← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 25 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 25 Ch. 289-290

အပိုင်း (၂၈၉)

မိန်းမစိုးကြီး ဟောက်ကျန်းက အောက်ရှင်းထံသို့ လျှို့ဝှက်စွာ လာရောက်တွေ့ဆုံ၏။ “နုလန်ဟောက်ကြီးရယ်… ဘာလို့ ဒီလို လုပ်နေရတာလဲ။ ဧကရာဇ်မင်းမြတ်က ခင်ဗျားကို အရမ်း အလေးထားတယ် ဆိုတာ ခင်ဗျား သိပါတယ်။

ခင်ဗျားက ပိုင်ရှင်မဲ့နယ်မြေ စစ်ရှုံးမှု တာဝန်ကို ယူလိုက်ရုံနဲ့ အများဆုံး အကျယ်ချုပ် သုံးနှစ်လောက်ပဲ ကျခံရမှာပါ။ သုံးနှစ်နေရင် ခင်ဗျားကို ပြန်ပြီး အသုံးပြုမှာပါ။ အဲဒီအချိန်ကျရင် အာဏာက အခုထက်တောင် ကြီးမားဦးမယ်။ ဧကရာဇ်မင်းမြတ်က ပြောတယ်။ နှစ်အနည်းငယ် နေရင် မြောက်ပိုင်းတပ်တော် ဌာနချုပ်ကို ခင်ဗျား လက်ထဲ ပြန်အပ်မှာပဲတဲ့။

မြောက်ပိုင်းတပ်တော် ဌာနချုပ် ဆိုတာ ဘယ်လောက် အရေးကြီးလဲ ဆိုတာ ခင်ဗျား သိသင့်တယ်။ အင်ပါယာရဲ့ ဂုဏ်သရေရှိ မှူးမတ်တွေ ကွန်းမြို့စားဘွဲ့ မရတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အဲဒီအချိန်ကျရင် ခင်ဗျားသာ လုံလောက်တဲ့ စစ်ရေး အောင်မြင်မှုတွေ ရခဲ့ရင် ကွန်းမြို့စားဘွဲ့ ရဖို့ ဆိုတာ လက်တစ်ကမ်းမှာပဲ ရှိတော့တာ မဟုတ်ဘူးလား။

နောက်ဆိုရင် စစ်သူကြီးချုပ်နဲ့ တပ်တော်ဌာနချုပ် အကြီးအကဲ ရာထူးနှစ်ခုလုံးကိုတောင် တစ်ယောက်တည်း ယူရနိုင်တယ်။ ခင်ဗျားက စစ်ရှုံးမှု တာဝန်ကို မယူဘူး၊ ဧကရာဇ်မင်းမြတ်အတွက် ဖြေရှင်းချက် မပေးဘူး ဆိုရင် ဘယ်သူ့ကို စစ်ရှုံးမှု တာဝန် ယူခိုင်းချင်နေတာလဲ။”

အောက်ရှင်းက အသံသြသြဖြင့် ပြန်ဖြေသည်။ “သခင်ကြီး ဟောက်ကျန်း… အမှန်တရားကို အမှန်တိုင်း ပြောလို့ မရဘူးလား။ ကျုပ် တာဝန်ယူရမယ့် အပိုင်းကို ကျုပ် သေချာပေါက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျုပ် တာဝန်မယူသင့်တဲ့ ပြစ်မှုတွေကိုတော့ ကျုပ် လုံးဝ လက်မခံနိုင်ပါဘူး။”

မိန်းမစိုးကြီး ဟောက်ကျန်းက သက်ပြင်းချကာ ပြောလိုက်၏။ “နုလန်ဟောက်ကြီးရယ်… ခင်ဗျား ဘာလို့ ဒီလောက်တောင် ရိုးအနေရတာလဲ။ ဒီလို ကိစ္စမျိုးမှာ ဘယ်လိုလုပ် အမှန်တရားကို အမှန်တိုင်း ပြောလို့ ရမှာလဲ။ တချို့လူတွေက နောက်ဆုတ်လို့ ရပေမဲ့ တချို့လူတွေက နောက်ဆုတ်လို့ မရဘူးလေ။ နောက်တစ်လှမ်း ဆုတ်လိုက်တာနဲ့ ချောက်ကမ်းပါးထဲ ကျသွားမှာ။

ခင်ဗျားက နိုင်ငံတော်ရဲ့ အဖိုးတန် ရတနာပါ။ ခင်ဗျားက ဧကရာဇ်မင်းမြတ်ရဲ့ အရှေ့က အကာအကွယ်ပါ။ ဧကရာဇ်မင်းမြတ်က ခင်ဗျားကို အလေးမထားဘူးလို့ ပြောလို့ ရမလား။ ယန်ဖြန်ရှန်ကို ခါးပိုင်းဖြတ်ပြီး ကွပ်မျက်လိုက်ပြီ။ အိမ်ရှေ့စံမင်းသား ကျိုးလီကိုလည်း အကျဉ်းချထားပြီ။ ခင်ဗျား တစ်ယောက်တည်းပဲ အခုထိ အရေးယူ မခံရသေးတာ”

နုလန်ဟောက် အောက်ရှင်းက ပြောလိုက်သည်။ “ကျုပ်ပြောတဲ့ အမှန်တရား ဆိုတာ ဧကရာဇ်မင်းမြတ်ကို နောက်ဆုတ်ခိုင်းတာ မဟုတ်ပါဘူး။ ဒီစစ်ပွဲမှာ ကျုပ်တို့ ရှုံးခဲ့တယ်။ ဒါပေမဲ့ စစ်ပွဲမှာ ရှုံးတာ၊ နိုင်တာ ဆိုတာ သာမန်ပါပဲ။ ကျုပ်တို့ ဘာအမှားမှ မလုပ်ခဲ့ဘူး။ မဟာဗျူဟာ အမှားလည်း မလုပ်ခဲ့ဘူး။

