အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း (၈၃)
ကောင်းကင်တိမ်လွာနဂါးခြေလှမ်းနှင့် နတ်ဆိုးလမ်းစဥ်သူလျိုစိမ့်ဝင်လာခြင်း
အဆောက်အဦးထဲ၌ မုန့်ချန်ချင်း ခြေချိတ်ထိုင်နေခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိအော်ရာက ပိုပိုသန်မာလာပြီး အခိုက်အတန့်တစ်ခု၌ ကန့်သတ်မှုကိုချိုးဖောက်သွားပုံရကာ ရုတ်တရက် တစ်ဟုန်ထိုးတက်လာခဲ့သည်။
ဟူး...
မုန့်ချန်ချင်း မျက်လုံးဖွင့်လာပြီး မျက်လုံးထဲ၌ အရောင်တောက်နေခဲ့သည်။
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၃..."
ဤတိုးတက်မှုက နှေးသည်ဟု မယူဆနိုင်ပေ။
အဆင့် ၂ အမြစ်ရိုး၊ သာလွန်အဆင့်နားလည်နိုင်စွမ်း၊ လုံလောက်သည့်အရင်းအမြစ်တွေနှင့်တောင် အနည်းဆုံး သုံးလအချိန်ယူရမည်ဖြစ်သည်။
သူကတော့ တစ်လသာ အချိန်ယူခဲ့၏။
သူ၏တိုးတက်မှုအလွန်မြန်နေရခြင်းမှာ ပင်လယ်နက်မူလသို့ပြန်ခြင်းနှင့် လင်လုံမဟာကျော့ကွင်းကောင်းကင်ကြောင့်ဟု မုန့်ချန်ချင်းခံစားမိ၏။
ရှေ့တစ်ခုက စစ်မှန်ချီပမာဏကိုတိုးမြှင့်ပြီး နောက်တစ်ခုက စစ်မှန်ချီကိုလောင်ကျွမ်းကာ အရည်အသွေးကို တိုးတက်စေ၏။
နှစ်ခုလုံး စစ်မှန်ချီနှင့် သက်ဆိုင်နေခဲ့သည်။
ထို့ကြောင့်လည်း မုန့်ချန်ချင်း၏ ဒန်ထျန်နှင့် စစ်မှန်ချီအပေါ်နားလည်မှုက နတ်ဘုရားကူညီသကဲ့သို့ အလွန်လျှင်မြန်နေတာဖြစ်သည်။
"ဒါပေမယ့် အရင်းအမြစ်ကုန်တာလည်း နည်းနည်းမြန်လွန်းတယ်..."
"မျှော်လင့်ထားတာထက်ကို အများကြီးပိုနေတယ်...."
အတွေးတွေပြန်ရုတ်သိမ်းပြီး မုန့်ချန်ချင်း တိတ်တဆိတ်သက်ပြင်းချလိုက်သည်။
နယ်ပယ်အသေးနှစ်ခုမြှင့်တင်ဖို့ သူက အဆင့် ၃ အရင်းအမြစ် ၃ ခုသုံးခဲ့ရသည်။
ထို့ပြင် ရှေ့ဆက်သွားလေလေ ပိုစားသုံးလာလေလေဖြစ်သည်။
သူအစကထင်ထားတာ လျို့ဝှက်နယ်မြေထဲမှရခဲ့တွေနှင့် ရှီညီအကိုတွေဆီမှဟာတွေနှင့်ဆိုလျှင် ပင်လယ်ခွဲခြမ်ခြင်းနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်မည်ဟုပင်။
သို့ပေမယ့် ယခုကြည့်ရတာတော့ အများဆုံးမှ အဆင့် ၇ လောက်ပဲရောက်တော့မည်ဖြစ်သည်။
ဤပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်က တကယ်ကိုထူးခြားပြီး အရင်းအမြစ်လိုအပ်မှုက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ထက် အများကြီးပိုနေခဲ့သည်။
သို့ပေမယ့် ထိုအရာက ပုံမှန်ပဲဖြစ်သည်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၏တိုက်ခိုက်ရေးစွမ်းအားက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် ယှဥ်နိုင်သည့်အရာမဟုတ်ပေ။
တစ်ခုခုလိုချင်လျှင် ထိုအရာနှင့်ကိုက်ညီသည့် လုံ့လ၊ ကြိုးစားအားထုတ်မှုတော့ ပေးရမည်ဖြစ်သည်။
"ကျင့်ကြံတာ ယာယီတော့ပြီးသွားပြီ။ အပြင်ထွက်ပြီး မိတ်ဆွေရှာဖို့ အချိန်ကျပြီ..."
