← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 25 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 25 Ch. 291-292

အပိုင်း (၂၉၁)

တွမ်ယင်းယင်း လုံးဝ ရူးသွပ်သွားတော့မှာဖြစ်၏။ ပုံမှန် အချိန်မျိုးတွင်ဆိုလျှင် သူမက အောက်ယွီ အယောက်တစ်ရာကိုပင် ရိုက်သတ်နိုင်စွမ်း ရှိ၏။

သူမက ပါရမီရှင် မိန်းကလေး တစ်ဦးအဖြစ် နာမည်ကြီးသော်လည်း ဂုဏ်သရေရှိ မှူးမတ်မိသားစုမှ သခင်မလေး တစ်ဦးဖြစ်ရာ ငယ်စဉ်တည်းက သိုင်းပညာ လေ့ကျင့်ခဲ့ရသည်။

သူမ၏ သိုင်းပညာက အလွန် မြင့်မားသည်ဟု မဆိုနိုင်သော်လည်း အောက်ယွီကို ရိုက်နှက်ရန် ဆိုသည်မှာ အလွန် လွယ်ကူသော ကိစ္စဖြစ်သည်။ သို့ပေမည့် ယခုအခါ သူမ တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့ဘဲ အကြောသေနေသကဲ့သို့ ဖြစ်နေ၏။

“အောက်ယွီ… ရှင် ကျွန်မကို တစ်ချက်လေးတောင် ထိရဲရင် ရှင်တို့ မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်။” တွမ်ယင်းယင်းက အေးစက်စွာ ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ရယ်မောလိုက်ပြီး ကြင်နာစွာ ပြန်ဖြေလိုက်၏။ “မိန်းမရေ… စိတ်မဆိုးပါနဲ့။ လင်မယား ဆိုတာ အိမ်ရှေ့မှာ ရန်ဖြစ်ပြီး အိမ်နောက်မှာ ပြန်တည့်သွားကြတာပဲလေ။ အရမ်းကြီး စိတ်လှုပ်ရှား မနေပါနဲ့။”

ထို့နောက် သူက အရက် တစ်ခွက် ငှဲ့လိုက်ပြီး ပြောလိုက်သည်။ “လာ… လာ… လာ။ မိန်းမရေ… ကျုပ်တို့ မင်္ဂလာအရက် သောက်ကြရအောင်။”

ထို့နောက် သူက တွမ်ယင်းယင်း၏ ပါးစပ်အတွင်းသို့ အရက် တစ်ခွက် အတင်း တိုက်လိုက်လေ၏။

အရက် သောက်ပြီးနောက် တွမ်ယင်းယင်း၏ စိတ်အာရုံများ တဖြည်းဖြည်း ဝေဝါးလာပြီး လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်လာသည်။ သူမ၏ စိတ်အာရုံများက ပိုပိုပြီး ဝေဝါးလာကာ ဘာမှ မသိတော့ပေ။

မည်မျှ ကြာသွားသည် မသိ၊ တွမ်ယင်းယင်း ပြန်လည် သတိရလာ၏။ ချက်ချင်းပဲ သူမ၏ မျက်ရည်များ ကျဆင်းလာသည်။ သူမ၏ ဖြူစင်မှုများ ပျက်စီးသွားပြီ ဖြစ်ကြောင်း သူမ ခံစားလိုက်ရ၏။

သူမက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ “အောက်ယွီ… ခွေးကိုက်ခံရတယ်လို့ပဲ ကျွန်မ သဘောထားလိုက်မယ်။ ရှင်မှတ်ထား… ကျွန်မတို့ ရှင့်ကို သေချာပေါက် ပေးဆပ်ရအောင် လုပ်မယ်။ ရှင်တို့ အောက်မိသားစု တစ်ခုလုံးကို မျိုးဖြုတ်ပစ်မယ်။”

ယွင်ကျုံးဟဲ့က ပြုံးကာ ဘာမှ မပြောဘဲ အရောင် တစ်ခုခုကို ရောစပ်နေသည်။ ထို့အပြင် သူ၏ ဘေးတွင် အပ်များ အစီအရီ တင်ထား၏။

“ရှင်… ရှင် ဘာလုပ်မလို့လဲ။” တွမ်ယင်းယင်းက တုန်ယင်စွာ မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မိန်းမရေ… ကျုပ်တို့ရဲ့ အချစ်အတွက် အမှတ်တရလေး တစ်ခုလောက် ချန်ထားခဲ့ရမှာပေါ့။”

“ဘာ အမှတ်တရလဲ။” တွမ်ယင်းယင်းက အေးစက်စက်ဖြင့် မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ကဗျာတစ်ပုဒ် တက်တူး ထိုးပေးမလို့လေ။ ကျုပ်က ပထမနေရာ (ကျွမ့်ယွမ်) ရထားတဲ့ သူဆိုတော့ ကျုပ်ရဲ့ ပညာအရည်အချင်းက အရမ်း မြင့်မားတယ် ဆိုတာ ခင်ဗျားလည်း သိပါတယ်။ ခင်ဗျားအတွက် အကောင်းဆုံးကဗျာ တစ်ပုဒ် ရေးပေးမယ်။”

“ရှင် လုပ်ရဲရင် လုပ်ကြည့်…” တွမ်ယင်းယင်းက တုန်ယင်စွာဖြင့် မျက်ရည်များ အဆက်မပြတ် စီးကျလာတော့သည်။

“မိန်းမရေ… မငိုပါနဲ့။ ခင်ဗျား ငိုနေတာ မြင်ရတော့ ကျုပ်နှလုံးသားတွေ ကွဲကြေမတတ် ဖြစ်ရပါတယ်။” ယွင်ကျုံးဟဲ့က နောက်ထပ် အရက် တစ်ခွက် ငှဲ့ကာ တွမ်ယင်းယင်း၏ ပါးစပ် အတွင်းသို့ တိုက်လိုက်ပြန်၏။

မကြာမီမှာပဲ တွမ်ယင်းယင်း ထပ်မံ သတိလစ်သွားပြန်၏။ ထို့နောက် အပ်ဖြင့် အဆက်မပြတ် ထိုးစိုက်နေသကဲ့သို့ နာကျင်မှုများ ခံစားရသည်။

