အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
🍋 Chapter 29
ဤအလှပဆုံး အခိုက်အတန့်ကို မှတ်တမ်းတင်ပြီးနောက် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ပြီးစီးလုနီးပါး ဖြစ်သွားသည်။
စက္ကန့် ၃၀ အတွင်း ယွမ် ၁ သိန်း။
ပိုက်ဆံကို မီးရှို့ပစ်တာထက်တောင် မြန်ဆန်လှသည်။
“ကျိုးထျန်း... နင်... နင် ပိုက်ဆံတွေ ထပ်ဖြုန်းပြန်ပြီ”
သူမ၏ အသံမှာ စိုးရိမ်စိတ်များ တိုးလာကာ နောက်ဆုံးတွင် ခေါင်းငုံ့သွားပြီး ပါးပြင်လေးများ နီမြန်းလာသည်။
“မင်းအတွက်ဆိုရင်တော့ ဘယ်လောက်ပဲ ကုန်ကုန် ထိုက်တန်ပါတယ်”
ကျိုးထျန်း သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
၎င်းမှာ ပထမဆုံးအကြိမ် လက်ချင်းထိခြင်း ဖြစ်သည်။
လျိုမုယန်သည် သူမ၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး လည်ချောင်းထဲမှ ခုန်ထွက်တော့မတတ် ခံစားလိုက်ရသည်။
စာအုပ်များထဲတွင် ဖော်ပြထားသည့် ရင်ခုန်သံ တဒိတ်ဒိတ် မြည်ခြင်းဆိုသည်မှာ မည်သို့သော ခံစားချက်မျိုးလဲဆိုသည်ကို ယခုမှပင် သူမ သိရှိသွားတော့သည်။
ကျိုးထျန်းသည် သူမ၏ မျက်နှာလေးကို အသာအယာ မလိုက်ပြီး နဖူးလေးကို နမ်းလိုက်သည်။
အဝေးမှ ခရီးသွားများမှာ မီးရှူးမီးပန်းများကို ကြည့်ပြီးနောက် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အကြမ်း ဖျင်း နားလည်သွားကြသည်။
အထူးသဖြင့် မနက် တန်းစီစဉ် သူတို့နှင့် ဆုံခဲ့သောသူများ ဖြစ်သည်။
“ဒါ သူဌေးသားတစ်ယောက် အချစ်ရေး ဖွင့်ပြောနေတာလား”
“သေချာတာပေါ့... ဒီလောက်ကြီးကျယ်တဲ့ အစီအစဉ်ဆိုတော့ မိုက်လိုက်တာ”
“မနက်က ဟိုသူဌေးလေး ဖြစ်နေမလား”
“အခုမှ စဉ်းစားကြည့်တော့ ဖြစ်နိုင်ခြေ အရမ်းများတယ်”
စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် Happy Valley သို့ လာသူအများစုမှာ လူငယ်စုံတွဲများ ဖြစ်ကြသည်။
အနားရှိ မိန်းကလေးများမှာ အံ့ဩသွားကြသလို၊ တစ်ဖက်တွင်လည်း နှမြောတသဖြစ်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။
“ငါသာ အဲ့ဒီမိန်းကလေး နေရာမှာဆိုရင် တကယ့်ကို ကောင်းမှာပဲ!”
သူတို့၏ တူညီသော ခံစားချက်များက လျိုမုယန်ဆီသို့ အချဉ်ဓာတ်များ အရှိန်အဟုန်ဖြင့် စီးဆင်းသွားစေသည်။
[ဟွမ်ရှောင်ယာ၏ အချဉ်ဓာတ် +၉၉!]
[ကျိုးရှင်းမေ၏ အချဉ်ဓာတ် +၉၉!]
[ဝမ်ရှန့်နန်၏ အချဉ်ဓာတ် +၉၉!]
[ရှန်လီယင်၏ အချဉ်ဓာတ် +၉၉!]
...
အချဉ်ဓာတ် ၉၉ အဆင့်ရှိသော မက်ဆေ့ချ်များသည် ကျိုးထျန်း၏ စနစ်ထဲသို့ အလုံးအရင်းနှင့် ဝင်လာကာ ၈၀၀ ကျော်အထိ ရှိသွားသည်။
၉၉ အောက်ရှိသော မက်ဆေ့ချ်များမှာမူ ထောင်နှင့်ချီ၍ ရှိနေတော့သည်။
အချဉ်ဓာတ် စုစုပေါင်းမှာ သတ်မှတ်ချက်ကို ကျော်လွန်သွားကာ ၁၃၀,၀၀၀ ကျော်အထိ ဆက်လက် တိုးပွားနေသည်။
ဤအချိန်တွင် သူ၏ တာဝန်မှာ အောင်မြင်သွားပြီ ဖြစ်သည်။ အဆ ၁၀၀ ဆပွားခြင်းနှင့်ဆိုလျှင် သူသည် ယွမ် ၁၀ သန်းကို ကျော်လွန်သွားပြီ ဖြစ်သည်။
သို့သော် ကျိုးထျန်း မရပ်တန့်သေးပေ။ အဆ ၁၀၀ ဆုလာဘ်နှင့်အတူ ဝင်ငွေ နှစ်ဆတိုးရန် အခွင့်အရေးကိုပါ ရရှိထားသဖြင့် ဤအခွင့်အရေးကို သုံးကာ ပို၍ ရယူလိုသေးသည်။
မူလက လျိုမုယန်၏ ဘေးတိုက်ပုံလေးကို WeChat Moments တွင် တင်ရန် စီစဉ်ခဲ့သော်လည်း အခုတော့ သူ စိတ်ပြောင်းသွားသည်။
လျိုမုယန်၏ ဤမျှ လှပသော အခိုက်အတန့်ကို သူတစ်ဦးတည်းသာ သိမ်းဆည်းထားလိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် ဒုတိယ အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး Moments တွင် စာသားတစ်ခု တင်လိုက်သည်။
“လူတိုင်းပဲ... တစ်ချက်လောက် ကြည့်ပေးကြပါဦး၊ ငါ ဝယ်လိုက်တဲ့ Nike က အတု ဖြစ်နေတာလား”
တွဲတင်လိုက်သည့် ပုံမှာ McLaren တံဆိပ် ပါရှိသော 720S ၏ စတီယာရင်ပုံ ဖြစ်သည်။ McLaren တံဆိပ်မှာ Nike တံဆိပ်နှင့် ပြောင်းပြန်ပုံစံ တူနေသည် မဟုတ်ပါလား။
ပြီးပြီ။
တစ်မိနစ်အကြာတွင်...
