← Chapters

အခန်း (၉၃၇-၉၄၀)

Vol. 48 Ch. 937-940

အခန်း (၉၃၇-၉၄၀)

Vol. 48 Ch. 937-940

အခန်း ၉၃၇၊ ဗေဒင်ဟောခ

လူအိုကြီးက ရှဲ့ချောင်အား အထင်သေးဟန်ဖြင့် ကြည့်လိုက်၏။ သူမအား ဖြတ်ခနဲ ကြည့်လို့အပြီး ကျန်းကျင်လုအား မြင်လိုက်ရသဖြင့် သူ့ရဲ့မျက်နှာအမူအရာက ပို့လို့တောင် ထူးဆန်းသွားသည်။

ဗေဒင်‌ဟောဖို့ ထွက်လာတာကို ကလေးပါခေါ်လာသေးတာလား?

က‌လေးကို ကြည်စမ်းပါဦး.. ၁၅ နှစ် ၁၆ နှစ်လောက်တောင်ရှိနေပြီမဟုတ်ဘူးလား.. ရုပ်လေးကကြည့်ကောင်းသေးတယ်.. သူ့ရဲ့ရုပ်ရည်နဲ့ဆို အများကြီးလုပ်လို့ရတယ်. ဘာကိစ္စလူတွေကို လှည့်စားနေမှာလဲ?!

သူတို့ရဲ့ နယ်ပယ်မှာ စီးပွားရေးလုပ်တာ လွယ်

သည်မဟုတ်...အသက်ကြီးနေမှပဲ စီးပွားရေးကောင်းပေမည်!

“ဘယ်သူက ရှင်နဲ့ ပြိုင်ချင်တယ် ပြောလဲ၊ ဒီအညတရဆရာက ရှင့်ကိုလာရှာတာ.. ရှင်ကပ်ဘေးကြီးတစ်ခုကြုံရတော့မယ်လို့ မြင်လို့. အဲဒီအတိဒုက္ခကို ကျော်ဖြတ်နိင်အောင်ကူညီပေးမလို့ လာတာ”

ရှဲ့ချောင်က နှုတ်ခမ်းတို့စုဝိုင်းရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

ကျန်းကျင်လုကတော့ သူ့မျက်နှာကို အုပ်ထားချင်နေလေပြီ။

သူအသက်ရှင်လာတဲ့တစ်ယောက်မှာ ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့တစ်ခါမှ မတွေးဖူးဘူး…

ရှဲ့ချောင်၏ စကားကြောင့် လူအိုကြီးက ဒေါသထွက်ထွက်ဖြင့် ရယ်လိုက်သည်။

ဒီလိုစကားတွေကို သူကလွဲပြီး ပိုရင်းနှီးနေတဲ့သူ ရှိမှာတဲ့လား..?

သူ့ရှေ့လာပြီး ကြွားချင်နေတာ ဘယ်သူက ဆရာလဲ မသိတာထင်တယ်..!

“လူလိမ်တွေ၊ ဒီသားအမိနှစ်ယောက်က ဘယ်ကရောက်လာတာလဲ? ပိုက်ဆံပြတ်နေတယ်ဆိုရင်လည်း စားစရာတောင်းပြီး သူတောင်းစားလုပ်လေ၊ ငါ့ကိုများ လာလိမ်နေသေးတယ်။ မင်းက မသေမျိုးရဲ့တပည့်တစ်ယောက်ကို အပြစ်ပြုနေတယ်ဆိုတာ၊ သတိထားဦး တော်ကြာ မင်းတို့အကန်းနှစ်ယောက်ကို ကောင်းကင်ဘုံကနေ မိုးကြိုးပစ်နေဦးမယ်”

အနှီဗေဒင်ဆရာတစ်ယောက် ဒေါသတလိမ့်လိမ့်ထွက်လာလေသည်။

ပိုက်ဆံရဖို့အတွက်ဆိုလျှင် သူဟာ ဘာမဆိုအကုန်လုပ်မည့်သူပင်!အစက သူ့ရဲ့ အရည်အချင်းက အဓိပ္ပာယ်မရှိတာတွေပြောပြီး လူတွေကို ခြောက်လှန့်ဖို့သာ။ သူဟာ ဆရာအစစ်တစ်ယောက်မဟုတ်သည့်အတွက် ကျောထောက်နောက်ခံလည်းမရှိပေ။

ကျန်းကျင်လု မှင်တက်သွားရသည်။

သူ့ရဲ့ဆရာတူအစ်မက ပိုက်ဆံပေးလိမ့်မယ်လို့ သူ မယုံနိုင်၊

ငွေစအနည်းငယ်ဆိုပေမဲ့ အနည်းဆုံး တစ်စနှစ်စလောက်ဖြစ်သည်လေ!