ကျင့်ကြံရေးလမ်းစဥ်၌ အနားယူခြင်းနှင့် အစီစဥ်တကျရှိခြင်းကို ဦးစားပေးသည်။ အထူးသဖြင့် မြင့်မားသည့်နယ်ပယ်တွေရောက်လာချိန်တွင်ဖြစ်သည်။
အနည်းငယ်နှေးလာသည်ဟုခံစားရသည့်အခါ ရပ်ပြီး ရက်အနည်းငယ်လောက်အနားယူပြီးမှ ပြန်စတာ အကောင်းဆုံးပင်။
ဤနည်းလမ်းက အကျိုးသက်ရောက်မှုအရှိဆုံးဖြစ်၏။
ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် သိုင်းပညာတွေကို လေ့ကျင့်လေ့ရှိကြ၏။
သို့ပေမယ့် ဤအခိုက်အတန့်၌ အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
"ဂျူနီယာညီလေးမုန့်, ငါက စစ်မှန်တပည့်ဝေချင်းပါ။ စကားပြောရအောင် အပြင်ထွက်လာပေးနိုင်မလား...."
ဤစကားသံက မုန့်ချန်ချင်းကို အနည်းငယ်မျက်ခုံးပင့်သွားစေခဲ့သည်။
ဝေချင်း?...
ငါ ဒီလူ့ကိုသိလို့လား...
သူကတွေးကြည့်ပေမယ့် အပြင်စည်းမှာကော အတွင်းစည်းမှာကော ထိုမှတ်ဉာဏ်မရှိပေ။
သူစိမ်းတစ်ယောက်ဖြစ်ရမည်ပင်။
သို့ပေမယ့် လာသူက ဧည့်သည်တစ်ယောက်ဖြစ်ပြီး စစ်မှန်တပည့်ဟုတ်ဟုတ်မဟုတ်ဟုတ် ထွက်တွေ့ရမည်ဖြစ်သည်။
ထို့ပြင် ဤအရာက သူ၏ပထမဆုံးအကြိမ် စစ်မှန်တပည့်နှင့် ဆက်ဆံဖူးသည်ဟုလည်း ယူဆနိုင်၏။
ဤသို့တွေးပြီး မုန့်ချန်ချင်း အဝတ်အစားအနည်းငယ်ပြင်ကာ ထွက်လာခဲ့လိုက်သည်။
အပြင်ဘက်၌ လူသုံးယောက် မတ်တပ်ရပ်နေခဲ့၏။
ငယ်ရွယ်ပြီး အထင်ကြီးစရာအော်ရာတွေနှင့်ပင်။ ကျင့်ကြံရေးအရ အားလုံးက သူ့အထက်တွေကြီးဖြစ်သည်။
သို့ပေမယ့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်က စစ်မှန်ချီကိုကျင့်ကြံခြင်းဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမှမရှိပေ။
ထို့ကြောင့် နယ်ပယ်သေးတွေကြားရှိ ကွာခြားချက်က နည်းနည်းသာရှိ၏။
ပါရမီရှင်တွေအတွက် အဆင့်၁ မှ အဆင့် ၉ ကို တိုက်ခိုက်ဖို့က မခက်ပေ။
အဓိကနယ်ပယ်ကြီးကျော်တိုက်ဖို့ကမှ ခက်ခဲတာဖြစ်သည်။
"စီနီယာအကိုတို့, ကျေးဇူးပြုပြီး အထဲဝင်ပါ..."
မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပဲ, သူက ကြည့်ရှုရေးမျက်လုံးကို အသက်သွင်းလိုက်သည်။
အခြေခံအချက်အလက်-
[အမည်- ဝမ်ရှန်းလင်]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၅]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ််ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာမန်]
[နည်းစနစ်နှင့် သိုင်းပညာ- ခွန်းရှန်မိုးစက်ဓားသိုင်း(ကျွမ်းကျင်)၊ ဓားခြေလှမ်း(ပြီးပြည့်စုံခြင်းအဆင့်)]
အခြေခံအချက်အလက်-
[အမည်- ဟီနန်]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၅]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာမန်]
[နည်းစနစ်နှင့် သိုင်းပညာ- ခရမ်းနေဓားသိုင်း(တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ ဓားခြေလှမ်း(ပြီးပြည့်စုံခြင်းအဆင့်)၊ ...]