[ဝမ်ရှောင်ထောင်၏ အချဉ်ဓာတ် +၉၉!]
[ကျောက်ထျန်း၏ အချဉ်ဓာတ် +၉၉!]
[လျူထုန်တ၏ အချဉ်ဓာတ် +၉၉!]
[ဟွမ်ချုံ၏ အချဉ်ဓာတ် +၉၉!]
...
၃ မိနစ်အတွင်း ဝင်ငွေနှစ်ဆတိုးသည့် ကျွမ်းကျင်မှုကို အသုံး ပြုထားသဖြင့် သူ့ Moments မှာ အချဉ်ဓာတ်များဖြင့် ပြည့်လျှံသွားတော့သည်။
အမှန်ပင်... ဤကားအကြောင်း သိသော ယောက်ျားလေးတိုင်းမှာ မနာလိုဖြစ်ပြီး မျက်စိစိမ်းနေကြမည်မှာ အသေအချာပင်။
ကျိုးထျန်းသည် ပုံခိုးတင်ကာ ကြွားနေသည်ဟု တစ်ဦးတစ်ယောက်က သံသယဝင်မည်ကို စိုးသဖြင့် ဓာတ်ပုံထဲတွင် သူ့ နာရီကိုပါ မြင်အောင် ပြထားလိုက်သည်။
ထိုနာရီကို လွန်ခဲ့သော နှစ်ရက်ကမှ သူ တင်ထားသဖြင့် လူတိုင်း မှတ်မိကြသည်။
အသေးစိတ် အချက်အလက်ပင်။
"အသေးစိတ် အချက်အလက်များက အောင်မြင်မှုနှင့် ကျရှုံးမှုကို ဆုံးဖြတ်သည်" ဆိုသည့် စကားမှာ အမှန်ပင် ဖြစ်သည်။
...
လျိုမုယန်သည် သူ နဖူးကို နမ်းလိုက်ပြီးနောက် တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရသည်။
သူမသည် သူ့ကို မော့မကြည့်ဝံ့တော့ဘဲ ဘေးနားက လူများ ၏ မနာလိုဖွယ် အကြည့်များကြားမှ သူ့အား တွဲပေးခိုင်းကာ အပန်းဖြေဥယျာဉ်ထဲမှ ထွက်လာခဲ့သည်။
ကားပေါ်ရောက်သည့်တိုင် သူမ ခေါင်းငုံ့ထားကာ နှုတ်ဆိတ်နေပြီး မျက်နှာလေးမှာ နီမြန်းနေဆဲပင်။
ကျိုးထျန်းက သူမကို ကားပေါ်တက်ရန် ကူညီပေးခဲ့သည်။
“မုယန်... ခဏလောက် ထပ်ထိုင်ဦးမလား၊ ဒါမှမဟုတ် အိမ်ပြန်မလား”
လျိုမုယန် သူမ၏ ဆံပင်များကို သပ်လိုက်ပြီး -
“ငါ... ငါ မသိဘူး”
“ဒါဆို ဟော့ပေါ့ သွားစားကြမလား၊ ဘယ်လိုလဲ”
ကျိုးထျန်း သူမ၏ လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
“အင်း... တကယ်တော့ ဗိုက်နည်းနည်း ဆာနေပြီ”
လျိုမုယန် တည်ငြိမ်အောင် ဟန်ဆောင်နေသော်လည်း သူမ၏ မျက်လုံးများက ဖုံးကွယ်မထားနိုင်ပေ။
ယခု သူမ၏ မျက်လုံးထဲတွင် ကျိုးထျန်းမှလွဲ၍ တခြား ဘာမှ မရှိတော့ပေ။
ကျိုးထျန်းသည် လက်တစ်ဖက်ဖြင့် ကားမောင်းကာ ကျန်လက်တစ်ဖက်ဖြင့် လျိုမုယန်၏ လက်ကို ဆုပ်ကိုင်ထားခဲ့သည်။
နောင်တွင် ကျိုးထျန်းသည် သူ၏ ကိုယ်ရေးမှတ်တမ်းတွင် စာကြောင်းတစ်ကြောင်း ထပ်တိုးနိုင်ပေလိမ့်မည်။
“ကျွန်တော် SuperCar ကို လက်တစ်ဖက်တည်းနဲ့ မောင်းနိုင်တယ်”
ဒါပေမဲ့ ကျေးဇူးပြုပြီး ဒါကို လိုက်မလုပ်ပါနဲ့၊ ဘာလို့လဲဆိုတော့... လူတိုင်းက SuperCar မဝယ်နိုင်ကြလို့ပါပဲ။
ကားမောင်းနေစဉ်တွင် သူ၏ ဘဏ်အကောင့်ထဲမှ ငွေလက်ကျန်ကိုလည်း စစ်ဆေးနေသည်။
[ဒင်~] စနစ်၏ အကြောင်းကြားစာ ပေါ်လာသည်။
[တာဝန် ပြီးမြောက်ပါပြီ။ စနစ်မှ တာဝန်ကို အကဲဖြတ်နေပါသည်။]
[တာဝန် အကဲဖြတ်ချက်- တာဝန် ပြီးမြောက်မှု အဆင့်အ တန်းမှာ ပြည့်စုံကောင်းမွန်ပါသည်။]
[ဆုလာဘ်- အချဉ်ဓာတ် ဆုလာဘ်ကို နှစ်ဆ တိုးမြှင့်ပေးလိုက်ပါသည်။]
ဒီနေ့မနက် အိမ်က ထွက်လာတုန်းက သူ၏ ငွေလက်ကျန်မှာ ယွမ် ၂၀,၀၀၀ ကျော်သာ ရှိသည်။
အမှန်ပင်... မနေ့က သူ ကားနှစ်စီးနှင့် ရွှေချောင်း နှစ်ချောင်း ဝယ်ခဲ့သလို၊ Happy Valley ကိုလည်း ယွမ် ၁ သိန်း လွှဲပေးခဲ့သည် မဟုတ်ပါလား။
ယနေ့တွင်မူ သူ၏ ငွေလက်ကျန်မှာ ယွမ် ၁၆ သန်းကျော်အထိ တိုးသွားပြီ ဖြစ်သည်။ အခု တာဝန် ပြီးသွားပြီဆိုတော့ ထိုငွေကို နှစ်ဆ ထပ်တိုးရပေဦးမည်!
