အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
📗 Chapter 41
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ အိမ်တွင် ခေတ္တမျှသာ နေပြီးနောက် ပြန်သွားခဲ့သည်။
မပြန်ခင်လည်း ယဲ့ရှောင်ရှောင်ကို သေချာ မှာကြားခဲ့သေးသည်။
“ဒီနေရာက မဆိုးပါဘူး၊ ဒါပေမယ့် လုံခြုံရေးအတွက်တော့ ဂရုစိုက်ရမယ်၊ လိုအပ်တာရှိရင် ငါ့ကို ဆက်သွယ်လိုက်၊ ငါဒီရက်ပိုင်းထဲ ကောင်တီဧည့်ဂေဟာမှာ တည်းခိုနေတယ်”
ယဲ့ရှောင်ရှောင် မနေနိုင်ဘဲ မေးကြည့်မိသည်။
“ရှင်ကျွန်မကို ဒီလောက်ကူညီပေးနေတာ ရှင့်အတွက် ဘာအကျိုးရှိလို့လဲ”
လုဟန်ချွမ်က တိကျသော အဖြေကိုမပေးဘဲ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါသည်။
“စာမေးပွဲကိုပဲ အာရုံစိုက်ထားပါ”
ယဲ့ရှောင်ရှောင်မှာ ဆွံ့အကျန်ရစ်ခဲ့ရသည်။
လုဟန်ချွမ် ပြန်သွားပြီးနောက် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
“သမီးကတော့ အားလပ်ရက်မှာ ဆရာကြီးနဲ့အတူ ဆေးဆိုင်မှာပဲ ပညာသင်မလို့ အဲ့တာကြောင့် အိမ်ပြန်မလိုက်တော့ဘူးနော်”
ယဲ့ချန်းရှန့်ကပြောသည်။
“အိမ်ပြန်လာလည်း နင့်မှာ ဘာမှလုပ်စရာမှ မရှိတာ၊ ဒီမှာပဲ ပညာရေးကို အာရုံစိုက်ပါ။
ယဲ့ချန်းယွမ်ကလည်း ထောက်ခံသည်။
“နင်ပြန်မလာတာ ပိုကောင်းပါတယ်၊ နင်သိပြီးပြီလား၊ ဒီတစ်ခေါက် ကျောင်းပိတ်ရက်မှာ ကျန်းအာ့နီက လီသဲ့ရှုနဲ့ စေ့စပ်တော့မှာလို့ ပြောနေတာ၊ ရွာထဲမှာ ညစာစားပွဲ ကျင်းပမှာတဲ့”
ယခင်က ပိုင်ချွမ်ရွာတွင် မင်္ဂလာပွဲများအတွက်ပင် ညစာစားပွဲ မကျင်းပနိုင်ခဲ့ကြပေ။ စေ့စပ်ပွဲအတွက်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။
ရွာသူကြီးတို့ မိသားစုသာ ထိုကဲ့သို့ ကျင်းပနိုင်စွမ်းရှိသဖြင့် အားလုံး စိတ်ဝင်တစားဖြစ်နေကြပါသည်။
မူလက ယဲ့ရှောင်ရှောင်သည် အိမ်မပြန်ရန်ဆုံးဖြတ်ထားခြင်းမှာ အားလပ်ရက်တွင် ကျန်းအာ့နီ၏ မိသားစုက တစ်ခုခု လုပ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။
သူတို့မိသားစုလုပ်မည့်အရာက စေ့စပ်ပွဲတစ်ခုဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ထို့ကြောင့်လည်း ယနေ့ လီသဲ့ရှုတစ်ယောက် အကြံကုန် ဂဠုန်ဆားခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
“စတုတ္ထအစ်ကိုနဲ့ အစ်ကိုယွမ်တို့၊ အိမ်ပြန်ရောက်ရင် လီသဲ့ရှုနဲ့ ဝေးဝေးမှာ နေကြနော်၊ သူ့ကို သတိထားကြ”
ယဲ့ချန်းယွမ်: “စိတ်မပူစမ်းပါနဲ့ သူတို့ လက်ထပ်မယ်ဆိုရင်တောင် ငါတို့ မင်္ဂလာပွဲသွားတက်မှာ မဟုတ်ဘူး”
ယဲ့ချန်းရှန့်: “ဒါဆို မနက်ဖြန်စောစော အဘိုးဆီကို အရင်ပြန်ကြစို့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။
--- --- ---
နောက်ရက်များတွင် ယဲ့ရှောင်ရှောင်သည် အဘိုးမြောင်၏ အိမ်သို့ပြန်ကာ ဆေးဆိုင်တွင် ပညာပုံမှန်သွားသင်ခဲ့ပါသည်။
ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ကတော့ ပိုင်ချွမ်ရွာသို့ ပြန်သွားကြသည်။
ဝမ်မေ့လီသည် သမီးဖြစ်သူ၏ စေ့စပ်ပွဲအကြောင်းကို တစ်ရွာလုံးသိအောင် လိုက်လံကြေညာနေပြီး ကျန်းအာ့နီနှင့် လီသဲ့ရှုတို့၏ မင်္ဂလာပွဲကို အတည်ဖြစ်အောင် ဖန်တီးနေတော့သည်။
“စေ့စပ်ပွဲ ကျင်းပတဲ့နေ့ကျရင် နင်တို့မိသားစုတွေ လာခဲ့ကြဦးနော်!”
