← Chapters

အခန်း (၉၂၁-၉၂၄)

Vol. 48 Ch. 921-924

အခန်း (၉၂၁-၉၂၄)

Vol. 48 Ch. 921-924

အခန်း ၉၂၁။ ကြင်နာသော

ရှဲ့ချောင်သည် မုန့်ရှန်းသဲ့အား သံသယမဝင်ခဲ့။

သူ့မြေးအား စိတ်ပူနေတယ်ဟုသာ ထင်ခဲ့မိသည်။

သို့သော် .. အခုတော့..

မုန့်ရှန့်သဲ့သည် သူကြိုးစားခဲ့ရတဲ့နှစ်တွေနဲ့ အခြားသူတွေရဲ့ထင်မြင်ချက်ကိုသာ ဂရုစိုက်သူဖြစ်နေခဲ့သည်။ သူ့လိုလူတစ်ယောက်က အစားထိုးနည်းကို လုပ်နိုင်တဲ့တာအိုဆရာတစ်ယောက်ဆီကနေ တစ်ခုခုမလိုချင်တာ ဖြစ်နိုင်မှာတဲ့လား?

သာမန်လူများက အရည်အချင်းရှိတဲ့တာအိုဆရာတစ်ယောက်နှင့် တွေ့တဲ့အခါ ကံကြမ္မာဖတ်ပေးဖို့ အကူအညီတောင်းမျိုး ငွေအသပြာနည်းနည်းဖန်တီးတာမျိုးအတွက်သာ လုပ်တတ်ကြသည်.

“မင်းက တကယ်တော်တဲ့သူပဲ… မင်းက အဲဒီတုန်းက စိတ်ရှုပ်စရာကောင်းတဲ့ မော့လင်းကျစ်လိုမျိုး

တော်တယ်!”

ဆရာကြီးဟူသည် တဆတ်ဆတ်တုန်နေကာ ရှဲ့ချောင်အား စက်ဆုပ်နေသည့်ဟန်ဖြင့် ပြောလေသည်။

ဘယ်ကနေပေါ်လာမှန်းမသိတဲ့ ဤတာအိုဆရာ အမျိုးသမီး‌ပြောတာမှန်၏။ မုန့်ရှန်းသဲ့ မွေးစားခဲ့သည့် ကောင်လေး၌ ကံကြမ္မာကောင်းမွန်လှ၏။ ထိုကလေးအား ပျိုးထောင်ခြင်းဖြင့် သူ့အားအကျိုးအမြတ်များသာ ယူဆောင်ပေးလိမ့်မည်၊ အန္တရာယ်ဖြစ်စေလိမ့်မည်မဟုတ်။

ထိုကောင်လေးသည် မုန့်ရှန်းသဲ့၏ ကယ်တင်ရှင်မဟုတ်၊ လယ်သမားမိသားစုတစ်စုဆီကနေ ခေါ်လာခဲ့ခြင်းဖြစ်သည်။

ယောကျာ်းလေးတစ်ယောက်ဖြစ်နေတာကြောင့် လယ်သမားမိသားစုက ရောင်းဖို့ ဆန္ဒမရှိခဲ့ပေ။

သို့သော် မုန့်မိသားစုသည် ဤမျိုးဆက်၏ မိသားစုကြီးတစ်ခုဖြစ်နေ၏။ မုန့်ရှန်းသဲ့၏ တောင်းဆိုချက်ကို ထိုမိသားစုက ဘယ်လိုလုပ်ငြင်းနိုင်မှာလဲ?

ထိုကလေးသည် လေးငါးနှစ်သားအရွယ်သာရှိသေးပေမဲ့ စာလုံးပေါင်းများစွာကိုသိနေလေပြီ။ မုန့်ရှန်းသဲ့သည် အလိမ်အညာတစ်ခုလုပ်ထားကာ ထိုကလေးအား အချိန်အကြာကြီးလှည့်စားထားခဲ့သည်။ ထိုကလေး အရွယ်ရောက်လာသည့်အခါ အလိမ်အညာက အမှန်တရားဖြစ်လာလိမ့်မည်။ သူ့ရဲ့ မွေးမိဘရင်းများအတွက်ကတော့ မေ့ပျောက်ခံရမည်ဖြစ်ပြီး ဘယ်တော့မှ မှတ်မိလိမ့်မည်မဟုတ်တော့။

ဆရာကြီးဟူသည် သူ့ရဲ့အဆုံးသတ်မကောင်းမှန်းသိနေတာကြောင့် သေခါနီးအချိန်မှာ အမှန်တရားကို ထုတ်ပြောခဲ့သည်။

ထိုသို့ပြောပြီးနောက် ရှဲ့ချောင်က သူ့ကိုကြည့်ပြီး;

“ရှင်နဲ့ ကျွန်မနဲ့တိုက်ခိုက်နေကြတယ်ဆိုပေမဲ့

ကျွန်မဘယ်သူလဲဆိုတာ ပြောဖို့ မေ့သွားတယ်”

“ဒီအညတရဆရာက ရွှေယွဲ့ဘုရားကျောင်းရဲ့ မျိုးဆက်.. မော့ချူးရှန်း.. ရှင်ပြောနေတဲ့ မော့လင်းကျစ်ဆိုတာကတော့ .. ကျွန်မနဲ့တစ်ဂိုဏ်းတည်းပဲ”

ရှဲ့ချောင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

သူတို့သည် ဂိုဏ်းတစ်ခုတည်းက ဆိုပေမဲ့ မောင်နှမဆက်ဆံရေးမျိုးမဟုတ်။ ဆရာတပည့်များဖြစ်ကြပေသည်။