ဘေးဘက်ရှိနှစ်ယောက်၏ဇယားတွေက သာမန်သာဖြစ်၏။
ခွန်းရှန်မိုးစက်ဓားသိုင်းနှင့် ခရမ်းနေဓားသိုင်းတို့ကို သူ သိုင်းကျမ်းဆောင်၌ မြင်ဖူး၏။
၎င်းတို့မှာ သိမ်မွေ့အဆင့်မြင့် သိုင်းပညာတွေသာဖြစ်ပြီး မြေကမ္ဘာအဆင့်မဟုတ်ပေ။
ဤအရာအရ ဤနှစ်ယောက်၏ စစ်မှန်တပည့်အဆင့်မှာ အောက်ဆုံးမဟုတ်သော်လည်း အနည်းငယ်သာ ပိုကောင်းနိုင်၏။
နောက်ဆုံး သူ့အကြည့် သူ့ကိုယ်သူ ဝေချင်းဟု ခေါ်သည့်လူအပေါ် ကျရောက်သွားခဲ့သည်။
အခြေခံအချက်အလက်-
[အမည်- ဝေချင်း]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၈]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာလွန်]
[နည်းစနစ်နှင့် သိုင်းပညာ- မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ ကောင်းကင်တိမ်လွာနဂါးခြေလှမ်း(စဦးအဆင့်)၊ မရဏဘုံသွေးဝါးမျိုးခြင်းနည်းစနစ် (အဆင့် ၃)၊....]
ဟစ်...
နည်းစနစ်နှင့် သိုင်းပညာအတန်းကိုမြင်သည့်အခါ မုန့်ချန်ချင်း မနေနိုင်ပဲ အနည်းငယ် အသက်ရူသွင်းလိုက်သည်။
တကယ်ပဲ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းဖြစ်နေခဲ့သည်။
သူက အပြင်ထွက်ပြီး ဤသိုင်းပညာကျင့်ကြံသည့်သူတွေကို စုံစမ်းတော့မည့်အချိန်မှာပဲ....
မည်သူထင်ထားမည်နည်း, တစ်စုံတစ်ယောက်က ကိုယ်တိုင်ရောက်လာခဲ့သည်။
တကယ်ကို ကံကြမ္မာက လက်ဆောင်ပေးလိုက်တာပင်။
ထို့ပြင် ဓားသိုင်းကျွမ်းကျင်မှုကလည်း မနိမ့်ပေ။
တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်ဖြစ်၏။
ဤသို့ဆိုလျှင် သူက ဤလူဆီိမှ ဤစွမ်းရည်ရသည်နှင့် ကျွမ်းကျင်ကဒ်သုံးပြီး ပြီးပြည့်စုံခြင်းအဆင့်ထိ မြှင့်တိုင်နိုင်ပြီဖြစ်သည်။
'ဝေချင်း, ဟုတ်တယ်နော်? ငါ မင်းနဲ့ မိတ်ဆွေဖွဲ့မယ်...'
မုန့်ချန်ချင်းပါးစပ် အနည်းငယ် တွန့်ကွေးသွား၏။
သို့ပေမယ့် နောက်ရှိသိုင်းပညာကိုမြင်သည့်အခါ သူ့နှလုံးသာ ခုန်ပေါက်သွား၏။
"မရဏဘုံသွေးဝါးမျိုခြင်းနည်းစနစ်" ထိုအရာကို သူမကြားဖူးပေ။ နတ်ဆိုးလမ်းစဥ်း သိုင်းပညာတစ်ခုဖြစ်နိုင်၏။
ထို့ပြင် ၎င်းနာမည်မှ "မရဏဘုံ" ဆိုသည့်စကားလုံးပါဝင်နေခဲ့သည်။
မဟာနတ်ဆိုးဂိုဏ်း ၁၀ ခုထဲက မရဏဘုံနတ်ဆိုးဂိုဏ်းလား....
