← Chapters

ဝေထျန်းရှုံး ခေါင်းငုံ့ခြင်း

Vol. 28 Ch. 280

ဝေထျန်းရှုံး ခေါင်းငုံ့ခြင်း

Vol. 28 Ch. 280

​ကောင်းကင်နှင့် မြေကြီးကြားတွင် စူးရှတောက်ပသော အလင်းရောင် တစ်ခု ထွက်ပေါ်လာရာ ရှန်ယွဲ့နှင့် ပိုင်နင်းအာတို့ အလိုအလျောက် မျက်လုံးများကို မှိတ်လိုက်ရ၏။ ဤသည်က ချန်းကျိုး စီရင်စုအစိုးရရုံးတွင် မကောင်းဆိုးဝါး တစ္ဆေများနှင့် တိုက်ခိုက်ခဲ့သည့် ညကို သူတို့ကို သတိရသွားစေသည်။ ထိုညကလည်း နေ့ကောင်းကင်လို လင်းထိန်သွားစေသည့် ဤကဲ့သို့သော စူးရှတောက်ပသည့် အလင်းရောင်မျိုး ရှိခဲ့ဖူးသည်။

​လီချင်းချိုးနှင့် ဝေထျန်းရှုံးတို့၏ တိုက်ပွဲကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း လီချင်းချိုး၏ ဓားဆန္ဒကိုမူ သူတို့ ခံစားနိုင်ကြသည်။

​၎င်းမှာ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လှ၏။

​ဤသို့သော ဓားပညာမျိုးကို သုံးနိုင်ရန် မည်မျှအထိ ကျင့်ကြံရမည်နည်း။

​စူးရှတောက်ပသော အလင်းရောင်များ နောက်ဆုံးတွင် ပျောက်ကွယ်သွားသောအခါ ရှန်ယွဲ့နှင့် အခြား တစ်ယောက်တို့ အမြင်အာရုံများ ပြန်လည် ရရှိလာကြ၏။ အသေအချာ ကြည့်လိုက်ရာ ကောင်းကင်ယံတွင် လီချင်းချိုး၏ ပုံရိပ်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။

​အဆုံးမဲ့ မိုးကြိုးတိမ်တိုက်များထဲတွင် ဧရာမ အပေါက်ကြီးတစ်ခု ဖောက်ထွင်းခံလိုက်ရပြီး ထိုအပေါက်မှတစ်ဆင့် နေရောင်ခြည်များ ဖြာကျလာကာ လီချင်းချိုးအပေါ်သို့ ကျရောက်နေသည်။

​လီချင်းချိုးမှာ နှင်းဆီရောင် တိမ်တိုက် ဝတ်ရုံကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေပြီး သူ့ကို စူးရှတောက်ပကာ ခမ်းနားထည်ဝါနေစေသည်။

​လီချင်းချိုး၏ ကျောပြင်ကို ကြည့်ရင်း ရှန်ယွဲ့မှာ မိမိကိုယ်ကို နှိမ့်ချမိလို ရှက်ရွံ့သွားခဲ့သည်။

​ဤဘဝတွင် လီချင်းချိုးကို ဘယ်တော့မှ ကျော်လွန်နိုင်မည် မဟုတ်ချေ။

​သို့သော်လည်း သူ စိတ်ဓာတ်မကျခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အနည်းငယ် ကံကောင်းသည်ဟုပင် ခံစားလိုက်ရသည်။

​လီချင်းချိုးနှင့် မတွေ့ဆုံမီက မည်သူ့ကိုမျှ အားမကိုးခဲ့ဖူးချေ။

​အကယ်၍ အတိတ်တုန်းကသာဆိုလျှင် ယခုလိုအဖြစ်မျိုးကို အရှက်ရစရာ တစ်ခုဟု သေချာပေါက် ခံစားရမည် ဖြစ်သော်လည်း၊ ယခုအခ အတော်လေး သက်တောင့်သက်သာ ရှိနေပြီ ဖြစ်သည်။ အားကိုးစရာ တစ်ယောက်ယောက် ရှိနေခြင်းက ကောင်းမွန်ပါသည်။ အနည်းဆုံးတော့ ဖိအားတွေ အဲဒီလောက် မကြီးမားတော့ပေ။