[Host: ကျိုးထျန်း]
[အသက်- ၁၈]
[ရုပ်ရည်- ၈၈]
[ခန္ဓာကိုယ်- ၇၉]
[ကျန်းမာရေး- ၈၉]
[အချဉ်ဓာတ် ငွေလက်ကျန်: (ထုတ်ယူနိုင်ပါသည်)]
ယွမ် သန်း ၃၀ ကျော်ရှိသော ငွေလက်ကျန်ကိုကြည့်ပြီး သူ ကျေနပ်စွာ ပြုံးလိုက်သည်။
ပိုက်ဆံလည်းရသလို လျိုမုယန်ကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်သည့် တာဝန်မျိုးက အကောင်းဆုံးပင်။
လျိုမုယန်က ကားစီးရတာ အဆင်မပြေဘူးဟု ညည်းတွားဖူးသဖြင့် ယခု ပိုက်ဆံရပြီဆိုတော့ ပိုပြီးသက်သောင့်သက်သာ ရှိသည့် ကားတစ်စီး ဝယ်ရန်လိုအပ်လာသည်။
လျိုမုယန်နှင့် ခဏခဏ အပြင်ထွက်လိုသဖြင့် စီးရတာ အဆင်မပြေလျှင် သူမ၏ စိတ်ကို ထိခိုက်စေနိုင်သည်။
အကယ်၍ နောင်တွင် တခြားနေရာများသို့ ခရီးထွက်မည်ဆိုလျှင် ဤ 720S က ပိုလို့အဆင်မပြေနိုင်တော့ပေ။
ထို့အပြင် ဤကားမှာ ဆီအလွန်စားလှသည်။ ဒီနေ့မနက် ဆီအပြည့် ဖြည့်ထားသော်လည်း ၆၀ ကီလိုမီတာခန့် မောင်းပြီးချိန်တွင် ဆီတိုင်ကီ၏ သုံးပုံတစ်ပုံနီးပါးကုန်နေပြီ ဖြစ်သည်။
သူသည် အန်းနယ်မြေသို့ ပြန်မောင်းလာခဲ့ပြီး ဟော့ပေါ့ဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။
ကျိုးထျန်းနှင့် သူ၏ မိသားစုသည် ဤနေရာသို့ အရင်က လာဖူးသော်လည်း ကားပါကင် နေရာမရှိခဲ့ပေ။
သို့သော် ယနေ့တွင်မူ ကွဲပြားသွားပြီ ဖြစ်သည်။ သူ ရောက် လာသည်နှင့် မန်နေဂျာနှင့် တူသော လူတစ်ယောက် ထွက်လာသည်။
“ညီလေး... တို့ဆိုင်မှာ ဟော့ပေါ့ စားမလို့လား”
“ဟုတ်ကဲ့... ဒီနားမှာ ဘယ်မှာ ပါကင်ထိုးလို့ ရမလဲ”
“ဆိုင်ရှေ့မှာပဲ ထိုးလိုက်ပါ၊ အန်တီ နေရာဖယ်ပေးမယ်”
သူမသည် လူငယ်အချို့ကို ချက်ချင်းခေါ်ကာ နေရာရှင်းခိုင်းတော့သည်။
မူလက ဆိုင်ရှေ့တွင် စောင့်ဆိုင်းသည့် ထိုင်ခုံများနှင့် စားပွဲများ ရှိသော်လည်း လူငယ်လေးဦးက ထိုစားပွဲများကို ဘေးသို့ မရွှေ့ပေးလိုက်ကြသည်။
မန်နေဂျာကိုယ်တိုင် ကားခြစ်မိမည်ကို စိုးရိမ်သဖြင့် ကားပါကင်ထိုးရန် လမ်းညွှန်ပေးရှာသည်။
စောင့်ဆိုင်းနေသော လူအုပ်ကြီးက သူ့ကို ကြည့်နေကြပြီး အများစုက ဖုန်းထုတ်ကာ သူငယ်ချင်းများကို အကြောင်း ကြားနေကြသည်။
“ဟေ့ကောင်... ကျန်းကျဲ ဟော့ပေါ့ဆိုင်ကို အမြန်လာခဲ့! ဆိုင်ရှေ့မှာ 720S တစ်စီး ပါကင်ထိုးထားတယ်၊ တကယ့်ကို မိုက်တာပဲ!”
“ဝမ်ကြီး... ယန်အန်းလမ်းက ဟော့ပေါ့ဆိုင်ရှေ့ကို အမြန်လာခဲ့၊ SuperCarတစ်စီး ရောက်နေတယ်!”