ထိုအရာက ဖြစ်နိုင်ခြေရှိ၏။
ထိုက်ရွမ်ဂိုဏ်းစစ်မှန်တပည့်တစ်ယောက်အနေဖြင့် အနာဂတ်က တောက်ပရာ အခြေခံအားဖြင့် နတ်ဆိုးလမ်းစဥ်နည်းစနစ်ကို မကျင့်ကြံသင့်ပေ။
ထို့ကြောင့် သူ့ရှေ့မှလူက မရဏဘုံနတ်ဆိုးဂိုဏ်းမှစေလွတ်လိုက်သည့် သူလျိုဖြစ်နိုင်၏။
ဂိုဏ်းအကြည့်အောက်မှ စစ်မှန်တပည့်ထဲစိမ့်ဝင်နိုင်တာ သူ့၌ တကယ်ပဲ အရည်အချင်းအချို့ရှိ၏။
သို့ပေမယ့် ကံမကောင်းစွာပဲ သူ၏ကြည့်ရှုရေးမျက်လုံးမှ မဖုံးကွယ်နိုင်ခဲ့ပေ။
မုန့်ချန်ချင်းကံကလည်း သာမန်မဟုတ်ပေ။ စစ်မှန်တပည့်ဖြစ်လာရုံရှိသေး ဤကဲ့သို့ လူတစ်ယောက်နှင့် လာတွေ့နေခဲ့သည်။
'ဒါပေမယ့်, မင်းကသူလျိုဆိုမှတော့ ခဏတော့ မင်းနဲ့မိတ်ဆွေဖွဲ့ရအုန်းမယ်...'
မုန့်ချန်ချင်း စိတ်ထဲမှာ တွေးလိုက်သည်။
ပထမဦးစွာ အခြားကိစ္စတွေ မစဥ်းစားခင် စွမ်းရည်ကို အရင်ယူရမည်ဖြစ်သည်။
"ဂျူနီယာညီလေးမုန့်..."
မုန့်ချန်ချင်း အတွေးထဲမြောနေတာမြင်သည့်အခါ ဝေချင်း ချက်ချင်း အထဲဝင်လာပြီး ညင်သာစွာ ခေါ်လိုက်၏။
"ငါ ခဏစိတ်လွတ်သွားတယ်, ကျေးဇူးပြုပြီး စီနီယာအကို စိတ်ထဲမထားပါနဲ့..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ထိုင်ကြပါ..."
"ဂျူနီယာညီလေးမုန့်, မင်းက နှိမ့်ချလွန်းနေပါပြီ။ မင်းလိုပါရမီရှင်တစ်ယောက် ရံဖန်ရံခါ အတွေးထဲမြောသွားတာ ပုံမှန်ပါပဲ။ ငါက မင်းကို နှောက်ယှက်မိမှာကြောက်တာ..."
ဝေချင်းပြုံးပြီး ထိုင်လိုက်သည်။
"ဒီနှစ်ယောက်ကလည်း စစ်မှန်တပည့်တွေပဲ, ဝမ်ရှန်လင်းနဲ့ ဟီနန်တဲ့။ ငါတို့ ဒီနေ့ဒီနားကဖြတ်သွားတုန်း ဂိုဏ်းရဲ့မကြာသေးခင်ကတောက်ပလာတဲ့လူက ဘယ်လိုမျိုးလဲဆိုတာ ဝင်ကြည့်တာ..."
"ဂျူနီယာညီလေးမုန့်..."
နှစ်ယောက်ချက်ချင်းပဲ မုန့်ချန်ချင်းကို အရိုအသေပေးလိုက်သည်။
သူတို့က မုန့်ချန်ချင်းထက် စီနီယာကျသော်လည်း ကျင့်ကြံရေးလောက၌ ခွန်အားကိုသာလေးစားကြပြီး စီနီယာကျမှုက အရေးမပါပေ။
လူတစ်ယောက်က လိုအပ်သည့်အခါ လေးစားမှုရှိသင့်၏။
အခန်း (၈၄)
စွမ်းရည်ရယူခြင်းကဒ်၊ ဆန်းကြယ်သောအဓိကတောင်ထိပ်မျိုးဆက်
"စီနီယာအကိုဝမ်, စီနီယာအကိုဟီ..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်သည်။
သူက သူတို့ကို ထူးမခြားနားမဆက်ဆံပဲ ယှဥ်ကျေးစွာပဲ တုံ့ပြန်လိုက်၏။
ဤအရာကြောင့်ပဲ နှစ်ယောက်သား အတော်လေး အံ့သြကျေနပ်သွားကြသည်။
အဆုံးမှာတော့, သူတို့က ဂိုဏ်းထဲ၌ ထူးချွန်သည့်ပါရမီရှင်များစွာမြင်ဖူးပြီး အများစုက မောက်မာကြ၏။
ဂျူနီယာမုန့်ကတော့ မမောက်မာပဲ ချည်းကပ်ရလည်းလွယ်ကူနေခဲ့သည်။
"ကျွန်တော်ခုလေးတင် တံခါးပိတ်ရာမှထွက်လာတော့ လက်ဖက်ရည်မပြင်ဆင်ထားလိုက်ရဘူး။ စီနီယာအကိုတို့ ခွင့်လွတ်ပေးပါ..."