​လီချင်းချိုးက ကောင်းကင်ယံမှ ပျောက်ကွယ်သွားပြီး ရှုပ်ပွနေသော သစ်တောတစ်ခုထဲတွင် ပြန်လည် ပေါ်လာခဲ့၏။

​ဝေထျန်းရှုံးမှာ ဖုန်တွင်း တစ်ခုထဲတွင် လဲလျောင်းနေပြီး သွေးများရွဲစိုနေကာ အနက်ရောင် အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေပြီး သေလုမြောပါး ဖြစ်နေပုံရသည်။

​လီချင်းချိုးက လက်ကို မြှောက်ကာ အပ်သုံးချောင်းကို ပစ်ပေါက်လိုက်သည်။ ဤအပ်သုံးချောင်းမှာ ဝေထျန်းရှုံးထံသို့ ချိန်ရွယ်ထားခြင်း မဟုတ်ဘဲ အဝေးတွင် သတိလစ်နေသော ယန်တောက်ကျုံးထံသို့ ဖြစ်သည်။

​ဝေထျန်းရှုံးက မျက်လုံးများကို အားယူ၍ ဖွင့်လိုက်ပြီး လီချင်းချိုးကို ခါးသီးသော အမူအရာဖြင့် ကြည့်လိုက်သည်။

​ဂုဏ်သိက္ခာရှိသော ရှင်ယွမ်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သည့် သူသည် အမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့သည်... ထို့ပြင် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ တစ်ဦးကို ရှုံးနိမ့်သွားခဲ့ခြင်းပင်။

​လီချင်းချိုးက အကြံအစည်များနှင့် လှည့်ကွက်များကို အသုံးပြုခဲ့မည် ဆိုလျှင်တော့ တစ်မျိုးပေါ့။ သို့သော်လည်း လီချင်းချိုးက သူ့ကို တရားမျှတစွာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

​"နှစ်ပေါင်း ရာနဲ့ချီ ကြာပြီးမှ... ငါက ဒီလို အခြေအနေမျိုး ရောက်သွားရတယ်ပေါ့..."

ဝေထျန်းရှုံးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ ဤရယ်မောမှုက သူ၏ ဒဏ်ရာများကို ပိုဆိုးသွားစေပြီး အပြင်းအထန် ချောင်းဆိုးလာကာ ပါးစပ်မှ သွေးများ ထွက်ကျလာတော့သည်။

​လီချင်းချိုးက ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ဝေထျန်းရှုံးကို သတ်ရန် သူ ရည်ရွယ်မထားချေ။

​ဝေထျန်းရှုံး၏ စွမ်းရည်များဖြင့် ရှန်ယွဲ့တို့ အဖွဲ့ကို သတ်ရန်မှာ လက်တစ်ဖက်ကို လှန်လိုက်သလို လွယ်ကူလိမ့်မည် ဖြစ်ပြီး၊ ဤမျှ အချိန်ကြာအောင် သူ နှောင့်နှေးနေမည် မဟုတ်ပေ။

​လီချင်းချိုး ရှန်ယွဲ့အနောက်တွင် ပေါ်လာချိန်၌ ဝေထျန်းရှုံးက ရှန်ယွဲ့ကို ကယ်တင်ရန် အခွင့်အရေး ပေးသလို တမင်တကာ အချိန်ဆွဲနေခဲ့ခြင်း ဖြစ်၏။

​လီချင်းချိုးက သူ့ကို ငုံ့ကြည့်ပြီး…

"မင်း ငါ့လူတွေကို တိုက်ခိုက်ခဲ့တယ်... ပြောစမ်း... မင်းကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ..."

