← Chapters

အခန်း (၉၃၃-၉၃၆)

Vol. 48 Ch. 933-936

အခန်း (၉၃၃-၉၃၆)

Vol. 48 Ch. 933-936

အခန်း ၉၃၃။ ကြက်ဖကို ချီခြင်း

ညီအစ်ကိုသုံးယောက်မှာ အဖြေရှာလို့ မရတာတာကြောင့် ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်ကြသည်။

စန်းယောင်သည် ရက်ပိုင်းလောက်အတွင်း နေပြန်ကောင်းလာဦးမည်မဟုတ်။ ရှဲ့ချောင်သည် မုန့်ကျားပေါင်တွင် ခဏတဖြုတ်နေရဦးမှာဆိုပေမဲ့ ခြံဝန်ထဲမှာသာ စောင့်ကြပ်နေပြီး အပြင်မထွက်ဘဲနေဖို့ဆိုတာ မဖြစ်နိုင်ပေ။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အဆောင်စာရွက်များကို ရေးဆွဲခဲ့ပြီး ပိုက်ဆံစုဆောင်းခဲ့ပြီဖြစ်လို့ ဝါးခြင်းတောင်းကိုဆွဲကာ အပြင်ထွက်လာခဲ့သည်။

“ဆရာတူအစ်မက ဗေဒင်သွား‌ဟောပြန်ဦးမလို့လား”

ကျန်းကျင်လုသည် ရှဲ့ချောင်တစ်ယောက် လက်တစ်ဖက်က ဝါးခြင်းတောင်း ကျန်လက်တစ်ဖက်

က “အသက်မသေသလို ထာဝရရှင်သန်သူမဟုတ်သည့် ဆရာမမော့” ဟူသည့် ဆိုင်းဘုတ်အား ကိုင်ထားတာကို မြင်လိုက်ရ၍ ထူးဆန်းသည့် ခံစားချက်မျိုးရလိုက်သည်။

ဆရာတူအစ်မမှာ ပိုက်ဆံပြတ်နေလို့များလား?

သူဟာ ဂိုဏ်းတူညီအစ်ကို မောင်နှမတွေကြားမှာ အဆင်းရဲဆုံးဖြစ်ပေမဲ့ ပညာတတ်တစ်ယောက်ဖြစ်ကာ ငွေကြေးအတော်အသင့်တော့ရှိသည်။ သူ့အစ်မသာ ပိုက်ဆံပေးဖို့ တောင်းဆိုလာလျှင် သူမ သုံးဖို့ အလုံအလောက်တော့ရှိပေသည်!

“သိချင်တယ်ဆိုရင် လိုက်သွားပါလား”

ရှောင်းယွိရုန်က ပြောလိုက်၏။

“ဆရာက မင်းရဲ့အမှားအတွက် ပြန်ဆပ်စေချင်နေတာ၊ မင်းက ပုန်းလျှိုးကွယ်လျှိုးနေနေပြီး ဆရာတူအစ်မကို နေ့ရက်တိုင်း မတွေ့ရဲဘူးဆိုရင် မင်း

အမှားအတွက် ဘယ်တော့မှ ပြန်ပြင်နိုင်မှာမဟုတ်ဘူး”

ရှောင်းယွိရုန်သည် သူ့ရဲ့အလုပ်သင်ကာလကို ပြီးဆုံးသွားပြီဖြစ်လို့ ကိစ္စများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

ဆရာ့ရဲ့ရည်ရွယ်ချက်က ကျန်းကျင်လုအား သူ့ရဲ့ဆရာတူအစ်မ မကောင်းဆိုးဝါးဝိဉာဉ်နှင့် မိစ္ဆာတွေကိုဖမ်းနိုင်တဲ့အရည်အချင်းကို မြင်စေချင်ခြင်း ဖြစ်လောက်သည်။

သူက ခန့်မှန်းကြည့်ရုံသပ်သပ်ဖြစ်နေပြီး ရှဲ့ချောင်ရဲ့ အရည်အချင်းကို ယုံရကောင်းနိုးနိုးသံသယဝင်နေတာဖြစ်သည်။ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုချင်လျှင် ကိုယ်တိုင်သဘောပေါက်ဖို့လိုပြီး သက်သေအား မျက်လုံးနှင့် တပ်အပ်မြင်မှရပေမည်။

“အစ်မက ကျွန်‌တော်ကိုစိတ်ကုန်နေမှာ‌စိုးလို့”

