အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း (၈၉)
ဘဝကတိုတိုလေးပါ, ဘာလို့စီနီယာအကိုဝေ ဖြတ်လမ်းလိုက်ရတာလဲ
ကျယ်ပြောသည့်မျက်ခင်းပြင်တစ်ခု၌ မုန့်ချန်ချင်း အနားယူနေခဲ့သည်။
သို့ပေမယ့် ဤအခိုက်အတန့်၌ သူ့မျက်လုံးတွေ လှုပ်ရှားသွားပြီး ရှေ့ကိုကြည့်လိုက်သည်။
ထိုအခါ အနီးနားရှိသစ်တောထဲမှ ပုံရိပ်တစ်ခုလျှောက်ထွက်လာတာ မြင်လိုက်၏။
ထိုသူက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားရှည်တစ်ချောင်းကို လွယ်ထားခဲ့သည်။
ထိုအရာက ဝေချင်းပင်။
"စီနီယာအကိုဝေ?..."
မုန့်ချန်ချင်း ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လာပြီး အနည်းငယ်မျက်ခုံးပင့်လိုက်၏။
သူက ဝေချင်းကို တည်နေရာမပြောခဲ့ပေ။
ဘယ်လိုလုပ် ရှာတွေ့သွားသနည်း။
ကြည့်ရတာ ဂိုဏ်းထဲ၌သစ္စာဖောက်ရှိနေပြီပင်။
"ဂျူနီယာညီလေးမုန့်, ငါမင်းကို စောင့်နေတာ အတော်ကြာပြီ..."
ဝေချင်း အပြုံးနှင့် ပြောလိုက်သည်။
ဤအရာက အမှန်ပင်။ သူရောက်နေတာ နေ့ဝက်လောက်ရှိပြီဖြစ်သည်။
စိတ်မရှည်တော့၍ ရှေ့ဆက်သွားလာရာမှ အနားယူနေသည့် မုန့်ချန်ချင်းနှင့်တွေ့တာဖြစ်သည်။
"ငါပြန်လာတာ မစောင့်နိုင်ရလောက်အောင် မင်းမှာအရေးကြီးကိစ္စရှိလို့လား။ တကယ်ကြီးကို ဒီနေရာထိ လိုက်လာတယ်..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဒါပေါ့, အရေးကြီးတာပေါ့..."
ဝေချင်း ပြုံးပြီး ညာလက်ကို အနည်းငယ်မြှောက်ပြလိုက်သည်။
ထိုအခါ သူ့နောက်၌ နောက်ထပ် အနက်ဝတ်လူနှစ်ယောက် ပေါ်လာခဲ့သည်။
သူတို့၏အော်ရာတွေကလည်း အလွန်အားကောင်းပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၉ ပင်။
သူတို့ထဲရှိတစ်ယောက်ကိုယ်ပေါ်၌ ရံဖန်ရံခါ ခပ်ဖြော့ဖြော့အစိမ်းရောင်မီးတောက်တွေ ထွက်ပေါ်နေခဲ့သည်။
"မရဏဘုံနတ်ဆိုးဂိုဏ်း..."
မုန့်ချန်ချင်း လူနှစ်ယောက်အင်္ကျီလက်ပေါ်ရှိ စကားလုံးတွေကို တည်ငြိမ်စွာဖတ်လိုက်သည်။
"မင်းမှန်းတာမှန်တယ်..."
