အခန်း (၂၉၃-၂၉၄)
Vol. 25 Ch. 293-294
အပိုင်း (၂၉၃)
စာအုပ် ပြီးဆုံးသွားပြီ ဖြစ်၏။
လူတိုင်း ဖတ်ပြီးသွားချိန်မှာတော့ လုံးဝ အံ့အားသင့်သွားကြသည်။
‘ဘာတွေ ဖြစ်နေတာလဲ။ သခင်လေး အောက်ယွီ... ဒီစာအုပ်ကို တကယ်ပဲ ခင်ဗျား ရေးတာလား၊ ဒါမှမဟုတ် အောက်မင် ရေးတာလား။
ဒီထဲက ကျိန့်ယွီ ဆိုတာ ခင်ဗျား အောက်ယွီ မဟုတ်ဘူးလား။ အဲဒီထဲက ကျန်းတွမ်မင် ဆိုတာ အောက်မင် မဟုတ်ဘူးလား။ ခင်ဗျားက အဲဒီ ယောကျာ်းနဲ့ မိန်းမ နှစ်ယောက် ပေါင်းဖက်သွားတယ်လို့ ရေးပြီး ခင်ဗျားကိုယ်ခင်ဗျား ရူးသွားတယ်၊ ဘုန်းကြီး ဝတ်သွားတယ်လို့ ရေးရဲသေးတယ်ပေါ့။
ခင်ဗျားက တွမ်ယင်းယင်းကို တိုက်ခိုက်နေတာလား၊ ဒါမှမဟုတ် သူ့ကို ချီးကျူးနေတာလား။ ဒီစာအုပ်ထဲမှာ ယင်းယင်းက အချစ်ကို သစ္စာရှိတယ်၊ ရဲရင့်တယ်၊ အချစ်အတွက် အသက်ကိုတောင် ပေးဝံ့တယ်။
ဒီစာအုပ်ထဲက ကျန်းတွမ်မင်ကလည်း ပါရမီရှင်၊ သတ္တိရှိပြီး ဉာဏ်ကောင်းတယ်။ ကျိန့်ယွီ တစ်ယောက်တည်း ယင်းယင်းကို အရူးအမူး ချစ်ပေမယ့် စာမတတ်ပေမတတ်၊ ဝပြီး တုံးအတဲ့ သူ ဖြစ်နေတယ်။’
သေချာသည်မှာ ဤစာအုပ်က အလွန် ကောင်းမွန်စွာ ရေးသားထား၏။ ဇာတ်ကောင်တိုင်းက အသက်ဝင် နေပြီး ဇာတ်လမ်းကလည်း စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
ကျောက်တုံးမှတ်တမ်း၏ အဆင့်အတန်းအထိ မရောက်သော်လည်း အလွန် ထူးချွန်သော လက်ရာ တစ်ခုဖြစ်၏။
‘ဒါပေမဲ့ ဘာလို့လဲ။ သခင်လေး အောက်ယွီ… ခင်ဗျားက အောက်မင်နဲ့ တွမ်ယင်းယင်း တို့ရဲ့ အချစ် ဇာတ်လမ်းကို ချီးကျူးဖို့ စာအုပ် တစ်အုပ် တမင် ရေးလိုက်တာလား။’
သို့ပေမည့် မျက်စိရှင်သော စာဖတ်သူ အချို့က တွေ့ရှိသွားကြ၏။
စာအုပ်၏ နောက်ဆုံး စာမျက်နှာမှာ အလွတ် ဖြစ်နေသော်လည်း စာလုံးတချို့ ရှိနေသကဲ့သို့ ထင်ရပြီး ရှင်းလင်းစွာ မမြင်ရပေ။
မီးဖြင့် အနည်းငယ်ကင်လိုက်ချိန်မှာတော့ နောက်ဆုံး စာမျက်နှာ ရှိ စာလုံးများ ထွက်ပေါ်လာလေသည်။
တစ်လအကြာတွင် ချွေယင်းယင်း သည် ကာလသားရောဂါ ရရှိသွားသည်။ ထို့နောက် ကျန်းတွမ်မင် နှင့် ချွေယင်းယင်း၏ မိခင်တို့လည်း ရောဂါ ကူးစက်သွားကြ၏။
ငါးလအကြာတွင် ချွေယင်းယင်း၊ ကျန်းတွမ်မင်၊ ချွေယင်းယင်း၏ မိခင်နှင့် ချွေယင်းယင်း၏ ဖခင် ဝေမြို့စားကြီးတို့ အားလုံး အလွန် သနားစရာ ကောင်းစွာဖြင့် သေဆုံးသွားကြသည်။
‘ဒီ နောက်ဆုံး ဖုံးကွယ်ထားတဲ့ စာမျက်နှာကမှ တကယ့် ဇာတ်သိမ်း အစစ်ပဲ။ ဒါပေမဲ့ ဘာလို့လဲ။ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ဇာတ်သိမ်းမျိုး ဖြစ်သွားရတာလဲ။
ချွေယင်းယင်းနဲ့ ကျန်းတွမ်မင် တို့က ချစ်သူနှစ်ဦး ပေါင်းဖက်သွားပြီး ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်သွားကြတာ မဟုတ်ဘူးလား။’
ထို့နောက် လူအများအပြားက အရှေ့ပိုင်း ဇာတ်လမ်းများကို ပြန်လည် ဖတ်ရှုကြရာ လုံးဝ ကြောက်မက်ဖွယ် ကောင်းသော အမှန်တရားကို တွေ့ရှိသွားကြ၏။
ချွေယင်းယင်း သည် ဝေမြို့စားကြီးအိမ်တော်မှ မွေးဖွားလာသူ ဖြစ်သော်လည်း မိသားစု ပိုင်ဆိုင်မှုများ ပျက်စီးသွားပြီ ဖြစ်ပြီး ဘွဲ့အမည်သာ ရှိတော့ကာ အလွန် ဆင်းရဲနေပြီ ဖြစ်သည်။
ထို့ကြောင့် သူမက မြို့တော်သို့ စာမေးပွဲ သွားဖြေမည့် ကျောင်းသားများနှင့် မကြာခဏ သွားရောက် ဆုံတွေ့လေ့ရှိပြီး လူတိုင်းနှင့် လျှို့ဝှက်စွာ လက်ထပ်ရန် သဘောတူလေ့ ရှိ၏။ ကျန်းတွမ်မင် သည် ဆယ့်ကိုးယောက်မြောက် ဖြစ်သည်။
သေချာသည်မှာ နောက်ဆုံးတွင် သူက ပထမနေရာ (ကျွမ့်ယွမ်) ရရှိခဲ့သောကြောင့် ချွေယင်းယင်း၏ ရင်းနှီးမြှုပ်နှံမှု အောင်မြင်သွားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် လျှို့ဝှက်စွာ လက်ထပ်ရန် သဘောတူခဲ့သည့် အကြိမ်အရေအတွက် အလွန် များပြားလွန်း သောကြောင့် သူမက ကာလသားရောဂါ ရရှိသွားခြင်း ဖြစ်သည်။
သို့ပေမည့် ဝေမြို့စားကြီး၏ ဇနီးမှာ အဘယ့်ကြောင့် ထိုရောဂါ ကူးစက်သွားရသနည်း။
