အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း (၈၁)
နှစ်သက်မှုတိုးခြင်း
အရင်နေရာသွား၍ အရေးကြီးပစ္စည်းတွေပြန်ယူခဲ့ပြီးနောက် မုန့်ချန်ချင်း စိတ်ဝိညာဥ်တောင်ကို ပြန်ရောက်လာခဲ့သည်။
အနီးနားရှိ ကျောက်တုံးတိုင်က ဗလာဖြစ်နေပြီး သူနာမည်ပေးမှာကို စောင့်ဆိုင်းနေခဲ့သည်။
သို့ပေမယ့် မုန့်ချန်ချင်း နာမည်ပေးမတော်၍ ယခုတော့ ဤအတိုင်းထားရအုန်းမည်ဖြစ်သည်။
"မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း..."
နေအိမ်တစ်ခုအောက်၌ အမွေးနံတစ်ခုပျံလွင့်နေပြီး မုန့်ချန်ချင်း သစ်သားသေတ္တာထဲရှိ စာအုပ်ကို လှန်လှောဖတ်နေခဲ့သည်။
၎င်းက မြေကမ္ဘာအဆင့်ဖြစ်ဖို့ ထိုက်တန်၏။
ပါဝင်သည့်အကြောင်းအရာတွေကရှုပ်ထွေးပြီး ဓားကွက်တွေက ထူးခြားကာ စွမ်းအားက လွမ်းမိုးနိုင်စွမ်းရှိလှသည်။
သိမ်မွေ့အဆင့်သိုင်းပညာတွေ ယှဥ်နိုင်သည့်အရာမဟုတ်ပေ။
လင်းလုံအေးစက်လမင်းဓားသိုင်းတောင် ဤအခိုက်အတန့်၌ အတော်လေးနှိမ့်ကျသလိုဖြစ်သွား၏။
ပြီးပြည့်စုံသည့်အဆင့်ထိသာ လေ့ကျင့်ပြီးလျှင် သူ့ခွန်အားဘယ်လောက်တိုးတက်သွားမလဲဆိုတာ မုန့်ချန်ချင်း စိတ်ကူးမကြည့်နိုင်ပေ။
"ဒါပေမယ့် ဒီဓားသိုင်းကိုလေ့ကျင့်ဖို့ အရင်းအမြစ်များစွာလိုအပ်တယ်..."
မုန့်ချန်ချင်း စိတ်ထဲမှတွေးလိုက်၏။
သူ၏လက်ရှိနားလည်မှုဖြင့် ပါဝင်သည့်အကြောင်းအရာတွေက မခက်ပေ။
အချိန်အနည်းငယ်ပေးလိုက်ရုံဖြင့် နားလည်နိုင်သည်။
အဓိကပြဿနာက အရင်းအမြစ်ပင်။
ဤဓားနည်းစနစ်ကိုလေ့ကျင့်ဖို့ နက်နဲသောရွှေရောင်ချီကိုအသုံးပြုဖို့လိုအပ်၏။
သိမ်မွေ့ရွှေက ဒြပ်စင်ငါးမျိုးထဲမှတစ်ခုဖြစ်ပြီး သတ္တုအမျိုးအစားချီတစ်မျိုးထဲဖြစ်ကာ ၎င်းတို့ကြားမှာတောင် အဆင့်မြင့်၏။
မယုံနိုင်လောက်အောင်ထက်ရှတာပဲဖြစ်သည်။
ကျင့်ကြံနေစဥ် လူတစ်ယောက်က နက်နဲသောရွှေရောင်ချီကို ခန္ဓာကိုယ်ထဲစုပ်ယူဖို့လိုအပ်ပြီး သတ္တုချီ၏အနှစ်သာရကို နားလည်အောင်လုပ်ရမည်ဖြစ်သည်။
နောက်ဆုံး ဒန်ထျန်ထဲ၌ နက်နဲသောရွှေရောင်ဓားသန္ဓေသားကို သိပ်သည်းရမည်ဖြစ်သည်။
ထို့ပြင် ထိုသို့ဆိုလျှင်တောင် ထိုအရာက အစပဲရှိသေး၏။
အနာဂတ်၌ ပိုများသည့်နက်နဲသောရွှေရောင်ချီတွေကို သန့်စင်ဖို့လိုအပ်၏။
မြေကမ္ဘာအဆင့်သိုင်းပညာတစ်ခုလေ့ကျင့်ဖို့အတွက် အရင်းအမြစ်တစ်ခုအနေဖြင့် နက်နဲသောရွှေရောင်ချီ ဘယ်လောက်ဈေးကြီးမလဲဆိုတာ အလွယ်တကူ စိတ်ကူးကြည့်လို့ရတာပဲဖြစ်သည်။
သူ၏လက်ရှိကြွယ်ဝမှုနှင့် သဘာဝအတိုင်း မတတ်နိုင်ပေ။
"အရာရာက အပြန်အလှန်ဆက်စပ်နေတာပဲ။ ကျင့်ကြံရေးနည်းစနစ်အဆင့်မြင့်လာလေလေ လေ့ကျင့်ရတာ ပိုခက်ခဲလာလေလေပဲ..."
မုန့်ချန်ချင်း အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။
သာမန်လူတွေအတွက် ဤဓားသိုင်းကိုရလျှင်တောင် ဘယ်ကစတင်ရမှန်းသိကြမည်မဟုတ်ပေ။
သို့ပေမယ့် စစ်မှန်တပည့်တစ်ယောက်အနေဖြင့် ရပိုင်ခွင့်အတော်များပြီး လစဥ်လိုအပ်သည့်အရင်းအမြစ်တွေကို တံခါးဝထိ လာပို့ပေး၏။
ထိုအရာတွေကို ဂိုဏ်း၏သက်ဆိုင်ရာခန်းမတွေ၌ နက်နဲသောရွှေရောင်ချီနှင့် လဲလှယ်နိုင်တာပဲဖြစ်သည်။
ထို့ပြင် လျော့ဈေးလည်းရှိသေး၏။
"ဒါပေမယ့်... တစ်ယောက်တည်းကျင့်ကြံတာက တကယ်ကိုနှေးတယ်။ အပြင်ထွက် မိတ်ဆွေရှာတာပဲ ကောင်းတယ်...."
မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။
စစ်မှန်တပည့်တွေထဲ၌ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း လေ့ကျင့်သူမရှိဟု သူမယုံပေ။
ဆန့်ကျင့်ဘက်အနေဖြင့် အနည်းငယ်တောင်များသင့်၏။
အဘယ်ကြောင့်ဆိုသော် နည်းစနစ်အညွှန်းအရ ၎င်းမှာ အတော်လေး အထင်းကြီးစရာကောင်း၏။
"စီနီယာအကိုမုန့်..."