...
လူများ၏ တုံ့ပြန်မှုကို ကြည့်ပြီး မန်နေဂျာမှာ အလွန် ဝမ်းသာသွားသည်။
၎င်းမှာ သူမ လိုချင်သည့် ရလဒ်ပင်။
ထိုကားကို ဆိုင်ရှေ့တွင် ရပ်ထားခြင်းမှာ လူများကို ဆွဲဆောင်သည့် သံလိုက်တစ်ခုနှင့် တူလှသည်။
ကျိုးထျန်း သူမ၏အကြံကို ရိပ်မိသော်လည်း ဘာမှ မပြောပေ။
ထို့အပြင် သူမက သူ့ကို ထမင်းတစ်နပ် အလကား ကျွေးမည်ဟု ပြောထားသည် မဟုတ်ပါလား။
လက်ရှိ အသုံးချခံရတာလေးမှာ ဘာမှ မဟုတ်ပေ၊ ကားကို ဘယ်မှာ ရပ်ရပ် အရေးမကြီးလှပေ။
မန်နေဂျာမှာ ဆိုင်ရှေ့တွင် ဧည့်သည်ကြိုသည့် ဝန်ထမ်းအား ကားကို အမြဲမျက်စိဒေါက်ထောက်ကြည့်ရန်နှင့် မထိခိုက်စေရန် သေချာမှာကြားထားသည်။
ကားတစ်စီးဖြင့် လူမည်မျှ ဆွဲဆောင်နိုင်သည်ကို တွေ့ရသဖြင့် ကျိုးထျန်းသည် သူ့မိသားစု စားသောက်ဆိုင်ရှေ့တွင်ပင် ခဏသွားရပ်ထားရန် စဉ်းစားမိသေးသည်။
သို့သော် ထိုအရာမှာ အတွေးတစ်ခုသာ။ သူ့ ဆိုင်ရှိဖောက် သည် အမျိုးအစားမှာ မတူပေ။
အများစုမှာ ဒေသခံ ပုံမှန်ဖောက်သည်များနှင့် လူလတ်ပိုင်းများသာ ဖြစ်သည်။
SuperCarတစ်စီးက သူတို့အတွက်တော့ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းမည် မဟုတ်ဟု သူ ထင်မိသည်။
‘ဒါပေမဲ့ ငါ့မိဘတွေက တစ်ဘဝလုံး ပင်ပင်ပန်းပန်း လုပ်လာခဲ့တာ။ အခု ငါ့မှာ ပိုက်ဆံရှိပြီဆိုတော့ သူတို့ကို နားခိုင်းသင့်ပြီ မဟုတ်လား’
သို့သော် အားသည့်အချိန်တိုင်း သူ့ကို အမြဲ "ဂရုစိုက်" တတ်သည့် မိခင်ဖြစ်သူ၏ အကြောင်းကို တွေးမိသည့်အခါ သူတို့ကို အလုပ်လေးနဲ့ လက်မပြတ်အောင် ထားတာကပဲ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
သူတို့ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
ဆိုင်ရှေ့တွင် ဆူညံသွားသဖြင့် လူတိုင်း သိနေကြသလို၊ မန်နေဂျာ၏ ဖော်ရွေစွာ ပြုံးပြပြီး ခေါ်ဆောင်သွားမှုကြောင့် သူတို့က အဓိက ဇာတ်ဆောင်များ ဖြစ်နေတော့သည်။
“မန်နေဂျာ... သီးသန့်ခန်း ဒါမှမဟုတ် နည်းနည်း တိတ်ဆိတ်တဲ့ နေရာရှိလား”
အကြည့် အရမ်းများနေသဖြင့် ကျိုးထျန်း ထမင်းကောင်း ကောင်း မစားရမှာ စိုးရိမ်မိသည်။
“တို့ဆိုင်မှာ သီးသန့်ခန်းတော့ မရှိဘူးကွယ်။ တို့က ချုံကင်းလမ်းဘေး စတိုင် ဟော့ပေါ့ကိုပဲ အဓိက ရောင်းတာဆိုတော့လေ”
မန်နေဂျာက ခဏစဉ်းစားပြီးမှ
“မောင်လေး... အပေါ်ထပ်မှာ နေရာစီစဉ်ပေးရင်ရော ဘယ်လိုလဲ။ အပေါ်မှာ စားပွဲ ၁၅ လုံးပဲ ရှိတာဆိုတော့ လူ သိပ်မရှုပ်ဘူး”
“ကောင်းပြီလေ... ဒါဆို အပေါ်ထပ်ပဲ သွားရအောင်”
သူ လျိုမုယန်၏ လက်ကို ဆွဲကာ အပေါ်ထပ်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။
လေးယောက်ထိုင် စားပွဲတွင် ထိုင်လိုက်ပြီးနောက် သူသည် ဝန်ထမ်းထံမှ ရေနွေးတစ်အိုး တောင်းကာ လျိုမုယန်၏ ပန်းကန်နှင့် တူများကို ဆေးကြောပေးလိုက်သည်။
“မုယန်... အခုခေတ်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေတ်ဆိုတော့ တစ်ခါသုံး တူတွေကို မသုံးကြရအောင်။ ငါ ရေနွေးနဲ့ ပိုးသတ်ပေးမယ်နော်”
လျိုမုယန်မှာမူ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းလေးကိုသာ ငြိမ့်ပြနေတော့သည်။