လေခွင်းမြို့ စစ်ပွဲမှာ ရှုံးတာတောင် ယွင်ကျုံးဟဲ့ရဲ့ ထောင်ချောက်ထဲ ကျသွားလို့ပါ။ အများဆုံး ပြောရရင် အိမ်ရှေ့စံမင်းသား ကျိုးလီနဲ့ ယန်ဖြန်ရှန် တို့ရဲ့ ဆွေးနွေးပွဲကြောင့် တာယင်အင်ပါယာရဲ့ အဓိက စစ်တပ်ကြီးကို တပြိုင်နက်တည်း ချေမှုန်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဒါကလည်း မမှားပါဘူး။ တစ်ခါတစ်ရံမှာ ထူးဆန်းတဲ့ စစ်နည်းဗျူဟာတွေ သုံးပြီး အောင်ပွဲခံတာလည်းမှန်တာပဲလေ။

ကျုပ်တို့ စစ်ရှုံးခဲ့တယ်၊ ဒါဆိုရင်လည်း ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ရုံပေါ့။ ရှက်စရာကို သိပြီး ကြိုးစားရင် ရပါတယ်။ ဘာလို့ တခြားသူတွေကို မဆိုင်တဲ့ တာဝန်တွေ ယူခိုင်းနေရတာလဲ။”

ဟောက်ကျန်း၏ ခေါင်းများပင် ထူပူလာပြီး ဤ အောက်ရှင်းသည် တကယ်ကို စစ်တိုက်ရန်သာ သိပြီး နိုင်ငံရေးကစားကွက်များတွင် အလွန် ရိုးအလွန်းလှသည်ဟု ခံစားလိုက်ရ၏။

“နုလန်ဟောက်… စစ်တပ်ရဲ့ လက်ရှိ အခြေအနေကို ခင်ဗျား ဘယ်လို မြင်လဲ။” ဟောက်ကျန်းက မေးလိုက်သည်။

အောက်ရှင်းက ဖြေ၏။ “သိပ်မကောင်းဘူး။ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးတွေက တိုးတက်ရာ လမ်းကြောင်းတွေ အားလုံးကို ပိတ်ဆို့ထားတယ်။ ဒီလူတွေ အများစုက ပျက်စီးယိုယွင်းနေကြပြီ။ သွေးသစ်လောင်းဖို့ လိုအပ်တယ်။ မော့ဖုန်းချွန်းလို တကယ် ထူးချွန်တဲ့ စစ်သူကြီးတွေကို ရာထူးတိုးပေးပြီး အင်ပါယာရဲ့ စစ်တပ်တွေကို အုပ်ချုပ်ခိုင်းရမယ်။”

ဟောက်ကျန်းက ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားလည်း သိသားပဲ။ ဒါပေမဲ့ ခင်ဗျားက ဂုဏ်သရေရှိ မှူးမတ်တွေရဲ့ သင်္ကေတလေ။ ခင်ဗျား မကျဆုံးဘဲ ဧကရာဇ်မင်းမြတ်က ဘယ်လိုလုပ် ပြုပြင်ပြောင်းလဲလို့ ရမှာလဲ။”

အောက်ရှင်းက ဖြေလိုက်၏။ “ကျုပ် အစောကြီးတည်းက ပြောခဲ့ပါတယ်။ ကျုပ်ရဲ့ ရာထူးတွေ အားလုံးကို စွန့်လွှတ်နိုင်ပါတယ်။ ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးကိုလည်း စွန့်လွှတ်နိုင်ပါတယ်။”

ဟောက်ကျန်းက ခေါင်းခါလိုက်သည်။ “ခင်ဗျားမှာ အပြစ်မှ မရှိတာ၊ ဧကရာဇ်မင်းမြတ်က ဘယ်လိုလုပ် ခင်ဗျားကို ရာထူးကနေ နှုတ်ထွက်ခွင့် ပြုမှာလဲ။ ခင်ဗျားမှာ အပြစ်ရှိမှသာ ရာထူးကနေ ဖြုတ်ချပြီး နှစ်အနည်းငယ်လောက် ဖုံးကွယ်ထားလို့ ရမှာပေါ့။ အဲဒါက ခင်ဗျားကို ကာကွယ်ပေးတာပဲ။”

အောက်ရှင်းက ခေါင်းမာမာဖြင့် ပြောလိုက်၏။ “ကျုပ် တာဝန်ယူရမယ့် အပြစ်တွေကို ကျုပ် ဝန်ခံတယ်။ ဒါပေမဲ့ ကျုပ်နဲ့ မဆိုင်တဲ့ အပြစ်တွေကိုတော့ ကျုပ် လုံးဝ ဝန်မခံနိုင်ဘူး။”

ဟောက်ကျန်း၏ ခေါင်းများ လုံးဝ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “နုလန်ဟောက်… ခင်ဗျားကို ဒုက္ခပေးချင်တဲ့သူတွေ၊ ခင်ဗျားကို သတ်ချင်တဲ့သူတွေ၊ ခင်ဗျား မိသားစု တစ်ခုလုံးကို သတ်ချင်တဲ့သူတွေ ဘယ်လောက်တောင်များလဲဆိုတာ ခင်ဗျား သိလား။

ခင်ဗျားကို အရိုးထဲစွဲအောင် မုန်းတီးနေတဲ့ သူတွေ ဘယ်လောက်တောင်များလဲ ဆိုတာ ခင်ဗျား သိလား။ ခင်ဗျားရဲ့ သား မကြာသေးခင်က လူဘယ်နှစ်ယောက်ကို စော်ကားခဲ့လဲ ဆိုတာ ခင်ဗျား သိလား။”

အောက်ရှင်းက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ထပ်ပြော၏။ “ကျုပ် တာဝန်ယူရမယ့် ပြစ်မှုတွေကို ကျုပ် ဝန်ခံတယ်။ ကျုပ် ရာထူးကနေလည်း နုတ်ထွက်နိုင်တယ်။ ဒါပေမဲ့ ကျုပ်နဲ့ မဆိုင်တဲ့ ပြစ်မှုတွေကိုတော့ ကျုပ် လုံးဝ ဝန်မခံနိုင်ဘူး။”

ဟောက်ကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် မနက်ဖြန် ညီလာခံမှာ စုံစမ်း စစ်ဆေးရေး အမတ်တွေက ခင်ဗျားကို ဒီနေ့လောက် ညင်ညင်သာသာ စွပ်စွဲမှာ မဟုတ်တော့ဘူး။”

အောက်ရှင်းက ပြတ်သားစွာ ပြောလိုက်၏။ “ကျုပ် အဲဒီစကားပဲ ထပ်ပြောမယ်။ ကျုပ် တာဝန်ယူရမယ့် ပြစ်မှုကို ကျုပ် ဝန်ခံမယ်။ ကျုပ်နဲ့ မဆိုင်တဲ့ ပြစ်မှုကိုတော့ ကျုပ် ပြန်လည် ချေပမယ်။”

................