ဗေဒင်ဆရာနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ထိုင်လိုက်၏။ ထိုင်ပြီးသွားသည့်နောက် ရှဲ့ချောင်က ဗေဒင်

ဆရာကြီး၏ ဘေးကို လှမ်းကြည့်လိုက်သည်။

အမျိုးသမီးမကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင် ရပ်နေ၏။ သူမဟာ အသက်မကြီးသေး ၁၃ နှစ် ၁၄ နှစ်လောက်သာ ရှိသေးမည့်ပုံပင်။ သူမတစ်ကိုယ်လုံး အနာများဖြင့် ဖုံးနေပြီးခန္ဓာကိုယ်၌ အသားဟူ၍ တစ်စက်လေးမှမရှိ။ သူမရဲ့ ဝိဥာဥ်က နာကြည်းချက်တို့ဖြင့် ပြည့်နေပြီး လူအိုကြီး၏ နောက်ကို ခေါင်းမာစွာဖြင့် လိုက်နေလေသည်။ သူမက သူ့ရဲ့ မျက်လုံးတို့ကိုသာ ဆက်တိုက်တို့ထိနေသည်။

ထိုအတိုင်းသာဆက်လုပ်နေလျှင် ရေရှည်၌ ဗေဒင်ဆရာလူအိုကြီးတွင် မျက်လုံးရောဂါတစ်ခုခု ဖြစ်လာပေတော့မည်။

သို့သော် ရှဲ့ချောင်က လူအိုကြီးကို မသနားပဲ မကောင်းဆိုးဝါးဝိဥာဥ်ကိုသာ သနားနေမိသည်။

ကလေးမလေးဟာ ဒဏ်ရာရနေသည့်တိုင် ကောင်းကောင်းမွန်မွန်မွေးလာတဲ့သူတစ်ယောက်ဖြစ်သည်။ မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်အဖြစ်ကို ပြောင်းသွားပြီး ဆံပင်တို့ဖရိုဖရဲဖြစ်နေပေမဲ့ သူမဟာ ကြည့်ကောင်းသူတစ်ယောက်မှန်းသိသာနေဆဲ။

“နင်ဘာလို့ သူ့မျက်လုံးကို ဖောက်ထုတ်နေရတာလဲ? ဘာလို့ အဲ့လောက်များတဲ့ နာကြည်းချက်တွေနဲ့ သူ့နောက်ကိုလိုက်နေရတာလဲ..? မင်းကို ဘယ်အရာက ဆန္ဒမရှိဖြစ်စေတာလဲ၊ ငါ့ကိုပြော ဒီအညတရဆရာက မင်းရဲ့ နာကြည်းမှုတွေကို ဖြေဖျောက်ဖို့ ကူညီပေးမယ်…”

••••

အခန်း ၉၃၈။ ဒေါသပြေစေရန် ရိုက်ပေး

ရှဲ့ချောင်ရဲ့စကားတို့ကို ကြားလိုက်ရသည်နှင့် ကျန်းကျင်လုရော ဗေဒင်ဆရာလူအိုကြီးရော ဇဝေဇဝါဖြစ်ပြီး မှင်တက်ကုန်ကြသည်။

“မင်းဘာပြောလိုက်တာလဲ.?” ဗေဒင်ဆရာကြီးက နားကလော် လိုက်၍ ဘယ်ပြန်ညာပြန်ကြည့်ကာ “ငါ့ကိုမေးနေတာလား”

“မဟုတ်ပါဘူး. ရှင့်ဘေးက ကလေးမလေးကို မေးနေတာ” ရှဲ့ချောင်ပြုံးလိုက်ပေမဲ့ ၎င်းက လေအေးတစ်ချက်ပမာ လူတွေကို ခံစားသွားရစေသည်။

ဗေဒင်ဆရာလူအိုကြီးမှာ ထိုစကားကြောင့် နည်းနည်းတော့ လန့်သွားသည်။

သို့သော် သေချာပြန်စဥ်းစားကြည့်ပြီးနောက်

“ဟ မင်းဘာလုပ်ဖို့ ကြိုးစားနေလဲ ငါသိသားပဲ! မင်းက ငါပိုက်ဆံရှာနိုင်နေတာကို မနာလိုဖြစ်ပြီး ငါ့ကိုလာခြောက်နေတာမလား? ငါက လောကနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တဲ့သူ မင်းခြောက်ချင်တိုင်း ခြောက်လို့ရတဲ့ သူမဟုတ်ဘူးကွ! ဘယ်က ကလေးမလဲ? ငါမင်းကို ယုံမယ်များထင်နေတာလား?’

“ရှင် ဒီငွေစကို လိုချင်လား? လိုချင်တယ်ဆို ငြိမ်ငြိမ်လေးထိုင်နေ၊ ကျွန်မရှင့်ကိုမေးတဲ့အထိစောင့် ပြီးရင်ဖြေ” ရှဲ့ချောင် ဖြည်းဖြည်းချင်းပြောလိုက်သည်။

ဗေဒင်ဆရာလူအိုကြီးမှာ နင်သွားသည်။

ငွေစလိုချင်တာပေါ့!

သူ စကားဆက်မပြောတော့!

