← Chapters

အခန်း (925-928)

Vol. 48 Ch. 925-928

အခန်း (925-928)

Vol. 48 Ch. 925-928

အခန်း ၉၂၅။ အတိတ်က ဖြစ်ရပ်များ

ကျန်းကျင်လု၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်နေ၏။

သူ မြေကြီးပေါ်မှာသာ ဝမ်းလျားမှောက်နေပြီး စကားတစ်ခွန်းမှမဟရဲ။

ဆရာပြောတဲ့ စကားတွေရဲ့ အဓိပ္ပာယ်က… သူ့ကိုမောင်းထုတ်တာလား.. မောင်းမထုတ်တာလား..

သူသေချာနားမလည်နေပေမဲ့ နားလည်းမလည်ချင်ရဲခဲ့ပေ။

“ကျွန်တော့်အမှားကို ဝန်ခံပါတယ်.. ကျွန်တော် ကျိန်းသေပေါက် ပြုပြင်မှာပါ” ကျန်းကျင်လု အင်မတန်ဂရုစိုက်ပြီး ပြောနေ၏။ သူ တကယ်ကို တုန်လှုပ်ချောက်ချားမှုကြီး ရင်ဆိုင်လိုက်ရပုံပင်။

“အဲ့လိုဆိုလည်း သွားတော့၊ အနာဂတ်မှာ မင်းဘယ်လိုပြောင်းလဲသွားမလဲ ငါကြည့်ချင်တယ်”

လီရှီးယန်သည် ဒေါသမထွက်နေသလို

အကျိုးသင့်အကြောင်းသင့်ရှိနေ၏။

ကျန်းကျင်လုမှာ ခဏတာ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။

ဟုတ်တယ်.. သူအမှားလုပ်ခဲ့မိတယ်.. ပြန်ပြင်ဖို့လိုတယ်..

အနာဂတ်မှာ.. သူ့ရဲ့စကားလုံးတွေနဲ့ လုပ်ရပ်တွေအပေါ် ပိုပြီး အာရုံစိုက်မည်.. သစ္စာမရှိတဲ့ လုပ်ရပ်မျိုး. မသိတတ်တဲ့လုပ်ရပ်မျိုးကို ထပ်ပြီးမလုပ်တော့.. သို့သော် ထိုအရာကို သက်သေပြနိုင်ဖို့က အချိန်ကြာဦးမည်ပင်…

သူ့ကိုယ်သူ ဖော်ပြနိုင်မည့်အရာတစ်ခုခု အရင်လုပ်ဖို့ ဆရာက ပြောထား၏..

သို‌သော်.. သူ ဘာများလုပ်နိုင်မှာလဲ..

“မင်းက အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ရုံတင်မကဘူး မင်းရဲ့ အစ်ကိုသုံးကိုပါ သတ်မိတော့မလို့။ မင်းကို ဒီအတိုင်းလွတ်ပေးလိုက်လို့တော့မရဘူး၊ တစ်နှစ်လုံး သုံးရက်တစ်ခါ မူဝါဒသီအိုရီကို ကူးရေးပြီထပ်ရမယ်၊ မင်းရဲ့ ဆရာတူအစ်ကိုနဲ့အစ်မအပေါ်လုပ်ခဲ့တဲ့အမှားအတွက် သူတို့ ခွင့်လွှတ်လာအောင်လုပ်ရမယ်၊ ငါ့မှာ တပည့်ဆိုလို့ နည်းနည်းပဲရှိတာ၊ မင်းတို့တတွေ တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလိုမျိုး စောင့်ရှောက်နိုင်ကြဖို့ မျှော်လင့်တယ်”

လီရှီးယန်သည် ပိုလို့တောင်တည်ကြည်လေးနက်နေသည်။

သူ့ဆရာပြောချင်တဲ့ အဓိပ္ပာယ်ကို ကျန်းကျင်လု ချက်ချင်း သဘောပေါက်သွားသည်။

ဆရာဆိုလိုနေသည်က… သူသာ သူ့ရဲ့ဆရာတူအစ်ကို အစ်မတွေဆီကနေ အသိမှတ်ပြုခံမရဘူးဆိုရင်.. သူဟာ စွ့န်ပစ်ခြင်းခံရမည်.. တစ်နည်းဆို

ရလျှင် ဂိုဏ်းကနေ နှင်ထုတ်ခံရမည်ပေ!

ကျန်းကျင်လုက အားအင်အပြည့်ဖြင့် ဂါရဝပြုလိုက်ကာ

“ ကျွန်‌တော် နားလည်ပါပြီ! ဆရာတူအစ်မနဲ့ ဆရာတူအစ်ကိုတို့ စိတ်မဆိုးအောင် အကောင်းဆုံးလုပ်ပါမယ်!”

“အင်း” လီရှီးယန် ပြန်ပြောလိုက်သည်။

“ငါတို့တွေ မုန့်အိမ်တော်မှာ နေလို့မရတော့ဘူး၊ ဆိုတော့ အတူတူပြောင်းနေကြစို့၊ စန်းယောင် နေပြန်ကောင်းလာတဲ့အချိန်ကျရင် မြိုတော်ကိုပြန်ကြမယ်.. မုန့်ရှန်းသဲ့ရဲ့ မွေးစားသားကိစ္စကတော့…”

လီရှီးယန်သည် ကျောက်ရွှမ်ကျင်းကို ကြည့်လိုက်ကာ;

“အရှင့်သားပဲ ဒီကိစ္စကိုလူလွတ်ပြီး စုံစမ်းပေးပါ၊ လစ်လျူရှုထားလိုက်ပြန်ရင်က မကောင်းရာကျလိမ့်မယ်၊ ကလေးက ငယ်သေးတော့ သူ့မိဘတွေကို ကောင်းကောင်းမေးလိုက်ပါ၊ ထုတ်ပြလို့မရ

တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုရင်တော့ သူ့အတွက် တရားမျှတမှုရှိအောင်လုပ်‌ပေးသင့်တယ်”

“ဟုတ်ကဲ့” ကျောက်ရွှမ်ကျင်း ခေါင်းညိတ်လိုက်သည်။

“ဆရာကို နောက်တစ်ခုပြောဖို့ရှိသေးတယ်”

ကျောက်ရွှမ်ကျင်း ခဏရပ်လိုက်ကာ

“ မနေ့ညတုန်းက ကျို့ဝေ့ကျုံး မုန့်အိမ်တော်ကို စုံစမ်းနေတာ ပြီးသလောက်ရှိသွားပြီ၊ မုန့်ရှန်းသဲ့ရဲ့သားက.. တကယ်တော့ မုန့်ရှန်းသဲ့ကိုယ်တိုင် ဒုက္ခိတဖြစ်အောင်လုပ်ထားတာ”

“မဖြစ်နိုင်တာ”

လီရှီးယန်းမှာ ကြားလိုက်ရသည့်စကားကြောင့် ထိတ်လန်သွားရသည်။

“အဲဒီမုန့်ရှန်းသဲ့မှာ သားဆိုလို့တစ်‌ယောက်ပဲရှိတာ၊ သူက စီးပွားရေးလုပ်နေတုန်း အဆင့်တန်းနိမ့်

တဲ့ အမျိုးသမီးတစ်ယောက်ကိုဝယ်လာပြီး သူ့ဇနီးလုပ်ချင်ခဲ့တယ်၊ မုန့်ရှန်းသဲ့လည်း မကျေမနပ်ဖြစ်သွားပြီး သူ့မိသားစုကို စော်ကားတယ်ထင်သွားတာ‌ပေါ့၊ ပြောရရင် ကိုယ်လုပ်တော်အဖြစ်ပဲ ခေါ်သင့်တာလေ၊ ဒါပေမဲ့ သူ့သားက အရူးအမူးဖြစ်‌နေတော့ အဲ့အမျိုးသမီးနဲ့ ထွက်ပြေးသွားပါလေရော၊ ဒါပေမဲ့ သိပ်ပြီးဝေးဝေးမရောက်ခင်မှာတင် အဖမ်းခံလိုက်ရပြီးတော့ အဲဒီအမျိုးသမီးက သေအောင်အရိုက်ခံခဲ့ရတယ်၊ သူ့အဖေကို ဖိအားပေးချင်တာနဲ့ အဆဲခံ အဆူခံရာကနေ နောက်ဆုံးကျ‌တော့ သူ့ခြေထောက်‌ကျိုးသွားတယ်၊ အမျိုးသမီးကတော့ အသက်ချမ်းသာသွားတာပေါ့”

ထိုနောက်ပိုင်းတွင် မုန့်ရှန်းသဲ့သည် သူ့ရဲ့သားဟာ အပြင်ဘက်က သူပုန်တွေကြောင့် မတော်တဆဒုက္ခိတဖြစ်သွားရတာပါဆိုပြီး အပြင်လူ‌တွေကို ပြောခဲ့၏။

ဒါက သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ပိုကောင်းသည်။

မုန့်ရှန်းသဲ့သည် ထိုအမျိုးသမီး၏ အသက်ဖြင့် ခြိမ်းခြောက်၍ သူ့သားအား ဇနီးတစ်ယောက်လက်ထပ်စေခဲ့ပြီး သားတစ်ယောက်မွေးစေခဲ့သည်။ သူ့ရဲ့သားဟာ ပရမ်းပတာနေတတ်တာကြောင့် သူလက်ထပ်ထားခဲ့သော ဇနီးမှာ လူတွေကြား၌ မျက်နှာပန်းမလှခဲ့ရသလို မပျော်မရွှင်ဖြစ်ခဲ့ရသည်။ သူမသည်လည်း ကလေးမွေးပြီးသိပ်မကြာ သေသွားခဲ့ရသည်။

နောက်ပိုင်း၌ သူ့သားအတွက် ကိုယ်လုပ်တော်အချောအလှများစွာကို ခေါ်ပေးခဲ့ရာ တရားမဝင် သမီးများစွာကို မွေးခဲ့၏။

ကျောက်ရွှမ်ကျင်းသည် အခြေနေအား လီရှီးယန်ကို ရှင်းပြလိုက်သည်။

ထိုအချိန်တုန်းက အမျိုးသမီးသည် အသက်အရွယ်လည်း ကြီးပြီဖြစ်ကာ တစ်နှစ်ပတ်လုံး သော့ခတ်ပိတ်ခံထားရသည်။ သူမလည်း စိတ်ဖောက်ပြန်နေခဲ့လေသည်။

သူမအား မနေ့ညက လွှတ်ပေးခဲ့ကာ မုန့်ရှန်းသဲ့၏ သားဆီသို့ အရုဏ်တက်မတိုင်ခင် အပို့ခံခဲ့ရသည်။ နောင်အနာဂတ်၌ ထိုသားသည် မုန့်ရှန်းသဲ့နှင့် လုံးဝ ဆက်ဆံရေးဖြတ်တောက်လိမ့်မည်ပင်။ ထိုအကြောင်းအရာအား ကြားပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့တော့သည်။

လီရှီးယန်တောင်မှ မယုံကြည်နိုင်သလိုဖြစ်နေခဲ့သည်။

“ဒီလူ့မှာ ဒီလိုမျိုးစရိုက်ရှိနေလိမ့်မယ် မထင်ထားဘူး.. စာအုပ်တစ်အုပ်ကို မျက်နှာဖုံးနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတဲ့ စကားက မှန်နေတာပဲ”

လီရှီးယန်သည် မုန့်ရှန်းသဲ့နှင့် စတွေ့တုန်းက အချိန်ကို ပြန်စဉ်းစားမိကာ ဘာပြောလို့ပြောရမှန်းမသိတော့ပေ….