နောက်တစ်နေ့ ညီလာခံတွင် စုံစမ်းစစ်ဆေးရေး အမတ် ဒါဇင်ပေါင်းများစွာနှင့် အရာရှိ ရာပေါင်းများစွာက နုလန်ဟောက် အောက်ရှင်းကို ရူးရူးမူးမူး စွပ်စွဲ တိုက်ခိုက်ကြသည်။

အရေးကြီးသောအချိန်တွင် တာယင်အင်ပါယာ၏ ကျူးကျော် ဝင်ရောက်လာသော စစ်သည် တစ်သိန်းကို ခွင့်ပြုချက် မရှိဘဲ လွှတ်ပေးခဲ့သည်ဟု စွပ်စွဲကြ၏။

မဟုတ်ပါက တာယင်အင်ပါယာ၏ စစ်သည်တစ်သိန်းကို လုံးဝ ချေမှုန်းနိုင်မှာဖြစ်ပြီး အင်ပါယာ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူနိုင်ရုံသာမက ဤစစ်ပွဲတွင် အောင်ပွဲခံနိုင်မည် ဖြစ်ကြောင်း ပြောဆိုကြသည်။

အောက်ရှင်းက ဝိုင်းရံထားမှုကို ဖွင့်ပေးကာ တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းကို လွှတ်ပေး လိုက်ခြင်းမှာ နိုင်ငံတော်၏ ရန်သူဖြစ်ပြီး ဤစစ်ရှုံးမှု၏ အဓိက တရားခံ ဖြစ်သည်ဟု စွပ်စွဲကြ၏။

ဖြောင့်မတ်သော အောက်ရှင်းက ညီလာခံတွင် လူသိရှင်ကြား ပြန်လည် ချေပခဲ့၏။ တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းကို လွှတ်ပေးလိုက်ခြင်းမှာ အမိန့်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုအခါ စုံစမ်းစစ်ဆေးရေး အမတ်ချုပ်က လူသိရှင်ကြား မေးခွန်းထုတ်လေ၏။ “အမိန့်အရ လုပ်ဆောင် ခဲ့တယ် ဟုတ်လား။ ဘယ်သူ့ အမိန့်လဲ။ သက်သေ ရှိလား။”

အောက်ရှင်းက ဖြေသည်။ “အဲဒီတုန်းက နှုတ်မိန့် ပဲ ရခဲ့တာပါ။ တရားဝင် စာရွက်စာတမ်း မရှိပါဘူး။”

စုံစမ်းစစ်ဆေးရေး အမတ်ချုပ်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ “တကယ်ကို ရယ်စရာ ကောင်းတာပဲ။ ဒီလောက် အရေးကြီးတဲ့ စစ်ရေး အမိန့်ကို တရားဝင် စာရွက်စာတမ်း မရှိဘဲ နှုတ်မိန့်ပဲ ရှိတယ်တဲ့လား။ ခင်ဗျား ယုံလား။

ပြီးတော့ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို လွှတ်ပေးလိုက်တာက အင်ပါယာရဲ့ အကျိုးစီးပွား အတွက်ဆိုတာ ပိုပြီးတောင် ရယ်စရာ ကောင်းသေးတယ်။ ခင်ဗျားက နိုင်ငံတော်ထဲကို ကျူးကျော် ဝင်ရောက် လာတဲ့ ရန်သူတွေကို လွှတ်ပေးလိုက်တာကို အင်ပါယာရဲ့ အကျိုးစီးပွား အတွက်လို့ ပြောရဲသေးတယ်ပေါ့။ ဒါက လူတွေကို ရယ်စရာ ဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးလား။”

အောက်ရှင်းက ပြန်လည် ချေပသည်။ “ဒီစစ်ပွဲမှာ ကျုပ်တို့ တာ့ကျိုးက စစ်သည် သိန်းနဲ့ချီ ဆုံးရှုံးခဲ့ရပြီး ပိုင်ရှင်မဲ့နယ်မြေကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် နိုင်ငံ တစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီးကို ဆင်နွှဲဖို့ အင်အား မရှိတော့ဘူး။

တကယ်လို့ နိုင်ငံ တစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီးသာ ဖြစ်လာခဲ့ရင် ဒီစစ်ပွဲက ကျုပ်တို့ နိုင်ငံထဲမှာပဲ ဖြစ်ပွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် စစ်မီးတွေ တောက်လောင်ပြီး ပြည်သူတွေ ဒုက္ခရောက်ကြလိမ့်မယ်။ ဒါကြောင့် စစ်ရပ်နားတာက အသိဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ။”

စုံစမ်းစစ်ဆေးရေး အမတ်ချုပ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “လျှောက်ပြောမနေနဲ့။ ကျုပ်တို့ တာ့ကျိုးက အင်အား ကြီးမားပါတယ်။ ဘာလို့ ဆက်မတိုက်နိုင်ရမှာလဲ။ အမတ်ကြီးတို့… ခင်ဗျားတို့ သေရမှာကို ကြောက်လား။ တာယင်အင်ပါယာနဲ့ နိုင်ငံတစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီး ဆင်နွှဲရမှာကို ကြောက်လား။”

“မကြောက်ဘူး။”

“မကြောက်ဘူး။”

“မကြောက်ဘူး။”

ထိုနေရာတွင် ရှိနေသော အမတ်များ အားလုံးက ရင်ဘတ်ကို ပုတ်ကာ သေရမည်ကို မကြောက်ကြောင်း ပြောဆိုလိုက်ကြသည်။

