← Chapters

အခန်း (၉၀၉-၉၁၀)

Vol. 89 Ch. 909-910

အခန်း (၉၀၉-၉၁၀)

Vol. 89 Ch. 909-910

​အခန်း (၉၀၉) သားရဲလူသားမျိုးနွယ်များ ဆိုက်ရောက်လာခြင်း

"ငါ့အထင် မမှားဘူးဆိုရင်တော့ ဒါတွေအားလုံးဟာ သူ ဖူမင်နဲ့ တွေ့ပြီးပြီးချင်းမှာ ဖြစ်သွားတာပဲ။ အဲဒီအချိန်ကျမှ သူက အဲဒီနေရာကနေ လွတ်ဖို့အတွက် နေမကောင်းချင်ယောင် ဆောင်ခဲ့တာ။ မင်းလည်း အခုဆိုရင် ရိပ်မိလောက်ပါပြီ" မုန့်ချန်က ဆို၏။ သူသည် မုန့်ဟူလင်းကို စိုက်ကြည့်ရင်း လှောင်ပြုံးတစ်ခု ပြုံးလိုက်လေသည်။

​"ငါကိုယ်တိုင် သူ့ကို သွားရှာမယ်" မုန့်ဟူလင်းက ဆိုကာ အပြင်သို့ ထွက်ရန် တံခါးဆီသို့ လျှောက်သွားတော့သည်။

​"နေဦး"

​ဒုတိယမင်းသား အခန်းထဲမှ မထွက်ခွာမီမှာပင် တားဆီးခြင်း ခံလိုက်ရ၏။ အိမ်ရှေ့မင်းသား၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် သူ ရပ်တန့်သွားရသည်။

​သူသည် အိမ်ရှေ့မင်းသားဘက်သို့ လှည့်ကြည့်လိုက်၏။

​"မင်း ဘယ်ကို သွားမလို့လဲ" အိမ်ရှေ့မင်းသား မုန့်လုချီက မေးလိုက်သည်။

​"ဒါက အမှန်တရားပဲလို့ ငါ ယုံကြည်တယ်။ ဒါပေမဲ့ အခုအချိန်မှာ မင်း သူ့ကို ရှာတွေ့နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ သူက မနေ့ညက ဖူမင်ကို မြင်ကတည်းက ထွက်ပြေးသွားတာ။ သူ မြို့ထဲကနေ လွတ်အောင် မပြေးနိုင်သေးရင်တောင် တစ်နေရာရာမှာ ပုန်းနေမှာပဲ။ ငါတို့ စစ်တပ်ကိုပဲ သူတို့အလုပ် သူတို့ လုပ်ပါစေ။ သူတို့ အဲဒီလူကို ရှာတွေ့ပါလိမ့်မယ်" သူက ဆက်ပြောလေသည်။

​"အဲဒီအချိန်အထိတော့ ဒီမှာပဲ နေပါ။ မင်းရဲ့ အချိန်တွေကို အလဟသ မဖြုန်းပါနဲ့။ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။ မနက်ဖြန်ဆိုရင် အဆင့်သတ်မှတ်ပွဲရဲ့ ပထမအဆင့်က စတော့မှာ။ မင်းကို လေ့ကျင့်ပေးဖို့ အချိန်နည်းနည်းပဲ ရှိတော့တယ်။ ဒီအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ဘူး"

​မုန့်ဟူလင်းသည် နဖူးပေါ်တွင် မကျေနပ်သော အရေးအကြောင်းများ ပေါ်လာလျက် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြန်လည် လျှောက်လှမ်းလာခဲ့၏။

​"ဟဲဟဲ" မုန့်ချန်သည် ထိုသည်ကို မြင်ရသောအခါ သဘောကျကာ ပြုံးလိုက်မိသည်။ သူသည် ဤအခြေအနေကို ရယ်စရာတစ်ခုလို မြင်နေခြင်း ဖြစ်၏။

​"ချန်... မင်းလည်း လေ့ကျင့်တာ စတော့။ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေမှာ အချိန်ဖြုန်းမနေနဲ့။ လာ... ငါနဲ့အတူ လေ့ကျင့်ရအောင်။ ငါက မင်းကို အခုပဲ ခေါ်ခိုင်းမလို့ လုပ်နေတာ။ မင်း ကိုယ့်ဘာသာကိုယ် ရောက်လာတာ ကောင်းတာပေါ့" အိမ်ရှေ့မင်းသားက ပြုံးစစဖြင့် ဆိုလိုက်သည်။

​"ဒါက... အစ်ကိုကြီး... ကျွန်တော်..."

