အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇)
ဝေချင်းအတွေးများနှင့် ပုန်းကွယ်နဂါးစာရင်း၏အရေးပါမှု
မုန့်ချန်ချင်းနောက်၌ တောင်အသေးစားနှစ်လုံးကဲ့သို့ ရှီညီအကိုကိုမြင်သည့်အခါ ဝေချင်းမျက်နှာပေါ်ရှိအပြုံးအေးခဲသွား၏။
အထူးသဖြင့်, သူတို့၏စူးစမ်းသည့်အကြည့် သူ့အပေါ် ဖြတ်ပြေးသွားချိန်တွင်ဖြစ်သည်။
အလွန်အမင်းဖိအားများလှသည်။
မနေနိုင်ပဲ လည်စလုတ်လှုပ်ရှားသွားကာ ဆံထွေးမျိုချမိလိုက်၏။
"စီနီယာအကိုဝေပဲ။ ဘာကိစ္စရှိလို့လဲမသိဘူး..."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဂိုဏ်းတာဝန်ကိစ္စပါ..."
"ဂျူနီယာမုန့်လည်းရတယ်မလား..."
ဝေချင်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်ပြီး တစ်ချိန်တည်းမှာပဲ သူ့လက်ထဲ၌ မြေပုံတစ်ခုပေါ်လာခဲ့သည်။
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။
စစ်မှန်တပည့်တွေကြား၌ ဝေချင်းခွန်အားက သာမန်အထက်မှာရှိသည်ဟု ယူဆနိုင်၏။
ယခင်သူပြောခဲ့တာအရ ထိပ်ဆုံး ၁၅၀ ပတ်လည်လောက်ရှိသည်ဖြစ်ရာ ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲ၌ ပါဝင်ရန် အရည်အချင်းပြည့်မှီသူဖြစ်သည်။
"အင်း..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။
"ငါကျီဟဲရှီးမြို့မြို့ကိုသွားရမှာ။ မင်းကော...."
"တစ်လမ်းတည်းဆို အတူတူသွားရအောင်လေ..."
ဝေချင်း ရိုးသားစွာပြောလိုက်သည်။
"တောင်းပန်ပါတယ် စီနီယာအကို, ဒါကလျို့ဝှက်ချက်ပါ။ ကျွန်တော့်ကို လျို့ဝှက်ထားဖို့ ညွှန်ကြားထားလို့ပါ..."
သူသွားမည့်နေရာကို ဘယ်လိုလုပ် နတ်ဆိုးလမ်းစဥ်သူလျိုတစ်ယောက်ကို ထုတ်ပြောနိုင်မည်နည်း။
ဝေချင်း လွန်ခဲ့သည့်လဝက်က ၂ကြိမ်၊ ၃ ကြိမ်ခန့် လာခဲ့၏။
အထူးသဖြင့် သူ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းလေ့ကျင့်ပြီးသည့်နောက်ဖြစ်သည်။
သူက(ဝေချင်း) မတူးဖော်ရသေးသည့်ရွှေမိုင်းတွင်းအကြောင်းပြောဖို့ အတော်လေး စိတ်အားထက်သန်နေခဲ့ပြီး ထိုအရာကို မုန့်ချန်ချင်းနှင့် ဝေမျှဖို့ဆန္ဒရှိနေ၏။
သို့ပေမယ့် ရွှေရောင်ချီကိုစုပ်ယူဖို့က ထိုနေရာကို လူကိုယ်တိုင်သွားဖို့လိုအပ်သည်ဟု ဆိုသည်။
မုန့်ချန်ချင်း နေရာကိုကြည့်လိုက်တော့ နေရာက ဂိုဏ်းနယ်မြေနှင့် အတော်လေးဝေး၏။
သိသာစွာပင် ဝေချင်း၌မကောင်းသည့် ရည်ရွယ်ချက်ရှိနေခဲ့သည်။
ထိုကောင်က သူ့ကိုသွေးဆောင်ပြီး ဂိုဏ်းအပြင်ရောက်လျှင် ချုံခိုတိုက်ခိုက်မည်ဖြစ်သည်။
ထို့ကြောင့် မုန့်ချန်ချင်း ငြင်းဆန်ခဲ့၏။
သူက ထိုအချိန်က ဝေချင်းအမူအရာကို မှတ်မိသေး၏။
လုံးဝအံ့အားသင့်နေပြီး ငြင်းခံရဖို့ မမျှော်လင့်ထားသလိုပင်။
အဆုံးမှာတော့ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းလေ့ကျင့်ဖို့ လိုအပ်သည့် ရွှေချီပမာဏက အရမ်းများတာပဲဖြစ်သည်။
မည်သူမှ ထိုအရာကို ငြင်းဆန်မည်မဟုတ်ပေ။
ဝေချင်းသာ သာမန်တပည့်တစ်ယောက်ဆိုလျှင် မုန့်ချန်ချင်း စဥ်းစားပေးမည်ဖြစ်သည်။
သူကိုယ်တိုင်အတွက်မလိုအပ်လျှင်တောင် အခြားအရင်းအမြစ်တွေနှင့် လဲလှယ်လို့ရတာပဲဖြစ်သည်။
သို့ပေမယ့် ဝေချင်းက ပုံမှန်မဟုတ်ပေ။
ထိုကောင်က အချိန်တိုင်း ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်တွေနှင့် ရောက်လာခဲ့သည်။
"ကောင်းပြီလေ..."