“နင်က မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်..နင်သူ့ကို ဘယ်လောက်ပဲ မုန်းမုန်း မကျေမနပ်ပဲဖြစ်ဖြစ်၊ သူ့ကို တစ်ခုခုသွားလုပ်လို့ကောင်းတာမရှိဘူး၊ မဟုတ်ရင် ခံရမယ့်သူက နင်ပဲဖြစ်လိမ့်မယ်၊ နင်လည်းမြင်တဲ့အတိုင်း ဒီအညတရဆရာက သူများတွေနဲ့မတူဘူး၊ ငါက သက်ရှိလူသားတစ်ယောက်ဆိုတော့ ငါနင့်အတွက် လုပ်ပေးလို့ရတယ်” ရှဲ့ချောင်ထပ်ပြောလိုက်သည်။

မကောင်းဆိုးဝါးဝိဥာဥ်သည် အစက အာရုံခံနိုင်စွမ်းသိပ်မရှိပေမဲ့ ရှဲ့ချောင် ချဥ်းကပ်လာသည့်အခါ သူမကိုယ့်ပေါ်က ရနံ့ခပ်ဖျော့ဖျော့ကို ရလိုက်သည်။ ထိုရနံ့က လူတွေကို စိတ်ငြိမ်စေနိုင်သော လန်းဆန်းသည့် ရနံ့တစ်ခုပင်။

“သူက လူလိမ်တစ်ယောက်” ကလေးမလေးခမျာ

သွေးမျက်ရည်တို့ စီးကျလာ၏။

“ဟုတ်တယ်၊ သူက လူလိမ်၊ ဒါပေမဲ့ နင်ကသေပြီးသားလူတစ်ယောက်၊ သူ့လိုလူလိမ်တစ်ယောက်အတွက်နဲ့ နင့်ဝိဥာဥ်ကို စတေးဖို့ မလိုဘူးလေ ဟုတ်တယ််မလား” ရှဲ့ချောင်၏ လေသံကို သိမ်မွေ့လို့နေသည်။

ထိုကလေးမလေးဟာ ကြမ္မာဖန်သူတစ်ယောက်ဟု ရှဲ့ချောင်ပြောရခြင်းမှာ သူမရဲ့ ပုံပန်းသွင်ပြင်နှင့် နာကြည်းချက်တို့ကြောင့် ဖြစ်၏။

ကလေးမ၏ မျက်နှာဟာလည်း အတန်သင့်ပျက်စီးနေတယ်ဆိုပေမဲ့ ပြဿနာက သိပ်မကြီး။ သူမဟာ အသက်ရှင်စေက ကြည့်ကောင်းပြီး တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ကလေးမတစ်ယောက်မှန်း မြင်သာပေသည်။

သို့သော် သူမ၌ နာကြည်းချက်များစွာရှိနေသည်။ သူမရဲ့ ဆင်ခြင်တုံတရားအား ခဏတာထိန်းသိမ်းထားနိုင်လောက်ပေမဲ့ ရေရှည်အတွက်တော့ ပြောရခက်သွားပေသည်။

မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်က အမှားတစ်ခုလုပ်မိလျှင် အစကပြန်စနိုင်မည့် အခွင့်အရေး အလွန်နည်းသွားသည်။

ကလေးမမှာ နှုတ်ဆိတ်နေသည်။

ရှဲ့ချောင်ခဏစဥ်းစားလိုက်ကာ, “ ငါက တာအိုဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်၊ ဒါပေမဲ့ငါနင့်ကို မြင်နိုင်နေတယ်ဆိုတော့ ငါကလူလိမ်တစ်ယောက်မဟုတ်ဘူးဆိုတဲ့ သဘောပဲ၊ နင့်မှာ ဆန္ဒတစ်ခုရှိတယ်ဆို ငါဖြည့်ဆည်းပေးလို့ရတယ်၊ နင့်ဆန္ဒပြည့်ဝသွားပြီဆို ငါ့နောက်ကို လိုက်ခဲ့၊ ငါနင့်

ကို ပို့ပေးမယ်လေ၊ ဘယ်လိုလဲ”?

သူမ အခုထိဘာမှမပြောသေး

“နင်သူ့ကို သတ်တာကလွဲလို့ ကျန်တာဘာမဆိုဆုတောင်းလို့ရတယ်”

ရှဲ့ချောင်ခဏရပ်၍.. “ဥပမာ.. နင့်ရဲ့ဒေါသပြေတဲ့အထိ ငါသူ့ကို ရိုက်ပေးလို့ရတယ်၊ ကြည့်လိုက်လေ။ ငါ့မှာ မောင်လေးတစ်ယောက်လည်း ပါတယ်။ သူက ယောကျာ်းလေးဆိုတော့ အရမ်းသန်တာ၊ လက်သီးတစ်ချက်လောက်နဲ့တင် ခေါင်းကိုပိတ်ထိုးပြီး လဲအောင်လုပ်နိုင်တယ်…”

လူလိမ်အဖိုးကြီးက သူမအားစက်ဆုပ်စွာဖြင့် ကြည့်နေသည်။

ကျန်းကျင်လုကတော့ ပြောစရာစကားပျောက်ဆုံး

နေပြီး ရိုးသားရှာသည်။

‘ ငါနဲ့ ဘာဆိုင်လို့လဲ’

တော်ပြီ ထားလိုက်တော့.. သူ့ဆရာတူအစ်မက ပေါက်ကရစကားတွေနဲ့ ပြည့်နေတာ.. အသားကျသွားဖို့ပဲလိုတယ်