သူမထိုသို့ပြောလိုက်သည်နှင့် ဆရာကြီးဟူတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားရကာ နောက်ထပ်သွေးတစ်ပွက် ထပ်အန်လိုက်ပြန်လေသည်။

သူ ရှဲ့ချောင်လက်ညှိုးထိုးရင်း တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေလျက်။

သူရဲ့ ပါးစပ်ဖျားတို့ဟာလည်း တုန်နေပြီး စိတ်သောကရောက်ရလွန်းသဖြင့် အသက်ပင်မရှူနိုင်တော့သည်အထိ။ တစ်ခဏအတွင်း သူ လဲကျသွားတော့သည်။

ဗုန်း

မြေကြီးပေါ်လဲကျသွားသည့်အသံနဲ့တင် တစ်ကိုယ်လုံး အီစိမ့်သွားစေလောက်သည်။

မယုံကြည်နိုင်စရာပင်။

ဒီလို အထင်ကြီးစရာကောင်းသည့် တာအိုဆရာတစ်ယောက်ဟာ တပည့်တစ်ယောက်ကြောင့် ဒေါသအထွက်လွန်ပြီး သေသွားမည်မှန်း လီရှီးယန်ပင် မထင်ထားခဲ့!

သူ ဒေါသအထွက်လွန်ပြီး သေသွားတာမဟုတ်ဘူးမလား?

သူ့မျက်လုံးတွေက ပြူးနေပြီး ခန္ဓာကိုယ်ကလည်း နည်းနည်းလေးတောင် မလှုပ်တော့ဘူး!

“ ကျွန်မ အမှားပါ၊ သူ့ဘဝက အဆုံးသတ်သွားပြီ”

ရှဲ့ချောင်လည်း ထိတ်လန့်သွားရသည်။

ထို့နောက် သူမရဲ့ဆရာအား စိတ်ထိခိုက်နေသည့် မျက်နှာထားဖြင့် ကြည့်ကာ

“အမှန်ပဲ၊ ဒီအစားထိုးနည်းက ရှုံးနိမ့်သွားသလို သူက တခြားမကောင်းတာတွေလည်း လုပ်ထားခဲ့သေးတယ်၊ သူရဲ့ အကျင့်သိက္ခာထိခိုက်ပျက်ဆီးမှုက ပြင်းလွန်းတယ်၊ တန်ပြန်သက်ရောက်မှုဆိုရင်တော့ သူ ကျိန်းသေပေါက်သေမှာ..”

အခုလို အကြီးအကျယ်စိတ်ထိခိုက်သွားရတော့ ပိုလို့တောင် မြန်မြန်သေသွားသေးသည်။

သို့သော် ထိုလူကို အကြောင်းပြချက်မရှိဘဲနှင့်တော့ သေခွင့်မပြုလိုက်နိုင်။

သူက မကောင်းမှုတွေကို လုပ်ခဲ့တဲ့သူ။

သူနှင့် ထိုက်တန်လို့ ဖြစ်ရတာပင်။

ရှဲ့ချောင်လည်း စိတ်ထိခိုက်နေပုံပေါ်ပေမဲ့ သူမရဲ့ အကြည့်တို့က အလွန်တည်ငြိမ်နေသည်။

လီရှီးယန် မျက်မှောင်ကြုတ်သွားသည်။

“သူ့ကို အရင်ဆွဲထုတ်သွားကြ၊ မင်းတို့ရဲ့ ဆရာတူအစ်မကို မလန့်စေနဲ့…”

ရှောင်းယွိရုန်မှာ ရုတ်တရက်ကြီး ပိုပြီး ကြောက်စိတ်မွှန်နေလေသည်။

'ဆရာ.. ကျွန်တော်လည်း ကြောက်တယ်လို့’

ကျောက်ရွှမ်ကျင်း၏ မျက်နှာသည် အပြောင်းမလဲမရှိ။

အစောင့်များ အလုပ်ရှုပ်နေကြလေသည်။

သခင်ကြီးမုန့်သည်လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သူ ရှဲ့ချောင်အား မုန်းတီးမှုရော ကြောက်ရွံ့မှုတို့နဲ့ပါ ကြည့်နေလိုက်သည်။

ရှဲ့ချောင်ရဲ့ ရိုးရိုးရှင်းရှင်းစကားလုံးလောက်က လူတစ်ယောက်အား ဒေါသထွက်ပြီး သေစေနိုင်တဲ့

အထိ ဖြစ်စေနိုင်တယ်ဆိုတာ သူမယုံ။ သူ့ရဲ့အမြင် ဤတာအိုဆရာမက သူ့ကိုသတ်ဖို့ အားကောင်းတဲ့ကျိန်စာတစ်ခုသုံးခဲ့တာ ဖြစ်လောက်ပေသည်။

“ဆရာကြီးလီ! ကျုပ် ဒီကာလတစ်လျှောက်လုံး ခင်ဗျားကို ကောင်းကောင်းဂရုစိုက်ပေးခဲ့တာ၊ ကျုပ်ရဲ့ သိက္ခာကို ငဲ့ပါဦးလား..”

မုန့်ရှန်းသဲ့သည် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်၏။ ဆရာကြီးဟူ သေသွားမှန်းမြင်သည့်အခါ သူ့မြေးကိုဆုံးရှူံးလိုက်ရတဲ့ နာကျင်မှုဝေဒနာကနေ တွားသွားထလာပြီး ငဲ့ညှာပေးဖို့ တောင်းဆိုလေသည်။

လီရှီးယန် သက်ပြင်းချလိုက်၏။

“ကျုပ် ခင်ဗျားကို ဘာမှမလုပ်ဘူး..”