ဝေချင်း ကို့ရို့ကားယား ခေါင်းညိတ်လိုက်၏။
သူက မုန့်ချန်ချင်းပြောသည့်လျို့ဝှက်ထားရမည်ကို မယုံပေ။
ဘာများလျို့ဝှက်စရာရှိသနည်း။
သို့ပေမယ့် မုန့်ချန်ချင်းက ပြောနေမှတော့ သူ၌ ရွေးချယ်စရာမရှိတော့ပေ။
"ဒါဆို ငါသွားအုန်းမယ်။ ဂျူနီယာညီလေးမုန့် အနိုင်ရဖို့ မျှော်လင့်ပါတယ်..."
ဝေချင်း အနည်းငယ်အရိုအသေပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
သို့ပေမယ့် တစ်ဖက်လှည့်လာသည်နှင့် သူ့မျက်နှာက အလွန်အမင်း အေးစက်သွား၏။
"တော်တော်စိတ်ပျက်စရာကောင်းတဲ့ကောင်ပဲ...."
ရှီယောင် ဝေချင်းထွက်ခွာသွားပြီးနောက် ပြောလိုက်သည်။
"အို?..."
မုန့်ချန်ချင်း အနည်းငယ် အံ့အားသင့်သွား၏။
"ပြောပါအုန်း, ဘယ်လိုစိတ်ပျက်ဖို့ကောင်းတာလဲ..."
"မသိဘူး, ကျွန်တော့်အလိုလိုသိစိတ်က ပြောနေတာ..."
ရှီယောင် ခေါင်းကုတ်လိုက်သည်။
"မင်းရဲ့အလိုလိုသိစိတ်က မှန်တယ်။ မင်း သူ့ကိုအပြင်မှာတွေ့ရင် သတိထားမယ်, ကြားလား..."
မုန့်ချန်ချင်း သူ၏ကြီးမားသည့်လက်မောင်းကို ပုတ်လိုက်သည်။
"အဲ့အချိန်ကျရင် ငါ အဲ့ကောင်ကို သတ်ပစ်လိုက်မယ်..."
ရှီယောင် ပြုံးဖြဲဖြဲလုပ်ပြီး ရက်စက်မှုကို ပြသလိုက်၏။
"ကောင်းပြီ, သွားစို့။ ဒီကမ္ဘာကြီးရဲ့ သူရဲကောင်းတွေကို သွားတွေ့ရအောင်..."
မုန့်ချန်ချင်း ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှ ဓားအော်ရာသုံးခု ပေါက်ကွဲထွက်လာခဲ့သည်။
မုန့်ချန်ချင်း ထွက်ခွာသွားပြီးနောက် စိတ်ဝိညာဥ်တောင်ထိပ်၌ နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ကုန်းလင်ရွယ်ပင်။
သူမအသားအရေက နှင်းကဲ့သို့ဖြူဖွေးပြီး အစိမ်းရောင်ဆံပင်ရှည်က ရေတံခွန်ကဲ့သို့ ဖြာကျနေခဲ့သည်။
လရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ၎င်းမှာ သူမ၏လှပသည့်ခန္ဓာကိုယ်ကို မဖုံးကွယ်နိုင်ပေ။
"ဂျူနီယာမောင်လေးမုန့်..."
ကုန်းလင်းရွယ် အပြင်ဘက်မှနေ၍ လှမ်းခေါ်လိုက်၏။
သူမက မကြာသေးခင်ကမှ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်ပြီး အုတ်မြစ်ခိုင်မာအောင်လုပ်ကာ ထွက်လာခဲ့တာဖြစ်သည်။
တစ်ချိန်မှာပဲ မုန့်ချန်ချင်းနှင့်နှီးသည့် စိတ်ဝိညာဥ်တောင်တစ်ခု သူမဆရာဆီမှတောင်းဖို့ဖြစ်သည်။
သို့ပေမယ့် ဂျူနီယာမောင်လေးမုန့်က ရှိပုံမရပေ။
"မရှိဘူးလား?..."