ဝေချင်းပြောပြီး မုန့်ချန်ချင်းအမူအရာကို ကြည့်လိုက်သည်။
သူက မုန့်ချန်ချင်း ရွှေရောင်ချီနယ်မြေကို ငြင်းဆန်ကတည်းက သံသယရှိခဲ့သည်။
နောက်ပိုင်း သူလာသည့်အကြိမ်တိုင်းလည်း မုန့်ချန်ချင်းအမူအရာက အမြဲအေးစက်နေခဲ့သည်။
သူများတစ်ခုခုအမှားလုပ်မိသလားဟု သူ့ကိုယ်သူ မေးမိသည်။
ထို့ကြောင့် အဖြေက တစ်ခုသာရှိတော့သည်။
မုန့်ချန်ချင်း တစ်စုံတစ်ခုရှာတွေ့သွားတာဖြစ်ရမည်ပင်။
ထို့ပြင် ယခုကြည့်ရတာ မှန်နေပုံရ၏။
"မင်းဘယ်လိုလုပ် ငါ့လျို့ဝှက်သိုင်းပညာကိုသိသွားတာလဲ။ ဒါကို ဂိုဏ်းစုံစမ်းရေးနည်းစနစ်တွေတောင် ရှာမတွေ့ဘူး..."
"မင်းသိဖို့မလိုပါဘူး..."
မုန့်ချန်ချင်း ထိုအရာက စနစ်၏လုပ်ဆောင်ချက်ဆိုတာ မပြောနိုင်ပေ။
"ဒီလိုဆိုမှတော့, ဂျူနီယာညီလေးမုန့် ကျေးဇူးပြုပြီး စီနီယာအကို့ကို တာဝန်တစ်ခုပြီးမြောက်အောင် ကူညီပေးပါ..."
ဝေချင်းအမူအရာ တဖြည်းဖြည်း အေးစက်လာ၏။
"ဘာတွေပေရှည်နေတာလဲ။ သူ့ကိုသတ်လိုက်ရုံပဲမဟုတ်ဘူးလား..."
နောက်ရှိအနက်ဝတ်ပုံရိပ် စိတ်မရှည်စွာပြောလိုက်သည်။
သူ့အသံကအက်ကွဲနေပြီး အလွန်မကျေမနပ်ဖြစ်နေကာ ကျောက်တုံးကြိတ်ချေသည့် ခံစားချက်ကို ပေးစွမ်း၏။
"ငါဒီလာတာ မင်းရဲ့ပေါက်ပန်းလေးဆယ်စကားတွေနားထောင်ဖို့မဟုတ်ဘူး။ မြန်မြန် အဆုံးသတ်လိုက်..."
"ဟီ...ဟီ... ပါရမီရှင်တစ်ယောက်ရဲ့သွေးနဲ့အသားက မရဏသွေးပိုးအိမ်ဆေးလုံး သန့်စင်ဖို့ လုံလောက်တယ်..."
"အစောပိုင်းသဘောတူညီမှုအရ, ဆေးလုံးသန့်စင်ပြီးရင် တစ်ယောက်တစ်လုံးနော်..."
အခြားတစ်ယောက်ပြောလိုက်သည်။
သူတို့စကားတွေအရ မုန့်ချန်ချင်းကံကြမ္မာက သတ်မှတ်ထားပြီးပုံပင်။
"ဒါဆိုလည်း..."
ဤအရာကိုမြင်တော့ ဝေချင်း စကားအများကြီးမပြောတော့ပေ။
သူ့ခြေထောက်အောက်၌ ပေါက်ကွဲအားတစ်ခုထွက်ပေါ်လာပြီး ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ်ပြောင်းကာ မုန့်ချန်ချင်းဆီ ပြေးဝင်သွားခဲ့သည်။
ဓားချီလည်း ခေါင်းထက်မှာတဝီဝီမြည်နေပြီး သွေးအရိပ်တွေ ကျောဘက်မှာ ဟိန်းဟောက်နေ၏။
ဤအခိုက်အတန့်၌ ဝေချင်းခွန်အားက သေချာပေါက် ထိပ်တန်းတစ်ရာကြား သို့မဟုတ် ထိပ်တန်း ၈၀ ထိတောင် ရောက်လာခဲ့သည်။
"ဂျူနီယာညီလေးမုန့်, မင်းအသက်ကို လွဲပေးဖို့ အချိန်ကြပြီ..."