“တကယ်လား” မကောင်းဆိုးဝါးဝိဥာဥ်လေး စိတ်ဝင်စားသွားသည်။

တကယ်တော့ သူမက မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်ဖြစ်ပေမဲ့ သူမ သူ့ရဲ့ မျက်လုံးကိုပဲ အကြာကြီးဆက်တိုက်ထိနေမယ်ဆိုလျှင် ထိူလူအား နောက်နှစ်အနည်းငယ်အတွင်း မျက်လုံးဝေဒနာ ခံစားရရုံလောက်သာ လုပ်နိုင်မယ်ဆိုတာ ကောင်းကောင်းသိသည်။ ဒါသာ ပြဿနာကြီး

တစ်ခုဆိုလျှင် သူမရဲ့ နာကြည်းချက်တို့ကို ပိုပိုပြီး ပြင်းထန်လာမှုကို သက်သေပြနေပေသည်။

မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင်က သက်ရှိလူသားတစ်ယောက်ကို ထိခိုက်အောင်လုပ်မိပါက အပြစ်ပေးခံရတတ်သည်။

သူမမှာသာ တခြားရွေးချယ်စရာရှိနေလျှင် ဒီလိုမျိုးလုပ်ချင်နေမှာမဟုတ်။

“ငါက ဟိုအရင်တုန်းကလည်း မကောင်းဆိုဝါးဝိဥာဥ်တွေအများကြီးကို ကယ်ပေးဖူးတယ်၊ ငါဘယ်တုန်းကမှ မလိမ်ခဲ့ဖူးဘူး” ရှဲ့ချောင်က ကလေးမရှိရာဘက်ကိုကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

ကျန်းကျင်လုသက်ပြင်းချလိုက်၏။

သူ့ရဲ့ ဆရာတူအစ်မရဲ့ အမူအကျင့်တွေက ပိုပိုပြီး အစစ်အမှန်ဆန်လာသည်။ သူမနားမှာ နေတာကြာလေလေ သူမစကားပြောနေတဲ့ မကောင်းဆိုးဝါးဝိဥာဥ်ကို ပိုပြီး ယုံချင်လာလေလေပင်။ ဆရာတူအစ်ကိုရှောင်းနှင့် ဆရာတူအစ်ကိုကျောက်တို့ သူမကို ဒီလောက်ထိ ယုံကြည်ပေးနေတာ မထူးဆန်းတော့။

••••

အခန်း ၉၃၉။ အစာရေစာငတ်ပြတ်နေတဲ့သူတွေကိုသာ ကူညီမည်.. ဆင်းရဲတဲ့သူတွေကို ကူညီမည်မဟုတ်

ကျန်းကျင်လုမှာ ကြောင်အမ်းနေလျက်သား။ သူ့ဆရာတူအစ်မရဲ့ စကားတွေက အမှန်ဖြစ်ဖို့ မျှော်လင့်နေမိသလို တစ်ချိန်တည်းမှာလည်း အမှန်မဟုတ်ဖို့ မျှော်လင့်နေမိသည်။

ထိုအခိုက်အတန့်၌ မကောင်းဆိုးဝါးဝိဥာဥ်သည် ချီတုံချတုံဖြစ်နေခဲ့သည်။

ရှဲ့ချောင်သည် ပညာရှင်တစ်ယောက်နှင့် တူတာမှန်ပေမဲ့ သူမကို အချိန်အကြာကြီးကြည့်ပြီးသည့်အခါ ကြည့်တဲ့သူကို သက်တောင့်သက်သာဖြစ်သွားစေသည်။ တူမတူသည့် အရှိန်အဝါက မကောင်းဆိုးဝါးဝိဥာဥ်အား လုံခြုံသည့် အငွေ့အသက်တို့ကို ပေးစွမ်းနေလေသည်။

“ငါ့ရဲ့မိသားစုတွေက မုန့်ကျားပေါင်နားက ရွာလေးမှာ နေကြတာ.. လွန်ခဲ့တဲ့နှစ်ဝက်လောက်က ငါ့အဖေနေမကောင်းဖြစ်တော့ ငါ့အဖွားနဲ့ အမေက ဆရာမာ ဆိုတဲ့သူ့ကို သွားရှာကြတယ်… အဲဒါသူပဲ.. သူကငါတို့အိမ်ကိုလာပြီး ဖုန်းရွှေလာကြည့်တယ်, ကြည့်လည်းကြည့်ပြီးသွားရော ငါ့အဖေက တစ်ယောက်ယောက်ဆီကနေ ထိန်းချုပ်ခံရတာဆိုပြီး ပြောတယ််”

ကလေးမသည် မျက်ရည်များစီးကျနေဆဲဖြစ်ကာ ၎င်းက လူတွေရဲ့ နှလုံးသားကို နူးညံ့သွားစေသည်။

ရှဲ့ချောင် တိတ်တဆိတ် နားထောင်နေသည်။

မြင်ကွင်းက အရမ်းကိုထူးဆန်းနေသည်။ လူလိမ်အဖိုးကြီးသည် ကျန်းကျင်လုကိုသာ မမှိတ်သုန်မှုန်ကြည့်နေပြီး သားဖြစ်သူက ဒီအမျိုးသမီးမရူးသွားခင် မတားနိုင်မှာကို မကျေမနပ်ဖြစ်နေသည့်အလား။

ကိုယ့်ဘာသာကို စကားပြောနေတဲ့ အပြင်ကို သရုပ်ဆောင်တာကလည်း တော်ချက်!