​"ဆင်ခြေတွေ ပေးမနေနဲ့။ ဓားကို အဆင်သင့်ပြင်ထား။ တစ်ရက်အတွင်းမှာ မင်း ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ သိရအောင် အစမ်းတိုက်ပွဲကနေပဲ စကြရအောင်" အိမ်ရှေ့မင်းသားသည် မုန့်ချန်ကို စကားဆုံးအောင်ပင် ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်လေတော့သည်။

​မြေပြင်ပေါ်တွင် ဝိုင်းစက်သော စက်ဝိုင်းပုံစံ အစီအရင်တစ်ခုကို ထွင်းထုထားသည်ကို တွေ့ရပေသည်။ ထိုအစီအရင် အတွင်း၌ ရှုပ်ထွေးလှသော မျဉ်းကြောင်းများနှင့် ပုံစံများမှာ အပြန်အလှန် ယှက်နွယ်နေကြ၏။ အမျိုးမျိုးသော ထူးဆန်းသည့် ပုံစံများကိုလည်း ထိုအစီအရင်ပေါ်တွင် ထွင်းထုထားပေသေးသည်။

​ဤအစီအရင်သည် နန်းတော်အတွင်းရှိ အစောင့်အကြပ် အထူထပ်ဆုံးသော အခန်းများအနက် တစ်ခန်းအတွင်း၌ တည်ရှိနေခြင်း ဖြစ်၏။

​ထိုအခန်း၏ အပြင်ဘက်တွင် စစ်သည်နှစ်ဦး ရပ်စောင့်နေကြသည်။ သူတို့၏ တစ်ခုတည်းသော တာဝန်မှာ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ အခန်းအတွင်းသို့ ပေးမဝင်ရန်ပင် ဖြစ်၏။

​အစီအရင်သည် အပြာရောင် အလင်းတန်းများဖြင့် ဖြည်းညှင်းစွာ စတင် တောက်ပလာလေသည်။ ထိုအလင်းမှာ တဖြည်းဖြည်း ပိုမို တောက်ပလာရာ မကြာမီမှာပင် တစ်ခန်းလုံးကို လွှမ်းခြုံသွားတော့၏။ အလင်းမှာ အလွန်ပင် ပြင်းထန်လှသဖြင့် အခန်းအတွင်းရှိ အရာအားလုံးကို သာမန်မျက်စိဖြင့် ကြည့်ရန်ပင် မဖြစ်နိုင်တော့ချေ။

​အလင်းတန်းများသည် အခန်းအတွင်း၌ စက္ကန့်သုံးဆယ်ခန့် ကြာအောင် တည်ရှိနေပြီးမှ ပြန်လည် ဆုတ်ခွာသွားတော့သည်။ အစီအရင်၏ တောက်ပမှုများ ရပ်တန့်သွားသည်နှင့်အမျှ အလင်းတန်းများလည်း အပြီးတိုင် ပျောက်ကွယ်သွား၏။

​ယခင်က ဗလာကျင်းနေခဲ့သော အခန်းမှာမူ ယခုအခါတွင်တော့ ဗလာ မဟုတ်တော့ချေ။ အစီအရင်၏ အပေါ်တွင် လူလေးယောက် မတ်တပ်ရပ်လျက် ရှိနေကြသည်ကို တွေ့ရပေသည်။

​ထိုလူလေးယောက်မှာ လူငယ်သုံးဦးနှင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့ ဖြစ်ကြ၏။

​"ငါတို့ ရောက်လာပြီ..." လူငယ်တစ်ဦးက ဆိုလိုက်သည်။

​ထိုလူများသည် လူသားနှင့် တူသော်လည်း လူသားများနှင့် မတူညီသော မွေးရာပါ ကွာခြားချက်အချို့ ရှိနေပေသည်။

​လူငယ်သုံးဦးအနက် တစ်ဦးမှာ အမျိုးသမီး ဖြစ်၏။ ထိုအမျိုးသမီးတွင် လူသားလက်များအစား ကျားလက်သည်းကဲ့သို့သော လက်များ ရှိနေပေသည်။ ထိုအချက်မှလွဲ၍ သူမသည် လူသားနှင့် တစ်ပုံစံတည်း တူလှ၏။