စေ့စပ်ပွဲမတိုင်ခင် တစ်ရက်အလိုတွင် ယဲ့မိသားစုထံသို့ ဝမ်မေ့လီ ရောက်ရှိလာခဲ့သည်။
ယဲ့မိသားစုမှာ ပိုင်ချွမ်ရွာတွင် ဩဇာရှိသော မိသားစုတစ်စုဖြစ်ပြီး ရွာ၏ အရေးကိစ္စများစွာတွင် သူတို့၏ အကူအညီနှင့် အရင်းအမြစ်များအပေါ် မှီခိုနေရပါသည်။
ထို့အပြင် ဝမ်မေ့လီမှာ ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
လီသဲ့ရှုက ယဲ့ရှောင်ရှောင်ကို သဘောကျနေသည်ဟူသော ကောလဟာလများ ထွက်ခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် သူများ၏ သားမက်ကို လာရောက်မလုယူသင့်ကြောင်း ယဲ့မိသားစုအား ပညာပေးချင်၍ သူမ ဤသို့ လုပ်လိုက်ရခြင်း ဖြစ်ပါသည်။
မြောင်စွေ့ဖန်းက ဆိုသည်။
“သစ်တောစခန်းတောင် ပြန်မဖွင့်သေးဘူးမလား၊ ရှင်တို့မိသားစုနဲ့ လီမိသားစုကြားက စေ့စပ်မင်္ဂလာ ဒီလောက်စောမယ် ထင်မထားခဲ့ဘူး”
ဝမ်မေ့လီက ပြန်ပြောသည်။
“အလုပ်တွေ သိပ်မများတဲ့ အခုလိုအချိန်မှာ လုပ်စရာရှိတာ လုပ်ထားလိုက်တော့ ပိုကောင်းတာပေါ့၊ ပြီးတော့ စေ့စပ်ပွဲပါပဲ၊ ကျွန်မတို့ အာ့နီလေးက ကျောင်းတက်ချင်သေးတယ်လေ၊ အဲ့တာကြောင့် အိမ်ထောင်စောစောပြုလို့မရသေးဘူး”
မြောင်စွေ့ဖန်းသည် သူမ၏ စကားကို မယုံကြည်သော်လည်း သံသယများကို စိတ်ထဲမှာသာ ထားခဲ့ပါသည်။
ကျန်းအာ့နီ၏ ပညာရေးစွမ်းဆောင်ရည်ကို ကြည့်ခြင်းအားဖြင့် တက္ကသိုလ်တက်ရဖို့ဟူသည်မှာ မဖြစ်နိုင်လှပါ။
အသက်မွေးဝမ်းကျောင်း ကောလိပ်ဝင်ဖို့ပင် ခက်ခဲနိုင်ပါလိမ့်မည်။
သို့သော် တစ်ဖက်မှ လေးစားသမှုဖြင့် ဖိတ်ကြားလာခြင်းဖြစ်၍ သူမတို့မိသားစု မျက်နှာပျက်အောင် မလုပ်ချင်ပေ။
ထို့ကြောင့် စေ့စပ်ပွဲသို့ ကြွရောက်ပေးမည်ဟု အပြုံးဖြင့် ကတိပြုခဲ့တော့သည်။
တိုက်ဆိုင်စွာဖြင့် ထိုအချိန်တွင် ယဲ့ချန်းရှန့်လည်း အိမ်သို့ ပြန်ရောက်လာခဲ့ပါသည်။
မြောင်စွေ့ဖန်းသည် မနက်ဖြန် ဝမ်မေ့လီတို့အိမ်မှ စေ့စပ်ပွဲသို့ သွားရောက်မည့် ကိစ္စအား မိသားစုနှင့် တိုင်ပင်ခဲ့လေသည်။
ယဲ့ချန်းရှန့်က ချက်ချင်း ငြင်းဆန်သည်။
“ကျွန်တော် မသွားဘူးနော်၊ အိမ်မှာပဲ စာလုပ်မယ်”
မြောင်စွေ့ဖန်း: “နင်အပြင်လေး ဘာလေးထွက်သင့်တယ်၊ အိမ်တွင်းပဲ အောင်းမနေနဲ့၊ အားလပ်ရက်ဆိုတာ အနားယူဖို့ မဟုတ်ဘူးလား”
ယဲ့ချန်းချင့်ကလည်း ထောက်ခံသည်။
“ဟုတ်တယ်၊ မင်းနဲ့ ကျန်းအာ့နီတို့က အတန်းဖော်တွေ မဟုတ်ကြဘူးလား”
ကျန်းရွှယ်: “စတုတ္ထမတ်လေးလည်း အိမ်ထောင်ပြုလို့ရတဲ့အရွယ်တောင် ရောက်နေပြီ”
ယဲ့ချန်းချင့်က ခေါင်းခါသည်။
“စတုတ္ထညီကို မပြောနဲ့ဦး ငါ့ဒုတိယညီတောင် မိန်းမမရသေးဘူး”
ကျန်းရွှယ်: “ဒုတိယမတ်လေးလည်း စစ်တပ်ထဲမှာ တစ်ယောက်ယောက်ရှိရင် ရှိနေလောက်ပြီပေါ့”
မြောင်စွေ့ဖန်း: “အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့ကွယ်၊ သူ့အတွက် စိတ်ပူစရာမလိုတော့ဘူး”
ဒုတိယသားဖြစ်သူ၏ အချစ်ရေးကိစ္စကို ကြားဖြတ်ပြောဆိုပြီးနောက် ယဲ့ချန်းရှန့်ကို အပြင်သွားရန် ထပ်မံ တိုက်တွန်းကြပြန်သည်။