•••••

အခန်း ၉၂၆။ သူ ငါ့ကိုမယုံဘူး

ရှဲ့ချောင်သည် ရုပ်လက္ခဏာဖတ်နိုင်တယ်ဆိုသော်ငြား အချို့လူများသည် သူတို့ရဲ့မျက်နှာများအား ကောင်းစွာဖုံးကွယ်ထားကြတာကြောင့် သူမအနေနဲ့ ရေတိုကံကြမ္မာကိုသာ ကြည့်ပေးလို့ရသည်။ ပိုဆိုးလျှင် ရှင်းရှင်းလင်းလင်းမမြင်ရတာမျိုးတောင် ရှိတတ်သေးသည်။

လူငယ်များနှင့် အသက်ကြီးနေသူများ၏ ရုပ်လက္ခဏာများက ဖတ်ဖို့ အခက်ခဲဆုံးပင်။

ငယ်ရွယ်သူများကလည်း ငယ်လွန်းတာကြောင့် အသက်ကြီးတဲ့သူများကလည်း အတွေ့အကြုံများစွာ ရှိနေတာကြောင့် သူတို့ရဲ့မျက်နှာများက ပိုပြီး ရှုပ်ထွေးတတ်သည်။

မုန့်ရှန်းသဲ့သည် စီးပွားရေးသမားတစ်ယောက်ဖြစ်၏။ သူလည်း စရိုက်မှန်ကိုဖုံးကွယ်တဲ့နေရာမှာ

တော်တာကြောင့် သူ့ကိုဖောက်ထွင်းမြင်နိုင်ဖို့က ခက်ခဲလှသည်။

ထိုနေ့က သူမသူ့ကို ထမင်းစားစားပွဲမှာတုန်းကသာ ဖျက်ခနဲကြည့်လိုက်ရသည်။ မှိန်ဖျော့‌ေဖျာ့ အလင်းရောင်အောက်တွင် သူ့ကိုရှင်းရှင်းလင်းလင်း မမြင်ရခဲ့။ ထိုပုဂ္ဂိုလ်မှာ ငွေကြေးကံကောင်းပြီး သူ့ရဲ့သားနဲ့မြေးတွေက မပျော်မရွှင်ဖြစ်နေကြတာကို မြက်လိုက်နိုင်သည်။

ဒါကြောင့် သူမထိုစကားများကို ကြားရသည့်အခါ အလွန်အံ့ဩသွားရသည်။

ပိုပြီး အံ့အားသင့်နေသူက ကျန်းကျင်လုပင်။

သခင်ကြီးမုန့်အား သူ အမှန်တကယ်ကို ယုံကြည်ခဲ့သည်။

ဒါကြောင့်လည်း ဆရာတူအစ်မဖြစ်သူရဲ့ခုနစ်စင်ကြယ်မီးအိမ်ကို လစ်လျုရှုခဲ့ကာ ဆန်းကြယ်သမားတော်အားရှာဖို့ပဲ အားသန်နေခဲ့သည်။ အခု

တော့ အမှန်တရားက သူအရှေ့မှာရှိနေပြီမလို့ သူ့မျက်နှာအား ရက်ရက်စက်စက် ဖြတ်ရိုက်ခံလိုက်ရသည့်အတိုငိးပင်။ မျက်နှာတစ်ခုလုံး ထူပူနေလေသည်။

သူ ခေါင်းကိုသာ ငုံ့ထားပြီး ဘာတစ်ခွန်းမှ မပြောရဲ။

ခဏကြာသည့်အခါ သူတို့စတင်ပြောင်းရွှေ့ခဲ့ကြသည်။

ကျောက်ရွှမ်ကျင်းသည် မုန့်ကျားပေါင်၌ အိမ်တစ်လုံးဝယ်ယူခဲ့သည်။ ထိုအိမ်သည် အင်မတန်တိတ်ဆိတ်လွန်းကာ ပြန်လည်နာလန်ထူမည့်သူအတွက် ကောင်းမွန်ပေသည်။

မုန့်အိမ်တော်က မထွက်ခွာခင် ရှဲ့ချောင်ရုတ်တရက် ကျန်းကျင်လုရဲ့ အရှေ့မှာ ရပ်

လိုက်၏။

ကျန်းကျင်လုလည်း မျက်နှာနီရဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်

“ဆရာတူအစ်မ.. ကျွန်‌တော့် အမှားကိုဝန်ခံပါတယ်…”

“အို့..” ရှဲ့ချောင်က ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေပြီး မြေကြီးပေါ်က ညစ်ပတ်နေသည့် နေရာကို လက်ညှိုးထိုးပြလိုက်သည်

“ သွေးမကြောက်တော့ဘူးမလား”

“ဟမ်” ကျန်းကျင်လု ဇဝေဇဝါ ဖြစ်သွားရသည်။

“သွေးတွေကိုကြည့်လိုက်၊ ငါမင်းအတွက် ထားထားပေးတာ၊ ငါကမင်းသဘောကျမယ်ထင်‌နေတာကို မင်းက ကြည့်တောင်မကြည့်ဘူး‌နော်၊ စိတ်ပျက်သွားပြီ”