ဒီလိုလူတွေကို ခြောက်တတ်တဲ့ အရည်အချင်းနဲ့ဆို နှစ်နှစ်ဆယ်လောက်တောင် လိုမှာမဟုတ်ဘူး… နည်းနည်းလောက် အသက်ကြီးတဲ့ပုံပေါ်အောင်သာ ဝတ်လိုက်ရင် လူတွေကို လှည့်စားလို့ရနေလောက်ပြီ!

သူ့ကိုယ်သူ အရှက်မရှိဘဲ တည်ငြိမ်ဟန်ဆောင်ဖို့ အကောင်းဆုံးကြိုးစားနေ၏။

မကောင်းဆိုးဝါးဝိဥာဥ်သည် အတိတ်အကြောင်းပြန်ပြောင်းပြောပြနေစဥ် ဒေါသထွက်လွန်းပြီး တဆက်ဆက်တုန်ရသည်အထိ။ သူမက ဆက်၍, “ငါ့အဖေမှာက သမီးသုံးယောက်ရှိတာ၊ ငါက အလတ်၊ အဲဒီနေ့က ဒီတာအိုဆရာမာက ငါ့အဖွားကို မိသားစုထဲက ကလေးတွေအကုန်လုံးကိုခေါ်ခိုင်းပြီး ပြောပြီး ငါတို့ရဲ လက္ခဏာရှစ်ရပ်ကို ရှင်းရှင်းလင်းလင်းမေးတယ်၊ နောက်တော့ ငါ့အဖေနေမကောင်းဖြစ်ရတာ ငါ့ရဲ့ မကောင်းတဲ့ လက္ခဏာရှစ်ရပ်‌ကြောင့်ဆိုပြီး ငါ့အဖွားကို ပြောပါလေရော”

“အဲ့တုန်းက င့ါအဖေက နေမကောင်းအဖြစ်လွန်ပြီး သေမလိုတောင်ဖြစ်နေတဲ့အချိန်၊ ငါ့အဖွားကလည်းစိုးရိမ်ပြီး ဒီဒုက္ခကြီးကို ဘယ်လိုတားရမလဲ မေးတာပေါ့။ ဆရာမာက ငါ့ကိုအဝေးပို့လိုက်ရင် ပိုကောင်းမယ်ဆိုပြိး ပြောတယ် ငါသာ ကောင်းကောင်းမနေရရင် ငါ့အဖေက နေကောင်း

လိမ့်မယ်၊ ငါအဖေနဲ့ ငါနှစ်ယောက်တည်းက တစ်ယောက်ပဲ ကောင်းကောင်းနေနိုင်မှာတဲ့”

“အဲဒီတုန်းက သူ့စကားတွေကို နားထောင်ပြီး ယုံခဲ့တယ်၊ ငါ စိတ်မကောင်းဖြစ်ပေမဲ့၊ ငါ့အဖေကို ကယ်နိုင်မယ်ဆို ငါ့အသက်ကို ယူမယ်ဆိုရင်တောင် ငါလက်ခံတယ်”

ကလေးမလေးသည် အင်မတန် စဥ်းစားချင်ချိန့်နိုင်စွမ်းရှိလွန်းပေမဲ့ အဲဒီနောက်ပိုင်း ပိုလို့တောင် ပြိုလဲသွားခဲ့ရသည်။

“ငါ့မိသားစုက ငါ့အဖေမရှိဘဲ နေလို့မရဘူး။ အဲတာကြောင့် ငါ့အဖွားက ငါ့ကို ဆောင်ကြာမြိုင်မှာ ရောင်းစားပစ်ခဲ့တယ်! ငါက ဖောက်သည်တွေကို လက်မခံချင်တော့ အရိုက်ခံရတယ်၊ သေတဲ့အထိ အရိုက်ခံခဲ့ရတာ!

“ငါသေသွားပြီးတော့ ငါ့အဖေ ဘယ်လိုနေလဲ သွားကြည့်မလို့ စဥ်းစားခဲ့သေးတယ်”

ရှဲ့ချောင် သက်ပြင်းအကြိမ်ကြိမ်ထနေမိသည်။

သူမအဖေလည်း သေသွားခဲ့လေပြီ။

သူမ အဖေသေသွားခဲ့ရုံသာမက ကျန်တဲ့မိသားစုဝင်တွေလည်း အခြေနေဆိုးခဲ့ရသည်။

သူမရဲ့ အဖွားက မြေးမတွေကို ဆောင်ကြာမြိုင်ဆီရောင်းစားခဲ့သည်။ သူမလည်း တကယ်တော့ ပျော်ရွှင်နေခဲ့တာမဟုတ်။ ဘေးပတ်ဝန်းကျင်က သူမကို လက်ညှိုးထိုးပြောဆိုကြသည်။ သူမရဲ့သားသာ အသက်ပြန်ရှင်လာမယ်ဆို ဒီဒုက္ခတွေကို သည်းခံနိုင်ပေမဲ့ အကုန်လုံးအချည်းနှီးဖြစ်ခဲ့ရသည်။ အမျိုးသမီးကြီးမှာသည်းမခံနိုင်တော့ပဲ