ရုတ်တရက် ရင်းသီးသည့်အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
"ရှီမိသားစုက ညီအကိုတွေလား?..."
မုန့်ချန်ချင်း မျက်ခုံးပင့်ပြီး လျှောက်သွားလိုက်သည်။
ထိုအခါ အဝင်ဝ၌ ညီအကိုနှစ်ယောက်နာခံစွာရပ်နေပြီး အထဲမဝင်တာ တွေ့လိုက်ရ၏။
မုန့်ချန်ချင်းထွက်လာတာမြင်တော့ ရှီယောင်ချက်ချင်းပဲ သူ၏လက်ကြီးကို ဝှေ့ယမ်းပြလိုက်သည်။
"ဝင်ခဲ့လေ...."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်၏။
သူတို့နှစ်ယောက်ကို ရှာမလို့ရှိသေး သူ့ဆီအရင်ရောက်လာခဲ့သည်။
"ဟုတ်ကဲ့..."
နှစ်ယောက်သား ချက်ချင်းဝင်ရောက်လာခဲ့သည်။
"စီနီယာအကိုမုန့်, ငါတို့တွေ ခုကစပြီး အိမ်နီးချင်းတွေဖြစ်သွားပြီ...."
ရှီယောင်ပြောလိုက်သည်။
သူ့၌ အရွယ်ရောက်ပြီးသာ မျက်နှာရှိသော်လည်း စကားတွေ၌ အပူအပင်မရှိသည့် ကလေးဆန်မှုတွေရှိနေခဲ့သည်။
သူက သိပ်မဝေးသည့်နေရာမှ စိတ်ဝိညာဥ်တောင်နှစ်လုံးကို ညွှန်ပြလိုက်သည်။
၎င်းတို့ကြား၌ မီတာ ၂၀၀၊ ၃၀၀ လောက်သာဝေး၏။
တကယ်ပဲ နှီးကပ်လှသည်။
ဤအခိုက်အတန့်၌ တိမ်တွေမြင့်တက်နေ ပြီး တိမ်ပင်လယ်အဖြစ်ပြောင်းကာ စိတ်ဝိညာဥ်တောင်တွေကို ပင်လယ်ထဲမှကျွန်းစုတွေအဖြစ် ခံစားချက်ကို ပေးစွမ်းနေ၏။
အဓိက တောင်ထိပ် ၇ ခု....
စိတ်ဝိညာဥ်တောင်က ခရမ်းမြူတောင်နှင့် ဆေးဘုရင်တောင်ထိပ်တို့နှင့်နီးရာ ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်တောင်တွေက အရမ်းကြီးမဝေးပေ။
ထို့ကြောင့် သူတို့က တကယ်ပဲ အိမ်နီးချင်းတွေဖြစ်လာခဲ့သည်။
"စီနီယာအကိုမုန့်, ငါတို့ ဒီတစ်ခေါက်လာတာ မင်းအတွက် လက်ဆောင်ပါတယ်..."
ရှီဂွမ်း အလွန်ယဥ်ကျေးနေခဲ့သည်။
ပြောပြီးသည်နှင့် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာ ၆ ခုထုတ်လိုက်သည်။ အများစုက အဆင့် ၃ တွေပင်။
"ဒါတွေက ငါ့အကိုနဲ့ငါ လျို့ဝှက်နယ်မြေထဲက ရခဲ့တာ။ အချို့ကို ခုလေးတင်တွေ့ခဲ့တဲ့ လူအိုကြီးရွေးထားလိုက်ပြီ..."
ရှီယောင်ပြောလိုက်သည်။
"အမေကပြောထားတယ်, တစ်စုံတစ်ယောက်အပေါ် ကျေးဇူးရှိရင် ပြန်ဆပ်ရတယ်တဲ့..."
ရှီဂွမ်းပြောလိုက်သည်။
"အဲ့ဒီခြင်ဆီကျောက်တုံးကြောင့်မဟုတ်ရင် ငါ့ညီနဲ့ငါ သွေးမျိုးဆက်နည်းစနစ်ကို ဒီလောက်မြန်မြန် နားလည်ခဲ့မှာမဟုတ်ဘူး...."
"ပြီးတော့ နတ်ဆိုးသားရဲကိုလည်း အနိုင်ရမှာမဟုတ်ဘူး..."
"ဒါကြောင့် စီနီယာအကိုမုန့် ဒီပစ္စည်းတွေကို လက်ခံပေးပါ..."
"ဟုတ်တယ်..."
ရှီယောင်လည်း အပြင်းအထန် ခေါင်းညိတ််လိုက်၏။
"ဒီနှစ်ယောက်..."
မုန့်ချန်ချင်း အနည်းငယ်ကြောင်သွား၏။
သူတို့အသွင်အပြင်တွေက ကြမ်းတမ်းပြီး ဒေါသကြီးသော်လည်း စိတ်ထားကတော့ အတော်လေးနူးညံ့၏။
အကြိမ်အနည်းငယ်တွေ့ရုံဖြင့် သူ့အပေါ် နက်ရှိုင်းသည့်ထင်မြင်ချက်တွေရှိနေခဲ့သည်။
"ငါ့အပေါ်အကြွေးတင်နေတယ်လို့ မင်းတို့ပြောတယ်နော်။ ဒါကြောင့် ဒီအရင်းအမြစ်တွေက သဘာဝအတိုင်းမလိုအပ်ပါဘူး...."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"ဒါ့ပြင်, ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်တာနဲ့ လူတိုင်းအတွက်ကျင့်ကြံရေးအရင်းအမြစ်တွေက ရှားပါးလာပြီ။ မင်းတို့အတွက်ပဲ သိမ်းထားလိုက်ပါ..."
"မလုံလောက်ရင်, ငါ့မှာရှိသေးတယ်..."
"လျိုဝှက်နယ်မြေမှာ ငါက မင်းတို့ထက်ပိုရခဲ့တယ်လေ...."
ဤသို့ဖြင့် သူက အချို့ ထုတ်ပြလိုက်သည်။
ဤအရာက ရှင်းလင်းစွာပဲ နှစ်သက်မှုတိုးမည့်အခွင့်အရေးဖြစ်ရာ ဘယ်လိုလုပ် လွဲချော်နိုင်မည်နည်း။
သေချာပေါက်ပင်။ သူပြောပြီးနောက် ရှီညီအကို ရင်ထဲထိသွားသည့်အမူအရာတွေ ပြသလာ၏။
ရွာမှထွက်လာကတည်းက စီနီယာအကိုမုန့်က သူတို့ကိုကြင်နာစွာဆက်ဆံသည့် ဒုတိယလူဖြစ်သည်။
ဒင်!
