← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅)

ရွှေရောင်ဓားသန္ဓေသား၊ ကောင်းကင်မီးဖို

"ဂျူနီယာညီလေးမုန့်ရဲ့ လက်ရှိခွန်အားနဲ့ ထိပ်ဆုံး ၁၀၀ အတွင်းရောက်ဖို့က သေချာပေါက် ပြဿနာမရှိဘူး..."

"နောက်လအနည်းငယ်ကြာရင်, ထိပ်ဆုံး ၅၀ တောင် ဖြစ်လာနိုင်တယ်..."

"သွေးကြော ၇ခု သိုင်းပြိုင်ပွဲမှာ ထိပ်ဆုံး ၅၀ ဝင်တာနဲ့ ဆုလဒ်တွေက တန်ဖိုးကြီး အဆင့် ၃ အဆင့် ၄ အရင်းအမြစ်တွေကြီးပဲ..."

"ပြီးတော့ မင်းက ထိုက်ရွမ်ရတနာတိုက်ကိုလည်း ဝင်နိုင်လိမ့်မယ်...."

ဝေချင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"သွေးကြော ၇ ခုသိုင်းပြိုင်ပွဲ...."

မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို တစ်လကြာကျင့်ကြံပြီးနောက် သူက အရင်းအမြစ်တွေ၏အရေးပါမှုကို နက်နက်ရှိုင်းရှိုင်းနားလည်လာခဲ့သည်။

အမှန်တော့ ကောင်းကင်နှင့်မြေကြီးအနှစ်သာရကို စုပ်ယူ၍ရသော်လည်း ဖြစ်စဥ်က အတော်လေးနှေးကွေး၏။

၎င်းကို အရံအဖြစ်သာ အသုံးပြုနိုင်၏။

အလျှင်အမြန်တိုးတက်ဖို့ လူတစ်ယောက်က အဆင့်မြင့်အရင်းအမြစ်တွေလိုအပ်နေဆဲဖြစ်သည်။

ရှိနေသည့်အရင်းအမြစ်တွေသုံးကုန်သွားလျှင် သူက သွေးကြော ၇ ခုသိုင်းပြိုင်ပွဲကိုပဲ စောင့်ရတော့မည်ဖြစ်သည်။

ထို့နောက် သူတို့က အချိန်အတော်ကြာ စကားပြောခဲ့ကြ၏။

ဝေချင်း ထရပ်လိုက်၏။

"ငါတို့မှာအခြားကိစ္စရှိသေးလို့ ဂျူနီယာမုန့်ကို မနှောက်ယှက်တော့ဘူး။ အနာဂတ်မှာ ဂျူနီယာမုန့် မေးစရာရှိရင် အဝါရောင်တိမ်တိုက်တောင်မှာ ငါ့ကို လာရှာနိုင်တယ်..."

"ကောင်းပြီလေ, ဒါဆိုလည်း အချိန်ကျလာတဲ့အခါ စီနီယာအကိုတို့ ကျေးဇူးပြုပြီးတွေဝေမနေပါနဲ့...."

မုန့်ချန်ချင်း အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

"သဘာဝအတိုင်း ဂျူနီယာမုန့် ပိုများများဒုက္ခပေးဖို့ မျှော်လင့်နေပါတယ်..."

ဝေချင်း ချက်ချင်းပြောလိုက်သည်။

"ဒါနဲ့စကားမစပ်, ဒီစိတ်ဝိညာဥ်တောင်မှာ အစေခံတစ်ယောက်တောင်မရှိဘူးနော်။ မင်းရဲ့နေ့စဥ်ဘဝကို သက်ရောက်မှုရှိလို့လား..."

"ငါ့မှာ အရည်အသွေးကောင်းတဲ့အစေခံအချို့ရှိတယ်။ မင်းလိုအပ်ရင် ငါအနည်းငယ်ပို့ပေးနိုင်တယ်...."

"မလိုပါဘူး, ငါက တစ်ယောက်တည်းနေရတာ သဘောကျတယ်..."

မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်သည်။

ဤစကားက တစ်ဝက်မှန်ပြီး တစ်ဝက်မှားဖြစ်သည်။

အတိတ်၌ နယ်ပယ်နိမ့်ပြီး နေရာသေးသေးလေးမှာနေခဲ့ရ၍ တစ်ယောက်တည်းနေရတာက တကယ်ပဲ ပြသနာမရှိပေ။

သို့ပေမယ့် ယခုတော့ ကျင့်ကြံရေးနေရာက စိတ်ဝိညာဥ်တောင်ဖြစ်လာခဲ့သည်။

စောင့်ရှောက်ဖို့အစေခံမရှိလျှင် ဖုန်တက်ကုန်မည်ဖြစ်သည်။

တကယ်ကို မြင်မကောင်းပေ။

ထို့ပြင် ရုတ်တရက် တစ်စုံတစ်ယောက်လာသည့်အခါ ဧည့်ခံဖို့ လက်ဖက်ရည်တောင်မရှိပေ။

သိုပေမယ့် ကိုယ်တိုင်လေ့ကျင့်ပေးထားသည့်အစေခံတွေမှသာ စိတ်ချရမည်ဖြစ်ပြီး အခြားသူတွေဆီမှဟာတွေကိုတော့ မေ့ထားရမည်ဖြစ်သည်။

