← Chapters

အခန်း (၉၂၉-၉၃၂)

Vol. 48 Ch. 929-932

အခန်း (၉၂၉-၉၃၂)

Vol. 48 Ch. 929-932

အခန်း ၉၂၉။ နားလည်မယ်လို့မျှော်လင့်တယ်

စန်းယောင်သည် အိပ်ယာကိုရော သူ့ကိုယ်သူရော လက်မခံနိုင်ဖြစ်နေ၏။ သူ ဟိုစမ်းဒီစမ်းလုပ်နေရင်းနှင့် ကျောက်စိမ်းဖြူအား ယူထုတ်မိသွားသည်။

ကျောက်စိမ်းပေါင်းများစွာ မြင်တွေ့ဖူတာကြောင့် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဤကျောက်စိမ်းဖြူက အရည်အသွေးမြင့်မှန်း ပြောနိုင်သည်။

“ဒါကို ဘယ်ကနေ ရလာတာလဲ”

“ဆရာတူအစ်မ ကျွန်တော့်ကိုပေးထားတာ၊ ဒီထဲမှာ မုန့်ယင်းရဲ့ ဝိဉာဉ်ရှိတယ်လို့တော့ ပြောတာပဲ၊ အစ်ကိုမကြိုက်ဘူးဆိုရင်လည်း အစ်မကိုပြောပြီး ဝိဉာဉ်ကိုဖယ်ခိုင်းလိုက်လေ.. အင်း… ဆရာတူအစ်မက.. တာအိုဆရာမတစ်‌ယောက်၊ ဝိဉာဉ်တွေကိုဖမ်းနိုင်တယ်၊ အရမ်းလည်း အစွမ်းရှိတယ်”

သူ့ရဲ့ အသံက ကသိကအောက်ဖြစ်နေပုံပင်။

သူတကယ်ကြီး.. ယုံသွားတာလား..

သူလည်း မသိ။ သူအရင်တုန်းက တစ်ခါမှ မမြင်ဖူးပေ။

သို့သော် ရက်ပေါင်းများစွာတွေးကြည့်ပြီးနောက် သူ ကောက်ချက်တစ်ခု ချနိုင်သွားခဲ့သည်။ ဆရာတူအစ်မသည် ဒီလောက်ကြီးသည့် ကိစ္စအား သူ့ကိုလိမ်မည်မဟုတ်။

သူ့ရဲ့စိတ်ထဲမှာ ထွေပြားနေ၏။ ဆိုးရွားလှသည်။

“ဆရာတူအစ်မက အစွမ်းတော်‌တော်ထက်တာ၊ ဆရာငါ့ကို အရင်ကပြောပြဖူးတယ်”.. စန်း

ယောင် ခေါင်းညိတ်လိုက်သည်။

သူက အနည်းငယ် အားနည်းနေဆဲဖြစ်ကာ;

“ဆရာတူအစ်မက ငါ့ရဲ့ပုံစံကို သဘောကျမှာမဟုတ်ဘူး၊ ရုပ်ဆိုးလွန်းတယ်၊ ငါ့မှာ တခြားဘာစိတ်မှတော့မရှိပါဘူး.. ငါ့ရဲ့ပုံပန်းသဏ္ဍာန်က နဂိုအတိုင်း မဟုတ်တော့…”

စန်းယောင် သက်ပြင်းချလိုက်၏။

“အစ်ကိုသုံး...မုန့်ယင်းကရော၊ သူက မကောင်းဆိုးဝါး ဝိဉာဉ်တစ်ကောင်လေ..”

မကောင်းဆိုးဝါးဝိဉာဉ် တကယ်ရှိမရှိ သူလည်း မသိပေ။

“ ငါသိတယ်၊ ငါ အိပ်မက်မက်သေးတယ်”

စန်းယောင်က ဂရုမစိုက်။

“သူ ကျောက်စိမ်းထဲမှာ နေချင်နေလို့ရတယ်၊ ပြဿနာမရှိဘူး”

ကျန်းကျင်လုနှင့် စန်းယောင်တို့၏ ဆက်ဆံရေး

မှာ ကောင်းမွန်လှသည်။ သူ့ရဲ့စကားကိုကြားပြီးနောက် ကျန်းကျင်လုတစ်ယောက် တွေးဆကာ လေးလေးနက်နက်မေးလိုက်သည်။

“အစ်ကိုစန်း.. မကောင်းဆိုးဝါးဝိဉာဉ်တွေက တကယ်ရှိတယ်လို့ထင်လား၊ ဒါပေမဲ့ ကျွန်တော်တို့က မြင်မှမမြင်ရတာ၊ ဟုတ်တယ်မလား၊ ဒါပေမဲ့ ဘာလို့ တခြားသူတွေကျတော့ ဘာလို့ မြင်ရတာလဲ၊ ကျင့်ကြံရေးလုပ်တဲ့သူတွေက တကယ်ရှိတာလား၊ အဲ့လိုဆိုရင် ဓမ္မတရား ရတာ‌တို့ အမတတစ်ယောက်ဖြစ်လာတာတို့က အိပ်မက်တစ်ခုမဟုတ်ဘူးဆိုတဲ့ သဘောမလား”

