← Chapters

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

အခန်း (၇၅၄-၇၅၆)

Vol. 51 Ch. 754-756

Chapter 754 - အဲဒီသူတော်စင်ကို ဖမ်းလိုက်၊ ပြီးရင် သူတို့ရှေ့မှာတင် နှိပ်စက်ပြီး သတ်ပစ်လိုက်

ယခုအချိန်တွင် ဖျက်ဆီးခြင်း ဝဲဂယက်အတွင်း၌။ ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့သည် အရင်အတိုင်းပင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြဆဲ ဖြစ်သည်။

ဖူထျန်းရတနာနယ်ပယ်၏ မဟာတာအိုလက်နက်မှာ အားနည်းသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကို ကျူးကျော်ဝင်ရောက်လာသော နတ်ဆိုးစွမ်းအင်များရန်မှ ကာကွယ်ပေးထားသည်။

ဖူထျန်းရတနာနယ်ပယ်၏ အပြင်ဘက်တွင်မူ နတ်ဆိုးသူတော်စင် တစ်ဆယ်ကျော်တို့မှာ သားကောင်ကို ချောင်းနေသော သားရဲများကဲ့သို့ စောင့်ကြည့်နေကြ၏။ ဤနတ်ဆိုးသူတော်စင်များထဲမှ အနည်းငယ်သာ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုမှ ဖြစ်ကြသည်။ ကျန်ရှိသောသူများမှာ အနီးအနားရှိ ကောင်းကင်ဘုံတစ်ခုမှဖြစ်သော ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်မှ ဖြစ်ကြသည်။

ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်မှာ ရှိဌာန နတ်ဆိုးမျိုးနွယ်စုများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်း၏ အင်အားမှာ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုထက် အနည်းငယ်သာ နိမ့်ကျသည်။ ထိုနှစ်ဖက်စလုံးမှာ မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ရှိသော်လည်း ပြိုင်ဆိုင်မှုများလည်း ရှိတတ်ကြသည်။ ၎င်းတို့အထဲတွင် မလိုတမာစိတ်ရှိသူများလည်း အများအပြားရှိသည်။

ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကို မူလက စတင်တွေ့ရှိခဲ့သူမှာ သူတို့ပင် ဖြစ်သည်။ သူတို့ကို ဤနေရာတွင် ထိန်းချုပ်ထားနိုင်ရန်အတွက် အနီးဆုံးဖြစ်သော ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်ထံမှ စစ်ကူတောင်းခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်မှ နတ်ဆိုးသူတော်စင်များမှာ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခု၏ တပ်ဖွဲ့အများစုကို မောင်းထုတ်လိုက်ပြီး ဤနေရာကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုမှ နတ်ဆိုးသူတော်စင် သုံးပါးသာ သတင်းအချက်အလက် ရယူရန်အတွက် ကျန်ရှိနေတော့သည်။ အကြောင်းမှာ ဤနေရာသည် သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုနှင့် အလွန်ဝေးကွာပြီး ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်နှင့်မူ အလွန်နီးကပ်နေသောကြောင့်ပင်။

စစ်ကူများမှာလည်း လှမ်းမမီနိုင်သော အကွာအဝေးတွင် ရှိနေသည်။

ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့နှင့် မလှမ်းမကမ်းတွင် နောက်ထပ် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ သားရဲသူတော်စင် သုံးပါးဖြစ်သော ရှန်ဟွမ်၊ လုံကွေ့နှင့် ထျန်းဟူ တို့မှာ ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်မှ နတ်ဆိုးသူတော်စင် ငါးပါး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ပိတ်မိနေကြသည်။ သူတို့သည် ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကို လာရောက်ကယ်တင်ခြင်း ဖြစ်သော်လည်း နတ်ဆိုးသူတော်စင်များ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။

သူတို့ကို ဦးဆောင်နေသော ရှိချန်းလင် အမည်ရှိ နတ်ဆိုးသူတော်စင်မှ

"မင်းတို့ ဘာလို့ အခုထိ အရှုံးမပေးသေးတာလဲ… အချိန်တွေ ဒီလိုပဲ ဆက်ဖြုန်းနေမယ်ဆိုရင် ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်ကပဲ အနိုင်ရသွားမှာနော်"

သူ လှောင်ပြောင်ပြောဆိုလိုက်သည်။

ရှန်ဟွမ်၊ လုံကွေ့နှင့် ထျန်းဟူ တို့မှာ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေကြ၏။

ရှိချန်းလင်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ဖူထျန်းရတနာနယ်ပယ်၏ အစွန်းဘက်သို့ ပြန်သွားသည်။

"နတ်ဆိုးဘိုးဘေးမြေရဲ့ တည်နေရာကိုသာ ပြောလိုက်မယ်ဆိုရင် ငါတို့ မင်းတို့ကို လွှတ်ပေးမယ်"

ကိုးဆင့်ယင်သူတော်စင်က လှောင်ပြုံးပြုံးကာ

"သိတာ မသိတာက ဘာထူးမှာလဲ… ငါက နတ်ဆိုးဘိုးဘေးမြေရဲ့ တည်နေရာကို သိနေရင်တောင် မင်းတို့ကို ပြောမှာမဟုတ်ဘူး"

ရှိချန်းလင် ဒေါသထွက်သွားသော်လည်း သူတို့ကို အတင်းအကျပ် မလုပ်နိုင်ပေ။ ဖူထျန်းရတနာနယ်ပယ်မှာ နတ်ဆိုးစွမ်းအင်များကို အလွန်အမင်း တားဆီးနှိမ်နင်းနိုင်စွမ်း ရှိ၏။ ဤမဟာတာအိုလက်နက်မှာ နှစ်ပေါင်း ရာချီကြာသည်အထိ ပျက်စီးမည့် အရိပ်အယောင်မပြဘဲ တည်ရှိနေခြင်း ဖြစ်သည်။ သူတို့ဘက်က လုပ်နိုင်သည်မှာ နတ်ဆိုးသူတော်စင်များကို တစ်ပါးပြီးတစ်ပါး ထပ်တိုးစေခြင်းသာ ဖြစ်သည်။ သို့သော် ဤနေရာတွင် နတ်ဆိုးသူတော်စင်များစွာကိုသာ ဆက်လက် အသုံးပြုနေမည်ဆိုပါက ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်၏ အင်အားမှာ အားနည်းသွားပေလိမ့်မည်။ အကယ်၍ အခြားသော ကောင်းကင်ဘုံများမှ လူသားများ၊ သားရဲများ သို့မဟုတ် နဂါးများက တိုက်ခိုက်လာလျှင် ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်သည်။ ဤသည်မှာ နှစ်ဖက်စလုံး အခြေအနေ တန့်နေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

လူသားများ၊ သားရဲများ၊ နဂါးများနှင့် နတ်ဆိုးများပင်လျှင် ကိုယ်စီ တွက်ချက်မှုများနှင့် စိုးရိမ်ပူပန်မှုများ ရှိကြသည်။ အရာရာမှာ အဖြူအမဲ သို့မဟုတ် အကောင်းအဆိုးဟု ပြတ်ပြတ်သားသား ခွဲခြား၍မရပေ။

"ဒီအတိုင်း ဆက်သွားနေတာက ငါတို့အတွက် အကျိုးရှိတယ်"

ရှိချန်းလင်မှ အေးစက်စွာ ပြောသည်။

"သူတို့ကို ကယ်ဖို့ နောက်ထပ် သူတော်စင်အဆင့်တွေ ထပ်လာဦးမှာပဲ… အဲဒီအခါကျရင် ငါတို့က စစ်ကူတွေကို လမ်းခုလတ်မှာ ကြားဖြတ်တိုက်ပြီး အနိုင်ယူရုံပဲ"