သူ့မှာသာနတ်ဆိုးလမ်းစဥ်အစေခံတွေရှိနေလျှင် စောင့်ကြည့်ခံနေရမည်ဖြစ်သည်။

ဝေချင်း၏ ယနေ့လာရောက်မှုက သေချာပေါက် ရိုးရှင်းသည့်ရည်ရွယ်ချက်နှင့်မဟုတ်ပေ။ ဘာလည်းဆိုတာတော့ သူ တစ်ခု၊နှစ်ခုတော့ ခန့်မှန်းမိ၏။

"ကောင်းပြီလေ..."

အနည်းငယ်စိတ်ပျက်မှုအရိပ်အယောင်အချို့ ဝေချင်းမျက်လုံးထဲဖြတ်ပြေးသွားပေမယ့် မျက်နှာ၌ အပြုံးတစ်ခုရှိနေဆဲဖြစ်သည်။

ထို့နောက် အခြားနှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

သုံးယောက်သား သူ့တို့ကိုယ်မှ ဓားအလင်းတန်းတွေထုတ်ပြီး ခြေထောက်အောက်ထားကာ တဖြည်းဖြည်း အဝေးကို ထွက်ခွာသွားခဲ့သည်။

"ကောင်းကင်မှာပျံသန်းတဲ့စွမ်းရည်..."

မုန့်ချန်ချင်း ဓားအလင်းတန်းတွေကို ကြည့်နေခဲ့သည်။

ဤအရာက မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း၏ ထူးခြားမှုတွေထဲမှ တစ်ခုဖြစ်၏။

ယေဘူယျပြောရလျှင် လူသားသိုင်းပညာရှင်တွေအတွက် ကောင်းကင်မှာပျံသန်းနိုင်ဖို့ အနည်းဆုံး တာအိုဖန်တီးခြင်းနယ်ပယ်ကို ရောက်ရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တာအိုဖန်တီးခြင်းနယ်ပယ်သိုင်းပညာရှင်၏ စစ်မှန်ချီက စစ်မှန်အနှစ်သာရအဖြစ်ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။

၎င်းမှာ ဒြပ်ဝတ္ထုကဲ့သို့ဖြစ်ပြီး လွမ်းမိုးနိုင်စွမ်းကြီးသည်။

သို့ပေမယ့် အချို့သိုင်းပညာတွေနှင့် နည်းစနစ်တွေက သိုင်းပညာရှင်တွေကို ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာ ပျံသန်းနိုင်အောင် လုပ်ပေးနိုင်၏။

မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းက ၎င်းတို့ထဲမှ တစ်ခုပင်။

"ကြည့်ရတာ ငါ အဲ့ဓားသိုင်းကို အနည်းဆုံး တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်ထိ လေ့ကျင့်ရမယ့်ပုံပဲ...'

မုန့်ချန်ချင်းပါးစပ် အနည်းငယ်တွန့်ကွေးသွား၏။

"တကယ်ကိုလူကောင်းတစ်ယောက်ပဲ..."

"မနက်စောစောစီးစီး ငါ့ဆီ သိုင်းပညာတွေ လာပို့သွားတယ်..."

သူက မနေနိုင်ပဲ စိတ်ထဲမှာ နောက်တစ်ကြိမ်ချီးကျူးလိုက်၏။

"အနာဂတ်မှာ ဒီလိုမိတ်ဆွေတွေ ပိုများများရှိလာဖို့ မျှော်လင့်တယ်..."

ဤအတွေးဖြင့် မုန့်ချန်ချင်း တစ်ဖက်လှည့်ကာ အဆောက်အဦးထဲပြန်လာခဲ့လိုက်သည်။

သူက စွမ်းရည်တွေကို ပေါင်းစပ်ရမည်ဖြစ်သည်။

ခြေချိတ်ထိုင်ပြီး အချက်အလက်ဇယားကို ဖွင့်လိုက်သည်။

[ပိုင်ရှင်- မုန့်ချန်ချင်း]

[....]

[မပေါင်းစပ်ရသေးသည့်စွမ်းရည်- မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း(တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ ကောင်းကင်တိမ်လွှာနဂါးခြေလှမ်း(စဦးအဆင့်)၊ အဆင့် ၃ အမြစ်ရိုး၊ ခရမ်းနေဓားသိုင်း(တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)]

[ကျန်ရှိသော အပိုဆောင်းဆုလဒ်- သိမ်မွေ့အဆင့် ကျွမ်းကျင်ကဒ် ၂ ကဒ်၊ မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် ၃ ကဒ်]

နောက်တစ်သုတ် ရိတ်သိမ်းမှုပင်။

မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်ပြီး မျက်လုံးတွေက တောက်ပနေခဲ့သည်။

"စနစ်, မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း ပေါင်းစပ်မယ်..."