🍋 Chapter 30
“ဒီနေ့ မင်းကြိုက်တာမှာနော်၊ ငါ့အတွက် ပိုက်ဆံချွေတာပေးဖို့ မစဉ်းစားနဲ့။ စားချင်တာ အကုန်မှာ”
လျိုမုယန်က ခေါင်းငြိမ့်ပြလိုက်သည်။
အကယ်၍ သူမသာ နည်းနည်းပဲမှာလျှင် ကျိုးထျန်းက သူမကြိုက်လောက်မည့်အရာမှန်သမျှကို ထပ်ဖြည့်မှာမည်ဆိုသည်ကို သူမသိနေသည်။
ဤအချက်ကို တွေးမိသည်နှင့် သူမစိတ်ထဲ နွေးထွေးသွားရသည်။
သူမ၏ မိသားစုမှာ စည်းကမ်းကြီးလှသဖြင့် စားသောက်သည့်အခါ အလွန်ပင် ဂျီကျတတ်သည်။
ကျိုးထျန်းနှင့် အပြင်ထွက်စားမှသာ သူမသည် မည်သည့်အရာကိုမျှ ပူပန်စရာမလိုဘဲ လွတ်လပ်မှုကို ခံစားရခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း သူမ စိတ်ကြိုက်စားခွင့်ရခဲ့သည့် အချိန်တိုင်းမှာ ကျိုးထျန်းနှင့်အတူ ရှိနေသည့် အချိန်များပင် ဖြစ်သည်။
သူတို့သည် အစပ်အရသာ ဟော့ပေါ့အနှစ်အပါအဝင် ဟင်းပွဲပေါင်း ၂၀ နီးပါးကို မှာလိုက်ကြသည်။
လျိုမုယန်သည် ပထမဆုံးအကြိမ်အဖြစ် တခြားသူတစ်ဦး၏ရှေ့တွင် အားရပါးရ စားသောက်လိုက်တော့သည်။
မီနူးပေါ်ရှိ အမှတ်အသားများကို ကြည့်ရင်း ကျိုးထျန်း တိတ်တဆိတ် ပြုံးမိသည်။ လျိုမုယန်၏ သူ့အပေါ်ထားသည့် သဘောထားမှာ သိသိသာသာ ပြောင်းလဲလာသည်ကို သူ ခံစားမိသည်။
နတ်သမီးလေးတွေကို လိုက်ရတာ ခက်ခဲသည်ဟု လူတိုင်းပြောလေ့ရှိကြပြီး အဘက်ဘက်က ပြည့်စုံလွန်းသည့် မိန်းကလေးဆိုလျှင် ပို၍ပင် ခက်ခဲလှသည်။
သို့မဟုတ်ပါက လျိုမုယန်သည် အထက်တန်းကျောင်းတစ်လျှောက်လုံး မည်သည့် ကောလာဟလမျှ မရှိဘဲ နေနိုင်ခဲ့မည်မဟုတ်ပေ။
သို့သော် သူသည် မှန်ကန်သည့်အချိန်၊ မှန်ကန်သည့်နေရာတွင် မှန်ကန်သည့်အရာကို လုပ်ဆောင်ခဲ့သဖြင့် အရာအားလုံးက လွယ်လွယ်ကူကူ ဖြစ်မြောက်သွားခြင်းဖြစ်သည်။
ဤဖြစ်စဉ်တွင် ချမ်းသာကြွယ်ဝမှုကလည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။
ပိုက်ဆံဆိုသည်မှာ လမ်းခင်းပေးရုံသက်သက်သာ ဖြစ်ပြီး အရေးကြီးဆုံးမှာ သူမအတွက် သူက ရက်ရက်ရောရော သုံးစွဲလိုသည့် စိတ်ဆန္ဒပင် ဖြစ်သည်။
ပိုက်ဆံကို သုံးရုံသက်သက်နှင့် သူမအတွက် တစ်ခုခုကို တကယ်လုပ်ပေးချင်သည့် စိတ်ရင်းကြားက ကွာခြားချက်ကို လျိုမုယန် အသိဆုံးဖြစ်သည်။
ထို့အပြင် ကျိုးထျန်းအပေါ် သူမ၏ နှစ်သက်မှုမှာ သူ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရလဒ်ကြောင့်လည်း အများကြီး ပါဝင်နေသည်။
မိန်းကလေးများသည် များသောအားဖြင့် မိမိထက် ပိုတော် သော၊ သာသော အမျိုးသားများကို နှစ်သက်တတ်ကြပြီး လျိုမုယန်၏ ပတ်ဝန်းကျင်တွင် ကျိုးထျန်းကသာ ထိုသို့သောသူ ဖြစ်နေခဲ့သည်။
“မုယန်... ငါ့ကားက စီးရတာ အဆင်မပြေဘူးလို့ မင်းပြောတယ်မလား။ အဲ့ဒါ တစ်ရက်လောက် ငါနဲ့အတူ နောက်ထပ် ကားတစ်စီးသွားဝယ်ဖို့ လိုက်ခဲ့ပါလား”
ကျိုးထျန်းသည် ဤအချက်ကို စိတ်ထဲတွင် မှတ်ထားခြင်းဖြစ်သည်။
သူက သူမအတွက် ထည့်သွင်းစဉ်းစားပေးနေသည်ကို မြင်ရသဖြင့် လျိုမုယန် ပြုံးလိုက်ပြီး ကျိုးထျန်း၏ ပန်းကန်ထဲသို့ အမဲသားတစ်ဖတ် ထည့်ပေးလိုက်သည်။