စန်းယောင်သည် အိပ်ယာပေါ်ပြန်လှဲလိုက်ရင်း

“လောကကြီးက အကြီးကြီး၊ ထူးဆန်းတဲ့အရာတွေမျိုးစုံရှိတယ်၊ ငါဒီတလော သတိမရှိဘဲ လှဲနေခဲ့ရပေမဲ့. ညီလေး၅. ယုံချင်ယုံ မယုံချင်နေ၊ ငါ့ရဲ့စိတ်ထဲမှာ တစ်ယောက်ယောက်ရဲ့ ဝိဉာဉ်ရှိနေသလိုမျိုး ခံစားနေရတာ၊ မင်းပြောတဲ့ မုန့်ယင်းကိုလည်း ငါကောင်းကောင်းသိတယ်…

“ဒါပေမဲ့ ငါသူ့ကို အရင်ကတစ်ခါမှမမြင်ဖူးတာတော့ သေချာတယ်၊ အဲ့လိုကိစ္စမျိုးတွေက အရမ်းလျို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းလွန်းတယ်မလား”

ကျန်းကျင်လုမှာ ပြောစရာစကားပျောက်ဆုံးသွားရသည်။

သူ့ကိုယ်သူ လက်ခံယုံကြည်ချင်ပေမဲ့ ထိုသို့ကြိုးစားလိုက်တိုင်းမှာ

သူ့မိခင် သေဆုံးသွားရတာ မြင်ကွင်းက ပြန်ပေါ်လာပြီး ထိုစုန်းမ၏ လူတွေကိုဒုက္ခပေးတဲ့ ပုံအားတွေးမိသွားသည်။

ရှဲ့ချောင်ကို ယုံကြည်လိုက်တာနှင့် သူ့မိခင်အား သစ္စာဖောက်သလို ဖြစ်သွားလိမ့်မည်ပင်။

သေသေချာချာပြန်စဉ်းစားကြည့်ဖို့ လိုပေ၏။

ကျန်းကျန်လု တစ်ခုခုပြောချင်ပေမဲ့ သူ့ကိုယ်သူ ပြန်တားလိုက်သည်။ စန်းယောင်သည် အပြည့်အဝနေပြန်မကောင်းသေးတာကြောင့် သူ့နဲ့စကားအကြာကြီး ပြောဖို့ မသင့်တော်ချေ။

ဒါတင်မက သူနဲ့လည်း လုံးဝ စကားပြောချင်မနေ။

ဖြစ်နိုင်လျှင် မျက်နှာသွားသစ်ပြီး အနံ့အသက်ကောင်းအောင် လုပ်ပါဦးဟုတောင် ပြောချင်နေ၏။

စန်းယောင်သည် သူခန္ဒာကိုယ်ကို အားတင်ထူလျက်

“ ဟိတ်ဟန်များသည့် အဝတ်အစားပုံစံ” လဲဝတ်လိုက်သည်။

ရှဲ့ချောင် ရောက်လာသည့်အခါ တကယ်ကို ဆွံ့အ

သွားခဲ့ရသည်။

စန်းယောင် အိပ်ယာထဲမှာလဲနေစဉ်က သူ့ရဲ့ ရုပ်ရည်သွင်ပြင်က သိပ်မဆိုးမှန်း သိပေမဲ့ သူ့ရဲ့စိတ်အခြေနေက လူမမာတစ်ယောက်၏ သွင်ပြင်ကြောင့် လွှမ်းမိုးခံနေရသည်။ သို့သော် ယခုအချိန်၌ အနှီလူ၏ ဆံပင်ဟာ သေသေသပ်သပ်ဖြီးထားသလို ခေါင်းမာစွာနှင့်ပင် မတ်တပ်ထရပ်နေသေးသည်။ သူသည် တော်ဝင်ရေခဲပိုးပြာဝတ်ရုံကို ဝတ်ဆင်ထားကာ ခေါင်းတွင်လည်း ကျောက်စိမ်းသရဖူဖြင့်။

သူ့မျက်နှာကတော့ မသိမသာနီမြန်းနေသည်။

ပြီးတော့ ထိုအနံ့..

ရှဲ့ချောင်ထိုအနံ့အား အင်မတန်ရင်းနှီးနေ၏။ ပါးအို့နီနှင့် မျက်နှာချေမှုန့်တို့က လာတဲ့အနံ့ပင်။

၎င်းဟာ ပန်းရနံ့ဖြင့် စူးရှလွန်းသည်။

ဒီလူကတော့!

“ တပည့် ဆရာကိုစိတ်ပူအောင်လုပ်မိပါတယ်”

သူက လည်ချောင်းရှင်းပြီး လီရှီးယန်ကို ဂါရဝပြုလိုက်၏။ လီရှီးယန်က သူ့ကိုထိုင်ဖို့ပြောလိုက်၍ သူ့ရဲ့ဝတ်ရုံကို မ, လိုက်သည့်အချိန်၌ အနံ့က ပိုစူးလာလေသည်။

ရှဲ့ချောင် သူမဆရာတူမောင်၏ ခါးနေရာကို ကြည့်လိုက်၏။

အမွှေးအိတ်ချိတ်ထားခြင်းပင်!

သူမထက်တောင် ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်နေသေးတယ်.. နေမကောင်းဖြစ်နေရဲ့သားနဲ့တောင် သပ်သပ်ရပ်ရပ်လုပ်ဖို့မမေ့ဘူး.. ကျန်တဲ့သူတွေအားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ!