ဒင်!

[ပေါင်းစပ်ခြင်းစတင်ပါပြီ]

ထိုစကားသံထွက်ပေါ်လာသည်နှင့် များပြားသည့်အချက်အလက်တွေ သူ့စိတ်ထဲ ပေါ်လာခဲ့သည်။

ထို့ပြင် ဒန်ထျန်ထဲ၌ ပြင်းထန်သည့်ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့သည်။

မရေမတွက်နိုင်သည့် ကောင်းကင်ရွှေရောင်ချီတွေထွက်ပေါ်လာပြီး အဆက်မပြတ်စုဝေးနေကာ ရွှေရောင်ဓားသန္ဓေသားတစ်ခုအဖြစ်ပြောင်းလဲနေ၏။

ဓားသန္ဓေသားမှာ လည်ပတ်နေပြီး ပုံရိပ်ယောင်မှ အလုံအထည်ပေါ်လာခဲ့သည်။

ထို့ပြင် အရွယ်အစားမှာလည်း တဖြည်းဖြည်း တိုးလာနေခဲ့သည်။

နောက်ဆုံး ကောင်းကင်ရွှေရောင်ချီမျှင် ထောင်ချီ ၎င်းကိုဝန်းရံနေပြီး လေဟာနယ်ကိုဖြတ်တောက်နိုင်သည့် ထက်ရှမှုတွေ ထုတ်လွတ်နေခဲ့သည်။

"ဒီတော့ ဒါက မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းလား..."

မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်သည်။

ယခင် စာအုပ်မှဖတ်စဥ်က ၎င်းမှာ အတော်လေးအစွမ်းထက်သည်ဟု ခံစားမိခဲ့သည်။

သို့ပေမယ့် အစစ်အမှန်ပိုင်ဆိုင်လိုက်မှသာ သူ လျော့တွက်မိပြီဆိုတာ နားလည်လိုက်သည်။

ဤကောင်းကင်ရွှေရောင်ချီတစ်မျှင်ချင်းစီက အစစ်အမှန်ဖြစ်ပြီး စစ်မှန်ချီမှ ပြောင်းလဲထားခြင်းမဟုတ်ပေ။

စစ်မှန်ချီက ၎င်း၏အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး နောင်တွင် ထိန်းချုပ်ခြင်းနှင့် အသက်သွင်းခြင်းအတွက်သာ အသုံးပြုမည်ဖြစ်သည်။

မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း အဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

စဦးအဆင့်- ဓားသန္ဓေသားကို သိပ်သည်းရသည့်အဆင့်ဖြစ်ပြီး ကောင်းကင်ရွှေရောင်ချီမျှင် တစ်ရာ ပျိုးထောင်ရမည်ဖြစ်သည်။

တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်ကတော့ ချီမျှင်တစ်ထောင်ဖြစ်၏။

ကျွမ်းကျင်အဆင့်၌ ချီမျှင်သုံးထောင် ဖြစ်သည်။

ပြီးပြည့်စုံခြင်းအဆင့်အတွက်တော့ ချီမျှင် တစ်သောင်းရှိပြီး ၎င်းကို ဓားတစ်သောင်းဠာနေပြန်ခြင်းဟုလည်း ခေါ်၏။

"ကောင်းကင်ရွှေရောင်ချီ..."

မုန့်ချန်ချင်းအတွေးတွေ အနည်းငယ်လှုပ်ရှားသွား၏။

ထိုအခါ ဒန်ထျန်ထဲရှိ ဓားသန္ဓေသား ချက်ချင်း စတင်လည်ပတ်လာခဲ့သည်။

ရွှေရောင်ဓားချီပေါက်ကွဲထွက်လာပြီး အရာရာကို ဝန်းရံလိုက်သည်။

ထို့နောက် ၎င်းတို့စုဆုံလိုက်သည့်အခါ ထွက်ပေါ်လာသည့်ထက်ရှမှုက မြေကြီး၊နံရံနှင့် အခြားနေရာတွေကို များပြားသည့်ဓားရာတွေဖြင့် ဖုံးလွမ်းသွားစေခဲ့သည်။

ဤပစ္စည်းတွေက အထူးသတ္တုတွေဖြစ်ပြီး အလွန်မာကျော၏။

သို့ပေမယ့် ဤအခိုက်အတန့်၌ ၎င်းတို့မှာ ဓားချီ၏ထက်ရှမှုကို မခုခံနိုင်ကြရာ ဤကောင်းကင်ရွှေရောင်ဓားချီ ဘယ်လောက်ကြောက်စရာကောင်းလဲ စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။

သိုင်းပညာနှင့်တွဲဖက်အသုံးပြုလျှင် စွမ်းအားက ပိုလို့တောင်ပြင်းထန်အုန်းမည်ဖြစ်သည်။

"ကောင်းကင်ရွှေရောင်ဓားချီ, ကမ္ဘာကြီးရဲ့အဆုံးစွန်ဆုံးစွမ်းအား..."