ဝဋ်လည်ခြင်းက ရှိနှင့်နေလေပြီ…

••••

အခန်း ၉၂၂။ ကံမပါ

မုန့်ရှန်းသဲ့၏ မြေးမှာသေသွားပြီဖြစ်၍ သူ့မှာ အမွေဆက်ခံမည့်သူမရှိတော့။ သူရဲ့ အသက်အရွယ်နှင့် ကလေးတစ်ယောက်မွေးနိုင်မှာမဟုတ်သလို သားဖြစ်သူကလည်း ဒုက္ခိတတစ်ယောက်ဖြစ်နေသေးသည်။ သူသာ ကလေးထပ်မွေးလို့ရခဲ့ရင် အစောကြီးကတည်းက ယူပြီးလောက်လေပြီ။ ဒါကြောင့် သူ့မှာ နောက်ထပ်ကလေးတစ်ယောက်ရှိလာဖို့ ဆိုတာ မဖြစ်နိုင်တော့။

မုန့်မိသားစုသည် အင်အားကြီး၏။ အနာဂတ်တွင် မုန့်ရှန်းသဲ့အား မိသားစုစီးပွားရေးကို လက်လွှဲယူဖို့ ဖိအားပေးမည့် မျိုးနွယ်စုကသူတစ်ယောက်ယောက်ရှိလာမှာပင်။

သူ ဂရုအစိုက်ဆုံးမိသားစုစီးပွားရေးမှာ တခြားတစ်ယောက်၏ဟာဖြစ်လာလိမ့်မည်။

ယနေ့ကစပြီး လီရှီးယန်သည် မုန့်ရှန့်သဲ့ဟာ သူ့တပည့်ကိုဒုက္ခပေးခဲ့တဲ့သူပါဟု အများပြည်သူများအား ကြေညာပေမည်။ အနာဂတ်တွင် မုန့်မိသားစု၏ မျိုးဆက်အားလုံး သူ၏ တပည့်ဖြစ်လာဖို့ ကံမပါကြတော့ပေ။

“ကံမပါဘူး” ဟုသည့်စကားလုံးက ရိုးရှင်းလှသည်။

သူဟာ အချိန်အကြာကြီး နေခဲ့ပြီး တကယ်တမ်းက သူမှာ တပည့်ရင်း ခြောက်ယောက်သာရှိပေမဲ့… သူလမ်းညွှန်ထောက်ပြပေးခဲ့တဲ့သူတွေနဲ့ ဆရာတပည့်ဆက်ဆံရေးမျိုးရှိတဲ့သူတွေက အများကြီးပင်။

တချို့က နန်းတွင်းရုံးတော်မှာ ရှိကြသလို တချို့ကလည်း စာသင်ကျောင်းများမှာ ရှိနေကြသည်။

မုန့်မိသားစုဝင်ကသာ တကယ်ပါရမီရှိပြီး

မြင့်မြတ်တဲ့စရိုက်လက္ခဏာမျိုးရှိ‌နေတာမဟုတ်ခဲ့လျှင် သူတို့အား သင်ကြားပြသပေးမည့် နာမည်ကြီးဆရာများရှိမှာမဟုတ်ဘူးဆိုတာ သူ ကျိန်းသေပေါက်ပြောရဲသည်။

စာသင်သားတစ်ယောက်အား စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုခြင်းက ရွေးချယ်မှုကောင်းတစ်ခုတော့မဟုတ်။

သူ့လိုမျိုး အသက်ကြီးပြီး အရည်အချင်းရှိတဲ့ ပညာရှင်တစ်ယောက်ကို စော်ကားခြင်း..

သူဟာ အင်မတန် ကျိုးကြောင်းဆီလျော်သူတစ်ယောက်ဖြစ်ပေမဲ့ သူတပည့်များအား အလွန်ကာကွယ်ပေးလွန်းသည်။

မုန့်မိသားစုဟာ ချမ်းသာပေမဲ့ စီးပွားရေးနယ်ပယ်ထဲကနေ ထွက်နိုင်ဖို့ကြိုးစားပြီး အရာရှိမှူးမတ်အလုပ်လမ်းကြောင်းပေါ် စွန့်စားလျှောက်လမ်းကြသည့်သူများလည်း ရှိခဲ့သည်။ ထိုလူတစ်စုသည် မုန့်ရှန်းသဲ့အား လွန်စွာမုန်းတီးမည်ဖြစ်သလို သူ့

ဂရုအစိုက်ဆုံး ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးရမှာပင်။

မုန့်ရှန်းသဲ့သည် လီရှီးယန်၏ အေးစက်သည့်အကြည့်ကို မြင်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားသည်

မုန့်မိသားစုဟာ ကြီးမားပေမဲ့ သူတို့ဟာ ကုန်သည်များသာဖြစ်သည်။

အာဏာကြီးသည့် လူတွေအရှေ့မှာဆိုလျှင် ဘာအင်အားမှမရှိတော့။

မုန့်ကျားပေါင်ထဲမှာသာ ပုန်းနေပြီး တခြားသူတွေဆီကနေ အစားမခံရအောင် ရှောင်ရုံသာရှိသည်။

လီရှီးယန်သည် မုန့်ရှန်းသဲ့အား အခွင့်အရေးထပ်မပေးတော့ဘဲ ပြန်လွှတ်လိုက်သည်။

“မနက်ဖြန်မနက် ကျုပ်နဲ့ကျုပ်တပည့်တွေ ဒီကနေထွက်သွားမယ်၊ ခင်ဗျားကိုယ့်ကိုကိုယ်ဂရုစိုက်