မိသားစုဝင်များက အတင်းတိုက်တွန်းနေသဖြင့် ယဲ့ချန်းရှန့်လည်း မတတ်သာတော့ဘဲ ခေါင်းညိတ်လိုက်ရပါသည်။
“ပြီးရောဗျာ၊ ခဏလောက် သွားလိုက်မယ်”
ဤသို့ဖြင့် နောက်တစ်နေ့တွင် ယဲ့ချန်းရှန့်တစ်ယောက် ကျန်းအာ့နီ၏ အိမ်သို့ စိတ်မပါလက်မပါနှင့် ရောက်လာခဲ့တော့သည်။
ရွာသူကြီး၏ ခြံဝန်းထဲတွင် စားပွဲ ၇ လုံး ၈ လုံးခန့် ချထားသည်။
လီသဲ့ရှုနှင့် ကျန်းအာ့နီတို့နှစ်ယောက်စလုံး တောက်ပြောင်နေအောင် ဝတ်စားထားကြလေသည်။
အဝေးမှ ရုတ်တရက်ကြည့်လိုက်လျှင် မင်္ဂလာဆောင်နေသည်ဟုပင် ထင်ရလောက်ပေသည်။
ယဲ့ချန်းရှန့်သည် တိတ်တိတ်ဆိတ်ဆိတ်ရှိသည့် ထောင့်တစ်နေရာတွင် ထိုင်ကာ ခဏနေ လစ်ထွက်ဖို့ ကြံရွယ်ထားပါသည်။
သို့သော် လီသဲ့ရှုက အရက်တစ်ခွက်နှင့် ရောက်လာလေသည်။
ထို့နောက် သွားဖြီးကာ သူပြောလိုက်သည်။
“ခွက်ချင်းတိုက်ကြရအောင် ချန်းရှန့်”
ယဲ့ချန်းရှန့်က ခွက်ချင်းတိုက်ဖို့ပင် စိတ်မပါပေ။
သို့သော် လီသဲ့ရှုက မလှုပ်မယှက် ရပ်စောင့်နေသဖြင့် ယဲ့ချန်းရှန့်လည်း ရွေးချယ်စရာမရှိတော့ဘဲ ခွက်ကို မြှောက်လိုက်ရပါသည်။
တစ်ခွက်သောက်ပြီးနောက် လီသဲ့ရှုသည် ယဲ့ချန်းရှန့်အား လူကွယ်ရာသို့ ဆွဲခေါ်လာလေသည်။
“ချန်းရှန့် ငါမင်းကို သီးသန့်ပြောစရာတစ်ခုရှိတယ်”
ယဲ့ချန်းရှန့် ဒေါသထွက်သွားသော်လည်း စိတ်ကို ထိန်းထားပါသေးသည်။
“ဘာလဲ”
“အိမ်ထဲမှာ သွားပြောရအောင်”
လီသဲ့ရှုက အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်သည်။
ယဲ့ချန်းရှန့်က မဝင်ချင်ပေ။
လီသဲ့ရှု: “ယဲ့ရှောင်ရှောင်နဲ့ ပတ်သတ်တဲ့ကိစ္စနော်၊ မင်းမသိချင်ဘူးလား”
ယဲ့ရှောင်ရှောင်နှင့် ပတ်သတ်နေသည်ဟု ကြားသောအခါ ယဲ့ချန်းရှန့် အိမ်ထဲလိုက်သွားဖို့ သဘောတူလိုက်ပါသည်။
“အခုပြောလို့ရပြီမလား”
လီသဲ့ရှုသည် တံခါးနောက်မှ ဆွဲယူလာသော အရက်ပုလင်းကို လက်ထဲတွင်ကိုင်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“စိတ်တော့မဆိုးပါနဲ့ အစ်ကိုယဲ့၊ ငါ့မှာရွေးချယ်စရာမရှိလိုပါ၊ ရှောင်ရှောင်ဆီက ကျေအေးပေးကြောင်းစာရဖို့အတွက် ဒီတစ်နည်းပဲရှိတယ်!”
လီသဲ့ရှု၏ စကားကို ယဲ့ချန်းရှန့် နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်သွားခဲ့ရသည်။
ထို့နောက် လီသဲ့ရှုသည် အရက်ပုလင်းကိုလွှဲကာ သူ့ခေါင်းသူ ရိုက်ပစ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ယဲ့ချန်းရှန့် ထွက်မပြေးနိုင်အောင် လက်ကို ဆွဲချုပ်ထားလိုက်သည်။
ဒီကောင်ရူးသွားပြီဟုပင် ယဲ့ချန်းရှန့် တွေးလိုက်မိပါသည်။
အိမ်ထဲမှ ဆူညံသံများကို ကြားသောအခါ အပြင်ဘက်မှလူများက ပြေးဝင်လာကြသည်။
ထိုအခါ လီသဲ့ရှုသည် အရက်ပုလင်းကို ရိုက်ခွဲပစ်လိုက်လေသည်။
သွေးထွက်နေသည့် သူ့ခေါင်းကို ကိုင်ရင်း သံကုန်ဟစ်အော်လေတော့သည်။
“သူကျွန်တော့်ကို ရိုက်တယ်!”
“ငါ့သားကို ဘယ်သူရိုက်တာလဲ! ရဲခေါ်စမ်း! ရဲခေါ်ကြစမ်း!”