[နှစ်သက်မှု ကြယ် ၂ လုံးသို့ တိုးမြှင့်သွားပါပြီ]
[ရရှိသောစွမ်းရည်- ကျောက်တုံးလူသားသွေးမျိုးဆက်]
ဒင်!
[နှစ်သက်မှု ကြယ် ၂ လုံးသို့ တိုးတက်သွားပါပြီ]
[ရရှိသောစွမ်းရည်- သွေးမျိုးဆက်နည်းစနစ်(ဘုရင်ချပ်ဝတ်)]
[အပိုဆောင်းဆုလဒ်- မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်]
စနစ်၏အသံ သူ့စိတ်ထဲပေါ်လာခဲ့သည်။
မုန့်ချန်ချင်း မျက်လုံးတွေ တောက်ပသွား၏။
ဟုတ်ပြီကွ...
နှစ်သက်မှု အောင်မြင်စွာ တိုးတက်သွားပြီဖြစ်သည်။
သူက ကျောက်တုံးလူသားသွေးမျိုးဆက်ကို နောက်တစ်ကြိမ်ရခဲ့သော်လည်း အပိုမဖြစ်ပေ။ ၎င်းကို ပယ်ဖျက်လို့ရတာပဲဖြစ်သည်။
ထို့ပြင် သွေးမျိုးဆက်နည်းစနစ် ( ဘုရင်ချပ်ဝတ်) လည်းရှိပြီး နောက်ဆုံး အပိုဆောင်းဆုလဒ်လည်းရရှိခဲ့သည်။
မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်...
ကျွမ်းကျင်ကဒ်တွေရပြီဖြစ်ရာ "မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း"လေ့ကျင့်ထားသည့်လူနှင့်သာ မိတ်ဆွေဖွဲ့လိုက်လျှင် သူက ပြီးပြည့်စုံခြင်းအဆင့်ထိ အသာလေးမြှင့်တင်လို့ရပြီဖြစ်သည်။
အကယ်၍ မိတ်ဆွေက ကျွမ်းကျင်အဆင့်ထိလေ့ကျင့်ထားခဲ့လျှင် သူက တစ်ကဒ်သာသုံးဖို့လိုပြီး ကျန်ကဒ်များကို လင်းလုံမဟာကျော့ကွင်းကောင်းကင်အတွက် ချန်ထားလို့ရတာဖြစ်သည်။
ထို့ကြောင့် ဤတစ်ချိန်ရရှိမှု အတော်လေး ရိတ်သိမ်းများ၏။
"စီနီယာအကိုမုန့်, မင်းက ကြင်နာလွန်းနေပါပြီ။ မင်းပစ္စည်းတွေကို ငါတို့ ဘယ်လို လက်ခံနိုင်မှာလဲ...."
"ငါတို့က ခြင်ဆီကျောက်တုံးအကြွေးတောင် ပြန်ပေးရသေးတာ မဟုတ်ဘူး..."
ရှီဂွမ်း အသိပြန်ဝင်လာပြီး အလျှင်အမြန် ပြောလိုက်သည်။
"ဟုတ်တယ်, ဟုတ်တယ်..."
ရှီယောင်လည်း အလျှင်အမြန် ခေါင်းညိတ်လိုက်၏။
"စီနီယာအကိုမုန့် ဒီပစ္စည်းတွေကို မငြင်းပါနဲ့။ ဒါတွေက ငါတို့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြတာပါ...."
ရှီဂွမ်းပြောလိုက်သည်။
"အရင်ကပြောခဲ့တဲ့အကူအညီအတွက်တော့, စီနီယာအကိုမုန့်ခွန်အားနဲ့ ကျွန်တော့်တို့ ဘယ်ချိန်ပြန်ပေးနိုင်မလဲမသိဘူး။ ဒါကြောင့် ဒီပစ္စည်းတွေက ပိုလက်တွေ့ကျပါတယ်...."
ပြောပြီးနောက် နှစ်ယောက်သား စိတ်ပိုင်းဖြတ်သည့်အမူအရာ ပြသလိုက်၏။
မုန့်ချန်ချင်းကို စိုက်ကြည့်နေပြီး ငြင်းဆန်မရသည့် အငွေ့အသက်တွေရှိနေခဲ့သည်။
"ဒါဆိုလည်း... ကောင်းပြီလေ..."
မုန့်ချန်ချင်း မငြင်းတော့ပဲ လက်ခံလိုက်၏။
ကျင့်ကြံရေးအရင်းအမြစ်များစွာကို မကြိုက်သည့်သူမရှိပေ။
သူလည်း ချွင်းချက်မဟုတ်ပေ။
သို့ပေမယ့် သူက ညီအကိုနှစ်ယောက်ဆီိမှ စွမ်းရည်ကောင်းတွေရရှိထားပြီဖြစ်ရာ အရင်းအမြစ်တွေယူဖို့ အနည်းငယ်ရှက်နေခဲ့သည်။
ဟူး...
မုန့်ချန်ချင်းလက်ခံလိုက်တာမြင်တော့ နှစ်ယောက်ချက်ချင်းပဲ ပျော်ရွင်စွာ ပြုံးလိုက်သည်။
ဤသို့ဖြင့် နောက်ပိုင်း သူတို့အမေဆီပြန်သည့်အခါ အဆူမခံရတော့မည်ဖြစ်သည်။
"လာ ထိုင်ပြီးစကားပြောကြတာပေါ့..."
မုန့်ချန်ချင်း သူတို့နှစ်ယောက်ကို အနီးနားရှိ ကျောက်တုံးထိုင်ခုံတွေမှာ ထိုင်ခိုင်းလိုက်၏။
အစကတော့ သူက ဂိုဏ်းအခြားနေရာတွေ၌ ကျောက်တုံးသွေးမျိုးဆက်နှင့်ပတ်သက်သည့်မှတ်တမ်တွေ သွားဖတ်မလို့ပင်။
သို့ပေမယ့် ယခုတော့ ထိုအရာက လုံးဝမလိုအပ်တော့ပေ။
လူတွေက သူ့ရှေ့ကိုရောက်နေပြီဖြစ်သည်။
ထို့ပြင် ရှီမိသားစု၏သွေးမျိုးဆက်က နာမည်ကြီးရာ မည်သည့်ကွေ့ဝိုက်မှုမှမလိုပဲ တိုက်ရိုက်မေးနိုင်တာပဲဖြစ်သည်။
နှစ်ယောက်သား ချက်ချင်းထိုင်လိုက်ကြ၏။
"စီနီယာအကိုမုန့်, ဒါတွေက ငါတို့အတွက်သေးလွန်းတယ်..."