စုံစမ်းစစ်ဆေးရေး အမတ်ချုပ်က အေးစက်စွာ ရယ်မောလိုက်၏။ “နုလန်ဟောက် အောက်ရှင်း… ခင်ဗျားက ဖျောက်ချီ စစ်သူကြီးချုပ်ဖြစ်တဲ့အတွက် အသက်စွန့်ပြီး နိုင်ငံတော်အတွက် စစ်တိုက်သင့်တဲ့ သူပါ။ ဒါပေမဲ့ ခင်ဗျားက စစ်မတိုက်ရဲဘူး၊ သတ္တိကြောင်နေတယ်။

ကျုပ်တို့ အားလုံးက သေရမှာကို မကြောက်ပေမယ့် ခင်ဗျားလို စစ်တပ်ရဲ့ ခေါင်းဆောင်က သေရမှာကို ကြောက်နေတယ်တဲ့လား။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ ဘယ်လောက်တောင် အဓိပ္ပာယ် မရှိလိုက်သလဲ။”

ထို့နောက် စုံစမ်းစစ်ဆေးရေး အမတ်ချုပ်က ဒူးထောက်ကာ ပြောလိုက်သည်။ “အရှင်မင်းမြတ်… အောက်ရှင်းလို သတ္တိကြောင်ပြီး အသုံးမကျတဲ့ သူက အစိုးရအဖွဲ့ရဲ့ ရာထူးကြီးကို ယူထားပြီး ဖျောက်ချီ စစ်သူကြီးချုပ် လုပ်နေမှတော့ ကျုပ်တို့ ဘယ်လိုလုပ် မရှုံးဘဲ နေမလဲ။

ဒီတစ်ခေါက် စစ်ပွဲ ရှုံးနိမ့်တာက အရှင်မင်းမြတ်က ဉာဏ်ပညာ မကြီးမားလို့လား။ အောက်ခြေက စစ်သည်တွေက အသက်စွန့် မတိုက်ခိုက်ကြလို့လား။ နောက်တန်းက ထောက်ပံ့ရေးတွေ မကောင်းလို့လား။ လုံးဝ မဟုတ်ပါဘူး။ အားလုံးက ဒီလို အသုံးမကျပြီး ပျက်စီးနေတဲ့ စစ်သူကြီးတွေကြောင့်ပါ။

အောက်ရှင်း လို အသုံးမကျပြီး အရှက်မရှိတဲ့ သူက စစ်တပ်ကို ဦးဆောင်နေတာဟာ ဒီစစ်ရှုံးမှုရဲ့ အဓိက တရားခံ ပါပဲ။ စစ်သည် သိန်းနဲ့ချီဟာ အောက်ရှင်းလို အသုံးမကျပြီး အရှက်မရှိတဲ့ စစ်သူကြီးတွေရဲ့ လက်ထဲမှာ ပျက်စီးသွားရတာပါ။

ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ ကောင်းမွန်တဲ့ အခြေအနေတွေ၊ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့ ပိုင်ရှင်မဲ့ နယ်မြေဟာ အောက်ရှင်းလို အရှက်မရှိတဲ့ သူတွေရဲ့ လက်ထဲမှာ ဆုံးရှုံးသွားရတာပါ။ ကျုပ်တို့က နောက်ဆုံးမှာ အခြေအနေကို ပြောင်းပြန်လှန်ပြီး အောင်ပွဲခံနိုင်မယ့် အခြေအနေ ရှိနေပါလျက်နဲ့ အောက်ရှင်းက ရန်သူတွေနဲ့ ပူးပေါင်းပြီး တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို ခွင့်ပြုချက် မရှိဘဲ လွှတ်ပေးခဲ့ပါတယ်။

အောက်ရှင်းလို သစ္စာမရှိ၊ မိဘကို မရိုသေတဲ့ သူဟာ ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။ ကျုပ် တောင်းဆိုပါတယ်။ နုလန်ဟောက် အောက်ရှင်းရဲ့ ရာထူးတွေ အားလုံးကို ရုပ်သိမ်းပြီး ယန်ဖြန်ရှန် လိုပဲ ခါးပိုင်းဖြတ်ပြီး ကွပ်မျက်ပေးပါ။

ဒီလို နိုင်ငံတော်ရဲ့ ရန်သူကို မဖယ်ရှားရင် သေဆုံးသွားတဲ့ စစ်သည် သိန်းနဲ့ချီဟာ မြေအောက်မှာ အေးချမ်းစွာ အနားယူနိုင်မှာ မဟုတ်ပါဘူး။ ကျုပ် တောင်းဆိုပါတယ်။ အောက်ရှင်းရဲ့ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပေးပါ။”

ထိုစကားအဆုံးတွင် အမတ် ဒါဇင်ပေါင်းများစွာ ထွက်လာကာ ဒူးထောက်၍ တောင်းဆိုကြ၏။ “ကျုပ်တို့ တောင်းဆိုပါတယ်။ အောက်ရှင်းရဲ့ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပေးပါ။”

.......................

အပိုင်း (၂၉၀)

မင်္ဂလာဆောင် အခမ်းအနားတွင်…

တွမ်ယင်းယင်းက ပြောလိုက်သည်။ “အောက်ယွီ… အခု မြို့တော်ရဲ့ ညီလာခံမှာ ဓားတွေ၊ သွေးတွေနဲ့ ပြည့်နှက်နေပြီ။ ရှင်တို့ သားအဖ အသက်ရှင်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်။ ရှင်က ဒီလောက် အလောတကြီး လက်ထပ်တာ ကျွန်မကို မုဆိုးမ ဖြစ်စေချင်လို့လား။”

ထို့နောက် တွမ်ယင်းယင်းက ထိုနေရာတွင် ရှိနေသော ဧည့်သည် အားလုံးကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ “ဒီလို အရေးကြီးတဲ့ အချိန်မှာတောင် အောက်ယွီနဲ့ ဒီလောက် ရင်းနှီးအောင် နေရဲသေးတယ်ပေါ့။ အတူတူ အသတ်ခံရမှာကို မကြောက်ဘူးလား။ သေရမှာကို မကြောက်ဘူးလား။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း မျက်နှာ အနည်းငယ် ပျက်ယွင်းသွားကြ၏။