"ဒီမိတ်ဆွေနှစ်ယောက်ကို ခေါ်လာပေးလို့ ကျေးဇူးပဲ စီနီယာအကိုဝေ။ မင်းကိုပိုပြီးသက်တောင့်သက်သာသေရအောင်လုပ်ပေးပါ့မယ်..."
မုန့်ချန်ချင်း အနည်းငယ်ပြုံးပြီး ထိုလူနှစ်ယောက်ဆီမှ အကြည့်ပြန်ရုတ်လိုက်သည်။
ထိုလူနှစ်ယောက်ပေါ်၌ သူ့စိတ်ဝင်စားသည့်စွမ်းရည်တွေ မြင်ခဲ့ရ၏။
"ဘာလဲ..."
ဝေချင်း အတော်လေး ပဟေဠိဖြစ်သွားသည်။
သို့ပေမယ့် နောက်တစ်ခဏ၌ သူ့မျက်နှာအကြီးအကျယ်ပြောင်းလဲသွားပြီး မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းတွေ သူ့မျက်လုံးထဲ အလင်းပြန်လာ၏။
"မဟာနက်နဲခြင်း- ဓားတစ်သောင်းစုဝေးခြင်း..."
မုန့်ချန်ချင်းခန္ဓာကိုယ်မှ မရေမတွက်နိုင်သည့် ရွှေရောင်ဓားစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့သည်။
ပမာဏက ဓားပင်လယ်တစ်ခုကဲ့သို့ဖြစ်ပြီး ဝေချင်းဆီ ဖိနှိပ်လာခဲ့သည်။
"ဒါက..."
သူ့မျက်နှာပေါ်ရှိ ရက်စက်မှုနှင့် ယုံကြည်မှုတွေလည်း အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားပြီဖြစ်ပြီး မဆုံးမရှိသည့် ကြောက်ရွံ့မှုတွေသာ ကျန်ခဲ့၏။
"မဟာနက်နဲခြင်း- ဓားတစ်သောင်းစုဝေးခြင်း"က သူ၏အဓိကကျင့်ကြံရေးနည်းလမ်းမဟုတ်သော်လည်း ၎င်းကို အတော်လေးနားလည်၏။
ဤကဲ့သို့များပြားသည့်ပမာဏနှင့် ဤကဲ့သို့ ကြောက်မက်ဖွယ်ဓားချက်...
သိသာစွာပဲ မုန့်ချန်ချင်း "မဟာနက်နဲခြင်း-ဓားတစ်သောင်းစုဝေးခြင်း"ကို ပြီးပြည့်စုံခြင်းအဆင့်ထိ အောင်မြင်သွားပြီပင်။
သို့ပေမယ့်... ထိုအရာက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
မုန့်ချန်ချင်း ဤသိုင်းပညာကို လွန်ခဲ့သည့်တစ်လခွဲမှသာ ရခဲ့တာဖြစ်သည်။
ပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့ တစ်လခွဲ?...
ဗိုက်ထဲကတည်းကလေ့ကျင့်လာသည့် မကောင်းဆိုးဝါးတောင် ဤလောက်မြန်မည်မဟုတ်ပေ။
သူ့ဆို ဤအဆင့်ရောက်ဖို့ ၂ နှစ်လောက်အချိန်ယူခဲ့ရတာ မှတ်မိသေး၏။
"မရဏဘုံသွေးဝါးမျိုးခြင်းအတတ်- သွေးအရိပ်ကာကွယ်ခြင်း..."
တွေးနေဖို့အချိန်မရှိပဲ ဝေချင်း အလျှင်အမြန်ပဲ သူ၏သိုင်းပညာနည်းစနစ်ကို အသက်သွင်းလိုက်သည်။
ထိုအခါ သူ့နောက်၌ သွေးအရိပ်ကိုးခုပေါ်လာပြီး အလျှင်အမြန်ပဲ ကြီးမားသည့်အကွာအကွယ်ကြီးတစ်ခုအဖြစ် ခန္ဓာကိုယ်ကိုဝန်းရံလိုက်ကြ၏။
သို့ပေမယ့် မရေမတွက်နိုင်သည့် ဓားချီတွေရှေ့၌ ၎င်းတို့မှာ ပုံရိပ်ယောင်ကဲ့သို့ဖြစ်နေပြီး တစ်ခဏရုန်းကန်ပြီး လုံးဝကွဲကြေသွားခဲ့သည်။
"မဟုတ်ဘူး..."