နတ်ဆိုးသူတော်စင် တစ်ပါးမှ ရုတ်တရက် လာရောက် အစီရင်ခံသည်။

"နတ်ဆိုးအရှင် လေးပါးခင်ဗျာ… လူသားလောကက သူတော်စင်အဆင့် တစ်ယောက် ချဉ်းကပ်လာနေပါတယ်”

ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်၏ အစွမ်းအထက်ဆုံး နတ်ဆိုးသူတော်စင် လေးပါးကို နတ်ဆိုးအရှင်များဟု ခေါ်တွင်ကြပြီး ရှိချန်းလင်မှာ တစ်ဦးအပါအဝင် ဖြစ်သည်။

"အချိန်ကိုက်ပဲ... အဲဒီသူတော်စင်ကို ဖမ်းလိုက်… ပြီးရင် သူတို့မျက်စိရှေ့မှာတင် နှိပ်စက်ပြီး သတ်ပစ်လိုက်”

ရှိချန်းလင် လှောင်ပြုံးပြုံးကာ အမိန့်ပေးလိုက်သည်။ နတ်ဆိုးမျိုးနွယ်များမှာ သာမန်ကိုယ်ကျင့်တရားများဖြင့် မည်သည့်အခါမှ စည်းနှောင်ခြင်း မခံရပေ။ ပန်းတိုင်ရောက်ဖို့ဆိုလျှင် မည်သည့်အရာမဆို လုပ်ဆောင်ရဲကြသည်။

"ဟုတ်ကဲ့ပါ"

နတ်ဆိုးသူတော်စင် နှစ်ပါးမှာ ချက်ချင်းပင် အမိန့်ကို နာခံပြီး ထွက်ခွာသွားကြသည်။

ဖူကျူသည် အသာအယာ သက်ပြင်းချလိုက်သည်။ "နောက်ထပ် သူတော်စင်အဆင့် တစ်ယောက် ထပ်လာပြန်ပြီ… သူငယ်ချင်းဟောင်း တစ်ယောက်များလား မသိဘူး"

ကိုးဆင့်ယင်သူတော်စင်မှာမူ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ လွန်ခဲ့သော ရာစုနှစ်များစွာကလည်း အခြားသော သူတော်စင်အဆင့်များမှာ သူတို့ကို လာရောက်ကယ်တင်ခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် ရှန်ဟွမ် အပါအဝင် သားရဲသူတော်စင် သုံးပါးမှလွဲ၍ ကျန်ရှိသောသူများမှာ အသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိခြင်းများသာ ကြုံခဲ့ရသည်။ ဤနတ်ဆိုးမျိုးနွယ်စုများမှာ တစ်နေရာတည်းကို အာရုံစိုက်ထားပြီး စစ်ကူများကို ကြားဖြတ်တိုက်ခိုက်ရာတွင် အလွန် ကျွမ်းကျင်ကြ၏။

ရှိချန်းလင်သည် ထွက်ခွာသွားသော နတ်ဆိုးသူတော်စင် နှစ်ပါးကို ကြည့်ပြီးနောက် ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ဘက်သို့ လှည့်ကာ ထူးဆန်းစွာ ရယ်မောလိုက်သည်။ ဍ"ခန့်မှန်းကြည့်ကြစမ်း… အခုလာတဲ့ သူတော်စင်အသစ်က ဘယ်လောက်ကြာကြာ ခံမလဲ" "တစ်နာရီလား… နှစ်နာရီလား"

"ဒါမှမဟုတ် တစ်ရက်လား… နှစ်ရက်လား" ထိုနှစ်ဦးစလုံးမှာ ဘာမှမပြောဘဲ တိတ်ဆိတ်နေကြသည်။ ဖူကျူမှာ စိတ်အနှောင့်အယှက် မဖြစ်စေရန် မျက်စိကိုသာ မှိတ်ထားလိုက်သည်။

သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ရှိချန်းလင်က ရူးသွပ်စွာ ရယ်မောလေတော့သည်။

သူ ဤနေရာကို စောင့်ကြပ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သဖြင့် သူ၏ တစ်ခုတည်းသော ဖျော်ဖြေမှုမှာ ထိုနှစ်ဦး ဒုက္ခရောက်နေသည်ကို ကြည့်ရခြင်းသာ ဖြစ်သည်။ သို့သော် မကြာမီမှာပင် လူရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ပြန်လည် ရောက်ရှိလာသည်။

ရှိချန်းလင် မျက်မှောင်ကြုတ်လိုက်သည်။

နှစ်ယောက် ထွက်သွားသော်လည်း တစ်ယောက်တည်းသာ ပြန်ရောက်လာ၏။ သူတော်စင်အသစ်မှာ တော်တော်လေး အစွမ်းထက်ပုံရသည်။ တစ်ပြိုင်နက်တည်း နှစ်ယောက်ကို ရင်ဆိုင်ရသော်လည်း ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်မှ နတ်ဆိုးသူတော်စင် တစ်ပါးကို သတ်နိုင်ခဲ့သည်။ ဤဖျက်ဆီးခြင်း ဝဲဂယက် အနီးတွင် စောင့်ကြပ်နေသော နတ်ဆိုးသူတော်စင်များမှာ ခီတီ တတိယအဆင့်များ ဖြစ်ကြပြီး သူ၏ ယုံကြည်ရဆုံးသော လက်အောက်ခံများ ဖြစ်ကြသည်။

ရှိချန်းလင် စကားပြောရန် ပြင်လိုက်စဉ်မှာပင် အစိမ်းရောင် ကြာစေ့ ၁၈ စေ့မှာ ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ရောက်ရှိလာသည်။ ထိုကြာစေ့များမှာ လေထဲတွင် ပို၍ မြန်ဆန်လာကာ တစ်ဖြည်းဖြည်းနှင့် ကြီးမားလာကြသည်။ ခဏအတွင်းမှာပင် ၎င်းတို့မှာ တောက်လောင်နေသော မီးလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး ရှိချန်းလင်ဆီသို့ တည့်တည့် ဦးတည်လာကြသည်။ ဤနေရာရှိ ပြင်းထန်သော ဟင်းလင်းပြင် ဝဲဂယက်များမှာလည်း ၎င်းတို့ကို တားဆီးနိုင်ခြင်း မရှိပေ။ ယင်းအစား ပို၍ပင် လျင်မြန်လာစေသည်။ ကြာစေ့များတွင် ကြီးမားသော စွမ်းအားများ ပါရှိနေပြီး ကမ္ဘာငယ်တစ်ခုကိုပင် ဖောက်ထွက်သွားနိုင်မည့် ပုံစံမျိုး ရှိနေ၏။

ရှိချန်းလင်သည် ထိတ်လန့်ဖွယ်ကောင်းသော ထိုစွမ်းအားကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူ ကြေးခေါင်းလောင်းတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ထိုခေါင်းလောင်းထံမှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေပြီး ငိုကြွေးနေသော တစ္ဆေများနှင့် ရန်ငြိုးကြီးသော ဝိညာဉ်များ ဝန်းရံနေသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကလောင်၊ ကလောင်။

ခေါင်းလောင်းမှာ တုန်ခါသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ ကြီးမားလာပြီး ရှိချန်းလင်၏ ရှေ့တွင် ကြယ်စင်လေးတစ်ခုအလား တည်ရှိနေသည်။