ရှဲ့ချောင်ရဲ့ အကြည့်တို့၌ လေးစားအားကျမှုများ ပါနေလေသည်။

သို့သော် ရှဲ့ချောင်သည် ခြောက်အက်အက် ချောင်းဟန့်ကာ;

“တတိယဆရာတူမောင်လေး.. အဲဒီကျောက်စိမ်းဖြူကို မြင်ဖူးလား၊ အရည်အသွေးက.. အရမ်းကောင်းတယ်ဟုတ်၊ ငွေစ ၅ထောင်တန်တာလေ၊ နောက်ကျရင် ငါ့ကိုပြန်ဆပ်ဖို့ မမေ့နဲ့၊ အင်း. မင်းအတွက် ကြိုဆိုလက်ဆောင်ပြင်လာတယ်ဆိုပေမဲ့ အဲ့ဒါက သက်သက်၊ ဒါက အသက်ကယ်တဲ့လက်ဆောင်ဆိုတော့.. အကြွေးတင်နေရင် မကောင်းဘူး၊ မင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်”

•••••

အခန်း ၉၃၀။ ဆရာတူအစ်မက ရုပ်ဆိုးတယ်

ရှဲ့ချောင်သည် ထိုသို့ပြောပြီးမှ စန်းယောင်ကို ကြည့်လိုက်ပြီး သူ ပြန်မပေးမှာ စိတ်ပူနေ၏။

ရှဲ့ချောင်က စန်း‌ယောင်ကိုစိုက်ကြည့်နေစဥ် ကျောက်ရွှမ်းကျင်း၏ နှလုံးသားက လည်ချောင်းထိပင် ရောက်နေပြီး နေရာမှာတင် သတ်ပစ်ချင်နေသည်။ သို့သော် သူမက အကြွေးတောင်းနေခြင်းသက်သက်မလို့ ကျောက်ရွှမ်းကျင်း စိတ်အခြေနေကောင်းသွားသည်။

ရှဲ့ချောင်သည် သူ့ကို ပစ္စည်းများစွာ ပေးခဲ့ဖူးပေမဲ့ ၊ သူမ ပြန်ရတဲ့ ပိုက်ဆံက.. သိပ်ပြီးမများလှ။

သူတို့ရဲ့ ဆက်ဆံရေးမှာ ကွာဟချက်ရှိနေသေးသည်။

စန်းယောင်မှာ ခဏတာ ဆွံ့အသွားရသည်၊

“ဒါ.. ဆရာတူအစ်မလား”

ထို့နောက် သူ မျက်မှောင်ကြုတ်သွားသည်။

ဆရာတူအစ်မက.. အရမ်းရုပ်ဆိုးနေသလိုပဲ…

သူ့မျက်လုံးထဲ၌ မနှစ်မြို့သည့် အရိပ်အယောင်ရှိ‌ပေမဲ့ သူမရဲ့ အဆင့်အတန်းကို ပြန်တွေးပြီး သူ့ကိုယ်သူ အားတင်းကာ ရှဲ့ချောင်ကို ဂါရဝပြုလိုက်သည်။ သူ့ရဲ့ လေသံကို အင်မတန်ရိုသေဟန်ပေါက်သည်။

“ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော် သိပ်မကြာခင် ပြန်ဆပ်မှာပါ”

သူ့ရဲ့ မိသားစုသည် အတော်လေး ချမ်းသာ၏။

ထို့သို့ပြောပြီးနောာ်က သူ ခဏတုံ့ဆိုင်းနေခဲ့ပြီး ..အိပ်ယာဘေးက မျက်နှာလိမ်းမှုန့်ဘူးတစ်စုံကို ယူကာ ရှဲ့ချောင်ဆီပေးလိုက်၏။ “ဆရာတူအစ်မရဲ့ မျက်နှာက.. နည်းနည်းမည်းပြီးညစ်နေတယ်။ ဒါလေး လိမ်းလိုက်ရင် ပိုပြီး ကြည့်ကောင်းသွားလိမ့်မယ်”

ရှဲ့ချောင်ရဲ့ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်သွားခဲ့ကာ သူမရဲ့ မျက်နှာကို ပြန်ထိကြည့်လိုက်သည်။

“ ငါ့ကို ရုပ်ဆိုးတယ်လို့ ထင်တာလား”

“မဟုတ်ပါဘူး.. ဆရာတူအစ်မရဲ့.. သြဇာတိက္ကမက အဲ့လောက်မဆိုးပါဘူး၊ အသက်အရွယ်နဲ့ဆို ကောင်းကောင်းထိန်းသိမ်းထားတဲ့ထဲ ပါပါတယ်”

စန်းယောင်သူ့ကို ချီးကျူးလိုက်သည်။

သူ အမှန်တရားကို ပြောနေခြင်းဖြစ်သည်။

သူဟာ လှပတဲ့ အရာမျိုးကို သဘောကျဖို့ မွေးဖွားလာသူတစ်ယောက်ဖြစ်၏။ လူတွေနဲ့ ပစ္စည်းတွေ အားလုံးက အတူတူပင်။ သူ့ဆရာတူအစ်မကလည်း… မဆိုးလှပေမဲ့… ပိုလှတဲ့သူကိုတော့ ပိုပြီး သဘောကျသည်။

ယခင်တုန်းက သူ့ဆရာက ဆရာတူအစ်မရဲ့ ပြိုင်ဘက်ကင်းအလှကို ကြိမ်ဖန်များစွာ ချီးကျူးဖူးသည်။

ထိုအချိန်က သူ အတည်မှတ်ယူခဲ့မိ၏။ အခု သူမကို တွေ့လိုက်ရချိန်၌ ကွာခြားချက်ရှိနေပေသည်။

ရှဲ့ချောင်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်သာရယ်မိတော့သည်။

အတိတ်တုန်းကဆို သူမကပဲ တခြားသူတွေကို

အထင်မြင်သေးခဲ့တဲ့သူပါနော်!