နိုင်ဖို့ မျှော်လင့်ပါတယ်”

မုန့်ရှန်းသဲ့မှာ ဆွဲထုတ်ခံလုနီးနီးပင်။

ခြံဝန်းထဲ၌ ဒူးထောက်နေသည့် ကျန်းကျင်လုမှာ ကြောက်လန့်နေရှာ၏

တစ်ခဏလေးအတွင်းမှာ

တာအိုဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် သူ့ဘေးကနေ ဖြတ်သွားသည်။ သူ အသက်မရှုနိုင်ဖြစ်နေချိန်တွင် သခင်ကြီးမုန့်က သူ့ဘေးနားက ဖြတ်သွားပြန်သည်။

သူဟာ အသက်ရှင်နေသေးပေမဲ့ ပုံပန်းသွင်ပြင်က သေသူတစ်ယောက်ပဲထက်ပင် ဆိုးရွားနေ၏..

ကျန်းကျင်လုတစ်ယောက် စဉ်းစားခန်းဝင်နေစဉ် နောက်ထပ်လူတစ်ယောက်အား ခေါ်ထုတ်လာပြန်သည်။

သူ့ကိုတော့ မမှတ်မိခဲ့။

ထိုလူသည် သူ့ရဲ့တတိယဆရာတူအစ်ကိုနဲ့ ဆင်တူ၏..

သူက ဘာလို့ ဒီခြံဝန်းထဲမှာ ရှိနေတာလဲ?... သူ့ပုံစံကလည်း သေနေသလိုပဲ…

ကျန်းကျင်လုမှာ နေလို့ထိုင်လို့အဆင်မပြေတော့။ ကြီးမားသည့် အန္တရာယ်ကြီးတစ်ခု ရောက်လာတော့မည်ဟု ခံစားနေရသည်။ ပိုပြီး ဂရုတစိုက်နှင့် ဒူးထောက်လိုက်ကာ ခန္ဓာကိုယ်အား ကျုံ့ထားသဖြင့် အင်မတန် ရိုကျိုးနှိမ့်ချထားဟန်ပေါ်လေသည်။

အိမ်ထဲ၌ သူ့လူတွေသာကျန်တော့သည်။

သူတို့အားလုံးအိမ်ထဲကနေ ထွက်သွားပြီး စန်းယောင်အား ကောင်းကောင်းအနားယူစေသည်။ ရှဲ့ချောင်လည်း ပင်ပန်းနေပြီဖြစ်၏။ အိမ်ထဲကနေ

ထွက်လာပြီးနောက် ကျန်းကျင်လုအား ကြည့်တောင်မကြည့်ဘဲ အိပ်ဖို့ပြန်သွားခဲ့သည်။

ဆရာတူအစ်မဖြစ်သူက သူ့ကိုမကြည့်၍ ရှောင်းယွိရုန်နှင့် ကျောက်ရွှမ်ကျင်းတို့သည်လည်း ရှဲ့ချောင်ရဲ့ ဘယ်ညာတစ်ဖက်ဆီကနေ ရပ်ကာ လိမ်လိမ်မာမာထွက်သွားခဲ့ကြသည်။

လီရှီးယန်ကတောင် သူ့ကိုဘာမှမပြောဘဲ သက်ဆိုင်ရာအခန်းများဆီ ပြန်သွားခဲ့ကြ၏။

ကျန်းကျင်လုသည် ခြံဝန်းထဲ၌ တစ်ညလုံးနေနေခဲ့သည်။

လေတိုက်ခတ်လိုက်တိုင်း နှာချေနေမိသည်။

သူရဲ့ ခန္ဓာကိုယ်ထက်ပိုအေးနေသည်မှာ သူ့ရဲ့နှလုံးသား။ ကြောက်ရွံမှု၊ ပူပန်မှုနှင့် ဒွိဟဖြစ်မှုတို့ဖြင့်။

တပည့်တစ်ယောက်ဖြစ်လာပြီးကတည်းက နှစ်ပေါင်းများစွာ အဆင်ပြေပြေနေလာခဲ့ရပြီး အခုလို မသက်မသာဖြစ်ရတာမျိုး မခံစားရတာတောင် အတော်လေးကြာခဲ့လေပြီ။ သို့သော် သူ့ရဲ့ ဆုံးဖြတ်ချက်အား သေချာပြန်စဉ်းစားကြည့်ချိန်မှာလည်း နောင်တမရခဲ့။

နေ့လည်ခင်း နားချိန်ဖြစ်၏။

ဆရာနှင့် တပည့်များအားလုံး နေ့လည်စာစားနေကြသည်။

သူတို့ မုန့်အိမ်တော်ကနေ မထွက်သွားခင် သူ့ကိုခေါ်လိုက်၏။

“မင်းဘာမှားလဲသိလား”

လီရှီယန်း မေးလိုက်သည်။

ကျန်းကျင်လုသည် ခန်းမကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကာ သူ့ရဲ့ခြေထောက်ကိုပင် မခံစားရတော့။

ဇဝေဇဝါဖြစ်နေပြီးနောက် “ဆရာ.. ကျွန်တော် ခွင့်ပြုချက်မရှိဘဲနဲ့ တတိယအစ်ကိုကို ခေါ်မထုတ်သွားသင့်ဘူး.. ဒါပေမဲ့ သူကနေမှမကောင်းတာ၊ သမားတော်ပြသင့်တယ်လေ၊ ဆန်းကြယ်သမားတော်က အစွမ်းထက်တယ်ဆိုပြီး သခင်ကြီးမုန့်က ပြောလို့၊ ကျွန်‌တော် နောက်ကျသွားရင် အခွင့်အရေးလွတ်သွားမှာစိုးလို့၊ ဆန်းကြယ်သမားတော်က.. တတိယအစ်ကိုကို .. မကယ်နိုင်ဘူးလို့ မထင်ခဲ့မိလို့… ဆရာ၊ အစ်ကို့ရဲ့အခြေနေ ဘယ်လိုလဲ?”