​ဝေထျန်းရှုံးက လီချင်းချိုးကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်။

​သူသည် နှစ်ပေါင်း ရာနှင့်ချီ၍ သည်းခံခဲ့ရသည်။ယခုလိုတော့ သူ မသေချင်ပေ။

​သို့သော်လည်း ဝိညာဉ်အသိအာရုံအဆင့် ရှိ ဂျူနီယာ တစ်ယောက်ကို ခေါင်းငုံ့ရခြင်းမှာ သူ့ကို သေရသည်ထက်ပင် ပို၍ နာကျင်စေသည်။

​သူ့အကြည့်ကို မြင်သောအခါ လီချင်းချိုးက ဝိညာဉ်သန့်စင်အလံကို ချက်ချင်း ထုတ်ယူကာ သူ့ကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။

​ဝိညာဉ်သန့်စင်အလံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူထပ်သော တစ္ဆေချီများ ပေါက်ကွဲထွက်လာရာ ဝေထျန်းရှုံး၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

​"ဝိညာဉ်သန့်စင်အလံ... အဲဒါက မင်းလက်ထဲကို ဘယ်လို ရောက်နေတာလဲ..." ဟု ဝေထျန်းရှုံးက မျက်လုံးများ ပြူးကျယ်ကာ မေးလိုက်သည်။

​"မင်း အဲဒါကို သိတယ်ပေါ့..."

​"ဒါက ငါတို့ ရှင်ယွမ်ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ အလံ သုံးခုထဲက တစ်ခုပဲ... ဒါက ငါ့စီနီယာအစ်ကိုရဲ့ မှော်ပစ္စည်းလေ..."

"ဒါကို ရန်သူတစ်ယောက်ဆီကနေ ငါ ရခဲ့တာ... ဝိညာဉ်ရှာဖွေခြင်းကနေတစ်ဆင့် သူကလည်း ဒါကို အမှတ်မထင် ရခဲ့တာလို့ ငါ သိလိုက်ရတယ်... သူက မင်းရဲ့ စီနီယာအစ်ကို ချန်ထားရစ်ခဲ့တဲ့ မသေမျိုးဂူကို သွားခဲ့တာ ဖြစ်နိုင်တယ်... မင်းရဲ့ စီနီယာအစ်ကိုကိုတော့ သူ တစ်ခါမှ မတွေ့ဖူးဘူး..."

​ "ငါ့ရဲ့ စီနီယာအစ်ကိုက သေသွားတာ ကြာပါပြီ... မသေခင်မှာ သူ့ရဲ့ အမွေအနှစ်ကို တခြား တစ်နေရာမှာ ထားရစ်ခဲ့တာ ငါ မသိခဲ့ဘူး... ဒါဆိုရင် မင်းကို ငါ့ရဲ့ ရှင်ယွမ်ဂိုဏ်းရဲ့ ဆက်ခံသူ တစ်ယောက်လို့ သတ်မှတ်လို့ ရတာပေါ့..."

​"မင်းက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ..."

​ဤလူ ဤမျှ မျက်နှာပြောင်တိုက်ပြီး သူ့ကိုယ်သူ သူတို့ထဲမှ တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ကာ ဂျူနီယာ တစ်ယောက် ဖြစ်လာမည်ဟု လီချင်းချိုး မမျှော်လင့်ထားခဲ့ပေ။

"ငါ မင်းကို တစ်ခုလောက်ပဲ မေးမယ်... မင်းက ကိုးပြည်ထောင်နယ်မြေ က ကျင့်ကြံသူ တစ်ယောက်လား၊ ဒါမှမဟုတ် ကောင်းကင်ငရဲပင်လယ် က လာတာလား..."

​"ငါက ကိုးပြည်ထောင်နယ်မြေကပါ... ပင်လယ်ပြင်ကို ဘယ်တော့မှ မထွက်ဖူးဘူး..."