ဤစာအုပ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အသေးစိတ် အချက်အလက်တစ်ခု ပါဝင်နေ လေသည်။ တစ်နေ့၌ ယင်းယင်းသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းမျှော်ကြည့်ရှုလိုက်ရာ ကျန်းတွမ်မင်နှင့် တူသော လူရိပ်တစ်ခုသည် ၎င်း၏ မိခင်ဖြစ်သူ နေထိုင်ရာ အိမ်နောက်ဖေးမှ ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
သေချာသည်မှာ ဤအသေးစိတ် အချက်အလက်များကို သွယ်ဝိုက်၍သာ ရေးသားထားခြင်း ဖြစ်၏။
ဇာတ်လိုက် မင်းသမီးက မြို့တော်သို့ စာမေးပွဲ သွားဖြေမည့် ကျောင်းသား အများအပြားနှင့် ဆုံတွေ့ကာ လျှို့ဝှက်စွာ လက်ထပ်ရန် သဘောတူခဲ့သည့် ဇာတ်ကွက်များကိုလည်း အလွန် သွယ်ဝိုက်၍ ရေးသား ထားသည်။
အထင်ရှားဆုံးအချက်မှာ ဇာတ်လိုက် မင်းသမီးက သင်္ချိုင်းသို့ သွားရောက် ဂါရဝပြုလေ့ရှိပြီး ထိုသင်္ချိုင်းဂူများ၏ ကျောက်တိုင်များပေါ်တွင် နာမည် မရေးထားပေ။ ထို့အပြင် သင်္ချိုင်းသို့ သွားရောက် ဂါရဝပြုသည့်အခါတိုင်း သင်္ချိုင်းဂူ အသစ်တစ်ခု တိုးလာတတ်၏။
‘သြော်… အဲဒီ လျှို့ဝှက်စွာ လက်ထပ်ရန် သဘောတူခဲ့တဲ့ ကျောင်းသားတွေက စာမေးပွဲ မအောင်ဘဲ သနားစရာ ကောင်းစွာနဲ့ ကျရှုံးခဲ့ကြတာကိုး။ ဒါပေမဲ့ သူတို့က ချွေယင်းယင်းနဲ့ လက်ထပ်ဖို့ ပြန်လာခဲ့ကြတော့ အသတ်ခံလိုက်ရပြီး နာမည် မပါတဲ့ သင်္ချိုင်းဂူတွေ ဖြစ်သွားကြတာပဲ။’
ဖုံးကွယ်ထားသော ဇာတ်သိမ်း၏ နောက်ဆုံးတွင် သူမ၏ ယခင် စေ့စပ်ထားသူ ကျိန့်ယွီက ချွေယင်းယင်း၏ သင်္ချိုင်းဂူသို့ လာရောက်ကာ မင်းက လင်ယောကျာ်း၊ အဖေ၊ အမေနဲ့ မိသားစု တစ်ခုလုံးကို သေစေမဲ့ သူပဲ။ ကျုပ်ကို မသတ်ခဲ့လို့ ကျေးဇူးတင်ပါတယ်ဟု ပြောဆိုခဲ့သည်။
ဤ ဖုံးကွယ်ထားသော ဇာတ်သိမ်းကို ဖတ်ပြီးနောက် လူတိုင်း လုံးဝ ပေါက်ကွဲထွက်သွားကြလေ၏။
‘အရမ်း ကောင်းတယ်။ နတ်ဘုရားရဲ့ လက်ရာပဲ။’
ဤကမ္ဘာရှိ လူများသည် ဤကဲ့သို့သော ဇာတ်လမ်း အလှည့်အပြောင်း ကြီးမားသည့် ဝတ္ထုမျိုးကို တစ်ခါမှ မဖတ်ဖူးကြသောကြောင့် လုံးဝ အံ့အားသင့်ကာ ကိုးကွယ်ချင်စိတ် ပေါက်သွားကြသည်။
ဤစာအုပ်က တကယ်ကို ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကို ငိုကြွေးစေသော စာအုပ် ဖြစ်၏။
‘အစကတော့ ရင်နင့်စရာ ကောင်းတဲ့ အချစ်ဇာတ်လမ်းလို့ ထင်ခဲ့တာ။ တကယ်တမ်းတော ့မှုခင်းဝတ္ထုကြီး ဖြစ်နေတာပဲ။ ပြီးတော့ လူကို ကြက်သီးထသွားစေတဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ သရဲဝတ္ထုလည်း ဖြစ်နေသေးတယ်။
ဥပမာ - ချွေယင်းယင်းရဲ့ စုတ်တံက အဲဒီ ကျောင်းသားတွေရဲ့ အရိုးတွေနဲ့ လုပ်ထားတာ ဖြစ်ပြီး စုတ်တံရဲ့ အမွေးတွေက သူတို့ရဲ့ ဆံပင်တွေနဲ့ လုပ်ထားတာတဲ့။
နောက်ထပ် ဥပမာ - သူနဲ့ ကျန်းတွမ်မင်တို့ လျှို့ဝှက်တွေ့ဆုံကြတဲ့ အချိန်မှာ မီးအိမ်ထွန်းပြီး စာဖတ်ကြတာ အရမ်း စိတ်ကူးယဉ်ဆန်တယ်နော်။
အဲဒီတုန်းက ကျန်းတွမ်မင်က ဘာလို့ ဒီမီးရောင်က ထူးဆန်းပြီး အစိမ်းရောင် သန်းနေတာလဲ လို့ တွေးမိခဲ့ သေးတယ်။
တကယ်တမ်းမှာ အဲဒီ မီးအိမ်ဆီက လူသေရဲ့ဆီဖြစ်ပြီး ထွန်းထားတာက တစ္ဆေမီး ဖြစ်နေတာကိုး။
ဒီလို ကြောက်စရာကောင်းတဲ့ အသေးစိတ် အချက်အလက်တွေက အရမ်းသွယ်ဝိုက်ပြီး ရေးထားပေမဲ့ အရမ်း များလွန်းတယ်။
ဒါပေမဲ့ အရင်က လုံးဝ မသိသာဘူးလေ။ စာဖတ်သူတွေ မြင်ရတာက အချစ်အတွက် ရဲရဲဝံ့ဝံ့ ကြိုးစားတဲ့၊ အချစ်ကို သစ္စာရှိတဲ့ ယောကျာ်းနဲ့ မိန်းမ တစ်စုံကိုပဲ မြင်ရတာ။’
ထို့ကြောင့် ညတွင်းချင်းပဲ ကျန်းကျိုးမြို့ ရှိ ကျောင်းသားများ အားလုံး ယခင်က မကြုံဖူးလောက်သော စိတ်ပိုင်းဆိုင်ရာ ဆေးကြောမှုကို ခံယူလိုက်ရသည်။
သူတို့ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော လှပသည့် အိပ်မက်မျိုးကို မက်ဖူးကြသည် မဟုတ်ပါလား။