ရှီယောင် မတ်တပ်ရပ်လိုက်၏။
ကျောက်တုံးထိုင်ခုံက အရမ်းကြီးမသေပေ။ သူတို့၏ခန္ဓာကိုယ်တွေက ကြီးလွန်းနေတာဖြစ်သည်။
အထူးသဖြင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုချိုးဖျက်ပြီးနောက် ပိုလို့တောင်ကြီးလာခဲ့သည်။
မတ်တပ်ရပ်လိုက်လျှင် သူတို့က ၄ မီတာလောက်မြင့်တာဖြစ်ပြီး ဘီးလူးအသေးစားတွေလိုပင်။
အဆုံး၌ နှစ်ယောက်သား မြေပြင်မှာ ရိုးစင်းစွာ ထိုင်ချလိုက်သည်။
သူတို့၏အသွင်အပြင်တွေမြင်တော့ မုန့်ချန်ချင်း မနေနိုင်ပဲ စနစ်ကိုလက်မထောင်ပြလိုက်သည်။
စနစ်သာမရှိလျှင် ကျောက်တုံးသွေးမျိုးဆက်ကိုပေါင်းစပ်သင့်လား သူတကယ်ပဲ စဥ်းစားရမည်ဖြစ်သည်။
ဤလောက်ကြီးသည့်ခန္ဓာကိုယ်ကြီးနှင့် အနာဂတ်၌ မိတ်ဆွေရှာဖို့ ခက်သွားမည်ဖြစ်သည်။
ဤအရာက စကားစမြည်ပြောတာဖြစ်၍ ရည်ရွယ်ချက်ကို သိသာသွားစေလို့မဖြစ်ပေ။
ထို့ကြောင့် မုန့်ချန်ချင်း အခြားကဏ္ဍတွေမှ စပြောလိုက်၏။
သူတို့ညီအကိုနှစ်ယောက် ဘယ်ကလာသည်, ဘာတွေဝါသနာပါသည်, အစရှိသဖြင့်ပင်...
သူတို့က သူ့ကို အစစ်အမှန်မိတ်ဆွေတစ်ယောက်ဟု မှတ်ယူထားသည့်အတွက်ဖြစ်နိုင်၏။
ရှီဂွမ်းနှင့် ရှီယောင် အရာရာကို မဖုံးကွယ်ပဲ ဖြေပေးနေခဲ့သည်။
ထို့ကြောင့် သူက သူတို့နှစ်ယောက် ဝေးလံခေါင်သည့် တောင်မှလာခဲ့ကြတာကို သိလိုက်ရသည်။
ထိုနေရာ၌ သီးခြားရှိနေသည့်ရွာတစ်ရွာရှိ၏။
မူလ၌ သူတို့က ရွာမှထွက်လာဖို့ မစဥ်းစားထားကြပေ။
ထို့နေ့မတိုင်ခင်ထိပင်။ သူတို့အမေက သူတို့အား အပြင်ထွက်ပြီး ကျောက်တုံးလူသားမျိုးနွယ်၏နာမည်ကို နောက်တစ်ကြိမ် ထင်ပေါ်အောင်လုပ်ခိုင်းခဲ့၏။
"တစ်နေ့နေ့ကြရင်, ကျွန်တော် အဲ့ဒီ မသေမျိုးဘုရင်မြို့တော်လို့ ခေါ်တဲ့နေရာသွားပြီး ကျောက်တုံးလူသားတွေပိုင်ဆိုင်တဲ့တောက်ပမှုကို ပြန်တောင်းယူမယ်..."
ရှီယောင် ရုတ်တရက် ဒေါသတကြီး ထရပ်လိုက်ပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။
"မသေမျိုးဘုရင်မြို့တော်?..."
မုန့်ချန်ချင်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ဤနာမည်က အတော်လေး မရင်းနှီးပဲ အရင်က တစ်ခါမှမကြားဖူးပေ။
ကျောက်တုံးလူသားတွေနှင့် သူတို့ကြား၌ ရန်ငြိုးအချို့ရှိကောင်းရှိနိုင်၏။
ဤကဲ့သို့ ရန်ငြိုးတွေအတွက် သူ့လက်ရှိအခြေအနေဖြင့် ပါဝင်နိုင်မည်မဟုတ်ပေ။
မကြားသလိုဟန်ဆောင်လိုက်တာ ပိုကောင်း၏။
"သွေးမျိုးဆက်အကြောင်းပြောမှ, မင်းတို့ညီအကိုနှစ်ယောက်က ဒဏ္ဍာရီလာ ကျောက်တုံးသွေးမျိုးဆက်ပိုင်ဆိုင်ထားတာ မဟုတ်လား..."
"ဟုတ်တယ်...."
ရှီဂွမ်း ခေါင်းညိတ်လိုက်သည်။
"ငါကြားတာတော့ ကျောက်တုံးသွေးမျိုးဆက်က ခုခံရေးအထူးပြုဆို..."
မုန့်ချန်ချင်း အခွင့်ရေးကို အမိအရယူလိုက်၏။
အချိန်တဖြည်းဖြည်းကုန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း နေဝင်တော့မည်ဖြစ်သည်။
"စီနီယာအကိုမုန့်, အချိန်လည်းမစောတော့ဘူး, ကျွန်တော်တို့ ပြန်တော့မယ်..."
ရှီဂွမ်းနှင့် ရှီယောင် မတ်တပ်ထရပ်လိုက်၏။
ရိုးရိုးသားသားပြောရလျှင် စီနီယာအကိုမုန့်နှင့် စကားပြောရတာ ပျော်စရာကောင်း၏။
အဆုံးမှာတော့ သူတို့တစ်ခါမှမကြားဖူးသည့် စိတ်ဝင်စားစရာ ပုံပြင်များစွာကို ကြားခဲ့ရသည်။
"ကောင်းပြီလေ, မင်းတို့ညီအကိုနှစ်ယောက် ဂရုစိုက်ကြပါ..."
မုန့်ချန်ချင်း အပြုံးနှင့် ပြောလိုက်သည်။
နှစ်နာရီလောက်စကားပြောပြီးနောက် သူက ကျောက်တုံးသွေးမျိုးဆက်အကြောင်း အခြေခံအားဖြင့် နားလည်ခဲ့သည်။
အရင်ကလို ဘာမှမသိသည့်လူ မဟုတ်တော့ပေ။
ဥပမာ, သွေးမျိုးဆက်အရောင်ကွာခြားမှု၊ သွေးမျိုးဆက်စွမ်းရည်အမျိုးအစားကွာခြားမှု, အစရှိသဖြင့်ပင်။
"စီနီယာအကိုမုန့်က အစွမ်းထက်တဲ့အပြင် ဗဟုသုတလည်းကြွယ်မယ်လို့ မထင်ထားဘူး..."
