှပတဲ့ ဆုတောင်းလေး တစ်ခု သက်သက်ပါ။”

တွမ်ယင်းယင်းက ပြန်ဖြေ၏။ “တကယ်တော့ ယောက္ခမကြီးလည်း ကျွန်မလိုပဲ ဆံပင်ပုံစံ ပြောင်းပြီး ပန်းဖြူ တစ်ပွင့် ပန်ထားသင့်တယ်လို့ ထင်တယ်။ ကျွန်မ ဆံပင် ဖီးပေးရမလား။”

ဤစကားက ပို၍ပင် ယုတ်မာလှ၏။ အောက်ယွီကို စောစော သေစေရန် ကျိန်ဆဲရုံသာမက အောက်ရှင်းကိုပါ စောစော သေစေရန် ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။

“ယောက္ခမကြီး စိတ်ချပါ။ အောက်ယွီ သေသွားလို့ ကျွန်မ မုဆိုးမ ဖြစ်ပြီး အောက်မင်ကို ပြန်လက်ထပ်ရင်တောင် ရှင့်ကို ယောက္ခမကြီးလို့ ခေါ်ပြီး ဆက်လက် ပြုစုစောင့်ရှောက် သွားမှာပါ။”

တွမ်ယင်းယင်းက တိုးညှင်းစွာ ပြောလိုက်၏။ “ကျွန်မက ယောက္ခမကြီးကို တကယ် ကျိန်ဆဲနေတာ မဟုတ်ပါဘူး။ ယောက္ခမကြီး မသိသေးလို့ ဖြစ်မှာပါ။ နုလန်ဟောက်က သေဖို့ သိပ်မလိုတော့ဘူးလေ။ စောစောက မိန်းမစိုးကြီး အမိန့်တော် လာပို့တုန်းက ကျွန်မက နုလန်ဟောက် အိမ်တော်အတွက် ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် ထင်နေတာ။ ဆရာကြီး ကျူ့လန်ထျန်း အတွက် ဖြစ်နေလို့ အရမ်း စိတ်ပျက်သွားတာပဲ။

အောက်ယွီ… ကျွန်မ တကယ် နောက်နေတာ မဟုတ်ဘူးနော်။ ဒီတစ်ခါ နုလန်ဟောက်က တကယ်ကို ဒီဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ နုလန်ဟောက်ရဲ့သား အနေနဲ့ ရှင်လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

တွမ်ယင်းယင်းက ဆက်ပြော၏။ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ လင်မယား ဖြစ်ခဲ့ဖူးတော့ ရှင် ထောင်ကျသွားရင် ကျွန်မ ထမင်း လာပို့ပေးပါ့မယ်။”

တွမ်ယင်းယင်း နောက်နေခြင်းလား။

မဟုတ်ပေ။ သူမ နောက်နေခြင်း မဟုတ်ပေ။

..............................

တောင်ပိုင်းကျိုးအင်ပါယာ မြို့တော်...

တာယင်အင်ပါယာ ဧကရာဇ်က ပိုင်ရှင်မဲ့နယ်မြေကို တာယင်အင်ပါယာ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ကြောင်း တစ်လောကသို့ ကြေညာလိုက်ချိန်တွင် တောင်ပိုင်းကျိုး အင်ပါယာ မြို့တော် တစ်ခုလုံး အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်သွား၏။

ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီး တစ်ခု သေချာပေါက် ပေါက်ကွဲလာတော့မည်ကို လူတိုင်း သိရှိထားကြသည်။ သို့ပေမည့် မည်သူက ဤမုန်တိုင်းကြီး၏ ပထမဆုံး စတေးခံရမည့်သူ ဖြစ်လာမည်ကို မသိကြပေ။

တောင်ပိုင်းကျိုးအင်ပါယာ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေ၍ မရတော့ဘဲ ရှုံးနိမ့်သွားကြောင်း ဝန်ခံရတော့မှာဖြစ်၏။