ရှဲ့ချောင်၏ အသံဟာ ပေါ့ပါးပြီးသာယာနာပျော်ဖွယ်ကောင်းနေပေမဲ့ အေးတိအေးစက်ပုံပေါက်နေခဲ့သည်။

သူမက ခပ်ဖွဖွ‌ပြုံးလိုက်ရင်း;

“သွေးက အတုလို့ မထင်ဘူးမလား၊ ပြီးတော့ ငါက စနောက်နေတယ်ထင်တာမလား၊ ငါ့ရဲ့ ဆရာတူမောင်လေးရယ်.. မင်းက ငါ့ကိုမယုံ …”

ကျန်းကျင်လု၏ မျက်နှာမှာ နီရဲသွားသည်။

“ မဟုတ်ဘူး.. အစ်မ. “

“မြင်လား.. ဒါသွေးတွေပါလို့ ပြောနေတာတောင် မင် အခုထိ သတိမလစ်သွားသေးဘူး”

ရှဲ့ချောင်တခစ်ခစ်ရယ်လိုက်သည်။

သူမကို မယုံကြည်သေးမှန်း သိသာနေ၏။

ထို့နောက် ရှဲ့ချောင်က ကျောက်ရွှမ်ကျင်းကိုဆွဲ

ခေါ်ကာ

“အရှင့်သားရော ဘယ်လိုထင်လဲ?”

ကျောက်ရွှမ်ကျင်း၏ သွယ်လျသည့် ကိုယ်လုံးကိုယ်‌ပေါက်က ရှဲ့ချောင်၏ ဘေး‌တွင်ရပ်နေ၏။

ထိုအခိုက်အတန့်၌ ကျန်းကျင်လုရဲ့ စိတ်ထဲမှာ ဗလာဖြစ်သွားခဲ့သည်။ အိမ်ရှေ့စံမင်းသားနှင့် သူ့ရဲ့ဆရာတူအစ်မက လိုက်ဖက်နေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်..

ဘာတွေဖြစ်နေတာလဲ?

အိမ်ရှေ့စံမင်းသားက ကြင်ရာတော်မင်းသမီးရှိနှင့်ပြီးသားလေ…

“မနေ့က ငါတစ်ယောက်တည်းရှိနေတုန်း မုန့်မိသားစုက အိမ်တော်ထိန်းတစ်ယောက်ရဲ့ ခြေထောက်ကို ခုတ်ပစ်လိုက်လို့ သွေးတွေ စင်‌ထွက်လာတာ၊ ဘာဖြစ်လို့လဲ” ကျောက်ရွှမ်ကျင်း၏ မျက်နှာအမူအရာသည် သိမ်မွေ့နေကာ

သူ့ရဲ့အသံက မနက်ခင်းမှာ ကျည်ကျည်ကျာကျာကြာားရတဲ့အသံတွေလို စိတ်ကိုလန်းဆန်းသွားစေသည်။

“ခြေထောက်ကရော” ရှဲ့ချောင်က အလယ်အလတ်‌နှုန်းထားနှင့် မေးလိုက်သည်။

“ခြေထောက်” ကျောက်ရွှမ်ကျင်းက ခပ်ဟဟရယ်လိုက်ပြီး

“ပြောမရဘူး၊ အရူးတစ်ယောက်က ကောက်ယူသွားပြီး အသားကိုစွပ်ပြုတ်လုပ်ချင်လုပ်မှာပေါ့”

“နှမြေစရာပဲ၊ ဆရာတူမောင်လေး၅က သွေးအစစ်ဆိုတာကို မယုံဘူး‌ရယ်၊ ခြေထောက်ကိုသာ ယူလာလိုက်ရင် ငါပြောတဲ့စကားက အမှန်ဆိုတာ ပြပြီးသားဖြစ်သွားမှာ”

ရှဲ့ချောင် သက်ပြင်းချလိုက်သည်။

သူမ ပုံစံက တကယ်နောင်တ‌ရနေသည့် ပုံပင်။

ကျန်းကျင်လုခမျာ တံတွေးမျိုချလိုက်ပြီး သွေးစက်တို့စွန်းထင်းနေသည့် နေရာကို တွေဝေစွာ စိုက်ကြည့်လိုက်၏။

မနေ့ညက သူ အဲဒီနေရာမှာ တစ်ချိန်လုံး ဒူးထောက်နေခဲ့သည်။

ဝေါ့..

သူ မအန်နိုင်ခင်မှာတင် ခြေထောက်တွေ ခွေကျသွားပြီး သတိလစ်သွားခဲ့လေသည်။

“ပြောသားပဲ သူက နင်တို့ကိုပဲ ယုံတာ၊ ငါ့ကို ယုံတာမဟုတ်ပါဘူးဆိုနေ၊ သူနဲ့တန်တယ်”

ရှဲ့ချောင်က နှုတ်ခမ်းတို့ကို တွန့်ကွေးထားရင်း မြေကြီးပေါ်သတိလစ်နေသည့် ဆရာတူမောင်ဖြစ်သူအား

အထင်သေးဟန်ဖြင့် ကြည့်နေလေသည်။

ရှောင်းယွိရုန်သည် ရှဲ့ချောင်အား သတိထား၍ ကြည့်ပြီး;

“အစ်မ သူ့ကိုဘယ်လိုအပြစ်ပေးမလို့ လုပ်ထားလဲ..”

ရှောင်းယွိရုန်သည် အကြီးတစ်ယောက်ဖြစ်နေ၏။ သူ့ရဲ့ဆရာတူအစ်မက ကျန်းကျင်လုရဲ့ အမှားအပေါ် စိတ်ပြေဖို့ အချိန်လိုဦးမည်မှန်းသိလို့ ကိုယ်စား အသနားခံပေးတာမျိုး လုပ်ဖို့ အစီအစဉ်မရှိခဲ့။

သူ့ရဲ့ဆရာတူညီလေး၅သည်လည်း အသက်မငယ်တော့။ အမှားအတွက် တာဝန်ယူသင့်ပေသည်..