၎င်းမှာ သူမ ပထမဆုံးအကြိမ် ယောကျ်ားလေးတစ်ယောက်ကို ဟင်းခတ်ပေးခြင်းပင်။
“မလိုပါဘူး၊ နောက်ဆို ငါ တက္ကစီပဲ စီးတော့မယ်။ နင် လာကြိုစရာ မလိုပါဘူး၊ ဒီကားက အရမ်းထင်ပေါ်လွန်းတယ်”
“မင်းက ထင်ပေါ်တာကို မကြိုက်မှန်း သိလို့ပဲ နောက်ထပ်တစ်စီး ထပ်ဝယ်ဖို့ စဉ်းစားနေတာလေ။ ပြီးတော့ မင်း စီးရတာ သက်သောင့်သက်သာရှိဖို့က အဓိကဆိုတော့ မင်းကို လိုက်ခဲ့စေချင်တာ”
ကျိုးထျန်းက ပြုံးရင်း ပန်းကန်ထဲက အမဲသားကိုစားလိုက် ကာ ဆက်ပြောသည်။
“ဒါ့အပြင် မင်းကို ကားဝယ်ဖို့ ခေါ်သွားတာက မင်းကို တွေ့ဖို့အတွက် အကြောင်းပြချက်တစ်ခုလည်း ဖြစ်တာပေါ့၊ ဟုတ်တယ်မလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ လျိုမုယန် မငြင်းနိုင်တော့ပေ။ အမှန်ပင်... သူမလည်း ကျိုးထျန်းကို တွေ့ချင်သည် မဟုတ်ပါလား။
သူတို့နှစ်ဦး Hotpotကို မြိန်ယှက်စွာ စားသောက်ကြသည်။ ဟင်းသီးဟင်းရွက်များက လတ်ဆတ်လှပြီး ဟော့ပေါ့အရည်မှာလည်း အချိုးအစား ကျလှသည်။
အထူးသဖြင့် သူတို့၏ ကိုယ်ပိုင်ချက်ပြုတ်နည်းဖြင့် စပ်ထားသော ဆော့စ်မှာ တကယ့်ကို ထူးကဲလှသည်။
စိတ်တူကိုယ်တူ ဖြစ်နေကြသကဲ့သို့ပင် သူတို့သည် စကားများကို ပိုမိုပြောဆိုနိုင်ရန် အစာကို ဖြည်းဖြည်းချင်းသာ စားနေကြသည်။
ရုတ်တရက် ကျိုးထျန်း၏ ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ မိခင်ဖြစ်သူထံမှ ဖုန်းဖြစ်နေသည်။
“ဟဲလို ဖေဖေ... ဘာကိစ္စရှိလို့လဲ”
“သား... ဘာလုပ်နေလဲ”
“ထမင်းစားနေတာ ဖေဖေ၊ ယုချန်း ဟော့ပေါ့ဆိုင်မှာလေ၊ တကယ်စားကောင်းတယ်။ နောက်မှ ဖေဖေတို့ မေမေတို့ကို ခေါ်လာခဲ့မယ်”
“နေပါစေ သားရယ်၊ သားရဲ့ မိန်းကလေးသူငယ်ချင်းနဲ့ပဲ အေးအေးဆေးဆေး စားပါ။ ငါတို့က ဟော့ပေါ့ သိပ်မကြိုက်ဘူး”
ကျိုးထျန်း ကြောင်သွားပြီး ချက်ချင်းပင် ပြန်မေးလိုက်သည်။
“ဖေဖေက ကျွန်တော် မိန်းကလေးသူငယ်ချင်းနဲ့ စားနေတာကို ဘယ်လိုသိတာလဲ”
အေးဆေးတည်ငြိမ်သော အသံတစ်ခုက ဟိုဘက်မှ ထွက်ပေါ်လာသည်။
“အစကတော့ မသိဘူးပေါ့၊ ဒါပေမဲ့ အခုတော့ သိသွားပြီ”
ကျိုးထျန်း မျက်နှာကို လက်နှင့် အုပ်လိုက်မိသည်။ သူ လှည့်ကွက်ထဲ မိသွားပြီ။
“ဖေဖေကလည်းဗျာ! ဘာလို့ ကျွန်တော့်ကို အဲ့လို လိုက်စနေတာလဲ”
“ဒါက သားကိုယ်တိုင် စိတ်မထိန်းနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်တာလေ။ ပြီးတော့ ဒီရက်ပိုင်းသားက အမြဲပြုံးရွှင်နေပြီး တစ်ချိန်လုံး Video call တွေ ပြောနေတာကို ငါနဲ့ မင်းအမေက မျက်စိကန်းနေတယ် ထင်လို့လား”
ကျိုးထျန်း အားတုံ့အားနာ ဖြစ်သွားရသည်။ သူက အဲ့ဒီလောက်တောင် သိသာနေတာလား။
မဖြစ်နိုင်တာ။
“အဲ့ဒါကို နောက်မှ ပြောကြတာပေါ့။ အခု ဖုန်းဆက်တာက မနက်ဖြန် မွန်းတည့် ၁၂ နာရီမှာ သျှောင်ပေ့ကော်စားသောက် ဆိုင်မှာ တစ်မိသားစုလုံး စုံစုံလင်လင် ထမင်းစားကြမယ်။
သားရဲ့ ဦးလေးနဲ့ အဒေါ်တို့ မိသားစုတွေလည်း လာကြလိမ့်မယ်”
ဤစကားကို ကြားလိုက်ရသည့်အခါ ကျိုးထျန်း စိတ်လှုပ်ရှားသွားသည်။
‘နောက်ဆုံးတော့ အဲ့ဒီမစ်ရှင်ကို အပြီးသတ်ဖို့ အခွင့်အရေး ရပြီ!’