သူရဲ့တတိယဆရာတူအစ်ကိုက ကြာကြာခံတော့မှာမဟုတ်ဘူးဆိုပြီး ဆန်းကြယ်သမားတော်က ပြောလိုက်တာယ်.. မနေ့ညက နည်းနည်းလည်း အေးတော့.. တတိယဆရာတူအစ်ကိုများ….

••••

အခန်း ၉၂၃။ဘယ်လိုပြုမူရမှန်းမသိ

ကျန်းကျင်လု၏ မျက်လုံးများမှာ အနည်းငယ်နီရဲ‌နေပြီး မို့ဖောင်းနေသည်။

ကလေးမျက်နှာလေးနှင့် ပေါင်းစပ်လိုက်သည့်အခါ ရှဲ့ချောင် တွေးမိလိုက်သည်က… မိန်းကလေးအဝတ်အစားနှင့် သူဌေးကြီးတစ်ယောက်ဟု။

သူမရဲ့ ဆရာတူမောင်လေးသာ မိန်းကလေးတစ်ယောက်လို ဝတ်စားလိုက်လျှင် အမျိုးသားတစ်ယောက်ထက်တောင် ပိုပြီးနှစ်လိုဖွယ်ကောင်းနေလိမ့်မည်။

အို့.. နောက်ပြီး အဲဒီလို မိန်းကလေးတစ်ယောက်ပုံစံဝတ်စားထားတာကိုမှ အသားပေါင်း သို့မဟုတ် လမုန့်ဘူးလေးလက်ထဲမှာကိုင်၊အပြစ်ကင်းတဲ့ ကြွက်လိုမျိုးမျက်လုံးသေးသေးလေးကိုဖွင့်၊ ပါးမို့မို့ ဖောင်းသွားပုံနဲ့ဆိုလျှင် ချစ်စရာကောင်းနေမှာအသေချာပင်။

ချုံပြောရလျှင်.. အခု သူ့ကိုကြည့်နေရသည့်ပုံထက်စိတ်ဝင်စားဖို့ ကောင်းပေလိမ့်မည်။

“မင်းရဲ့ ဆရာတူအစ်ကိုက အဆင်ပြေသွားပြီ၊ အိပ်ပျော်နေတုန်းပဲမလို့၊ သူ့ခန္ဓာကိုယ်ကလည်း အရင်ကလောက် မအေးတော့ဘူး အသက်ရှုနှုန်းလည်း ငြိမ်သွားပြီ”

စန်းယောင်အား စိတ်ပူနေတာကို မြင်တော့ ဆရာကြီးသည်လည်း သူ့တပည့်ရဲ့ရောဂါအခြေနေအကြောင်း ဖုံးကွယ်မနေတော့။

ထိုသို့ကြားလိုက်ရသည့်အခါ ကျန်းကျင်လု အင်မတန်ထိတ်လန့်သွားသည်။

“တကယ်လား.. ဆရာ?! ဒါပေမဲ့ ဟိုဆန်းကြယ်သမားတော်ပြောလိုက်တာက…"

စကားတစ်ဝက်လောက်အရောက်၌ မနေ့က မုန့်ရှ

န်းသဲ့တစ်ယောက် ဆွဲထုတ်ခံသွားရသည့် မြင်ကွင်းကို သတိရသွားသည်။

“ဆရာ.. မုန့်ရှန်းသဲ့က ကျွန်‌တော်တို့ကို လိမ်ထားတာများလား၊ ဆရာတူအစ်ကိုက အဆိပ်ခတ်ခံရတာလား၊ မုန့်ရှန်းသဲ့ လုပ်တာလား၊

အဲဒီ ဆန်းကြယ်သမားတော်ဆိုတာကလည်း ကျွန်‌တော့်ကို လှည့်စားဖို့ လွှတ်လိုက်တာလား၊ ဒါပေမဲ့ ဘာရန်ငြိုးရန်စမှလည်း မရှိဘဲနဲ့ ဘာလို့ အဲ့လိုလုပ်ရတာလဲ”

“ မုန့်ရှန်းသဲ့မှာ မြေးတစ်ယောက်ရှိတယ်၊ သူက ရေခဲအိမ်ထဲမှာ ပိတ်မိပြီး အသက်ဆုံးရှုံးမလို့ထိဖြစ်သွားခဲ့တယ်၊ မုန့်ရှန်းသဲ့က တာအိုဆရာတစ်ယောက်ရှာပြီး သူ့အသက်ကိုနှစ်တွေ အကြာကြီးဆွဲဆန့်ထားခဲ့တာ၊ သူက မင်းရဲ့ဆရာတူအစ်ကိုစန်းနဲ့တွေ့တော့ တိုက်တိုက်ဆိုင်ဆိုင်

သူတို့နှစ်ယောက်လုံးရဲ့ မွေးနေ့တွေက တူနေတဲ့အပြင်ကို စရိုက်တွေကလည်း တူနေတော့ … သူက မင်းရဲ့‌ဆရာတူအစ်ကိုကို အစားထိုး အနေနဲ့သုံးလိုက်ရော..ပြောရရင် အစားထိုးရုပ်သေးပေါ့”

လီရှီယန်း ရှင်းပြလိုက်သည်။

ကျန်းကျင်လုမှာ ဂရိဘာသာစကားကို နားထောင်နေရသလို ခံစားလိုက်ရသည်။

အစားထိုးရုပ်သေး?