ဂျိန်း။

ကြာစေ့ ၁၈ စေ့မှာ ခေါင်းလောင်းပေါ်သို့ ကျရောက်သွား၏။ ထိုတိုက်ခိုက်မှုကြောင့် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ရှိချန်းလင်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ သူ အမြတ်တနိုး ထားရသော နတ်ဆိုးဆိုးခေါင်းလောင်းမှာ ကြာစေ့များ၏ တိုက်ခိုက်မှုအောက်တွင် စူးစူးဝါးဝါး အသံများ ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းမှာ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ပျက်စီးတော့မည့်ပုံ ပေါ်နေသည်။ ရှိချန်းလင်သည် သူ၏ သွေးအဆီအနှစ် အချို့ကို ခေါင်းလောင်းပေါ်သို့ ထွေးထုတ်လိုက်မှသာ တုန်ခါနေသော နတ်ဆိုးခေါင်းလောင်းမှာ ပြန်လည် တည်ငြိမ်သွား၏။

ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့မှာ အံ့သြသံများ ထွက်ပေါ်လာသည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ လက်နက်လဲ”

"ထိပ်တန်းအဆင့် လက်နက်တစ်ခု ဖြစ်နေတာတောင် မဟာတာအိုလက်နက်ကို ဒီလောက်အထိ အော်ဟစ်သွားအောင် လုပ်နိုင်တာလား"

ဖူကျူ အံ့သြတကြီး ပြောလိုက်သည်။

လောကကြီးက သူ့ကို အင်းကွက်သူတော်စင်ဟု သိထားကြသော်လည်း လက်နက်ဖန်တီးခြင်းတွင်လည်း အခြားသူများထက် သာလွန်ကြောင်း လူနည်းစုသာ သိကြသည်။ ထိုကြာစေ့ ၁၈ စေ့မှာ ထိပ်တန်းအဆင့် လက်နက်များသာ ဖြစ်ပြီး မဟာတာအိုလက်နက် အဆင့်သို့ မရောက်သေးကြောင်း သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

သို့သော် ကိုးဆင့်ယင်သူတော်စင်က တည်ငြိမ်စွာဖြင့် "လက်နက်က ဒုတိယပဲ… အဲဒီထဲမှာ ပါတဲ့ တာအိုတွေက နတ်ဆိုးဆိုးခေါင်းလောင်းကို ဖိနှိပ်ထားတာ… သေချာကြည့်လိုက်… အဲဒီကြာစေ့ ၁၈ စေ့မှာ အနည်းဆုံး တာအို သုံးခု ပါဝင်နေတယ်… ဟင်းလင်းပြင် တာအို၊ ခွန်အား တာအိုနဲ့ မီး တာအိုတွေပဲ… အဲဒီအပြင် ဟင်းလင်းပြင် တာအိုနဲ့ ခွန်အား တာအိုတွေက တကယ်ကို ထူးခြားတယ်"

ဖူကျူ သေချာကြည့်လိုက်သောအခါ ထိုအတိုင်းပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူ အံ့သြစွာဖြင့်

"အိုကြီးအိုမ မင်းရဲ့ မျက်လုံးကတော့ ငါ့ထက် သာပါသေးတယ်"

ကိုးဆင့်ယင်သူတော်စင်မှာ လှောင်ပြုံးပြုံးကာ

"ဒါပေါ့… မဟုတ်ရင် ငါက မင်းကို နှစ်ပေါင်း တစ်သိန်းကျော်လုံး ဘယ်လို လုပ် ဖိနှိပ်ထားနိုင်မှာလဲ"

ဖူကျူ နှာခေါင်းရှုံ့လိုက်ပြီး

"ငါက မင်းကို မျက်နှာသာပေးတဲ့ အနေနဲ့ အနိုင်ပေးထားတာပါ"

ကိုးဆင့်ယင်သူတော်စင်ကလည်း ထိုစကားကို အလေးအနက် မထားသည့်ပုံစံဖြင့် ထပ်မံ လှောင်ပြုံးပြုံးလိုက်၏။

"ဟိုမှာကြည့်… ဟိုသူတော်စင်အသစ် ပေါ်လာပြီ"

ဖူကျူ အဝေးက ဟင်းလင်းပြင်ကို ရုတ်တရက် ညွှန်ပြလိုက်သည်။ ကိုးဆင့်ယင်သူတော်စင် လှမ်းကြည့်လိုက်သောအခါ ကြာပန်းတစ်ခုပေါ်တွင် ရပ်လျက် လေထဲတွင် လျှောက်လှမ်းလာနေသော လူရိပ်တစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။

"ပေါင်းစည်းစေ”

ထိုသူ၏ ပြတ်သားသော အသံ ထွက်ပေါ်လာသည်။ အစိမ်းရောင် ကြာစေ့များ၊ အနက်ရောင် ကြာပန်းလက်နှင့် ကျောက်စိမ်းကြာပန်းတို့မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။

၎င်းမှာ မဟာတာအိုလက်နက်ဖြစ်သော လောကသန့်စင် အစိမ်းရောင်ကြာပန်းပင် ဖြစ်လေ၏။

Chapter 755 - လူငယ်… မင်းနာမည်က ဘယ်သူလဲ… ဘယ်ကလာတာလဲ… ပြီးတော့ ငါ့ရဲ့ တပည့်ဖြစ်ချင်လား

လောကသန့်စင် အစိမ်းရောင်ကြာပန်းမှာ ကြီးမားလှသော တောင်ကြီးတစ်လုံး ရှိချန်းလင်ပေါ်သို့ ဖိချလိုက်သကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ဆင်းသက်လာသည်။

ရှိချန်းလင်မှာ ထိတ်လန့်သွားပြီး နတ်ဆိုးဆိုးခေါင်းလောင်းကို အတင်းအကျပ် ပြန်လည် လှုပ်ရှားစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ဝါးဖြင့် ရိုက်လိုက်ရာ ခန္ဓာကိုယ်ထဲမှ ထိပ်တန်းအဆင့် လက်နက်အချို့ ထွက်ပေါ်လာသည်။ သူ့တွင် မဟာတာအိုလက်နက် တစ်ခုတည်းသာ ရှိသော်လည်း ထိပ်တန်းအဆင့် လက်နက်များစွာ ရှိသည်။ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူသည် အစွမ်းကုန် ကြိုးစားရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

ထိုအချိန်တွင် အဝေးရှိ နတ်ဆိုးသူတော်စင်များမှာ တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း သတိပြုမိသွားပြီး သတိပေးသံများ ထွက်ပေါ်လာသည်။ ဖျက်ဆီးခြင်း ဝဲဂယက်မှာ အလွန်ကျယ်ပြောလှသဖြင့် နတ်ဆိုးသူတော်စင်များမှာ နေရာခွဲပြီး စောင့်ကြပ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာတွင် ကြီးမားသော ဆူညံသံများ ထွက်ပေါ်မလာပါက သူတို့မှာ တစ်ခုခု ဖြစ်ပျက်နေကြောင်း သိရှိကြမည် မဟုတ်ပေ။ သို့သော် ထိုအချိန်တွင် လောကသန့်စင် အစိမ်းရောင်ကြာပန်းမှာ ကျရောက်လာခဲ့ပြီ ဖြစ်၏။