ကုန်းလင်းရွယ် အနည်းငယ် စိတ်ပျက်သွား၏။
လျို့ဝှက်နယ်မြေပိတ်သည့်နေ့က သူမလည်း ရင်ပြင်မှာရှိနေခဲ့သည်။
သို့ပေမယ့် သူမနေရာက မုန့်ချန်ချင်းနှင့် အတော်လေးဝေး၏။
ထို့ပြင် ပတ်ဝန်းကျင်မှဆွေးနွေးသံတွေကလည်း သူမကို အံ့အားသင့်သွားစေခဲ့သည်။
အဆုံးမှာတော့ ထိုအရာက သွေးမျိုးဆက်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်၏။
ပါရမီရှင်အဆင့်တိုက်ပွဲစွမ်းအားကသာ ၎င်းကို အနိုင်ရနိုင်၏။
ဂျူနီယာမောင်လေးမုန့် ဤလောက်ထိ ကြီးထွားလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူမ တကယ်ပဲ သူ့အတွက်ဝမ်းသာ၏။
သို့ပေမယ့် လူတိုင်းငေးကြည့်ပြီး တောက်ပနေသည့်မုန့်ချန်ချင်းကိုကြည့်ပြီး သူမစိတ်ထဲ ရှင်းမပြမရသည့် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ထိုးအရာက ဂျူနီယာမောင်လေးမုန့်၏တိုးတက်မှုက မြန်လွန်း၍ သူမလိုက်မမှီနိုင်တော့ဟု ခံစားမိသောကြာင့်ဖြစ်သည်။
ထို့ကြောင့် ပြန်ရောက်သည့်အခါ ကျင့်ကြံရေးကိုစိတ်နှစ်ထားပြီး များစွာသောအဖိုးတန်ဆေးလုံးတွေဖြင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ချိုးဖျက်ခဲ့တာဖြစ်သည်။
အဆင့်ချိုးဖျက်ပြီးနောက် သူမက စကားပြောဖို့လာခဲ့ပေမယ့် သူကတော့ မရှိတော့ပေ။
ထိုအချိန် ခြေလှမ်းသံတွေ သူမနောက်မှ ထွက်ပေါ်လာခဲ့သည်။
ကုန်းလင်းရွယ် လှည့်ကြည့်လိုက်ရာ အစိမ်းဝတ်မိန်ကလေးတစ်ယောက် စိတ်ဝိညာဥ်တောင်ပေါ် တက်လာတာ မြင်လိုက်၏။
"ဟိုင်း, ကျွန်မက ပိုင်စုရှီပါ, စီနီယာအကိုမုန့် ရှိလားမသိဘူး..."
....
သုံးရက်ကြာပြီးနောက်...
ဘုန်း!
ကြီးမားသည့်ပုံရိပ်နှစ်ခု ကောင်းကင်ပေါ်မှပြုတ်ကျလာပြီး မြေကြီးတုန်ခါသွားကာ ဖုန်မှုန့်တွေ တထောင်းထောင်းထသွား၏။
"အကိုမုန့်, ဒီမှာပဲလမ်းခွဲကြတာပေါ့..."
ရှီဂွမ်း ကောင်းကင်ထက်ရှိပုံရိပ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ကောင်းပြီလေ..."
မုန့်ချန်ချင်း ကြီးမားသည့်ဓားချီပေါ်မှာရပ်နေပြီး အနည်းငယ်ခေါင်းညိတ်လိုက်သည်။
လူတစ်ယောက်က ဓားချီအကူအညီဖြင့် လေထဲမှာ ပျံသန်းနိုင်သော်လည်း စစ်မှန်ချီက စစ်မှန်အနှစ်သာရလောက် မကောင်းရာ ကုန်ဆုံးမှုကြီးမား၏။
ဤကဲ့သို့ အချိန်အကြာကြီးပျံသန်းဖို့က မဖြစ်နိုင်ပေ။
သို့ပေမယ့် သူ၏ပေါကြွယ်ဝသည့်ချီနှင့် သူကိုယ်သူသာမက အကောင်းကြီးကြီးနှစ်ကောင်ကိုပါ ခေါ်ဆောင်လာခဲ့သည်။
ဒါပေါ့, ဤသုံးရက်အတွင်း အနားယူခဲ့ရသည့် အချိန်တွေလည်း ရှိခဲ့သေး၏။
ဤနေရာမှာ လမ်းခွဲကာ ရှေ့ဆက်၍ ကိုယ့်လမ်းကိုသွားကြရတော့မည်ဖြစ်သည်။
"ဂျူနီယာညီလေးတို့, ပုန်းကွယ်နဂါးစာရင်းကို အောင်အောင်မြင်မြင်တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..."