ဝေချင် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။
သူက ပါရမီရှင်တစ်ယောက်မဟုတ်သော်လည်း အရမ်းကြီးနိမ့်ကျနေတာတော့မဟုတ်ပေ။
ဤတာဝန်အောင်မြင်သည်နှင့် နတ်ဆိုးဂိုဏ်းကိုပြန်ပြီး ပိုမြင့်သည့်ကျင့်ကြံရေးနည်းစနစ်ကို ရရှိနိုင်မည်ဖြစ်သည်။
သို့ပေမယ့် ယခုတော့ အရာအားလုံး သွားပြီပင်။
ဘုန်း!
ဝေချင်း ချက်ချင်းဓားချီဖြင့် ဖုံးလွမ်းခံရပြီး အပိုင်းပိုင်းဖြစ်သွားခဲ့သည်။
အခန်း (၉၀)
သေစမ်း, သဘောတူလည်းသတ်တာပဲလား?
ဟူး...
ဓားချီတစ်သောင်း သူ့ခန္ဓာကိုယ်ထဲပြန်ရောက်လာပြီး မြေပြင်၌ သွေးအိုင်တစ်ခုသာ ကျန်ခဲ့၏။
မုန့်ချန်ချင်း လက်ဆန့်ထုတ်လိုက်ရာ သိုလှောင်လက်စွပ်တစ်ကွင်း သူ့လက်ထဲရောက်လာခဲ့သည်။
ခန္ဓာကိုယ်ကိုမရှာဖွေပဲသတ်ဖြတ်တာက ကောင်းမွန်သည့်အလေ့အကျင့်တစ်ခု မဟုတ်ပေ။
ထို့နောက် သူ့အကြည့် သိပ်မဝေးသည့်နေရာမှ နှစ်ယောက်ဆီ ရောက်သွားသည်။
ဤအခိုက်အတန့်၌ နှစ်ယောက်က နေရာမှာ ရပ်နေဆဲဖြစ်ပြီး စိတ်ရှုပ်ထွေးနေကြသည်။
သူတို့ဘာမြင်လိုက်လဲဆိုတာ ဘုရားသခင်သာသိမည်ဖြစ်သည်။
ဝေချင်း ခွန်အားကုန်သုံးပြီး ဒေါသတကြီးပြေးဝင်သွားပေမယ့်... ချက်ချင်းသတ်ခံလိုက်ရသည်လား?
"သေစမ်း..."
နှစ်ယောက်ထဲရှိတစ်ယောက် အသိပြန်ဝင်လာပြီး ချက်ချင်း ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ဝေချင်း, မင်းဘိုးဘေး ၁၈ ဆက်လုံးလီးပဲ..."
သူတို့မလာခင်က ဝေချင်း အာမခံခဲ့၏။
ဤအရာက ပါရမီရှင်အသစ်လေးသာဖြစ်ပြီး အုတ်မြစ်မခိုင်မာသေးကာ သိပ်မသန်မာသည်ဟူ၍ပင်။
သူတို့က သေချာပေါက် သူ့ကို သတ်နိုင်တာပဲဖြစ်သည်။
သူနှင့် ဆေးလုံးစိမ်းအကြီးအကဲက ဘေးမှဝိုင်းထားပြီး ဖိနှိပ်ပေးရုံသာလိုအပ်၏။
သို့ပေမယ့် ယခုကကော?...
ဒါက မသန်မာသေးဘူးလား...
မင်းတိုက်ရိုက်သတ်ခံလိုက်ရတာလေ...
ငါမမှားရင် ဒါက မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်းအဆင့်ပဲ...