ရှဲ့ချောင် ဘာမှမပြောရသေးခင်မှာတင် စန်းယောင်သည် ကျောက်ရွှမ်းကျင်အား အင်မတန် သဘောကျနှစ်သက်သည့် အကြည့်ဖြင့် ဂါရဝပြုနေတာကို မြင်လိုက်ရသည်။

သူ့ရဲ့ မျက်လုံးထဲမှာ အပြုံးတစ်ခုရှိနေပြီး.. ၄င်းက အလွန်လှလွန်းသည်!

မသိတဲ့သူဆိုလျှင် ဒီမောင်လေးသုံးက အိမ်ရှေ့စံမင်းသားကို သဘောကျနေပြီး သူ့အပိုင်လုပ်ချင်နေတာဟု တွေးမိလောက်သည်!

“မင်းရဲ့ သဘောထားကို ဘယ်တော့မှ ပြောင်းမှာလဲ၊ ကြည့်စမ်းပါဦး၊ ကိုယ့်ရဲ့ ဆရာတူအစ်မကို ဘယ်လိုတောင် အထင်သေးနေလိုက်လဲ” လီရှီးယန်မှာ အနည်းငယ် စိတ်မကြည်မလင်ဖြစ်သွား

သည်။ ထို့နောက် ရှဲ့ချောင်အား, “ဒီကလေးက အမြင်ကိုမရှိဘူး။ ဘာမှနားလည်တာ မဟုတ်ဘူး၊ လစ်လျူရှုထားလိုက်”

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့”

“ဆရာတူအစ်မရဲ့ ဆံပင်ပုံစံက.. နည်းနည်း ခေတ်နောက်ကျနေသလားလို့…” စန်းယောင်သည် ရှဲ့ချောင်ရဲ့ ခေါင်းကိုကြည့်ပြီးပြောလိုက်၏။ တစ်ခုခုက ထူးဆန်းနေသလို ခံစားရပြီး ပြင်ပေးဖို့အတွက် တစ်ယောက်ယောက်ကိုတောင် ခေါ်ခိုင်းချင်နေသည်။

ရှဲ့ချောင်၏ ဆံပင်ပုံစံသည် ရိုးရှင်းပြီး အဆင်ပြေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ တာအိုဆရာမတစ်ယောက်ဖြစ်နေသည်မို့ မျက်စိနောက်စရာကောင်းသည့် ပုံပေါ်၍ မဖြစ်ပေ။

သို့သော် သူမရဲ့ မျက်နှာချေလိမ်းထားတဲ့ ပုံစံကို ရှဲ့ချောင် မတွေးမိဘဲ မနေနိုင်။ ဒီကလေးသာ ဖောက်ထွင်းမြင်သွားပြီး တစ်ခုခုလွဲနေမှန်းသိသွားလျှင် ပြဿနာတက်လိမ့်မည်ပေ။ သူမ မျက်မှောင်ကြုတ်လိုက်သည်။

“တတိယဆရာတူမောင်‌လေးက ရမ်းကားလွန်းနေသလိုပဲ။ ငါက အမျိုးသမီးတစ်ယောက်လေ။ မင်း ငါ့ကိုဆက်ပြီး စိုက်ကြည့်နေမယ်ဆိုရင်.. ငါ့ကို အသည်းနှလုံးမရှိတဲ့သူဆိုပြီး အပြစ်မတင်နဲ့”

ဆရာတူ‌မောင်တွေအကုန် ချင့်ချိန်နိုင်စွမ်းကိုမရှိကြဘူး!

“အပြစ်ပြုမိတဲ့အတွက် တောင်းပန်ပါတယ်” စန်းယောင်က သူ့အမှားကို မြန်မြန်ဝန်ခံလိုက်ပေမဲ့ သူ့စိတ်ထဲမှာ စဥ်းစားထားပြီးသွားပြီပင်။ သူသာ နေပြန်ကောင်းလျှင် လှပတဲ့ပစ္စည်းတွေ အများကြီးဝယ်ပြီး ဆရာတူအစ်မကို အကုန်ပေးပစ်မည်။

ဆရာတူအစ်မက အခုမှ အသက် သုံးဆယ်လေးဆယ်ဝန်းကျင်ပဲရှိသေးတာ...လှလှပပလေးဝတ်လို့ရသေးတာ.. ဒီခဲရောင် တာအိုဝတ်စုံကြီးဝတ်ပြီး မှိုင်းတိုင်းတိုင်းနေစရာလိုလို့လား?