မုန့်ချန်ချင်း အပြုံးနှင့် ပြောလိုက်သည်။
"အကိုမုန့်ကောပဲ..."
နှစ်ယောက်သားခေါင်းညိတ်လိုက်သည်။
ထို့နောက် အကြည့်ပြန်ရုတ်ပြီး မုန့်ချန်ချင်း ရှေ့ကို ပျံသန်းထွက်ခွာသွားခဲ့သည်။
"ငါတို့လည်း အဲ့လို ဘယ်အချိန်မှ ပျံသန်းနိုင်မလဲမသိဘူး..."
ရှီယောင် လက်ပွတ်သပ်ရင်း အတော်လေးမနာလိုစွာဖြင့် မေးလိုက်သည်။
"ဆရာပြောတာတော့ တာအိုဖန်တီးခြင်းနယ်ပယ်ရောက်မှတဲ့..."
ရှီဂွမ်း ပြန်ဖြေလိုက်သည်။
"အဝေးကြီးလိုသေးတာပဲ..."
ရှီယောင် သူ့လက်ချောင်းတွေနှင့် ရေတွက်လိုက်၏။
ကောင်းကင်၌ပျံသန်းကတည်းက သူက လောကကြီးအား အပေါ်စီးမှကြည့်ရသည့်ခံစားချက်ကို နှစ်သက်လာခဲ့သည်။
အထူးသဖြင့် ခုန်ချလိုက်သည့်အခါ ဖြစ်ပေါ်လာသည့် တုန်ခါမှုပင်။
"ကောင်းပြီ, သွားစို့..."
ရှီဂွမ်း တစ်ဖက်လှည့်ပြီး ညာဖက်ကို ဦးတည်သွားလိုက်သည်။
ညီအကိုနှစ်ယောက်လည်း စတင်လမ်းခွဲသွားကြတော့၏။
.....
ဓားအလင်းတန်းတစ်ခု ကောင်းကင်တစ်လျှောက်ထိုးခွဲပြီး တောင်တန်းများစွာကိုဖြတ်သန်းနေကာ နောက်ခံအလင်းတန်းသာ ချန်ထားခဲ့၏။
မုန့်ချန်ချင်း ထိုအပေါ်၌ ခြေချိတ်ထိုင်နေပြီး မြေပုံကို ဂရိုစိုက်ကြည့်ရှုနေခဲ့သည်။
စီရင်စုတစ်ခုစီ၌ ပုန်းကွယ်နဂါးစာရင်း တစ်ရာသာရှိပြီး အဆင့် ၂ ဆင့် ခွဲခြားထား၏။
ထိပ်ဆုံး ၃၀ မှာ တာအိုဖန်တီခြင်းနယ်ပယ်တွေဖြစ်ပြီး ကျန် ၇၀ က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွေဖြစ်ကြသည်။
အသက်ကန့်သတ်ချက်ကတော့ ၃၅ ဖြစ်၏။
ပုန်းကွယ်နဂါးစာရင်းကို ခြေရာခံလျှင်တော့ ဆန်းကြယ်သည့်ဗဟိုစီရင်စုကဟု ပြောရမည်ဖြစ်သည်။
ဒဏ္ဍာရီတွေအရ လွန်ခဲ့သောနှစ်ထောင်ချီက ကျင့်ကြံရေးလောက၏စည်းမျဥ်းတွေနှင့် အရင်းအမြစ်ခွဲဝေခြင်းတွေကို သေချာစေဖို့အလို့ငှာ....
