← Chapters

အခန်း (၃၅၄)

Vol. 36 Ch. 354

အခန်း (၃၅၄)

Vol. 36 Ch. 354

အခန်း။ ၃၅၄

ရွှီရန်၏ အကြည့်များမှာ စူးရှသွားပြီး "ပြဿနာမရှိပါဘူး။ ခဏလောက်ပဲ တောင့်ခံထားပေးပါ။ ကျွန်တော် ဒါကို ဖြေရှင်းနိုင်ပါတယ်" ဟု ပြောလိုက်သည်။

ယဲ့ဖျင်မှာ အံ့ဩသွားရပြီး "ဟင်... မင်း ဒီလောက်တောင် ယုံကြည်မှုရှိနေတာလား" ဟု မေးမိသည်။

ရွှီရန်က "ယုံကြည်မှုရှိကို ရှိရမှာပေါ့။ ကျွန်တော် အားလုံးကို ရှင်းပစ်ပါ့မယ် စိတ်မပူပါနဲ့" ဟု ပြတ်သားစွာ ပြောလိုက်သည်။

ယဲ့ဖျင်က "ဒါဆိုလည်း သွားကြစို့။ အချိန်တစ်စက္ကန့်တောင် အလဟဿ အဖြစ်မခံနိုင်ဘူး" ဟု ပြောရာ ရွှီရန်ကလည်း "ဟုတ်ကဲ့ ကျွန်တော်တို့ တကယ်ပဲ အချိန်နဲ့ အပြိုင် ပြေးရပါလိမ့်မယ်" ဟု ခေါင်းညိတ် ထောက်ခံသည်။

ထို့နောက် သူသည် သူ၏ အဖွဲ့သားများကို ကြည့်ကာ "နင်တို့တွေ တခြားနည်းပြနဲ့အတူ စစ်မြေပြင်ကို သွားကြပါ။ မှတ်ထားရမှာက မဆင်မခြင် မလုပ်ဖို့ပဲ။ အဓိက ပန်းတိုင်က ရန်သူကို သုတ်သင်ဖို့ ဖြစ်ပြီး ဗျူဟာမြောက် ဆုတ်ခွာတာကလည်း ရန်သူကို ပြန်သတ်နိုင်ဖို့အတွက်ပဲဆိုတာ မမေ့နဲ့" ဟု မှာကြားလိုက်သည်။

ကျားမလေးက လေးနက်သော မျက်နှာထားဖြင့် "စိတ်ချပါ အစ်ကို ကျွန်မတို့ သတိထားပါ့မယ်" ဟု ပြန်ဖြေသည်။

ထိုစကားကို ကြားပြီးနောက် ရွှီရန်သည် အာရုံကို စုစည်းလိုက်ကာ ယဲ့ဖျင်နှင့်အတူ ဧရာမဝင်ပေါက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

သူတို့၏ မိခင်ဖြစ်သူက အနောက်မှ လှမ်း၍ အော်ဟစ်ကာ ပြောဆို လိုက်သည်။

"ဒီကောင်လေးကတော့လေ... ဂုဏ်ပြုစားသောက်ပွဲတောင် မပြီးသေးဘူး။ ထွက်သွားပြန်ပြီ..."

"အောင်ပွဲနဲ့အတူ မဖြစ်မနေ ပြန်လာခဲ့ရမယ်နော်"

ရွှီရန်က လက်ဟန်ခြေဟန်ဖြင့် "အောင်နိုင်မှာ သေချာပါတယ်။ နောက်ထပ် ဂုဏ်ပြုစားသောက်ပွဲအတွက်သာ ပြင်ထားလိုက်ပါ" ဟု ပြန်အချက်ပြခဲ့သည်။

သူ့မိခင်မှာ "..."

သူမ တစ်ခုခု ဆက်ပြောချင်သေးသော်လည်း သွေးစွမ်းအင်တန်ဖိုး သုံးသန်းအထိ ရှိနေသော ရွှီရန်သည် ထစ်ချုန်းမိုးကြိုး အရှိန်အဟုန်အတတ်ကို အသုံးပြုကာ တိမ်တိုက်များကြားထဲသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယဲ့ဖျင်က "ဒီကောင်လေး... မင်း ပိုပြီး မြန်လာတာပဲ" ဟု အံ့ဩတကြီး ပြောလိုက်သည်။

ရွှီရန်က ခပ်ဖွဖွ ပြုံးရင်း "ကျွန်တော့်ရဲ့ သွေးစွမ်းအင်တန်ဖိုးက အခုဆိုရင် ၃ ဒသမ ၀၄ သန်းအထိ ရောက်နေပြီလေ" ဟု ပြောလိုက်သည်။

ယဲ့ဖျင်က ခေါင်းခါရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

"ညစ်ညမ်းနယ်မြေထဲမှာ မင်းရခဲ့တဲ့ အခွင့်အရေးတွေက တကယ့်ကို များပြားလွန်းတယ်။ ကြောက်စရာတောင် ကောင်းတယ်"

"တကယ်လို့ ဒီလိုအခွင့်အရေးမျိုးကိုသာ တခြားသူတွေအတွက်ပါ ပုံတူကူးယူလို့ ရမယ်ဆိုရင်..."