မုန့်ချန်ချင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ ဒြပ်စင်ငါးခုထဲ၌ သတ္တုမှာ ထက်ရှမှုကို ကိုယ်စားပြု၏။

ထို့ပြင် ကောင်းကင်ရွှေရောင်ချီမှာ အဆင့်မြင့်သတ္တုအမျိုးအစားဖြစ်သည်။

၎င်းကိုဓားချီအဖြစ်ပြောင်းတာက ထက်ရှမှုကို ပိုလို့တောင် တိုးလာစေမည်ဖြစ်သည်။

"စနစ်, မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၂ ကဒ် သုံးမယ်..."

တွေဝေမနေပဲ မုန့်ချန်ချင်း ပြောလိုက်သည်။

ကျွမ်းကျင်ကဒ်တွေကို ယနေ့အတွက် သိမ်းထားတာဖြစ်သည်။

ဒင်!

[မြေကမ္ဘာဆင့်ကျွမ်းကျင်ကဒ် ၂ ကဒ် အသုံးပြုနေပါသည်]

[မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့်ထိ အဆင့်မြင့်ပြီးပါပြီ]

စကားသံထွက်ပေါ်လာသည်နှင့် ပိုများသည့်အချက်အလက်တွေ တစ်ဟုန်ထိုးထွက်ပေါ်လာ၏။

ထို့ပြင် ရွှေရောင်ဓားသန္ဓေသားလည်း အကြီးအကျယ်ပြောင်းလဲလာခဲ့သည်။

၎င်း၏အရွယ်အစားမှာ မဆက်မပြတ်ကြီးထွားနေပြီး ချက်ချင်းပဲ ကောင်းကင်နှင့်မြေကြီး၏မီးဖိုတစ်ခုကဲ့သို့ဖြစ်လာခဲ့သည်။

မရေမတွက်နိုင်သည့် ကောင်းကင်ရွှေရောင်ဓားချီတွေ ပန်းထွက်လာပြီး ၎င်းတို့စုစည်းလိုက်သည့်အခါ ထွက်ပေါ်လာသည့်ထက်ရှမှုက ဒန်ထျန်ကိုတောင် အနည်းငယ် တုန်ခါသွားစေခဲ့သည်။

ကံကောင်းစွာဖြင့်, ၎င်းမှာ တုန်ခါရုံသာဖြစ်ပြီး အခြားမူမမှန်မှုတွေ မရှိပေ။

ဟူး...

မုန့်ချန်ချင်း မျက်လုံးဖွင့်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး၏အော်ရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

၎င်းမှာ နှစ်မရေမတွက်နိုင်အောင် ချိပ်ပိတ်ထားသည့် ဓားတစ်ချောင်း နောက်ဆုံးမှာ ချိုးဖျက်လာပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်တော့မလိုပင်။

သူ့မျက်လုံးအနက်ပိုင်းထဲ၌လည်း မရေမတွက်နိုင်သည့်ဓားအလင်းတန်းတွေ တောက်ပနေပြီး ပြင်းထန်သည့်ဖိအားတစ်ခုကို ထုတ်လွတ်နေခဲ့သည်။

"ဒီတော့, ဒါက ဓားသိုင်းရဲ့ပြီးပြည့်စုံခြင်းအဆင့်ပေါ့။ တကယ်ကို..."

မုန့်ချန်ချင်း ၎င်းကိုဖော်ပြဖို့ အချိန်ခဏ စကားရှာမရဖြစ်သွား၏။

သူ့ကိုယ်ထဲ၌ ဖိနှိပ်ထားသည့်ရှေးဟောင်းကြမ်းကြုတ်သားရဲတစ်ကောင်ရှိနေသည်ဟုသာ ခံစားရ၏။

အဖျက်စွမ်းအားအပြည့်ဖြစ်ပြီး ထွက်ပေါ်လာလျှင် စိတ်ကူးမကြည့်နိုင်ပေ။

"သိမ်မွေ့အဆင့် နဲ့ မြေကမ္ဘာအဆင့်၊ စကားလုံးတွေတစ်လုံးပဲ ကွာခြားတယ်ဆိုပေမယ့် ကမ္ဘာတစ်ခုခြားနားသလိုပါပဲလား..."

မုန့်ချန်ချင်း ယခုချိန်၌ သိုင်းပညာနှစ်ခုကြားရှိ ခြားနားမှုကို နားလည်သွားခဲ့သည်။

ကြည့်ရတာ မြေကမ္ဘာအဆင့်သိုင်းပညာတွေက ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ထိန်းချုပ်နိုင်ပြီး ခန္ဓာကိုယ်ထဲပေါင်းစပ်ကာ ကိုယ်ပိုင်အတွက်အသုံးပြုနိုင်ပုံရ၏။

သို့ပေမယ့် သိမ်မွေ့အဆင့်ကတော့ မဖြစ်နိုင်ပေ။

အများစုက စစ်မှန်ချီဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်များသာဖြစ်သည်။

"ဒါ့ပြင် ငါ့ရဲ့ကိုယ်ပိုင်ကျင့်ကြံရေးကိုသာအားကိုးနေရင် ဘယ်အချိန်မှ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်မလဲမသိဘူး..."