မည်မျှ ကြာသွားသည် မသိချေ။ တွမ်ယင်းယင်း ထပ်မံ သတိရလာချိန်မှာတော့ မင်္ဂလာအခန်း အတွင်း၌ မရှိတော့ဘဲ ယွီရွှေ မြစ်ကမ်းဘေးရှိ မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကိုတွေ့လိုက်ရ၏။

သူမက အတင်း ထထိုင်လိုက်ရာ ခေါင်းကိုက်လွန်းသောကြောင့် ကွဲထွက်တော့မည့်အလား ဖြစ်နေပြီး တစ်ကိုယ်လုံးရှိ အရိုးများလည်း ကျိုးကြေတော့မည့် အလား နာကျင်နေသည်။

သူမ၏ အဝတ်အစားများက သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လုံးဝ ပြည့်စုံနေ၏။ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အားလုံးမှာ အိပ်မက်ဆိုး တစ်ခုအလား ဖြစ်လို့နေ၏။

တကယ်ပဲ အိပ်မက်ဆိုး တစ်ခု ဖြစ်လောက်ပေမည်။ အဘယ်ကြောင့်ဆိုသော် တွမ်ယင်းယင်း၏ ဦးနှောက် အတွင်း၌ ပြတ်တောက်နေသော မှတ်ဉာဏ် အပိုင်းအစလေးများသာ ကျန်ရှိတော့ပြီး သေချာ မမှတ်မိတော့သောကြောင့်ပင်။

ထိုခံစားချက်က တကယ်ကို အိပ်မက်ကနေ နိုးလာတဲ့ အချိန်လို ဖြစ်နေသည်။

“သခင်မလေး… သခင်မလေး…” ခဏအကြာတွင် အဝေးမှ အော်ဟစ် ရှာဖွေသံများ ထွက်ပေါ်လာ၏။

“ငါ… ငါ ဒီမှာ…” တွမ်ယင်းယင်းက ပြန်ထူးလိုက်သော်လည်း သူမ၏ အသံက အလွန် အက်ကွဲနေပြီး အသံ ကောင်းကောင်း မထွက်နိုင်တော့သည်ကို တွေ့လိုက်ရသည်။

ခဏအကြာတွင် ဝေမြို့စားကြီး အိမ်တော်မှ သိုင်းပညာရှင်များက တွမ်ယင်းယင်းကို ရှာတွေ့သွားကြ၏။

“သခင်မလေး ဒီမှာ ရှိတယ်… သခင်မလေး ဒီမှာ ရှိတယ်။” အားလုံးက ပြေးလာကြသည်။

“မြန်မြန်… မြန်မြန်… အမျိုးသမီး သိုင်းပညာရှင်တွေကို ခေါ်ခဲ့....”

ခဏအကြာတွင် ဝေမြို့စားကြီးအိမ်တော်မှ အမျိုးသမီး သိုင်းပညာရှင်များ ရောက်လာကြပြီး တွမ်ယင်းယင်းကို ဂရုတစိုက် ပွေ့ချီကာ ဝေါယာဉ် အတွင်းသို့ ထည့်လိုက်ကြ၏။

“သခင်မလေး… မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲ။” အမျိုးသမီး သက်တော်စောင့်က အလျင်အမြန် မေးလိုက်သည်။

တွမ်ယင်းယင်းက အသံသြသြဖြင့် ပြန်ဖြေ၏။ “ဘာမှ မဖြစ်ပါဘူး။ ငါတို့ တံတားကို ဖြတ်ကူးတဲ့ အချိန်မှာ ယွီရွှေတံတားက ဟောင်းနွမ်းနေပြီ ဆိုတော့ ရုတ်တရက် ပြိုကျသွားတာပဲ။ ငါလည်း ရေထဲ ပါသွားတော့ အားကုန်သုံးပြီး ကမ်းစပ်ကို ကူးလာခဲ့တာ။ ပြီးတော့ သတိလစ်သွားတာပဲ။”

မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို တွမ်ယင်းယင်းက သေချာပေါက် ပြောပြမည် မဟုတ်ပေ။ ထို့အပြင် ဤသည်မှာ အိပ်မက်ဆိုး တစ်ခုသာ ဖြစ်ပြီး တကယ် မဟုတ်ဘူးဟုပင် သူမ ထင်မှတ်နေမိသည်။

အခန်းအတွင်းသို့ ပြန်ရောက်ပြီးနောက် တွမ်ယင်းယင်းက ပထမဆုံး ရေချိုးလိုက်ပြီး မှန်ရှေ့တွင် သွားရပ်လိုက်သည်။ ထို့နောက် တစ်ကိုယ်လုံး အေးစက်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အားလုံးမှာ တကယ် ဖြစ်သည်။ အိပ်မက်ဆိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကိုယ်ပေါ်တွင် ကဗျာ တစ်ပုဒ် တက်တူး ထိုးထားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ သောကြောင့်ပင်။

“အကြွေးယူထားရင် ပြန်ဆပ်ရမယ်၊

နောက်တစ်ခါ အကြွေးထပ်ယူဖို့ လွယ်တယ်။

ကျုပ်နဲ့ အောက်မင် တို့က

ယင်းယင်းကို အတူတူ သုံးကြမယ်။”

ဤသည်မှာ အောက်ယွီက သူမ၏ကိုယ်ပေါ်တွင် တက်တူး ထိုးပေးခဲ့သောကဗျာ ဖြစ်၏။ အရှေ့ရော အနောက်ပါ ရှိနေသည်။

အရှေ့ဘက်တွင် လက်ရေးမှန်ဖြင့် ရေးသားထားပြီး အနောက်ဘက်တွင် လက်ရေးဆက်ဖြင့် ရေးသားထား၏။

ဤကဗျာက မည်မျှ ယုတ်မာသနည်း။ အကယ်၍ အောက်မင်သာ သူမ၏ ကိုယ်ပေါ်ရှိ ဤကဗျာကို မြင်သွားပါက မည်သို့ ခံစားရမည်နည်း။