••••

အခန်း ၉၂၇။ မျိုးနွယ်စုတစ်ခုလုံးကို အမှုပတ်စေသူ

ရှဲ့ချောင်သည် ရှောင်းယွိရုန်ရဲ့ တရိုတသေဆန်နေပုံကို မြင်ရသည့်အခါ မျက်နှာချင်းဆိုင်ရမှာ ရှက်နေမိသည်။

သူမ အနည်းငယ်စိတ်ထဲမလုံမလုံဖြစ်သွားမိသည်။

သူမရဲ့ အသံက နူးညံ့သွားကာ;

“မောင်လေး၅က မ‌နေ့ညက ကောင်းကောင်းမအိပ်ထားရဘူးထင်လို့၊ သူလည်း တော်တော်လေး ဒုက္ခခံထားရရှာတာလေ၊ သတိလစ်သွားတာ သူ့အတွက်ကိုအဆင်ပြေတယ်၊ ဒါက ဆရာတူအစ်မတစ်ယောက်အနေနဲ့ လုပ်ပေးသင့်တဲ့ဟာပဲ"

ရှောင်းယွိရုန် မှင်တက်သွားရကာ ခေါင်း‌တော့ညိတ်လိုက်သည်။

သူ မငြင်းဆန်ခဲ့။

သူဟာ အမြဲတမ်း တည်တည်တံ့တံ့‌နေတတ်သူမလို့ သူ့ရဲ့ဆရာတူအစ်မလည်း ထိုနည်းတူပဲဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် သူမက ကျီစားတတ်လွန်းမှန်းသိသွားခဲ့ပြီး လက်စားချေခြင်းနှင့် ပတ်သက်လာသည့်အခါ ကလေးပါဆန်နေလေသည်။

“ သူ သတိလစ်သွားပြီ‌ဆိုတော့ သယ်သွားပြန်ရင်လည်း လူအင်အား ဖြုန်းတီးရာကျလိမ့်မယ်၊ ဒီမှာပဲ ထားခဲ့လိုက်ရင်ရော” ကျောက်ရွှမ်ကျင်းသည် ကျန်းကျင်လုအား ဖြတ်ခနဲသာ ကြည့်လိုက်ပြီး လုံးဝယဉ်ကျေးနေခြင်းမရှိ။

“မုန့်ရှန်းသဲ့ စိတ်ရူးဖောက်ပြီး သူ့ကိုသေအောင်ရိုက်နှက်ပစ်လိုက်ရင်ရော?”

ရှဲ့ချောင်က စိုးရိမ်နေပုံပင်။

“ဒါလည်း ဟုတ်တာပဲ”

ကျောက်ရွှမ်ကျင်း ခနဲ့လိုက်ကာ သူ့အား မြင်းလှည်းပေါ်တင်ခိုင်းလိုက်သည်။

ကျန်းကျင်လုသာ ရှဲ့ချောင်ရဲ့‌မောင်အရင်းသာဆိုလျှင် သူမ သူ့ကို မြေကြီးပေါ်တရွတ်တိုက်ဆွဲပြီး သူမ အားဘယ်လောက်ကြီးလဲ ပြမိလောက်သည်။ သို့သော် ကံဆိုးစွာဖြင့် ကျန်းကျင်လုရဲ့ မျက်နှာကရှိသေးသည်။

သူတို့လို စာသင်သားတွေနဲ့ဖြေရှင်းရတာ ခက်ခဲလှ၏။

ယှဉ်ပြောရလျှင် သူမရဲ့ အစ်ကိုအရင်းနဲ့‌မောင်တို့က ပိုကောင်းသေးသည်။

သူတို့က ပြဿနာရှာရတာကြိုက်ကြပေမဲ့ .. သူမလုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးထားကာ ရက်စက်ကြမ်းကြုတ်မှုအပြည့်ပင်။

ရှဲ့ချောင်လည်း မြင်းလှည်းထဲဝင်ပြီး ထွက်ခွာခဲ့ကြသည်။

အိမ်အသစ်သည် သိပ်ပြီးမဝေးသဖြင့် ခဏအတွင်းရောက်သွားကြသည်။ နေရာချသွားပြီးသည့်နောက် နောက်တောင်ကျနေလေပြီ။

နောက်တစ်နေ့၌ လီရှီးယန် ပြောင်းရွှေ့သွားသည့် သတင်းက ပြန့်သွားခဲ့၏။

မုန့်ကျားပေါင်တွင် စာသင်သားများစွာရှိသည်။ နေရာပေါင်းစုံက လူငယ်စာသင်သားများစွာ သူတို့ရဲ့ ကံကိုစမ်းဖို့ ရောက်လာကြသည်။ လီရှီးယန်ဆီကနေ ရွေးချယ်မခံရလျှင်တောင် လမ်းညွှန်ဆုံးမမှုတချို့ရလိုက်ပါက ကောင်းနေဆဲပင်။

လီရှီးယန်သည် ပညာရှင်တစ်ယောက်ဖြစ်သော်ငြား သူ မလိုက်နာလို့မရသည့် စည်းမျဉ်းတချို့ရှိ‌နေသေးသည်။