နောက်ဆုံးတွင် ယဲ့ချန်းရှန့်ကို စုန့်လင်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားကြတော့သည်။
ထိုဖြစ်ရပ်ကို လီမိသားစုက ခွင့်မလွှတ်နိုင်ပေ။
ဤအတိုင်းသာ ဆက်သွားလျှင် ယဲ့ချန်းရှန့်၏ ပညာရေး ထိခိုက်လာပြီး ရာဇဝတ်မှု မှတ်တမ်းပါ တင်သွားနိုင်ပါသည်။
ယဲ့ချန်းရှန့်က စစ်ကျောင်းတက်ဖို့ အိပ်မက်ရှိသူဖြစ်သည်။ ထို့ကြောင့် ရာဇဝတ်မှု မှတ်တမ်းတင်သွားလျှင် သူ့အိပ်မက် ပျက်သုဉ်းရပါလိမ့်မည်။
ပထမတော့ မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့သည် ထိုကိစ္စကို ယဲ့ရှောင်ရှောင်အား ပြောပြဖို့ စိတ်ကူးမရှိခဲ့ကြပါ။
သို့သော် စုန့်လင်မြို့နယ် ရဲစခန်းတွင် အကျဉ်းချခံထားရသည့် ယဲ့ချန်းရှန့်ကြောင့် မြောင်ဖုန့်ရှန်းကို တစ်ခုခုလုပ်ပေးဖို့ အကူအညီ တောင်းရတော့သည်။
ထို့အပြင် ကျောင်းဖွင့်၍ ယဲ့ချန်းရှန့် ရောက်မလာသည့်အခါတွင်လည်း ယဲ့ရှောင်ရှောင် သိသွားပါလိမ့်မည်။
ထို့ကြောင့် ယဲ့မိသားစုသည် အဘိုးမြောင်၏ အိမ်တွင် စုဝေးကာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
--- --- --
“လီသဲ့ရှုကို စတုတ္ထအစ်ကိုက ရိုက်နှက်ပါတယ်လို့ လီမိသားစုက စွပ်စွဲထားတယ်”
ယဲ့ရှောင်ရှောင် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
လီသဲ့ရှု၏ အကြံအစည်ကို သူမ ကောင်းကောင်းကြီး နားလည်ပါသည်။
ယဲ့ချန်းယွမ်: “စိတ်ကိုလျှော့ထားဦး၊ ငါနင့်ကို သူများတွေမသိအောင် ကြိုပြောထားတာ၊ အခု ဒုတိယဦးလေး၊ ဒုတိယ ဒေါ်လေးနဲ့ အစ်ကိုကြီးတို့အားလုံး အဘိုးမြောင်ရဲ့အိမ်ကို ရောက်နေပြီ၊ ဒါပေမယ့် နင်ပြန်လာရင်တော့ သူတို့ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး”
ယဲ့ရှောင်ရှောင် အသက်ဝဝရှူလိုက်ည်။
“စတုတ္ထအစ်ကိုက သူများကို တကယ်ရိုက်ခဲ့တာလား”
ယဲ့ချန်းယွမ် ဒေါသတကြီး ပြောလိုက်သည်။
“မဟုတ်တာ! ချန်းရှန့်က ဒီလောက် ပိန်ညှောင်နေတာ အဲ့ဒီခွေးကောင် လီသဲ့ရှုကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ချန်းရှန့်ကိုယ်တိုင် ဘယ်သူ့ကိုမှ မရိုက်ပါဘူးလို့ ပြောထားပြီးပြီ၊ လီသဲ့ရှုက တမင်သက်သက် အကွက်ဆင်တာ၊ ငါတော့ ချန်းရှန့်ကိုပဲ ယုံကြည်တယ်”
ယဲ့ရှောင်ရှောင်: “သမီးလည်း စတုတ္ထအစ်ကိုကို ယုံကြည်ပါတယ်”
ယဲ့ရှောင်ရှောင်သည် လီသဲ့ရှု၏ တောင်းဆိုချက်များကို လိုက်လျောပေးဖို့ စဉ်းစားမိသော်လည်း မတရားမှုကို ဤအတိုင်း ရပ်ကြည့်မနေနိုင်ပေ။
လီသဲ့ရှုသည် သူမကို သူ့ဆီခေါ်နိုင်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။
“အစ်ကိုယွမ်… သမီးကိုတစ်ခုလောက် ကူညီပေးပါလား၊ ကောင်တီဧည့်ဂေဟာကိုသွားပြီး လူတစ်ယောက် သွားရှာပေးပါ”
ယဲ့ချန်ယွမ်က ရင်ဘတ်ကို ထုကာ အာမခံလိုက်သည်။
“ငါ့တာဝန်သာထား၊ ဘယ်သူ့ကို သွားရှာပေးရမှာလဲ”
သူသည် အိမ်တွင်လည်း အကူအညီသိပ်မပေးနိုင်သဖြင့် တောက်တိုမယ်ရအလုပ်များနှင့်သာ အံဝင်ခွင်ကျပိုရှိပါသည်။
--- --- ---
မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ လင်မယားမှာမူ လီမိသားစုနှင့် ညှိနှိုင်းဖို့ ကြိုးစားနေကြဆဲပင်။
လီမိသားစုက တရားစွဲဖို့သာ ဆုံးဖြတ်ထားသဖြင့် ယဲ့ချန်းရှန့်ကို လွှတ်ပေး၍ မရကြောင်း ရဲစခန်းက အကြောင်းကြားခဲ့ပါသည်။