ဤနှစ်ယောက်က ဝေချင်းကိုသိသော်လည်း နတ်ဆိုးလမ်းစဥ်သူလျိုဆိုတာတော့ သိသည့်ပုံမပေါ်ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ, ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
ဝေချင်း လက်ဝှေ့ယမ်းလိုက်သည်။
"ဒီလိုကိစ္စတွေက ကျင့်ကြံရေးလောကမှာ အရေးမပါပါဘူး။ ငါတို့အတွက်စိုးရိမ်ဖို့မလိုပါဘူး..."
"ကောင်းပြီလေ, စီနီယာအကိုတို့သုံးယောက် ဒီနေ့ဒီကို ဘာလာလုပ်တာလဲ သိလို့ရမလား..."
မုန့်ချန်ချင်း မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး, ဂျူနီယာမုန့်ကို မြင်ဖူးအောင်အောင်လာခဲ့တာ...."
ဝေချင်း အပြုံးနှင့်ပြောလိုက်သည်။
"အဆုံးမှာတော့, မင်းလိုပါရမီရှင်တပည့်တစ်ယောက်နဲ့ ဘယ်သူက မရင်းနှီးချင်မှာလဲ..."
"ငါ မြင်ပါတယ်..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
အပြုံးတစ်ခု သူ့စိတ်ထဲဖြတ်ပြေးသွား၏။
ဝိုး, ငါက ဘယ်လိုမိတ်ဆွေဖွဲ့ရမလဲ စဥ်းစားတုန်းရှိသေး, သူက အရင်ပြောလာတာပဲ...
ဒီလူက တကယ်တက်ကြွတာပဲ, ငါ့အတွေးနဲ့ အံကိုက်ပဲ...
အလုံအလောက်သာသန်မာလျှင် ကိုယ်တိုင်မိတ်ဆွေသွားဖွဲ့ဖို့မလိုပဲ တစ်ဖက်လူက လာရောက်မိတ်ဆွေဖွဲ့မည်ဖြစ်သည်။
"ငါလည်း မင်းတို့အားလုံးနဲ့ ရင်းနှီးဖို့ ဆန္ဒရှိပါတယ်..."
အသိပြန်ဝင်လာပြီးနောက် မုန့်ချန်ချင်း ပြောလိုက်သည်။
ဤအခြေအနေ၌ ဝေချင်းနှင့်မိတ်ဆွေဖွဲ့တာသာ အကျိုးရှိသော်လည်း အခြားနှစ်ယောက်၏ခံစားချက်ိကု လျစ်လျူရှု၍ မရပေ။
ထို့ပြင်, သူတို့ဆီမှရရှိသည့်စွမ်းရည်တွေကို ပယ်ဖျက်လို့ရတာပဲဖြစ်သည်။
"ဟ..ဟ..., အဲ့လိုဆို, ခုကစပြီး ငါတို့တွေ မိတ်ဆွေဖြစ်သွားပြီနော်...."
ဝေချင်း ချက်ချင်း သဘောတူလိုက်၏။
အခြားနှစ်ယောက်လည်း မျက်နှာ၌ ပျော်ရွင်သည့်အရိပ်အယောင်ပြသလာ၏။
ပါရမီရှင်တစ်ယောက်နှင့်မိတ်ဆွေဖြစ်ရတာ ကောင်းမွန်သည့်ကိစ္စပင်။ စကားနှင့်ဆိုလျှင်တောင်မှပေါ့။
ဒင်!
[ဝေချင်းကို မိတ်ဆွေအဖြစ် အောင်မြင်စွာပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- ကောင်းကင်တိမ်လွာနဂါးခြေလှမ်း (စဦးအဆင့်)]
[အပိုဆောင်းဆုလဒ်- စွမ်းရည်ရယူခြင်းကဒ် ၁ ကဒ်]
ဒင်!
[ဝမ်ရှန်လင်ကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- အဆင့် ၃ အမြစ်ရိုး]
ဒင်!