မုန့်ချန်ချင်း မနေနိုင်ပဲ ခေါင်းခါယမ်းလိုက်သည်။

နားလည်နိုင်စွမ်းအရ သူ့၌ ပြဿနာလုံးဝမရှိပေ။

အဓိကပြဿနာက အရင်းအမြစ်ပင်။

၎င်းမှာ ကောင်းကင်ရွှေရောင်ချီတစ်သောင်းဖြစ်၏။

ဝေချင်း တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်ရောက်ဖို့ သူ့ကြွယ်ဝမှုအားလုံးသုံးခဲ့ရသည်။

သူကတော့ မိတ်ဆွေဖွဲ့ဖို့သာလိုအပ်ပြီး ဒင် ဒင် ဒင် နှင့် ပြီးသွားခဲ့သည်။

ဤအရာကိုတွေးပြီး မုန့်ချန်ချင်းပါးစပ် အနည်းငယ်ကွေးတက်သွားခဲ့သည်။

အခန်း (၈၆)

ပုန်းကွယ်နဂါးစာရင်းနေရာပြန်ယူခြင်း

"နောက်တစ်ဆင့်က ကောင်းကင်တိမ်လွှာနဂါးခြေလှမ်းကို ပေါင်းစပ်ရမယ်...."

အတွေးတွေပြန်ရုတ်သိမ်းပြီး မုန့်ချန်ချင်း အချက်အလက်ဇယားကိုကြည့်လိုက်သည်။

၎င်းမှာ ခန္ဓာကိုယ်နည်းစနစ်ဖြစ်ပြီး အဆင့်ကိုတော့ သူမသိပေ။

နာမည်အရတော့ ဖြောင့်မှန်ဂိုဏ်းမှ ဖြစ်ရမည်ဖြစ်ပြီး နတ်ဆိုးလမ်းစဥ်မှ မဖြစ်နိုင်ပေ။

ဝေချင်း၌ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းအပြင် မြေကမ္ဘာဆင့်သိုင်းပညာတုံကင်လည်း ရှိပုံရ၏။

မြေကမ္ဘာအဆင့်တုံကင်တွေကို ဘယ်လိုရယူမလဲဆိုတာ သူက အစောပိုင်းမေးဖို့ မေ့သွားခဲ့၏။

သို့ပေမယ့် ဤကိစ္စတွေက သက်ဆိုင်ရာအကြီးအကဲတွေဆီမှ စုံစမ်းလို့ရပြီး လျို့ဝှက်ချက်မဟုတ်ပေ။

ဒင်!

[ပေါင်းစပ်ခြင်းစတင်ပါပြီ]

နောက်ထပ်များပြားသည့်အချက်အလက်တွေ စီးဝင်လာခဲ့သည်။

ခဏကြာပြီးနောက် အာလုံး စုပ်ယူပြီးသွားပြီဖြစ်သည်။

"တကယ်ကို မြေကမ္ဘာအဆင့်ခန္ဓာကိုယ်နည်းစနစ်ပဲ..."

မုန့်ချန်ချင်း မျက်လုံးတွေထဲ၌ ပျော်ရွင်မှုတွေ ပေါ်လာခဲ့သည်။

ကောင်းကင်တိမ်လွှာနဂါးခြေလှမ်းကျင့်ကြံဖို့ လူတစ်ယောက်က တိမ်မြူတွေပြည့်နှက်နေသည့်နေရာ၌ နှစ်ပေါင်းများစွာနေရ၏။

ထို့နောက် တိမ်ပင်လယ်၏ဝှေ့သီလိုက်လဲနေသော ခမ်းနားသည့်မြင်ကွင်းကိုခံစားကာ နဂါးတွေလှုပ်ရှားနေသကဲ့သို့ပုံဖော်ပြီး တိမ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူရမည်ဖြစ်သည်။

ကျင့်ကြံပြီးစီးသည့်အခါ ဤခန္ဓာသိုင်းပညာမှာ လွင့်မျှော်နေသည့်တိမ်တိုက်တွေကဲ့သို့ ခမ်းနားပြီး နဂါးတစ်ကောင်လှုပ်ရှားသကဲ့သို့ လျှင်မြန်ဖျတ်လတ်လှ၏။

မဟာနက်နဲခြင်ရွှေရောင်ဓားသိုင်းနှင့်ယှဥ်လျှင် ၎င်းမှာ နားလည်နိုင်စွမ်းကို ပိုအာရုံစိုက်ပြီး လိုအပ်သောအရင်းအမြစ်များမှာ အလွယ်တကူရနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သဘာဝတိမ်စွမ်းအင်မှာ နေရာတိုင်းမှာ တွေ့နိုင်သောကြောင့်ဖြစ်သည်။

သို့ပေမယ့် ဤအရာက ခန္ဓာနည်းစနစ်တစ်ခုဖြစ်ပြီး တိုက်ခိုက်ရေးနည်းစနစ်မဟုတ်ရာ ကျင့်ကြံရေးခက်ခဲမှုနိမ့်တာ သဘာဝပင်ဖြစ်သည်။

"ဒါနဲ့ဆို ငါ့ရဲ့ခန္ဓာနည်းစနစ်(လှုပ်ရှားမှုနည်းစနစ်) ကို အစားထိုးနိုင်ပြီ..."