ပြင်းထန်သော အသက်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရှိချန်းလင်ကို လုံးဝ လွှမ်းခြုံသွားသည်။ ထိုအရာနှင့်အတူ ဟင်းလင်းပြင်မဟာတာအို၊ ခွန်အားမဟာတာအိုနှင့် မီးမဟာတာအိုတို့၏ အရှိန်အဝါများလည်း ပေါ်ထွက်လာသည်။ ထို့ပြင် ကိုးဘုံငရဲ ရေခဲမီးလျှံများလည်း ပြင်းထန်စွာ တောက်လောင်နေသည်။ ထိပ်တန်းအဆင့် လက်နက် သုံးခုမှာ ခဏအတွင်း ပျက်စီးသွားသည်။ မဟာတာအိုလက်နက်ဖြစ်သော နတ်ဆိုးဆိုးခေါင်းလောင်းမှာလည်း အကြာကြီး မခံနိုင်ဘဲ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ အလင်းရောင်များ မှိန်ဖျော့သွားကာ အဝေးသို့ လွင့်စင်သွားလေတော့သည်။

ရှိချန်းလင်၏ မျက်လုံးများ ပြူးကျယ်သွား၏။

သူ ဒေါသတကြီးနှင့် မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်လိုက်သည်။ သို့သော် သူ၏ အော်ဟစ်သံမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးသတ်သွားသည်။ ထိတ်လန့်ဖွယ်ကောင်းသော အသက်စွမ်းအားများက သူ့ကို လုံးဝ သန့်စင်ပစ်လိုက်ပြီ ဖြစ်သည်။

"ပြန်လာခဲ့"

ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။ လောကသန့်စင် အစိမ်းရောင်ကြာပန်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။

ထိုနေရာတွင် ဖြူလွလွ အမှုန့်အချို့သာ ကျန်ရှိတော့သည်။ ဤအရာမှာ ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်၏ နတ်ဆိုးအရှင် လေးပါးထဲမှ တစ်ဦးဖြစ်သော ရှိချန်းလင်၏ ကျန်ရှိသောအရာ ဖြစ်၏။ ရှန်မို အသာအယာ မှုတ်ထုတ်လိုက်ရာ ထိုအမှုန့်များမှာလည်း အဆုံးမရှိသော ဟင်းလင်းပြင် ဝဲဂယက်များအတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။

ဤကဲ့သို့ ပြတ်သားပြီး မြန်ဆန်သော နည်းလမ်းမှာ ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကိုပင် အံ့အားသင့်သွားစေသည်။

ဒီလောက် မြန်မြန် သတ်လိုက်နိုင်တာလား။

ဤလူမှာ ခီတီ စတုတ္ထအဆင့် အစွမ်းသာ ရှိပုံရသည်။

ဒါက မဟာတာအိုလက်နက်ရဲ့ စွမ်းအားကြောင့်လား။ သို့သော် သူတို့၏ သက်တမ်းတစ်လျှောက်တွင် ဤမဟာတာအိုလက်နက်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။ သူတို့ ရှန့်ရွှမ်း လောကမှာ မရှိခင်အတွင်း သူတော်စင်အသစ် တစ်ယောက်က ဖန်တီးခဲ့တာလား။

ဖူကျူ ရုတ်တရက် မေးလိုက်သည်။

"လူငယ်လေး… မင်းက ဒီမဟာတာအိုလက်နက်ကို အခြေခံပြီး သူတော်စင်အဆင့်ကို တက်လှမ်းခဲ့တာလား"

ရှန်မိုသည် ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြုံးပြလိုက်သည်။

"စီနီယာ ဖူကျူက နောက်နေတာပဲ… ကျွန်တော်က လောကသန့်စင် အစိမ်းရောင်ကြာပန်းကို ကျွန်တော့်ရဲ့ သူတော်စင်တာအို အမြစ်အဖြစ် အမှန်တကယ် အသုံးပြုခဲ့တာပါ"

ကိုးဆင့်ယင်သူတော်စင် လန့်သွားသည်။

"လောကသန့်စင် အစိမ်းရောင်ကြာပန်း ဟုတ်လား"

"မင်းက ဒီလို ကောင်းကင်နဲ့ မြေကြီးရဲ့ မြတ်လှတဲ့ ရတနာကို ရရှိခဲ့တာကိုး… ဒါကြောင့်လည်း ခီတီ စတုတ္ထအဆင့် အစွမ်းနဲ့ ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်ရဲ့ နတ်ဆိုးအရှင် တစ်ယောက်ကို သတ်နိုင်ခဲ့တာပေါ့”

ထိုနှစ်ဦးစလုံးမှာ ယခုမှပင် နားလည်သွားကြသည်။ လောကသန့်စင် အစိမ်းရောင်ကြာပန်းမှာ အနှိုင်းမဲ့သော ရတနာတစ်ခု ဖြစ်၏။ ကောင်းကင်ဘုံများစွာတွင် ၎င်းတို့ စတင်ဖြစ်တည်ချိန်မှ ပျက်သုဉ်းချိန်အထိ တစ်ခုပင် ပေါ်ပေါက်လာချင်မှ ပေါ်ပေါက်လာတတ်သည်။ ထို့ပြင် ဤရတနာမှာ နတ်ဆိုးများကို ဗီဇအရ နှိမ်နင်းနိုင်စွမ်း ရှိသည်။ ထို့ကြောင့် တစ်ခါပေါ်လာလျှင် နတ်ဆိုးများက ၎င်းကို ဖျက်ဆီးပစ်ရန် ပစ်မှတ်ထားလေ့ရှိကြ၏။ ၎င်းစတင် ပေါ်ပေါက်လာချိန်တွင် နတ်ဆိုးများ မရောက်ရှိမီ ပြင်ပလူတစ်ဦးက ရယူနိုင်ခဲ့မှသာ ဤကဲ့သို့ ဖြစ်လာနိုင်သည်။ သူတို့ကိုယ်တိုင်လည်း နတ်ဆိုးများကို တိုက်ခိုက်ရန်အတွက် ထိုကဲ့သို့သော ရတနာမျိုးကို ရှာဖွေခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ မမျှော်လင့်ဘဲ ဤရှားပါးလှသော ကံကောင်းမှုမှာ လူငယ်တစ်ဦးထံသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ဖူကျူသည် ရှန်မိုကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေသည်။

"လူငယ်လေး… မင်းနာမည်က ဘယ်သူလဲ… ဘယ်ကလာတာလဲ… ပြီးတော့ ငါ့ရဲ့ တပည့်ဖြစ်ချင်လား"

ထိုတတိယမြောက် မေးခွန်းကြောင့် ရှန်မိုမှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ဖူကျူသည် တပည့်လက်ခံခြင်းကို အလွန်ဝါသနာပါပြီး သူ၏ တပည့်ပေါင်းမှာ ထောင်ချီရှိနေကြောင်း သူ ကြားဖူးသည်။ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာတင် ဖူကျူမှ သူ့ကို တပည့်အဖြစ် လက်ခံချင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကိုးဆင့်ယင်သူတော်စင် နှာခေါင်းရှုံ့လိုက်သည်။

"ဒီလိုအချိန်မှာတောင် မင်းက တပည့်လက်ခံဖို့ စဉ်းစားနေတုန်းပဲလား… လူငယ်လေး… နောက်ထပ် နတ်ဆိုးသူတော်စင် နှစ်ပါး ချဉ်းကပ်လာနေပြီ… သတိထားဦး… မင်း ဖူထျန်းရတနာနယ်ပယ်ထဲကို အရင်ဝင်ခဲ့ပြီး ခဏနားလိုက်ပါ… ပြီးမှ နောက်ထပ် ဘာလုပ်မလဲဆိုတာ စဉ်းစားတာပေါ့… ပြီးတော့ ငါ့ရဲ့ တပည့်ဖြစ်ဖို့ ကိစ္စကိုလည်း တစ်ခါတည်း စဉ်းစားလိုက်ပေါ့"