သူသည် ဤနေ့ကို စောင့်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုအတွက် သူ အများကြီး ပြင်ဆင်ထားခဲ့သလို၊ သူ၏ တက္ကသိုလ်ဝင်ခွင့် ရမှတ်များကိုလည်း မိဘများက ကြိုတင်မပြောပြရန် တားမြစ်ထားခဲ့သည်။
“ဟုတ်ကဲ့... သိပါပြီ။ မနက်ဖြန် ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ”
ဖခင်ဖြစ်သူကလည်း ဖုန်းထဲမှနေ၍ ခပ်နောက်နောက် ရယ်သံတစ်ခု ပြုလုပ်လိုက်သည်။
သူသည်လည်း ဤဆွေမျိုးနှစ်ဦးကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရသဖြင့် သူတို့အပေါ် မကျေနပ်ချက်များ ရှိနေသည် မဟုတ်ပါလား။
“ဟဲဟဲ... လုပ်လိုက်စမ်းပါ၊ သားဘက်က ရှိတယ်”
“သေချာတာပေါ့ ဖေဖေ၊ ကျွန်တော်က သူတို့နဲ့ ပျော်ရွှင်မှုတွေကို မျှဝေချင်ရုံပါ”
“အေး... ဒါဆို အဲ့လိုပဲ သတ်မှတ်လိုက်ပြီ။ ဒီညတော့ ဂရုစိုက်နော်၊ ပြဿနာတွေ ဘာတွေ မရှာနဲ့ဦး”
သူ့တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ဖခင်ဖြစ်သူမှ ဖုန်းချသွားတော့ သည်။
ကျိုးထျန်း ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။
ဖခင်ဖြစ်သူက တကယ်ပဲ အဲ့ဒီလောက် တဲ့တိုးကြီးလား။
“ပြဿနာမရှာနဲ့” ဆိုတာ ဘာကို ဆိုလိုတာလဲ။
သူ့ဘေးနားရှိ လျိုမုယန်ကို သူ လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် မဝေးလှသော နေရာတွင် ထိုင်နေကြခြင်း ဖြစ်သည်။
လျိုမုယန်ကတော့ ဘာမှ မကြားသလိုမျိုး ခေါင်းငုံ့ပြီး စားနေသော်လည်း ဟော့ပေါ့အိုးအောက်ခြေထက် ပို၍နီမြန်းနေသော သူမ၏ ပါးပြင်လေးများကတော့ အရာအားလုံးကို သက်သေပြနေသည်။
ကျိုးထျန်းလည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေရတော့ သည်။
ထမင်းစားပွဲမှာ ၂ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး မနက် ၁ နာရီကျော်မှသာ သူတို့နှစ်ဦး ဟော့ပေါ့ဆိုင်မှ ထွက်လာခဲ့ကြသည်။
ကျိုးထျန်းသည် အမြဲတမ်းကဲ့သို့ပင် ယဉ်ကျေးပျူငှာစွာဖြင့် လျိုမုယန်အတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။
‘ကားအသစ်တစ်စီး ဝယ်ဖို့ အချိန်တန်ပြီ။ တကယ်လို့ သူမသာ စကတ်ဝတ်ထားရင် ဒီကားက အရမ်းနိမ့်တော့ အတက်အဆင်းလုပ်တဲ့အခါ ပေါ်သွားနိုင်တယ်’
ထို့နောက် အွန်လိုင်းတွင် အရင်ရှာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အွန်လိုင်းတွင် ဝေဖန်သူများစွာ ရှိနေသဖြင့် သူ လိုချင်သည့် ကားအမျိုးအစားကို အလွယ်တကူ ရှာတွေ့နိုင်ပေလိမ့်မည်။
သူသည် လျိုမုယန်ကို အိမ်သို့ ဘေးကင်းစွာ ပို့ပေးခဲ့သည်။ လမ်းတွင် သူမ တော်တော်လေး စိတ်လှုပ်ရှားနေသည်ကို သူ သတိထားမိသည်။
‘သူမက ငါ့အဖေ ပြောလိုက်တာကို ကြားပြီး ငါ သူမကို တစ်နေရာရာ ခေါ်သွားပြီး ညအိပ်ခိုင်းမယ်လို့ ထင်ပြီး ကြောက်နေတာ ဖြစ်မယ်’
သူ နှာခေါင်းကို ပွတ်လိုက်သည်။
အလျင်လိုလျှင် အမှားပါတတ်သဖြင့် သူမအတွက် မကောင်း သော အမှတ်တရမျိုး မကျန်ရစ်စေလိုပေ။
သူတို့အတူတူ ရှိနေဖို့ အချိန်တွေ အများကြီး ရှိသေးသည် မဟုတ်ပါလား၊ အချို့အရာများက အရေးမကြီးပေ။
လျိုမုယန်ကိုနှုတ်ဆက်ပြီးနောက် သူသည် Mercedes-Benz မှ အရောင်းဝန်ထမ်းထံ ချက်ချင်း မက်ဆေ့ချ်ပို့လိုက်ပြီး G63 တစ်စီးကို နောက်နေ့ မွန်းတည့်တွင် သျှောင်ပေ့ကော် ဆိုင်ရှေ့သို့ အရောက်ပို့ပေးရန် မှာကြားလိုက်သည်။
မနက် ၂ နာရီနီးပါး ရှိနေပြီဖြစ်သော်လည်း ဟိုဘက်မှ ချက်ချင်း ပြန်စာရောက်လာသည်။
အမှန်ပင်... အရေးကြီးသော ဖောက်သည်များမှာ အထူးအခွင့်အရေး ရစမြဲပင်။
သူမကို ညသန်းခေါင်ကြီး နှိုးလိုက်မိသဖြင့် သူ ယွမ် ၂၀၀ တန် အနီရောင်စာအိတ် ပို့ပေးလိုက်သည်။