[ဟီနန်ကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- ခရမ်းနေဓားသိုင်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)]
စနစ်၏အသံ အဆက်မပြတ်ထွက်ပေါ်လာပြီး မုန့်ချန်ချင်း မနေနိုင်ပဲ သက်ပြင်းချလိုက်သည်။
သူက သူလိုချင်သည့်အရာကို မရခဲ့ပေ။
သူလည်း လိုချင်သည့်စွမ်းရည်ကို အကြိမ်တိုင်းရရအောင် အမြဲကံမကောင်းနိုင်ပေ။
သို့ပေမယ့် အပိုဆောင်းဆုလဒ်ရခဲ့၏။
စွမ်းရည်ရယူခြင်းကဒ်?...
ဒါဘာပစ္စည်းလဲ?...
ငါမသိရင် မေးရမှာပေါ့...
သူက တိုက်ရိုက်ပဲ စနစ်ကို မေးလိုက်သည်။
[စွမ်းရည်ရယူခြင်းကဒ်ဖြင့် မိတ်ဆွေတစ်ယောက်ဆီမှ ကိုယ်လိုချင်သည့်စွမ်းရည်ကို ရယူနိုင်သည်]
ဤအရာကိုကြားသည့်အခါ မုန့်ချန်ချင်းမျက်လုံးတွေ ပျော်ရွင်မှုကြောင့် တောက်ပသွား၏။
ဤအရာက အရှေ့ရပ်မှာဆုံးရှုံးသွားသည့်တစ်စုံတစ်ခုကို အနောက်ရပ်မှရရှိခဲ့ခြင်းဖြစ်သည်။
သူက လိုချင်သည့်စွမ်းရည်ကိုမရခဲ့သော်လည်း စွမ်းရည်ရယူခြင်းကဒ်ကို ရခဲ့သည်။
"စနစ်, မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ယူမယ်..."
တွေဝေမနေပဲ မုန့်ချန်ချင်း ပြောလိုက်သည်။
ဒင်!
[စွမ်းရည်ရယူခြင်းကဒ် ၁ ကဒ် သုံးဆွဲနေပါသည်]
[မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်) ရရှိပါပြီ]
ဤအသံကြားသည့်အခါ မုန့်ချန်ချင်း သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
လက်ရှိအခြေအနေက မသင့်တော်သေး၍ ချက်ချင်း မပေါင်းစပ်သေးပေ။
"ဂျူနီယာမုန့်က မကြာသေးခင်ကမှ စစ်မှန်တပည့်ဖြစ်တာ။ ပြီးတော့ တစ်လျောက်လုံးကျင့်ကြံနေတာဆိုတော့ စစ်မှန်တပည့်တွေရဲ့ အဆင့်အတန်းကို အများကြီးသိအုန်းမှာမဟုတ်ဘူး, ဟုတ်တယ်မလား..."
ဝေချင်း ပြောလိုက်သည်။
ယနေ့လာရသည့်ရည်ရွယ်ချက်မှာ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးပြီး ဆက်ဆံရေးနက်ရှိုင်းလာဖို့ပင်။
"ဟုတ်တယ်, အကိုဝေ ရှင်းပြပေးပါအုန်း..."
မုန့်ချန်ချင်း အတွေးတွေပြန်စုစည်းပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
အသစ်တစ်ယောက်အနေဖြင့် သူက တကယ်ပဲ ဤအရာနှင့်ပတ်သက်၍ သိပ်မသိသေးပေ။
အစကတော့ အပြင်ထွက်စုံစမ်းဖို့ပြင်ဆင်ထားပေမယ့် ဝေချင်းရောက်လာခြင်းက သူ့ကို အတော်လေး အားထုတ်မှုသက်သာသွားစေ၏။
'ဒီကောင်က တကယ်လူကောင်းတစ်ယောက်ပဲ။ သတ်ရမှာတောင် အားနာသလိုဖြစ်လာပြီ...'
'ထားလိုက်တော့, အနာဂတ်မှာ အလောင်းကို နက်နက်လေးမြုပ်ပေးလိုက်မယ်...'
'ကြည့်ရတာ ငါ့နှလုံးသားက အတော်လေကြင်နာနေဆဲပါ့လား...'