မုန့်ချန်ချင်း တွေးလိုက်သည်။

သူ၏ကျင့်ကြံရေးနယ်ပယ်တိုးတက်လာသည်နှင့် အစောပိုင်းဓားခြေလှမ်းမှာ နောက်ထပ် မလုံလောက်တော့ပေ။

ဤကောင်းကင်တိမ်လွှာနဂါးခြေလှမ်းမှာ အချိန်ကိုက်ရောက်လာခြင်းဖြစ်သည်။

သို့ပေမယ့် နောင်တရစရာကောင်းသည်မှာ ဝေချင်းဟာ ဤနည်းစနစ်အား စဦးအဆင့်သာ လေ့ကျင့်ရသေး၏။

တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်တောင် မရောက်သေးပေ။

မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကျန်သေးသော်လည်း မုန့်ချန်ချင်း ဤအရာအပေါ်မှာ မသုံးချင်ပေ။

စဦးအဆင့်က ယခုအတွက်တော့ လုံလောက်ပြီဖြစ်သည်။

သူက အရင်ဆုံး လင်းလုံမဟာကြော့ကွင်းကောင်းကင် အပေါ် အာရုံစိုက်ရမည်ဖြစ်သည်။

ဤလျို့ဝှက်နည်းစနစ်၏ စွမ်းအားတိုးမြှင့်မှုက လျော့တွက်လို့မရပေ။ သူ၏ဝှက်ဖဲလို့တောင် ပြောနိုင်တာပဲဖြစ်သည်။

အုတ်မြစ်အလုံအလောက်ခိုင်မာလာသောကြောင့် သူက ထိုအရာအပေါ်မှာ အာရုံစိုက်သင့်၏။

"စနစ်, လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို အဆင့်မြှင့်မယ်..."

ဒင်!

[မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကဒ် အသုံးပြုနေပါပြီ]

ရင်းနှီးသည့်ခံစားချက်တစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာခဲသည်။

လင်လုံမဟာကြော့ကွင်းကောင်းကင် အဆင့် ၃ ထိ တိုးမြှင့်ပြီးသွားပြီဖြစ်သည်။

ဤအရာအရ သူ၏တိုက်ခိုက်ရေးစွမ်းအား သုံးဆအထိတိုးမြှင့်သွားပြီဟု ဆိုလိုနေခဲ့သည်။

"ငါ့လက်ရှိခွန်အားနဲ့ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာ ပြိုင်ဘက်ကင်းပြီ...."

မုန့်ချန်ချင်း ဖြည်းညင်းစွာ ထပ်ရပ်လိုက်သည်။

ယုံကြည်မှုရှိသည့်အလင်းတန်း သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့သည်။

ဤကဲ့သို့အုတ်မြစ်နှင့် တောင်ထိပ်အသီးသီးမှ ထိပ်တန်းပါရမီရှင်တွေမှလွဲ၍ မည်သူမှ သူ၏ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။

ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ်၊ လင်းလုံမဟာကြော့ကွင်းကောင်းကင်၊ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း၊ ကျောက်တုံးလူသားသွေးမျိုးဆက်၊ ဘုရင်ချပ်ဝတ် အစရှိသဖြင့်ပင်....

တစ်ခုချင်းစီက ထုတ်သုံးလိုက်လျှင် လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်၏။

အသက်ပြင်းပြင်းရူပြီး မုန့်ချန်ချင်း တည်ငြိမ်အောင်လုပ်လိုက်သည်။

လူတစ်ယောက်က မာနမကြီးသင့်သလို ကိုယ်ကိုယ့်ကိုလည်း လျော့မတွက်သင့်ပေ။

မိမိကိုယ်ကိုယ် နားလည်ခြင်းက အဓိကဖြစ်သည်။

လောကကြီးကကျယ်ပြောပြီး ပါရမီရှင်တွေနှင့်ပြည့်နှက်နေရာ သူရဲကောင်းတွေက နွားအမွေးမျှင်တွေကဲ့သို့ ပေါများလှ၏။

မိမိကိုယ်ကိုယ်သေချာနားလည်ထားမှသာ သိုင်းပညာခရီးလမ်းမှာ အဆုံးထိလျှောက်လမ်းနိုင်မှာဖြစ်သည်။

အတွေးတွေပြန်ရုတ်သိမ်းပြီး မုန့်ချန်ချင်း နောက်ဆုံးစွမ်းရည်နှစ်ခုကို ကြည့်လိုက်သည်။

၎င်းတို့က အရမ်းကြီးအသုံးမဝင်ရာ ရိုးရှင်းစွာပဲ ပယ်ဖျက်လိုက်၏။

သူကံက အနည်းငယ်ဆိုးနေ၍ မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကဒ်သာရလိုက်သည်။