ပိုင်ရှင်မဲ့နယ်မြေကို ဆုံးရှုံးသွားခြင်းသည် တာယင်အင်ပါယာနှင့် ရင်ဆိုင်ရာတွင် စစ်ရေး မဟာဗျူဟာအရ အရေးပါသော နေရာများကို လုံးဝ ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသား ကျိုးလီကို အကျဉ်းချထားပြီးပြီ ဖြစ်သည်။ ဝေမြို့စားကြီး ကျိုးရူလည်း စစ်ပွဲတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ မြောက်ပိုင်း တပ်တော် ဌာနချုပ်တွင် အောက်ရှင်း တစ်ဦးတည်းသာ ကျန်ရှိတော့၏။

‘ခင်ဗျားလည်း စစ်ရှုံးမှု တာဝန်ကို ယူသင့်တယ် မဟုတ်လား။’

ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် စုံစမ်းစစ်ဆေးရေး အမတ် တစ်ဦးက စတင် စွပ်စွဲလာသည်။

ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲ ရှုံးနိမ့်မှုတွင် နုလန်ဟောက် အောက်ရှင်း၌ ရှောင်လွှဲ၍ မရသော တာဝန် ရှိ၏။

ထိုနေ့က သူသည် ထန်ထိုင်မြို့ကို ကာကွယ်ရမည်ဖြစ်ပြီး စစ်တပ်ကြီးကို ဦးဆောင်ကာ မြောက်ဘက်သို့ မသွားသင့်ပေ။

သူ မြောက်ဘက်သို့ သွားခဲ့ခြင်းကြောင့် ထန်ထိုင်မြို့တွင် အင်အား နည်းပါးသွားကာ တာယင်အင်ပါယာ၏ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတစ်ခုလုံး ရှုံးနိမ့်သွားရခြင်း ဖြစ်၏။

ဤအချိန်တွင် စုံစမ်းစစ်ဆေးရေး အမတ်များ၏ အောက်ရှင်းအပေါ် စွပ်စွဲမှုများမှာ အနည်းငယ် ပေါ့ပါးနေ သေးသည်။

အောက်ရှင်း အနေဖြင့် လုပ်ဆောင်သင့်သည်မှာ ဘာမှ မပြောဘဲ ငြိမ်နေကာ ဤပြစ်မှုကို တာဝန်ယူလိုက်ပြီး ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲ ရှုံးနိမ့်မှု၏ အဓိက တာဝန်ရှိသူများထဲမှ တစ်ဦး အဖြစ် အသိအမှတ် ပြုလိုက်ရန် ဖြစ်၏။

ဤသို့ လုပ်ဆောင်ခြင်းဖြင့် အစိုးရအဖွဲ့ကို ဖြေရှင်းချက် တစ်ခု ပေးနိုင်မှာဖြစ်သည်။

သို့ပေမည့် နုလန်ဟောက် အောက်ရှင်း သည် ညီလာခံတွင် လူသိရှင်ကြား ပြန်လည် ချေပခဲ့၏။ သူ မြောက်ဘက်သို့ သွားခဲ့ခြင်းမှာ မြောက်ပိုင်းတပ်တော် ဌာနချုပ် အကြီးအကဲ ကျိုးလီ၏ အမိန့်အရ ဖြစ်ကြောင်း ပြောဆိုခဲ့၏။

ထို့ကြောင့် ဤတာဝန်ကို သူ မယူနိုင်ပေ။

ထိုအခါ စုံစမ်းစစ်ဆေးရေး အမတ်များက ညီလာခံတွင် သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ကြပြန်၏။ “ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲ ရှုံးနိမ့်မှုအတွက် ခင်ဗျား နုလန်ဟောက် အောက်ရှင်းမှာ နည်းနည်းလေးမှ တာဝန် မရှိဘူးလား။”

အောက်ရှင်းက ပြန်ဖြေသည်။ “ကျုပ်မှာ တကယ်ကို တာဝန် မရှိပါဘူး။ ရှိတယ် ဆိုရင်တောင် အခြေအနေကို သေချာ မလေ့လာနိုင်တဲ့ အပြစ်ပဲ ရှိပါတယ်။ လေခွင်းမြို့ စစ်ပွဲဟာ တာယင်အင်ပါယာရဲ့ အကြံအစည် ဖြစ်တယ် ဆိုတာကို မသိခဲ့လို့ပါ။ ဒါပေမဲ့ လေခွင်းမြို့ စစ်ပွဲဟာ အိမ်ရှေ့စံမင်းသား ကျိုးလီနဲ့ ယန်ဖြန်ရှန်တို့ စီစဉ်ခဲ့တာ ဖြစ်ပြီး ကျုပ် အောက်ရှင်း ဝင်ပါခွင့် မရှိသလို အခြေအနေ အသေးစိတ်ကိုလည်း မသိခဲ့ပါဘူး။”