စဦးမြေကမ္ဘာအဆင့်သိုင်းပညာတွေကကို အလွန်အစွမ်းထက်နေပြီးဖြစ်ရာ ပြီးပြည့်စုံခြင်းအဆင့်ရောက်သွားလျှင် အလယ်အလတ်အဆင့်နှင့်တောင် ယှဥ်နိုင်သည့် စွမ်းအားမျိုးရှိလာမည်ဖြစ်သည်။
"သေစမ်း, ဝေးချင်း မင်းက ငါတို့ကို သေခိုင်းဖို့ ဒီနေရာခေါ်လာတာပဲ..."
ဆေးလုံးစိမ်းအကြီးအကဲလည်း အသိပြန်ဝင်လာပြီး မနေနိုင်ပဲ ကျိန်ဆဲလိုက်သည်။
အကြည့်တွေကသာသတ်နိုင်လျှင် ဝေချင်း၏သွေးအိုင် နောက်တစ်ကြိမ် ကွဲကျေသွားမည်ဖြစ်သည်။
ဝေချင်းခွန်အားနှင့်ယှဥ်လျှင် သူတို့ခွန်အားက အနည်းငယ်သန်မာသော်လည်း ယခု ဝေချင်း တိုက်ရိုက်သတ်ခံလိုက်ရကာ သူတို့လည်း ထိုနည်းတူပင်ဖြစ်လိမ့်မည်ပင်။
"ပြေး..."
အများကြီးမတွေးရဲတော့ပဲ နှစ်ယောက်သား တစ်ဖက်လှည့်ကာ ပြေးတော့သည်။
သို့ပေမယ့် သူတို့ခြေထောက်တွေ နေရာတင်အေးခဲသွား၏။
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့၌ လူတစ်ယောက်ရပ်နေပြီ ဖြစ်သောကြောင့်ပင်။
ထိုအရာက မုန့်ချန်ချင်းပင်။
"ရှေးစကားပုံတောင်ရှိသေးတာပဲ, ဝေးလံတဲ့အရပ်ကမိတ်ဆွေလာတာ ဝမ်းသာစရာမဟုတ်ဘူးလား..."
"မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက်အလျှင်စလို ထွက်သွားချင်နေရတာလဲ။ ငါ့ကို အိမ်ရှင်ကောင်းပီသခွင့်လေးတော့ ပေးပါအုန်း.."
မုန့်ချန်ချင်း ခါးမှဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။
အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်၏ ပြိုင်ဘက်ကင်းထက်ရှမှုက နှစ်ယောက်ကို ကျော်ရိုးတစ်လျှောက် အေးစိမ့်သွားစေ၏။
"အမ်, ငါပြောချင်တာ, ငါနဲ့ ဝေချင်က တစ်ဖွဲ့တည်းမဟုတ်ပါဘူး။ မင်းယုံလားမသိဘူး..."
နှစ်ယောက်ထဲက တစ်ယောက်ပြောလိုက်သည်။
ဆေးလုံးစိမ်းအကြီးအကဲနှင့်မတူပဲ သူက သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ နာမည်က ရှောင်ဘိုယန်ပင်။
မရဏနတ်ဆိုးဂိုဏ်း၌ သူလည်းမြင့်မားသည့်အဆင့်အတန်းရှိပြီး အဆင့်မြင့်စီမံခန့်ခွဲသူတစ်ဦးဖြစ်၏။
"မင်းတို့တွေ ငါ့ရဲ့တောင်းဆိုမှုသေးသေးလေးကို လက်ခံမယ်လို့ ယုံကြည်တယ်..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"ဘာတောင်းဆိုမှုလဲ...."
နှစ်ယောက် ကြောင်သွား၏။
"ငါ မိတ်ဆွေဖွဲ့ရတာကြိုက်တယ်။ အထူးသဖြင့် မင်းတို့လိုကျွမ်းကျင်သူတွေနဲ့ပေါ့။ ဘယ်လိုလဲ ငါ့မိတ်ဆွေဖြစ်ဖို့ သဘောတူလား..."