ဗဟိုစီရင်စု၏ အထွတ်အမြတ်နယ်မြေက တင်းကြပ်သည့်ဂိုဏ်းအဆင့် ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့သည်။
အထက်တန်းလွှာမိသားစုတွေနှင့် တော်ဝင်မိသားစုတွေလည်း အပါအဝင်ဖြစ်သည်။
အင်အားစုတိုင်း၏ အဆင့်အတန့်နှင့် အရင်းအမြစ်ရရှိခြင်းက ဤဖွဲ့စည်းပုံကို တင်းတင်းကြပ်ကြပ် လိုက်နာရ၏။
မည်သူမှ ဆန့်ကျင်လို့မရပေ။
ပုန်းကွယ်နဂါးစာရင်း၊ မြေကမ္ဘာစာရင်း၊ ကောင်းကင်စာရင်း စသည်တို့မှာ စံသတ်မှတ်ချက်တွေဖြစ်ကြသည်။
ပုန်းကွယ်နဂါးစာရင်းက အင်အားစုတစ်ခု၏ အနာဂတ်အလားအလာကိုကိုယ်စားပြုပြီး မြေကမ္ဘာစာရင်းနှင့် ကောင်းကင်စာရင်းကတော့ လက်ရှိခွန်အားကို ကိုယ်စားပြု၏။
နှစ်ခုလုံးသာ အဆင့်ကောင်းလျှင် ထိုအင်အားစုက အလုံအလောက်သန်မာပြီး ဤနယ်မြေကိုအုပ်ချုပ်ဖို့ အရည်အချင်းပြည့်မှီတာပဲဖြစ်သည်။
မဟုတ်လျှင် နယ်မြေကို ပိုသန်မာသည့်အိမ်နီးချင်းအင်အားစုသို့ လွဲပြောင်းပေးရခြင်း ဒါမှမဟုတ် တရားဝင်တောင် ဖျက်သိမ်းပေးရမည်ဖြစ်သည်။
ယခင်က ထိုက်ရွမ်ဂိုဏ်းမှာ ပုန်းကွယ်နဂါးစာရင်း၌ တပည့် ၂၅ ယောက်ရှိပြီး စာရင်း၏ လေးပုံတစ်ပုံဖြစ်၏။
သို့ပေမယ့် တစ်ခါတည်းနှင့် ၆ နေရာဆုံးရှုံးခြင်းက ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည်။
ထို့ကြောင့် သူတို့က ပြန်ယူရမည်ဖြစ်သည်။
မဟုတ်လျှင် ၎င်းမှာ ဂိုဏ်း၏အလုံးစုံအခြေအနေကို သက်ရောက်လာမည်ဖြစ်သည်။
အခန်း (၈၈)
ပထမအဆင့်ဂိုဏ်း၊ ရှုမိသားစုနှင့် ကျန်းယွဲ့အဆောက်အဦး
"တုန်းမင်ရေကန်ရဲ့ ရှုမိသားစု..."
မုန့်ချန်ချင်း မြေပုံကို သိမ်းလိုက်သည်။
တုန်းမင်ရေကန်မှာ ထိုက်ရွမ်းဂိုဏ်းနှင့် နေမီးတောက်တောင်ကြား ကြားရှိ နယ်နိမိတ်မျဥ်းပေါ်မှာတည်ရှိ၏။
ရှုမိသားစုမှာ နေမီးတောက်တောင်ကြား၏ လက်အောက်ခံမိသားစုတစ်ခုဖြစ်ပြီး လူငယ်မျိုးဆက်အဖွဲ့ဝင်များမှာ နေမီးတောက်တောင်ကြားကို ဝင်ရောက်လေ့ရှိကြသ်။
ရှုမိသားစု၏ လက်ရှိအကြီးဆုံးသားနာမည်မှာ ရှုယို့ဖြစ်သည်။
အဆင့် ၂ အမြစ်ရိုး၊ သာလွန်အဆင့်နားလည်နိုင်စွမ်းနှင့် နေမီးတောက်တောင်ကြား၏ စစ်မှန်တပည့်ဖြစ်သည်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၇ ဖြစ်ပြီး နေမီးတောက်တောင်ကြား၏ အထူးမြေကမ္ဘာစဦးအဆင့်နည်းစနစ်ဖြစ်သည့် ကြမ်းကြုတ်ယန်စကြဝဠာလက်ဝါးကိုလည်း လေ့ကျင့်ထား၏။
ပြောကြတာတော့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ထားပြီဟူ၍ပင်။
သူက မကြာသေးခင် ထိုက်ရွမ်ဂိုဏ်း၏ပုန်းကွယ်နဂါးစာရင်း နေရာတွေ ယူသွားသည့်လူတွေထဲမှ တစ်ယောက်ဖြစ်၏။
လက်ရှိ အဆင့် ၈၉ ဖြစ်သည်။
"ဒီပြိုင်ဘက်က နည်းနည်းအားနည်းပုံပဲ။ ဒါပေမယ့် အားနည်းတဲ့ပြိုင်ဘက်ကို အခွင့်ကောင်းယူရတာလည်း မဆိုးပါဘူး..."
မုန့်ချန်ချင်းနှုတ်ခမ်း အနည်းငယ် တွန့်ကွေးသွား၏။
တစ်ချိန်တည်းမှာပဲ အခြားကိစ္စတစ်ခုကို အမှတ်ရသွားသည်။
သူ ရှီညီအကိုအတူနှင့်လာချိန်က ခရမ်းမြူတောင်ထိပ်၏တောင်ထိပ်သခင်ဟောင်း သူတို့အား တိုက်ရိုက်တပည့်တွေအဖြစ် လက်ခံလိုက်တာကို သိခဲ့ရသည်။
"ငါ့ကျ ဘာလို့ တစ်ယောက်မှ မလိုချင်ကြတာလဲမသိဘူး..."