ဂုဏ်သရေရှိ သခင်မလေးတစ်ဦးက မိမိတို့၏ ပါရမီကို သဘောကျနှစ်သက်သောကြောင့် လျှို့ဝှက်စွာ လက်ထပ်ရန် သဘောတူညီကာ၊ ခရီးစရိတ်များ ထောက်ပံ့၍ မြို့တော်သို့ စာမေးပွဲသွားရောက်ဖြေဆိုခိုင်းမည့် အိပ်မက်မျိုး ဖြစ်၏။
စာမေးပွဲတွင် ပထမအဆင့် (ကျွမ့်ယွမ်) ရရှိပြီးနောက် ဇာတိမြေသို့ ပြန်လည် ရောက်ရှိလာကာ ထိုအလှလေးနှင့် လက်ထပ်ထိမ်းမြားပြီး အစဉ်အလာကောင်းများ ကျန်ရစ်ခဲ့မည့် အကြောင်းအရာမျိုးပင် ဖြစ်သည်။
သို့ရာတွင် သခင်လေး အောက်ယွီ၏ ဤစာအုပ်အသစ်မှာမူ အပြင်းထန်ဆုံးသော အဆိပ်ရည်ကဲ့သို့ပင် ဖြစ်သည်။ ထိုစာအုပ်သည် သူတို့အား လုံးဝ ကြက်သီးထသွားစေတော့၏။
“ပထမနေရာ (ကျွမ့်ယွမ်) ပီသပါပေတယ်။”
“သခင်လေး အောက်ယွီက အရမ်း ကောင်းတယ်။ အရမ်း တော်တာပဲ။ ဒီ ထူးဆန်းတဲ့ စာအုပ်က အတိတ် မှာလည်း မရှိခဲ့ဖူးသလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ဘူး။”
“အစကတော့ ကျောက်တုံးမှတ်တမ်းပြီးရင် သခင်လေး အောက်ယွီက ပိုကောင်းတဲ့ ဝတ္ထုတွေ မရေးနိုင်တော့ဘူး ထင်ခဲ့တာ။ မထင်မှတ်ဘဲ တခြားလမ်းကြောင်း တစ်ခုကနေ လောကကြီးကို အံ့အားသင့် စေမယ့် လက်ရာ တစ်ခုကို ရေးသားနိုင်ခဲ့တာပဲ။”
“ဒီနေ့ကစပြီး ကျုပ်က သခင်လေး အောက်ယွီရဲ့ အစေခံ ပါပဲ။”
ဤ "အရှေ့ဆောင်မှတ်တမ်း" ထွက်ပေါ်လာသည် နှင့်တပြိုင်နက် ကျန်းကျိုးမြို့ ရှိ ပညာတတ် အားလုံး လုံးဝ အံ့အားသင့်ကာ ဒူးထောက် ကိုးကွယ်ချင်စိတ် ပေါက်သွားကြ၏။
စာမတတ်သူများပင်လျှင် ဤဇာတ်လမ်းကို ကြားပြီးနောက် ချက်ချင်း အံ့အားသင့်သွားကြသည်။
‘အရမ်း ကောင်းတာပဲ။ နောက်ဆုံး စာမျက်နှာရဲ့ ဇာတ်လမ်း အလှည့်အပြောင်းကြီးက တကယ့်ကို အံ့မခန်းပဲ။
ဒါပေမဲ့ ဒီနေ့ကစပြီး တွမ်ယင်းယင်းရဲ့ နာမည်က ပိုပြီး ကျော်ကြားသွားပြီ။ လင်ယောကျာ်း၊ အဖေ၊ အမေ နဲ့ မိသားစု တစ်ခုလုံးကို သေစေမယ့် သူတဲ့။’
ထို့အပြင် အချို့သောလူများက ရူးကြောင်ကြောင်နှင့် အောက်မင်က တကယ်ပဲ ဝေမြို့စားကြီး၏ ဇနီးနှင့် ဖောက်ပြန်ခဲ့သည်လားဟု တွေးနေကြလေ၏။
ပညာတတ် အများအပြားက ဤစာအုပ်ထဲမှ လက်တွေ့ဘဝ၏ အမှန်တရားများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်မှတ်နေကြလေသည်။
ဝေမြို့စားကြီး အိမ်တော် အတွင်း၌ တွမ်ယင်းယင်း သည် ဤစာအုပ်ကို ဖတ်ပြီးနောက် သွေးအန်ကာ သတိလစ်သွားလုနီးပါး ဖြစ်သွား၏။
‘အောက်ယွီ… ရှင် အရမ်း ယုတ်မာလွန်းတယ်။ ရှင့်ရဲ့ တိုက်ခိုက်မှုတွေက တစ်ခုပြီး တစ်ခု ဆက်တိုက် လာနေတာပဲ။ တစ်ခုထက် တစ်ခု ပိုယုတ်မာနေတာပဲ။’
ထို့ပြင် ဤစာအုပ်သည်လည်း အလွန်ပင် ကောင်းမွန်လွန်းလှသည်။ ယခင်က မရှိခဲ့ဖူးသော ဂန္ထဝင်မြောက် လက်ရာတစ်ခုလည်း ဖြစ်သည်။
အကယ်၍ ဇာတ်လိုက်မင်းသမီးမှာ ၎င်းသာ မဟုတ်ခဲ့ပါက တွမ်ယင်းယင်း ကိုယ်တိုင်ပင် အလွန်တရာ သဘောကျမိမည်မှာ ဖြစ်သည်။
နောက်ဆုံးစာမျက်နှာရှိ အံ့အားသင့်ဖွယ် ဇာတ်လမ်း အလှည့်အပြောင်းကို မဆိုထားဘဲ၊ အရှေ့ပိုင်းရှိ စာလုံးရေ နှစ်သိန်းကျော်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အသေးစိတ် အချက်အလက်များ မည်မျှအထိ များပြားနေသနည်း။
ပထမတစ်ကြိမ် ဖတ်ရှုစဉ်ကမူ အနည်းငယ် ထူးဆန်းသည်ဟုသာ ထင်မှတ်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ရင်နင့်ဖွယ်ကောင်းသော အချစ်ဇာတ်လမ်းကို ဖတ်ရှုနေရသော်လည်း တစ်ကိုယ်လုံး၌ ကြက်သီးထသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။
ဒုတိယတစ်ကြိမ် ပြန်လည် ဖတ်ရှုကြည့်ချိန်မှသာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းမှန်း သိရှိလိုက်ရခြင်း ဖြစ်သည်။ အမှန်တကယ် နတ်ဘုရား၏ လက်ရာကဲ့သို့ ထူးချွန်လှပေသည်။
သို့ပေမဲ့ ထိုသို့ ထူးချွန်နေခြင်းကြောင့် ယနေ့မှစ၍ သူမ တွမ်ယင်းယင်း၏ နာမည်ဂုဏ်သတင်းမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
ဤစာအုပ်သည် အလွန်အမင်း ထူးချွန်လွန်းလှသကဲ့သို့ အလွန်လည်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လောကတစ်ခွင်သို့လည်း ဧကန်မုချ ပျံ့နှံ့သွားပေလိမ့်မည်။