မုန့်ချန်ချင်း ပြောလိုက်သည်။
"ဘာ?..."
နှစ်ယောက်သား သူတို့နားကြားမှားလားဟု သံသယဝင်သွားကြသည်။
မိတ်ဆွေ?...
ဤနေရာမှာ ဘာတွေဖြစ်နေသနည်း။
မင်းလို ဖြောင့်မတ်ဂိုဏ်းဖြစ်တဲ့ ထိုက်ရွမ်ဂိုဏ်းတပည့်က ငါတို့လိုနတ်ဆိုးဂိုဏ်းကလူတွေနဲ့ မိတ်ဆွေဖြစ်ချင်တယ်....
ဝှစ်...
မုန့်ချန်ချင်းပုံရိပ် ဖျတ်ခနဲလှုပ်ရှားသွားပြီး အလွန်အမင်းမြန်လှ၏။
ထို့နောက် ချက်ချင်း ရှောင်ဘိုယန်ရှေ့ရောက်လာကာ ကြက်သွေးရောင်ကောင်းကင်ဖြင့် လည်ပင်းကိုရွယ်ထားလိုက်သည်။
"ငါက အမြဲရိုးသားတဲ့သူတစ်ယောက်ပဲ။ သူတော်ကောင်းတရားကိုလက်ကိုင်ထားပြီး မိတ်ဆွေဖွဲ့ရတာ သဘောကျတယ်။ ပြောစမ်းပါ, မင်းငါနဲ့ မိတ်ဆွေဖြစ်ဖို့ ဆန္ဒရှိလား..."
မုန့်ချန်ချင်းပြုံးလိုက်၏။
သို့ပေမယ့် သူ့အပြုံးက တစ်ဖက်လူ၏ကျောရိုးတစ်လျှောက် တုန်ယင်သွားစေခဲ့သည်။
"ဒီကောင်အရူးပဲ, သေချာပေါက် ရူးနေတာပဲ..."
နှစ်ယောက်လုံး ဤအတွေးသာ တွေးနိုင်၏။
တစ်စုံတစ်ယောက်ကို ဖိအားပေးမိတ်ဆွေဖွဲ့တာ မည်သူရှိလို့နည်း။
မင်းက လည်ပင်းဓားနဲ့ထောက်ပြီး မိတ်ဆွေဖွဲ့တာပေါ့?...
"ငါဆန္ဒရှိပါတယ်..."
ဓားသွား၏ထက်ရှမှုကိုခံစားမိတော့ ရှောင်ဘိုယန် တွေဝေမနေရဲပဲ အလျှင်အမြန်သဘောတူလိုက်သည်။
မည်သို့ပင်ဖြစ်စေ, ယခုတော့ ဤအရူးနှင့် အလိုက်အထောက်နေရအုန်းမည်ဖြစ်သည်။
ရွစ်!
သို့ပေမယ့် စကားသံထွက်ပေါ်လာသည်နှင့် ဓားအလင်းရောင်လက်သွားပြီး ခေါင်းတစ်လုံးလွင့်ပျံသွားသည်။
လတ်ဆတ်သည့်သွေးတွေ လည်ပင်းမှပန်းထွက်လာပြီး မြေပြင်အနှံ့ဖြန်းပက်သွား၏။
ဤမြင်ကွင်းက ဆေးလုံးစိမ်းအကြီးအကဲကို ကြောင်သွားစေ၏။
"ဟမ်, သဘောတူလည်းသတ်တာပဲလား...'
အသိပြန်ဝင်လာပြီး ဆေးလုံးစိမ်းအကြီးအကဲ ကျယ်လောင်စွာအော်ဆဲလိုက်သည်။
"မင်းက တကယ်ကို အရူးပဲ..."
"မင်းသဘောတူရင် အနည်းဆုံး ဘာမှမခံစားရပဲသေနိုင်မယ်လေ..."