​ကျန်ရှိသော လူငယ်နှစ်ဦးမှာမူ ပို၍ ထူးခြားနေပေသည်။

​တစ်ဦးမှာ အသားအရောင်က အစိမ်းရောင်ဖြစ်ပြီး မြွေမျက်လုံးများ ရှိနေပေသည်။ ဒုတိယတစ်ဦးမှာမူ သာမန်လူသားများထက် သုံးဆခန့် ပိုရှည်သော လည်ပင်း ရှိနေ၏။

​သက်လတ်ပိုင်း အမျိုးသားမှာမူ ပို၍ သာမန်လူသားနှင့် တူလှပေသည်။ သူ၏ နားရွက်များမှာ နတ်သူငယ်များကဲ့သို့ ချွန်ထွက်နေသည်မှလွဲ၍ ကျန်ရှိသည်မှာ လူသားတစ်ဦးနှင့် အပြည့်အဝ တူညီ၏။ သူ၏ ရှည်လျားသော ဆံပင်များက ထိုနားရွက်များကို ဖုံးအုပ်ထားသဖြင့် သူသည် သာမန်လူတစ်ဦးအသွင် ရှိနေပေသည်။

​"ဒါဆို ဒါက ငါတို့ တိုက်ပွဲဝင်ရမယ့် နေရာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက ရိုးရာတစ်ခုပါပဲ။ ငါတို့ကတော့ ထိပ်ဆုံးဆယ်ယောက်စာရင်းထဲကို သေချာပေါက် ပါမှာပါ" ထိုအမျိုးသမီးက အခန်းကို ကြည့်ရင်း ဆိုလိုက်သည်။

​"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာ ကောင်းပေမဲ့ အလွန်အကျွံတော့ မဖြစ်စေနဲ့။ ဒါဟာ ငါတို့ရဲ့ သားရဲလူသားမျိုးနွယ်တွေ အတွက် ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မင်းတို့ သိပါတယ်။ အားကောင်းတဲ့ ပြိုင်ဘက်တွေ အများကြီး ရှိနေလိမ့်မယ်။ မင်းတို့ သုံးယောက်လုံး ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲမှာ ပါကိုပါရမယ်" သက်လတ်ပိုင်း အမျိုးသားက တံခါးဆီသို့ လျှောက်သွားရင်း ဆိုလိုက်၏။

​"မှန်ပါတယ်။ ထိပ်ဆုံး ဆယ်ယောက်စာရင်းမှာ ကိုယ်စားလှယ် အများဆုံးပါတဲ့ ကမ္ဘာဟာ ဒုတိယအဆင့်နဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရမှာ ဖြစ်တယ်။ ငါတို့ ထိပ်ဆုံး ဆယ်ယောက်ထဲ ပါမှသာ ငါတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာမှာ ဒီစာမေးပွဲတွေကို ကျင်းပနိုင်မယ့် အခွင့်အရေး ရမှာပါ။ အဲဒါက ငါတို့အတွက် အခွင့်အရေး ပိုသာစေလိမ့်မယ်" လည်ပင်းရှည်သော အမျိုးသားက ဆို၏။

​"စိတ်မပူပါနဲ့။ အဲဒီ ကျင့်ကြံသူတွေက ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ငါတို့က သူတို့ထက် အများကြီး အသာစီး ရပါတယ်။ ငါတို့ကို ရင်ဆိုင်နိုင်တဲ့ မျိုးနွယ်စု နည်းနည်းပဲ ရှိပေမဲ့ ငါတို့က သူတို့အတွက်လည်း ပြင်ဆင်ထားပြီးသားပါ။ သူတို့ကိုလည်း ငါတို့ကို အနိုင်ယူခွင့် ပေးမှာ မဟုတ်ဘူး" အသားစိမ်းသော အမျိုးသားက ထောက်ခံလိုက်သည်။

​သက်လတ်ပိုင်း အမျိုးသားသည် တံခါးကို ခေါက်လိုက်၏။

​"ဟင်... အထဲက တစ်ယောက်ယောက် တံခါးခေါက်နေတာလား" အပြင်တွင် ရပ်စောင့်နေသော စစ်သည်များမှာ အထဲမှ တံခါးခေါက်သံ ကြားလိုက်ရသဖြင့် အံ့ဩသွားကြသည်။