တောင်ဆင်းလမ်း၌ ရှီယောင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူအရင်က ဤကဲ့သို့ပုံပြင်များစွာ တစ်ခါမှမကြားဖူးပေ။
"စီနီယာအကိုမုန့်က စီးပွားရေးမိသားစုက လာတဲ့ သခင်လေးလေ။ ငါတို့လို့ ရွံ့ထဲမှာ အချိန်ပြည့်ကစားလာတဲ့ လူတွေလို မဟုတ်ဘူး..."
ရှီဂွမ်း ပြောလိုက်သည်။
စကားအများအပြားပြောပြီးနောက် လူတိုင်း တစ်ယောက်နှင့်တစ်ယောက် ပိုပိုရင်းနှီးလာခဲ့သည်။
"ဒါပေမယ့် ဒီနေ့ ငါအကိုမုန့်ကိုမြင်တော့ ထူးဆန်းတဲ့ခံစားမှုတစ်ခုရနေတယ်..."
"ငါတို့အဖေကို မြင်နေရသလိုပဲ..."
ရှီယောင် ရုတ်တရက် ပြောလိုက်သည်။
"ငါတို့ စတွေ့တုန်းက ဒီလိုခံစားချက်မျိုး မရခဲ့ဘူး..."
"မင်းလည်းခံစားမိတာလား...."
ရှီဂွမ်း အံ့အားသင့်သွား၏။
ကြည့်ရတာ ထိုအရာက ထင်ယောင်ထင်မှာ ဟုတ်ပုံမရပေ။
"ဟုတ်တယ်, တကယ်ထူးဆန်းတယ်..."
ရှီယောင် ခေါင်းညိတ်လိုက်၏။
သူတို့အဖေ၏ရုပ်ကြွင်းကို သူတို့အမေတူးပြစဥ်က သွေးမျိုးဆက်ဖိနှိပ်ခံရသကဲ့သို့ မဖော်ပြနိုင်သည့်ခံစားချက်ကို ခံစားခဲ့ရသည်။
ထို့ပြင် ယခုလည်း မုန့်ချန်ချင်းဆီမှ တူညီသည့်ခံစားချက်ကို ရနေ၏။
သိသာလွန်းနေတာ မဟုတ်တာ တစ်ခုပင်။
"စီနီယာအကိုမုန့်က ငါတို့အဖေများလား..."
ရှီယောင်မျက်မှောင်ကြုတ်ပြီး အလေးအနက်ဖြစ်သွား၏။
ဖြန်း...
ရီဂွမ်း သူ့ခေါင်းကို ရိုက်လိုက်သည်။
သူ့အမူအရာက ပြောစရာစကားကင်းမဲ့နေပြီး သူ့ညီ၏ဉာဏ်ရည်က တဖြည်းဖြည်းကျဆင်းနေလားဆိုတာ သိချင်နေခဲ့သည်။
ငါဉာဏ်ပိုပိုကောင်းလာလို့များ ငါ့ညီက ပိုထုံသွားတာလား?...
အခန်း (၈၂)
စွမ်းရည်ပေါင်းစပ်ခြင်း (ဘုရင်ချပ်ဝတ်)
နေအိမ်အတွင်းပြန်ရောက်သည့်အခါ မုန့်ချန်ချင်း အချက်အလက်ဇယားကို ဖွင့်လိုက်သည်။
[ပိုင်ရှင်- မုန့်ချန်ချင်း]
[....]
[မပေါင်းစပ်ရသေးသည့်စွမ်းရည်များ- ကျောက်တုံးလူသားသွေးမျိုးဆက်၊ သွေးမျိုးဆက်နည်းစနစ် (ဘုရင်ချပ်ဝတ်)]
[ကျန်ရှိသောအပိုဆောင်းဆုလဒ်- သိမ်မွေ့အဆင့်ကျွမ်းကျင်ကဒ် ၂ ကဒ်၊ မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် ၃ ကဒ်]
ဤအရာကိုမြင်သည့်အခါ မုန့်ချန်ချင်းမျက်နှာ၌ အပြုံးတစ်ခုပေါ်လာ၏။
အမှန်တိုင်းပြောရလျှင် ယနေ့ရရှိမှုက ရှီညီအကိုသူ့ဆီ ရက်ရက်ရောရောယူလာပေးတာဖြစ်သည်။
သို့ပေမယ့် ဤအရာကပဲ သူ့အား ရှီညီအကိုစိတ်ဓာတ်ကို ရှင်းရှင်းလင်းလင်းသိသွားစေ၏။
ဤကျင့်ကြံရေးလောက၌ အကျိုးစီးပွာက ဦးစားပေးဖြစ်ပြီး အတွင်းစိတ်နှင့်အောက်ခြေစည်းမျဥ်းတွေကို ထိန်းသိမ်းဖို့က အတော်လေးရှား၏။
လူတစ်ယောက်က တစ်စုံတစ်ယောက်ကိုအကြွေးတင်သည့်အခါ ကြန့်ကြာမှုမရှိပဲ ပြန်ပေးဆပ်ရမည်ဖြစ်သည်။
ယခင်က ပိုင်စုရှီတစ်ယောက်ထံ၌သာ ဤကဲ့သို့စိတ်ဓာတ်မျိုးတွေ့ဖူး၏။
သို့ပေမယ့်ယနေ့ ရှီညီအကိုဆီမှပါ ရရှိခဲ့သည်။
ဤလူများမှာ စွမ်းရည်ရယူခြင်းထက် အစစ်အမှန်မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တာပဲဖြစ်သည်။
"စနစ်, ကျောက်တုံးလူသားသွေးမျိုးဆက်ကို ပယ်ဖျက်မယ်..."
အသိစိတ်ကို ပြန်စုစည်းပြီး မုန့်ချန်ချင်း ပြောလိုက်သည်။
ဒင်!
[ပယ်ဖျက်ခြင်းအောင်မြင်ပါပြီ]
[သွေးမျိုးဆက်သန့်စင်ကဒ် ၁ ကဒ်ရရှိပါသည်]
ဤစကားလုံးတွေက မုန့်ချန်ချင်းမျက်လုံးတွေကို အနည်းငယ်တောက်ပသွားစေခဲ့သည်။
ကံတရားက သူ့ဘက်မှာရှိနေခဲ့ပြီး တကယ်ပဲ ပစ္စည်းကောင်းထုတ်ပေးခဲ့သည်။
မုန့်ချန်ချင်း သွေးမျိုးဆက်သန့်စင်ကဒ်၏အာနိသင်ကို ကိုယ်တိုင်ကြုံတွေ့ဖူးဖြစ်သည်။
သွေးမျိုးဆက်ပိုင်ရှင်တွေအတွက် သွေးမျိုးဆက်သန့်စင်လေလေ ထုတ်လွတ်သည့်စွမ်းအားက ပိုကြောက်စရာကောင်းလေလေဖြစ်သည်။
"စနစ်, သွေးမျိုးဆက်နည်းစနစ်ကို ပေါင်းစပ်မယ်...."