တွမ်ယင်းယင်း တစ်ကိုယ်လုံး အေးစက်သွားပြီး အနည်းငယ်မျှပင် နွေးထွေးမှု မရှိတော့ပေ။

အချိန်အတော်ကြာမှ သူမက ဓားမြှောင်တစ်လက်ကို ယူကာ အသားကို လှီးဖြတ်ပြီး ဤတက်တူးကို ဖယ်ရှားရန် ကြိုးစားလိုက်၏။

သို့ပေမည့် သတ္တိ အကြိမ်ကြိမ် မွေးသော်လည်း လုံးဝ လက်မရဲပေ။

ထိုအချိန်တွင် အပြင်ဘက်မှ သူမ၏မိခင် ဝေမြို့စားကြီး၏ ဇနီးအသံ ထွက်ပေါ်လာ၏။ “ယင်းယင်း… ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား။”

တွမ်ယင်းယင်းက တုန်ယင်စွာ ပြန်ဖြေသည်။ “အဆင်ပြေပါတယ် အမေ။ သမီး ဘာမှ မဖြစ်ပါဘူး။”

ဤကိစ္စကို မည်သူ့ကိုမှ အသိပေး၍ မရပေ။ မည်သူ့ကိုမှ အသိပေး၍လည်း မဖြစ်နိုင်ချေ။

နည်းလမ်း မရှာတွေ့သေးသော်လည်း သူမ၏ ဖြူစင်မှု ပျက်စီးသွားကြောင်းကိုရော၊ သူမ၏ကိုယ်ပေါ်တွင် အလွန် ယုတ်မာသောကဗျာ တစ်ပုဒ် တက်တူး ထိုးခံထားရကြောင်းကိုပါ မည်သူ့ကိုမှ အသိပေး၍ မရပေ။ မဟုတ်ပါက သူမ၏ ဘဝ တစ်ခုလုံး ပြီးဆုံးသွားမှာဖြစ်သည်။

.................

နုလန်ဟောက် အိမ်တော် အတွင်း၌ အစေခံမလေး ရှောင်ရွှီက မေးလိုက်၏။ “သခင်လေး… တွမ်ယင်းယင်းက မလှဘူးလား။”

“လှတာပေါ့။” ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။

ရှောင်ရွှီက ထပ်မေး၏။ “တွမ်ယင်းယင်းက ခန္ဓာကိုယ် အချိုးအစား မလှဘူးလား။”

“လှတာပေါ့။”

ရှောင်ရွှီက နားမလည်နိုင်စွာ မေးလိုက်သည်။ “ဒါဆို သခင်လေးက ဘာလို့ သူ့ကို တကယ် အပိုင် မသိမ်းလိုက်တာလဲ။ သူက သခင်လေးနဲ့ မင်္ဂလာဆောင် ထားတာလေ။ သခင်လေးရဲ့ ဇနီးပဲ။ သခင်လေး ဘာလုပ်လုပ် သဘာဝ ကျပါတယ်။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “ငါက သူ့ကို လက်စားချေချင်တာ။ သူ့ကို အပိုင်သိမ်းချင်တာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ စိတ်ထဲမှာ ငါ့ပုံရိပ်ကို အကျည်းတန်အောင် မလုပ်ချင်ဘူး။ ငါ့ကို တိရစ္ဆာန် တစ်ကောင်လို့ မထင်စေချင်ဘူး။”

ရှောင်ရွှီက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ “ဟင်း… သခင်လေးက တိရစ္ဆာန်လောက်တောင် အသုံးမကျဘူးလို့ ကျွန်မ ထင်တယ်။”

ထိုနေ့ မွန်းတည့်ချိန်တွင် ကျန်းကျိုးမြို့၏ လမ်းမများပေါ်တွင် စာရွက်အသစ်များ ထပ်မံကပ်ထားသည်ကို တွေ့လိုက်ရ၏။ ထောင်ပေါင်းများစွာပင် မကပေ။

အထဲတွင် ပါဝင်သော အကြောင်းအရာများက အလွန် ရှင်းလင်းပြီး နားလည်ရ လွယ်ကူလှသည်။

ပထမဆုံး တွမ်ယင်းယင်း၏ ပုံတူ ပန်းချီကား တစ်ချပ် ပါဝင်၏။ ရိုးရှင်းသော မျဉ်းကြောင်းများဖြင့် ဆွဲထားသော်လည်း အတော်လေး တူညီသည်ဟု ဆိုရမည်။

ထို့နောက် ကြီးမားသော စာလုံး နှစ်လုံး ပါဝင်သည်။ “ကွာရှင်းစာ - တွမ်ယင်းယင်း သည် ရုပ်ရည် ဆိုးရွားပြီး လင်ယောကျာ်းကို စောစော သေစေမည့်၊ ယောက္ခမများကို စောစော သေစေမည့် လက္ခဏာများ ရှိသောကြောင့် သူမကို တရားဝင် ကွာရှင်းလိုက်သည်။ နုလန်ဟောက် အိမ်တော် - အောက်ယွီ”

ဤကွာရှင်းစာများကို နေရာတိုင်းတွင် ကပ်ထားပြီး စာမေးပွဲရုံ၏ နံရံပေါ်တွင်ပင် ရှိနေ၏။

အနည်းငယ် အံ့အားသင့်သွားပြီးနောက် ကျန်းကျိုး မြို့ဝန်အိမ်တော်က ချက်ချင်း လှုပ်ရှားလာပြီး ရဲမက် ရာပေါင်းများစွာကို စေလွှတ်ကာ ဤကွာရှင်းစာများကို လိုက်လံ ခွာခိုင်းလေသည်။

သို့ပေမည့် အသုံးမဝင်တော့ပေ။ ဤကွာရှင်းစာများက မြို့တစ်ခုလုံး ပျံ့နှံ့သွားပြီဖြစ်ပြီး လူအများအပြား အလွတ်ပင် ရနေကြပြီ ဖြစ်၏။