အမှုက သိပ်ကြီးမည် မဟုတ်သော်လည်း သူ့ဘဝတွင် ရာဇဝတ်မှု မှတ်တမ်းတစ်ခု တင်သွားမည်မှာ မလွဲဧကန်ပင်။
ရဲစခန်းတွင် မြောင်ဖုန့်ရှန်း၏ တပည့်တစ်ယောက်ရှိသော်လည်း ထိုအဆက်အသွယ်နှင့်ပင် ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။
ထူးခြားသည်မှာ လီမိသားစုသည် ယခုတစ်ကြိမ်တွင် အလွန်ခေါင်းမာနေကြပြီး ယဲ့မိသားစုအား ညှိနှိုင်းဆွေးနွေးဖို့ပင် အခွင့်အရေး မပေးခဲ့ကြပါ။
📗 Chapter 42
ယဲ့ချန်းရှန့်သည် ရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး အရာရှိတစ်ဦးက သူ့ကို အပြစ်ဝန်ခံဖို့ အတင်းအကျပ် ဖျောင်းဖျပြောဆိုနေပါသည်။
သို့သော် ယဲ့ချန်းရှန့်မှာမူ သူကျူးလွန်မထားသည့် ပြစ်မှုတစ်ခုအတွက် ကျိန်းသေပေါက် ဝန်ခံမည် မဟုတ်ပေ။
“ငါပြောမယ် ကျောင်းသားလေး၊ ဒီစာရွက်တွေပေါ်မှာသာ လက်မှတ် ထိုးလိုက်စမ်းပါ၊ အဲ့တာဆို အားလုံးအတွက် အဆင်ပြေသွားလိမ့်မယ်၊”
ယဲ့ချန်းရှန့်က ပြန်ပြောသည်။
“ကျွန်တော်သူ့ကို မရိုက်ခဲ့ဘူး၊ သူ့ကိုယ်သူ ပြန်ရိုက်ခဲ့တာ၊ ကျွန်တော့်ကို ဒီမှာလာဖျောင်းဖျပြီး အချိန်ကုန်ခံမယ့်အစား လီသဲ့ရှုကို ဆေးရုံခေါ်သွားပြီး ဦးနှောက်ပါ စစ်ဆေးကြည့်သင့်တာ”
“မင်းတော်တော်ပြောရခက်တဲ့ ကျောင်းသားပဲ၊ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မှာလဲ”
ယဲ့ချန်းရှန့်: “ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျူးလွန်ထားတဲ့ အပြစ်မဟုတ်လို့ ဘာလက်မှတ်မှ မထိုးနိုင်ဘူး”
“အဲ့တာဆိုလည်း မင်းစိတ်ဓာတ်ကျသွားတဲ့အထိ ငါတို့ဒီမှာ ထိုင်စောင့်နေရုံပဲပေါ့၊ အမှုကို မပိတ်မချင်း မင်းဒီက ထွက်သွားလို့ မရဘူး၊ တစ်ခုတော့ ကြိုပြောထားမယ်နော်၊ နစ်နာသူရဲ့ မိသားစုက ဒီမြို့မှာ သူဌေးတွေ၊ သူတို့ကို သွားစော်ကားမိရင် မင်းအတွက် ရလဒ်မကောင်းနိုင်ဘူး”
ယဲ့ချန်းရှန့် ခေါင်းမော့လာသည်။
“ခင်ဗျားလည်း သူတို့နဲ့ တစ်ဖွဲ့တည်းပဲ မဟုတ်လား”
“ဟေ့ကောင်… လိုရာဆွဲမတွေးရဘူးလေ၊ ငါတို့က ပြည်သူ့ဝန်ထမ်းတွေပါ၊ ခုနက ငါပြောလိုက်ခဲ့တွေအကုန်လုံးက မင်းကောင်းဖို့အတွက်ပဲ”
ယဲ့ချန်းရှန့် အေးစက်စွာ ပြောလိုက်သည်။
“ကျုပ်ဘာမှ မကြားချင်ဘူး!”
“မင်း…”
အရာရှိက စကားဆက်ပြောရန် ကြံလိုက်စဉ်မှာပင် အချုပ်ခန်းတံခါး ပွင့်လာသည်။
“ယဲ့ချန်းရှန့်မှာ အပြစ်မရှိဘူး၊ သွားလို့ရပြီ”
ရဲအရာရှိမှာ အလွန်အံ့အားသင့်သွားရပြီး နောက်သို့လှည့်ကြည့်လိုက်သည်။
“ဘာကွ…”
‘သူက ဘာလို့လွတ်သွားတာလဲ၊ လီမိသားစုကို ငါဘယ်လိုရှင်းပြရမလဲ!’
“ရဲမှူးကိုယ်တိုင် အမိန့်ထုတ်ပြန်ထားတာ၊ ကျောင်းသား ယဲ့ချန်းရှန့်က လီသဲ့ရှုကို တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး၊ လီမိသားစုရဲ့ လုပ်ရပ်က မဟုတ်မမှန် တိုင်တန်းမှုဖြစ်တာကြောင့် သူတို့ကို အတွေးအခေါ်ပိုင်းဆိုင်ရာပါ ပညာပေးရမယ်”
အရာရှိ: “…”
ဤသို့ဖြင့် ယဲ့ချန်းရှန့် ပြန်လည် လွတ်မြောက်လာခဲ့လေသည်။
တံခါးဝတွင် ယဲ့ချန်းယွမ်က စောင့်နေပါသည်။
ယဲ့ရှောင်ရှောင်၏ အစီအစဉ်အတိုင်း ကောင်တီဧည့်ဂေဟာတွင် လူတစ်ဦးကို သူသွားရှာပေးခဲ့သည်။
ထို့နောက် သူတို့အကြား ဘာတွေပြောဆိုခဲ့ကြသည်ကို ယဲ့ချန်းယွမ် နားမလည်နိုင်ခဲ့ပါ။
“အစ်ကိုယွမ်!”