ဥပမာအားဖြင့် သူ ပထမဆုံး မုန့်ကျားပေါင်ကိုရောက်လာစဉ်က ဒေသခံအရာရှိများနှင့် မိသားစုကြီးများကို လေးစားကြောင်းပြဖို့အတွက် စာသင်သားတချို့ရဲ့ စားသောက်ပွဲများကို တက်ရောက်ရပြီး ထူးချွန်သူတို့ကို ရွေးချယ်ကာ လမ်းညွန်မှုများ ပေးရတတ်သည်။ လမ်းညွှန်ပေးပြီးနောက် ထိုသို့သော အသေးအမွှားကိစ္စလေးများနှင့် စိတ်ရှုပ်မခံချင်တော့လျှင် တံခါးပိတ်ထားပြီး ဘယ်ဧည့်သည်ကိုမှတွေ့လိမ့်မည်မဟုတ်။

ထိုသို့ဆိုလျှင်တောင် သူ့ရဲ့ လှုပ်ရှားမှုများအား အာရုံစိုက်နေကြသည့် သူများစွာက ရှိနေဆဲ။

အခုလို သူထွက်သွားသည့်အခါ လူများ၌ မေးခွန်းများစွာရှိလာကြသည်။

မုန့်အိမ်တော်မှာ အကြာကြီးနေလာပြီးကာမှ ပြောင်းချင်ရင်လည်း အစကတည်းပြောင်းရမှာပေါ ဘာလို့ အခုမှလဲ?

နောက်ပြီး ဆရာကြီးရဲ့ တပည့်က နေမကောင်းဘူးဆို.. အဲ့ကတည်းက ပြောင်းသင့်တာမဟုတ်ဘူးလား၊

မုန့်မိသားစုမှ တခြားမိသားစုဝင်တွေကလည်း သတင်းရရပြီးချင်း မုန့်ရှီရှန်းဆီလာကာ မေးမြန်းကြသည်။

သို့သော် သူတို့ရောက်သည့်အခါ မိသားစုထဲ၌ ပူဆွေးသောကရောက်နေမှန်း တွေ့လိုက်ရသည်။

ဒါတင်မက မုန့်ရှန်းသဲ့၏ မျက်နှာဟာလည်း နာကြည်းချက်များနှင့် ပြည့်နေပြီး ကြည့်လိုက်ရုံနဲ့တင် ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်သွားမှန်းသိသာနေသည်။

ထိုကိစ္စသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့။

မုန့်မိသားစုရှိအစေခံအားလုံးလည်း တစ်စနှစ်စသိထားကြသည်။

ထိုအခြင်းအရာအား သူတို့ဆီကနေ မေးမြန်းကြည့်ပြီးနောက် မုန့်မိသားစုဝင်များမှာ ပြောစရာစကားပျောက်ရှသွားကြရလေသည်!

“ မုန့်ရှန်းသဲ့! ငါတို့မျိုးနွယ်စုက ဘယ်လိုဒုစရိုက်မျိူးကို ကျူးလွန်ခဲ့မိလို့ မင်းလိုမိသားစုဝင်မျိုးရှိနေရတာလဲ!

မင်းရဲ့ မြေးက ကံမကောင်းဖို့အကြောင်းပါလာပြီးသား! မင်းက အဲ့ဒါတောင် ဆရာကြီးလီကို အပြစ်သွားလုပ်သေးတယ်! သူက မင်းအပြစ်လုပ်ချင်တိုင်းလုပ်လို့ရတဲ့သူမလို့လား! ကောင်းတယ်! မင်းက အခုတော့ တစ်မျိုးနွယ်လုံးကို အမှုပတ်အောင်လုပ်လိုက်ပြီ!"

၎င်းက သေစေနိုင်သည့် ရန်ငြိုးကြီးပင်!

တပည့်များဟာ မွေးစားသားသမီးများလိုဖြစ်ပြီး တစ်ခါတရံ သားအရင်းတွေထက်တောင် ပိုပြီးရင်းနှီးသေးသည်။

မုန့်ရှန်းသဲ့က သူများတပည့်ရဲ့ အသက်ကိုမှ လိုချင်နေတဲ့သူ!

ဒီရန်ကြွေးကို ဘယ်လိုဆက်ရတော့မှာလဲ?!

“မကောင်းတော့ဘူး! မျိုးနွယ်စုခေါင်းဆောင်!ဆရာကြီးလီကို ဒီနေ့ကျင်းပမယ့် စားပွဲအတွက် မြို့နယ်တရားသူကြီးက ဖိတ်ထားတယ်၊ သူ စာသင်သားတွေအများကြီးနဲ့တွေ့ခဲ့မှာ၊ သူသာ ကျွန်တော်တို့ မုန့်မျိုးနွယ်စုအကြောင်းပြောလိုက်ရင် တစ်ချိန်ချိန်မှာ စကားတွေက ပြန့်သွားတော့မှာ၊ အဲ့ကျရင် သူတို့က ကျွန်တော်တို့နဲ့ ရန်သူတွေဖြစ်သွားပြီး မုန့်မျိုးနွယ်စုက ဘယ်သူ့ကိုမှ ဆုံးမမှုတွေ ပေးမှာမဟုတ်တော့ဘူး…

“အိမ်တော်သခင် ကျွန်‌တော်တို့ ဘာလုပ်သင့်လဲ”

ဆရာကြီးသည် အပြင်လူများသိသွားမှာဆိုတာကြောင့် အစားထိုးနည်း သုံးခဲ့တာကိုတော့ ထုတ်မပြောခဲ့။ ဒါတောင် လူတွေက ပိုပြီးစိတ်ဝင်စားနေကြသည်။

သို့သော်လည်း မုန့်ရှန်းသဲ့က သူ့တပည့်ကို သတ်ဖို့လုပ်ခဲ့သည့် ကိစ္စကိုတော့ ထမပြောပဲ မနေခဲ့ပေ…

•••••

အခန်း ၉၂၈။ အနံ့ဆိုးး

အခုချိန်မှာ မုန့်ရှန်းသဲ့အနေနဲ့ တခြားသူတွေအကြောင်း ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မှာလဲ?