သေချာသည်မှာ မနေ့ညက တွမ်ယင်းယင်းသည် အောက်ယွီနှင့် အောက်ရှင်းတို့ကို စောစော သေစေရန် ကျိန်ဆဲခဲ့ပြီး အလွန် ယုတ်မာခဲ့၏။ ဤကိစ္စကို လူထောင်ပေါင်းများစွာက မြင်တွေ့ခဲ့ရပြီး သတင်းများလည်း ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

သို့ပေမည့် ကျန်းကျိုးမြို့၏ လူသန်းပေါင်းများစွာက ထိုကိစ္စကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရဘဲ ကြားရုံသာ ကြားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အမြင်တွင် အောက်ယွီသည် တွမ်ယင်းယင်းကို ရအောင် ယူပြီး ဒုတိယနေ့တွင် ချက်ချင်း ကွာရှင်းလိုက်သည်ဟုသာ ထင်မြင်နေကြ၏။

‘ဒါက အရမ်းကို ရက်စက်လွန်းတယ်။’

မည်သို့ပင်ဖြစ်စေ တွမ်ယင်းယင်း သည် ကွာရှင်းခံရသူ ဟူသော နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ယွင်ကျုံးဟဲ့က ကွာရှင်းစာများကို လမ်းမတိုင်းတွင် ကပ်ထားခဲ့ရာ ထိုအထဲမှ စာကြောင်း တစ်ကြောင်းက အလွန် ထိရောက်ပြီး လူတိုင်း ချက်ချင်းမှတ်မိသွားစေ၏။

‘လင်ယောကျာ်းကို စောစော သေစေမည့်၊ ယောက္ခမများကို စောစော သေစေမည့် လက္ခဏာ ရှိတာလား။ ဒါဆို ဒီနေ့ကစပြိး တွမ်ယင်းယင်းကို တွမ်သုံးမျိုးလို့ နာမည်ပြောင်းရတော့မလား။’

(ကံကြမ္မာအရ လင်ယောကျာ်း၊ ယောက္ခမများကို ဒုက္ခပေးမည့် လက္ခဏာ သုံးမျိုး ရှိသူဟု ဆိုလိုခြင်း ဖြစ်သည်။)

မကြာမီတွင် ဤ တွမ်သုံးမျိုး ဟူသော နာမည်ပြောင်သည် ချန်လန်ပြည်နယ် တစ်ခုလုံး သာမက တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားမည်မှာ သေချာလှ၏။

............

ဝေမြို့စားကြီး အိမ်တော် အတွင်း၌ ဝေမြို့စားကြီး တွမ်ပိမှာ မီးပြင်းဖိုကြီး တစ်ခုအလား ဒေါသ ပေါက်ကွဲတော့မည့်ပုံ ဖြစ်နေသည်။

‘အရမ်းကို ယုတ်မာလွန်းတယ်။ အောက်ယွီ ဆိုတဲ့ ခွေးကောင်က အရမ်းကို ယုတ်မာတာပဲ။ မနေ့ညက ယွီရွှေ တံတား ပြိုကျသွားလို့ ဝေမြို့စားကြီး အိမ်တော်က သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်။ ဒီနေ့ အောက်ယွီက လူသိရှင်ကြား ကွာရှင်းစာ ထုတ်ပြန်ပြန်ပြီ။’

ပြည်သူလူထုဆိုသည်မှာ ပွဲကြည့်လိုသည့် စိတ်ဆန္ဒသက်သက်သာ ရှိကြသူများ ဖြစ်သည်။ သူတို့သည် အမှန်တရားကို ဂရုစိုက်ကြလိမ့်မည် မဟုတ်ဘဲ တွမ်သုံးမျိုး ဟူသော အမည်ကိုသာ မှတ်မိနေကြပေလိမ့်မည်။

ထိုသို့ဖြင့် တွမ်သုံးမျိုး ဟူသော အမည်ပြောင်သည် တွမ်ယင်းယင်း၏ ဘဝတစ်လျှောက်လုံး၌ အမြဲတစေ တွဲပါနေတော့မှာဖြစ်သည်။

လူသန်းပေါင်းများစွာက အကြိမ်သန်းပေါင်းများစွာ ခေါ်ဆိုကြပြီးနောက်တွင်မူ တွမ်ယင်းယင်းသည် အမှန်တကယ်ပဲ ခင်ပွန်းသည်အား စောစီးစွာ သေဆုံးစေမည့် လက္ခဏာရှိသူ ဖြစ်သည်ဟု လူတိုင်းက ယုံကြည်သွားကြပေလိမ့်မည်။

ထိုမျှသာမကသေးဘဲ နောင်တွင် လူအပေါင်းက တွမ်ပိကို ကြည့်ရှုကြသည့် အကြည့်များသည်လည်း အလွန် ထူးဆန်းနေတော့မှာ ဖြစ်သည်။

ဝေမြို့စားကြီး... အသက်ရှင်နေသေးသလား။ မသေသေးဘူးလား။ မကြာမီ သေဆုံးတော့မှာ မဟုတ်လားဟု လူအများက တွေးတောနေကြပေလိမ့်မည်။ ဤအရာမှာ အလွန် နိမိတ်မကောင်းသော ကိစ္စပင် ဖြစ်၏။

...............

အပိုင်း (၂၉၂)

“ခွပ်… ဖုန်း… ဝုန်း…”

ဝေမြို့စားကြီး အိမ်တော်အတွင်းရှိ ပစ္စည်း အများအပြား ထပ်မံ ရိုက်ခွဲခံလိုက်ရပြန်သည်။

ထို့နောက် တွမ်ပိက ဝေမြို့စားကြီး အိမ်တော်မှ သိုင်းပညာရှင်များကို စုစည်းကာ နုလန်ဟောက် အိမ်တော်သို့ ပြေးဝင်သွားပြီး အောက်ယွီကို ဖမ်းဆီးကာ သေလုမြောပါး ရိုက်နှက်ပြီး နုလန်ဟောက် အိမ်တော် တစ်ခုလုံးကို ရိုက်ခွဲပစ်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

သို့ပေမည့် ဝေမြို့စားကြီး တွမ်ပိကို ချက်ချင်း တားဆီးလိုက်သူ ရှိ၏။ ထိုသူမှာ ကျန်းကျိုး မြို့ဝန် ဝေ့ချီတွမ် ပင်ဖြစ်သည်။