အအေးရောဂါက.. အစားထိုးလို့ရတာလား?

သူ ကြောင်အမ်းနေမှန်းမြင်၍ လီရှီးယန်က ဆက်ပြောသည်။

“မုန့်ရှန်းသဲ့က ဒီအစားထိုးတဲ့ကိစ္စကို အဆင်ပြေပြေဖြစ်အောင်ဆိုပြီး အစောကြီးကတည်းက စီစဉ်ထားတာ၊ မင်းရဲ့ဆရာတူအစ်မရောက်လာပြီး သူ့ရဲ့ ခုနစ်စင်ကြယ်မီးအိမ်ကို စင်လိမ့်မယ်မထင်ထားဘူး၊

မနေ့ကလည်း ဆန်းကြယ်သမားတော်ရဲ့ နာမည်ကို အသုံးချပြီး မင်းကို ပထုတ်သွားတာ”

“လမ်းတစ်လျှောက်လုံးလည်း သူ့ရဲ့အစားထိုးနည်းကို အောင်မြင်အောင်လို့ မီးအိမ်ကို ဖျက်ဆီးဖို့ နည်းလမ်းပေါင်းစုံသုံးခဲ့တာ”

“ ကံကောင်းချင်တော့ မနေ့က မီးအိမ်တစ်လုံးကျန်နေလို့၊ မဟုတ်ရင် မင်းရဲ့အစ်ကိုကို ကယ်တင်နိုင်မှာမဟုတ်ဘူး”

“ တာအိုဆရာကြီးကလည်း တန်ပြန်သက်ရောက်ကြောင့် သေသွားရတာ၊ မုန့်ယင်း သေသွားတယ်ဆိုတာကလည်း အသက်ဆွဲဆန့်‌တဲ့ နည်းရှုံးနိမ့်သွားလို့၊ မင်းရဲ့ အစ်မက အစားထိုးနည်း မြန်မြန်ပျက်သွားအောင်ဆိုပြီး ဂါထာမန္တာန်တွေ ကြိုးစားပမ်းစားရွတ်လိုက်ရတယ်၊

စန်းယောင်နိုးလာဖို့ သိပ်မကြာတော့ပါဘူး”

လီရှီးယန်က ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။

ကျန်းကျင်လုမှာ ကြက်သေသေနေ‌ခဲ့သည်။

တခြားသူတွေရဲ့ ပြောစကားကို မယုံပေမဲ့.. သူ့ဆရာရဲ့ စကားကိုတော့ .. ယုံရလိမ့်မည်..

သို့သော် သူ့ဆရာရဲ့ စကားကို ယုံလိုက်တာက သူအလျှော့မပေးခဲ့တဲ့ နှစ်တွေအားလုံး အစိတ်စိတ်အမြွှာမြွှာ ပျက်သွားရသလိုပင်။

“ကဲ.. ငါအခု ရှင်းရှင်းလင်းလင်းပြောပြီးသွားပြီဆိုတော့.. မင်းဘာမှားလဲသိပြီလား”

လီရှီးယန် ထပ်မေးလိုက်၏။

ကျန်းကျင်လု၏ နှုတ်ခမ်းတို့ တုန်ယင်သွားခဲ့ကာ

“ ကျ.. ကျွန်‌တော် ဆရာတူအစ်မကို မယုံခဲ့မိတာ ကျွန်တော့်အပြစ်ပါ”

“ကောင်လေး မင်းအခုထိ နားမလည်သေးဘူးပဲ”

လီရှီးယန် ခေါင်းခါလိုက်ကာ

“မင်းငါ့နောက်ကို လိုက်လာတာနှစ်တွေလည်း ကြာနေပြီ၊ မင်းရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ငါတစ်ခါမှ စိတ်မပူခဲ့ရဖူးဘူး၊ မင်းကို စာဖတ်သင်ပေးရတာက ချောချောမွေ့မွေ့ပဲ၊ ဒါပေမဲ့ မင်းရဲ့အပြုအမူပိုင်းကိုသင်ပေးဖို့တော့ ငါနည်းနည်း ပျက်ကွယ်ခဲ့မိတယ်”

ကျန်းကျင်လု၏ မျက်နှာမှာ ထိုစကားကြောင့် ဖြူဖျော့သွားရသည်။

သူ့ဆရာဆီကနေ သူဟာ ပညာကောင်းကောင်းမလေ့လာသူတစ်ယောက်၊ ဒီလို မှတ်ချက်တွေပြောတာခံရဖို့ထက်.. တုံးအလွန်းသူတစ်ယောက်ဟုသာအပြောခံလိုက်ချင်တော့သည်..

အပြုအမူ.. သူက ဘယ်လိုပြုမူရမှန်းမသိတဲ့သူတဲ့လား?

ကျန်းကျင်လုမှာ ပြင်းထန်သည့် ရိုက်ချက်ကို ခံစားလိုက်ရ၏။

သူ့ရဲ့ စိတ်တစ်ခုလုံး ဂယောင်ချောက်ချားဖြစ်‌နေကာ မြေကြီးပေါ်တွက် ဒူးထောက်လျက်သားဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။

“ ငါမင်းကို မေးဦးမယ်၊ မနေ့က မင်းထွက်သွားတဲ့

အချိန် ခြံဝင်းထဲမှာ ဘယ်သူရှိနေလဲ”

လီရှီးယန် မေးလိုက်သည်။

“အစောင့်နှစ်ယောက်ရယ်.. မုန့်မိသားစုက အစေခံတစ်ယောက်ရယ်.. ပြီးတော့..”