အချိန်ကာလတစ်ခုအတွင်း၌ ဤစာအုပ်သည် ကျောက်တုံးမှတ်တမ်းထက်ပင် ပိုမိုကျော်ကြားလာနိုင်ပြီး ပို၍လည်း အောင်မြင်လာနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကအတွက် ဤကဲ့သို့သော စာအုပ်မျိုးမှာ အလွန်ပင် ဆန်းသစ်နေသည့်အပြင် အလွန်လည်း ကြောက်မက်ဖွယ် ကောင်းနေသောကြောင့်ပင်။
သူမ တွမ်ယင်းယင်း၏ နာမည်မှာမူ လောကအလယ်၌ လုံးဝ ညှိုးနွမ်းပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထျန်းကျန်းမြစ် အတွင်းသို့ ခုန်ချ၍ ဆေးကြောပါသော်လည်း စင်ကြယ်နိုင်တော့မည် မဟုတ်ပေ။
ဝေမြို့စားကြီး အိမ်တော်တစ်ခုလုံးသည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားသွားခဲ့ပြီ ဖြစ်၏။
စာအုပ်အတွင်း၌ ဝေမြို့စားကြီး အိမ်တော်ဟူ၍ လုံးဝ ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း လူတိုင်းကမူ သိရှိနေကြပြီ ဖြစ်သည်။
ဝေမြို့စားကြီးလည်း ဤစာအုပ်ကို ဖတ်ပြီးနောက် လုံးဝ ရူးသွပ်သွားတော့မည့် အလား ဖြစ်သွား၏။
“ဖမ်း… အောက်ယွီကို ဖမ်းကြ...”
“စာအုပ်ဆိုင်တွေ အားလုံးကို သွားရိုက်ခွဲ။ ထျန်းယီ စာအုပ်တိုက်ကို သွားရိုက်ခွဲ...”
“ဒီစာအုပ်ကို ပိတ်ပင်လိုက်… ပိတ်ပင်လိုက်ကြ...”
ဝေမြို့စားကြီး တွမ်ပိ တကယ် သွေးအန်ချင်စိတ် ပေါက်သွား၏။ သူ၏ ပညာ အရည်အချင်းက မမြင့်မား သော်လည်း ဤစာအုပ်က အရမ်း ကောင်းမွန်ပြီး အရမ်း ထူးချွန်ကြောင်း သိရှိထားသည်။
တစ်လောကလုံးတွင် သေချာပေါက် အလွန် နာမည်ကြီးလာတော့မှာ ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ၏ ဝေမြို့စားကြီး အိမ်တော် နာမည်ဂုဏ်သတင်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။
စာအုပ်ထဲတွင် ဤသည်မှာ ဝေမြို့စားကြီး အိမ်တော် ဖြစ်ကြောင်း လုံးဝ မပြောထားသော်လည်း လူတိုင်းက သိရှိနေကြသည်။
မြို့ဝန် ဝေ့ချီတွမ်က သက်ပြင်းချကာ ပြောလိုက်၏။ “ဝေမြို့စားကြီး … ဒီစာအုပ်က အုပ်ရေ သောင်းနဲ့ချီ ရောင်းပြီးသွားပြီ။ အခု ခိုးကူး စာအုပ်တွေ အများကြီး ထွက်လာတော့မှာ။ လုံးဝ ပိတ်ပင်လို့ မရတော့ဘူး။ ပိတ်ပင်လေ ပိုပြီး နာမည်ကြီးလေ ဖြစ်မှာပဲ။
တာ့ကျိုးအင်ပါယာထဲမှာ ပိတ်ပင်လို့ ရရင်တောင် တာယင်အင်ပါယာ ကော။ တာရှအင်ပါယာ ကော ပိတ်ပင်လို့ ရပါ့မလား။ ဒီစာအုပ်က အရမ်း ကောင်းလွန်းတယ်။ အတိုတောင်းဆုံး အချိန်အတွင်းမှာ တစ်လောကလုံးမှာ နာမည်ကြီးသွားမှာ သေချာတယ်။”
ထို့နောက် ဝေ့ချီတွမ်က ဆက်ပြောသည်။ “မြွေပွေး အကိုက်ခံရသလိုပဲ အရိုးထဲထိ အဆိပ်က စိမ့်ဝင်သွားတာ။ ဒီ အောက်ယွီက တကယ်ကို ယုတ်မာလွန်းတယ်။ အရမ်း ယုတ်မာလွန်းတယ်။”
ဝေမြို့စားကြီး တွမ်ပိက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျားတို့က အောက်ရှင်းကို သတ်မယ်၊ အောက်ယွီကို သတ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်အချိန်ထိ စောင့်ရအုံးမှာလဲ။ ဘယ်အချိန်ထိ စောင့်ရအုံးမှာလဲ။”
ထိုအချိန်တွင် အပြင်ဘက်မှ မြို့ဝန်ရုံး၏ စာရေးကြီးက ပြေးဝင်လာကာ ပြောလိုက်သည်။ “မြို့ဝန်မင်း… မြို့ဝန်မင်း…. အထူးကိုယ်စားလှယ် အမတ် ရောက်လာပါပြီ။ အထူးကိုယ်စားလှယ် အမတ် ရောက်လာပါပြီ။ ခင်ဗျား အမြန် ပြန်ပြီး အမိန့်တော်ကို လက်ခံပါတော့။”
မြို့ဝန် ဝေ့ချီတွမ် အလွန် ဝမ်းသာသွားပြီး ပြောလိုက်၏။ “ဝေမြို့စားကြီး … အောင်မြင်ပြီ… အောင်မြင်ပြီ။ အောက်ရှင်း သေချာပေါက် သေရတော့မယ်။ အောက်ယွီလည်း သေချာပေါက် သေရတော့မယ်။”
ထို့နောက် သူက ဝေမြို့စားကြီး အိမ်တော်မှ အလျင်အမြန် ထွက်ခွာသွားလေသည်။
“လူတွေ စု… စစ်တပ်တွေ စု။ နုလန်ဟောက် အိမ်တော်ကို ဝင်စီးမယ်။ ဝေမြို့စားကြီး … ပြင်ဆင်ထားပါ။ နုလန်ဟောက် အိမ်တော်ကို ဝင်စီးပြီး မိသားစု တစ်ခုလုံးကို သတ်ပစ်တော့မယ်။”
......................