ယဲ့ချန်းယွမ်: “ဘုရားရေ! မင်းတကယ်ကြီး လွတ်လာတာပဲ”
ယဲ့ချန်းရှန့်: “သူတို့ဘာလို့ ငါ့ကိုပြန်လွှတ်ပေးလိုက်တာလဲ မင်းသိလား၊ အဖေနဲ့အအမေက လီသဲ့ရှု တောင်းဆိုတာတွေကို လိုက်လျောပေးလိုက်တာတော့ မဟုတ်ပါဘူးနော်”
ယဲ့ချန်းယွမ်က လက်ယမ်းပြလိုက်သည်။
“မဟုတ်ပါဘူးကွာ၊ အိမ်အရင်ပြန်ကြစို့၊ ဟိုရောက်မှ ငါအကုန်ရှင်းပြမယ်”
ယဲ့ရှောင်ရှောင် အိမ်ပြန်မလာသေးသည့်အကြောင်းကို ယဲ့ချန်းယွမ် မပြောခဲ့ပါ။
သူမ သွားရှာခိုင်းသည့် စစ်တပ်အရာရှိမှာ ယခင်က သူတို့နှင့် မကြာခဏ ဆုံခဲ့ဖူးသည့် အရာရှိ ဖြစ်မှန်း ယဲ့ချန်းယွမ် မှတ်မိပါသည်။
သို့သော် တစ်စုံတစ်ယောက်ကို အကူအညီတောင်းဆိုသည့်အခါ တန်ရာတန်ကြေးတစ်ခုကို ပြန်ပေးရလေ့ရှိသည်။
မည်သူကမှ အကြောင်းပြချက်မရှိဘဲ ကူညီလိမ့်မည် မဟုတ်ပေ။
ယဲ့ချန်းရှန့်၏ စိတ်မြန်မှုနှင့်သာဆို ထိုလူ့ကို ချက်ချင်းသွားရှာမည်ဖြစ်မှန်းသိသဖြင့် လောလောဆယ် ပြောမပြသေးဖို့ ယဲ့ချန်းယွမ် ဆုံးဖြတ်ခဲ့ပါသည်။
ယဲ့ချန်းရှန့်: “ဟုတ်ပါပြီ၊ အိမ်အရင်ပြန်ကြတာပေါ့”
--- --- ---
“ငါတို့ ဒီလောက်မြန်မြန် ပြန်တွေ့ရလိမ့်လို့ တကယ် ထင်မထားဘူး”
တရုတ်တိုင်းရင်းဆေးဆိုင်ထဲတွင် လုဟန်ချွမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ယဲ့ရှောင်ရှောင်ကို မျက်ခုံးပင့်ပြလိုက်ပါသည်။
သူအတော်လေးကျေနပ်နေသည်ဟု ယဲ့ရှောင်ရှောင် ခံစားမိသည်။
ဘာကိုကျေနပ်နေမှန်းတော့ ယဲ့ရှောင်ရှောင် နားမလည်ပေ။
ယခုလက်ရှိ အခြေအနေများမှာ သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်လာသည်ဟု ယဲ့ရှောင်ရှောင် ခံစားနေရသည်။
မူရင်းစာအုပ်ထဲမှ ဇာတ်လိုက်မင်းသမီး၏ ‘ခင်ပွန်းဟောင်း’ ဇာတ်ကောင်ဖြစ်သူ လီသဲ့ရှုနှင့် မကြာခဏ တွေ့ဆုံနေရခြင်းမှာ ဇာတ်ညွှန်းကို သူမ မလိုက်နာခြင်းကြောင့် ဖြစ်ရခြင်းလားဟုပင် တွေးမိလာပါပြီ။
“ကျွန်မကြောင့် ဒုက္ခများရပြန်ပြီ၊ အခွင့်အရေးရမှ ကျွန်မ သေချာကျေးဇူးပြန်ဆပ်ပါ့မယ်”
လုဟန်ချွမ်ကိုမူ ယဲ့ရှောင်ရှောင် သိပ်မကြောက်ရွံ့ခဲ့ပေ။
သူသည် အလွန်အစွမ်းအစရှိသူဖြစ်သော်ငြား စာအုပ်ထဲတွင် အရေးမပါသော ဇာတ်ကောင်တစ်ကောင်သာ ဖြစ်သည်။
ဇာတ်လိုက်မင်းသမီး သို့မဟုတ် ဇာတ်လိုက်မင်းသားနှင့် ပတ်သတ်မှုတစ်စုံတစ်ရာရှိသည်ဟု ရေးသားထားခြင်းလည်း မရှိပါ။
ထိုကဲ့သို့ လူမျိုးကိုသာ သူမ မိတ်ဆွေအဖြစ် ထားသင့်ပါသည်။
လုဟန်ချွမ်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“အားနာစရာမလိုပါဘူး၊ ငါတို့က စစ်တပ်ဝင်းတစ်ခုတည်းမှာ အတူတူကြီးပြင်းလာကြတဲ့ ကလေးတွေပဲဥစ္စာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီပေးသင့်တာပေါ့”
ဤခေတ်အခါ၏ ‘’စစ်တပ်ဝင်း ယဉ်ကျေးမှုဓလေ့”ကို ယဲ့ရှောင်ရှောင် အပြည့်အဝ နားမလည်သေးပါ။
‘အဲ့ကလူတွေက ဘာလို့အဲ့လောက်စည်းလုံးနေကြတာလဲ’
ထိုစဉ် စုန့်ကွမ်းကျင့်သည် တံခါးနောက်တွင် ပုန်းရင်း သူတို့နှစ်ဦးကို တိတ်တဆိတ် အကဲခတ်နေလေသည်။
သူ့တပည့်မလေးမှာ အမြင်ရှိလှပေသည်။