သူ့မြေးက သေသွားပြီ! သူ့မှာ မျိုးဆက်တစ်ယောက်မှ ကျန်မနေတော့ဘူး!

သူ့မျက်လုံးထဲ၌ မြေးမိန်းကလေးဖြစ်သူတွေကို ရွေးချယ်စရာတစ်ခုအနေနဲ့ မမြင်။ သူ့ရဲ့မျိုးနွယ်စုကသူတွေ ရောက်လာချိန်မှာလည်း ထိုလူတွေက သူ့ပိုင်ဆိုင်မှုတွေကို ယူဖို့ ရောက်လာကြတယ်ဟုသာ တွေးမိသည်။ လူတိုင်းအား အမုန်းတရားများပြည့်‌နေသည့် မျက်လုံးအကြည့့်များဖြင့် ကြည့်ကာ တစ်ဖက်လူပြောတာကိုလည်း လုံးဝနားမထောင်ချေ။ သူ့ရဲ့အစေခံအား အမိန့်ပေးပြီး လူတိုင်းကို မောင်းထုတ်ပစ်ခိုင်းလိုက်သည်။

“ရူးနေပြီ! သူ တကယ်ရူး‌သွားပြီ! ဒီလိုအချိန်မှာတောင် သူ့ရဲ့ပိုင်ဆိုင်မှုအကြောင်းပဲ တွေးနေရ

တယ်လို့! ငါတို့မုန့်မိသားစုက ငွေကြေးကလွဲပြီး ကျန်တာအားလုံး ချို့တဲ့နေခဲ့တာပဲ”

အိမ်တော်သခင်ကြီးမှာ အင်မတန်‌ဒေါသထွက်နေ၏။

သူ့ရဲ့ အင်္ကျီလက်အား ခါပြီး ထွက်သွားခဲ့လေသည်

သူ့ရဲ့မိသားစု၌ ငွေကြေးဥစ္စာပေါများမှာ စဉ်းစားမိသည့်အခါ လက်ဆောင်ပဏ္ဏာများ ဖောဖောသီသီပြင်ဆင်ပြီး ဆရာကြီး၏ အိမ်အသစ်ဆီပို့ပေးဖို့ သူ့လူတွေကို ချက်ချင်း အမိန့်ပေးလိုက်သည်။

သို့သော် လီရှီးယန်သည် ကိုယ့်စကားကိုယ်တည်သူတစ်ယောက်ဖြစ်သည်။

မုန့်မိသားစုက ပို့လိုက်တဲ့ တောင်းပန်လက်ဆောင်များကို တစ်ခုမှလက်မခံဘဲ ပြန်ပို့ပေးခဲ့သည်။

မုန့်မိသားစုသည် လီရှီးယန်၏ ဒေါသကို ကြောက်၍ အနီးကပ်ကြီး လိုက်မကပ်ရဲ၊ မဟုတ်လျှင် ရလဒ်က ပိုဆိုးသွားပေမည်။

သူတို့ ပြောင်းလာခါစနေ့၌ စန်းယောင် သတိရလာသေးသည်။ စားစရာနည်းနည်း ကျွေးပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပြန်ပြီး အိပ်ပျော်သွားခဲ့၏။ ရှဲ့ချောင်က သမားတော်တစ်ယောက်ကိုပါ ပင့်ခိုင်းပြီး သူ့ရဲ့ခန္ဓာကိုယ်ကို နွေးစေမည့် ဆေးညွှန်းတချို့ပေးစေခဲ့သည်။

ထိုကုသနည်းဖြင့် စန်းယောင်၏ ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး တိုးတက်လာသည်။

ခုနစ်ရက်ကြာပြီးနောက် ပြန်သတိရလာချိန်တွင် အပြည့်အဝ ပြန်ကောင်းသွားခဲ့လေပြီ။

စန်းယောင်သည် တစ်လကျော်လောက် အိပ်ယာထဲလဲနေခဲ့ရ၏။ အစာလည်းမစားရသလို ရေ

လည်း သိပ်မသောက်ရတာကြောင့် ပိန်လှီလွန်းပြီး အာဟာရချိူ့တဲ့နေလေသည်။

သူမျက်လုံးပွင့်လာလာချင်း ဘယ်နှရက်ရှိသွားပြီလား မေးလိုက်သည်။ အချိန်များစွာ ကုန်ဆုံးသွားပြီမှန်း သိလိုက်ရသည့်အခါ ခဏတာတိတ်ဆိတ်သွားခဲ့သည်။

“ညီလေးကျန်း. ငါ့ကိုမှန်လေးယူပေးပါဦး”

စန်းယောင်၏ အသံဟာ အက်ရှနေသည်။

သူ့အသံသူ ပြန်ကြားလိုက်ရသည့်အခါ အလိုလို မျက်မှောင်ကြုတ်မိသွားသည်။

ကျန်းကျင်လုခမျာ လွန်ခဲ့တဲ့ရက်ပိုင်းတစ်လျှောက်လုံး ကြောက်ရွံမှုတို့ဖြင့် နေခဲ့ရသည်။

သူ ထိုနေ့က သတိလစ်သွားပြီးနောက် ပြန်နိုးလာတာနှင့် ဆရာတူအစ်မကို ချက်ချင်းတောင်းပန်ခဲ့သည်။ သိူ့သော် သူမက တံခါးပိတ်ထားပြီး သူ့ကိူအတွေ့မခံ။