သူမကိုယ်သူမ ကြိုးဆွဲချစီရင်ခဲ့သည်။

သူမရဲ့မိခင်သည် ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ကာ သူမရဲ့သားသမီးတွေကို ကောင်းကောင်းမွန်မွန်နေစေချင်သည်။

သို့သော် သူမရဲ့ ကံကြမ္မာကို ဖတ်ပေးဖို့ ဆရာမာကို သွားရှာသည့်အချိန် အကြွေးများစွာ ချေးယူခဲ့သည်။ မိသားစုသည် အမြဲတမ်းလိုလို သူတို့ရဲ့ ထမင်း‌နောက်တစ်နပ်အတွက် တွေးပူကြရသည်။ သူမလည်း ရွေးချယ်စရာမရှိသည့်အဆုံး အကြီးဆုံးသမီးဖြစ်သူအား စားစရာတချို့နှင့် လဲလှယ်နိုင်ဖို့အတွက် အိမ်ထောင်ပြုပေးလိုက်ရသည်။

အိမ်၌ ကလေးအငယ်တွေသာ ကျန်ရစ်ခဲ့ပြီး သူတို့လည်း ဆိုးဆိုးရွားရွား ဒုက္ခခံကြရသည်။ အနာဂတ်မှာ ဘာလုပ်ရမှန်းမသိကြ။

မကောင်းဆိုးဝါးဝိဥာဥ်ခမျာ ထိုမြင်ကွင်းကို မြင်ပြီး လက်မခံနိုင်ခဲ့။

သူမအနေနဲ့ အများကြီး စတေးထားပြီးပြီမလို့ သူမရဲ့မိသားစုအဆင်ပြေလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ဒီလောက်ထိ ဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။

ဆရာမာသာ သူတို့ကိုမလိမ်ခဲ့လျှင် သူမအဖေမရှိတော့လျှင်တောင် မိသားစုထဲမှာ ပိုက်ဆံတချို့တော့ရှိနေဦးမှာပင်။ အနည်းဆုံးတော့ အချိန်ခဏလောက်တော့ ရှင်သန်နိုင်လိမ့်မည်။ သူမရဲ့ အကြီးဆုံးအစ်မလည်း အသက်လေးဆယ်အရွယ်အမျိုးသားကို လက်ထပ်စရာလိုမှာမဟုတ်သလို သူမရဲ့ အဖွားလည်း သေမှာမဟုတ်။ မိခင်သည်လည်း ပင်ပင်ပန်းပန်းအလုပ်လုပ်နေရမှာမဟုတ်ပေ။

“အဲဒီတုန်းက သူပြောပုံအရဆို ငါ့ရဲ ခေါင်းပေါ်မှာ ကံဆိုးမှုကြီးတွေ့တယ်တဲ့!” မကောင်းဆိုးဝါးဝိဥာဥ်သည် အမုန်းတရားအပြည့်ဖြင့်ပြောသည်။

“သူလိမ်နေတာ၊ သူ ဘာမှမြင်တာမဟုတ်ဘူး။ သူ့မျက်လုံးတွေကမှ မကောင်းတာ။ အဲတော့ ငါဖောက်ထုတ်ပေးမလို့”

မကောင်းဆိုးဝါးဝိဥာဥ်၏ စကားကို နားထောင်ပြီးနောက် ရှဲ့ချောင် ထိုကလေးမအား ကရုဏာသက်မိသည်။

သူမရဲ့မိသားစုကြောင့် အညစ်ညမ်းဆုံးနေရာဆီ အပို့ခံခဲ့ပြီး သေတဲ့အထိ အရိုက်ခံခဲ့ရသည်။ နောက်ဆုံးတော့ သူရဲ့ သေဆုံးမှုက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သူမ ဘယ်လိုလုပ်ပြီး မကျေမနပ်မဖြစ်ဘဲ နေနိုင်မှာလဲ?

“ဒါဆိုလည်း သေချာစဥ်းစားကြည့်၊ နင်ဘာလိုချင်လဲ၊ နင့်မိသားစုကိစ္စက ပြီးသွားပြီဆိုပေမဲ့ သူတို့ရဲ့ဘဝကို နည်းနည်းကောင်းကောင်းလေးနေနိုင်အောင်လို့တော့ လုပ်ပေးလို့ရတယ်” ရှဲ့ချောင် ပြောလိုက်သည်။

တစ်ခါတစ်ရံ သူမအလုပ်တစ်ခုလက်ခံသည့်အခါ ပိုက်ဆံမရတာမျိုးလည်းရှိသည်။ အဲဒီအစား သူမကတောင် ပြန်ပေးရသေးသည်။

သူမအတွက်တာ့ ကောင်းသည့်ကံများစုဆောင်းနိုင်တာနဲ့တင် ကောင်းနေလေပြီ၊ သူမ မညည်းညူချင်။

သူမ ပေးရမယ်ဆိုလျှင်တောင် ရှဲ့ချောင်က အစာရေစာငတ်ပြတ်နေတဲ့သူတွေကိုသာ ကူညီလိမ့်မည်.. ဆင်းရဲတဲ့သူတွေကို ကူညီမည်မဟုတ်။

••••

အခန်း ၉၄၀၊ ခန့်မှန်းကြည့်

ဤမိန်းကလေးမကောင်းဆိုးဝါးဝိဥာဥ်သည်လည်း တစ်နေ့မှာ တာအိုဆရာမတစ်ယောက် ရုတ်တရက်ကြီးသူမရှေ့ရောက်လာပြီး ဆုတောင်းဖြည့်ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ဒါကြောင့် ဤအခိုက်အတန့်မှာ သူမ ဇဝေဇဝါဖြစ်နေမိသည်။

လက်စားပြန်ချေရမလား…. ဒါမှမဟုတ်.. သူမမိသားစုကိုပဲ ပိုပြီးအေးချမ်းတဲ့ဘဝမှာ နေခိုင်းလိုက်ရမလား..?