သေချာသည်မှာ အောက်ရှင်း ပြောသည်များ အားလုံးမှာ အမှန်တရား ဖြစ်၏။ သို့ပေမည့် ဤကဲ့သို့သော ညီလာခံ လေထုမျိုးတွင် သူ၏ အမှန်တရား ပြောဆိုမှုက အလွန် အရှက်မရှိရာ ကျနေ၏။

သို့ပေမည့် သူ ပြောသော စကားများမှာ ခိုင်လုံသော သက်သေများ ရှိနေသောကြောင့် ပြန်လည် ချေပ၍ မရနိုင်ပေ။

ထို့ကြောင့် စုံစမ်းစစ်ဆေးရေး ရုံး၏ ပထမ အကြိမ် တိုက်ခိုက်မှုကို အောက်ရှင်း လုံးဝ ခုခံနိုင်ခဲ့၏။ ဧကရာဇ်လည်း အောက်ရှင်းကို အပြစ်ပေး၍ မရတော့ချေ။

ထိုကိစ္စပြီးနောက် ဧကရာဇ် အလွန် အမျက်ထွက်သွားပြီး သူ အနှစ်သက်ဆုံး ဖန်ခွက် တစ်ခွက်ကိုပင် ရိုက်ခွဲပစ်လိုက်၏။

‘အောက်ရှင်း... ခင်ဗျားက တကယ်ကို ခေါင်းမာတာပဲ။ ဒီလို အချိန်မျိုးမှာ အပြစ်ဝန်ခံတာက အထိနာ အသက်သာဆုံး ဆိုတာ ခင်ဗျား မသိဘူးလား။ တာယင်အင်ပါယာရဲ့ ကြေညာချက်က နောက်ဆုံး မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီ ဆိုတော့ တစ်ယောက်ယောက်က စစ်ရှုံးမှု တာဝန်ကို ယူရမယ် မဟုတ်လား။

ကျိုးလီလည်း အကျဉ်းချခံရပြီ။ ဝေမြို့စားကြီး ကျိုးရူလည်း သေသွားပြီ။ ဒါဆို တာဝန်ယူရမယ့် သူက ခင်ဗျားဆိုတဲ့ ဖျောက်ချီ စစ်သူကြီးချုပ်ပဲ ရှိတော့တာ မဟုတ်ဘူးလား။ ခင်ဗျား တာဝန် မယူရင် ငါကိုယ်တော် ကိုယ်တိုင် တာဝန်ယူရမှာလား။

ဒီလို အချိန်မျိုးမှာ လူတိုင်းကို ဖြေရှင်းချက် ပေးဖို့အတွက် တရားခံ တစ်ယောက်တော့ ထုတ်ပေးရမှာပဲ။ အမတ်ချုပ်ကြီးလင်သာဆိုရင် သူ့အပြစ် ဖြစ်ဖြစ်၊ သူ့အပြစ် မဟုတ်ဘူး ဖြစ်ဖြစ် အားလုံးကို ဝန်ခံလိုက်မှာပဲ။

ငါကိုယ်တော်က ခင်ဗျားကို တကယ် အပြစ်ပေးချင်လို့ မဟုတ်ဘူး။ လူတိုင်းကို ဖြေရှင်းချက် ပေးချင်ရုံ သက်သက်ပါ။ နှစ်အနည်းငယ် နေရင် ခင်ဗျားကို ပြန်ပြီး အသုံးပြုမှာပဲ။ ဒါပေမဲ့ ခင်ဗျားက ခေါင်းမာပြီး ဒီစစ်ရှုံးမှုမှာ ခင်ဗျားမှာ ဘာတာဝန်မှ မရှိဘူး၊ အများဆုံး ရှိရင် အခြေအနေကို သေချာ မလေ့လာနိုင်တဲ့ အပြစ်ပဲ ရှိတယ် လို့ ပြောရဲသေးတယ်။