​"ဒါ သူတို့ ဖြစ်ရမယ်။ ဧည့်သည်တော်တွေပဲ... သူတို့ လာကြလိမ့်မယ်လို့ အရှင်မင်းကြီးက ငါတို့ကို ပြောထားပြီးသားပဲ"

​စစ်သည်များသည် အခြေအနေကို ရိပ်မိသွားကြ၏။ သူတို့သည် တံခါးကို ဖွင့်ပေးလိုက်ရာ အထဲရှိ လူများ ထွက်လာကြတော့သည်။

​"ဧည့်သည်တော်များကို နှုတ်ဆက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ မြေက ကြိုဆိုပါတယ်။ အရှင်မင်းကြီးဆီကို လမ်းပြပို့ဆောင်ပေးပါရစေ" စစ်သည်တစ်ဦးက ဆိုလိုက်၏။

​"အဲဒါ ကောင်းတာပေါ့" သက်လတ်ပိုင်း အမျိုးသားက ပြန်ဖြေသည်။

​စစ်သည်သည် သူ၏ အဖော်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "မင်း ဒီမှာပဲ စောင့်နေဦး။ ငါ သူတို့ကို အရှင်မင်းကြီးဆီ ခေါ်သွားလိုက်မယ်" ထိုသို့ ပြောဆိုပြီးနောက် သူသည် ဧည့်သည်တော်များနှင့်အတူ ထွက်ခွာသွားတော့သည်။

​ဤအခန်းကဲ့သို့ပင် အခြားသော အခန်းပေါင်း တစ်ဆယ့်ရှစ်ခန်း ရှိနေပေသေးသည်။ ထိုတစ်ဆယ့်ရှစ်ခန်းလုံးတွင် အခြားကမ္ဘာများနှင့် ဆက်သွယ်ထားသော ဝင်ပေါက်အစီအရင်များ ရှိနေကြ၏။ အသင်းများ တစ်သင်းပြီးတစ်သင်း ရောက်ရှိလာသည်နှင့်အမျှ ထိုအစီအရင်များမှာလည်း ဆက်တိုက်ဆိုသလို အသက်ဝင်နေကြတော့သည်။

​အသင်းတစ်သင်းချင်းစီတွင် ပြိုင်ပွဲဝင်မည့်သူ သုံးဦးနှင့် ဤခရီးစဉ်အတွင်း သူတို့၏ ကိစ္စအဝဝကို စီမံပေးမည့် အဖော်တစ်ဦးစီ ပါဝင်ကြပေသည်။

​ယနေ့ ရောက်ရှိလာကြသည့် အသင်းတစ်ဆယ့်နှစ်သင်းအနက် အများစုမှာ လူသားများ ဖြစ်ကြ၏။ အသင်းတစ်သင်းတည်းသာလျှင် မတူညီသော မျိုးနွယ်စုများ ဖြစ်ကြပေသည်။ ကျန်ရှိနေသော ကိုးသင်းမှာမူ ရောက်ရှိလာရန် ကျန်နေသေး၏။

​ဤအသင်းများအားလုံးကို ဧကရာဇ်မင်းမြတ်ထံသို့ ခေါ်ဆောင်သွားကာ နှုတ်ဆက်စေခဲ့သည်။ ဧကရာဇ်သည် သူတို့အားလုံးကို ကောင်းမွန်စွာ ဧည့်ခံနှုတ်ဆက်ပြီးနောက် သူတို့၏ လှပသော မြို့တော်ကို လိုက်လံပြသရန်အတွက် တစ်သင်းချင်းစီအလိုက် လမ်းပြများအား တာဝန်ပေးအပ်ခဲ့လေသည်။

​အသင်းများ၏ ထက်ဝက်ခန့်မှာမူ လေ့ကျင့်မှုများကိုသာ ပြုလုပ်လိုကြသဖြင့် မြို့ထဲသို့ သွားရန် ငြင်းဆိုခဲ့ကြ၏။ သူတို့အတွက် လေ့ကျင့်ရေး အခန်းများကို စီစဉ်ပေးခဲ့ရပေသည်။

​ကျန်ရှိသော အသင်းများမှာမူ ဤနေရာသို့ ရောက်ရှိနေခိုက် မြို့တော်၏ ယဉ်ကျေးမှုများကို ကြည့်ရှုရင်း အပန်းဖြေရန်အတွက် မြို့ထဲသို့ သွားရန် သဘောတူခဲ့ကြသည်။