မုန့်ချန်ချင်း မျက်ခုံးတွေကို လက်ဖြင့် အသာအယာဖိလိုက်သည်။
သူက တစ်စုံတစ်ယောက်၏တပည့်ဖြစ်ချင်နေ၍တော့ မဟုတ်ပေ။
စနစ်ရှိနေမှတော့ မိတ်ဆွေဖွဲ့တာက အကောင်းဆုံးဖြစ်ပြီး တပည့်ဖြစ်လာဖို့ မလိုပေ။
ဤဖြစ်စဥ်ဟာ အနည်းငယ်ပုံမှန်မဟုတ်ဘူးဟု ခံစားမိရုံသာဖြစ်သည်။
အဆုံးမှာတော့ သူပြသခဲ့သည့်အလားအလာက ရှီညီအကိုထက်မနိမ့်ပေ။
"ထားလိုက်တော့, အများကြီးတွေးနေလို့ အသုံးမဝင်ဘူး..."
မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါယမ်းပြီး အရှိန်တင်လိုက်သည်။
....
တုန်းမင်ရေကန်....
အချင်းမိုင်တစ်ရာလောက်ကျယ်ဝန်းသည့် ရေကန်တစ်ခုဖြစ်ပြီး တောင်အထပ်ထပ်ဝန်းရံထားကာ သဘာဝအတားအဆီးတစ်ခုကဲ့သို့ပင်။
ကန်ထဲ၌ ကျွန်းစုအကြီးအသေးများစွာရှိပြီး ကြွေကြနေသည့်ကြယ်စင်စုများ သို့မဟုတ် ကျောက်စိမ်းပြားပေါ်ရှိ ပုလဲလုံးတွေနှင့် ယှဥ်တူ၏။
မြင်ကွင်းက အတော်လေး လှပလှသည်။
ရှုမိသားစုက တုန်မင်ရေကန်၏အလယ်ဗဟို၌တည်ရှိပြီး ကျွန်စုတွေ အပေါများဆုံးနေရာဖြစ်သည်။
တစ်ချိန်တည်းမှာပဲ များစွာသောတန်ဖိုးကြီးလှေကြီးတွေ ရွက်လွင့်နေကြ၏။
ထိုက်ရွမ်ဂိုဏ်း၏ ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲ အဖွင့်စာမှာ လောကကြီးကို အချိန်အတော်ကြာကတည်းက ကြေညာထားပြီးဖြစ်သည်။
ထို့ပြင် လူများစွာလည်းလာရောက်ကြပြီး ပုန်းကွယ်နဂါးစာရင်းရှိ လူငယ်ပါရမီရှင်တွေ၏ခွန်အားကို မြင်ချင်ကြ၏။
ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲစတင်သည့်အခါ စာရင်းရှိတပည့်တွေက သူတို့ရှိနေသည့်နေရာ၌သာနေရပြီး အချိန်ခဏအတွင်း ထွက်ခွာ၍မရပေ။
ဤအရာက အဓိကအင်အားစုကြီးလေးခုမှ ချမှတ်ထားသည့် စည်းမျဥ်းဖြစ်သည်။
ဒါပေါ့, ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲမှာ ကြီးကျယ်သည့်တိုက်ပွဲကြီးဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း၏တိုက်ပွဲမဟုတ်ပေ။
ထို့ပြင် ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲကို စိတ်ရှိသလို ဖွင့်လှစ်လို့ မရပေ။
၎င်းမှာ အခြေအနေများစွာ လိုအပ်၏။
ရှုမိသားစုနယ်မြေ၌ ကျွန်းစုပေါင်း ၃၉ ခုရှိပြီး လူတွေနှင့် ပြည့်နှက်နေခဲ့သည်။
သူတို့၏ကိုယ်ပိုင်ကလန်အဖွဲ့တွေလည်းရှိပေမယ့် အပြင်လူတွေက ပိုများ၏။
အားလုံးက ထိုက်ရွမ်ဂိုဏ်းတပည့်လာပြီး စိန်ခေါ်မှာကို စောင့်နေကြတာဖြစ်သည်။
"ထိုက်ရွမ်ဂိုဏ်းက တကယ်ကို အငြိုးကြီးတာပဲ။ လွန်ခဲ့တဲ့တစ်လကမှ ၆ နေရာကိုဆုံးရှုံးခဲ့တာကို ချက်ချင် ပြန်လက်စားချေလာတယ်..."
တစ်စုံတစ်ယောက် ပြောလိုက်သည်။
"ဟုတ်တယ်, ပုံမှန်ဆို ၂ နှစ် ၃ နှစ်လောက်တိတ်ဆိတ်နေပြီးမှ လှုပ်ရှားသင့်တာ..."
နောက်တစ်ယောက် ပြန်ပြောလိုက်၏။
"မင်းတို့ကောင်တွေ နောက်ဆုံးသတင်းကြားပြီးကြပြီလား..."