••••

အခန်း ၉၃၁။ ပုံတူပန်းချီ

ရှဲ့ချောင် သူမရဲ့ လက်သေးသေးလေးဖြင့် သူမမျက်နှာကို မနေနိုင်ဘဲပွတ်ကြည့်မိသည်။ အသားအရေက..နည်းနည်းတော့ကြမ်းနေသလိုပဲ။

သို့သော် သူမရဲ့ မျက်နှာအား သေချာစဥ်းစားချင့်ချိန်ပြီးမှ လိမ်းခြယ်လာခဲ့တာဖြစ်သည်။ သူမဟာ မိန်းမပျိုလေးတစ်ယောက်လို မလှပေမဲ့ သက်တူရွယ်တူအမျိုးသမီးတွေ ကြားမှာဆိုရင် ထူးခြားတဲ့ရုပ်ရည်မျိုးသေချာပေါက်ရှိသည်။

“စန်းယောင်ရဲ့ ပန်းချီတွေနဲ့ စုဆောင်းထားတာတွေထဲမှာ ပန်းတို့အပင်တို့အပြင်ကို မိန်းမလှလေးတွေရဲ့ ပုံတူပန်းချီတွေမှ အများကြီး။ အဲဒီ ပုံတူပန်းချီတွေရဲ့ တစ်ဝက်ကျော်လောက် ဆရာတူအစ်မရဲ့ ပုံတွေ”

ကျောက်ရွှမ်းကျင်းမှာ ထိုအကြောင်းကို တွေးကြည့်ပြီး အနည်းငယ်မကျေမနပ်ဖြစ်သွာသည်။

စန်းယောင်.. ဒီအယုတ်တမာကောင်ကတော့.. ဒီလိုဟာမျိုးကို လုပ်ရဲတယ်!

တကယ်တော့ သူ့ဆရာတူအစ်မရဲ့ ပုံတူပန်းချီများအကြောင်း သိထားပြီးသား။ စန်းယောင် မပြောနှင့် သူတောင်မှ ဂိုဏ်းထဲဝင်လာခါစက ပန်းချီဆွဲဖို့ နားချခံရဖူးသည်။ သို့သော် သူသည် ရင့်ကျက်သည့်သူတစ်ယောက်ဖြစ်သလို အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်နေတာကြောင့် ဆရာက သူ့ကိုဖိအားမပေးခဲ့။ ထိုနည်းဖြင့် သူရှဲ့ချောင်ကို ပန်းချီမဆွဲဖြစ်ခဲ့ပေ။

အခုလို စဥ်းစားကြည့်တော့မှ သူ့ရဲ့ ဆရာတူအစ်ကိုနဲ့ ညီတွေအကုန် မျက်စိဆံပင်မွှေးစူးစရာကောင်းတဲ့သူတွေဟု ကျောက်ရွှမ်းကျင်းတွေးမိသွားသည်။

“ဒါဆို… ပန်းချီကားထဲက မင်းရဲ့ ဆရာတူအစ်မက ဘယ်လိုမျိုးလဲ”

ရှဲ့ချောင်သည် ကျောက်ရွှမ်းကျင်းအား သိချင်စိတ်ဖြင့် ကြည့်လိုက်၏။

ရှဲ့ချောင် ခေါင်းမော့လိုက်ချိန်၌ ကျောက်ရွှမ်ကျင်း၏ မျက်ခုံးတို့က မသိမသာ တွန့်ချိုးနေပြီး သူ့ရဲ့မျက်နှာက အေးတိအေးစက်ဖြစ်နေတာကို မြင်လိုက်ရသည်။

စိတ်ထဲ မကျေမနပ်ဖြစ်နေတာများလား?

“ဒီလောကမှာ ပြိုင်ဘက်ကင်းပဲ” ကျောက်ရွှမ်းကျင်းသည် မကျေမနပ်ချက်အပြည့်ဖြင့် ဆိုလာသည်။

“အဲ့အချိန်တုန်းက .. သူတို့အကုန် ပန်းချီကားချင်းပြိုင်ဖို့ စုကြ၊ ပြီးရင် ဆရာ့ကို ဘယ့်သူပန်းချီကားကပိုကောင်းလဲအကဲဖြတ်ခိုင်းခဲ့ကြတာ”

ထို ပုံတူပန်းချီများက လျော်ကန်သည့် စစ်ဆေးချက်တစ်ခုမဟုတ်ပေမဲ့ လူတစ်‌ယောက်ရဲ့ ပန်းချီဆွဲသည့်အရည်အချင်းကို စစ်ဆေးရာရောက်ပေသည်၊

ပန်းချီပညာရှင်တစ်ယောက်သည် ဖွဲ့စည်းပုံတို့ကို အရင်ရေးဆွဲတတ်ပြီး နောက်မှ ခံစားချက်တို့ကို ရေးဆွဲလေ့ရှိသည်။

ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ဝမ်းသာမှုနှင့် ဥတုလေးသွယ်။ လူတစ်ယောက်ချင်းစီ၏ စိတ်အခြေနေက ကွဲပြားတတ်သည်။ သူတို့အနေနဲ့ ထိုအရာအားလုံးကို ထည့်သွင်းရေးဆွဲဖို့ လိုသည်။ လုံလောက်သည့် အရည်အချင်းမရှိလျှင် သူတို့ရေးဆွဲထားသည့် အလှပန်းချီက ဆရာ့ဆီကနေ အထင်သေးခံရပလိမ့်မည်။

ထိုအခိုက်အတန့်၌ ရှဲ့ချောင်မှာ သူမဘယ်လိုခံစားနေရသလဲ ရှင်းပြဖို့ ခက်ခဲသွားရသည်။

သူမဆရာ့ရဲ့ အချစ်တွေက တောင်တွေလိုပဲ ပေါများလွန်းတယ်!