အောက်ရှင်း.... မြို့တော်ကို ရောက်လာပြီးတဲ့နောက် ကျုပ် ခင်ဗျားကို အိမ်မပြန်ခိုင်းသလို အလုပ်လည်း မဆင်းခိုင်းဘဲ မြို့တော်က အိမ်မှာပဲ တစ်ဝက်တစ်ပျက် အကျယ်ချုပ် ချထားတာ ဒီနေ့ အတွက် မဟုတ်ဘူးလား။

ပြီးတော့ ခင်ဗျားကို ဖြုတ်ချပြီး ဂုဏ်သရေရှိ မှူးမတ် အုပ်စုကြီးကို ရှင်းလင်းဖို့၊ စစ်တပ်ကို သွေးသစ်လောင်းဖို့၊ စစ်ဖက် စာမေးပွဲ အောင်မြင်သူတွေရဲ့ တိုးတက်ရာ လမ်းကြောင်းကို ဖွင့်ပေးဖို့နဲ့ စစ်တပ်ကို ပြုပြင်ပြောင်းလဲဖို့ အတွက်ပဲ မဟုတ်ဘူးလား။ ခင်ဗျားက ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။’

အမှန်တကယ်တော့ ဤကိစ္စနှင့် ပတ်သက်၍ ယွင်ကျုံးဟဲ့လည်း ဖခင် အောက်ရှင်းနှင့် ဆွေးနွေးလိုခဲ့၏။ ဧကရာဇ်မင်းမြတ်အတွက် ပြစ်မှုကို တာဝန်ယူပေးခွင့်ရခြင်းမှာ အလွန် ရှားပါးသော အခွင့်အရေး တစ်ခု ဖြစ်ပြီး တန်ဖိုးထားသင့်သည်။

သို့ပေမည့် နောက်ဆုံးတွင် ယွင်ကျုံးဟဲ့ ဘာမှ မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အဖေ အောက်ရှင်းသည် အလွန် ခေါင်းမာသူဖြစ်ပြီး မည်သူကမှ သူ၏ အမြင်ကို ပြောင်းလဲနိုင်မည် မဟုတ်သောကြောင့်ပင်။

ထို့အပြင် အကယ်၍ အလျော့ပေးပြီး ပြောင်းလဲသွားပါက အောက်ရှင်း သည် အောက်ရှင်း မဟုတ်တော့ပေ။ ပိုင်ရှင်မဲ့နယ်မြေ စစ်မြေပြင်တွင် အောက်ရှင်း၏ ပြစ်မှုကို ရှာမတွေ့နိုင်သောကြောင့် အခြား နေရာများတွင် ရှာရမည်မှာ သေချာလှ၏။

အောက်ရှင်းတွင် အခြား မည်သည့် ပြစ်မှု ရှိသေးသနည်း။

ယင်ချွဲ့က စစ်တပ် တစ်သိန်းကျော်ဖြင့် တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ်အတွင်းသို့ ကျူးကျော် ဝင်ရောက်လာပြီး ပြည်နယ် သုံးခုကို သိမ်းပိုက်ခဲ့၏။

တောင်ပိုင်းကျိုးအင်ပါယာ၏ ဒုတိယ မင်းသားက ယင်ချွဲ့ကို လုပ်ကြံရန် လူသတ်သမား စေလွှတ်ခဲ့၏။ ယင်ချွဲ့ ဒဏ်ရာ အပြင်းအထန် ရရှိပြီး အဖမ်းခံလိုက်ရကာ တာယင်အင်ပါယာ စစ်တပ်မှာ ခေါင်းဆောင် မရှိတော့ဘဲ ဖြစ်သွားသည်။

ထိုအခါ အောက်ရှင်းက အင်ပါယာ၏ မြောက်ပိုင်းရှိ စစ်သည် သိန်းနှင့်ချီကို စုစည်းကာ ကြီးမားသော ဝိုင်းရံမှုကြီး တစ်ခု ပြုလုပ်ပြီး ကျူးကျော် ဝင်ရောက်လာသော တာယင်အင်ပါယာ စစ်တပ်ကို အောင်မြင်စွာ ဝိုင်းရံနိုင်ခဲ့၏။