သူမသေတဲ့အချိန်က သနားစရာကောင်းလွန်းပြီး နစ်နာခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့

သူမ မိသားစုအကြောင်း တွေးမိသည့်အခါတွင် ဝေခွဲရခက်ပြီး မကျေမနပ်ဖြစ်နေဆဲ။

သူမအမေက သူမကို ဆောင်ကြာမြိုင်ဆီ ပို့ဖို့ ဘာလို့ သဘောတူလိုက်ရတာလဲ? ဘာလို့ ဆရာမာရဲ့စကားကိုပဲ နားထောင်ပြီး သူမကို စွန့်ပစ်လိုက်ရတာလဲ?

သူမ အဖေအတွက်ဖြစ်လို့ ဆန္ဒရှိသည်ဆိုသည့်တိုင် ဝမ်းနည်းပြီး မချိတင်ကဲဖြစ်ရသည်။

“ဒီလူလိမ်အဘိုးကြီးကို ငါ့အမေရဲ့ပိုက်ဆံတွေကို ပြန်ပေးအောင်လုပ်ပေးလို့ရမလား...ဒါမှ သူတခြားသူတွေကိုလည်း လိမ်လို့မရတော့မှာ…ဒီလောက်ဆိုရပါပြီ”

မကောင်းဆိုးဝါးဝိဥာဥ်က သေသေချာချာစဥ်းစားကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

ဆရာမာကို သူမမုန်းနေရသည့်အဓိက အကြောင်းရင်းက သူမမိသားစုရဲ့ပိုက်ဆံတွေကို လိမ်လည်ခဲ့တာကြောင့်ဖြင်၏။ ပိုက်ဆံအတွက်ကြောင့်နှင့် သူမဘဝကို ဖျက်ဆီးပစ်ဖို့ ဝန်မလေးခဲ့‌ပေ။

“ရတယ်လေ” ရှဲ့ချောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားခဲ့သည်။

ထို့နောက် ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဥာဥ်အား ပျောက်ကွယ်သွားမှာ စိုးရိမ်သည့်အတွက် ခန္ဓာကိုယ်ပေါ်မှာ အန္တရာယ်မရှိသည့် အဆောင်စာရွက်တစ်ရွက် ကပ်ပေးလိုက်သည်။

“မင်း ဘယ်လောက်ကြာတဲ့အထိ စကားပြောချင်နေတာလဲ” လူလိမ်အဖိုးကြီးမှာ စိတ်မရှည်ဖြစ်နေ

လေပြီ။

ဒီတစ်ယောက်က အနည်းငယ်ကြောက်ဖို့ကောင်း၏။

သူမရဲ့ အကြည့်တို့က သူ့ဘေးမှာ တကယ်ကြီး မကောင်းတဲ့အရာတစ်ခုခုရှိနေသလိုမျိုး ထင်ရစေသည်!

“အခုလေးတင် စကားပြောလို့ပြီးတာ” ရှဲ့ချောင် ပြုံး၍ လူလိမ်အဖိုးကြီးကို ကြည့်ကာ “ကျွန်မ ဒီဝိဥာဥ်နဲ့ စကားပြောကြည့်ပြီးသွားတော့ ရှင်က အကြွေးအကြီးကြီးတင်နေမှန်း သိလိုက်ရတယ်၊ ဒါက ဖြေရှင်းဖို့ အရမ်းခက်တယ်ရယ်၊ ဘယ်လိုလဲ၊ ကျွန်မရှင့်ရဲ့ ကံကြမ္မာကို ဟောပေးရမလား?

ရှဲ့ချောင်သည် သူမလက်ထဲက ငွေစအား ဆော့

ကစားလို့နေလျက်။

“ဟမ့်.. “ လူအိုကြီးက နှာမှုတ်လိုက်ကာ “ငါတို့က နယ်ပယ်အတူတူကပဲ ၊ ဒီတော့ မင်းပြောတဲ့ စကားတွေက ငါရင်းနှီးပြီးသား! ဒါပေမဲ့ ဒီငွေကြောင့် မင်းကြိုက်တာလုပ်”

ထိုစကားကြောင့် ရှဲ့ချောင် ပြုံးလိုက်သည်။

သူမက လိပ်ခွံတစ်ခုကို ယူထုတ်၍ ကြေးပြားအား အထဲမှာ ထည့်ကာ လှုပ်ခါလိုက်သည်။

ကြေးပြား၏ ပုံသဏ္ဍာန်ကို ကြည့်ပြီ ရှဲ့ချောင် မျက်မှောင်ကြုတ်ကာ လူအိုကြီးအား သေချာကြည့်လိုက်၏။