“ဒေါသကို ထိန်းပါ… ဒေါသကို ထိန်းပါ ဝေမြို့စားကြီး”

တွမ်ပိက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျုပ် ဘယ်လိုလုပ် ဒေါသကို ထိန်းလို့ ရမှာလဲ။ ကျုပ် ဒီလောက် အရှက်ခွဲ ခံနေရတာကို။ တကယ်လို့ ကျုပ်က ပြန်ပြီး လက်စားမချေရင် တစ်လောကလုံးက ကျုပ်ရဲ့ ဝေမြို့စားကြီး အိမ်တော်ကို အထင်သေးသွားပြီး အနိုင်ကျင့်လို့ ရတယ်လို့ ထင်သွားကြမှာပေါ့။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်သည်။ “ဝေမြို့စားကြီးရယ်… ဟိုဘက်မှာ ကျုပ်တို့ရဲ့ အစီအစဉ်တွေ စတင်နေပါပြီ။ အောက်ရှင်းတို့ သားအဖကို ကွပ်မျက်စင်ပေါ်တင်ဖို့ အရေးကြီးတဲ့ အချိန် ရောက်နေပါပြီ။ တကယ်လို့ ခင်ဗျားက အခု သိုင်းပညာရှင်တွေကို ခေါ်ပြီး နုလန်ဟောက် အိမ်တော်ကို သွားရိုက်ခွဲမယ်ဆိုရင် ကျုပ်တို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်သလို ဖြစ်မသွားဘူးလား။”

“ဘယ်သူ့ အစီအစဉ်လဲ။” တွမ်ပိက မေးလိုက်၏။

ဝေ့ချီတွမ်က ပြန်ဖြေသည်။ “သေချာပေါက် အမတ်ချုပ်ကြီးလင်ရဲ့ အစီအစဉ်ပေါ့။”

ဝေမြို့စားကြီး တွမ်ပိက ပြော၏။ “ကျုပ် သိပါတယ်။ အခု စုံစမ်းစစ်ဆေးရေးရုံးနဲ့ ပညာတတ် အမတ်တွေက အောက်ရှင်းကို ရူးသွပ်စွာ တိုက်ခိုက်နေကြတယ်။ သူ့ကို ရာထူးကနေ ဖြုတ်ချတော့မယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ သူက ဧကရာဇ်မင်းမြတ်အတွက် ပြစ်မှုကို တာဝန်ယူပေးနေတယ်ဆိုတာ လူတိုင်း သိကြတာပဲ။”

ဝေ့ချီတွမ်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”

တွမ်ပိက ဆက်ပြောလိုက်၏။ “ဒါကြောင့် ဧကရာဇ်မင်းမြတ်က အောက်ရှင်းကို မျက်နှာပြရုံလောက်ပဲ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ။ တကယ် သတ်မှာ မဟုတ်ဘူး။ အများဆုံး အကျယ်ချုပ် နှစ်အနည်းငယ် လောက် ချထားပြီးရင် ပြန်လွှတ်ပေးလိမ့်မယ်။ ဧကရာဇ်မင်းမြတ်ရဲ့ စိတ်ထဲမှာ အနာဂတ် တာယင် အင်ပါယာနဲ့ နိုင်ငံတစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီး ဆင်နွှဲရတဲ့ အခါ အောက်ရှင်းကို မဖြစ်မနေ လိုအပ်မှာပဲ။”

“ဟုတ်တယ်။”

တွမ်ပိက မေးလိုက်သည်။ “ပြီးတော့ အမတ်ချုပ်ကြီးလင်နဲ့ အောက်ရှင်းက ဘာရန်ငြိုးမှ မရှိပါဘူး။ ဘာလို့ အောက်ရှင်းကို သေချာပေါက် သတ်ချင်နေရတာလဲ။ သူ့ရဲ့ တပည့်အတွက် လက်စားချေပေးချင်လို့လား။”

“ဘယ်လို ဖြစ်နိုင်မှာလဲ။”

ဝေ့ချီတွမ်က ပြော၏။ “အမတ်ချုပ်ကြီးလင်က အနာဂတ်မှာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သူပါ။ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့်၊ ကိုယ့်တပည့်အတွက် လက်စားချေပေးဖို့ကြောင့် ဖျောက်ချီ စစ်သူကြီးချုပ် တစ်ယောက်ကို သတ်မှာလား။ သူ အောက်ရှင်းကို သတ်ချင်တာ အကျိုးအမြတ်ကြောင့်ပဲ။ ကြီးမားတဲ့ အကျိုးအမြတ်ကြောင့်ပဲ။”

တွမ်ပိ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။ “စစ်အာဏာလား။”

ဝေ့ချီတွမ်က ပြုံးလိုက်၏။ “ကျုပ် ဘာမှ မပြောဘူးနော်”

တွမ်ပိ နားလည်သွားပြီဖြစ်သည်။ ပညာတတ်အမတ် အုပ်စုကြီးသည် လက်ရှိ အကျိုးအမြတ်များဖြင့် မကျေနပ်နိုင်တော့ပေ။

အောက်ရှင်း သည် ဖျောက်ချီ စစ်သူကြီးချုပ်ဖြစ်ပြီး ဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီး၏ သင်္ကေတ ဖြစ်၏။ သူ မသေသရွေ့ တစ်နေ့နေ့တွင် သေချာပေါက် ပြန်လည် အာဏာ ရလာမှာ ဖြစ်သည်။

အောက်ရှင်းမှာ ယခုအချိန်တွင် အလွန် သနားစရာ ကောင်းနေသော်လည်း နိုင်ငံ တစ်ခုလုံး ပါဝင်သော စစ်ပွဲကြီး ဖြစ်လာချိန်တွင် သူ စစ်အာဏာ ရရှိလာပါက အလွန် ကြောက်စရာ ကောင်းသွားပေမည်။ မည်သူမဆို စစ်ပွဲကို နှောင့်ယှက်ပါက သူက ဧကရာဇ်၏ ဓားဖြင့် သတ်ပစ်မှာဖြစ်၏။