သူမဟာငယ်စဥ်က ထက်မြက်ပြီး ချစ်စရာကောင်းသည့် နတ်သမီးလေးတစ်ပါးလိုမှန်းသိပေမဲ့ အခုလို ဆရာ့ဆီက ပျိုးထောင်ပေးခံရသည့်အခါ ဆရာက သူမအား ဖူးဖူးမှုတ်ထားပြီးကာမှ သတ်ပစ်ဖို့ ကြိုးစားနေသလားလို့တောင် သံသယဝင်မိသွားသည်။

ရှဲ့ချောင်၏ မျက်နှာထားက ထူးဆန်းနေသည်။ ထိုပန်းချီကားများက သူမကို ဘာမှမထိခိုက်စေသော်ငြား.. သူမရဲ့ မျက်လုံးထဲ၌ ဤဆရာတူမောင်များက နှာဗူးများလို ဖြစ်နေလေသည်။

သို့သော်လည်း ပန်းချီကားဆွဲပြီးနေပြီဖြစ်၍ ပြန်ယူဖို့ကလည်း မဖြစ်နိုင်။ ဒါ့အပြင် နှစ်တွေ

တစ်လျှောက်လုံး ဆွဲလာခဲ့သည့် ပန်းချီကားမျာကို နည်းနည်းနောနောမဟုတ်။ နောက်မှပဲ ဆရာကို သူမအား ဒီလိုချီးကျူးတာမျိုးမလုပ်ဖို့ ပြောရပေမည်။

သူမကို အရမ်းတွေချီးကျူးနေရင် ဂုဏ်ယူနေရမှာပေါ့ ဟုတ်တယ်မလား။

ရှဲ့ချောင်သည် ထိုကိစ္စအား ဆက်ပြီးစီကာပတ်ကုံးပြောမနေတော့ပေမဲ့ ကျောက်ရွှမ်းကျင်းကတော့ တွေးကြည့်လေလေ မပျော်မရွှင်ဖြစ်လာရလေပင်။

ရှဲ့ချောင်ထွက်သွားပြီးနောက် အိမ်ကို ပြန်သွားခဲ့သည်။

စန်းယောင်လည်း အနားယူဖို့ ကုတင်ဖို့ ပြန်လှဲနေလိုက်၏။ သူအခုလို သားသားနားနား ဝတ်စား

ထားရခြင်းမှာ သူ့ရဲ့ဆရာတူအစ်မရဲ့အမြင်မှာ ပုံရိပ်ကောင်း ကျန်စေချင်၍ပင်။

“အစ်ကိုတို့အကုန်လုံး ဆရာတူအစ်မကို သဘောကျနေတာကြာပြီမလား”

ကျောက်ရွှမ်းကျင်က ဆိုသည်။

ဆရာတူအစ်ကိုသုံးယောက်စလုံး မှင်တက်သွားရသည်။ ဆရာကြီးက ဘေးမှာသာ ပြုံး၍ထိုင်နေပြီး ဤတပည့်များအား ချစ်ခင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။

သူ့ရဲ့ ဘယ်တပည့်မဆို.. အကုန်လုံးက ယောကျာ်းကောင်းတွေဟု သတ်မှတ်လို့ရသူတွေချည်းပင်။

“ယောကျာ်းတစ်ယာက်က အမျိုးသမီးတစ်ယောက်ရဲ့ ပုံတူပန်းချီကို သိမ်းထားတာ မသင့်တော်ဘူးလို့ထင်တယ်။ ဆရာတူအစ်မကလည်း ကျင့်ကြံသူတစ်‌ယောက်လေ။ အဲတော့ သူ့

ရဲ့ ဂုဏ်သတင်းက အရမ်းကြီးတယ်၊ ဒီတော့ မြို့တော်ကို ပြန်ရောက်ရင် ပန်းချီကားတွေ အကုန်လုံးကို ဆရာတူအစ်မကို ပေးလိုက်ပါ။ တစ်ချပ်မှ သိမ်းမထားနဲ့!” ကျောက်ရွှမ်းကျင်း၏ မျက်နှာမှာ အေးစက်နေကာ သွယ်ဝိုက်မနေဘဲ တောင်းဆိုလိုက်သည်။

လီရှီးယန်သည် ထိုစကားကြောင့် တစ်ခုခုပြောလိုက်ချင်ပေမဲ့ သူရပ်လိုက်သည်။ ကျောက်ရွှမ်းကျင်းက သူ့ဘက်ကိုပါ လှည့်လာကာ.. “ဆရာကတော့ ပန်းချီနည်းနည်းလောက် သိမ်းထားလိုက်ပါ.. ငါးချပ်လောက်ပေါ့”

လီရှီးယန် စဥ်းစားကြည့်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

ကျောက်ရွှမ်းကျင်းသည်း သူ့ဆရာ့လက်ထဲမှာရှိတဲ့ ပုံတူပန်းချီကားတွေက ကလေးမလေး၏ ပုံ

တွေဖြစ်နေမှန်း တွေးမိသွားသည်။

တစ်ချိန်တုန်းက သူဟာ ကလေးမလေးရဲ ပုံကိုဆွဲရတာ အင်မတန်သဘောကျခဲ့သည်။ ထိုကလေးမလေးသည် တစ်ခါတစ်ရံ ချစ်ဖို့ကောင်းသလို တစ်ခါတစ်ရံတွင် အားနည်းပြီး မသိနားမလည်ပေမဲ့ တစ်ခါတစ်လေကျတော့လည်း သန်မာပြီး ဇွဲကောင်းသူဖြစ်နေတတ်ပြန်သည်။

ထိုအချိန်က ဆရာတူအစ်ကိုနဲ့ညီတွေက ပန်းချီကားထဲက ကလေးဟာ ဘယ်သူလဲဆိုပြီး မေးခဲ့ကြပေမဲ့.. ဆရာ့ရဲ့ အဖြေက..