ထိုစဉ် အိမ်တံခါးမကြီး ရုတ်တရက် ပွင့်လာပြီး လူတစ်စု ဝင်ရောက်လာ၏။ အောက်ထင်၊ အောက်ကျင်း အစရှိသူများပင် ဖြစ်သည်။

အောက်ထင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “အောက်ရှင်း… နုလန်ဟောက် ဖြစ်ပြီး တာ့ကျိုးအင်ပါယာရဲ့ ဖျောက်ချီ စစ်သူကြီးချုပ် ဖြစ်ပါလျက်နဲ့ ပြင်ပ ရန်သူတွေနဲ့ ပူးပေါင်းပြီး တာယင် အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို ခွင့်ပြုချက် မရှိဘဲ လွှတ်ပေးခဲ့တယ်။

ကျုပ်တို့ အောက်မိသားစုက မျိုးရိုးစဉ်ဆက် သစ္စာရှိခဲ့တာ။ ဒီလို သစ္စာမရှိ၊ မိဘကို မရိုသေတဲ့ လူမျိုး မရှိဘူး။ ကျုပ် တရားဝင် ကြေညာတယ်။ အောက်ရှင်းရဲ့ မိသားစုကို အောက်မိသားစုကနေ လုံးဝ ထုတ်ပယ်လိုက်ပြီ။ ဒီနေ့ကစပြီး ကျုပ်တို့က အောက်ရှင်းနဲ့ လုံးဝ ပတ်သက်မှု မရှိတော့ဘူး။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း ထပ်မံ အံ့အားသင့်သွားကြပြန်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရန်သူတစ်ထောင်ကို သတ်ရန် ကိုယ့်လူ ကိုးရာကို စတေးလိုက်ခြင်းနှင့် အတူတူ ဖြစ်နေသောကြောင့်ပင်။

ယခုအခါ အောက်မိသားစုသည် အောက်ရှင်းကို အားကိုး၍ ကြီးပွားလာခြင်း ဖြစ်၏။ အောက်ရှင်း၏ ကြီးမားသော စစ်ရေး အောင်မြင်မှုများကြောင့် ဧကရာဇ်က သူ့ကို ကွန်းမြို့စားဘွဲ့ (ကွန်ဖြူးရှပ်၏ သားစဉ်မြေးဆက်ကို ပေးသော အမြင့်ဆုံးဘွဲ့) မပေးချင်သောကြောင့် ညီအစ်ကိုများကို နယ်စားငယ်ဘွဲ့ ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အောက်ရှင်း သည် အောက်မိသားစု၏ အဓိက ထောက်တိုင်ကြီး ဖြစ်သော်လည်း ယခုအခါ အောက်မိသားစုက အောက်ရှင်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်၏။

“ကျုပ်တို့ အောက်မိသားစု တစ်ခုလုံးက ဧကရာဇ်မင်းမြတ်ကို သစ္စာရှိတယ်။ သစ္စာမရှိ၊ မိဘကို မရိုသေတဲ့ သူတိုင်းဟာ ကျုပ်တို့ရဲ့ ရန်သူပဲ။”

အောက်ထင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အခု ဧကရာဇ်မင်းမြတ်က အောက်ရှင်းကို တရားဝင် အပြစ်မပေးသေးပေမယ့် ကျုပ်ကတော့ ဧကရာဇ်မင်းမြတ်ရဲ့ ဘယ်အမိန့်တော်ကိုမဆို နာခံဖို့ အသင့်ပဲ။ ကိုယ့်ကိုယ်ကိုယ် အမှုန့်ကြိတ်ခံရမယ် ဆိုရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး။ ကိုယ့်ဆွေမျိုးကို သတ်ရမယ် ဆိုရင်တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

မြို့တော်၏ ညီလာခံတွင် အောက်ရှင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကိစ္စများကို သူ လွန်ခဲ့သော ခြောက်လကျော်တည်းက ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

စစ်ရှုံးသွား၏။ ယန်ဖြန်ရှန် သေသွားပြီ။ ကျိုးလီ အကျဉ်းချခံရပြီ။ စစ်သေနာပတိ တစ်ဦးဖြစ်သူ အောက်ရှင်းက မည်ကဲ့သို့ အေးအေးဆေးဆေး နေလို့ ရမည်နည်း။

ထို့ကြောင့် ဤနေ့ရက် ရောက်လာမည်မှာ သေချာလှ၏။ သို့ပေမည့် သူက ဂရုမစိုက်ပေ။ ကောင်းသော ကိစ္စ တစ်ခုဟုပင် ထင်မှတ်ထားသေး၏။

အဘယ်ကြောင့်ဆိုသော် အောက်ရှင်းသည် ဧကရာဇ်အတွက် ပြစ်မှုကို တာဝန်ယူပေးရခြင်း ဖြစ်သောကြောင့်ပင်။

အောက်ရှင်းသည် ဧကရာဇ်ဟောင်းက ရာထူးတိုးပေးခဲ့သူ ဖြစ်ပြီး ဧကရာဇ်ဝမ်ယွင် နှင့် အလွန် မရင်းနှီးပေ။ ယခု ဧကရာဇ် အတွက် ပြစ်မှု တာဝန်ယူပေးရခြင်းမှာ သူတို့ နှစ်ဦး၏ ဆက်ဆံရေးကို ပြောင်းလဲစေမည့် အခွင့်အရေး တစ်ခု ဖြစ်နိုင်သည်။

သေချာသည်မှာ ဤကိစ္စကို ယွင်ကျုံးဟဲ့ ကြိုတင် ခန့်မှန်းနိုင်သလို အောက်ထင်လည်း ခန့်မှန်းနိုင်၏။ အောက်မင်လည်း ခန့်မှန်းနိုင်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ တိုးတက်လာမှုက ဤအခြေအနေကို ပြောင်းလဲသွားစေပြီး သူတို့ကို သေရေးရှင်ရေး တိုက်ပွဲဝင်ရန် အတင်းအကျပ် ဖိအားပေးခဲ့၏။

ဤအခြေအနေအရဆိုလျှင် ၎င်းတို့သည် အောက်ရှင်းနှင့် အောက်ယွီ သားအဖနှစ်ဦးကို သတ်ဖြတ်ရန် အမှန်တကယ်ပင် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ရန်သူတစ်ထောင်ကို သတ်ဖြတ်နိုင်ရန်အတွက် မိမိဘက်မှ လူကိုးရာကို စတေးလိုက်ခြင်းပင် ဖြစ်တော့သည်။