​သားရဲလူသားမျိုးနွယ်များမှာမူ မိမိတို့၏ အစွမ်းအစအပေါ် ယုံကြည်မှု အပြည့်ရှိကြသဖြင့် မြို့ထဲသို့ လှည့်လည်ကြည့်ရှုလိုသော အသင်းငါးသင်းထဲတွင် ပါဝင်နေကြသည်။

အခန်း (၉၁၀) ရန်ငြိုး

ဟင်းလင်းပြင်ကို ဆက်သွယ်ထားသည့် နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို အသုံးပြု၍ ကြယ်တာရာ အင်ပါယာသို့ အသင်းပေါင်း ဆယ်သင်း ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

​ထိုဆယ်သင်းမှာ အချိန်စော၍ ရောက်လာကြခြင်း ဖြစ်သည်။ ထိုအထဲမှ ငါးသင်းမှာ မြို့ထဲသို့ လှည့်လည်ကြည့်ရှုရန် ခွင့်တောင်းခဲ့ကြ၏။ ထိုအသင်းများမှာ သားရဲကမ္ဘာမှ သားရဲအင်ပါယာ၊ လျှပ်စီးကမ္ဘာမှ ရှီးယားအင်ပါယာ၊ လေပြင်းကမ္ဘာမှ ဂါနီအင်ပါယာ၊ ထာဝရမှောင်မိုက်ကမ္ဘာမှ ထာဝရအင်ပါယာနှင့် သတ္တမမြောက် ကောင်းကင်ကမ္ဘာမှ အန်ဒရီးယား အင်ပါယာတို့ ဖြစ်ကြသည်။

​ကျန်ရှိသော ငါးသင်းမှာမူ နန်းတော်အတွင်း၌ပင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး လာမည့်ရက်များတွင် ကျင်းပမည့် အဆင့်သတ်မှတ်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်ရန် ရွေးချယ်ခဲ့ကြ၏။

​မြို့ထဲသို့ ထွက်ခွာသွားသော အသင်းတစ်သင်းချင်းစီအတွက် ကြယ်တာရာ အင်ပါယာက လမ်းပြတစ်ဦးစီ စီစဉ်ပေးခဲ့သည်။ ထိုလမ်းပြများ၏ တာဝန်မှာ မြို့ကို လိုက်လံပြသရန်နှင့် ထိုသူများကို စောင့်ကြည့်ရန်ပင် ဖြစ်၏။ ထို့ပြင် ဧည့်သည်တော်များ အန္တရာယ် မကျရောက်စေရန် ကာကွယ်ပေးရန်လည်း တာဝန်ရှိပေသည်။

​ထိုလူငယ်အသင်းများတွင် သူတို့ကို လမ်းညွှန်ပေးရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် သူတို့ကမ္ဘာမှ လူကြီးပိုင်း တစ်ဦးစီ ပါဝင်လာသည်ကို ဧကရာဇ်မုန့် သိသော်လည်း သူသည် ဤအတိုင်း လက်ပိုက်ကြည့်မနေနိုင်ချေ။ ထိုလူကြီးပိုင်းများ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရမည့် အခြေအနေမျိုး မဖြစ်စေရန် သူက အသေအချာ စီစဉ်လိုခြင်း ဖြစ်၏။

​နိုင်ငံအချင်းချင်း မဟုတ်ဘဲ ကမ္ဘာအချင်းချင်း ဆက်ဆံရသော နိုင်ငံရေးမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။ ဤပြိုင်ပွဲကို သူ၏ကမ္ဘာတွင် ကျင်းပခြင်း ဖြစ်သဖြင့် သူတို့၏ လုံခြုံရေးမှာ သူ၏ တာဝန်သာ ဖြစ်၏။ အကယ်၍ အခြားကမ္ဘာတစ်ခုတွင် ကျင်းပပြီး သူ၏အသင်း သွားရောက်ရမည်ဆိုလျှင်လည်း ထိုကမ္ဘာက ထိုကဲ့သို့ပင် တာဝန်ယူပေးလိမ့်မည်ဟု သူ မျှော်လင့်မည် ဖြစ်သည်။