အပိုင်း (၂၉၄)
နုလန်ဟောက် အိမ်တော် အတွင်း၌ ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးရှိ ဆဲလ်များ အားလုံး စိတ်လှုပ်ရှားနေပြီး ကြက်သီးမွေးညင်းများ အားလုံး ထောင်မတ်နေ၏။
‘လာပြီ… အရေးကြီးတဲ့အချိန် ရောက်လာပြီ။’
၎င်းသည် ဤကြီးကျယ်လှသော ဗုံးကြီးကို ဖောက်ခွဲတော့မှာဖြစ်၏။ ဤတစ်ကြိမ် သူ၏ အကြံအစည် အတွင်း၌ လူမည်မျှအထိ အမှုန့်ကြိတ် ချေမှုန်းခံရပြီး ပြာအဖြစ်သို့ ရောက်ရှိသွားမည်နည်း ဆိုသည်ကို စောင့်ကြည့်လိုသေးသည်။
ထိုအချိန်တွင် အပြင်ဘက်မှ သက်တော်စောင့်များ၏ အံ့အားတသင့် အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။ “သခင်လေး… ဒုက္ခပါပဲ။ ကျုပ်တို့ နုလန်ဟောက် အိမ်တော်ကို မြို့ဝန်ရုံးက စစ်သည်တွေ ဝိုင်းထားလိုက်ပြီ။”
ထင်ထားသည့် အတိုင်းပင်။ မြို့ဝန် ဝေ့ချီတွမ်က စစ်သည် ထောင်ပေါင်းများစွာကို ခေါ်ဆောင်ကာ နုလန်ဟောက် အိမ်တော် အရှေ့သို့ ကြီးကျယ်ခမ်းနားစွာ ရောက်ရှိလာကာ အမိန့်ပေးလိုက်သည်။ “နုလန်ဟောက် အိမ်တော်ကို ဝင်စီး… တားဆီးတဲ့ သူမှန်သမျှ အကုန်သတ်”
မြို့ဝန် ဝေ့ချီတွမ်၏ အမိန့်ပေးသံနှင့်အတူ စစ်သည် ထောင်ပေါင်းများစွာက ဝံပုလွေများ အလား နုလန်ဟောက် အိမ်တော် အတွင်းသို့ ပြေးဝင်သွားကြလေ၏။
....................
မြို့တော် နန်းတော် အတွင်း၌...
ဧကရာဇ်ဝမ်ယွင် အောက်ယွီ၏ စာအုပ် အသစ် အရှေ့ဆောင်မှတ်တမ်း စာအုပ်ကို ဖတ်နေ၏။ သူက မည်သူ့ကိုမှ ဇာတ်လမ်း ကြိုပြောခွင့် မပြုဘဲကိုယ်တိုင် ညမအိပ်ဘဲ ဖတ်ရှုနေခြင်း ဖြစ်သည်။
ဖတ်ပြီးသွားချိန်မှာတော့ ဧကရာဇ်လည်း အနည်းငယ် တွေဝေသွား၏။ ‘အောက်ယွီက ဘာလို့ ဒီစာအုပ်ကို ရေးရတာလဲ။ အောက်မင်နဲ့ တွမ်ယင်းယင်း တို့ရဲ့ အချစ်ဇာတ်လမ်းကို ချီးကျူးချင်လို့လား။ အကြောင်းပြချက် မရှိပါဘူး။ ဒီလို ရေးထားတာ ကောင်းတယ် ဆိုပေမယ့် ကောင်းရုံ သက်သက်ပါပဲ။ အပြင်က လူတွေ ချီးကျူးနေသလောက် လောကကြီးကို အံ့အားသင့်စေမယ့် လက်ရာတော့ မဟုတ်သေးပါဘူး။’
ထို့နောက် ဧကရာဇ်ဝမ်ယွင်မှာ နောက်ဆုံး စာမျက်နှာသည် အလွတ် ဖြစ်နေသော်လည်း စာလုံး အချို့ ရှိနေသကဲ့သို့ ထင်ရကြောင်းတွေ့ရှိသွားသည်။
“မီးနဲ့ နည်းနည်းကင်ကြည့်လိုက်ရင် နောက်ဆုံး စာမျက်နှာမှာ တကယ့် ဇာတ်သိမ်းအစစ် ပေါ်လာပါလိမ့်မယ်။” ဟု မိန်းမစိုးကြီး ဟောက်ကျန်းက သတိထား၍ သတိပေးလိုက်၏။
ဧကရာဇ်ဝမ်ယွင်က ထိုအတိုင်း လုပ်ဆောင်ကြည့်လိုက်ရာ ဖုံးကွယ်ထားသော ဇာတ်သိမ်းကို တွေ့လိုက်ရ၏။ ချက်ချင်းဆိုသလို သူသည်လည်း ကြက်သီးထသွားပြီး ခေါင်းများ ထူပူသွားသည်။
‘အရမ်း… အရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းတယ်။ လောကကြီးကို အံ့အားသင့်စေမယ့် လက်ရာလို့ ပြောကြတာ တကယ် ထိုက်တန်ပါတယ်။’
…………..