တောင်ပိုင်းသို့ စစ်ချီစဉ်က အောက်ရှင်း၏ လက်အောက်တွင် လူမည်မျှ သေဆုံးခဲ့ရသနည်း။

ဂုဏ်သရေရှိ မှူးမတ်အုပ်စုကြီး၊ မှောင်ခို ကုန်သည်များ၊ ဆန်စပါး ကုန်သည်များနှင့် ပညာတတ် မိသားစုများ အားလုံး ပါဝင်၏။

သေချာသည်မှာ အောက်ရှင်းသည် တရားမျှတသူ ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖြင့် လုံးဝ အပြစ် မပေးသလို အာဏာကို အလွဲသုံးစား မလုပ်ပေ။ သို့ပေမည့် အခြား စစ်သေနာပတိ တစ်ဦးသာဆိုလျှင် ထိုသို့ ဖြစ်မည် မဟုတ်ပေ။

အနာဂတ်တွင် ဖြစ်လာမည့် နိုင်ငံတစ်ခုလုံး ပါဝင်သော စစ်ပွဲကြီးသည် စစ်တပ် သိန်းနှင့်ချီ ပါဝင်မည့် စစ်ပွဲကြီး ဖြစ်ရာ နိုင်ငံတော်၏ အရေးကိစ္စက အရေးအကြီးဆုံး ဖြစ်လာမှာဖြစ်၏။ ထိုအချိန်တွင် စစ်သေနာပတိ၏ အာဏာက မည်မျှ ကြီးမားမည်နည်း။ တကယ့်ကိုတွေ့သမျှ လူကို သတ်နိုင်မှာဖြစ်၏။

ထို့ကြောင့် ပညာတတ်အမတ် အုပ်စုကြီးက အခြားသူတစ်ဦးကို မျက်စိကျနေပြီး ထိုသူကို ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးပေးကာ အင်ပါယာ စစ်တပ်၏ စစ်သေနာပတိအသစ်အဖြစ် ခန့်အပ်ချင်နေကြခြင်း ဖြစ်သည်။

မူလက အမတ်ချုပ်ကြီးလင်၏ အကောင်းဆုံး အစီအစဉ်မှာ အောက်ရှင်း ရာထူးမှ ဆင်းရပြီး အောက်မင် သည် နုလန်ဟောက် အိမ်တော်၏ အမွေဆက်ခံသူ ဖြစ်လာရန် ဖြစ်၏။

ထို့နောက် အောက်ရှင်း သေဆုံးသွားပါက အောက်မင် သည် နုလန်ဟောက် ရာထူးကို ဆက်ခံမှာဖြစ်သည်။

ဆိုလိုသည်မှာ အောက်ရှင်း သေရမည် ဖြစ်သော်လည်း နုလန်ဟောက် ရာထူးကတော့ ဆက်ရှိနေမည် ဖြစ်၏။ ထို့ကြောင့် အောက်ရှင်း၏ ပြစ်မှုက အရမ်း မကြီးမားသင့်ပေ။

သို့ပေမည့် ယခုအခါ အောက်မင် သည် နုလန်ဟောက်ရာထူး အမွေဆက်ခံခွင့်ကို ဆုံးရှုံးသွားပြီဖြစ်ရာ အောက်ရှင်းကို သတ်ရန်အတွက် ပြဿနာကြီးကြီး ဖန်တီး၍ ရပြီ ဖြစ်၏။

ဝေမြို့စားကြီး တွမ်ပိက ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်က ဘယ်လိုပဲဖြစ်ဖြစ် အောက်ရှင်းကို သတ်မှာ မဟုတ်ဘူး။ သူ့ရဲ့ အားထားရဆုံး လူတစ်ယောက်အဖြစ်တောင် အသုံးပြုအုံးမှာ။ ခြွင်းချက် တစ်ခုက လွဲလို့ပေါ့။”

ဝေ့ချီတွမ်က လျှို့ဝှက်စွာ ပြုံးလိုက်၏။

ဟုတ်ပေသည်။ ဧကရာဇ်က အလွန် ဉာဏ်ကောင်းသူဖြစ်ရာ စစ်တပ်ကို မည်သူ့လက်ထဲ အပ်ပါက အယုံကြည်ရဆုံး ဖြစ်မည်ကို သိရှိထားသည်။

သို့ပေမည့် ဧကရာဇ်၏ အထိမခံနိုင်ဆုံး နေရာကို သွားထိမိပါက မည်သူမဆို သေရမှာဖြစ်သည်။ ဧကရာဇ်၏ သားအရင်းပင်လျှင် သေရမည်ဖြစ်ရာ အောက်ရှင်းဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

အမတ်ချုပ်ကြီးလင်၏ အဖွဲ့သည် အလွန် ရက်စက်ကြပြီး သူတို့ လုပ်ဆောင်မည့်အရာမှာ ထိုခြွင်းချက် ဖြစ်ကြောင်း ဝေမြို့စားကြီး တွမ်ပိ နားလည်သွား၏။

တစ်ယောက်ယောက်ကို အသုံးချကာ ဧကရာဇ်၏ အထိမခံနိုင်ဆုံး နေရာကို သွားထိစေရန် လုပ်ဆောင်မည် ဖြစ်၏။ ထိုအချိန်ရောက်လျှင် အောက်ရှင်း ဆယ်ယောက် ရှိလျှင်တောင် ချက်ချင်း သေရမှာဖြစ်ပြီး အောက်ယွီ လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

မြို့ဝန် ဝေ့ချီတွမ်က တားမြစ်လိုက်သည်။ “ဒါကြောင့် ဝေမြို့စားကြီး… အောက်ရှင်းကို သတ်မယ့် အစီအစဉ်တွေကို မဖျက်ဆီးပါနဲ့။”