ကျန်းကျင်လုမှာ ကူကယ်ရာမဲ့သလို ခံစားနေရသည်။

“မင်းလိုလူမျိုးက မဆင်မခြင်နဲ့လုပ်လို့လည်း ဆရာတူအစ်မက စိတ်ပျက်မိတာပေါ့”

ရှောင်းယွိရုန်သည် အမှန်တရားကိုသာ ပြောနေလေသည်။

“မင်းဘက်က ကောင်းကောင်းလုပ်ပြပြီး အစ်မရဲ့ထင်မြင်ချက်ကို ပြောင်းလဲပစ်ဖို့ပဲလိုတယ်၊ အဲဒါဆို လုံလောက်ပြီမလား”

ကျန်းကျင်လုအတွက်ကတော့ ခက်ခဲနေပေသည်။

သို့သော် သူသာ ဘာမှမလုပ်ဘူးဆိုလျှင် ဂိုဏ်းထဲကနေ နှင်ထုတ်ခံရဖို့ကိုသာ ထိုင်စောင့်နေရုံရှိသည်။

သို့နှင့် ကျန်းကျင်လုတစ်ယောက် စွန့်စားဖို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

သူ့နောက်ကနေ အပြေးအလွှားလိုက်သွားချိန် ရှဲ့ချောင် အဝေးကြီးကို မရောက်သေး။ ရှဲ့ချောင်နှင့် ဘေးချင်းယှဉ်လျှောက်ဖို့ သိပ်မကြာလိုက်ချေ။

ရှဲ့ချောင်သည် သူမနှင့်တွေ့ဖို့ရေစက်ပါလာသည့် လူတစ်ယောက် သို့မဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကိုရှာဖို့ ထွက်လာခဲ့ခြင်းဖြစ်လို့ သူမနှင့်အတူ အစောင့်တစ်ယောက်ကို ခေါ်မလာခဲ့ခြင်းပင်။ နောက်ပြီး ကိုယ်ရံတော်ခေါ်ပြီးသွားတဲ့ ရှေ့ဖြစ်ဟောတဲ့သူဆိုတာ ရှိလို့လား။

သူမသည် တစ်ယောက်တည်းဖြစ်ပြီး လေးလံပုံရသည့် အရာတစ်ခုအား သယ်ထား၏။

သူမရဲ့ ပုံပန်းသွင်ပြင်က အတော်လေးရိုးရှင်းပြီး စင်ကြယ်လွန်းသည်။

“အစ်မ၊ ကျွန်တော် ခြင်းတောင်းကူသယ်ပေးမယ်လေ”

ကျန်းကျင်လုသည် အရှေ့ဘက်ကို ချက်ချင်း

လျှောက်သွားပြီး လုပ်ငန်းစလိုက်သည်။

ရှဲ့ချောင်ရဲ့ ခြင်းထောင်းကို သယ်ပေးဖို့ အသင့်ဖြစ်နေလေသည်။

ရှဲ့ချောင်က ဆတ်ခနဲ ခြင်းတောင်းကို အနောက်ပို့လိုက်သည်။

“ဒီထဲမှာ ပါတဲ့ပစ္စည်းတွေအကုန် အသယ်ကယ်တဲ့ဟာတွေချည်း၊ တချို့ဆို သိပ်ကိုဈေးကြီးတာ၊ မင်းမှ ငါ့ကိုမယုံတာ၊ ငါသာ အရေးပေါ်ကိစ္စနဲ့ကြုံရင် ထပ်ပြီးပျောက်သွားလိမ့်မယ်၊ ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားနေတာလား, မဖြစ်နိုင်ဘူး”

ရှဲ့ချောင် ခနဲ့လိုက်သည်။

ကျန်းကျင်လုသည် သူ့ရဲ့အပြုံးအားဆက်ပြီးထိန်းမထားနိုင်တော့။

ခါးသီးနေသည့် မျက်နှာဖြင့်; “အစ်မ ကျွန်တော်မှားမှန်းသိပါတယ်”

“မင်းက အပြောပဲရှိတာလေ၊ လူသားတွေ အကုန် ဒီလိုချည်းပဲ”

ရှဲ့ချောင် ခနဲ့လိုက်ပြန်သည်။

သူမက ပညာရှင်တစ်ယောက်ဖြစ်နေတော့ရော ဘာဖြစ်လဲ?

ပညာရှင်တစ်ယောက်ကလည်း အငြိုးထားတတ်တယ်လေ!