မုန့်ချန်ချင်း ဆေးလုံးစိမ်းအကြီးအကဲကို ကြည့်လိုက်၏။
"တကယ်တော့ ငါက မိတ်ဆွေတွေကိုဆက်ဆံတဲ့အခါမှာ အတော်လေးကြင်နာပါတယ်။ မင်းကော အဲ့လိုမထင်ဘူးလား..."
မုန့်ချန်ချင်းအကြည့်အောက်၌ ဆေးလုံးစိမ်းအကြီးအကဲ ရေခဲတိုက်ထဲရောက်သွားသလို ခံစားလိုက်ရသည်။
သန်မာသည့်ခွန်အားက အရမ်းကြီးကြောက်စရာမဟုတ်ပေ။ သို့ပေမယ့် ကမ်းကုန်အောင်ရူးတာကတော့ အခြားကိစ္စတစ်ခုဖြစ်သွားပြီဖြစ်သည်။
သူရင်ဆိုင်ရမှာ ဘယ်လိုညှင်းပန်းနှိပ်စက်မှုမျိုးလည်ဆိုတာ မည်သူသိမည်နည်း။
"ငါမင်းနဲ့ သေတဲ့ထိတိုက်ခိုက်မယ်..."
ဆေးလုံးစိမ်းအကြီးအကဲ လက်တွေ၌ အစိမ်းရောင်မီးတောက်တွေ ဝန်းရံလာ၏။
သိသာစွာပင် သူက ဆေးဖော်စပ်ဆရာတစ်ယောက်ပင်။
ထို့ပြင် အတော်လေးရှားပါးသည့် အဆင့် ၃ ဆေးဖော်စပ်ဆရာပင်။
ဟူး...
သို့ပေမယ့် မုန့်ချန်ချင်း ပုံရိပ် နောက်တစ်ကြိမ်ပျောက်သွားပြီး တိမ်အရိပ်အယောင်တွေသာချန်ထားခဲ့၏။
ပြန်ပေါ်လာသည့်အခါ ဆေးလုံးစိမ်းအကြီးအကဲရှေ့ ရောက်နေပြီဖြစ်သည်။
ဓားအလင်းတစ်ချက်လက်သွားပြီး လက်မောင်းနှစ်ဖက် ပျံတက်သွားသည်။
ထို့နောက် သွေးစွန်းနေသည့်ဓားကို ဆေးလုံးစိမ်းအကြီးအကဲပါးစပ်ထဲ တိုက်ရိုက်ထိုးသွင်းလိုက်သည်။
ဆေးလုံးစိမ်းအကြီးအကဲတစ်ကိုယ်လုံးတုန်ယင်သွားပြီး နဖူးမှချွေးအေးတွေ စီးကျလာခဲ့သည်။
သူ့၌လက်နှစ်လုံးမရှိတော့ပြီး ပြင်းထန်သည့်နာကျင်မှုက တစ်ကိုယ်လုံးပျံနှံ့နေတာတောင် အသံတစ်သံမထွက်ရဲပေ။
"အခု မင်းဆန္ဒရှိပြီလား..."
မုန့်ချန်ချင်း ညင်သာစွာ ပြောလိုက်သည်။
"အွန်း, အွန်း..."
ဆေးလုံးစိမ်းအကြီးအကဲအသံ မရှင်းအလင်းဖြစ်နေပြီး ကြောက်လန့်တကြား အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။
"ကောင်းတယ်..."
ရွစ်!
ဓားထိပ်ဖျားကို ရှေ့သို့တစ်လက်မထပ်တိုးလိုက်ရာ တိုက်ရိုက်ပဲထိုးဖောက်သွားတော့သည်။
ဘုန်း...
ဆေးလုံးစိမ်းအကြီးအကဲမျက်လုံးထဲရှိအလင်းရောင် ပျောက်ကွယ်သွားပြီး မြေပြင်ပါ် ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။
ဒင်!
[ရှောင်ဘိုယန်ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- မြင့်မားသောပါရမီ]
ဒင်!