ဤလူငယ်လေးက အတော်လေး ထူးချွန်မည့်ပုံစံ ပေါက်ပါသည်။
လုဟန်ချွမ်က မေးသည်။
“မင်းဒီဆေးဆိုင်မှာ ဆေးပညာသင်ယူနေတာလား”
ယဲ့ရှောင်ရှောင်: “ကျွန်မက ဆေးပညာကို အစကတည်းက အနည်းအကျဉ်းသိထားတာပါ၊ ဆရာကြီးစုန့်က ကျွန်မပါရမီကိုမြင်ပြီး ဆေးပညာ ဆက်သင်ကြားပေးဖို့ လက်ခံခဲ့တာ”
လုဟန်ချွမ် ခေါင်းညိတ်လိုက်သည်။
“မဆိုးပါဘူး၊ နောက်ပိုင်း ဆေးပညာဌာနမှာ ပညာသင်ယူဖို့ အစီအစဉ်ရှိသေးလား”
ယဲ့ရှောင်ရှောင်: “ကျင့်ဟွာတက္ကသိုလ်မှာ တရုတ်တိုင်းရင်းဆေးပညာ မေဂျာလျှောက်ဖို့တော့ စဉ်းစားထားတယ်”
လုဟန်ချွမ်၏ အတွေးများ အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။
ဆိုလိုသည်မှာ လအနည်းငယ်အကြာတွင် ပေကျင်းမြို့သို့ သူမ ပြန်ရောက်လာပါတော့မည်။
ယဲ့ရှောင်ရှောင်ကမေးသည်။
“ရှင်ဘာတွေ ပြုံးနေတာလဲ”
လုဟန်ချွမ်က စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“အခွင့်အရေးရရင် ငါ့ကို ကျေးဇူးပြန်ဆပ်မယ်လို့ ပြောလိုက်တယ်နော်၊ အခု မင်းကျေးဇူးပြန်ဆပ်လို့ရမယ့် အခွင့်အရေးတစ်ခုရှိတယ်”
ယဲ့ရှောင်ရှောင်: “…”
‘သူပြောတော့ စစ်တပ်ဝင်းတစ်ခုတည်းကနေ အတူတူကြီးပြင်းလာတဲ့လူတွေမို့လို့ အားနာစရာမလိုဘူးတဲ့… ကျေးဇူးပြန်ဆပ်ခိုင်းဖို့ အခွင့်အရေးတစ်ခုကို ဘယ်လိုတောင် မြန်မြန်ရှာလိုက်တာလဲ’
စစ်တပ်ဝင်းမှ ပုဂ္ဂိုလ်များက အလွန်ပင် ဉာဏ်နီဉာဏ်နက်များကြပေသည်။
ယဲ့ရှောင်ရှောင်: “ပြောကြည့်လေ…”
တံခါးနောက်တွင် ပုန်းနေသည့် အဘိုးအိုကို လုဟန်ချွမ် ဘေးတစောင်းကြည့်လိုက်သည်။
“တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့နေရာမှာ စကားပြောကြရအောင်”
စုန့်ကွမ်းကျင့်: “…”
ယဲ့ရှောင်ရှောင်လည်း သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်ရာ ပုန်းနေသည့် ဆရာကြီးစုန့်ကို ဖျပ်ခနဲ မြင်လိုက်ပါသည်။
“ဟုတ်ပြီ…”
သူတို့နှစ်ယောက် ဆေးဆိုင်ထဲမှ ထွက်လာခဲ့ကြပြီး မြို့ထဲရှိ အစိုးရပိုင် စားသောက်ဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ကြသည်။
အစိုးရပိုင် စားသောက်ဆိုင်များသည် ယခင်ကလောက် ရေပန်းစားခြင်း မရှိတော့ပါ။
ပုဂ္ဂလိက စားသောက်ဆိုင်ငယ်လေးများ ပေါများလာသည်နှင့်အမျှ ဤကဲ့သို့ ဆိုင်ကြီးများက တဖြည်းဖြည်း စီးပွားရေး ကျဆင်းလာရသည်။
စားချိန်သောက်ချိန် မဟုတ်သေးသဖြင့် စားသောက်ဆိုင်တွင် သူတို့နှစ်ယောက်သာ ရှိပါသည်။
ယဲ့ရှောင်ရှောင်: “ရှင့်စိတ်ထဲ ရှိတဲ့အတိုင်းပြောပါ၊ ရှင့်လိုလူမျိုးမှာ လိုအပ်ချက်ဆိုတာ ရှိမယ်လို့တော့ မထင်ဘူး”
လုဟန်ချွမ်သည် ရေနွေးခရားကိုယူကာ ယဲ့ရှောင်ရှောင်အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင်လည်း သူငှဲ့ပေးသည့် ရေနွေးကို ယူသောက်လိုက်သည်။
ထိုစဉ် လုဟန်ချွမ်က အေးအေးလူလူ ပြောလိုက်လေသည်။
“တကယ်တော့ ငါ့မှာလိုအပ်နေတဲ့အရာတချို့ရှိပါတယ်၊ ဥပမာအားဖြင့်… ကောင်မလေးတစ်ယောက်ပေါ့”
ယဲ့ရှောင်ရှောင်: “အဟွတ် အဟွတ် အဟွတ်!”