ကျန်းကျင်လုမှာ ပြောနေရင်းနှင့် ရုတ်တရက် အားမရှိတော့သလို ခံစားလိုက်ရပြီး သဘောပေါက်သွားခဲ့သည်။

“ပြီးတော့.. ဆရာရယ်”

••••

အခန်း ၉၂၄။ ခွေးတစ်ကောင်ကဲ့သို့ နေထိုင်ခြင်း

ကျန်းကျင်လုမှာ ချွေးသီး‌ချွေးပေါက်များ ကျနေသည်။

သူရဲ့မနေ့က လုပ်ရပ်ကို ပြန်တွေးကြည့်မိသည့်အခါ ရယ်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

“ ငါဒီခြံဝန်းထဲမှာရှိနေမှန်း မင်းသိသေးတယ်ပေါ့”

လီရှီးယန်၏ လေသံမှာတည်ငြိမ်နေသည့်တိုင် ၎င်းက ပိုပြီးခြိမ်းခြောက်ဟန်ပါနေလေသည်။

“ မုန့်မိသားစုက မင်းရဲ့ဆရာတူအစ်ကိုကို အဝေးကိုခေါ်ထုတ်သွားချင်နေတာ၊အဲ့တာကို မင်းက ငါ့ကို တစ်ခွန်းတစ်လေလေးတောင် မမေးဘဲ စည်းကျော်ခဲ့တယ်၊ အပေါ်ယံလေးပြောရရင်တော့ မင်းက နမော်နမဲ့နိုင်ခဲ့တာပေါ့၊ ပြင်းပြင်းထန်ထန်ပြောမယ်ဆိုရင်တော့ မင်းက အရိုအသေမဲ့ပြီး မသိတတ်တာပဲကွ”

ကျန်းကျင်လု ခေါင်းကိုသာငုံ့ထားလေသည်။

အရိုအသေမဲ့ပြီး မသိတတ်တဲ့သူ.. သူ ကြိုးစားပမ်းစား လေ့လာခဲ့ရတာတွေ.. စာအုပ်တွေအများကြီး ဖတ်ခဲ့ရတာတွေ.. ဘာအတွက်လဲ?

“အဲဒီကြယ်စင်မီးအိမ်သုံးလုံးကို သွားမထိပါနဲ့လို့ မင်းရဲ့ဆရာတူအစ်မက ကြပ်ကြပ်မတ်မတ်မှာသွားရဲ့သားနဲ့၊ မင်းက ရွေ့ပစ်လိုက်ရုံတင်မဟုတ်ဘူး.. သူ့ကိုရော အိမ်ရှေ့စံမင်းသားကိုရော တမင်တကာ ရှောင်ဖယ်နေသေးတယ်၊ မင်းက အကြောင်းမကြားဘဲနဲ့ သဘောတူညီချက်ကို ချိုး‌ဖျက်ခဲ့တာ..ဒါမဖြောင့်မတ်တဲ့လုပ်ရပ်ပဲ”

“ အိမ်ရှေ့စံမင်းသားကိုယ်တိုင်က စစ်သည်တွေလွှတ်ပြီး ခုနစ်စင်ကြယ်မီးအိမ်ကိုကာကွယ်ခိုင်းထားတာ၊ ဒါက ရှင်ဘုရင်ရဲ့ အမိန့်၊ ရှင်ဘုရင်ရဲ့ အမိန့်ဆိုတာ နာခံရမယ်၊ မနာခံပဲနေရင် သစ္စာမရှိတာပဲ”

“ဆန်းကြယ်သမားတော်ဆီကနေ အကူအညီ

တောင်းလို့ မှားတာမဟုတ်သလို မင်းရဲ့ဆရာတူအစ်ကိုမယုံမိလို့ မှားတာလဲမဟုတ်ဘူး၊ မင်းရဲ့ အမှားက ကိုယ့်လုပ်ချင်တာကိုပဲ လုပ်နေတာ၊ မင်းက မမေးဘူး နားလည်းမလည်ဘူး၊ တခြားသူတွေကိုလည်း ဂရုမစိုက်ဘူး၊ အပေါ်ယံမှာတော့ မင်းက ဆရာတူအစ်မကိုလေးစားတယ်ပေါ့. ဒါပေမဲ့နောက်ကွယ်မှာက‌ ဒီလိုတွေလုပ်နေတာ၊ မင်းက သူ့ကို အထင်မြင်သေးပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူနေတာ၊ မင်းရဲ့ဆရာအနေနဲ့ အရမ်းစိတ်ပျက်တယ်ကွ!”

လီရှီးယန်၏ စကားလုံးတိုင်းက ကျန်းကျင်လုကို လှီးဖြတ်နေသည့် ဓားတစ်ချောင်းလိုပင်။

လီရှီးယန်သည် သူ့ရဲ့ဆရာတစ်ယောက်မလို့ အတွေးအခေါ်တွေက သူ့ထက်ပိုကောင်းမှန်းသိသည်။

ယခုလိုအချိန်၌ မျက်ရည်ကျသည်အထိ အဆူခံနေရသော ကျန်းကျင်လုမပြောနှင့် ရှောင်းယွိရုန်နှ

င့် ရှဲ့ချောင်တို့တောင်မှ လီရှီးယန် စိတ်ဆိုးနေမှန်းမြင်သည့်အခါ ရိုရိုကျိုးကျိုးဖြင့် ခေါင်းငုံ့ထားကြပြီး စကားတစ်ခွန်းမှမဟရဲကြ။

ရှောင်းယွိရုန်က ပိုလို့တောင် ကြောက်နေသေးသည်။

ကံကောင်းထောက်စွာဖြင့် သူလည်း လောကကြီးမှာ မကောင်းဆိုးဝါးဝိဉာဉ်တွေရှိတာမယုံပေမဲ့ ဆရာတူအစ်မရဲ့ ဆုံးဖြတ်ချက်ကိုတော့ လေးစားခဲ့သေးသည်။

မဟုတ်ပါက သူလည်း အခုချိန်မှာ ညီလေးငါးနဲ့အတူတူ အဆူခံနေရလောက်လေပြီ….