သို့သော် သူမအား သနားကမားရုပ်ဖြင့်ကြည့်နေပုံကို မြင်တာကြောင့် ဝါးခြင်းတောင်းအားဖွင့်ပြီး သာ့ရှုန်းကို ယူထုတ်လိုက်၏။ ထို့နောက် သာ့ရှုန်းအား သူ့လက်မောင်းထဲ ထိုးထည့်ပေးလိုက်ကာ

“ငါ့ကို ဒီကြက်ဖ ကူသယ်ပေး၊ တစ်ချိန်လုံး ခြင်းတောင်းထဲမှာပဲ နေရရင် ပျင်းနေလိမ့်မယ်”

ကြက်ဖ?!

ကျန်းကျင်လု၏ တစ်ကိုယ်လုံး တောင့်တင်းသွား

သည်။

သူ့လက်မောင်းထဲက အ‌မွေးထူထူ၊ အနီရောင်အမောက်နှင့် အကောင်ဆီကနေ ယားကျိကျိခံစားနေရ၏။ သူ့နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲကနေ ပေါက်ထွက်လုမတတ်။

သူဟာ ငယ်ငယ်ကတည်း ဆင်းရဲခဲ့တာကြောင့် ကြက်ဖများ ထိန်းခဲ့ဖူးသည်။

သို့သော် ဒီလိုမျိုး ကြက်ဖတစ်ကောင်ကို တစ်ခါမှ မဖက်ခဲ့ဖူးပေ။

“အစ်မ.. ဒီကြက်ဖကို ဘာလို့သယ်လာတာလဲ.. ဒါပေမဲ့ ဒီကောင်က.. သန်မာတယ်နော်.. သာမန်လူတွေဆို မွေးနိုင်မှာမဟုတ်ဘူး၊ တက်ကြွနေတဲ့စရိုက်မျိုးနဲ့ဆို ရောင်းရင်ဈေးကောင်းကောင်းရမှာ၊ ဒါပေမဲ့ ရောင်းစရာမလိုဘူး၊ မီးဖို‌ချောင်ထဲ ပို့ပြီး လတ်စသတ်လိုက်လို့ရတယ်”

ကျန်းကျင်လုသည် မျက်နှာချိုသွေးသည့် အပြုံး

ပြုံးလိုက်၏။ သူ့အစ်မအား ကြက်မွေးတဲ့နေရာမှတော်ကြောင်း ချီးကျူးဖို့ အကောင်းဆုံး ကြိုးစားနေပေသည်…

••••

အခန်း ၉၃၄။ သူတကယ်မှားသွားတယ်

ကျန်းကျင်လုသည် သူဟာရှိသမျှအကုန်ရင်းထားရသလို ခံစားလိုက်ရသည်။ သူရဲ့ ဆရာတူအစ်မ ပျော်ရွှင်အောင်လုပ်ဖို့အတွက်ဆို ကြက်ဖကိုပင် ချမ်းသာပေးလိမ့်မည်မဟုတ်။

သို့သော် ရှဲ့ချောင်ကတော့ ကြားလိုက်ရသည့်စကားကြောင့် သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေ၏။

ချက်ချင်းဆိုသလို ကျန်းကျင်လုအား မျက်ထောင့်နီဖြင့် စိုက်ကြည့်လိုက်သည်။ သူမ အံကြိတ်ကာ, “ဆရာတူမောင်လေးကျန်း, မင်းရဲ့ ဦးနှောက်ကို ကြွက်များစားသွားသလား။ ငါ့ကြက်ဖကို ယူရဲတဲ့သူမှန်သမျှ တစ်မိသားစုလုံး ရှင်းပစ်မှာ”

ကျန်းကျင်လုခမျာ ရင်တုန်သွားရသည်။ “အစ်မ..ဘာလို့”

ကျန်းကျင်လုသည် စကားဆုံးအောင် မပြောရသေးခင် ကြက်ဖကို ငုံ့ကြည့်လိုက်ရာ တစ်ခုခုကို သဘောပေါက်သွားပုံပင် “အစ်မ..ဒီကြက်ဖက.. ရောင်းဖို့အတွက် မဟုတ်ဘူးလား ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ စိတ်မဆိုးပါနဲ့နော်။ ကျွန်တော် တကယ်မသိလိုက်လို့ပါ”

“အစ်မ...ကျွန်တော် မှားသွားပါတယ်…”

ကျန်းကျင်လုတစ်ယောက် လန့်ဖျပ်နေ၏။

သူ ဘယ်လိုတောင် တုံးအ ရတာလဲ? စားဖိုမှူးဆို

တာ နေ့ရက်တိုင်းကြက်တွေ ဘဲတွေ ငါးတွေ ဝယ်နေရတာ။ တကယ်လို့ အစ်မက ကြက်ဖကိုရောင်းချင်တယ်ဆို စားဖိုမှုးတွေကိုပဲ ရောင်းမှာပေါ့။