သို့ပေမည့် ယခုလက်ရှိ ညီလာခံအတွင်းရှိ ပြဿနာရပ်များဖြင့် အောက်ရှင်းကို သတ်ဖြတ်၍ ရနိုင်ပါမည်လား။ သို့မဟုတ် အောက်ယွီကို သတ်ဖြတ်၍ ရနိုင်ပါမည်လား။

ဧကန်မုချ မဖြစ်နိုင်ချေ။ ဧကရာဇ်ဝမ်ယွင်သည် အောက်ရှင်းအပေါ်၌ အမုန်းတရား၊ အချစ်တရားနှင့် လေးစားမှုတို့ ရောထွေးလျက်ရှိပြီး၊ နောင်အနာဂတ်တွင် တာယင်အင်ပါယာအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ပွဲကြီး ဆင်နွှဲရသည့်အခါ၌လည်း အောက်ရှင်းကို မဖြစ်မနေ အသုံးပြုရမှာ ဖြစ်သည်။

ထို့ကြောင့် အောက်ရှင်းကို အပြစ်ပေးအရေးယူခြင်းမှာ ဟိန်းဟောက်သံသာ ကျယ်လောင်ပြီး လက်တွေ့တွင်မူ များစွာ ပြင်းထန်လှသည်တော့ မဟုတ်ပေ။

ယွင်ကျုံးဟဲ့သည် ထိုအချက်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်ငြား ယခုအခြေအနေအရ ရန်သူများသည် အောက်ရှင်းတို့ သားအဖကို သေတွင်းသို့ ပို့ဆောင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်သည်။

ထိုသို့ဆိုလျှင် ၎င်းတို့သည် ဧကရာဇ်မင်းမြတ်က အောက်ရှင်းအား သတ်ဖြတ်စေရန် မည်သို့သော နည်းလမ်းများကို အသုံးပြု၍ ဖိအားပေးကြမည်နည်း။

ရန်သူများ၌ အဆိုးရွားဆုံးသော အကြံအစည်များ ရှိနေလိမ့်မည်ဟုသာ မှတ်ယူထားလိုက်လျှင် ရပေသည်။

ဤသို့ဆိုလျှင် ထိုအရာကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်း ရှိပါသလား။

အောက်ရှင်းကို သတ်ဖြတ်လိုပါက အောက်ရှင်းတို့ သားအဖကို အမှုန့်ကြိတ် ဖျက်ဆီးပစ်နိုင်မည့် ကြောက်မက်ဖွယ်ကောင်းသော ဗုံးကြီးတစ်လုံးကို ဧကန်မုချ ဖောက်ခွဲရပေလိမ့်မည်။

ထိုသို့ဖြစ်ရာ အောက်ယွီ ဆောင်ရွက်ရမည့် အမှုမှာ ထိုကြောက်မက်ဖွယ်ကောင်းသော ဗုံးကြီးကို ကြိုတင် ဖောက်ခွဲပစ်ပြီး ရန်သူများကို အမှုန့်ကြိတ် ချေမှုန်းပစ်ရန်ပင် ဖြစ်တော့သည်။

“အောက်ယွီ… ရှင် ဒီမှာပဲ စောင့်နေလိုက်”

တွမ်ယင်းယင်းက အေးစက်စက် ရယ်မောကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် မကြာခင် ရောက်လာတော့မယ်။ ရှင် ဆိုတဲ့ ကျွမ့်ယွမ် အသစ်လေးက မကြာခင် ဘွဲ့တွေ အားလုံး ရုပ်သိမ်းခံရပြီး အကျဉ်းသား ဖြစ်တော့မယ်။

မကြာခင် မြို့တော်ကို အပို့ခံရပြီး ကွပ်မျက်စင်ပေါ် တက်ရတော့မယ်။ ရှင်တို့ မိသားစု တစ်ခုလုံး မြေအောက်မှာ ပြန်ဆုံကြတော့မယ်။ ကျွန်မ တွမ်ယင်းယင်းဆိုတဲ့ မုဆိုးမကတော့ နောက်အိမ်ထောင် ပြုရုံပဲ ရှိတော့တာပေါ့။”

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း၏ ကျောရိုးမကြီးများ စိမ့်တက်သွားကြသည်။

တွမ်ယင်းယင်း၏ ဤစကားက မျက်နှာဖုံးကို လုံးဝ ဆွဲခွာလိုက်ခြင်း ဖြစ်ပြီး အောက်ယွီ အပေါ် မည်မျှ အထိ အရိုးထဲစွဲအောင် မုန်းတီးနေကြောင်း ပြသနေ၏။

‘တကယ့် သေခန်းရှင်ခန်း ရန်သူတွေ ဖြစ်သွားပြီ။’

“ကျွန်မ ယုံကြည်တယ်။ ကျွန်မက သေခါနီး လူတစ်ယောက်နဲ့ မင်္ဂလာဆောင် ခဲ့ဖူးတယ် ဆိုတာကို အစ်ကို အောက်မင်လည်း သေချာပေါက် စိတ်ဆိုးမှာ မဟုတ်ဘူး။”

တွမ်ယင်းယင်းက အေးစက်စွာ ရယ်မောလိုက်သည်။ “အောက်ယွီ… အခု ကျွန်မတို့ မင်္ဂလာဆောင် ပြီးသွားပြီ။ မင်္ဂလာအခန်းထဲ ဝင်ဖို့ကတော့ ကျွန်မ နည်းနည်း အဆင်မပြေလို့ တောင်းပန်ပါတယ်။ ကျွန်မ အခုပဲ မိဘအိမ် ပြန်တော့မယ်။”

ထို့နောက် တွမ်ယင်းယင်းက သတို့သမီး၏ အနီရောင် ဝတ်စုံကို ချက်ချင်း ဆွဲဆုတ်လိုက်ရာ အတွင်းမှ နှင်းပွင့်အလား ဖြူဖွေးသော အဝတ်အစားများ ထွက်ပေါ်လာ၏။