ပထမတွင် ဖူကျူ ဘာမှမတုံ့ပြန်ခဲ့သော်လည်း ကိုးဆင့်ယင်သူတော်စင်၏ စကားကို ကြားပြီးနောက်တွင်မူ သူ ချက်ချင်းပင် မုတ်ဆိတ်မွေးများ ထောင်ထလာပြီး မျက်လုံးပြူးကာ ဒေါသထွက်သွားလေတော့သည်။

"အဘိုးကြီး ကိုးဆင့်ယင်… မင်းက တကယ့်ကို ကောက်ကျစ်တာပဲ"

"ခုနကတင် ငါ့ကို ဒီလိုအချိန်မှာ တပည့်လက်ခံဖို့ စဉ်းစားနေတယ်ဆိုပြီး ဆူပူနေပြီးတော့ အခုကျတော့ မင်းကိုယ်တိုင်က လက်ခံချင်နေတာလား… ရှက်ဖို့ကောင်းလိုက်တာ”

ဤသို့ အဆူခံရသော်လည်း ကိုးဆင့်ယင်သူတော်စင်၏ မျက်နှာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူ ရှန်မိုကို စိုက်ကြည့်ကာ အဖြေကို စောင့်နေသည်။ ရှန်မိုမှာမူ ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်သည်။ ဖူကျူရော ကိုးဆင့်ယင်သူတော်စင်ပါ နှစ်ပေါင်းများစွာ နာမည်ကျော်ခဲ့သော သူတော်စင်အဆင့်များ ဖြစ်ကြပြီး ထိပ်တန်း အင်အားစုများဖြစ်သည့် ထျန်းဖူ ဂိုဏ်း နှင့် ရွှမ်းရင် လိုဏ်ဂူ တို့ကို ဦးဆောင်နေသူများ ဖြစ်သည်။ မည်သူ့ကိုမှ သူ အပြစ်မလုပ်ရဲပေ။

တစ်ဖက်ဘက်သို့ ဝင်လိုက်ပါက အခြားတစ်ဖက်မှာ သေချာပေါက် စိတ်ဆိုးပေလိမ့်မည်။ ဤသည်မှာ သူ့ကို အမှန်တကယ်ပင် ခေါင်းကိုက်စေသည်။

ရှန်မို ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် ဒေါသတကြီး ဟောက်သံ နှစ်ခုမှ သူ့ကို ကယ်တင်လိုက်သည်။ "နတ်ဆိုးအရှင် လေးပါး ဘယ်မှာလဲ… မင်းက ဘယ်သူလဲ"

"လူသားကောင်… နတ်ဆိုးအရှင် လေးပါးရဲ့ တည်နေရာကို မြန်မြန်ပြောစမ်း… မဟုတ်ရင် မင်းရဲ့ အသက်ကို ချန်ထားမှာ မဟုတ်ဘူး”

ရှိဌာနမှ နတ်ဆိုးသူတော်စင် နှစ်ပါး ရောက်ရှိလာခြင်း ဖြစ်သည်။

ရှန်မို ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်၏။ အချိန်ကိုက်ပဲ။

"စီနီယာ နှစ်ဦးခင်ဗျာ… ဒီနတ်ဆိုးသူတော်စင် နှစ်ပါးကို ကျွန်တော် အရင် ရှင်းလိုက်ပါရစေ"

ဖူကျူ အလျင်အမြန် အော်ပြောလိုက်သည်။ "အဲဒီနှစ်ယောက်က မအားနည်းဘူးနော်… သတိထား” ကိုးဆင့်ယင်သူတော်စင်ကလည်း လေးနက်စွာ ထပ်ပြောသည်။

"သူတို့က ရှိရင် နဲ့ ရှိဖုန်းပဲ… ရှိချန်းလင်ရဲ့ ယုံကြည်ရတဲ့ လက်အောက်ခံတွေပဲ… မင်း တကယ် သတိထားရမယ်..."

သို့သော် သူတို့၏ စကားမဆုံးမီမှာပင် လောကသန့်စင် အစိမ်းရောင်ကြာပန်း၏ ပြင်းထန်လှသော အသက်စွမ်းအားများမှာ ကောင်းကင်မှ ကျလာသော လှိုင်းလုံးကြီးများအလား ဆင်းသက်လာသည်။ ထိုနတ်ဆိုးသူတော်စင် နှစ်ပါးမှာ ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့သည် ရှိချန်းလင်နှင့် တူညီသော ကံကြမ္မာကို ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။

"ဒီလောကသန့်စင် အစိမ်းရောင်ကြာပန်းက နတ်ဆိုးတွေရဲ့ သဘာဝ ရန်သူပဲ… ပြီးတော့ သူက ကိုးဘုံငရဲ ရေခဲမီးလျှံကိုပါ အထဲမှာ ပေါင်းစပ်ထားတာပဲ… အံ့သြစရာပဲ”

ဖူကျူမှ ချီးကျူးလိုက်သည်။ ကိုးဆင့်ယင်သူတော်စင်က လှောင်ပြုံးပြုံးကာ

"မင်းတုန်းက ကိုးဘုံငရဲ ရေခဲမီးလျှံကို ဖမ်းဖို့ ကြိုးစားခဲ့ဖူးတယ် မဟုတ်လား… အခုတော့ လူငယ်တစ်ယောက်က မင်းထက် သာသွားပြီ… မရှက်ဘူးလား"

ဖူကျူ အသာအယာ ပြုံးလိုက်ပြီး

"အနည်းငယ်တော့... ဖြစ်တာပေါ့"

"စီနီယာ နှစ်ဦးခင်ဗျာ… ခဏစောင့်ပါ… ကျွန်တော် စီနီယာ ရှန်ဟွမ်နဲ့ တခြားလူတွေကို အရင် သွားကယ်လိုက်ပါဦးမယ်"

ရှန်မိုသည် ဤစကားကို ချန်ထားခဲ့ပြီး အခြားအရပ်မျက်နှာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

ရှန်ဟွမ်၊ လုံကွေ့နှင့် ထျန်းဟူ တို့မှာလည်း ပိတ်မိနေကြဆဲ ဖြစ်သည်။

ဤသည်မှာ သူတို့ကို တစ်ပါတည်း ကယ်တင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

အခြားတစ်နေရာတွင်။

အကွာအဝေးကြောင့် ထိုနေရာရှိ သူတော်စင်များမှာ ဘာဖြစ်သွားသည်ကို မသိကြသေးပေ။ ရှိချန်းလင် စောင့်ကြပ်နေသော နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သော အရိပ်အယောင်များ ရှိနေသည်ကိုသာ သူတို့ သတိပြုမိကြသည်။ ထိုနေရာရှိ နတ်ဆိုးသူတော်စင် ငါးပါးမှာ အေးအေးလူလူ စကားပြောနေကြသည်။ "နတ်ဆိုးအရှင် လေးပါး ရှိတဲ့နေရာမှာ လှုပ်ရှားမှုတွေ ရှိနေတယ်… နောက်ထပ် သူတော်စင် တစ်ယောက် လာပြီး ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ လာပို့တာ ဖြစ်မှာပါ"

"ဟက်ဟက်… ရလဒ်ကတော့ ဟိုသားရဲသူတော်စင် သုံးကောင်လိုပဲ ဒီမှာ ပိတ်မိပြီး ဘယ်တော့မှ ထွက်မသွားနိုင်တော့မှာပဲ”

“ငါတို့ သွားကူသင့်လား"

"မလိုပါဘူး… နတ်ဆိုးအရှင် လေးပါးရဲ့ အစွမ်းအပြင် ရှိရင်နဲ့ ရှိဖုန်းတို့ပါ ရှိနေတာပဲ… သူတော်စင် ငါးပါးလောက် တစ်ပြိုင်နက် လာမှသာ သူတို့ကို ယှဉ်နိုင်မှာ"