"ဘာသတင်းလဲ? မြန်မြန်ပြောစမ်းပါ..."
လူတိုင်း ချက်ချင်း အာရုံစိုက်လိုက်ကြသည်။
"ငါကြားတာတော့ ထိုက်ရွမ်ဂိုဏ်းနဲ့ နေမီးတောက်တောင်ကြားနှစ်ခုလုံးက ပထမအဆင့်ဂိုဏ်းအဖြစ် အဆင့်မြှင့်တင်ချင်နေကြတာတဲ့..."
ထိုစကားသံထွက်ပေါ်လာသည်နှင့် လေအေးရူသွင်းသံတွေမဆက်မပြတ်ထွက်ပေါ်လာပြီး ပဲ့တင်ထပ်နေခဲ့သည်။
လူတိုင်းမျက်လုံးတွေထဲ၌ တုန်လှုပ်မှုတွေ ပြည့်နှက်နေခဲ့သည်။
ပထမအဆင့်ဂိုဏ်းအဖြစ် အဆင့်မြှင့်တင်ခြင်း... ဤအရာက ကမ္ဘာတုန်လှုပ်စေသည့် ကိစ္စဖြစ်သည်။
ထျန်လင်းစီရင်စု၌ အဓိကအင်အားစု ၄ ခုရှိသော်လည်း အကုန်းလုံးက အဆင့် ၂ အင်အားစုတွေသာဖြစ်ကြ၏။
အဆင့် ၁သို့ မြှင့်တင်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲလှ၏။
မြေကမ္ဘာစာရင်းနှင့် ကောင်းကင်စာရင်းကို မပြောလိုသေးပေ, ပုန်းကွယ်နဂါးစာရင်း၌ အနည်းဆုံး ၃ပုံ ၁ ပုံရှိရမည်ဆိုတာကကို အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်၏။
"ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲတွေ မကြာခဏဖွင့်လှစ်နေတာ မဆန်းတော့ပါဘူး..."
တစ်စုံတစ်ယောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒါပေမယ့် ဘယ်သူပဲ အောင်မြင်အောင်မြင် ငါတို့ထျန်လင်းစီရင်စုမှာ အဆင့် ၁ ဂိုဏ်းတစ်ခုရှိလာလိမ့်မယ်။ အခြားစီရင်စုတွေထက် အားနည်းတော့မှာမဟုတ်ဘူး..."
ဤလူတွေအတွက်က မည်သူနိုင်နိုင် ကိစ္စမရှိပေ။
အပြင်ဘက်၌ဆူညံနေသော်လည်း ရှုမိသားစုထဲ၌ တိတ်ဆိတ်နေခဲ့သည်။
ကျယ်ပြောသည့်ခန်းမကြီးတစ်ခုထဲ၌ လူ ၄ ယောက် ထိုင်နေခဲ့သည်။
ရှုမင်ယန်, ရှုမိသားစုခေါင်းဆောင်၊ သူ၏အကြီးဆုံးသား ရှုယို့၊ ရှုမိသားစုမှမဟုတ်သည့် အခြားနှစ်ယောက်တို့ဖြစ်သည်။
ချွေးဖေထင်, ကျန်းယွဲ့အဆောက်အဦး၏ သခင်နှင့် သူ၏သာ ချွေးချန်းတို့ပင်။
"ဒါတွေအားလုံးက ထိုက်ရွမ်ဂိုဏ်းကြောင့်ပဲ။ အကိုချွေးကို တုန်မင်ရေကန်မှာ အချိန်အကြာကြီးနေစေမိပြီ..."
ရှုမင်ယန် အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"မင်းက ချဲ့ကားနေပြန်ပြီ။ ဒီနေရာက အတော်လေးကောင်းပါတယ်။ ထိုက်ရွမ်းနှင့်တိုက်ပွဲပြင်ဆင်ဖို့ အဆောက်အဦးကို ပြန်စရာမလိုတော့တာပေါ့..."