ရှဲ့ချောင် ကျန်းကျင်လုကို စိုက်ကြည့်လိုက်ကာ, “မောင်လေး၊ မင်းသိတာဘာရှိလဲ, မင်း မသိဘူးဆိုရင်လည်း မေးလေ,ဟုတ်သားပဲ၊ မင်းက မေးရင်တောင်မှငါ့ကို မယုံဘူးဆိုပြီးပဲ ပြောဦးမှာ”

ကျန်းကျင်လု ရှက်သွားသည်။

“ငါသာ မောင်လေးကျန်းရဲ့ အကြီးအကဲဆိုရင် မင်းကို တတ်နိုင်သမျှ ဝေးဝေးပို့ပစ်ဖို့ နည်းလမ်းရှာပြီးနေလောက်ပြီ မဟုတ်ရင် မင်းရဲ့ မသိတတ်မှုကြောင့်နဲ့ တခြားသူတွေပါ အသတ်ခံနေရမှာ စိုးလို့”

“ဘာမှ မသိဘူးဆိုရင်လည်း ပါးစပ်ကို ပိတ်ထား။ ဘာမှမပြောနဲ့။ မင်းက ဟိုတလောတုန်းက မောင်

လေးစန်းကို သတ်မလို့လုပ်မိတယ်။ အခုလည်း ငါ့ရဲ့ သာ့ရှုန်းကိုပါ သတ်ချင်နေပြန်ပြီ။ မင်းက အိမ်ရှေ့စံမင်းသားထက်တောင် လျှာစောင်းထက်လှချည်လား”

အဲလောက် တော်နေတယ်ဆိုရင်လည်း ပုလ္လင်ပါလုလိုက်ပါတော့လား?

ရှဲ့ချောင်သည် အလွန်မကျေမနပ်ဖြစ်နေလေသည်။

ကျန်းကျင်လုမှာ ရှဲ့ချောင်၏ ဆူပူကြိမ်းမောင်းမှုကြောင် ငိုချင်းချလုနီးနီး။ သူဟာ ငြိုးနွမ်းသွားပြီး ဖုန့်မှုန့်နဲ့ အညစ်အကြေးတွေကြားမှာ ဖုံးလွမ်းခံလိုက်ရသည့်အလား။ ဂုဏ်ကျက်သရေတစ်စက်မှ ရှိမနေတော့။

“ပြန်သွားတော့မှာလား။ ပြန်မယ်ဆိုရင်လည်း ငါ့ရဲ့ ကြက်ဖကို ပြန်ပေးသွား”

ရှဲ့ချောင်သည် လက်ဆန့်လိုက်ကာ သူမရဲ အဖိုးတန်ကြက်ဖကို ပြန်လိုချင်နေလေသည်။

ဒီကြက်ဖအတွက် ငွေတွေအများကြီးသုံးထားရတာ.. သူစားတဲ့ ပိုးကောင်တွေဆို စျေးကလည်းကြီးသေး၊ အမွေးလေးတစ်မွေးကျွတ်သွားရင်တောင် ရင်နာနေရတာကို ဒီကျန်းကျင်လုက သူမရဲ့ အဖိုးတန်ကလေးလေးကို စားချင်နေတယ်တဲ့လား!

ရှဲ့ချောင် ဒေါသအလိပ်လိပ်ထွက်လာသည်။

“ကျွန်တော် မပြန်ဘူး”ကျန်းကျင်လုသည် ကြက်ဖအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ “ကျွန်တော် ဘာမှထပ်မပြောတော့ဘူး”

‘လာနောက်နေတာလား။ သူအခုနေ ထွက်သွားရင် ဆရာတူအစ်မကို ပိုပြီးအပြစ်လုပ်မိရာရောက်သွားမှာပေါ့’

သူမှားသွားတယ်.. သူတကယ်မှားသွားတယ်

“ဒါဆိုလည်းမှတ်ထား။ အန္တရာယ်ရှိပြီးဆိုရင် ငါ့ရဲ့ကြက်ဖကို ပျံခိုင်းလိုက်လို့ရတယ်။ အဝေးကို လွှတ်လိုက်လည်း ကိစ္စမရှိဘူး။ သူ့သခင်ကိုသူမှတ်မိတယ်။ ငါပြန်ရှာလို့ရတယ်”