သေချာသည်မှာ အနောက်ဘက်သို့ ခရီးသွားခြင်း စာအုပ်သည်လည်း တရုတ်သမိုင်းတစ်လျှောက် အလွန် နာမည်ကြီးသော စာအုပ် တစ်အုပ် ဖြစ်ပြီး သေချာပေါက် ကောင်းလှ၏။
သို့ပေမည့် အနုပညာ အဆင့်အတန်းကို ပြောရမည်ဆိုလျှင် ကျောက်တုံးမှတ်တမ်းနှင့် အလွန် ကွာခြားနေဆဲ ဖြစ်သည်။
သို့ပေမည့် ယွင်ကျုံးဟဲ့၏ ဤအရှေ့ဆောင်မှတ်တမ်း သည် အနောက်ဘက်သို့ ခရီးသွားခြင်း စာအုပ်ထဲမှ ဇာတ်လမ်းကို အများစု ကူးချထားခြင်း ဖြစ်သော်လည်း မူလတည်းက ပြီးပြည့်စုံသော လက်ရာ တစ်ခု ဖြစ်ကာ ဂန္ထဝင်မြောက် စာအုပ် တစ်အုပ်လည်း ဖြစ်၏။
ထို့အပြင် ကြီးမားသော ဇာတ်လမ်း အလှည့်အပြောင်းနှင့် အရှေ့ပိုင်းတွင် ဖုံးကွယ်ထားသော ကြောက်မက်ဖွယ် ကောင်းသည့် အသေးစိတ် အချက်အလက်များ ပေါင်းထည့်လိုက်ချိန်မှာတော့ ဤစာအုပ် သည် ဤကမ္ဘာ၏ ပထမဆုံးသော ကြောက်မက်ဖွယ် ကောင်းသည့်၊ စိတ်လှုပ်ရှားဖွယ် ကောင်းသည့် ဇာတ်လမ်း အလှည့်အပြောင်း ပါဝင်သော ဝတ္ထု တစ်ပုဒ် ဖြစ်လာခဲ့သည်။
ဤကမ္ဘာ၏ စာပေ သမိုင်းတွင် ယခင်က မရှိခဲ့ဖူးသော ပထမဆုံး စာအုပ် ဖြစ်သောကြောင့် အလွန် ကြီးမားသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့သည်မှာ သေချာပေါက်ပင်။
ဤသည်မှာ အချို့သော ထူးဆန်းသည့် ရုပ်ရှင်များ သို့မဟုတ် နောက်ဆုံး အချိန်ရောက်မှ ဇာတ်လမ်း အလှည့်အပြောင်း ကြီးမားသော စိတ်လှုပ်ရှားဖွယ် ရုပ်ရှင်များနှင့် တူ၏။
ရုပ်ရှင် အနုပညာ အဆင့်အတန်းကို ပြောရမည် ဆိုလျှင် ဂန္ထဝင် လက်ရာများကို မီမည် မဟုတ်ပေ။
ဥပမာ - ဟစ်ချ်ကော့၏ စိတ်လှုပ်ရှားဖွယ် ရုပ်ရှင် Psycho (စိတ်ရောဂါသည်) သည် ရုပ်ရှင် သမိုင်းတွင် အကီရာ ကူရိုဆာဝါ၏ Seven Samurai (ဆာမူရိုင်း ခုနစ်ဦး)ကို သေချာပေါက် မီမည် မဟုတ်ပေ။
သို့ပေမည့် ပရိသတ် အများစု အတွက်တော့ Psycho က ပေးစွမ်းသော ရိုက်ခတ်မှု သည် Seven Samurai ထက် ပိုမို ကြီးမားမှာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံး ဇာတ်လမ်း အလှည့်အပြောင်းက အလွန် ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။
ဧကရာဇ်ဝမ်ယွင် သည် ဤကဲ့သို့သော ဝတ္ထုမျိုးကို တစ်ခါမှ မဖတ်ဖူးသောကြောင့် သူကိုယ်တိုင် လည်း လုံးဝ စိတ်လှုပ်ရှားသွားခဲ့၏။
Psycho ရုပ်ရှင် သာမက Fight Club ကဲ့သို့သော ရုပ်ရှင်များသည်လည်း ပရိသတ် အချို့၏ ရင်ထဲတွင် အမြင့်ဆုံး နေရာတွင် ရှိနေတတ်သည်။
ဤကမ္ဘာတွင်တော့ ယွင်ကျုံးဟဲ့၏ ဤ စိတ်လှုပ်ရှားဖွယ် ဝတ္ထုက ပထမဆုံး ဖြစ်၏။
ရိုက်ခတ်မှုက သေချာပေါက် အံ့အားသင့်ဖွယ် ကောင်းလှသည်။
ကျောက်တုံးမှတ်တမ်း၏ အနုပညာ အဆင့်အတန်းက မြင့်မားပြီး ပိုပိုပြီး မြင့်မားလာသော်လည်း ဧကရာဇ်က မနှစ်သက်ပေ။ အဘယ်ကြောင့်ဆိုသော် စာအုပ်ထဲတွင် နာကြည်းမှုများ အလွန် ပြည့်နှက်နေသောကြောင့် ဖြစ်၏။
သို့ပေမည့် ဤ အရှေ့ဆောင်မှတ်တမ်း စာအုပ်ကိုတော့ ဧကရာဇ်ဝမ်ယွင်က လက်မှ မချချင်လောက်အောင် သဘောကျနေပြီး အရှေ့ပိုင်းတွင် ဖုံးကွယ်ထားသော ကြောက်မက်ဖွယ် အသေးစိတ် အချက်အလက်များ ကိုပင် စိတ်အားထက်သန်စွာ လိုက်လံ ရှာဖွေနေသေးသည်။
“ဒီ ချွေယင်းယင်းရဲ့ စုတ်တံက လူ့အရိုးနဲ့ ဆံပင်တွေနဲ့ လုပ်ထားတာကိုး။”
“သူမရဲ့ မီးအိမ်က လူသေရဲ့ဆီနဲ့ ထွန်းထားတာ ဖြစ်ပြီး လောင်ကျွမ်းနေတာက တစ္ဆေမီး ဖြစ်နေတာကိုး။”
“သူမ သွားပြီး ဂါရဝပြုတဲ့ နာမည် မပါတဲ့ သင်္ချိုင်းဂူက စုစုပေါင်း ဆယ့်ရှစ်ခုတောင် ရှိတာကိုး။”
“ကျန်းတွမ်မင် နဲ့ ချွေယင်းယင်းရဲ့ အမေတို့က အစောကြီးတည်းက ဖောက်ပြန်နေကြတာကိုး။ အမေက သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စကို အကြိမ်ကြိမ် ကန့်ကွက်နေတာက မနာလို ဖြစ်နေလို့ပဲကိုး။”
“ဒီ ချွေယင်းယင်းက နေ့တိုင်း မြို့တော်ကို စာမေးပွဲ သွားဖြေမယ့် ကျောင်းသားတွေနဲ့ သွားတွေ့နေတာက ပညာတတ် အမတ်တွေကို အဲဒီလောက်တောင် ဖားချင်နေလို့လား။ ကျုပ်တို့ရဲ့ ဝေမြို့စားကြီးက ဂုဏ်သရေရှိ မှူးမတ် ဖြစ်ပြီးတော့ ပညာတတ်အမတ် အုပ်စုကြီးနဲ့ အသေအလဲ ပူးပေါင်းဖို့ ကြိုးစားနေတာနဲ့ တူလိုက်တာ။”
“စိတ်ဝင်စားစရာပဲ… စိတ်ဝင်စားစရာပဲ…” ဧကရာဇ်က စာအုပ်ကို ပိတ်လိုက်၏။