ချွေးဖေးထင် သာမန်အတိုင်းပြောလိုက်ပြီး ရှေ့ရှိလက်ဖက်ရည်ခွက်ကောက်ကာ တစ်ငုံသောက်လိုက်သည်။
ကျန်းယွဲ့အဆောက်အဦး၏အခြေအနေမှာလည်း ရှုမိသားစုနှင့်အတူတူပဲဖြစ်သည်။
နှစ်ခုလုံးက နေမီးတောက်တောင်ကြား ပိုင်နက်ရှိ အင်အားစုတွေဖြစ်ပြီး သဘာဝအတိုင်း နေမီးတောက်တောင်ကြားကို သစ္စာခံကြ၏။
သူ့သား ချွေးချန်လည်း အတူတူပဲဖြစ်သည်။
မကြာသေးခင်က ထိုက်ရွမ််ဂိုဏ်းတပည့်ကို အနိုင်ယူခဲ့ပြီး ပုန်းကွယ်နဂါးစာရင်း အဆင့်၃၈ ဖြစ်လာခဲ့သည်။
ဤအဆင့်က အတော်မြင့်တာဖြစ်သည်။
နှစ်ယောက်လုံးက အတော်လေးငယ်ရွယ်ကြပြီး ၂၄၊ ၂၅ ဝန်းကျင်လောက်သာ ရှိ၏။
ဂိုဏ်းမှာလည်း သူတို့က ညီအကိုကောင်းတွေဖြစ်ကြသည်။
မိသားစုနှစ်ခုက လွန်ခဲ့သည့် နှစ်တစ်ရာကတည်းက ဆက်ဆံရေးကောင်းတွေရှိပြီး ယနေ့ထိပင်။
"ဒါတွေက ထိုက်ရွမ်ဂိုဏ်းကြောင့်ပဲ။ သူတို့ကများ အဆင့် ၁ ဂိုဏ်းဖြစ်ချင်နေကြတယ်တဲ့။ နေမီးတောက်တောင်ကြားက နောက်မှပေါ်လာပေမယ့် အခုဆို ခိုင်မာတဲ့အုတ်မြစ်ရှိလာပြီ..."
"ထိုက်ရွမ်းဂိုဏ်းထက် မနိမ့်တော့ဘူး။ သာတောင်သာလာပြီ..."
ရှုမင်ယန် ရယ်လိုက်၏။ သူ့ရယ်သံထဲ၌ အထင်မြင်သေးမှုတွေ ရှိနေခဲ့သည်။
"ဒီနေ့ထိုက်ရွမ်ဂိုဏ်းရဲ့လုပ်ဆောင်ချက်တွေက အချည်းနှီးပဲ..."
"ဟုတ်တယ်, ထျန်လင်းစီရင်စုရဲ့အနာဂတ်က နေမီးတောက်တောင်ကြားပဲဖြစ်လာမှာ..."
ချွေးဖေထင် ခေါင်းညိတ်ပြီး လက်ဖက်ရည်ကို ချထားလိုက်သည်။
"ထိုက်ရွမ်ဂိုဏ်းက ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး ဗဟိုစီရင်စုနဲ့ ဆက်နွယ်မှုတွေရှိတယ် ပြောကြပေမယ့် ခေတ်နောက်ကျနေတဲ့ အင်အားစုတစ်ခုဖြစ်နေပါပြီ..."
"သူတို့ အဆုံးသတ်ဖို့ အချိန်က မကြာတော့ဘူး..."
"ဗဟိုစီရင်စု..."
ရှုမင်ယန်မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။
ထိုအရာက လူတိုင်းစိတ်ထဲရှိ သိုင်းပညာအထွတ်အမြတ်နယ်မြေဖြစ်သည်။
"အချိန်ကိုတွက်ကြည့်ရင်, ထိုက်ရွမ်ဂိုဏ်းတပည့်တွေ မကြာခင်ရောက်လာကြတော့မယ်..."
ချွေးဖေထင် သူ့အတွေးတွေပြန်ရုတ်သိမ်းပြီး သူ့သား ချွေးချန်ကို ကြည့်လိုက်သည်။
"မင်းယုံကြည်မှုရှိလား..."
"အဖေ, မင်းက ငါ့ကို လျော့တွက်နေတာပဲ..."
ချွေးချန် ခေါင်းခါယမ်းပြီး နှုတ်ခမ်းအနည်းငယ် တွန့်ကွေးလိုက်၏။
"ထိုက်ရွမ်ဂိုဏ်းက ပန်းသီးပုပ်အနည်းငယ်ပါပဲ။ ငါအလွယ်လေး အနိုင်ယူနိုင်ပါတယ်..."
"ဟ..ဟ..ဟ.., ကောင်းတယ်...."
ချွေဖေထင် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
"ဒီပုန်းကွယ်နဂါးစာရင်းအဆင့်ကို ထိန်းထားပြီး ငါတို့ နေမီးတောက်တောင်ကြားကို ကူညီရမယ်..."
"အနာဂတ်မှာ နေမီးတောက်တောင်ကြားသာ အဆင့်မြှင့်လာရင် ငါတို့လည်း သေချာပေါက် အကျိုးရှိလိမ့်မယ်..."
သူ့စကားဆုံးသည်နှင့် ခန်းမပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မိသားစုခေါင်းဆောင်, ထိုက်ရွမ်ဂိုဏ်းတပည့်တွေ ရောက်လာပါပြီ..."