ရှဲ့ချောင်သူ့ကို ကြည့်ပြီး သူမစိတ်ခံစားချက်ကို တည်ငြိမ်အောင်လုပ်လိုက်၏။

သို့သော် ကျန်းကျင်လုက သူမနောက်ကို ဆက်လိုက်ချင်နေသေးမှန်း တွေးမိသည့်အခါ ခဏတာ ဒေါသထွက်ရဆဲ။ မတော်တဆမှုများကို ရှောင်ဖို့အတွက် ရှဲ့ချောင်သည် သူမရဲ့ နှလုံးကျန်းမာဖို့ ဆေးတစ်လုံးယူထုတ်ပြီး သုံးလိုက်ရသည်။ ဒါမှ

သူမမသေမှာပင်။

ကျန်းကျင်လုသည် သူ့အစ်မ စားလိုက်တဲ့အရာနှင့်ပတ်သက်ပြီး မေးချင်နေပြန်၏?

ဆေးလုံးတစ်လုံးမလား… အစ်မမှာ ဘာရောဂါရှိနေလို့လဲ?

သူမမှာ အကူအညီလိုနေတယ်ဆိုရင် ကျိန်းသေပေါက်ကူညီပေးမှာ

သို့သော် ခုနလေးတင်ကမှ ပါးစပ်ပိတ်နေဖို့ သဘောတူထားတာဖြစ်လို့ . စကားမပြောရဲသေးပေ။

ရှဲ့ချောင် အရှေ့ကို ဆက်လျှောက်သွားလိုက်သည်။

တကယ်တော့ သူမ ကျန်းကျင်လုကို ရှေ့ဖြစ်‌ဟော

ဆိုင်းဘုတ်ကိုလည်း ကိုင်စေချင်နေ၏။ သို့သော် သူမရဲ့ဆရာတူမောင်သည် တာအိုဆရာတွေဆိုလျှင် အလွန်သတိကြီးမှန်း သိတာကြောင့် ထိုသို့လုပ်ခိုင်းပြီး လက်စားချေမနေတော့ပေ။

“ဘာလို့ သွေးမြင်ရင် ခေါင်းမူးလာတာလဲဲ” ခဏကြာလမ်းလျှောက်ပြီးနောက် ရှဲ့ချောင်သည် ထိုင်ဖို့တစ်နေရာရှာကာ မေးလိုက်၏။

ကျန်းကျင်လုသည် တစ်လမ်းလုံးတိတ်ဆိတ်နေကာ ဒီနေ့တစ်နေ့လုံးစကားပြောရ‌တော့မှာ မဟုတ်ဟု ထင်ခဲ့မိသည်။ သူ့အစ်မဆီကနေ မေးခွန်းကြားလိုက်ရတာကြောင့် ချက်ချင်းပြန်ဖြေလိုက်သည်။

“ဘာမှမဟုတ်ဘူးရယ်…”

“မင်းငါ့နောက်ကနေ လိုက်လာတာ ငါဘာလုပ်နေလဲ နားလည်ချင်လို့မလား၊ အဲ့လိုဆိုရင် ဆရာတူအစ်မနဲ့ မောင်အနေနဲ့ မင်းရဲ့ အခြေနေကို ငါ

လည်း သဘောပေါက်ထားသင့်တယ်၊ အရာရာတိုင်းမှာ အကြောင်းတရားရှိတယ်။ သဘာဝအတိုင်းဖြစ်တာနဲ့ တစ်ခုခုကြောင့်ဖြစ်သွားတာပဲရှိတာ။ နောက်ကကိစ္စဆိုရင်၊ နောက်ပိုင်း မင်းအဲ့လိုမဖြစ်အောင် ရှောင်မလို့။ အင်း.. အတွင်းရေး ပြဿနာတွေက ပြောဖို့မသင့်တော်ဘူးလို့ထင်ရင် ငါမမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်”

••••

အခန်း ၉၃၅။ ရေစက်ပါသူ

ဆေး‌သောက်ပြီးတဲ့နောက် ရှဲ့ချောင်ရဲ့လေသံက အားအင်အပြည့်ဖြစ်နေသည့်တိုင် စိတ်ရှည်‌နေဆဲ။

သူမရဲ့ လေသံက အင်မတန် သက်တောင့်သက်သာ ဖြစ်နေလေသည်။

ကျန်းကျင်လုရဲ့ ကြောက်စိတ်ရောဂါသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်။

သူအနေနဲ့ တစ်ဖက်လူတွေအပေါ် စိတ်ပူစရာထပ်မပေးချင်၍ ထိုအကြောင်းအား မပြောချင်တော့ပေမဲ့ ဆရာတူအစ်မက မေးလာပြီဖြစ်၍ သူ မဖုံးကွယ်နေတော့။