​ဝေထျန်းရှုံး သူ့ကို အကွက်ဆင်မည်ကို သူ မကြောက်ပေ။ သူ့တွင် ကိုယ်ပိုင် အစီအစဉ်များ ရှိသဖြင့် ဝေထျန်းရှုံး ပေးသော လမ်းစဉ်အတိုင်း လိုက်ခဲ့ခြင်းပင်။

​ထိုစကားကို ကြားသောအခါ ဝေထျန်းရှုံးက လီချင်းချိုးကို ထွက်သက်ဝင်သက် အကြိမ်အနည်းငယ် ကြာအောင် စိုက်ကြည့်နေပြီးနောက် ….

"ငါ မင်းကို ယုံတယ်... အကယ်၍ မင်းသာ ကောင်းကင်ငရဲပင်လယ် ကဆိုရင် ဝိညာဉ်သန့်စင်အလံကို အခုလို ပေါ့ပေါ့ဆဆ ထုတ်ပြရဲမှာ မဟုတ်ဘူး..."

​အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား…

​လီချင်းချိုး တိတ်တဆိတ် အံ့အားသင့်သွားသည်။နောင်တွင် ဝိညာဉ်သန့်စင်အလံကို သူ ပေါ့ပေါ့ဆဆ အသုံးပြု၍ မရနိုင်တော့ကြောင်း သို့မဟုတ် အနည်းဆုံးတော့ လူအများရှေ့တွင် အသုံးမပြုသင့်ကြောင်း သူ သိလိုက်သည်။

​"အမှန်အတိုင်း ပြောရရင် ငါက ရှင်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲ ဝေထျန်းရှုံးပဲ... ငါတို့ရဲ့ ရှင်ယွမ်ဂိုဏ်းက ကောင်းကင်ငရဲပင်လယ် ရဲ့ ကြီးစိုးသူကို ပြစ်မှားမိလို့ ဖျက်ဆီးခံခဲ့ရတယ်... ငါနဲ့ ငါ့ရဲ့ စီနီယာအစ်ကိုက ကိုးပြည်ထောင်နယ်မြေကို ထွက်ပြေးလာခဲ့ပြီး အစက ထိုက်ကျွယ်ဂိုဏ်းရဲ့ အဓိက မှော်ရတနာ ကို ရှာဖွေဖို့ ရည်ရွယ်ထားတာပါ... အဲဒီအစား ငါတို့က ဇီယန်ကျွန်းက ကျင့်ကြံသူတွေရဲ့ လိုက်လံ ဖမ်းဆီးမှုကို ခံခဲ့ရတယ်... ငါ့ရဲ့ စီနီယာအစ်ကိုက ငါ့ရှေ့မှာတင် သေဆုံးသွားခဲ့ပြီး မသေခင်မှာ ငါက ထိုက်ကျွယ်ဂိုဏ်း ရဲ့ အတားအဆီး နယ်မြေထဲမှာ ပုန်းအောင်းပြီး လွတ်မြောက်ဖို့ သေချင်ယောင်ဆောင်ခဲ့တယ်... မင်းလူတွေက ယန္တရားကို အသက်ဝင်စေပြီး ငါ နောက်ဆုံးတော့ ပြန်ရှင်သန်လာတဲ့ ဒီနေ့အထိ ငါ အဲဒီမှာ ရှိနေခဲ့တာပါ..."

​ သူက ရိုးရှင်းစွာ ပြောသော်လည်း သူ့ရဲ့ အတိတ်ကို လီချင်းချိုး ချက်ချင်း နားလည်သွားစေရန် ပြုလုပ်ပေးနိုင်ခဲ့သည်။

​တစ်ပြိုင်နက်တည်းမှာပင် လီချင်းချိုးက ဤလူက သေချင်နေခြင်း မဟုတ်ကြောင်းကိုလည်း သဘောပေါက်သွားသည်။

​ဒါလည်း တမျိုး ကောင်းသားပဲ….