ထိုအချိန်တွင် တာယင်အင်ပါယာ၏ စစ်တပ် တစ်သိန်းမှာ လုံးဝ ချေမှုန်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

သို့ပေမည့် ထိုအချိန်တွင် အောက်ရှင်း သည် ဧကရာဇ်၏ လျှို့ဝှက် အမိန့်တော်ကို ရရှိခဲ့သည်။ ထို့အပြင် နှုတ်မိန့်ဖြစ်ပြီး ဝိုင်းရံထားမှုကို ဖွင့်ပေးကာ တာယင်အင်ပါယာ စစ်တပ် တစ်သိန်းကို ထွက်ခွာခွင့် ပြုရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ သေချာပေါက် တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်နှင့် တာယင်အင်ပါယာ ဧကရာဇ်တို့ လျှို့ဝှက် ဆွေးနွေးပြီးနောက် ထွက်ပေါ်လာသော ရလဒ်ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အင်ပါယာကြီး နှစ်ခုလုံး ဆက်လက် စစ်မတိုက်နိုင်တော့ဘဲ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရန် အဆင်သင့် မဖြစ်သေးသောကြောင့် ဖြစ်၏။

အကယ်၍ တာယင်အင်ပါယာ၏ စစ်တပ် တစ်သိန်းသာ လုံးဝ ချေမှုန်းခံလိုက်ရပါက တာယင်အင်ပါယာ အနေဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ နိုင်ငံ တစ်ခုလုံး ပါဝင်သော စစ်ပွဲကြီးကို ဆင်နွှဲရတော့မှာဖြစ်သည်။

ထိုအချိန်က နှစ်နိုင်ငံလုံး စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်၏။

အရေးအကြီးဆုံး အချိန်တွင် ဧကရာဇ် နှစ်ပါးက ဤနည်းလမ်းဖြင့် စစ်ပွဲကို ရပ်တန့်ခဲ့ကြသည်။

သို့ပေမည့် ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်၍သာရပြီး ပြော၍ မရပေ။

အောက်ရှင်းက ပိုင်ရှင်မဲ့နယ်မြေ စစ်ရှုံးမှု တာဝန်ကို မယူသောကြောင့် သူ၏ နောက်ထပ် ပြစ်မှု တစ်ခုမှာ တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းကို ခွင့်ပြုချက် မရှိဘဲ လွှတ်ပေးခဲ့ခြင်းပင် ဖြစ်၏။

ဤပြစ်မှုကတော့ အလွန် ကြီးမားသွားပြီ ဖြစ်ပြီး နိုင်ငံတော် သစ္စာဖောက်မှုနှင့်ပင် တူညီနေပြီ ဖြစ်သည်။

ယခုအခါ မြို့တော်ရှိ နုလန်ဟောက် အိမ်တော်ကို အင်ပါယာ၏ ဟေးပင်းထိုင်က လုံးဝ ဝိုင်းရံထားပြီ ဖြစ်ပြီး ထွက်ပြေးမည်ကို စိုးရိမ်နေသည့် ပုံပေါက်နေ၏။

အောက်ရှင်းသည် သားဖြစ်သူ ယွင်ကျုံးဟဲ့ထံမှ စာတစ်စောင် ထပ်မံ ရရှိခဲ့ပြန်သည်။ ဤသည်မှာ ဆဋ္ဌမမြောက် စာဖြစ်သည်။

စာကို ဖတ်ပြီးနောက် အောက်ရှင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ အကြောင်းပြချက် အများအပြားကို သူ နားမလည်၍ မဟုတ်သော်လည်း တကယ် လုပ်၍ မရပေ။ တစ်သက်လုံး ဖြူစင်စွာနှင့် မာနကြီးစွာ နေထိုင်လာခဲ့သူ ဖြစ်ရာ လိမ်ညာမှုကို မပြုလုပ်ချင်ပေ။

…………………..

All Chapters