“အဲ့တာက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး၊ အဲ့ဒီ အကြောက်လွန်ရောဂါနဲ့လည်း မွေးလာခဲ့တာမှမဟုတ်တာ။ ငယ်ငယ်က သွေးမြင်ပြီး

တော့ စိတ်‌ဒဏ်ရာဖြစ်သွားတာ”

ကျန်းကျင်လုမှာ အတော်လေးရှက်နေမိသည်။

“ကျွန်တော့်ရဲ့ အမေ ဘယ်လိုသေသွားလဲ အစ်မသိတယ်မလား၊ အမှန်အတိုင်းပြောရရင် ကျွန်တော့်အမေဆုံးသွားတဲ့နေ့က သူသွေးအန်ပြီး ကျွန်တော့်မျက်နှာတစ်ခုလုံးကို စင်သွားခဲ့တယ်၊ အဲ့တုန်းက ကျွန်တော့်မျက်လုံးတွေဆို သွေးနီရောင်ဖြစ်ပြီလို့ကို ထင်ခဲ့မိတာ၊ အဲ့အချိန်ကစပြီး သွေးကြောက်တဲ့ရောဂါ ဖြစ်သွားတော့တာပဲ”

တကယ်တမ်း သူ အရွယ်ရောက်လာပြီးချိန်မှာတော့ အရင်ကလောက်မဆိုးတော့။

ယခင်ကဆိုလျှင် အနီရောင်ကိုမြင်တဲ့အချိန် သို့မဟုတ် သွေးဟူသည့် စာလုံးကို ကြားတာနဲ့တင် မသက်မသာဖြစ်လာရသည်။

နားထောင်ကြည့်ပြီးတဲ့‌နောက် ရှဲ့ချောင် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

ထိုအတိုင်းသာဆိုလျှင် ကျန်းကျင်လုတစ်ယောက် သူ့ရဲ့ အလုပ်အား အခုလို အကြောက်အကန်ခုခံနေတာ မထူးဆန်းတော့။

“ အမှန်တရားကို ရှာဖို့အတွက်နဲ့ ငါ့နောက်ကနေ လိုက်နေစရာမလိုဘူး၊ လောကကြီးထဲမှာ နတ်ဘုရားနဲ့ ဝိဉာဉ်တွေကို မယုံတဲ့သူတွေမှ အများကြီး၊ ငါ့ကို ယုံကြည်တဲ့သူတစ်ယောက် တိုးလာတာပဲဖြစ်ဖြစ် လျော့သွားတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊၊ နောက်ပိုင်းကျ မင်းနဲ့ငါနဲ့ နည်းနည်းလောက် ခပ်ကင်းကင်းနေလိုက်ရုံပဲ”

ရှဲ့ချောင်က အတော်လေး နားလည်ပေးထားသည်။

“တခြားသူရဲ့ကိစ္စကို ဝင်မပါနဲ့” ဟူသော ဆိုရိုးစကားတောင် ရှိပေသည်။

ဒါတင်မက ကျန်းကျင်လုသည် သူ့တစ်ဘဝလုံး မကောင်းဆိုးဝါးဝိဉာဉ်များကို ယုံကြည်ခဲ့သူမ

ဟုတ်။ ဒါလည်းကောင်းတဲ့အရာတစ်ခုပေ။ အနာဂတ်မှာ ဒုက္ခရောက်မှာမဟုတ်ဘူးဆိုတာ သက်သေပြနေသည်။ သူ့ရဲ့ ဘဝက ဖြောင်ဖြူးပြီး ကြွယ်ဝချမ်းသာလိမ့်မည်ပေ။

သူမ ထိုသို့ပြောလိုက်သည့်အချိန် ဆရာတူအစ်မဖြစ်သူဟာ မှန်းဆရခက်သည့် စိတ်နေစိတ်ထားရှိသူတစ်ယောက်ဟု ကျန်းကျင်လုရုတ်တရက်ခံစားလိုက်ရသည်။

ကောင်းကင်ဘုံကိုတက်လှမ်းတော့မည်အလား ရောင်ခြည်တစ်ခုထုတ်လွှတ်နေ၏။

သူမဟာ မွေးရာပါ ဆရာယောင်တစ်ယောက်ပင်။

“ရေစက်ပါတဲ့သူ ရောက်လာဖို့ဘယ်လောက်လောက်ကြာဦးမှာပါလိမ့်” ကျန်းကျင်လုတစ်ယောက် မနေနိုင်မထိုင်နိုင် ညည်းညူလိုက်ပြန်သည်။ ပြောဆိုပြီးနောက် သူသစကားများလွန်းနေမှန်းတွေးမိသွားပြီး ပါးစပ်အမြန်ပိတ်ကာ