​အသေးငယ်ဆုံးသော မတော်တဆမှုမျိုး ဖြစ်ပွားလျှင်ပင် အခြားကမ္ဘာများက သူ့ထံမှ ရှင်းလင်းချက် တောင်းဆိုကြလိမ့်မည်ကို သူ သိနေ၏။ အကယ်၍ ပြိုင်ပွဲ မစမီမှာပင် အသင်းတစ်သင်းသင်း ထိခိုက်ဒဏ်ရာရသွားခဲ့လျှင် သူတို့ ကျေနပ်စေရန်အတွက် အရင်းအမြစ် အမြောက်အမြား ပေးဆောင်ရပေလိမ့်မည်။ အပြစ်အားလုံးမှာ သူ၏အပေါ်သို့သာ ကျရောက်လာမည် မဟုတ်လော။

​အင်အားအနည်းဆုံးသော ကမ္ဘာကပင် သူတို့၏ အသင်းမှာ ကြယ်တာရာ အင်ပါယာကြောင့် ထိခိုက်ခဲ့ရသဖြင့်သာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်ဟု အကြောင်းပြကာ ဧကရာဇ်မုန့်ကို လျော်ကြေးတောင်းနိုင်ပေသည်။ ထိုအခါ သူသည် မည်သို့မျှ ပြန်လည် ချေပနိုင်မည် မဟုတ်ချေ။ သူကိုယ်တိုင်လည်း ထိုသူတို့၏ နေရာတွင် ရှိခဲ့လျှင် ဤကဲ့သို့ပင် လုပ်ဆောင်မည် ဖြစ်သောကြောင့် ထိုအရာများကို သူ ကောင်းကောင်း နားလည်နေခြင်း ဖြစ်၏။

​သူသည် အလွန်ပင် သတိကြီးစွာ ထားနေရပေသည်။ ထို့ကြောင့်ပင် သူသည် ဤကိစ္စများကို အင်ပါယာအတွင်းရှိ မျိုးနွယ်စုများနှင့် ဩဇာတိက္ကမ ရှိသူများအားလုံးနှင့် ဆွေးနွေးထားခြင်း ဖြစ်သည်။

​"ငါ လုပ်နိုင်သမျှ အားလုံး လုပ်ထားပြီးပြီ။ အခုတော့ အသင်းတွေ အန္တရာယ် မရှိနိုင်တော့ပါဘူး" နောက်ဆုံးအသင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ဧကရာဇ်မုန့်က ရေရွတ်လိုက်၏။

​ရောက်ရှိလာရန် ကိုးသင်း ကျန်နေသေးပေသည်။ သူသည် ကုတင်ပေါ်တွင် နံရံကို ကျောမှီထိုင်လိုက်ရင်း ကျန်သည့်အသင်းများမှာ ယခုပင် လာမလား သို့မဟုတ် ပြိုင်ပွဲနေ့ကျမှ ရောက်လာမလားဆိုသည်ကို တွေးတောနေမိ၏။

​"အသင်း တစ်ဆယ့်ကိုးသင်းထဲမှာ ငါ စိုးရိမ်ရတဲ့ အသင်းက ငါးသင်းပဲ ရှိတယ်။ အဲဒီအသင်းတွေ တစ်သင်းမှ မရောက်သေးဘူး။ သူတို့ကတော့ နောက်ဆုံးရက်ကျမှ ရောက်လာမယ်ဆိုတာ သေချာပါတယ်။ အားနည်းတဲ့ အသင်းတွေကတော့ သူတို့အတွက် တစ်ခုခု အသာစီးရမလားဆိုတာ ကြိုကြည့်ဖို့ စောစောရောက်လာကြတာပေါ့" သူက မျက်မှောင်ကြုတ်လျက် တွေးလိုက်မိသည်။

​"ဒီပုံစံအတိုင်းဆိုရင်တော့ ဒီနေ့မှာ နောက်ထပ် လေးသင်းလောက် ထပ်ရောက်လာဦးမှာပဲ"

​"ဟေ့... ဟို အသားစိမ်းစိမ်းနဲ့ လူကို ကြည့်စမ်း။ ဘယ်လောက်တောင် ရုပ်ဆိုးလိုက်သလဲ။ သူက တကယ်ရော လူသား ဟုတ်ရဲ့လား"

​"သူ့အသားကို ဆေးသုတ်ထားတာ ဖြစ်မှာပါ။ တချို့ အရူးတွေက သူတို့မျက်နှာကို ဆေးသုတ်တတ်ကြတယ်လေ။ သူကတော့ ပိုပြီး လွန်သွားတာ ဖြစ်မှာပေါ့"

​"မဟုတ်ဘူး... သူ့နောက်က လူကို ကြည့်ဦး။ ဟို မိန်းကလေးမှာ ကျားလက်သည်းတွေ ရှိနေတာ။ သူက သေချာပေါက် လူသား မဟုတ်ဘူး"