တစ်ရက်ပြီးတစ်ရက် သူ ဒုက္ခခံစားခဲ့ရသည်။

ဒီနေ့ သူ့ရဲ့အစ်ကိုသုံး ပြန်ကျန်းမာလာတာကို မြင်လိုက်ရသည့်အခါ နေလို့ထိုင်လို့ ပိုကောင်းသွားသည်။

မှန်ကို ချက်ချင်း ကမ်းပေးလိုက်သည်။

သူ့ရဲ့ ဆရာတူအစ်ကိုအား တရိုတသေကြည့်နေ၏။

စန်းယောင် တုန်ယင်နေတဲ့လက်ဖြင့် မှန်ကိုယူ

လိုက်သည်။

ထို့နောက် သူ့ရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မျက်နှာကို မှန်ထဲမှာတွေ့လိုက်ရလေသည်။

သူ့ရဲ့ မျက်လုံးအိမ်တို့ ကျုံ့သွားခဲ့ကာ..

“ ငါ.. ငါဘာလို့ ဒီလိုဖြစ်သွားရတာလဲ..?”

မျက်နှာတစ်ခုလုံး အရိုးကြီးပဲရှိကာ မျက်လုံးတို့က အသက်မဲ့နေသလို အသားအရေဟာလည်း ဝါကျင့်ကျင့်ဖြစ်နေလျက်။ နောက်ဆုံးအဆင့်ရောဂါသည်တစ်ယောက်နှင့် တူနေလေသည်!

သူ့ရဲ့ ရုပ်ရည်က…

အကျည်းတန်လွန်းတယ်..

“အစ်ကိုစန်း၊ အဲ့ဒီလောက်လည်း မဆိုးသေးပါဘူး,

အဲဒီ မုန့်မိသားစုက အဖိုးကြီးက အစ်ကိုကို့သူ့မြေးရဲ့ အစားထိုးအနေနဲ့ဖြစ်‌စေချင်နေတာနဲ့ ဒုက္ခပေးခဲ့တာ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဆရာက အစ်ကို့အတွက် လက်စားချေပြီးသွားပြီ၊ အခု မုန့်မိသားစု

ရဲ့ အခြေနေကဆိုးနေပြီ၊ သူလည်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး”

ကျန်းကျင်လု ပြောပြလိုက်သည်။

သူသည် မုန့်ရှန်းသဲ့၏ အိမ်တွင်းရေးပြဿာနာရော အပြင်ပြဿာနာတွေကိုရော သိရဖို့ တကူးတကကို အပြင်သွားခဲ့၏။

မုန့်မိသားစုသည် သူ့အား အပြင်ကနေ ဝေဖန်ပြစ်တင်နေကြသည်။

အိမ်မှာလည်း သူ့သားက အလကားမနေ။ မုန့်မိသားစု၏ တခြားမိသားစုဝင်များကိုဆက်သွယ်ကာ သူ့အဖေက စိတ်ဖောက်ပြန်နေပြီဖြစ်ကြောင်း၊ သူ့ကိုအစားထိုးပစ်ချင်နေကြောင်း ပြောခဲ့သည်။

သူသာ အောင်မြင်ခဲ့လျှင် သူ့ရဲ့ခြေထောက်ကိုချိုး၍ အတင်းအကျပ် လက်ထက်ကလေးမွေး

စေသော ထိုအဖေသည် အနာဂတ်မှာ ဘယ်တော့မှ အလင်းရောင်ကို မြင်ရတော့လိမ့်မည်မဟုတ်။

“သခင်ကြီးမုန့်လား, သူ တကယ်သေသင့်တယ်”

စန်းယောင် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါနဲ့ ဆရာတူအစ်မရဲ့ အသံကို ကြားလိုက်ရသလိုပဲ”

“ဟုတ်တယ်.. ဆရာနဲ့ အစ်မကို ကျွန်‌တော် အခုသွားခေါ်လိုက်မယ်”

ကျန်းကျင်လုတစ်ယောက် ခပ်သွက်သွက်ထရပ်ကာ အင်မတန်အာရုံစိုက်နေလေသည်။

စန်းယောင်သည် သူ့ရဲ့ ရုပ်ရည်သွင်ပြင်နှင့်ပတ်သက်ပြီး တစ်ခုခုလွဲနေသလို ခံစားနေရသည်။

“ခဏလေး.. အစ်ကို့ကိုလေ.. အမျိုးသမီးတွေ သူတို့မျက်နှာမှာလိမ်းတဲ့ဟာတချို့ ရှာပေးပါလား.

ပြီးတော့ အသားကောင်းတဲ့ အင်္ကျီလည်း ဝယ်ခဲ့ပေးဦး..ဒီအဝတ်အစားတွေက အရေပြားကို ပွတ်နေသလို ခံစားရတယ်၊ ယားကျိယားကျိ နဲ့ ညစ်ပတ်နေသလိုပဲ”

စန်းယောင်မှာ ဖြစ်နိုင်လျှင် သူ့အဝတ်အစားတွေကို တန်းပြီးတောင် ချွတ်ပစ်ချင်နေသည်။

“ငါ ရေချိုးဖို့လည်း လိုတယ်”

အကြာကြီး လှဲပြီးနေနေရတာ.. အနံ့အသက်တွေဆိုးနေလောက်ပြီဟုတ်..? ဒီလိုပုံစံနဲ့ ဆရာတူအစ်မကို ဘယ်လိုလုပ်တွေ့နိုင်မှာလဲ?

ကျစ်.. တွေးလေလေ အနံ့က ပိုဆိုးလာသလိုပဲ..

အသက်တောင်မရှုနိုင်တော့ဘူး

••••

All Chapters