တကယ်တော့ မုန့်ချန်ချင်း သူကိုယ်တိုင်လှုပ်ရှားဖို့ မလိုပေ။ စွမ်းရည်ရပြီးမှတော့ ဂိုဏ်းကို အကြောင်းကြားလိုက်ရုံသာဖြစ်သည်။
သို့ပေမယ့် ပြဿနာတစ်ခုရှိ၏။
သူဘယ်လိုရှာတွေ့ခဲ့လဲ ရှင်းပြဖို့ မလွယ်တာပင်။
ဂိုဏ်းက နတ်ဆိုးလမ်းစဥ်နည်းစနစ်တွေကို စစ်ဆေးရာမှာ အလွန်စည်းကမ်းတင်းကြပ်တာ သိထားသင့်၏။
နှစ်တိုင်း တပည့်တွေက တောင်ထိပ်အသီးသီးမှ အကြီးအကဲတွေ၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းတွေကို ခံယူဖို့ လိုအပ်သည်။
နတ်ဆိုးလမ်းစဥ်နည်းစနစ်သဲလွန်စလေးတစ်ခုရသည်နှင့် နေရာတင်ချက်ချင်း ဖမ်းခံရမည်ဖြစ်သည်။
ဝေချင်း ဂိုဏ်းထဲမှာနှစ်ပေါင်းများစွာ ရောနှောနေလာနိုင်ရာ သေချာပေါက် နည်းလမ်းအချို့ရှိရမည်ပင်။
ဂိုဏ်းကသာရှာမတွေ့လျှင် မုန့်ချန်ချင်းကို ပြန်စွပ်စွဲနိုင်တာပဲဖြစ်သည်။
"ခဏနေအုန်း, ဒေါ်လေးက လျို့ဝှက်နည်းစနစ်တစ်ခုပေးလိုက်သေးတယ်လေ..."
"ကြာပန်းလက်ဝါးနတ်ဆိုးချိတ်ပိတ်ခြင်းနည်းစနစ်ဆိုလားပဲ..."
"အဲ့တုန်းက ဒေါ်လေး ဒီနည်းစနစ်သုံးပြီး နတ်ဆိုးလမ်းစဥ်ကျင့်ကြံရေးကို စစ်ဆေးခဲ့တာ..."
"ဒါပေမယ့် ဒီနည်းစနစ်လည်း အလုပ်မဖြစ်ရင်ကော? နောက်ဆုံးတော့, ငါတို့ဂိုဏ်းကလည်း အဓိကအင်အားစုတစ်ခုပဲလေ..."
"နတ်ဆိုးလမ်းစဥ်ကိုစစ်ဆေးတဲ့ လျို့ဝှက်နည်းစနစ်တွေ အများကြီးရှိမှာပဲ...."
တစ်ခဏအတွင်း မုန့်ချန်ချင်း အတွေးတွေ ယောက်ယက်ခတ်သွား၏။
'မေ့လိုက်တော့, ဒီကိစ္စနောက်မှပြောကြတာပေါ့....'
"ငါတို့ဂိုဏ်းမှာ စစ်မှန်တပည့် ၅၀၀ ရှိတယ်..."
"အဓိကတောင်ထိပ်ကို မရေတွက်ရင်, တောင်ထိပ်တစ်ခုချင်းစီမှာ အယောက် ၈၀ ရှိတယ်..."
ဝေချင်း စတင်ရှင်းပြလိုက်၏။
ဤအရာကိုကြားသည့်အခါ မုန့်ချန်ချင်းစိတ် အနည်းငယ်လှုပ်ရှားသွား၏။
အတွင်းစည်းတပည့် ၃၀၀၀၊ ၄၀၀၀ လောက်ရှိပေမယ့် စစ်မှန်တပည့်ကတော့ ၅၀၀ သာရှိနေခဲ့သည်။
အရေအတွက်ကွာခြားချက်က တကယ်ကိုကြီးမားလွန်း၏။
သိုပေမယ့် ထိုအရာက ပုံမှန်သာဖြစ်ပြီး နောက်ဆုံးမှာတော့ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ရောက်ဖို့က မလွယ်ပေ။
ထို့ပြင် စစ်မှန်တပည့်တွေအတွက် အသက်ကန့်သတ်ချက်လည်းရှိ၏။
လူတစ်ယောက်က အသက် ၃၅ ကျော်သည့်အခါ စစ်မှန်တပည့်အဆင့်အတန်း အလိုအလျောက် ရုတ်သိမ်းခံရမည်ဖြစ်သည်။
ဤအရာက ပုန်းကွယ်နဂါးမှတ်တမ်းနှင့် ဆက်စပ်နေပုံရပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှ တာအိုဖန်တီးခြင်းနယ်ပယ်အထိ လူငယ်ပါရမီရှင်များကို ရည်ညွှန်း၏။
ဝေချင်း ဆက်ရှင်းပြနေခဲ့သည်။
အကြောင်းအရာတိုင်းက မုန့်ချန်ချင်း၏ စစ်မှန်တပည့်အဆင့်အတန်းတွေအကြောင်းနားလည်မှုကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။
ဥပမာ, တောင်ထိပ်အသီးသီး၏ပါရမီရှင်တွေ၊ အစွမ်းထက်တပည့်တွေ၊ စစ်မှန်တပည့်တွေ၏ခွန်အားအဆင့်အတန်းတွေ၊ အစရှိသဖြင့်ပင်...