မျက်မှောင်ကြုတ်လိုက်သည်။

၎င်းက သူရဲ့အကြီးမားဆုံးပြဿနာဖြစ်နေမှန်း သဘောပေါက်သွားသည်။

စကားများလွန်းတဲ့အကျင့်.. သူပြောင်းမှဖြစ်မည်။ မဟုတ်လျှင် သူ့ရဲ့တစ်ဘဝလုံး နန်းတွင်းရုံးတော်မှာ အလုပ်လုပ်နိုင်လိမ့်မည်မဟုတ်! လူတွေကို အပြစ်ပြုမိလိမ့်မည်ပေ။

“သူ ဒီမှာ၊ ဒါပေမဲ့ အခုလောလောဆယ် အလုပ်များနေသေးတယ်၊ သူပြီးရင် သွားလို့ရပြီ

ရှဲ့ချောင်က မလှမ်းမကမ်းရှိ ဗေဒင်ဆရာတစ်ယောက်အား ညွှန်ပြလိုက်သည်။

လာနောက်နေတာလား?!

အခုမှရေစက်ပါတဲ့သူအကြောင်းပြောနေတုန်းရှိသေးတယ်.. ရောက်နေပြီတဲ့လား?!

ထိုလူက ဖြတ်သွားဖြတ်လာတစ်ယောက်ဆိုလျှင်တော့ ကိစ္စမရှိ.. ဒါပေမဲ့ ဆရာတူအစ်မ‌ပြောနေသည့်သူက.. သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ လူလိမ်??

သူ့ရဲ့ ဆရာတူအစ်မ ပြဿနာရှာတော့မည်ဟု ကျန်းကျင်လုအာရုံရနေလေသည်။

••••

အခန်း ၉၃၆။ လူလိမ်

လူလိမ်ပေါက်စတစ်ယောက်က ဝါရင့်လူလိမ်တစ်ယောက်ကိုသွားပြီး ဗေဒင်ဟောချင်နေတာလား..?.. ဘာ‌တွေဖြစ်နေတာလဲ?!

ကျန်းကျင်လုတစ်ယောက် မနေနိုင်ဘဲ တိတ်တိတ်လေး တတွတ်တွတ်ပြောနေမိ၏။ သူရဲ့ဆရာတူအစ်မ ခဏနေ ထိုလူအိုကြီးနဲ့တွေ့တဲ့အခါ ဘာများပြောမလဲ သိချင်နေလေသည်။

“အဲဒီအဘိုးကြီးက အရင်တုန်းက လူတွေကို ဒုက္ခပေးဖူးတယ်၊ မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်က သူ့ရဲ့ မျက်လုံးကို ကိုင်ထားတာလေ” ရှဲ့ချောင်သည် ဝါးခြင်းတောင်းထဲကနေ ပိုးကောင်ခြောက်များကို ယူထုတ်ကာ သာ့ရှုန်းအား ကျွေးလိုက်၏။

ကျန်းကျင်လု လှမ်းကြည့်လိုက်သည်။

ဘာမှရှိမနေ။

လူအိုကြီးသည် ခဲရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ရဲ့မုတ်ဆိတ်မွှေးကို ထိန်းသိမ်းထားတာ ဘယ်နှနှစ်လောက်ရှိနေပြီမှန်းမသိ။ ရှည်လျားလွန်းပြီး သူရဲ့ ပါးစပ်ကို ဖုံးအုပ်နေသည်။ မုတ်ဆိတ်မွှေးတို့ကို တိထားတာမို့ ပြောရလောက်‌အောင် ရှုပ်ပွနေတာတော့ မဟုတ်။ သူဟာ ပိန်ပိန်ပါးပါးနှင့် ကြင်နာတတ်ပုံပေါ်သည်။

လူအိုကြီးစည် အမျိုးသမီးတစ်ယောက်၏ လက္ခဏာအားဖတ်ပေးနေ၏။ သူဘာပြောနေမှန်းမသိသည့်တိုင် သူ့ရဲ့မျက်လုံးတို့က လေနှင့်သဲတို့ဖြင့် ပြုစားထားသယောင်။ ရံဖန်ရံခါ အမျိုးသမီး၏ လက်အား မြှောက်ကာပွတ်လိုက်သေးသည်။

သူ့ရဲ့ဆရာတူအစ်မက ပိုပိုပြီး လူလိမ်တစ်ယောက်နှင့် တူလာလေသည်။

“အဲဒီ တာအိုဆရာကြီးကို ဘယ်လိုထင်လဲ?”