မုန့်ချန်ချင်း သွေးမျိုးဆက်နည်းစနစ်ကို အရင်ပေါင်းစပ်ဖို့ ရွေးချယ်လိုက်၏။
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
ထိုစကားတွေထွက်ပေါ်လာသည်နှင့်...
သူ့ခန္ဓာကိုယ်ထဲရှိ ကျောက်တုံးလူသားသွေးမျိုးဆက် ရုတ်တရက် အနည်းငယ်တုန်ခါလာပြီး ထူးဆန်းသည့်အချက်အလက်တွေ သူ့စိတ်ထဲ တစ်ဟုန်ထိုးဝင်ရောက်လာခဲ့သည်။
အားလုံးက သွေးမျိုးဆက်နည်းစနစ်(ဘုရင်ချပ်ဝတ်) နှင့် ပတ်သက်တာတွေပင်။
ပမာဏက ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ် ပေါင်းစပ်ချိန်ကနှင့် ယှဥ်နိုင်၏။
တစ်ခဏကြာပြီးနောက် ပေါင်းစပ်မှု ပြီးစီးသွားခဲ့သည်။
မုန့်ချန်ချင်း ဖြည်းချင်းစွာ မျက်လုံးဖွင့်လာသည်။
"ဘုရင်ချပ်ဝတ်...."
ခပ်နှိမ့်နှိမ့် ရေရွတ်မှုနှင့်..
ငွေရောင်သွေးတွေ ချက်ချင်း သူ့အရေပြားအောက်မှာ လိမ့်တက်လာပြီး ရှေးကျသည့် ငွေရောင်ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချပ်ဝတ်က အတော်လေးကြည့်ကောင်းပြီး ထူးဆန်းသည့်ပုံစံများစွာထွင်းထုထားကာ ဖျက်ဆီးမရသည့် အော်ရာတစ်ခုကို ထုတ်လွတ်နေခဲ့သည်။
ဤအရာက သွေးမျိုးဆက်နည်းစနစ် ( ဘုရင်ချပ်ဝတ်) ပင်။
မြေကမ္ဘာစဦးအဆင့် ခန္ဓာသန့်စင်နည်းစနစ်နှင့် ညီမျှ၏။
သွေမျိုးဆက်သန်မာလေလေ သွေးမျိုးဆက်နည်းစနစ်လည်း စွမ်းအားကြီးလေလေဖြစ်သည်။
ရှီအညီအကိုနှင့်ယှဥ်လျှင် သူ၏ဘုရင်ချပ်ဝတ်က သေချာပေါက် ပိုသန်မာ၏။
အဆုံးမှာတော့ သူ၏သွေးမျိုးဆက်က သန့်စင်ထားပြီးပြီဖြစ်သည်။
"ရွှေရောင်သွေးမျိုးဆက်..."
ရှီညီအကိုနှင့်စကားစမြည်ပြောရာမှ မုန့်ချန်ချင်း ကျောက်တုံးလူသားသွေးမျိုးဆက်တွေ၏ အရောင်ကွာခြားမှုကိုလည်း နားလည်ခဲ့သည်။
အနိမ့်ဆုံးက မီးခိုးရောင်ဖြစ်ပြီး သွေးမျိုးဆက်မသန့်စင်ဆုံးကို ရည်ညွှန်း၏။
ထို့နောက် ငွေရောင်ရှိပြီး အတော်လေးကောင်းကာ သန့်စင်မှုမြင့်မားမှုကို ရည်ညွှန်း၏။
အကောင်းဆုံးကတော့ ရွှေရောင်ဖြစ်၏။
ရွှေရောင်သွေးမျိုးဆက်ဟုလည်း လူသိများသည်။
ဤအဆင့်သွေးမျိုးဆက်က အတော်လေးရှားပါးပြီး ဘုရင်တစ်ယောက်ဖြစ်လာဖို့ ကံကြမ္မာက သတ်မှတ်ထားလုနီးပါးဖြစ်သည်။
ထို့ပြင် သွေးမျိုးဆက်၏ဖုံးကွယ်ထားသည့်အမွေအနှစ်ကိုလည်း အမွေဆက်ခံနိုင်၏။
"နောက်ဆုံးသန့်စင်တုန်းက ငါ့ရဲ့ကျောက်တုံးသွေးမျိုးဆက်က ရွှေရောင်နည်းနည်းပြောင်းလာပြီ။ ဒီတစ်ချိန်ထပ်သန့်စင်လိုက်ရင် ဘယ်လိုရှိမလဲ ကြည့်ကြတာပေါ့...."
မုန့်ချန်ချင်း မျက်လုံးတွေအရောင်လက်သွား၏။
ဤဘုရင်ချပ်ဝတ်နှင့် သူ၏ခုခံမှုက အတော်လေးတိုးတက်သွားတော့မည်ဖြစ်သည်။
အဆုံးမှာတော့ ကောင်းကင်အုပ်စိုးခြင်းခန္ဓာက သန်မာသော်လည်း သိမ်မွေ့အဆင့်သာရှိရာ ဘုရင်ချပ်ဝတ်နှင့် မယှဥ်နိုင်ပေ။
"မာကျောမှုကို စမ်းကြည့်ရမယ်..."
မုန့်ချန်ချင်း သူ့ကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်ကိုကြည့်ပြီး ကြက်သွေးရောင်ကောင်းကင်ကို ဖြည်းညင်းစွာဆွဲထုတ်လိုက်သည်။
ထန်!
ဓားဖြင့်ခုတ်လိုက်ရာ မီးပွားတွေလွင့်စင်ကုန်၏။
"မဆိုးပါဘူး..."
မုန့်ချန်ချင်း ကျေနပ်စွာခေါင်းညိတ်လိုက်၏။
သူက စစ်မှန်ချီ ဒါမှမဟုတ် သိုင်းပညာသုံးမထားသော်လည်း ကြက်သွေးရောင်ကောင်းကင်က အဆင့်မြင့်စိတ်ဝိညာဥ်ဓားဖြစ်ရာ ၎င်း၏ထက်ရှမှုက ပြိုင်ဘက်ကင်း၏။
အဆင့်တူကျင့်ကြံရေး၌ ၎င်းမှာ သိမ်မွေ့အဆင့်ခန္ဓာသန့်စင်နည်းစနစ်အများစုကို ဒဏ်ရာရအောင်လုပ်ဖို့ လုံလောက်၏။
သို့ပေမယ့် ဘုရင်ချပ်ဝတ်အတွက်တော့ အများကြီး သက်ရောက်မှုရှိမနေခဲ့ပေ။
"စနစ်, သွေးမျိုးဆက်သန့်စင်ကဒ် သုံးမယ်..."