တိတ်ဆိတ်နေသော နတ်ဆိုးသူတော်စင် တစ်ပါးက နောက်ဆုံးတွင် စကားပြောလာသည်။

"ဘာမှ ထပ်ပြောမနေနဲ့တော့… ငါတို့ ဒီမှာပဲ ဆက်စောင့်ကြမယ်… လူသားတွေက အရမ်း ကောက်ကျစ်ပြီး စဉ်းလဲကြတာ… ကျားကို တောင်ပေါ်ကနေ မျှားထုတ်တဲ့ ပရိယာယ်ကို မခံရစေနဲ့… သူတို့က ဖူကျူတို့ဆီကို သွားကယ်သလိုလိုနဲ့ တကယ်တော့ ဒီသားရဲသူတော်စင် သုံးကောင်ကို လာကယ်ချင်တာလည်း ဖြစ်နိုင်တယ်"

ကျန်ရှိသော နတ်ဆိုးသူတော်စင် လေးပါးစလုံးက ခေါင်းညိတ် ထောက်ခံကြသည်။

"ရှိဟွေ့… မင်းရဲ့ ဦးနှောက်က တကယ်ကို ထက်မြက်တာပဲ… မင်းကို ဉာဏ်ပညာလို့ နာမည်ပေးထားတာ မဆန်းပါဘူး"

"ဟုတ်တယ်… ဒါကြောင့်လည်း နတ်ဆိုးအရှင် လေးပါးက ငါတို့ကို မင်းရဲ့ အမိန့်ကို နာခံခိုင်းတာပေါ့" "ဒါဆို ငါတို့ ဘယ်မှမသွားဘဲ ဒီမှာပဲ စောင့်မယ်"

"ဟင်… ဟိုမှာကြည့်… တစ်ယောက်ယောက် ချဉ်းကပ်လာနေသလိုပဲ"

နတ်ဆိုး ငါးပါးစလုံး လှမ်းကြည့်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း ကြာပန်းစင်မြင့်တစ်ခုပေါ်တွင် ရပ်လျက် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

Chapter 756 - ဒါဆို မင်းက ငါ့ကို အရင်သတ်ဖို့ တကယ် စိတ်ကူးနေတာလား

နတ်ဆိုးသူတော်စင် ငါးပါးစလုံး သေချာ ကြည့်လိုက်သောအခါ ထိုသူမှာ သူတို့မသိသော သူတော်စင်အဆင့် တစ်ဦး ဖြစ်နေသည်။ သူသည် အလွန် ငယ်ရွယ်ပုံရပြီး မကြာသေးမီကမှ သူတော်စင်အဆင့်သို့ တက်လှမ်းခဲ့ပုံရ၏။ နတ်ဆိုးသူတော်စင် တစ်ပါးမှ သံသယဖြင့်

"ဘာတွေ ဖြစ်နေတာလဲ… နတ်ဆိုးအရှင် လေးပါးက ဒီလူကို ဘယ်လိုလုပ် လွှတ်ပေးလိုက်တာလဲ"

အခြားတစ်ပါးမှလည်း

"ငါလည်း မသိတော့ဘူး… တစ်ယောက်ယောက်က နတ်ဆိုးအရှင် လေးပါးကို တားထားလို့ ဒီလူက ခိုးဝင်လာတာ ဖြစ်မှာပါ"

ရှိဟွေ့ အနည်းငယ် ခေါင်းညိတ်လိုက်ကာ

"မဆိုးပါဘူး… ဖြစ်နိုင်ခြေ ရှိတယ်"

အခြား နတ်ဆိုးသူတော်စင် နှစ်ပါး ရယ်မောလျက်

"ဒါဆို ငါတို့ကလည်း ဒုတိယ ရှိဟွေ့တွေပေါ့"

ရှန်မိုမှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

ရှိဌာန နတ်ဆိုးမျိုးနွယ်စုများမှာ ဉာဏ်ကောင်းခြင်းကြောင့် မည်သည့်အခါမှ နာမည်မကြီးခဲ့ပေ။ အကယ်၍ နတ်ဆိုးများကို ဉာဏ်ရည်အလိုက် အဆင့်ခွဲမည်ဆိုပါက ခွမ်ဌာနမှာ နောက်ဆုံးက ဖြစ်မည်မှာ သေချာပြီး ရှိဌာနကမူ ၎င်း၏ အပေါ်တွင်သာ ရှိပေလိမ့်မည်။ နတ်ဆိုးမျိုးနွယ်များမှာ နတ်ဆိုးစွမ်းအင်ကို အခြေခံပြီး ကျင့်စဉ်အဆင့်ကို အလျင်အမြန် တက်လှမ်းနိုင်ခြင်းသာ မရှိပါက ဤကဲ့သို့သော ဉာဏ်ရည်မျိုးဖြင့် သူတော်စင်အဆင့်သို့ ဘယ်လိုမှ ရောက်နိုင်မည် မဟုတ်ပေ။ အမှန်တကယ်တွင်မူ နတ်ဆိုးဘိုးဘေးမြေမှာ အလွန်ကျယ်ပြောပြီး သူတို့၏ အရေအတွက်မှာလည်း အဆမတန် များပြားလွန်းသဖြင့် နတ်ဆိုးသူတော်စင်များမှာ အဆက်မပြတ် ထွက်ပေါ်နေခြင်းသာ ဖြစ်သည်။

လူသားမျိုးနွယ်၊ နဂါးမျိုးနွယ်၊ သားရဲမျိုးနွယ်နှင့် အခြားသော မျိုးနွယ်စုများမှာ သူတို့ကို အမီလိုက်ရန် မည်သို့မှ မမျှော်လင့်နိုင်ပေ။

ရှန်ဟွမ်၊ လုံကွေ့နှင့် ထျန်းဟူ တို့လည်း ရှန်မိုကို သေချာ မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ရှန်ဟွမ်ပင် ဖြစ်သည်။ သားရဲသူတော်စင် သုံးပါးထဲတွင် သူ ရှန်မိုနှင့် အများဆုံး ထိတွေ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဤနေရာတွင် ပြန်တွေ့ရသဖြင့် သူ ပို၍ အံ့အားသင့်နေခြင်း ဖြစ်သည်။

"ငါ မှတ်မိသလောက်ဆိုရင် မကြာသေးခင်ကမှ ဒီလူငယ်က အထွတ်အထိပ်အဆင့် မှာပဲ ရှိသေးတာ မဟုတ်လား"

ထျန်းဟူမှ အံ့သြစွာ မေးလိုက်သည်။

လုံကွေ့ ခေါင်းညိတ်ပြကာ

"ငါလည်း အဲဒီလိုပဲ မှတ်မိတယ်… ငါ့မှတ်ဉာဏ်တွေများ မှားနေတာလား"

ရှန်ဟွမ်မှ အတည်ပြုလိုက်၏။

"မမှားဘူး… ငါတို့ ရှန့်ရွှမ်း လောကကနေ ထွက်လာတုန်းက သူက အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတာ… အခု အချိန်သိပ်မကြာသေးဘဲနဲ့ သူက သူတော်စင်အဆင့်ကို ဘယ်လိုလုပ် ရောက်သွားတာလဲ… ပြီးတော့ သူ့အစွမ်းက တကယ့်ကို အံ့မခန်းပဲ… နတ်ဆိုးအရှင် လေးပါးတို့ရဲ့ ပိတ်ဆို့မှုကို ဖြတ်ကျော်ပြီး ဒီအထိ ရောက်လာနိုင်တာပဲ”