“ယောကျာ်းရေ… ရှင် သေမယ့်နေ့ကို စောင့်နေမယ်နော်။ မုဆိုးမ ဖြစ်မယ့်နေ့ကို စောင့်နေမယ်။” တွမ်ယင်းယင်းက အံကြိတ်ကာ ပြောလိုက်သည်။

ထို့နောက် တွမ်ယင်းယင်းက အပြင်သို့ ထွက်သွားလေသည်။ တစ်ချိန်တည်းမှာပဲ ဝေမြို့စားကြီး အိမ်တော်မှ သိုင်းပညာရှင် ရာပေါင်းများစွာ ဝင်ရောက်လာပြီး တွမ်ယင်းယင်းကို အလယ်တွင် ဝိုင်းရံ ကာကွယ် ထားလိုက်ကြ၏။

တပြိုင်နက်တည်းမှာပဲ နုလန်ဟောက် အိမ်တော်မှ သိုင်းပညာရှင်များက ရှေ့တိုးလာပြီး တွမ်ယင်းယင်း၏ လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

“ကျွန်မ စာချုပ် အတိုင်း လုပ်ပြီးပြီ။ အောက်ယွီနဲ့ မင်္ဂလာဆောင် ပြီးပြီ။ ကျွန်မ ကတိဖျက်တယ်လို့ ဘယ်သူ ပြောရဲသေးလဲ။ ကျွန်မ တွမ်ယင်းယင်းက မိဘအိမ် ပြန်မယ်။ ဘယ်သူ တားရဲလဲ။” တွမ်ယင်းယင်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး အင်္ကျီလက်အတွင်းမှ ဓားပျော့ တစ်လက်ကို ဆွဲထုတ်လိုက်၏။

ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်သည်။ “မိန်းမရေ… မင်္ဂလာအခန်းထဲ ဝင်ပြီးမှ မိဘအိမ် ပြန်လို့ မရဘူးလား။”

တွမ်ယင်းယင်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။ “နေ့ခင်းကြောင်တောင် အိပ်မက် မက်နေလိုက်။ ဖားပြုတ်ကများ ငန်းသားကို စားချင်နေသေးတယ်။ ကျွန်မ အမှုန့်ကြိတ်ခံရရင်တောင်၊ မီးထဲမှာ ပြာဖြစ်သွားရင်တောင် ရှင့်ကို ကျွန်မရဲ့လက်ချောင်းလေး တစ်ချောင်းတောင် ထိခွင့်ပေးမှာ မဟုတ်ဘူး။

အောက်ယွီ… ရှင် ကျွန်မဖိနပ်ကို ဒူးထောက်ပြီး လျက်ရင်တောင် ရှင့်ကို တစ်ချက်လေးတောင် ကြည့်မှာ မဟုတ်ဘူး။ ကျွန်မ တစ်သက်လုံး ချစ်တာ အစ်ကို အောက်မင် တစ်ယောက်တည်းပဲ။ ရှင် သေသွားတာနဲ့ သူ့ကို ချက်ချင်း လက်ထပ်မယ်။ ဒါကြောင့် ကျွန်မတို့ကို အမြန်ဆုံး အကောင်အထည် ဖော်ပေးလိုက်ပါ။”

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်သည်။ “ဟင်း… ကျုပ်က လမင်းကြီးကို ချစ်ပေမယ့် လမင်းကြီးက တခြားသူကို ချစ်နေတာကိုး။ မိဘအိမ် ပြန်ချင်တယ် ဆိုမှတော့ ကျုပ်လည်း မတားတော့ပါဘူး။ အိမ်မြန်မြန် ပြန်လာဖို့ မမေ့နဲ့နော်။ ကျုပ် အိမ်ကနေ စောင့်နေမယ် မိန်းမရေ...”

တွမ်ယင်းယင်းက နောက်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ သိုင်းပညာရှင် ရာပေါင်းများစွာ၏ အစောင့်အကြပ်ဖြင့် သူမက ဝေါယာဉ်ပေါ်သို့ တက်ကာ ဝေမြို့စားကြီး အိမ်တော်သို့ အမြန်ဆုံး ပြန်သွား၏။

သူမသည် တကယ်ကို ရက်စက်သော မိန်းမတစ်ဦး ဖြစ်၏။ လူတိုင်း၏အရှေ့တွင် ယခင်က မကြုံဖူးလောက်သော မင်္ဂလာဆောင် တစ်ခုကို ပြသခဲ့၏။ မင်္ဂလာ ကိစ္စ ဖြစ်သော်လည်း အသုဘ အလား ဖြစ်နေသည်။

ဝေါယာဉ်ပေါ်သို့ ပြန်ရောက်ပြီးနောက် တွမ်ယင်းယင်း၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာက ပို၍ အေးစက်လာပြီး မျက်လုံးထဲမှ အမုန်းတရားများကို လုံးဝ မဖုံးကွယ်ထားတော့ပေ။

‘စောင့်နေလိုက်… စောင့်နေလိုက်။ ကျွန်မတို့က ရန်သူ တစ်ထောင်ကို သတ်ဖို့ ကိုယ့်လူ ကိုးရာကို စတေးရရင်တောင် ရှင်တို့ သားအဖကို သေချာပေါက် သတ်ပစ်မယ်။

အောက်ယွီ… ခွေးလောက်တောင် အသုံးမကျတဲ့ ရှင်က ကျွန်မရဲ့ နှင်းပွင့်လို ဖြူဖွေးတဲ့ ခန္ဓာကိုယ်ကို ထိချင်သေးတယ်ပေါ့။ တစ်လက်မလေးတောင် မဖြစ်နိုင်ဘူး။ ကျွန်မရဲ့ ဖြူစင်တဲ့ ခန္ဓာကိုယ်က အနာဂတ်မှာ အစ်ကို အောက်မင် တစ်ယောက်တည်း အတွက်ပဲ။

အောက်ယွီ… ရှင် သေသွားရင် ရှင့်အလောင်းကို ကျွန်မကောက်ပေးမယ်။ ပြီးရင် ရှင့်အလောင်းကို ခွေးကျွေးပစ်မယ်။’

“ဂျိန်း... ဒလိန်း…ဒိန်း...”