ယဲ့ရှောင်ရှောင် အံ့အားသင့်တုန်လှုပ်စွာ ခေါင်းမော့ကြည့်လိုက်သည်။
“ရှင်နောက်နေတာမလား၊ ရှင့်လိုလူမျိုးမှာ ကောင်မလေး မရှိဘူးပေါ့၊ ပြီးတော့ မရှိဘူးဆိုရင်တောင် ကျွန်မနဲ့ ဘာဆိုင်လို့လဲ…”
လုဟန်ချွမ်: “မင်းက ရှုကျမ့်ဝမ်ရဲ့ သတို့သမီးလောင်းဆိုတာ ငါသိတယ်”
ယဲ့ရှောင်ရှောင်က စကားအမှန်ပြင်ပေးလိုက်သည်။
“အရင်က သတို့သမီးလောင်းပါ”
လုဟန်ချွမ် ရယ်မောလိုက်ပါသည်။
“ဟုတ်ပါပြီ၊ အရင်က သတို့သမီးလောင်းပေါ့၊ အခုဟောက်မိသားစုက သူတို့ သမီးအရင်းကို ရှာတွေ့သွားကြပြီဆိုတော့ မင်းရဲ့အနေအထားက အတော်လေး အခက်တွေ့စရာဖြစ်နေမှာပဲ”
“ပြီးတော့ မင်းက ကျင့်ဟွာတက္ကသိုလ်မှာ ပညာသင်ချင်တာဆို၊ အဲ့အချိန်ကျရင် ရင်ဆိုင်လာရမယ့် အခက်အခဲတွေအတွက် ကြိုစဉ်းစားထားပြီးပြီလား”
ယဲ့ရှောင်ရှောင်လည်း စဉ်းစားထားပြီးပါပြီ။
သူယခုလို သုံးသပ်ပြလိုက်သောအခါ ရည်းစားတစ်ယောက်ရှာထားခြင်းသည် မှန်ကန်သည့် ရွေးချယ်မှုဖြစ်သည်ဟု ယဲ့ရှောင်ရှောင် ရုတ်တရက် ခံစားလိုက်ရပါသည်။
လုဟန်ချွမ်ကို သူမ အကဲကြည့်လိုက်သည်။
သူသည် ရုပ်ရည်ချောမောသည်။
မိသားစုနောက်ခံအင်အားလည်း တောင့်သည်။
သူနှင့်သက်ဆိုင်သည့် အရာအားလုံးက ကောင်းမွန်နေပါသည်။
သို့သော် ယဲ့ရှောင်ရှောင် စိတ်ကို ကြည်လင်အောင်ထားကာ သတိကပ်ထားဆဲပင်။
လုဟန်ချွမ်ကဲ့သို့ လူမျိုးက သူမကို အမှန်တကယ် သဘောကျခြင်း မဖြစ်နိုင်ပေ။
‘လရောင်ဖြူ’ဟူသည့် ရောင်ဝါက အမှန်တကယ် ကြောက်ဖို့ကောင်းပါသည်။
“ကျွန်မစဉ်းစားပြီးပါပြီ၊ ရှုကျမ့်ဝမ်နဲ့ အပြင်မှာထပ်မတွေ့ရင် ပြီးတာပဲမဟုတ်ဘူးလား”
လုဟန်ချွမ်က သတိပေးလိုက်သည်။
“ရှုကျမ့်ဝမ်လည်း ကျင့်ဟွာတက္ကသိုလ်မှာ တက်နေတာနော်”
ယဲ့ရှောင်ရှောင်: “…”
“ကျွန်မကို တစ်ခုလောက် အရင်ရှင်းပြပါဦး၊ ရှင့်မှာ ကောင်မလေးတစ်ယောက်လိုနေတယ်လို့ ပြောတုန်းက ကျွန်မကို ဘာလို့ စဉ်းစားမိခဲ့တာလဲ”
လုဟန်ချွမ်၏ အကြည့်များက အလွန်နူးညံ့သွားသဖြင့် သူ၏ ခက်ထန်လေးနက်သော အသွင်ကိုပင် ဖုံးလွှမ်းသွားစေသည်။
“အင်း… ငါက မင်းထက် အသက်နည်းနည်းပိုကြီးတယ်၊ အသက်က အရမ်းအကွာကြီးတော့ မဟုတ်ပါဘူး၊ ပြီးတော့ ခုတလော ငါ့အဘိုးအဘွားတွေက ငါ့ကို လက်ထပ်ဖို့ ဖိအားတွေ ပေးနေပြီး ကောင်မလေးတစ်ယောက် အမြန်ပြန်ခေါ်လာဖို့ အမိန့်ထုတ်ပြန်ထားတယ်”
ယဲ့ရှောင်ရှောင် ရုတ်တရက် နားလည်သွားခဲ့ရသည်။
‘အခုခေတ်မှာ အိမ်ထောင်ပြုဖို့ ဖိအားပေးတာက နောက်ထပ်ဆယ်စုနှစ်တစ်စုလောက်ကြာတဲ့အချိန်မှာ ဖြစ်လာမယ့် ဖိအားတွေလောက် ဆိုးနေပြီလား…’
မိဘနှင့် ဆွေမျိုးများ၏ ဖိအားပေးမှုကို ရင်ဆိုင်ဖို့အတွက် အချို့သူများသည် ငွေကုန်ကြေးကျခံကာ အငှားရည်းစားများပင် ငှားတတ်ကြသည် မဟုတ်ပါလား။
ယဲ့ရှောင်ရှောင်: “ရှင်ဆိုလိုတာက ကျွန်မကို ရှင့်ရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းချင်တာပေါ့ ဟုတ်လား”
လုဟန်ချွမ်၏ လေသံမှာ အနည်းငယ် မြင့်တက်သွားသည်။
“ဟန်ဆောင်တာ ဟုတ်လား”
ယဲ့ရှောင်ရှောင် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်လေ! ရှင်က ရှင့်အိမ်ကလူကြီးတွေ နားပူနားဆာလုပ်တာကို မခံရအောင် ကောင်မလေးတစ်ယောက် လိုအပ်နေတာ၊ ကျွန်မကလည်း ရှုကျမ့်ဝမ်အပေါ် ဘာခံစားချက်မှမရှိဘူးဆိုတာကို သက်သေပြဖို့ ကောင်လေးတစ်ယောက် လိုနေတာ”
“အဲ့တာဆို ဟောက်မိသားစုကော ရှုမိသားစုကော စိတ်အေးနိုင်သလို ကျွန်မတို့နှစ်ယောက်စလုံးရဲ့ ပြဿနာတွေလည်း ပြေလည်သွားမှာပဲ၊ မဟုတ်ဘူးလား”
လုဟန်ချွမ်: “မင်းအဲ့လို တွေးချင်လည်း တွေးလို့ရပါတယ်”