ရှဲ့ချောင် မေးလိုက်သည်။

ထိုလူ၌ လေလုံးထွားပြီး လူလိမ်တစ်ယောက်၏ မျက်နှာမျိုးရှိသည်။

“ ကျွန်တော် ဘာမှမမြင်ဘူး” ကျန်းကျင်လု အမှန်အတိုင်းဖြေသည်။

“မင်းပြောနိုင်တယ်ဆိုရင် ငါမင်းကို ဒီစာတန်းပေးလိုက်မယ်။ ငါက နှစ်သုံးဆယ် ငါးဆယ်လောက်လေ့လာသင်ယူထားတဲ့သူ၊ လူတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မျက်လုံးရှိတယ်၊ မင်းငါ့ကို

ယှဥ်လို့မရဘူး”

ရှဲ့ချောင်ရဲ့ နှုတ်ကထွက်လာသမျှ အဓိပ္ပာယ်မရှိတာတွေချည်းပင်။

“ဆရာတူအစ်မက အခုမှ ၃၅ ၃၆ လောက်ပဲရှိသေးတာမလား” ကျန်းကျင်လုမှာ အနည်းငယ်ကူကယ်ရာမဲ့သွားသည်။ သူ့ဆရာတူအစ်မရဲ့ စကားတွေက အမှန်ဟုတ်မဟုတ် မပြောနိုင်တော့။

“အဲ့လိုအသေးဖွဲတွေလောက်ကို ဂရုစိုက်နေစရာမလိုဘူး” ရှဲ့ချောင်ထိုသို့ပြောပြီးနောက် လူလိမ်ရှေ့က အမျိုးသမီးထွက်သွားသည်။ သူမလည်း ချက်ချင်းဆိုသလို ပစ္စည်းသယ်ပြီးသွားလိုက်၏။

လူလိမ်အဖိုးကြီးက ပြန်မော့ကြည့်လိုက်ချိန် စာတန်းကိုအရင်ဦးဆုံးမြင်လိုက်ရပြီး ထို့နောက်

ရှဲ့ချောင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ အထင်သေးသည့် အရိပ်အ‌ယောင်တို့ ဖြတ်ပြေးသွားသည်။ သူမအား ကြင်နာသည့်မျက်နှာထားဖြင့် “ဒီ‌တော့ မင်းကငါနဲ့ နယ်ပယ်အတူတူပဲပေါ့၊ စီးပွားရေးမကောင်းဘူးထင်တယ်။ မင်းကြည့်ရတာ ချမ်းသာတဲ့ ပုံမပေါ်ဘူး၊ မင်း စီးပွားရေးလုပ်ချင်တယ်ဆို အနောက်ဘက်က မြို့ဆီထွက်သွားဖို့လိုလိမ့်မယ်”

“ဒါပေါ့ ၊ ဒါက အရှေ့ဘက်မြို့လေ ကျွန်မသာ အနောက်ဘက်ကို သွားရင် မုန့်ကျားပေါင်တစ်ခုလုံးကိုဖြတ်ရမယ်၊ တစ်လမ်းလုံး လူအတွေနဲ့ လွယ်လွယ်တွေ့ရမှာပေါ့” ရှဲ့ချောင် ရယ်လိုက်သည်။

ကျန်းကျင်လု၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်သွားသည်။

လူလိမ်နှစ်ယောက် ဘယ်လိုလိမ်ရမလဲ ဆွေးနွေးနေသည်ဟုတောင် တွေးမိသွားသည်။

“သိတယ်ဆိုရင်လည်း ဘာလို့မြန်မြန်မထွက်သွားသေးလဲ၊ နောက်မကျခင် မြန်မြန်ထွက်သွား၊ မဟုတ်ရင် ငတုံးတွေနဲ့တောင် တွေ့မှာမဟုတ်ဘူး” လူလိမ်အဖိုးကြီးက စိတ်တိုနေဟန်။ “ဒီလမ်းက ငါ့အပိုင်ဖြစ်နေပြီ၊ အခုလေးတင် ငါ့ရဲ့ စီးပွားရေး ဘယ်လောက်ကောင်းလဲ မင်းမြင်မှာပါ၊ မင်းငါနဲ့ ပြိုင်ချင်တယ်ဆို အသက်နောက်ပြန်လှည့်ပြီး နှစ်၂၀ လောက်ကျင့်ကြံမှပဲ ရလိမ့်မယ်"

••••

All Chapters