နာရီဝက်လောက်ကြာပြီးနောက်...
"အဲ့တာပဲ..."
ဝေချင်း အာခေါင်ခြောက်စွာဖြင့် ပြောလိုက်သည်။
သူက လက်ဖက်ရည်အချို့သောက်ချင်ပေမယ့် ရှေ့မှာ ဘာမှရှိမနေခဲ့ပေ။
ဆံထွေးသာမျိုချလိုက်ရပြီး ရေမဆာသလိုဟန်ဆောင်လိုက်သည်။
ဤမုန့်ချန်ချင်းနှင့် ရင်းနှီးချင်လို့သာမဟုတ်လျှင် ဤလောက်ထိ အားစိုက်ထုတ်နေမည်မဟုတ်ပေ။
"အကိုဝေရဲ့ ရှင်းပြချက်တွေက ငါ့ကိုတကယ် အမြင်ကျယ်စေတာပဲ..."
မုန့်ချန်ချင်း ပြောလိုက်သည်။
ဤအရာက အမှန်ဖြစ်၏။
သူက စစ်မှန်တပည့်တွေသန်မာတာ ခန့်မှန်းထားသော်လည်း ဝေချင်းစကားကြားပြီးနောက် လျော့တွက်မိတာ နားလည်လိုက်၏။
ထိုထိပ်တန်းအဆင့်ရှိသည့်လူတွေက တကယ်ကို အလွန်အမင်းသန်မာကြ၏။
သို့ပေမယ့် မုန့်ချန်ချင်း သူ့ကိုယ်သူလည်း လျော့မတွက်ပေ။
သူ၏အုတ်မြစ်က လုံးဝမသေးငယ်ပဲ စစ်မှန်တပည့်အများစုထက် ပိုသန်မာတာပဲဖြစ်သည်။
နောက်ပိုင်း မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ပေါင်းစပ်ပြီးနောက် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၌ ပိုလို့တောင်ယုံကြည်ချက်ရှိလာမည်ဖြစ်သည်။
"ဒါနဲ့စကားမစပ်, အကိုဝေ မင်းအများကြီးပြောသွားပေမယ့် အဓိကတောင်ထိပ်အကြောင်းကိုတော့ သိပ်ပြောမသွားဘူးနော်။ ဘာလို့လဲမသိဘူး...."
တစ်ခုခုကို စဥ်းစားမိသကဲ့သို့ မုန့်ချန်ချင်း မေးလိုက်သည်။
"အဓိကတောင်ထိပ်..."
ဝေချင်း မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
"အဓိကတောင်ထိပ်မျိုးဆက်တွေက အရမ်းထူးဆန်းပြီး ပုံမှန်ဆို တပည့်သစ်လက်မခံဘူး။ ဒါက ငါတို့ဂိုဏ်းသမိုင်းနဲ့ ဆက်စပ်နေသလိုပဲ..."
"ငါလည်း အရမ်းကြီးအတိအကျတော့ မသိဘူး..."
"အဲ့လိုလား..."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
သူတို့ဂိုဏ်းက ထျန်လင်းစီရင်စု၌ အဓိကအင်အားစုလေးခုထဲမှတစ်ခုဖြစ်သော်လည်း အခြားအင်အားစုသုံးခုဖြစ်သည့် ဘီလူးဝိညာဥ်ဂိုဏ်း၊ နေမီးတောက်တောင်ကြား၊ လေတိမ်မြို့တို့က လွန်ခဲ့သည့် နှစ် ၅၀၀ မှစ၍ တဖြည်းဖြည်း မြှင့်တက်လာခဲ့ခြင်းသည်။
ဆန့်ကျင်ဘက်အားဖြင့်, သူတို့ဂိုဏ်းမှာ ရှည်လျားသည့်သမိုင်းကျောင်းနှင့် နက်ရှိုင်းသည့်အုတ်မြစ်ရှိပုံပင်။