ဝေမြို့စားကြီးက ခေါင်းခါလိုက်၏။ “ဒါပေမဲ့ ဒီဒေါသကို မျိုသိပ်ဖို့ အရမ်း ခက်တယ်။ အောက်ယွီ ဆိုတဲ့ ကောင်လေးက ယင်းယင်းကို ဒီလောက် အရှက်ခွဲတာ၊ ကျုပ်တို့ တွမ်မိသားစုကို ဒီလောက် အရှက်ခွဲတာ လုံးဝ သည်းမခံနိုင်ဘူး။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်သည်။ “မိသားစု တစ်ခုလုံး သတ်ဖြတ်ခံရတော့မယ့် သူ တစ်ယောက် အတွက် ခင်ဗျားက ဘာလို့ ဒီလောက် အချိန်ကုန် ခံနေရတာလဲ။ အချိန်ကျရင် သူ့ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်လိုက်လို့ ရတာပဲလေ။”

ဝေမြို့စားကြီးက သဘောတူလိုက်၏။ “ကောင်းပြီလေ။ အများအကျိုးအတွက် ကျုပ် ဒီကောင်လေးကို ခဏ သည်းခံလိုက်မယ်။ ဒါပေမဲ့ သူ သေချာပေါက် သေရမယ်။ အောက်ရှင်း လည်း သေချာပေါက် သေရမယ်။”

မြို့ဝန် ဝေ့ချီတွမ်က အာမခံလိုက်သည်။ “စိတ်ချပါ။ အမတ်ချုပ်ကြီးလင် လုပ်ပြီဆိုရင် လုံးဝ မလွတ်စေရဘူး။”

ယွင်ကျုံးဟဲ့ သည် ဝေမြို့စားကြီး အိမ်တော်၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သော်လည်း အများအကျိုး အတွက်၊ အမတ်ချုပ်ကြီးလင်၏ အစီအစဉ်များကို မဖျက်ဆီးမိစေရန် တွမ်ပိက သည်းခံလိုက်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့က နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

တွမ်ယင်းယင်း၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးရသည်မှာ မလုံလောက်သေးသကဲ့သို့ ဒုတိယ အစီအစဉ်ကို ချက်ချင်း စတင်လိုက်၏။

လမ်းမများပေါ်ရှိ ကွာရှင်းစာများကို ခွာ၍ မပြီးသေးမီမှာပင် အောက်ယွီ၏ စာအုပ်အသစ် ထွက်ပေါ်လာ လေသည်။

ထျန်းယီ စာအုပ်တိုက်မှ ထုတ်ဝေသော အရှေ့ဆောင်မှတ်တမ်း ဟူသော စာအုပ်ဖြစ်၏။

ဤသည်မှာလည်း ဝတ္ထု တစ်အုပ် ဖြစ်ပြီး အလွန် လှပစွာ ပုံနှိပ်ထားသည်။ အရေးအကြီးဆုံးမှာ မျက်နှာဖုံးတွင် လှပသော အမျိုးသမီး တစ်ဦး၏ပုံ ပါဝင်နေပြီး အလွန် အသက်ဝင်လှ၏။ လူအစစ်ကို ရိုက်နှိပ်ထားသကဲ့သို့ ဖြစ်သည်။

ထို့အပြင် မျက်နှာဖုံးပေါ်ရှိ အမျိုးသမီးသည် အလွန် ရင်းနှီးနေသကဲ့သို့ရှိပြီး တွမ်ယင်းယင်းနှင့် အလွန် ဆင်တူနေ၏။

အောက်ယွီ၏ ဤစာအုပ်အသစ် ထွက်လာသည်နှင့်တပြိုင်နက် မြို့တစ်ခုလုံး ဟိုးလေးတကျော် ဖြစ်သွားပြီး ယခင်က မကြုံဖူးလောက်အောင် အလုအယက် ဝယ်ယူကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကျောက်တုံးမှတ်တမ်း စာရေးဆရာ၏ စာအုပ်အသစ်ဖြစ်ပြီး ကျွမ့်ယွမ် အသစ်လေး၏ စာအုပ် အသစ် ဖြစ်သောကြောင့်ပင်။

လူအများအပြားက ဝယ်ယူပြီးသည်နှင့်တပြိုင်နက် ချက်ချင်း ဖတ်ရှုကြ၏။

တကယ် တိုက်ဆိုင်လှသည်။ ဤစာအုပ်၏ ဇာတ်လိုက် မင်းသမီး နာမည်မှာ ချွေယင်းယင်း ဖြစ်ပြီး တွမ်ယင်းယင်း၏ နာမည်နှင့် အလွန် ဆင်တူနေ၏။

အောက်ယွီ သည် ဇာတ်လိုက် မင်းသမီး ချွေယင်းယင်းကို အစွမ်းကုန် အရုပ်ဆိုးအောင် လုပ်ပြီး သူမ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးကာ ယောကျာ်းတကာနှင့် အိပ်တတ်သော မိန်းမတစ်ဦးအဖြစ် ပုံဖော်ထားမည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။

သို့ပေမည့် လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် စာအုပ်ထဲမှ ချွေယင်းယင်း သည် အလွန် ချစ်စရာ ကောင်းပြီး ပါရမီရှင် မိန်းကလေး တစ်ဦး ဖြစ်ရုံသာမက အချစ်ကို အလွန် သစ္စာရှိသူ ဖြစ်၏။

သူမသည် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ သခင်မလေး တစ်ဦးဖြစ်ပြီး တယော၊ စစ်တုရင်၊ စာပေနှင့် ပန်းချီ အားလုံးကို ကျွမ်းကျင်သူ ဖြစ်သည်။

ထို့အပြင် သူမသည် အခြား ဂုဏ်သရေရှိ သခင်လေး တစ်ဦးနှင့် စေ့စပ်ထားပြီး ဖြစ်ကာ ထိုသူမှာ နယ်စား၏ သား ကျိန့်ယွီ ဖြစ်၏။

သူမသည် ပါရမီရှင် မိန်းကလေးတစ်ဦး ဖြစ်သော်လည်း သူမ၏ စေ့စပ်ထားသူမှာမူ စာမတတ် ပေမတတ်၊ အသုံးမကျသော၊ တုံးအပြီး ဝနေသော လူတစ်ဦး ဖြစ်နေသည်။

ဤနေရာ အရောက်တွင် လူတိုင်း အံ့အားသင့်သွားကြ၏။ ‘သခင်လေး အောက်ယွီ… ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်တဲ့ နေရာမှာ တကယ် လက်ရဲတာပဲ။’