ယခုချိန်၌ သုံးစရာမရှိ၍ သိမ်းထားလိုက်သည်။

ရရှိသည့်အရာတွေကိုစီစဥ်ပြီးနောက် မုန့်ချန်ချင်း နေအိမ်အပြင်ကိုထွက်လာခဲ့လိုက်သည်။

ထိုအခါ အကန့်အသတ်မရှိသည့်အပြာရောင်ကောင်ကင်၊ ယိမ်နွဲ့လှုပ်ရှားနေသည့် နောက်ရှိဝါးတောနှင့် စိတ်ဝိညာဥ်တောင်အပြင်ဘက်ရှိ လှုပ်ရှားနေသည့်တိမ်ပင်လယ်ကို မြင်လိုက်ရသည်။

....

မျက်စိတ်တစ်မှိတ်အတွင်း အချိန်တွေကုန်ဆုံးသွားပြီး နောက်ထပ် လဝက် ကုန်ဆုံးသွားခဲ့သည်။

ဤလဝက်အတွင်း အဓိကကိစ္စကြီးတွေ ဖြစ်ပွားခဲ့၏။

၎င်းတို့ထဲမှတစ်ခုက လျို့ဝှက်ဆန်းကြယ်သည့်ဂိုဏ်းချုပ် နောက်ဆုံးမှာ တံခါးပိတ်ရာမှ ထွက်လာခြင်းဖြစ်သည်။

နောက်ကိစ္စတစ်ခုက ဂိုဏ်းအကြီးပိုင်းလူတွေ ပုန်းကွယ်နဂါးမှတ်တမ်းနေရာတွေကို ပြန်ယူဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်သည်။

ထို့ကြောင့် ပိုသန်မာသည့်စစ်မှန်တပည့်တွေ ဂိုဏ်းမှ တာဝန်တွေ လက်ခံရရှိခဲ့၏။

မုန့်ချန်ချင်းလည်း အပါအဝင်ဖြစ်သည်။

"ဂိုဏ်းတာဝန်..."

နေအိမ်အောက်၌ခြေချိတ်ထိုင်နေရင်း မုန့်ချန်ချင်း သူ့ရှေ့မှာမျှောနေသည့် ကျောက်စိမ်းပြားကိုကြည့်ပြီး လက်ဆန့်ထုတ်ကာ ဆုပ်ကိုင်လိုက်၏။

ချက်ချင်းပဲ အိုမင်းသည့်အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။

"စစ်မှန်တပည့်မုန့်ချန်ချင်း, ပုန်းကွယ်နဂါးမှတ်တမ်းနေရာပြန်ရယူဖို့ တုန်းမင်ရေကန်က ရှုမိသားဆီသွားဖို့ ပြင်ဆင်ပါ..."

စကားသံပြီးသည်နှင့် ကျောက်စိမ်းပြား ကွဲကျေသွားကာ မြေပုံတစ်ခုသာ ကျန်ခဲ့၏။

"ဒါ ကိစ္စကြီးပဲ..."

မုန့်ချန်ချင်း မတ်တပ်ရပ်ပြီး လက်နှောက်ပစ်နေလိုက်သည်။

တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲက နီးကပ်လာပြီဖြစ်၍ သဘာဝအတိုင်း တပည့်တွေကို အထွတ်အထိပ်အခြေအနေမှာထားသင့်၏။

သို့ပေမယ့် ဂိုဏ်းက အပြင်ထွက်တိုက်ခိုက်ခိုင်းဖို့ ရွေးချယ်ခဲ့သည်။

ထိုအရာက သူ့အား မူမမှန်မှုကို ခံစားရစေသည်။

"ထားလိုက်တော့, အများကြီးမတွေးတော့ဘူး။ ဒါက အနားယူဖို့နဲ့ ပုန်းကွယ်နဂါးမှတ်တမ်းက ကျွမ်းကျင်သူတွေကို မြင်ရဖို့ အခွင့်ကောင်းပဲ...."

မုန့်ချန်ချင်းမျက်လုံးတွေ တိုက်ခိုက်လိုစိတ်တွေဖြင့် တောက်ပလာခဲ့သည်။

တစ်ယောက်တည်းဆက်လက်တံခါးပိတ်နေတာက အဓိပ္ပာယ်မရှိပေ။

သိုင်းပညာရှင်တွေက ယှဥ်ပြိုင်နေဖို့လိုအပ်ပြီး ရန်သူတွေကို အဆက်မပြတ်အနိုင်ယူကာ ပြိုင်ဘက်ကင်းအဟုန်ကို တဖြည်းဖြည်း သိပ်သည်းယူဖို့ လိုအပ်၏။

ထိုအခါမှသာ အစွမ်းထက်သိုင်းပညာရှင်တစ်ယောက်၏ နှလုံးသားမျိုး ပိုင်ဆိုင်မည်ဖြစ်သည်။

"ရှုမိသားစုရဲ့ ပုန်းကွယ်နဂါး..."