ထျန်းဟူ ခဏမျှ တွေးတောပြီးနောက် လေးနက်သော အသံဖြင့်

"တခြား သူတော်စင် တစ်ယောက်ယောက်က နတ်ဆိုးအရှင် လေးပါးတို့ကို တားထားပေးလို့ သူ ဒီအထိ ရောက်လာနိုင်တာ ဖြစ်မှာပါ"

ရှန်ဟွမ်နှင့် လုံကွေ့တို့လည်း ထိုစကားကို သဘောတူကြသည်။ ထိုသို့ဆိုလျှင်မှသာ သူတော်စင်အဆင့်သို့ အသစ်စက်စက် ရောက်ရှိလာသူ တစ်ဦးက သူတို့ဆီသို့ ရောက်ရှိလာနိုင်ခြင်းကို ရှင်းပြနိုင်ပေလိမ့်မည်။ သို့သော်လည်း နတ်ဆိုးသူတော်စင် ငါးပါးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

ရှန်ဟွမ်က ချက်ချင်းပင် အော်ပြောလိုက်သည်။

"လူငယ်လေး ရှန်မို… သူတို့ကို ထိပ်တိုက် မတိုက်နဲ့!" "ရှိဟွေ့ကိုပဲ တိုက်ခိုက်… သူ့ဆီမှာ အစီအရင်ရဲ့ သော့ ရှိတယ်"

"အစီအရင် ပျက်စီးသွားတာနဲ့ ငါတို့ အပြင်ထွက်ပြီး မင်းကို ကူညီနိုင်လိမ့်မယ်"

ရှန်မို ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဒီလိုကိုး… ကျေးဇူးတင်ပါတယ် စီနီယာ ရှန်ဟွမ်"

သူသည် ငါးပါးထဲတွင် ခေါင်းအကြီးဆုံးဖြစ်သော နတ်ဆိုးသူတော်စင်ကို ကြည့်လိုက်သည်။

"မင်းက ရှိဟွေ့ မဟုတ်လား"

သူ ပြုံးလျက် မေးလိုက်သည်။

ရှိဟွေ့ ထူးဆန်းစွာ ရယ်မောလိုက်ပြီး

"ဒါဆို မင်းက ငါ့ကို အရင်သတ်ဖို့ တကယ် စိတ်ကူးနေတာလား"

"မင်းမှာ အဲဒီလို အစွမ်းရှိလို့လား"

ရှန်မို သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ကိုးဘုံငရဲ ရေခဲမီးလျှံများ ဝန်းရံနေသော အစိမ်းရောင် ကြာစေ့ ၁၈ စေ့မှာ လျှပ်စီးကဲ့သို့ ပစ်ထွက်သွားသည်။ ရှိဟွေ့မှာ ဘာမှ မတုံ့ပြန်နိုင်မီမှာပင် ၁၈ စေ့စလုံး၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ ပြင်းထန်သော ကိုးဘုံငရဲ ရေခဲမီးလျှံများမှာ သူ၏ ခန္ဓာကိုယ်အတွင်း၌ ချက်ချင်း တောက်လောင်လာပြီး သူ၏ နတ်ဆိုးစွမ်းအင်နှင့် နတ်ဆိုးသွေးများမှာ ထိုမီးအတွက် လောင်စာများ ဖြစ်သွားကြသည်။ ခဏအတွင်းမှာပင် ရှိဟွေ့၏ ခန္ဓာကိုယ်မှ တောက်ပသော အဖြူရောင် မီးလျှံများ ထွက်ပေါ်လာသည်။ ဘေးနားရှိ နတ်ဆိုးသူတော်စင် လေးပါးမှာ ထိတ်လန့်သွားပြီး အမြန် နောက်ဆုတ်လိုက်ကြသည်။

"ကိုး... ကိုးဘုံငရဲ ရေခဲမီးလျှံ”

သူတို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။ "ကယ်ကြပါဦး..."

ရှိဟွေ့သည် လူးလိမ့်အော်ဟစ်နေသော်လည်း ကိုးဘုံငရဲ ရေခဲမီးလျှံမှာ ပိုမို ပြင်းထန်လာပြီး ခဏအတွင်းမှာပင် သူ့ကို လုံးဝ ဝါးမြိုပစ်လိုက်သည်။

ကျန်ရှိသော နတ်ဆိုးသူတော်စင် လေးပါး တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ရှန်မို သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ကြာစေ့ ၁၈ စေ့မှာ ထိုလေးဦးနောက်သို့ လိုက်ပါသွားပြီး ရှန်မိုကမူ သူ၏ လက်သီးကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ပလက်တီနမ် နဂါးလက်သီး သူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ထိပ်တန်းနည်းစနစ်မှာ သူတော်စင်နည်းစနစ်အဖြစ်သို့ တက်လှမ်းသွားခဲ့ပြီး ၎င်း၏ စွမ်းအားမှာ အဆပေါင်း ရာနှင့်ချီ၍ ပိုမို အစွမ်းထက်လာသည်။ ဤလက်သီးချက်တွင် ဟင်းလင်းပြင်မဟာတာအို၊ ခွန်အားမဟာတာအိုနှင့် မီးမဟာတာအိုတို့အပေါ် သူ၏ နားလည်မှု အပြည့်အဝ ပါဝင်နေသည်။

ကြီးမားလှသော လက်သီးကြီး ကျရောက်လာ၏။ ပြင်းထန်သော မဟာတာအို အရှိန်အဝါများက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ စွမ်းအားများ ငြိမ်သက်သွားချိန်တွင် နတ်ဆိုးသူတော်စင် လေးပါးစလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ကိုးဘုံငရဲ ရေခဲမီးလျှံ၏ ဝါးမြိုခြင်းကို ခံခဲ့ရသော ရှိဟွေ့မှာလည်း ဘာမှ မကျန်တော့ပေ။ နတ်ဆိုးသူတော်စင် ငါးပါးစလုံးမှာ အစအနပင် မကျန်အောင် ပျက်စီးသွားကြသည်။ ဤကဲ့သို့ မြန်ဆန်လှသော သတ်ဖြတ်နိုင်စွမ်းမှာ ရှန်ဟွမ်၊ လုံကွေ့နှင့် ထျန်းဟူ တို့ကိုပင် မှင်တက်သွားစေသည်။ သူတို့ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော အစွမ်းမျိုး မရှိခဲ့ဖူးပေ။

ဒါဆိုလျှင် ရှန်မို၏ အစွမ်းမှာ သူတို့နှင့် တန်းတူ ဖြစ်နေပြီလား။

သို့သော် သူ သူတော်စင်အဆင့်သို့ ရောက်သည်မှာ သိပ်မကြာသေးသည် မဟုတ်လား။

သူက ဘယ်လိုလုပ်ပြီး ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားရသနည်း။

သားရဲ သုံးကောင်မှာ အချိန်အတော်ကြာ တွေးတောပြီးနောက် နောက်ဆုံးတွင် ဤသည်မှာ ကိုးဘုံငရဲ ရေခဲမီးလျှံနှင့် တစ်ခါမှ မမြင်ဖူးသော မဟာတာအိုလက်နက်ကြောင့် ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်ကြသည်။

"ဒီအစီအရင်ကို ဘယ်လို ဖျက်ရမလဲ"