ကောင်းကင်ဘုံတောင်တန်းက ကလေးမလေးတစ်ယောက်ဟူ၍ပင်….

•••••

အခန်း ၉၃၂။ ဘိုးဘေးများအား ဂုဏ်ယူစေခြင်း

ကျောက်ရွှမ်ကျင်းသည် စဉ်းစားကြည့်လိုက်တော့မှ သူ့ရဲ့ဆရာတူအစ်ကိုနဲ့ညီတွေအားလုံး ဆရာဖြစ်သူဆီကနေ လှည့်စားခံနေရသလို ခံစားလိုက်ရသည်။

သို့သော် သူ့ဆရာလက်ထဲမှာရှိနေတဲ့ အပိုပန်းချီကားချပ်တွေကိုတော့ ဖျက်ဆီးပစ်စရာမလို၊ စုဆောင်းမှုတစ်ခုအဖြစ်.. သိမ်းထားလို့ရသည်။

ရှောင်းယွိရုန်က အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးရင်း

“ အဲဒီပန်းချီကားတွေက ပျောက်သွားတာကြာနေပြီ၊ အရင်တုန်းကလည်း ကျောင်းတော်မှာရှိတဲ့ ကြွက်တွေကိုက်လို့ ပျက်ဆီးသွားတဲ့ ပန်းချီတွေလည်း အများကြီးဆိုတော့..”

“အစ်ကိုရှောင်းက ပန်းချီကား ဘယ်နှချပ်လောက်ကိုသိမ်းထားချင်လို့လဲ၊ အစ်ကိုက လူကြီးတစ်

ယောက်လည်း မဟုတ်ဘူး၊ အစ်ကိုက အဲဒီပန်းချီတွေကို သိမ်းထားလို့ တခြားသူတွေမြင်သွားရင်

မိန်းမယူလို့ ရပါဦးမလား၊ တပည့်တွေကသာ ဆရာတူအစ်ကိုရဲ့ ပန်းချီကားထဲကမိန်းကလေးက ဂိုဏ်းတစ်ခုတည်းက ဆရာတူအစ်မမှန်းသိသွားရင် လူတွေဝေဖန်ကြလိမ့်မယ် မဟုတ်ဘူးလား”

ကျောက်ရွှမ်ကျင်းသည် ခက်ထန်စွာ ပြောလိုက်ခြင်းပင်။

ထို့နောက် စန်းယောင်ဘက်ကိုလှည့်၍; “ဆရာတူညီလေးစန်း၊ မင်း ငါ့ရဲ့ဆုံးဖြတ်ချက်ကို မငြင်းဘူးမလား”

အိမ်ရှေ့စံမင်းသား စိတ်မကြည်မလင်ဖြစ်နေမှန်း လူတိုင်းသိသည်။

သို့သော် ဘာကြောင့် စိတ်မကြည်မလင်ဖြစ်နေရမှန်း သူတို့မသိ။

တစ်ချိန်တုန်းက အကုန်လုံးအတူတူ ပန်းချီဆွဲခဲ့ကြတာပဲလေ...မဟုတ်လို့လား...

သို့သော် စန်းယောင်သည် ကျောက်ရွှမ်ကျင်းအား ကြည့်၍ သူ့ရဲ့အကြည့်အား ပြန်စိုက်ကြည့်နေ၏။ ကျောက်ရွှမ်ကျင်း၏ အင်မတန် ခံ့ညားလှတဲ့ မျက်နှာကြောင့် စကားပြောရလွယ်သွားသည်။

“အရှင့်သား ပြောတာမှန်တယ်၊ အဲဒီပန်းချီကားတွေက ဆရာတူအစ်မနဲ့လုံးဝမတူဘူး.. သိမ်းထားလို့လည်း အလကားပဲ”

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဆရာတူအစ်မရဲ့ အခုလက်ရှိပုံဟု တကယ်မလှတော့။ ထိုပန်းချီကားများကို မြင်မိလျှင် နှစ်တွေအကြာကြီး ဘာမဟုတ်တာလေးအတွက်နဲ့စောင့်ဆိုင်းနေခဲ့မိတာကို တွေးမိသွားသည်။ ဖြစ်နိုင်လျှင် သူ့မျက်လုံးကိုတောင် ဖောက်ထုတ်ပစ်ချင်မိ၏။ ဒါမှ သူ့ရဲ့ဆရာတူအစ်မကို နောက်တစ်ခါ ထပ်မကြည့်ရတော့မှာ

ပင်။

ပန်းချီကားများကိုပါ ဖျက်ဆီးပစ်ပြီး ထိုဆရာတူအစ်မက ဘယ်တုန်းကမှ မလှခဲ့ဖူးသူအဖြစ် ဟန်ဆောင်လိုက်မည်။

“အရှင့်သား ဘယ်အချိန်လောက်အားလဲမသိဘူး၊ ကျွန်တော် နေပြန်ကောင်းလာရင် အရှင့်သားအတွက် ပန်းချီဆွဲပေးချင်လို့ပါ”