ညီလေးငါး…

ဒူးထောက်ပြီး.. သည်းခံလိုက်

ရှဲ့ချောင်ဟာ ပေါ်လွင်မနေချင်လွန်းခဲ့။ ဤ

အခိုက်အတန့်၌ လေထုဟာ လေးလံလွန်းနေ၏။ သူမရဲ့တည်ရှိမှုအား တတ်နိုင်သလောက် နှိမ့်ချထားမှ သူမကို ပီတ်ဖြာနေတဲ့သူဆိုပြီး လူတွေမထင်ကြမှာပင်။ သူတို့က ဆရာတူမောင်နှမများဖြစ်၍ ရင်းနှီးမူတော့ ရှိကြရမည်။

အနှီ မောင်လေးငါးသည် သူမရဲ့ တုံးအတဲ့မောင်လေးတွေနဲ့မတူ။ စာသင်သားတွေဟာ ဘဝင်မြင်ကြပြီး နာတတ်ကြသူဖြစ်လို့ ရိုက်နှက်တာ စနောက်တာမျိုးမခံနိုင်ကြ။ မဟုတ်ပါက.. သေကြောင်းကြံတာမျိုးတောင် လုပ်နိုင်ကြသူတွေပင်…

သူမရဲ့ ပစ္စည်းကို ထိ‌တဲ့အတွက်ကတော့. စာရင်းရှင်းရလိမ့်မည်..

အေးဆေးပေါ့… အလျင်မလိုပါဘူး..

လီရှီးယန်၏ အသံအနေထားမှာ အများကြီး မပြောင်းလဲသွားပေမဲ့ ဗုဒ္ဓရုပ်ထုနှင့်တူနေလေသည်။ သူဟာထိုင်နေပြီး တပည့်များအား

အသက်ပြင်းပြင်းမရှုရဲအောင် လုပ်နေ၏။

“မင်း ငါပြောတာတွေကို သဘောတူလား”

လီရှီးယန်မေးလိုက်သည်။

“ဆရာ! ကျွန်တော် တောင်းပန်ပါတယ်! ကျွန်တော့်အမှားပါ! စိတ်မဆိုးပါနဲ့. ကျွန်တော် အပြစ်ပေးခံပါ့မယ်! ကျွန်တော့်ကို နှင်မထုတ်လိုက်ပါနဲ့…” ကျန်းကျင်လုခမျာ ဒူးထောက်ပြီး ငိုကြွေးရှာသည်။

သူ အမှားကြီးတစ်ခုလုပ်ခဲ့မိတယ်..

အရိုအသေမဲ့.. မသိတတ်.. သစ္စာမရှိတဲ့သူ!

ကျန်းကျင်လုသည် သူဟာ ၁၈နှစ်လုံးလုံး အလဟဿနေခဲ့မိတယ်ဟုသာ တွေးမိနေ၏။ သူဟာ ခွေးတစ်ကောင်လို နေခဲ့သင့်သည်… သူ့လို ပရမ်းပတာဆန်ပြီး မရောင့်ရဲနိုင်တဲ့သူတစ်

ယောက်က အရာရှိအလုပ်ကို လုပ်မယ်တဲ့လား?

မိုက်ရူးရဲဆန်လွန်းတဲ့သူ့ကိုယ်သူ ပြန်ရယ်မိသည်အထိ..

“မင်း အသက်လည်း ငယ်တော့တာမဟုတ်ဘူး, တစ်ချိန်လုံး ငိုပဲငိုမနေနဲ့၊ အသုံးကိုမကျဘူး”

သူက ငယ်ရွယ်တဲ့ပုံပေမဲ့ တကယ်တမ်းက ၁၅ နှစ်

၁၆ နှစ်အရွယ်မဟုတ်ခဲ့ပေ။

ကျန်းကျင်လု မျက်ရည်များကိုသုတ်ပစ်လိုက်၏။

“ဟုတ်တယ်.. ကျ- ကျွန်‌တော်က အသုံးမကျဘူး”

“ မင်းက အသုံးမကျဘူးဆိုရင် ငါအရင်က အကဲခတ်မှားခဲ့တာလား”

လီရှီးယန်၏ အသံအနေထားမှာ မသိမသာမြင့်သွားခဲ့သည်။

“ အမှားကိုသိတယ်ဆိုမှတော့၊ အမှားကို ပြင်သင့်

တယ်လေ၊ ယောကျာ်းတစ်ယောက်ဆိုတာ ကိုယ့်အမှားကိုယ် သိပြီးပြင်ရတယ်၊ ဘာတွေ ကြောက်နေ့တာလဲ၊ ဘာတွေ လန့်နေတာလဲ၊ ဘာတွေစိတ်ပူနေတာလဲ၊ ငါဒီနေ့ မင်းကို ဂိုဏ်းကနေ နှင်ထုတ်လိုက်ရင်တော့ မင်းရဲ့အမှားကြောင့်၊ ကိုယ့်ကိုကိုယ် ရင်ဆိုင်စမ်းပါ၊ နောင်တရမနေနဲ့ ပြန်တမ်းတမနေနဲ့၊ သဘောပေါက်လား”

••••

All Chapters