“တကယ်တော့ အောက်ရှင်းရဲ့သားက အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာ ကိုယ်တော် အရင်တည်းက သတိထားမိပါတယ်။ ဒါပေမဲ့ ဒီလောက်တောင် ဉာဏ်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
ဧကရာဇ်ဝမ်ယွင်က ပြောလိုက်သည်။ “ဒီလူဝကြီးက တကယ်ရော အောက်ရှင်းရဲ့ သားအရင်း ဟုတ်ရဲ့လား။ အဖေက ဒီလောက်တောင် ခေါင်းမာပြီး တုံးအနေတာကို သားကကျတော့ ဒီလောက် ဉာဏ်ကောင်းနေတယ်။
ဒီရက်ပိုင်းအတွင်း စိတ်ရှုပ်စရာ ကိစ္စတွေ တစ်ခုပြီး တစ်ခု ဖြစ်နေတာ။ ဒီစာအုပ်လေးကမှ ကိုယ်တော်ကို စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တာပဲ။ အောက်ယွီဆိုတဲ့ ကောင်လေး… မဆိုးဘူး… မဆိုးဘူး။”
မိန်းမစိုးကြီး ဟောက်ကျန်းက အလျင်အမြန် မေးလိုက်၏။ “အရှင်မင်းမြတ်… ဒါဆို နုလန်ဟောက် အိမ်တော်ကို ဝင်စီးအုံးမှာလား။”
“ဝင်စီးတာပေါ့။ သေချာပေါက် ဝင်စီးရမှာပေါ့။”
ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ “အိမ်ဝင်စီးရုံ သက်သက်ပါပဲ။ အောက်ရှင်းကို သေချာ သတိဝင်အောင် လုပ်ပေးရမယ်။”
ဧကရာဇ်မင်းမြတ်သည် ယခုရက်ပိုင်းအတွင်း အောက်ရှင်း၏ လုပ်ရပ်များကြောင့် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။ ဤမျှလောက် ခေါင်းမာလွန်းသော ပုဂ္ဂိုလ်မျိုးကို တစ်သက်တွင် တစ်ခါမျှ မကြုံဖူးချေ။
အမှန်စင်စစ် ဧကရာဇ်၏ ဆန္ဒမှာ အောက်ရှင်းအား အသက်အန္တရာယ်ပြုရန် မဟုတ်ဘဲ စစ်ရှုံးမှုအတွက် တာဝန်ယူကြောင်း လူအများရှေ့တွင် ဝန်ခံခိုင်းကာ ခေတ္တခဏ ရာထူးမှ အနားပေးထားရန်သာ ဖြစ်သည်။ ထိုမှသာ တစ်လောကလုံးကို ဖြေရှင်းချက် ပေးနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း အောက်ရှင်းကား ညီလာခံခန်းမကြီးအတွင်း ပြတ်သားစွာ ငြင်းဆန်ခဲ့သည်။ စစ်ရှုံးမှုတွင် သူ့၌ တာဝန် လုံးဝမရှိကြောင်း အတိအလင်း တုံ့ပြန်ခဲ့သောကြောင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းကို ခွင့်ပြုချက်မရှိဘဲ လွှတ်ပေးခဲ့သည်ဟူသော ကြီးလေးသည့် စွပ်စွဲချက်ဖြင့် သူ့ကို ထပ်မံ ဖိအားပေးကြပြန်သည်။
ထိုအခါတွင်လည်း အောက်ရှင်းသည် ဖြောင့်မတ်တည်ကြည်သော မျက်နှာထားဖြင့် မိမိသည် အထက်မှ ပေးအပ်သော အမိန့်အရသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တာယင်စစ်သည်များကို လွှတ်ပေးခဲ့ခြင်း မှာလည်း တာ့ကျိုးအင်ပါယာ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ချေပခဲ့၏။
ထိုအတောအတွင်း စုံစမ်းစစ်ဆေးရေး အမတ်ကြီးက အောက်ရှင်းအား သေရမည်ကို ကြောက်ရွံ့သော လူယုတ်မာဟု ပြင်းပြင်းထန်ထန် ဆဲဆိုကဲ့ရဲ့လေသည်။
ထိုအခါမှာတော့ အောက်ရှင်းသည် မဆုတ်မနစ်သော ဇွဲဖြင့် ညီလာခံတစ်ခုလုံး သိစေရန် ပြန်လည် တုံ့ပြန်တော့သည်။ သူသည် စစ်ပွဲကာလအတွင်းက အပေါ်ယံ ပညာတတ် အမတ်များနှင့် ဂုဏ်သရေရှိ မှူးမတ်တို့၏ အရှက်မဲ့သော လုပ်ရပ်များကို တစ်ခုချင်း ဖွင့်ချလိုက်လေ၏။
“ခင်ဗျားတို့က သေရမှာ မကြောက်ဘူးလို့ ပါးစပ်ကသာ ပြောနေတာ။ စစ်ပွဲ မတိုင်ခင် လအနည်းငယ်တည်းက ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မြောက်ပိုင်းနယ်စပ်ကနေ ရွှေ့ပြောင်းထားပြီးပြီ။”
အောက်ရှင်း၏ စကားများက ဓားသွားကဲ့သို့ ထက်မြက်နေသည်။ “ခင်ဗျားတို့က နိုင်ငံတော်အတွက် အသက်ပေးမယ်လို့ ပါးစပ်ကသာ ပြောနေတာ။ စစ်မြေပြင် သွားရတော့မယ့် အချိန်ကျတော့ ခင်ဗျားတို့ရဲ့ သားတွေက မြင်းပေါ်က ပြုတ်ကျတယ်၊ ဒါမှမဟုတ် ရုတ်တရက် ဖျားနာတယ် ဆိုပြီး စစ်မှုထမ်းရမှာကို ရှောင်ပြေးကြတယ်။"
ထို့အပြင် အချို့သော အမတ်များက စစ်ရိက္ခာများကို အညံ့စားများနှင့် လဲလှယ်ကာ ကိုယ်ကျိုးရှာခဲ့ကြပုံကိုပါ အသေးစိတ် ဖော်ထုတ်လိုက်ရာ ညီလာခံရှိ အမတ်အားလုံး မျက်နှာများ ဖြူရော်ကာ တုန်လှုပ်ကုန်ကြ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ဧကရာဇ်မင်းမြတ်မှာလည်း ဒေါသအမျက် ချောင်းချောင်းထွက်လျက် ရှိတော့သည်။
‘အောက်ရှင်း... ဒါ ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားကို အပြစ်တစ်ခုလောက် ခံခိုင်းတာကို ဒီလောက်တောင် မကျေမနပ် ဖြစ်နေရလား။ ညီလာခံက အမတ်တွေ အားလုံးကိုပါ ဆွဲချဖို့ လုပ်နေတာလား။’
ဧကရာဇ်သည် စိတ်ထဲမှ ကြုံးဝါးနေမိသည်။ အမှန်တကယ်တွင် ဤကိစ္စကို အေးအေးဆေးဆေး ပြီးငြိမ်းအောင် လုပ်ဆောင်နိုင်သော်လည်း အောက်ရှင်းသည် တမင်တကာပင် နိုင်ငံရေး အခြေအနေကို ကမောက်ကမ ဖြစ်အောင် ဖန်တီးနေသကဲ့သို့ ရှိနေသည်။