စန်းယောင်သည် ကျောက်ရွှမ်ကျင်းအား မျက်နှာချိုသွေးဖို့ မမေ့ခဲ့။

ကျောက်ရွှမ်ကျင်းသည် သူ့ရဲ့ထိုအမူအကျင့်ကို ကျင့်သားရနေလေပြီ။

“မင်းမှာ ရှိသမျှပုံတူပန်းချီတွေအကုန်ပေးပြီးမှ ပြောကြတာပေါ့”

ကျောက်ရွှမ်ကျင်း သဘောတူလိုက်သည်။

စန်းယောင်၏ အကြည့်မှာ အနည်းငယ်ရန်လိုနေသလိုမျိုး ရှောင်းယွိရုန်နှင့် ကျန်းကျင်လုတို့ ချက်ချင်းခံစားလိုက်ရသည်။

“မင်း မြို့တော်မှာ မရှိတုန်း ငါ ပန်းပင်နဲ့ အပင်တွေ အများကြီးစိုက်ထားသေးတယ်၊ မင်းသာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် အဲဒီ ပန်းပင်နဲ့ အပင်တွေအကုန် မင်းကိုပေးယ်၊ ရိုးရိုးအပင်လေးတွေတင်မဟုတ်ဘူး...ငါ့ခမည်းတော်အကြိုက်ဆုံး ရှားပါးသစ်ခွမျိုး- တိမ်စိုင်အစိမ်းရောင်သစ်ခွကိုတောင် ပေးမှာ”

စန်းယောင်မှာ အိပ်ယာထဲကနေ ထခုန်လုနီးနီး။

ဧကရာဇ်ရဲ့ ပန်းတွေ!

မဟုတ်သေးဘူး.. အဓိကက ဧကရာဇ်ရဲ့ ပန်းတွေ

မဟုတ်ဘူး.. ရှားပါးသစ်ခွတွေ။ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက သူ့ဆရာနောက်ကနေလိုက်ပြီး နန်းတွင်းထဲ ဝင်ခဲ့တဲ့ အချိန် ပျိုးပင်တွေကို ဖြတ်ခနဲ ကြည့်မိခဲ့၏။ ထိုအချိန်ကစပြီး ၎င်းနှင့် ယှဥ်လိုက်လျှင် တခြားသစ်ခွတွေက မှိန်ဖျော့နေသည်ဟု သူတွေးမိတော့သည်။

သူ့ကိုပေးမှာတဲ့လား?!

စန်းယောင်မှာ ရုတ်ချည်းဆိုသလို အားအင်အပြည့်ဖြစ်သွားခဲ့သည်။

“ညီလေးတို့ ငါ့ရဲ့ ဘိုးဘွားတွေကို ဂုဏ်ယူရအောင်လုပ်‌ပေးတာကိုတော့ မတားဘူးမလား”

စန်းယောင်သည် ရှောင်းယွိရုန်နှင့် ကျန်းကျင်လုတို့အား ဟုန်းဟုန်းတောက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

တော်ဝင်မျိုးနွယ်ရဲ့ ပစ္စည်းကို အိမ်ကိုယူလာတာက ဘိုးဘေးတွေအတွက် ဂုဏ်ယူစရာကောင်းအောင် လုပ်ပေးတာမဟုတ်ဘူးလား။

ရှောင်းယွိရုန်နှင့် ကျန်းကျင်လုတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့လည်း ကံကြမ္မာကို လက်ခံလိုက်ရလုံကလွဲပြီး တခြားရွေးချယ်စရာမရှိ။

သူတို့သာ သဘောမတူလိုက်လျှင် စန်းယောင်က ရောက်တတ်ရာရာအတွေးလွန်ပြီး ဒေါသထွက်၍ သေသွားလိမ့်မည်။

လွန်ခဲ့တဲ့နှစ်တုန်းက သူ့ဥယျာဥ်ထဲက ပန်းတစ်ပွင့်ဟာ အကြောင်းအရင်းမရှိဘဲညှိုးသွားခဲ့သည်။ သူ့ခမျာ ထိုပန်းပွင့်ကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်ခဲ့ရသည်။ ဆောင်းဦးနှင့် ဆောင်းတွင်းတစ်တွင်းလုံး နေမကောင်းဖြစ်ခဲ့ကာ ကြွေကျနေတဲ့ ပန်းပွင့်နှင့် သစ်ရွက်တို့ကို မြင်လျှင် ကဗျာတချို့ရေရွတ်

တတ်သည်။ အလွန်ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်လွန်းတာကြောင့် သေလုမျောပါးဖြစ်သည်အထိပင်။

“နေပြန်ကောင်းလာပြီဆို.. ပုံတူပန်းချီတွေကို.. ယူသွားလိုက်ချည်”

ရှောင်းယွိရုန်ဝမ်းနည်းသွားသည်။

ကျန်းကျင်လုကတော့ ဘာမှမဖြစ်။ သူသည် ဂိုဏ်းထဲသို့ နောက်ကျမှ ဝင်လာခဲ့တာကြောင့် သူ့လက်ထဲမှာ ပန်းချီကားများများစားစားမရှိ။

ညှိနှိုင်းမှုက ချက်ချင်းပြီးစီးသွားခဲ့သည်။

သို့သော် သူတို့အားလုံး ပဟေဠိဖြစ်နေကြသည်။

အိမ်ရှေ့စံမင်းသားက ဆရာတူအစ်မရဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီး စိတ်ပူလွန်းနေတာ..

သူမ ညွှန်ကြားထားလို့များလား?

••••

All Chapters