[ဆေးလုံးစိမ်းအကြီးအကဲကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ပေါင်းထည့်ပြီးပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]
[ရရှိသောစွမ်းရည်- အဆင့် ၃ ဆေးပညာ]
သူ့စိတ်ထဲ၌ စနစ်၏အသံထွက်ပေါ်လာခဲ့သည်။
မုန့်ချန်ချင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
၎င်းတို့ထဲမှတစ်ခုမှာ သူလိုချင်သည့်အရာဖြစ်သည်။
အဆင့် ၃ ဆေးပညာ...
နှစ်ယောက်ပေါ်လာချိန်က မုန့်ချန်ချင်း သူ၏ကြည့်ရှုရေးမျက်လုံးကို အသက်သွင်းခဲ့သည်။
လူအိုကြီးက အဆင့် ၃ ဆေးဖော်စပ်ဆရာဖြစ်တာမြင်သည့်အခါ သူ့နှလုံးသား ပျော်ရွင်မှုတွေနှင့် ပြည့်နှက်သွားခဲ့သည်။
မမျှော်လင့်ထားသည့်အကျိုးအမြတ်တစ်ခု ရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ဤဝေချင်းက သူ့ကိုကူညီရန်အတွက် သူ့ကိုယ်သူနှင့် အခြားသူတွေကို စတေးခဲ့၏။
လူကောင်းတစ်ယောက်ပင်၊ တကယ်ကိုလူကောင်းတစ်ယောက်ပင်။
အဆင့် ၃ ဆေးပညာ၊ ဤအရာက နေရာတိုင်းမှာမြင်ရသည့်အရာ မဟုတ်ပေ။
အတော်လေးရှားပါး၏။
ဂိုဏ်းအတွင်းမှာတောင် အရေအတွက်အရမ်းအများပေ။
အပြင်ဘက်လောကမှာသာထွက်ပေါ်လာလျှင် သေချာပေါက် လေးစားခံရပြီး မရေမတွက်နိုင်သည့်သိုင်းပညာရှင်တွေ၏ဝိုင်းရံခြင်းကို ခံရမည်ဖြစ်သည်။
ဆေးပညာအောင်မြင်မှုက သိုင်းပညာနယ်ပယ်နှင့် တိုက်ရိုက်အချိုးမကျပေ။
အချို့ဆေးဖော်စပ်ဆရာတွေက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ဖြစ်သော်လည်း ဆေးပညာအောင်မြင်မှုကတော့ အဆင့် ၂ သာရှိသည်။
ပိုမြင့်သည့်ကျင့်ကြံရေးရှိလျှင်တောင် အဆင့် ၂ ပဲရှိတတ်ကြ၏။
ထို့ကြောင့် အဆင့် ၃ ဆေးဖော်စပ်ဆရာက တကယ်ပဲ အဖိုးတန်လှ၏။
ယနေ့တစ်ယောက်သတ်လိုက်တာ မရဏနတ်ဆိုးဂိုဏ်း နှလုံးကွဲမတတ်ခံစားနေရမည်ဖြစ်သည်။
ရှောင်ဘိုယန်အတွက်တော့ ထိုကောင်၌ သူစိတ်ဝင်စားသည့် ပါရမီစွမ်းရည်တစ်ခုရှိ၏။
ထိုအရာကို "မြေအောက်ကမ္ဘာဝမ်းနည်းခြင်းကျမ်း- အတွဲ ၂"ဟု ခေါ်သည်။
နာမည်အရ ၎င်းမှာမြေကမ္ဘာအဆင့်သိုင်းပညာ ဒါမှမဟုတ် လျို့ဝှက်နည်းစနစ်တစ်ခု ဖြစ်နိုင်၏။
ကံမကောင်းစွာပဲ, သူမရခဲ့ပေ။
မဟုတ်လျှင် ထိုအရာဘယ်လိုမျိုးလဲဆိုတာ မြင်နိုင်မည်ဖြစ်သည်။