သူမ အနီးကပ်ကြည့်သည့်အခါ သူ့မျက်နှာပေါ်က အကြောင်းတို့ကပိုပြီး ရှင်းလင်းပြတ်သားလာ

သည်။

“ရှင့်မှာ… အဖေနှစ်ယောက်ရှိတာလား?” ရှဲ့ချောင် ရုတ်တရက်မေးလိုက်ကာ “အင်း.. ကျယ်ပြီးတော့ လေးထောင့်ကျတယ်။ ဆိုတော့ ရှင့်အဖေက လူချမ်းသာတစ်ယောက်ဆိုတာ ပြနေတယ်၊ ဒါပေမဲ့… ရှင့်နားရွက်တွေက အဖြူနဲ့ အနီ မညီမညာနဲ့။ သေချာကြည့်လိုက်ရင် နားရွက်နှစ်ဖက်က နည်းနည်းကွာတယ်၊ တစ်ခုက ကြီးပြီး တစ်ခုက နည်းးနည်းသေးတယ်၊ ဒီတာ့ ရှင်ငယ်ငယ်တုန်းက လူကြီးတွေဆီကနေ ကာကွယ်ခံခဲ့ရပေမဲ့ ရှင့်မိသားစုက ကျဆင်းပြီး ပျက်ဆီးသွားခဲ့တယ်”

လူလိမ်ကြီး၏ မျက်နှာမှာ တဆက်ဆက်တုန်နေလျက်။

သူမက သူ့ရဲ့ ကံကြမ္မာအား အတည်ပေါက်ဖတ်နေ၏။

သို့သော်.. သူမပြောနေတာတွေက… အတော်လေးတိကျလွန်းသည်။

“ရှင့်အဖေရဲ့ မျိုးဆက်က ချမ်းသာပြီး မြင့်မြတ်တယ်ဆိုပေမဲ့ အဲဒါက ရှင့်ရဲ့ ကံတရားကို ပျက်စီးစေခဲ့တယ် ရှင့်အသက် ၁၂ နှစ်ဝန်းကျင်လောက်မှာ အနိမ့်အမြင့်အတက်အကျကြီးကြီးမားမားကို ကြုံခဲ့ရမှာပဲ၊ ကွာခြားချက်ကလည်း ကြီးလွန်းတယ်” ရှဲ့ချောင်က စကားပြောနေရင်းနဲ့ သူ့ရဲ့ လက်ဖဝါးကို ဖြန့်ဖို့ လက်ဟန်ခြေဟန်ပြလိုက်သည်။

“ရှင့်ရဲ့ ဘဝမှာ ဒုက္ခသုံးခုနဲ့ ကြုံရမှာ တစ်ခုက ရှင့်ရဲ့ အကြီးအကဲတွေကြောင့် တစ်ခုက အမျိုးသမီးတစ်ယောက်ကြောင့် ၊ နောက်တစ်ခုကတော့ ရှင့်ကိုယ်တိုင်ကြောင့်၊ အဲတာက‌ ရောက်မလာသေးဘူးဆိုပေမဲ့ မကြာခင် ရောက်လာတော့မှာ”

ရှဲ့ချောင်က ဆက်၍ “ကျွန်မပြောတာ မမှားဘူးဆို ရှင့်မှာ သားတစ်ယောက်ရှိခဲ့ပေမဲ့ ကံမကောင်း

ချင်တော့ စောစောစီးစီးသေသွားရတယ်ဟုတ်”

သူ့ရဲ့ သားဘာဖြစ်ခဲ့လဲဆိုတာတော့ … သူမ ခန့်မှန်းကြည့်လို့သာရသည်။

အနှီလူသည် အသက်ကြီးပြီး အတွေ့အကြုံကလည်း များလွန်းသည်။ တော်တော်များများကို ရှင်းရှင်းလင်းလင်းမမြင်ရ။

သူရဲ့လက်ပေါ်က အရေးကြောင်းတို့က မသိမသာ ပြားနေပြီး မျက်နှာပေါ်မှာလည်း အရေးကြောင်းများစွာရှိနေတာကြောင့် ပြောဖို့ခက်ပေသည်။

သို့သော.. အနီးကပ်ကြည့်လိုက်သည့်အခါ လူအိုကြီး၏ ပိုင်ဆိုင်မှုကို မြင်လိုက်ရသည်။ ဟောင်းနွမ်းဖျော့တော့နေသည့် အရုပ်တစ်ရုပ်။ အရောင်အဆင်းက အနည်းငယ် ညစ်ပေပြီးမဲနေသည်။ သူ့မိသားစု အပိုင်ဖြစ်လောက်သည်။

အသေးစိတ်ကျလွန်းသည့် အချက်များအား ရှဲ့ချောင်မမြင်ရပေမဲ့ ထိုလူဟာ ကလေးမရှိ၊ ဇနီးမယားမရှိ၊ အထီးကျန်နေသည့် လူအိုကြိးတစ်ယောက်ဖြစ်မှန်း ရှဲ့ချောင် အဖြေထုတ်လို့ရသွားသည်။

••••

All Chapters