“ဝေါ... ဝေါ... ဝေါ…”

ရာသီဥတုကလည်း တွမ်ယင်းယင်း၏ ဒေါသအလား မိုးကြိုးများ ပစ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေ၏။

ဤမိုးသည်းထန်စွာ ရွာသွန်းမှုသည် သူတို့ နှစ်ဦး မင်္ဂလာဆောင် စတင်တည်းက ရွာသွန်းနေခြင်းဖြစ်ပြီး ယခု တစ်နာရီကျော် ကြာမြင့်နေပြီ ဖြစ်သည်။

မြို့တွင်းရှိ ယွီရွှေမြစ်ရေများမှာ ဒီရေအလား မြင့်တက်နေပြီ ဖြစ်၏။

သိုင်းပညာရှင် ရာပေါင်းများစွာက တွမ်ယင်းယင်း၏ ဝေါယာဉ်ကို စောင့်ရှောက်ကာ ယွီရွှေတံတားပေါ်သို့ တက်ရောက်လာကြသည်။

“ဝုန်း… ဝုန်း… ဝုန်း…”

နောက်ထပ် မိုးကြိုး တစ်ချက် ပစ်ချလိုက်ပြန်၏။

တွမ်ယင်းယင်း၏ စိတ်ထဲတွင် အလွန် ဝမ်းသာနေသည်။ ဤမိုးကြိုးသံက ညီလာခံတွင် ဖြစ်ပေါ်နေသော ဓားများ၊ သွေးများနှင့် တူနေပြီး မကြာမီ အောက်ရှင်းနှင့် အောက်ယွီ သားအဖတို့ အမှုန့်ကြိတ်ခံရတော့မှာ ဖြစ်သည်။

‘ကျွန်မ ရှင့်အလောင်းကို ကောက်ပေးမယ်။ ပြီးရင် ခွေးကျွေးပစ်မယ်။’

“ဝုန်း… ဒုန်း… ဒုန်း…”

သို့ပေမည့် ထိုအချိန်တွင် ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ယွီရွှေ မြစ်ကူး ကျောက်တံတား ကြီး ရုတ်တရက် ပြိုကျသွားသည်။ မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော ဤတံတားကြီး သည် မည်သည့် လက္ခဏာမှ မပြဘဲ ရုတ်တရက် ပြိုကျသွားခြင်း ဖြစ်၏။

တံတားပေါ်ရှိ သိုင်းပညာရှင် ရာပေါင်းများစွာနှင့် တွမ်ယင်းယင်း၏ ဝေါယာဉ်သည်လည်း လှိုင်းထန်နေသော မြစ်ရေထဲသို့ ကျဆင်းသွားလေသည်။

တွမ်ယင်းယင်း ရေထဲသို့ ကျသွားပြီးနောက် အလွန် လန့်သွားကာ ဝေါယာဉ်ထဲမှ ချက်ချင်း ထွက်လာရန် ကြိုးစားလိုက်၏။

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

ချက်ချင်းပဲ လျှို့ဝှက် လက်နက် အများအပြားက ဝေါယာဉ် အတွင်းသို့ ဝင်ရောက်လာကြ၏။ တစ်ချိန်တည်းမှာပဲ အဆိပ်ရည် အများအပြားလည်း ဝင်ရောက်လာသည်။

တွမ်ယင်းယင်းက အစွမ်းကုန် ရုန်းကန်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “လာ… လာကြပါအုံး။”

သို့ပေမည့် လှိုင်းထန်နေသော မြစ်ရေအောက်တွင် သူမ၏ အော်ဟစ်သံကို မည်သူမှ မကြားနိုင်တော့ပေ။

ဝေမြို့စားကြီး အိမ်တော်မှ သိုင်းပညာရှင် ရာပေါင်းများစွာက တွမ်ယင်းယင်းကို ကယ်တင်ရန် အစွမ်းကုန် ရေကူးသွားကြ၏။

သို့ပေမည့် အဘယ့်ကြောင့်မှန်း မသိချေ၊ ရေအောက်တွင် ပိုက်ကွန် အများအပြား ရှိနေပြီး သူတို့ကို တိုက်ရိုက် ပိတ်လှောင်ထားလိုက်သည်။

“ရွှီး… ရွှီး… ရွှီး… ရွှီး…”

ရေအောက်မှ မှိန်းများ အဆက်မပြတ် ပစ်ခတ်လာ၏။

ဝေမြို့စားကြီး အိမ်တော်မှ သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ရေအောက်တွင် သေဆုံးသွားကြလေသည်။

တွမ်ယင်းယင်း နောက်တစ်ကြိမ် သတိရလာချိန်မှာတော့ နူးညံ့သော ကုတင်ပေါ်တွင် လဲလျောင်းနေပြီ ဖြစ်သည်။ ဖယောင်းတိုင် မီးရောင်များ၊ အရက်များ ရှိနေပြီး နေရာတိုင်းတွင် မင်္ဂလာ စာလုံးများ ကပ်ထားသည်။

‘ဒါ… ဒါ နုလန်ဟောက် အိမ်တော်ရဲ့ မင်္ဂလာအခန်း မဟုတ်ဘူးလား။’

ထို့နောက် တွမ်ယင်းယင်းက သူမ တစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ကြောင်း၊ ထို့အပြင် အဝတ်အစား တစ်လွှာမျှပင် မရှိတော့ကြောင်းတွေ့ရှိလိုက်ရ၏။

ခဏအကြာတွင် အောက်ယွီ၏ ရင်းနှီးသော အသံ ထွက်ပေါ်လာသည်။ “မိန်းမရေ… မိန်းမရေ… ဘာလို့ ပြန်လာတာလဲ။ ခင်ဗျား ကျုပ်ကို ခွဲမသွားရက်ဘူး။ ကျုပ်တို့ရဲ့ မင်္ဂလာဦးညကို ခွဲမသွားရက်ဘူး ဆိုတာကို ကျုပ် သိသားပဲ။ ဒီညက အရမ်း တန်ဖိုးကြီးတယ်။ တွမ်ယင်းယင်း မိန်းမရေ… ကျုပ် ခင်ဗျားကို သေချာ ယုယပေးပါ့မယ်။”

.......................

All Chapters