​လီချင်းချိုးနှင့် ဝေထျန်းရှုံးတို့ကြားတွင် ကိုယ်ရေးကိုယ်တာ ရန်ငြိုး မရှိသဖြင့် အလဟဿ သတ်ဖြတ်ရန် မလိုအပ်ချေ။

​သေချာသည်မှာ ဤအရာအားလုံးမှာ ဝေထျန်းရှုံးက ရှန်ယွဲ့တို့ အဖွဲ့ကို မသတ်ဖြတ်ခဲ့ခြင်းအပေါ်တွင် အခြေခံထားခြင်း ဖြစ်ပြီး၊ သို့မဟုတ်ပါက လီချင်းချိုးက သူ့ကို စကားပြောနေမည် မဟုတ်ပေ။

​လီချင်းချိုးက ဝေထျန်းရှုံးကို ကြည့်၍….

"ဒါဆိုရင် မင်း သွားစရာ နေရာ ရှိသေးလား..."

​ထိုစကားကို ကြားသောအခါ ဝေထျန်းရှုံး ဝမ်းသာသွားသည်။ လီချင်းချိုးက ကိုးပြည်ထောင်နယ်မြေ၏ ဒေသခံ ကျင့်ကြံသူ တစ်ဦး ဖြစ်သည်ဟု သူ အမှန်တကယ် လောင်းကြေးထပ်နေခြင်းပင်။

​အကယ်၍ လီချင်းချိုးက ကိုးပြည်ထောင်နယ်မြေတွင် ကျင့်ကြံရေး ဂိုဏ်းတစ်ခု တည်ထောင်မည်ဆိုပါက တိုင်းတပါးမှ ဂိုဏ်းများကို သေချာပေါက် သတိထားနေမည် ဖြစ်သည်။

​လူသူကင်းမဲ့သော နယ်မြေတစ်ခုတွင် ဂိုဏ်းတစ်ခု တည်ထောင်နိုင်သူသည် သာမန်လူ တစ်ယောက် သေချာပေါက် မဟုတ်ပေ။ ထို့အပြင် လီချင်းချိုးက နတ်ဘုရားစွမ်းရည် တစ်ခုကို တတ်မြောက်ထားပြီး ပင်ကိုယ်စရိုက် မောက်မာနေမည် ဖြစ်ကာ အခြား ဂိုဏ်းများကို သေချာပေါက် အညံ့ခံမည် မဟုတ်ချေ။

​သေချာသည်မှာ ဝေထျန်းရှုံးက လီချင်းချိုး၏ နောက်ကွယ်တွင် ဆရာသခင်တစ်ဦး ရှိရမည်ဟု ခံစားခဲ့ရသည်။ သို့မဟုတ်ပါက ဤမျှ ထူးချွန်နိုင်မည် မဟုတ်ချေ။

​လီချင်းချိုး၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကောင်းကင်ငရဲပင်လယ်နှင့် အဆက်အသွယ် မရှိသရွေ့ အဆင်ပြေသည်။

​ဝေထျန်းရှုံး ဤနေရာတွင် မသေချင်ပေ။ သူ့နှလုံးသားထဲတွင် ကလဲ့စားချေခြင်းကသာ အရေးအကြီးဆုံး အရာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုက အရေးမပါပေ။

​"မင်း ငါ့ကို လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့.. နောင်ကျရင် မင်းကို ငါ သေချာပေါက် ကျေးဇူးဆပ်မှာပါ..."

"မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက် မြင့်တယ်... မင်းကို ငါ ဘယ်လိုလုပ် ယုံရမှာလဲ... မင်း ဒဏ်ရာတွေ သက်သာသွားတာနဲ့ မင်းကို ငါ တားနိုင်မှာ မဟုတ်ဘူး..."