သို့သော်လည်း အောက်ရှင်း၏ ခိုင်မာသော တုံ့ပြန်မှုများကြောင့် သူ့ကို ဖမ်းဆီးအရေးယူရန် ခိုင်လုံသော အထောက်အထား ရှာမတွေ့ဘဲ ဖြစ်နေ၏။
စစ်သည်တစ်သိန်း လွှတ်ပေးခဲ့သည့် ကိစ္စတွင်လည်း အောက်ရှင်းက လျှို့ဝှက်အမိန့်တော် ရရှိခဲ့သည်ဟုသာ ဆိုသည်။ သို့သော်ငြား ထိုအမိန့်သည် နှုတ်မိန့်ဖြစ်ကြောင်း၊ အမိန့်လာပို့သူမှာ ဧကရာဇ်၏ အနီးကပ် မိန်းမစိုးကြီး ဖြစ်ကြောင်း အမည်တပ်၍ ဖွင့်မပြောသေးပေ။
အကယ်၍ သူ့ကိုသာ အကျပ်ကိုင်၍ ပိုမို တွန်းအားပေးမိပါက အမှန်တရားအားလုံးကို ဖွင့်ချလိုက်လျှင် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် သိက္ခာကျစရာ ဖြစ်လာပေလိမ့်မည်။ အပြစ်များအားလုံးကို ဧကရာဇ်၏ ခေါင်းပေါ် ပုံချမည့်အရေးကို စိုးရိမ်မိသောကြောင့် အချိန်ဆွဲနေ၍ မဖြစ်တော့ကြောင်း ဧကရာဇ် သိလိုက်သည်။
ထိုသို့ အကြပ်ရိုက်နေသော အချိန်တွင် အမတ်ချုပ်ကြီးလင်သည် ရှေ့သို့ ထွက်လာကာ အံ့အားသင့်ဖွယ် ကောင်းသော အကြံဉာဏ်တစ်ခုကို တင်သွင်းခဲ့၏။
မကြာမီမှာပဲ ထွက်ပေါ်လာသော စာချွန်လွှာ တစ်စောင်သည် အားမာန်အပြည့်ရှိသော နုလန်ဟောက် အောက်ရှင်းကိုပင် တုန်လှုပ်ချောက်ချားသွားစေပြီး လူကိုယ်တိုင် လဲကျသွားစေသည့်တိုင် အစွမ်းထက် ခဲ့လေသည်။
တောင်ပိုင်းကျိုးအင်ပါယာ၏ တစ်ဦးတည်းသော မျိုးရိုးမတူသည့် ဘုရင်၊ ကျိန့်ဟိုင်ဝမ် (ပင်လယ်စောင့် ဘုရင်) စီးပြန်း ၏ စာချွန်လွှာကြောင့်ဖြစ်၏။
ယခင်က ဤတောင်ပိုင်းကျိုးအင်ပါယာ၏ ကျိန့်ဟိုင်ဝမ် အကြောင်း ပြောပြခဲ့ဖူး၏။ စီးမျိုးနွယ်စုသည် တောင်ပိုင်း လူရိုင်းများနယ်မြေ၏ တောင်ဘက်ဆုံးတွင် တည်ရှိသော်လည်း သူကိုယ်တိုင်က တောင်ပိုင်း လူရိုင်း မဟုတ်ဘဲ တာရှအင်ပါယာ၏ ပုန်ကန်သူ တစ်ဦးဖြစ်ကာ တောင်ပိုင်း လူရိုင်းများ နယ်မြေသို့ ထွက်ပြေးလာပြီး ပင်လယ်ဓားပြ ဖြစ်လာခဲ့သူ ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပြီးနောက် စီးမျိုးနွယ်စု ပင်လယ်ဓားပြများသည် ပိုမို အင်အား ကြီးမားလာပြီး မိုင်ထောင်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်တွင် မှောင်ခိုလုပ်ငန်း အားလုံးကို လက်ဝါးကြီး အုပ်ကာ အလွန် အားကောင်းသော ရေတပ်ကြီး တစ်ခုကို ပိုင်ဆိုင်လာခဲ့၏။
အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် စီးမျိုးနွယ်စုသည် ပင်လယ်ပြင်မှ ကုန်းမြေပေါ်သို့ တက်လာကာ နယ်မြေများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့သည်။
တောင်ပိုင်း လူရိုင်းများ နယ်မြေ တစ်ခုလုံး သည် စတုရန်း ကီလိုမီတာ နှစ်သန်း၊ သုံးသန်းကျော် ကျယ်ဝန်းပြီး နိုင်ငံငယ်လေးများ မရေမတွက်နိုင်အောင်ရှိကာ ဘုရင်ခံများ၊ အာဏာရှင်များ မည်မျှ ရှိမှန်းပင် မသိနိုင်ပေ။
စီးမျိုးနွယ်စုက လျင်မြန်စွာ အင်အား ကြီးမားလာပြီး တောင်ပိုင်း လူရိုင်းများ နယ်မြေ ကုန်းမြေပေါ်တွင် အင်အား အကြီးမားဆုံး ဖြစ်လာကာ အထွတ်အထိပ်အချိန်တွင် စတုရန်း ကီလိုမီတာ ခြောက်သိန်းကျော် ကျယ်ဝန်းသော နယ်မြေကို ပိုင်ဆိုင်ခဲ့၏။
ထို့အပြင် စီးမျိုးနွယ်စုသည် ပင်လယ်ပြင်ကို ကျောထောက်နောက်ခံ ပြုထားသောကြောင့် မရေမတွက် နိုင်သော ချမ်းသာကြွယ်ဝမှုများနှင့် လက်နက်များစွာကို ပိုင်ဆိုင်ထားသည်။
ဤအတိုင်းသာ ဆက်သွားပါက စီးမျိုးနွယ်စုသည် အနာဂတ်တွင် တောင်ပိုင်း လူရိုင်းများနယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ပြီး နောက်ထပ် အင်ပါယာအသစ် တစ်ခုကို တည်ထောင်နိုင်မှာ သေချာ၏။
သို့ပေမည့် ထိုအချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာက ပြန်လည် နိုးထလာပြီး ကျဆင်းနေသည့် အခြေအနေမှ နေမင်းကြီးအလား ပြန်လည် တောက်ပလာကာ ဧကရာဇ်ထျန်းယန်က တောင်ပိုင်းသို့ စစ်ချီမည့် မဟာဗျူဟာကို ချမှတ်ခဲ့သည်။
ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သိန်းနှင့်ချီက တောင်ပိုင်း လူရိုင်းများ နယ်မြေသို့ ဝင်ရောက်သွား၏။
ထိုနောက် တောင်ပိုင်းလူရိုင်း နိုင်ငံငယ်လေးများ၏ ခေါင်းဆောင်များ အားလုံး အဆုံးသတ် သွားပြီး တစ်ခုပြီး တစ်ခု ဖျက်ဆီးခံလိုက်ရတော့သည်။
.......................