မုန့်ချန်ချင်း မြေပုံကို ကောက်ယူလိုက်သည်။

မြေပုံရှေ့ခြမ်း၌ လမ်းကြောင်းကိုပြသထားပြီး ကျောဘက်ခြမ်း၌ အချက်အလက်များစွာနှင့် ပုံတူပန်းချီရှိ၏။

ဂိုဏ်းသည် အလက်အချက်ပိုင်း၌ အတော်လေး ဂရုစိုက်ပေးထားသည်။

"စီနီယာအကိုမုန့်..."

ရုတ်တရက် ရင်းနှီးသည့်အသံတစ်ခု အပြင်ဘက်မှထွက်ပေါ်လာခဲ့သည်။

ထိုအရာက ရှီညီအကိုပင်။

မုန့်ချန်ချင်း ချက်ချင်းမြေပုံသိမ်းကာ လျှောက်ထွက်လာခဲ့သည်။

ထိုအခါ အပြင်၌ရပ်နေသည့် ညီအကိုနှစ်ယောက်ကို မြင်လိုက်ရ၏။

"လာလေ, ကိုယ့်အိမ်လိုသဘောထားပါ..."

မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"ကောင်းပါပြီ..."

ရှီယောင် ချက်ချင်း လျှောက်ဝင်လာခဲ့သည်။

"အကိုကြီးက ခေါင်းမာတယ်, ငါ့ကို အပြင်မှာပဲ ရပ်နေဖို့ အတင်းပြောနေတယ်..."

ရှီဂွမ်း အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။

ဤအရာက သူတို့၏လူအိုကြီးပြောလိုက်တာဖြစ်၍ နားထောင်ရမည်ဖြစ်သည်။

"စီနီယာအကိုမုန့်, မင်းလည်းဂိုဏ်းတာဝန် ရတယ်မလား..."

ရှီယောင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ့လက်ထဲ၌လည်း မြေပုံတစ်ခုကိုင်ထားခဲ့သည်။

"ဟုတ်တယ်...."

မုန့်ချန်ချင်းခေါင်းညိတ်ပြီး အိတ်ထဲမှ မြေပုံတစ်ခုထုတ်ယူလိုက်၏။

ယှဥ်ကြည့်လိုက်ရာ တာဝန်နေရာက တစ်ယောက်နှင့်တစ်ယောက် အရမ်းမဝေးပဲ မိုင်တစ်ရာလောက်သာခြား၏။

ရှီဂွမ်းဟာလည်း အတူတူပင်။

တိုက်ဆိုင်မှုလား, ဒါမှမဟုတ်....

သဘာဝအတိုင်း တာဝန်နေရာများစွာက တစ်နေရာထဲကျဖို့ ခက်ခဲသည်။

သို့ပေမယ့် မုန့်ချန်ချင်း အများကြီးမတွေးပေ။

"အပြင်ရောက်တဲ့အခါ, ဒီပစ္စည်းကိုသေချာသိမ်းထား, အခြားသူတွေကို လွယ်လွယ်မပြကြနဲ့..."

မုန့်ချန်ချင်း သတိပေးလိုက်သည်။

"အင်း..."

ရှီယောင် ခေါင်းညိတ်လိုက်၏။

သူတို့အပြင်ထွက်သည့်အခါ သူတို့၏လူအိုကြီးကလည်း ဤကဲ့သို့တူညီသည့်စကားမျိုးပြောခဲ့သည်။

"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၂..."

မုန့်ချန်ချင်း သူတို့အော်ရာကို ခံစားမိလိုက်၏။

ထိုအရာက သူ့ထက်အနည်းငယ်သာနှေး၏။

လဝက်ကျင့်ကြံပြီးနောက် သူ၏ကျင့်ကြံရေးက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ကိုရောက်ပြီး အဆင့် ၄ ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့၏။

သို့ပေမယ့် သူ့အတွက်တော့ အဆင့်သေးလေးတွေ ချိုးဖျက်ခြင်းက သိသိသာသာ အကျိုးမရှိပေ။

အဘယ်ကြောင့်ဆိုသော် စစ်မှန်ချီပမာဏအရ သူ့၌ အများကြီးရှိနေပြီဖြစ်သည်။

"စီနီယာအကိုမုန့် အတူတူသွားရအောင်..."

ရှီယောင် ပြောလိုက်သည်။

"ဒါပေါ့..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

ဦးတည်ချက်တူနေမှတော့ သူတို့က အတူတူသွားနိုင်ပြီး နောက်မှ လမ်းခွဲရမည်ဖြစ်သည်။

"ဂျူနီယာညီမုန့်..."

မုန့်ချန်ချင်း ညီအကိုနှစ်ယောက်နှင့်ထွက်ခွာတော့မည်အချိန်မှာပဲ ဓားအလင်းတန်းတစ်ခု အဝေးမှပျံသန်းလာပြီး စိတ်ဝိညာဥ်တောင်ထိပ်ပေါ်မှာ ဆင်းသက်လိုက်သည်။

ထိုအရာက ဝေချင်းပင်။

All Chapters