​ဝေထျန်းရှုံး အံ့အားသင့်သွားသည်။

​လီချင်းချိုးရဲ့ နောက်ကွယ်မှာ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် တကယ်ပဲ မရှိတာလား။

​ဝေထျန်းရှုံး ရုတ်တရက် အကျပ်ရိုက်သွားတော့သည်။

​ရှန်ယွဲ့က ကောင်းကင်ယံမှ ဆင်းသက်လာပြီး လီချင်းချိုး၏ ဘေးတွင် ရပ်ကာ မေးလိုက်သည်။

" သူ့ကို လက်ခံချင်လို့လား..."

​လီချင်းချိုးက ရန်သူများကို မိတ်ဆွေများအဖြစ် မကြာခဏ ပြောင်းလဲလေ့ရှိပြီး ရှန်ယွဲ့ ကိုယ်တိုင်လည်း တစ်ချိန်က ပြိုင်ဘက် တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် လီချင်းချိုး၏ အတွေးများကို သူ ခန့်မှန်းမိခြင်းပင်။

​လီချင်းချိုးက ဝေထျန်းရှုံးကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ဒီတစ်ခါတော့ မတူဘူး... သူက အရမ်း အစွမ်းထက်တယ်... သူ့ကို ကျူပ် မဖိနှိပ်နိုင်မှာ စိုးရိမ်တယ်..."

​ဤစကားများက ဝေထျန်းရှုံး၏ နှလုံးသားကို တစ်ချက် ခုန်သွားစေပြီး နောက်ပိုင်းတွင် သတ်ဖြတ်လိုစိတ်ကို သူ ခံစားလိုက်ရသည်။

​လီချင်းချိုးထံမှ သတ်ဖြတ်လိုစိတ်!

"မင်းဘက်က ကောင်းကင်ငရဲပင်လယ် နဲ့ အဆက်အသွယ် မရှိဘူးဆိုတာကို သက်သေပြနိုင်သရွေ့ မင်း ငါ့ကို ယုံကြည်လာအောင် လုပ်ပေးမယ့် နည်းလမ်း ငါ့ဆီမှာ ရှိတယ်..."

​ "ကောင်းကင်ငရဲပင်လယ် ကို ငါ လုံးဝ မသိဘူး... မင်း ငါ့ကို သံသယဝင်နေတယ်ဆိုရင် ငါ သက်သေမပြနိုင်ဘူး... ငါတို့ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်ဘူးဆိုတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့ မလိုအောင် လုပ်ကြတာပေါ့..."

​ဟူး...

​ဝိညာဉ်သန့်စင်အလံပေါ်တွင် တစ္ဆေချီများ တောက်လောင်လာပြီး အလံ၏ မျက်နှာပြင်မှ တစ္ဆေများ ထွက်ပေါ်လာကာ၊ ဝေထျန်းရှုံးကို အတွင်းသို့ ဆွဲသွင်းလိုသည့်အလား သူတို့၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ပြနေကြသည်။

ထိုအခါ ​ဝေထျန်းရှုံး၏ အမူအရာမှာ ပိုမို အရုပ်ဆိုးလာသည်။ လီချင်းချိုးကို အကဲဖြတ်ရန် သူ့တွင် အခွင့်အရေး မရှိကြောင်း သူ သဘောပေါက်သွားပြီး၊ ယခုအခါ လီချင်းချိုး၏ ယုံကြည်မှုကို ရရှိရန် တိုက်ပွဲဝင်ရမည့်သူမှာ သူ ကိုယ်တိုင် ဖြစ်နေပြီ ဖြစ်သည်။

​သူ ချက်ချင်း လက်ကို မြှောက်လိုက်တော့ လက်ဖဝါးတွင် အဝါရောင် ရင့်ရင့် ကျောက်စိမ်း အဆောင်တစ်ခု ပေါ်လာသည်။

"ဒါက အသက်ထိန်းချုပ်တဲ့ အဆောင်ပဲ... ငါ့ရဲ့ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ထုတ်ယူပြီး အဆောင်ထဲကို ထည့်လိုက်ရုံနဲ့ ငါ့ရဲ့ အသက်နဲ့ သေခြင်းတရားကို မင်း ထိန်းချုပ်နိုင်တယ်..."