မုန့်ချန်ချင်း ပြောလိုက်သည်။
ဒင်!
[သွေးမျိုးဆက်သန့်စင်ကဒ် သုံးနေပါသည်]
အသံထွက်ပေါ်လာသည်နှင့် ရင်းနှီးသည့်ခံစားချက်တစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
သူက ကျောက်တုံးသွေးမျိုးဆက်ဆူပွက်လာတာကိုမြင်နေရပြီး မသန့်စင်မှုတွေပျောက်ကွယ်နေကာ သန့်စင်သည့် ကျောက်တုံးလူသားသွေးမျိုးဆက်အဖြစ် ပြောင်းလဲနေခဲ့သည်။
တစ်ခဏကြာပြီးနောက် သန့်စင်ခြင်းအဆုံးသတ်သွားခဲ့သည်။
မုန့်ချန်ချင်း အလျှင်အမြန် စစ်ဆေးကြည့်လိုက်ရာ မူလငွေရောင်သွေးမျိုးဆက်၏ ၁၀ ပုံ ၁ ပုံ ရွှေရောင်ပြောင်းသွားတာကို မြင်လိုက်ရ၏။
သန့်စင်မှုမတိုင်ခင်က ရွှေရောင်အရိပ်အယောင်လေးတစ်ခုသာရှိခဲ့သည်။
သိသာစွာပင် နောက်တစ်ကြိမ်ထိရောက်မှုအမြင့်ဆုံးဖြစ်သွားပြီး ထိရောက်မှုက ယခင်တစ်ကြိမ်ကထက်ပင် ပိုမြင့်နေခဲ့သည်။
ရွှေရောင်သွေးမျိုးဆက် ၁၀ပုံ ၁ပုံ၊ ထိုအရာက ရွှေရောင်သွေးမျိုးဆက်ပြည့်စုံဖို့ ၁၀ပုံ ၉ပုံသာ လိုတောသည်ဟု ဆိုလိုနေပြီး သန့်စင်ကဒ် နောက်ထပ် အနည်းငယ်သာလိုတော့၏။
ခရက်!
သွေးမျိုးဆက်နောက်တစ်ကြိမ်သန့်စင်သွားသည့်အတွက် ဘုရင်ချပ်ဝတ်လည်း ပြောင်းလဲလာခဲ့ပြီး ငွေရောင်မှ ရွှေရောင်ဖျော့ဖျော့သို့ တဖြည်းဖြည်း ပြောင်းလဲလာနေခဲ့သည်။
ပိုရှေးကျပြီး ပိုခမ်းနား၏။
ကြည့်ရတာ သန့်စင်သည့်ရွှေရောင်အဖြစ်ပြောင်းသွားသည့်အခါ အကြီးအကျယ်ခုန်တက်သွားနိုင်၏။
"ဘုရင်ချပ်ဝတ်, ဟမ့်..."
မုန့်ချန်ချင်းမျက်လုံးတွေ အရောင်လက်သွားသည်။
ဘုရင်ချပ်ဝတ်၏နာမည်အပြည့်အစုံက ခုခံရေးဘုရင်ချပ်ဝတ်ပင်။
၎င်းကို သွေးမျိုးဆက်သိပ်သည်းခြင်းအပေါ် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။
ဤသွေးမျိုးဆက်နည်းစနစ်က ရွှေရောင်သွေးမျိုးဆက်ပိုင်ရှင်တွေသာ ပိုင်ဆိုင်၏။
ရှီညီအကိုပြောစကားအရ ဘုရင်ချပ်ဝတ်က ဒဏ္ဍာရီလာ...
အသက်ပြင်းပြင်းရူလိုက်ပြီး မုန့်ချန်ချင်း စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။
အနာဂတ်ကတောက်ပသော်လည်း တစ်ကြိမ်ကို ခြေတစ်လှမ်းသာလှမ်းရမည်ဖြစ်သည်။
အမြဲစိတ်ကူးယဥ်သည့်အခြေအနေမှာ နစ်မွန်းမနေသင့်ပေ။
မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်ကိုတော့ သူက မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းအတွက် ရည်ရွယ်ထားခဲ့သည်။
လင်းလုံမဟာကျော့ကွင်းကောင်းကင်ကို မြှင့်တင်တာလည်း အဆင်ပြေ၏။
အဆုံးမှာတော့ ဤလျို့ဝှက်နည်းစနစ်၏ ခွန်အားမြှင့်တင်မှုက တကယ်ကို ကြမ်း၏။
သို့ပေမယ့် ယခု သူက ဂိုဏ်းထဲမှာဖြစ်ရာ အလျှင်မလိုသေးပေ။
အုတ်မြစ်ခိုင်မာအောင်လုပ်ဖို့ အဓိကဦးစားပေးဖြစ်၏။
အခြားသူတွေ သိမ်မွေ့အဆင့်သိုင်းပညာသုံးနေစဥ် မြေကမ္ဘာအဆင့်သုံးတာက ကြီးမားသည့်ကွာဟချက်ကို ဖြစ်စေမည်ဖြစ်သည်။
ရရှိသည့်စွမ်းရည်တွေကို ဖြေရှင်းပြီးနောက် မုန့်ချန်ချင်း ခြေချိတ်ထိုင်လိုက်သည်။
ထို့နောက် လျို့ဝှက်နယ်မြေမှရသည့်အရင်းအမြစ်တွေထုတ်ကာ စတင်ကျင့်ကြံတော့သည်။
မည်သို့ဖြစ်စေ, သူ၏ကိုယ်ပိုင်ကျင့်ကြံရေးကို လျစ်လျူရှုလို့မရပေ။
ကြိုးကြိုးစားစား မြှင့်တင်ရမည်ဖြစ်သည်။
အချိန်တစ်ခုထိကျင့်ကြံပြီးနောက် သူကမိတ်ဆွေ ရှာဖို့သွားရမည်ဖြစ်သည်။
....
အချိန်တွေကုန်ဆုံးသွားပြီး မျက်စိတ်တစ်မှိတ်အတွင်း တစ်လကုန်ဆုံးသွားခဲ့သည်။
ထို့ပြင်ဤတစ်လ၌ လျို့ဝှက်နယ်မြေထဲမှာဖြစ်ပျက််သည့်ကိစ္စတွေက တဖြည်းဖြည်းပျံ့နှံ့သွားခဲ့သည်။
အတော်လေးကယက်ထသွားသည်ဟု ပြောနိုင်၏။
အဆုံးမှာတော့ တစ်ယောက်က သွေးကြောပုံသွင်းခြင်းနယ်ပယ်ကတည်းက ဓားချီကိုနားလည်သည့် မကောင်းဆိုးဝါးဖြစ်ပြီး အခြားတစ်ယောက်က အချိန်အတော်ကြာပျောက်ကွယ်နေခဲ့သည့် ကျောက်တုံးသွေးမျိုးဆက်ပိုင်ရှင်ဖြစ်နေခဲ့သည်။
နှစ်ခုလုံးက ကြောက်စရာကောင်းလှ၏။
အချိန်တိုအတွင်း လူသုံးယောက်၏ကျော်ကြားမှုက စစ်မှန်တပည့်တွေကြား၌ မြင့်တက်လာခဲ့သည်။
"ငါ့အထင် ရှေ့ကဟာက မုန့်ချန်ချင်းရဲ့ စိတ်ဝိညာဥ်တောင်ထင်တယ်..."