တစ်နေ့တွင် ချွေယင်းယင်း သည် ဘုရားကျောင်းသို့ ဘုရားဖူးသွားစဉ် ပုန်ကန်သူများက ဘုရားကျောင်းကို ဝိုင်းရံလိုက်ပြီး ပုန်ကန်သူ ခေါင်းဆောင်က သူမကို ဖမ်းဆီးကာ အဓမ္မ ပြုကျင့်ရန် ကြိုးစားလေသည်။

ထိုအချိန်တွင် စာပေနှင့် သိုင်းပညာ နှစ်ရပ်စလုံး ကျွမ်းကျင်သော ပါရမီရှင် ကျန်းတွမ်မင်က သူရဲကောင်း အဖြစ် ဝင်ရောက်ကယ်တင်ခဲ့ပြီး ချွေယင်းယင်းကို ကယ်တင်ခဲ့၏။

ထို့ကြောင့် သူတို့ နှစ်ဦးသည် အချင်းချင်း မေတ္တာသက်ဝင်ကာ တိတ်တဆိတ် လက်ထပ်ရန် သဘောတူ လိုက်ကြသည်။

သို့ပေမည့် ချွေယင်းယင်းနှင့် နယ်စား၏သား ကျိန့်ယွီတို့ စေ့စပ်ထားပြီးဖြစ်ရာ သူမ၏ မိဘများက ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ ချွေယင်းယင်းကို ကျိန့်ယွီနှင့် လက်ထပ်ရန် အတင်းအကျပ် ဖိအားပေး ကြ၏။

ကျန်းတွမ်မင် သည် ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း မိသားစု ဆင်းရဲပြီး အာဏာနှင့် ဩဇာ မရှိသောကြောင့် ကျိန့်ယွီ၏ မိသားစုနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

အကြိမ်ကြိမ် အခက်အခဲများ ကြုံတွေ့ပြီးနောက် အောင်သွယ်တော်၏ အကူအညီဖြင့် ယင်းယင်း သည် နောက်ဆုံးတွင် ကျန်းတွမ်မင်၏ နေအိမ်သို့ လျှို့ဝှက်စွာ သွားရောက်တွေ့ဆုံနိုင်ခဲ့၏။

သို့သော်ငြား ချွေယင်းယင်း၏ မိခင်ဖြစ်သူက ရိပ်မိသွားပြီး သူတို့ နှစ်ဦးကို ခွဲခွာရန် အတင်းအကျပ် ကြိုးစားလေသည်။

ချွေယင်းယင်းက အချစ်အတွက် အသက် အသေခံမည်ဟု ခြိမ်းခြောက်ကာ ရဲရဲဝံ့ဝံ့ တားဆီးခဲ့သည်။ ချွေယင်းယင်း၏ မိခင်က မင်္ဂလာကိစ္စကို သဘောတူလိုက်ရသော်လည်း မိသားစု အဆင့်အတန်းကို အကြောင်းပြကာ ကျန်းတွမ်မင်ကို မြို့တော်သို့ ချက်ချင်း သွားရောက် စာမေးပွဲ ဖြေဆိုရန် အမိန့်ပေးခဲ့၏။

ဆယ်လီ (ငါးမိုင်ခန့်) အကွာရှိ နားနေဆောင်တွင် နှုတ်ဆက်ပြီးနောက် ကျန်းတွမ်မင် သည် မြို့တော်သို့ သွားရောက်ကာ ပထမနေရာ (ကျွမ့်ယွမ်)ကို ရရှိခဲ့သည်။

ချွေယင်းယင်း သည် အိမ်တွင် ကျန်းတွမ်မင် လာရောက် လက်ထပ်မည့် အချိန်ကို စောင့်ဆိုင်းနေ၏။

သို့ပေမည့် စေ့စပ်ထားသူ ကျိန့်ယွီက ကျန်းတွမ်မင် သည် မြို့တော်တွင် ချမ်းသာသော မိသားစုမှ သမီးတစ်ဦးနှင့် လက်ထပ်လိုက်ပြီ ဖြစ်ပြီး ချွေယင်းယင်းကို စွန့်ပစ်လိုက်ပြီဟု လိမ်ညာ ပြောဆိုခဲ့၏။ ချွေယင်းယင်း၏ မိခင်ကလည်း ယင်းယင်းကို ကျိန့်ယွီနှင့် လက်ထပ်ရန် ထပ်မံ ဖိအားပေးခဲ့သည်။

ချွေယင်းယင်း သည် အချစ်အတွက် သစ္စာရှိပြီး ရဲရင့်သူဖြစ်ရာ ကျိန့်ယွီနှင့် မင်္ဂလာ မဆောင်မီ ကြိုးဆွဲချ သေဆုံးရန် ကြိုးစားခဲ့၏။

အသက်အန္တရာယ် ရှိနေချိန်တွင် ကျန်းတွမ်မင်က ပြေးဝင်လာပြီး ယင်းယင်းကို ကယ်တင်ခဲ့သည်။

သူတို့ နှစ်ဦးသည် လူတိုင်း၏ အရှေ့တွင် ရဲရဲဝံ့ဝံ့ ရပ်တည်ကာ လူသိရှင်ကြား မင်္ဂလာဆောင်ခဲ့ကြပြီး ချစ်သူ နှစ်ဦး ပေါင်းဖက်သွားကြ၏။

ချွေယင်းယင်း၏ ယခင် စေ့စပ်ထားသူ ကျိန့်ယွီသည် အလွန် ဝမ်းနည်းကြေကွဲကာ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။

အချို့က သူ ရူးသွားပြီဟု ဆိုကြပြီး၊ အချို့က သူ သေသွားပြီဟု ဆိုကြကာ၊ အချို့ကမူ သူ ဘုန်းကြီး ဝတ်သွားပြီဟု ပြောကြ၏။

ထိုအချိန်မှစ၍ ကျန်းတွမ်မင်နှင့် ချွေယင်းယင်း တို့သည် ပျော်ရွှင်စွာ အတူတကွ နေထိုင်သွားကြလေသည်။

...................

All Chapters