ဟိုဘက်မှလည်း ကျေးဇူးအထပ်ထပ် တင်ရှိကြောင်းနှင့် နောက်နေ့ အချိန်မီ ပို့ပေးမည်ဖြစ်ကြောင်း ကတိပေးလာသည်။
ကျိုးထျန်း ကျေနပ်စွာဖြင့် ဖုန်းကို ချလိုက်ပြီး အိမ်သို့ မောင်းပြန်လာခဲ့သည်။ ကားကို Golden Age Plaza တွင် ပြန်ရပ်ထားခဲ့ပြီး အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။
အိမ်ရောက်သောအခါ ခုတင်အောက်တွင် ဝှက်ထားသော ရွှေချောင်းကြီး နှစ်ချောင်းကို ထုတ်ကာ ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး နောက်နေ့ စားသောက်ဆိုင်သို့ ယူသွားရန် စီစဉ်လိုက်သည်။
အရာအားလုံးကို စီစဉ်ပြီးမှသာ မီးရှူးမီးပန်းအောက်က လျိုမုယန်၏ ဘေးတိုက်ပုံရိပ်လေးကို တွေးတောရင်း သူ ဖြည်း ဖြည်းချင်း အိပ်ပျော်သွားတော့သည်။
နောက်နေ့တွင် သူ ထပြီး အရာအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်သည်။
သူ၏ မိဘများသည် များသောအားဖြင့် ညနေပိုင်းမှ ဆိုင်သွားကြသဖြင့် မိသားစု ထမင်းစားပွဲများကို မွန်းတည့်ပိုင်းတွင် ပြုလုပ်လေ့ရှိသည်။ သူသည်လည်း ဤလူနေမှုပုံစံကို နေသားကျနေပြီ ဖြစ်သည်။
သူ့ ဦးလေးနှင့် အဒေါ်တို့မှာ ဤအချက်အပေါ် မကျေနပ်ချက်များစွာ ရှိကြသော်လည်း များသောအားဖြင့် သူတို့ကသာ ပိုက်ဆံရှင်းလေ့ရှိသောကြောင့် ခဏခဏ လာစားလေ့ရှိကြသည်။
သူတို့သည် စားသောက်ဆိုင်သို့ ၁၁ နာရီခွဲခန့်တွင် စောစီးစွာ ရောက်ရှိလာကြသည်။
ချိန်းထားသည့်အချိန်မှာ ၁၂ နာရီ ဖြစ်သဖြင့် အဒေါ်ဖြစ်သူတို့ မိသားစု အချိန်မီ ရောက်လာမည်ဟု သူ ထင်ထားခဲ့သည်။
သို့သော် သူ့အဒေါ်နှင့် ဝမ်းကွဲဖြစ်သူတို့မှာတော့... ထုံးစံအတိုင်း နောက်ကျမှ ရောက်လာခြင်းဖြင့် သူတို့ကိုယ်သူတို့ အရေးကြီးကြောင်း ပြသကြပေဦးမည်။
အမှန်ပင်... သူတို့၏စိတ်ထဲတွင် နောက်ဆုံးမှ ရောက်လာသူမှာ ဝိုင်းတွင် အရေးကြီးဆုံးပုဂ္ဂိုလ် ဖြစ်သည်ဟု ယူဆထားကြသဖြင့် မည်သည့် အားနာမှုမျှမရှိဘဲ တမင်တကာ နောက်ကျကြခြင်း ဖြစ်သည်။
ကျိုးထျန်းသည် သူတို့ ဤသို့ လုပ်မည်ကို သိနေသဖြင့် စားပွဲထိုးကို ကြိုတင်မှာကြားကာ သူတို့အတွက် "အစီအစဉ်" လေးတစ်ခု လုပ်ထားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူ့အဒေါ်နှင့် ဦးလေးတို့မှာ ၁၂ နာရီခွဲခန့်မှ ရောက်လာကြသည်။ သူတို့ ဝင်လာသည်နှင့် ကျိုးထျန်းက ချက်ချင်းထရပ်ပြီး နွေးထွေးစွာ ကြိုဆိုလိုက်သည်။
“အဒေါ်... ဦးလေး... ဝမ်းကွဲ... ရောက်လာကြပြီလား! ဒီနေ့ မနက် အိပ်ရာထ နောက်ကျသွားတာလား၊ မိတ်ကပ်လိမ်းနေရင်း အချိန်မကြည့်မိတာလား၊ ပြီးတော့ လမ်းမှာ ကားတွေပိတ်နေပြီး ပါကင်နေရာတောင် ရှာမရလို့ ဖြစ်မယ် မဟုတ်လား”
သူသည် သူတို့ အမြဲပေးလေ့ရှိသော ဆင်ခြေအားလုံးကို ကြိုပြောပစ်လိုက်သည်။
‘ဒီနေ့ သူတို့ ဘာဆင်ခြေအသစ်တွေ ပေးဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့’
ကျိုးထျန်းသည် ထိုလူသုံးဦး၏အနေရခက်နေသော မျက်နှာ များကို ကြည့်ပြီး ကျေနပ်မှုကို ခံစားလိုက်ရသည်။
သို့သော် သူ့ဝမ်းကွဲမှာတော့ ရွဲ့စောင်းပြောဆိုရာတွင် နာမည် ကြီးသူ ဖြစ်သဖြင့် သူ့အပေါ် အလွယ်တကူ အရှုံးပေးမည်မဟုတ်ပေ။
“ဒီနေ့ ငါတို့ နေရာမှားသွားလို့ နည်းနည်း နောက်ကျသွားတာ။ နင်တို့ မိသားစုက ထမင်းဖိတ်ကျွေးတာဆိုတော့ ဒီလိုဟောင်း နွမ်းစုတ်ပြတ်နေတဲ့ နေရာမျိုးမှာ မဟုတ်လောက်ဘူးလို့ ထင်ပြီး တခြားမှာ လိုက်ရှာနေတာ ကြာသွားလို့”
ဟက်!
သူမကတော့ တကယ့်ကို ရွဲ့စောင်းပြောဆိုရာတွင် ဆရာကျလှသည်။ သို့သော် ကျိုးထျန်းကလည်း ဒါကို ကြိုတင်မျှော် လင့်ထားပြီးသား ဖြစ်သဖြင့် သူ့တွင် အရံအစီအစဉ်ရှိနေ သည်။