​"မင်းပြောတာ မှန်တယ်။ ဟိုလူ့လည်ပင်းကလည်း ဘယ်လောက်တောင် ရှည်လိုက်သလဲ။ လူသား တစ်ယောက် မဖြစ်နိုင်ဘူး။ သူတို့က ဘာတွေလဲဟ"

​သားရဲလူသားများသည် ကြယ်တာရာ အင်ပါယာ၏ လမ်းမများပေါ်တွင် လျှောက်လှမ်းနေကြစဉ် သူတို့ မည်သူမည်ဝါမှန်း မသိကြသော မြို့သူမြို့သားများ၏ အာရုံစိုက်ခြင်းကို ခံနေရပေသည်။

​သားရဲလူသားများ ဤကမ္ဘာမှ ထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာခဲ့ပြီ ဖြစ်သဖြင့် မည်သူမှ သူတို့ကို မမှတ်မိကြတော့ချေ။ လူတို့သည် သူတို့ကို သူတော်စင် သတ်ဖြတ်သူက မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် သူတို့၏ ကိုယ်ပိုင်ကမ္ဘာသို့ မည်သို့ ထွက်ပြေးခဲ့ကြရကြောင်း ပုံပြင်များအဖြစ်သာ သိကြပေသည်။ ထိုပုံပြင်ထဲက လူသားမျိုးနွယ်များနှင့် ယခုမြင်နေရသူများမှာ တစ်မျိုးနွယ်တည်း ဖြစ်ကြောင်းကိုမူ သူတို့ မရိပ်မိကြချေ။

​"ကြည့်စမ်း... တပ်မတော်က ဆရာကြီးဖူက သူတို့နဲ့အတူ လမ်းလျှောက်နေတာ။ သူတို့က အရှင်မင်းကြီးရဲ့ ဧည့်သည်တော်တွေ ဖြစ်ရမယ်"

​"နေဦး... အဲဒါက ငါ့ကို တစ်ခု သတိရစေတယ်။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက သားရဲလူသားမျိုးနွယ်ဆိုတာ ရှိခဲ့ဖူးတယ်။ သူတို့က ငါတို့ အင်ပါယာရဲ့ မိတ်ဆွေတွေပဲလေ။ အခု သူတို့တွေ ပြန်ရောက်လာတာလား"

​"ဟမ့်... မင်းတို့က ဘာကို စိုက်ကြည့်နေကြတာလဲ။ သေချင်လို့လား" လည်ပင်းရှည်သော အမျိုးသားက သူတို့ကို ဆပ်ကပ်ပွဲ ကြည့်သလို ကြည့်နေကြသော လူများကို ငေါက်ငမ်းလိုက်၏။ သူသည် ဤကဲ့သို့သော ခံစားချက်မျိုးကို အလွန် မုန်းတီးပေသည်။

​ဤလူငယ်သုံးဦးမှာ သားရဲအင်ပါယာတွင် အထင်ရှားဆုံးသော လူငယ်များ ဖြစ်ကြ၏။ သူတို့၏ အင်ပါယာတွင် လူအများကြား လှည့်လည်သည့်အခါတိုင်း မနာလိုမှုနှင့် အားကျမှု အကြည့်များကိုသာ ရရှိခဲ့ကြသော်လည်း ယနေ့တွင်မူ မတူညီသော အကြည့်များကိုသာ မြင်တွေ့နေရပေသည်။ သူတို့ကိုယ်သူတို့ လူရွှင်တော်များကဲ့သို့ ခံစားနေရ၏။

​မြို့သူမြို့သားများက တိုးတိုးလေး ပြောနေကြသော်လည်း ဤလူများမှာမူ ထိုစကားများကို ကောင်းကောင်း ကြားနေရပေသည်။

​လည်ပင်းရှည် အမျိုးသား၏ အော်ဟစ်လိုက်သံကြောင့် မြို့သူမြို့သားများမှာ ပါးစပ်ပိတ်သွားကြ၏။ သူတို့သည် ထိုထူးဆန်းသော လူများကို အံ့ဩနေကြသော်လည်း တပ်မတော်က သူတို့နှင့်အတူ လိုက်ပါလာသည်ကို မြင်သောအခါ မစော်ကားဝံ့ကြတော့ချေ။