ရှန်မိုသည် ရှေးကျပြီး နက်ရှိုင်းသော အစီအရင် ပုံစံများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့တွင် အစီအရင် အသိပညာအချို့ ရှိသော်လည်း ဤအရာမှာ သူ နားလည်နိုင်သော အဆင့်ထက် များစွာ ကျော်လွန်နေသည်။ ၎င်းမှာ ထျန်းဟီ သူတော်စင်အဆင့် ပညာရှင်တစ်ဦးက ပြုလုပ်ထားခြင်း ဖြစ်ရမည်။

"ကိုးဆင့်ယင်သူတော်စင်က အစီအရင်တွေမှာ အလွန် ကျွမ်းကျင်တယ်… အကယ်၍ သူသာ ဒီမှာ ရှိနေရင် ဒါကို ဖျက်နိုင်လိမ့်မယ်"

ရှန်ဟွမ်မှ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ကိုးဆင့်ယင်သူတော်စင်နဲ့ ဖူကျူတို့က ရုပ်အလောင်း-သားရဲ နတ်ဆိုးနိုင်ငံတော်ရဲ့ နတ်ဆိုးအရှင်တွေဆီမှာ ပိတ်မိနေတုန်းပဲလေ… သူတို့ အပြင်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

လုံကွေ့ သက်ပြင်းချလိုက်သည်။

ရှန်မို၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

"ကျွန်တော် ဖူကျူနဲ့ ကိုးဆင့်ယင်သူတော်စင်တို့ကို ဒီကို ခေါ်လာခဲ့ပါ့မယ်"

မကြာမီမှာပင်။

နတ်ဆိုးသူတော်စင်အားလုံး ရှန်မို၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း သိလိုက်ရသောအခါ ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့သည် ဖူထျန်းရတနာနယ်ပယ်အပြင်သို့ ချက်ချင်း ထွက်လာကြသည်။ သူတို့၏ သူတော်စင်စွမ်းအားများမှာ နှစ်ပေါင်း ရာချီကြာ အသုံးပြုခဲ့ရသဖြင့် အလွန်အမင်း ကုန်ဆုံးနေပြီ ဖြစ်သည်။ သူတို့သည် ခီတီသူတော်စင် ပထမအဆင့်မှာပင် ရှိနေရန် ခဲယဉ်းနေကြသည်။ သို့သော် ဖူထျန်းရတနာနယ်ပယ်ကို ဆက်လက် ထိန်းသိမ်းထားရန်အတွက် သူတော်စင်စွမ်းအား လိုအပ်သည်။ ဘေးပတ်ဝန်းကျင်တွင် အန္တရာယ်မရှိတော့ကြောင်း အတည်ပြုနိုင်မှသာ ၎င်းကို ပြန်လည် ရုပ်သိမ်းရဲကြသည်။ ဖူကျူသည် အန္တရာယ်ရှိနေသေးကြောင်း အမြဲတမ်း ခံစားနေရသဖြင့် ကိုးဆင့်ယင်သူတော်စင်နှင့် သူသည် နယ်ပယ်ကို မရုပ်သိမ်းဘဲ အပြင်သို့သာ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။

ဖူကျူနှင့် ကိုးဆင့်ယင်သူတော်စင်တို့ကို ကိုယ်တိုင် မြင်လိုက်ရသောအခါ သားရဲသူတော်စင် သုံးပါးစလုံး တုန်လှုပ်သွားကြသည်။

နတ်ဆိုးအရှင် လေးပါးစလုံး သေဆုံးသွားပြီလား။

ဖူကျူ အားရပါးရ ရယ်မောလိုက်သည်။

"မင်းတို့ အံ့သြနေတာကို ဘာမှ မပြောနဲ့တော့… ငါကိုယ်တိုင်လည်း အံ့သြနေတာ… ငါတို့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တဲ့ ရန်သူတွေကို လူငယ်တစ်ယောက်က ရှင်းပစ်လိုက်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"

ကိုးဆင့်ယင်သူတော်စင်မှာ အစီအရင်ပုံစံများကို သေချာ လေ့လာပြီးနောက် တိုးညှင်းသော အသံဖြင့်

"ဒီအစီအရင်က မခက်ပါဘူး… ငါ့ကို အချိန်အနည်းငယ်ပေးပါ… ငါ ဖျက်နိုင်ပါတယ်"

ထို့နောက် သူသည် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူ၏ လက်ကို စုတ်တံအဖြစ် အသုံးပြုကာ အစီအရင် မျဉ်းကြောင်းများကို လျင်မြန်စွာ ပြင်ဆင်လိုက်သည်။

ရှန်မိုသည် ဖူကျူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ ဖူကျူသည် ရှန်မိုကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေပြီး မိမိ၏ အချစ်တော် တပည့်တစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

"ရှန်မို… မင်း ငါ့ရဲ့ တပည့် ဖြစ်ချင်..."

သူ စကားမဆုံးမီမှာပင် ကိုးဆင့်ယင်သူတော်စင်မှ ဖြတ်ပြောလိုက်သည်။

"တိတ်တိတ်နေစမ်းပါ"

ဖူကျူ ရယ်မောလိုက်ပြီး စိတ်မဆိုးဘဲ ရှန်မိုနှင့် တိုက်ပွဲအကြောင်း ဆက်လက် ဆွေးနွေးနေသည်။ ရှန်မိုသည် မဟာတာအို သုံးခုကို နားလည်ထားကြောင်း သိရသောအခါ သူ ပို၍ပင် အံ့အားသင့်သွားသည်။ သူ ရှန်မို၏ အဆင့်မှာ ရှိစဉ်တုန်းက တာအိုတစ်ခုတည်းကိုသာ သနားစဖွယ် ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

"ပြီးပြီ"

ကိုးဆင့်ယင်သူတော်စင်၏ စကားအဆုံးတွင် ရှန်ဟွမ်၊ လုံကွေ့နှင့် ထျန်းဟူ တို့ကို ပိတ်လှောင်ထားသော အစီအရင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

"ငါတို့ ချက်ချင်း ထွက်သွားရမယ်"

ရှန်မို တောင်ဘက်သို့ ညွှန်ပြလိုက်သည်။

ရှန်ဟွမ်လည်း ဇဝေဇဝါ ဖြစ်သွား၏။

"ဘာလို့ ဟိုဘက်ကို မသွားတာလဲ… အဲဒီမှာ ငါတို့ နားလို့ရမယ့် ကမ္ဘာငယ်လေး တစ်ခု ရှိတယ်လေ… ပြီးတော့ အဲဒါက ရှန့်ရွှမ်း လောကကို ပြန်ဖို့ အနီးဆုံးလမ်းပဲ"

ရှန်မိုသည် သူ၏ ကံကြမ္မာစနစ်မှတစ်ဆင့် သိထားသော အမှန်တရားကို ထုတ်မပြောနိုင်ပေ။ သူတော်စင် နတ်ဆိုးနိုင်ငံတော် ငါးခုမှ နတ်ဆိုးသူတော်စင်များမှာ ဤနေရာသို့ အရှိန်အဟုန်ဖြင့် လာနေကြပြီ ဖြစ်၏။ အကယ်၍ သူတို့ မြောက်ဘက်သို့ သွားမည်ဆိုပါက ထိပ်တိုက် တိုးပေလိမ့်မည်။

အသက်ရှင်လျက် လွတ်မြောက်နိုင်ရန်အတွက် သူတို့၏ အရှိန်အဟုန်ကို ရှောင်ရှားရမည် ဖြစ်သည်။ ထို့ပြင် ရှန်မိုသည် ရှန့်ရွှမ်း လောကသို့ ပြန်ရန် အစီအစဉ် မရှိပေ။

သူ နတ်ဆိုးဘိုးဘေးမြေသို့ သွားမည် ဖြစ်သည်။

All Chapters