​ "မင်းတို့ရဲ့ ရှင်ယွမ်ဂိုဏ်း က မိစ္ဆာလမ်းစဉ် ဂိုဏ်းတစ်ခုလား..."

​"အဓိပ္ပာယ် မရှိတာ... ငါတို့ရဲ့ ရှင်ယွမ်ဂိုဏ်းက ဖြောင့်မတ်တဲ့ လမ်းစဉ်ပါ... ဖြောင့်မတ်တဲ့ လမ်းစဉ်ထဲမှာတောင် မမှန်ကန်တဲ့ နည်းလမ်းတွေကို လေ့လာတဲ့ သူတွေ ရှိတယ်ဆိုတာပဲ..."

​ရှန်ယွဲ့က လီချင်းချိုး လက်ထဲရှိ ဝိညာဉ်သန့်စင်အလံကို တစ်ချက်ကြည့်လိုက်ပြီး ဝေထျန်းရှုံး၏ သဘောထားကို အတွင်းစိတ်ထဲမှ သဘောတူလိုက်သည်။

​ဖြောင့်မတ်သော လမ်းစဉ်မှာ လုံးဝ ဖြောင့်မတ်နေရန် မလိုပေ။

​လီချင်းချိုးကို လူကောင်း တစ်ယောက်ဟု သတ်မှတ်နိုင်ပြီး ကရုဏာနှင့် ဖြောင့်မတ်ခြင်းအတွက် ဂုဏ်သတင်းနှင့်ပင် ထိုက်တန်သော်လည်း၊ သူ့ရဲ့ နည်းလမ်းများက တစ်ခါတစ်ရံ မိစ္ဆာလမ်းစဉ်၏ နည်းလမ်းများ ဖြစ်နေတတ်သည်။

​ထိုစကားကို ကြားသောအခါ လီချင်းချိုး တိတ်ဆိတ်သွားပြီး ဝေထျန်းရှုံးကို ယုံကြည်သင့်၊ မယုံကြည်သင့် တွန့်ဆုတ်နေပုံရရာ ၎င်းက ဝေထျန်းရှုံးကို နာကျင်စေခဲ့သည်။

​ကိုယ့်ရဲ့ အသက်နဲ့ သေခြင်းတရားကို တခြားသူ တစ်ယောက်က ကိုင်စွဲထားရတဲ့ ခံစားချက်က တကယ်ကို မနှစ်မြို့စရာ ကောင်းလှသည်။

​တစ်ချိန်က ဝေထျန်းရှုံး မည်မျှ မောက်မာခဲ့သနည်း။ယခုလို နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့ဖူးပေ။

​ရှင်ယွမ်ဂိုဏ်း၏ ကြီးမားသော ကလဲ့စားချေမှုအတွက် သူ ဤသို့သာ လုပ်နိုင်တော့သည

​သူ့နှလုံးသားထဲရှိ နာကျည်းချက်ကို ရန်သူများအပေါ် အမုန်းတရားအဖြစ် သူ ပြောင်းလဲလိုက်သည်။

​ "ဒါဆိုရင် မင်း ငါတို့ရဲ့ ချင်းရှောင်ဂိုဏ်း ကို ဝင်ဖို့ ဆန္ဒရှိလား..."

​"ငါ ဆန္ဒရှိပါတယ်... နေပါဦး... မင်း ဘာပြောလိုက်တာလဲ..."

​ဝေထျန်းရှုံးက အလိုအလျောက် ပြန်ဖြေလိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားတော့သည်။

​

All Chapters