​အကယ်၍ ထိုသူများသည် တကယ်ပင် ဧည့်သည်တော်များ ဖြစ်နေခဲ့လျှင် ဧည့်သည်တော်များကို ပြောင်လှောင်မှုဖြင့် ဖမ်းဆီးခံရနိုင်ပေသည်။ အထူးသဖြင့် ထိုဧည့်သည်များ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များကို မြင်လိုက်ရသောအခါ မည်သူမှ အလွန်အကျွံ မလုပ်ဝံ့ကြတော့ချေ။

​မြို့သူမြို့သားများ ပါးစပ်ပိတ်သွားကြသော်လည်း အခြားအဖွဲ့တစ်ခုနှင့် လိုက်ပါလာသော ဆံပင်နီနှင့် အမျိုးသားတစ်ဦးကမူ ရယ်မောလိုက်လေသည်။ သူ၏ ရယ်သံမှာ သာယာသော်လည်း ထိုအခြေအနေကို လှောင်ပြောင်သည့် အရသာ ပါဝင်နေ၏။

​"ဟားဟားဟား... မင်းတို့က ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ။ လူတွေက ကြည့်တာ ဘာဖြစ်လို့လဲ။ မင်းတို့ကမှ ဒီလောက် ထူးထူးဆန်းဆန်း ဖြစ်နေတာကိုး။ ငါတို့ ကမ္ဘာမှာဆိုရင်လည်း လူတွေက ဒီလိုပဲ ကြည့်ကြမှာပဲ။ မင်းတို့ ဒီလို ရုပ်ပေါက်နေတာကိုပဲ မင်းတို့ကိုယ်တိုင် ပြန်အပြစ်တင်ကြစမ်းပါ"

​ထိုအမျိုးသားမှာ လျှပ်စီးကမ္ဘာက ရှီးယားအင်ပါယာမှ ဖြစ်၏။ သူသည်လည်း အဆင့်သတ်မှတ်ပွဲတွင် ပါဝင်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။

​လျှပ်စီးကမ္ဘာနှင့် သားရဲကမ္ဘာမှာ မိတ်ဆွေများ မဟုတ်ကြကြောင်းမှာ လူသိရှင်ကြား အချက်အလက်ပင် ဖြစ်၏။ ကမ္ဘာနှစ်ခုလုံး၏ ခေါင်းဆောင်များသည် တစ်ဦးနှင့်တစ်ဦး အလွန် မုန်းတီးကြပေသည်။

ယင်းသည် သူတို့ကြားက သမိုင်းကြောင်းများ ကြောင့်ပင်။

​သားရဲလူသားမျိုးနွယ်များသည် ယခင်က လျှပ်စီးကမ္ဘာတွင် နေထိုင်ခဲ့ကြဖူးပေမည့် အကျိုးစီးပွား ပဋိပက္ခတွေကြောင့် သားရဲလူသားများနှင့် ကျန်နေခဲ့သူများကြား၌ စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။

​စစ်ရှုံးပြီးတဲ့နောက်မှာ သားရဲလူသားများသည် လျှပ်စီးကမ္ဘာက ထွက်ခွာသွားဖို့ သို့မဟုတ် အမြစ်ပြတ် သုတ်သင်ခံရဖို့ ဆိုသော ရွေးချယ်မှုနဲ့ ရင်ဆိုင်ခဲ့ရသည်။

​သားရဲလူသာများသညါ ထိုအရှက်ရမှုကို အံကြိတ်ခံစားရင်း ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သားရဲလူသား အမြောက်အမြားဟာ လျှပ်စီးကမ္ဘာမှ ထွက်လာခဲ့ကြပြီး လျှပ်စီးကမ္ဘာနှင့် ဤကမ္ဘာကို ဆက်သွယ်ထားသည့် ဝင်ပေါက်ကို သုံးပြီး ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

​ကြယ်တာရာ အင်ပါယာ၏ ဧကရာဇ်ကမူ သူတို့ကို ပြဿနာ မရှာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကြယ်တာရာ အင်ပါယာနှင့် လျှပ်စီးကမ္ဘာကြားက အရင်းအမြစ် ဖလှယ်မှုများအပေါ် အခြေခံပြီး ထိုကဲ့သို့ နွယ်စုနှစ်ခုကြား၌ ခိုင်မာသော ချစ်ကြည်ရေးက ရှိပြီးသားပင် ဖြစ်သောကြောင့် ဖြစ်သည်။

All Chapters