တိမ်ပင်လယ်ထဲ၌ ဓားအလင်းတန်းသုံးခု ဖြည်းညင်းစွာ ပျံသန်းနေခဲ့ပြီး တစ်ခုစီပေါ်၌ လူတစ်ယောက်စီရှိနေခဲ့သည်။
သူတို့ကငယ်ရွယ်ပြီး သုံးဆယ်မကျော်ပေမယ့် အော်ရာတွေက အလွန်ကိုသန်မာလှ၏။
အနည်းဆုံး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၅ ပင်။
"ဟုတ်တယ်, ဒါက စိတ်ဝိညာဥ်တောင်အသစ်ဆိုပေမယ့် ဂိုဏ်းက ဂျူနီယာမုန့်ကို တိုက်ရိုက်ပေးပစ်လိုက်တယ်..."
ခေါင်းဆောင်ဖြစ်သူ ခေါင်းညိတ်လိုက်သည်။
သုံးယောက်ထဲ၌ သူက အသန်မာဆုံးပင်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၈ ဖြစ်ပြီး နာမည်က ဝေချင်ဖြစ်သည်။
"ဒါနဲ့စကားမစပ်, စီနီယာအကိုဝေရဲ့ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းက ပိုတောင်အဆင့်မြင့်လာပြီပဲ။ တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်တောင်ရောက်သွားပြီ...."
ဘေးရှိတစ်ယောက် အပြုံးနှင့် ပြောလိုက်သည်။
"ဂျူနီယာညီဝမ်က အမြင်စူးရှားပဲ။ ဟုတ်တယ်, ငါအဲ့အဆင့်ကိုရောက်သွားပြီ..."
"ဒါပေမယ့် ငါ့ကြွယ်ဝမှုအကုန်ပြောင်သွားတဲ့အပြင် အခြားသူတွေဆီကတောင် ချေးလိုက်ရသေးတယ်...."
ဝေချင် မတတ်သာသလိုခေါင်းခါယမ်း နေပေမယ့် သူ့နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးနေခဲ့သည်။
မြေကမ္ဘာစဦးအဆင့်သိုင်းပညာတွေထဲ၌ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းမှာ ကျင့်ကြံဖို့ အခက်အခဲဆုံးဖြစ်ပြီး အဓိကအားဖြင့် အရင်းအမြစ်များစွာသုံးစွဲရခြင်းပင်။
သိုပေမယ့် အဆင့်တစ်ခုထိကျွမ်းကျင်သွားသည်နှင့် စွမ်းအားမှာ အဆင့်တူတွေထဲ၌ ထိပ်တန်းဖြစ်သည်။
"ငါ့ခွန်အားမလုံလောက်တာတော့ စိတ်မကောင်းစရာပဲ။ မြေကမ္ဘာအဆင့်သိုင်းပညာရရင်တောင် ကျင့်ကြံနိုင်မယ်မထင်ဘူး..."
အခြားတစ်ယောက် မနာလိုစွာပြောလိုက်သည်။
"အရာရာက ကိုယ့်အပေါ်မှာပဲမူပါတယ်။ ဂျူနီယာညီနှစ်ယောက် ကြိုးစားလေ့ကျင့်ရင် အနာဂတ်မှာ သေချာပေါက် အခွင့်အရေးရှိလာမှာပါ...."
"အားပေးလို့ ကျေးဇူးတင်ပါတယ်, စီနီယာအကို..."
နှစ်ယောက်သား ချက်ချင်းပဲ မျှော်လင့်ချက်အရိပ်အယောင်တွေ ပြသလာ၏။
သူတို့က စစ်မှန်တပည့်ဖြစ်တာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း မြေကမ္ဘာအဆင့်သိုင်းပညာရဖို့မှာ အတော်လေး အလှမ်းဝေးနေဆဲဖြစ်သည်။
"ဒီနေ့, ငါဒီလာခဲ့တာ ဒီပါရမီရှင်အသစ်အကြောင်းသိရအောင်လို့ပဲ။ ခဏနေလို့ရှိရင် ဂျူနီယာနှစ်ယောက် ကိုယ့်အပြုအမူကို သတိထားပေးပါ...."
"စီနီယာကြီးလေသံတွေ မဖမ်းမိပါစေနဲ့..."
ဝေချင်း သတိပေးလိုက်သည်။
"စီနီယာအကိုဝေ, မင်းအတွေးလွန်နေပြီ..."
"ငါတို့ဘယ်လိုလုပ်လုပ်ရဲမှာလဲ။ ဒီဂျူနီယာမုန့်က သွေးမျိုးဆက်ရှိတဲ့နတ်ဆိုးသားရဲတောင် အနိုင်တိုက်ခဲ့တာ, သူက အစစ်အမှန်ပါရမီရှင်တစ်ယောက်ပဲ..."
နှစ်ယောက် ရုတ်တရက် ပြောစရာစကားမရှိဖြစ်သွားကြ၏။
စစ်မှန်တပည့်တွေကြား၌တောင် ကွာဟချက်တွေရှိသေး၏။
သူတို့က အောက်ဆုံးမှာမဟုတ်သော်လည်း အစစ်အမှန်ပါရမီရှင်တွေနှင့်တော့ ကြီးမားသည့်ကွာဟချက်ရှိနေဆဲဖြစ်သည်။
ဤကဲ့သို့ပါရမီရှင်တွေနှင့်တွေ့သည့်အခါ သူတို့က လေးစားမှုပြရမည်ဖြစ်ပြီး မဟုတ်လျှင် အရှက်ကွဲသွားမည်ဖြစ်သည်။
"ဟ..ဟ.. ငါက ဒီတိုင်းပဲ ပြောလိုက်တာပါ..."
ဝေချင်း ပြုံးလိုက်၏။
ထို့နောက် ပိုပိုနီးကပ်လာသည့်စိတ်ဝိညာဥ်တောင်ဆီလှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးအနက်ပိုင်း၌ အနက်ရောင်စွမ်းအင်အရိပ်အယောင်တစ်ခု လက်သွားခဲ့သည်။