ရွှီရန်က ပုခုံးတွန့်လိုက်ကာ "ဘယ်သူသိမှာလဲဗျာ။ တစ်ခြားကမ္ဘာဂြိုလ်ပေါ်မှာ သစ်သားနှလုံးသားတွေ အများကြီး ရှိနေနိုင်တယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါပေမဲ့ တစ်ယောက်တည်း သွားဖို့ကတော့ ဘယ်သူမှ သတ္တိရှိမှာ မဟုတ်ဘူး"

အင်အားကြီးသူတစ်ဦး၏ အလိုလိုသိစိတ်အရ ဤအဆင့်တွင် သူသည် တစ်ခြားကမ္ဘာဂြိုလ်သို့ လုံးဝ မသွားသင့်သေးကြောင်း သိနေသည်။ ၎င်းက အလွန်ပင် အန္တရာယ်များသည်။

သို့သော်လည်း ရွှီရန်တွင် သွားရောက်ရမည့် အခြားသော ပန်းတိုင်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ အပြာရောင်ဝတ်စုံနှင့် မိန်းကလေး ပြောပြခဲ့သော ရှေးဟောင်းယဉ်ကျေးမှု လျှို့ဝှက်နယ်မြေပင်။ ထိုနေရာတွင်လည်း အလားတူ အခွင့်အရေးမျိုးများ ရှိနေနိုင်သည်။

ခြုံငုံကြည့်ရလျှင် ကမ္ဘာကြီးမှာ ကျယ်ပြောလှပြီး သွားစရာ နေရာများစွာ ရှိနေခြင်းပင်။

...

ရွှီရန်နှင့် ယဲ့ဖျင်တို့သည် တစ်ခြားကမ္ဘာစစ်မြေပြင်သို့ အပြင်းအထန် အပြေးနှင်နေကြစဉ်

အခြားတစ်ဖက်တွင်မူ ကောင်းကင်အထွတ်အထိပ် နန်းဆောင်ရှိ အစည်းအဝေးခန်းမအတွင်း၌ ဘဏ်လုပ်ငန်းရှင်၊ ကောင်းကင်လက်မှုပညာရှင်၊ ရေမှတ်တမ်းပညာရှင်၊ အစိုးရအဖွဲ့ဝင်နှင့် ဗေဒင်ပညာရှင်တို့သည် ဘေးကင်းဇုန်မှ အရေးပေါ် ပေးပို့လာသော အစီရင်ခံစာများကို ကြည့်ရှုရင်း မျက်မှောင်ကြုတ်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်ကာ ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။

ယခုကဲ့သို့ အစွန်းရောက်သော ဆူပူအုံကြွမှုမျိုးကို သူတို့တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။

သလင်းသားရဲဂြိုလ် ဖြစ်စေ၊ နာကျည်းမှုသားရဲဂြိုလ် ဖြစ်စေ၊ ယခင်က ဤမျှအထိ ပြင်းထန်သော တိုက်ခိုက်မှုမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။ အကြောင်းမှာ ထိုသို့လုပ်ရန် မလိုအပ်သောကြောင့်ပင်။ ယခုတိုက်ခိုက်မှု၏ ဆယ်ပုံတစ်ပုံ အင်အားလောက်နှင့်ပင် ဘေးကင်းဇုန်ကို ဖျက်ဆီးပစ်ရန် လုံလောက်နေခဲ့ပြီးသား ဖြစ်သည်။

ရွှီရန်၏ အစွမ်းမြှင့်တင်မှုများကြောင့် မဟာကရုဏာအင်းကွက်များက မိစ္ဆာများကို ခုခံနှိမ်နင်းပေးနေသည်ဆိုသော်လည်း ယခင်ထက် ဆယ်ဆမျှ ပိုမိုပြင်းထန်လာသော အခြေအနေကြောင့် ကြီးမားသော ပေးဆပ်မှုများ ရှိလာနိုင်သည်။

လူသားများအနေဖြင့် အင်အားစုဆောင်းရန် အချိန်လိုအပ်နေဆဲပင်။ တစ်ခြားကမ္ဘာဂြိုလ်က လူသားများကို အချိန်ထပ်မပေးချင်တော့ပုံပင်။

မိန်းကလေးငယ်ဖြစ်သည့် ကောင်းကင်လက်မှုပညာရှင်က "တစ်ခြားကမ္ဘာစစ်မြေပြင်ရဲ့ အခြေအနေက တကယ့်ကို ရင်လေးစရာပဲ။ လူသားတွေအနေနဲ့ ဒီလောက်အထိ ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနိုင်ပါ့မလား" ဟု စိုးရိမ်တကြီး မေးမြန်းသည်။

ရေမှတ်တမ်းပညာရှင်က သက်ပြင်းချလိုက်ရင်း "အရမ်းကို အခြေအနေဆိုးတယ်။ နတ်ဘုရားသတ်အဖွဲ့ အတော်များများလည်း ပိတ်မိနေကြတယ်။ အကယ်၍ ငါတို့သာ စစ်ကူမသွားရင် သူတို့အားလုံး အသုတ်လိုက် အပြတ်လိုက် ချေမှုန်းခံရနိုင်တယ်" ဟု ပြောလိုက်သည်။

ဗေဒင်ပညာရှင်က "နတ်ဘုရားသတ်အဖွဲ့တွေ စစ်ကူသွားနေကြပြီပဲ။ အဖွဲ့တချို့ကိုတော့ ကယ်နိုင်ပါလိမ့်မယ်" ဟု ဝင်ပြောသည်။

အစိုးရအဖွဲ့ဝင်က မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေပြီး "ဒီလုပ်ရပ်က အရမ်းကို အန္တရာယ်များလွန်းတယ်။ တကယ်လို့ သူတို့ကို မကယ်နိုင်ဘဲ တခြား နတ်ဘုရားသတ်အဖွဲ့တွေပါ ထပ်ပြီး ပိတ်မိသွားရင် ဘယ်လိုလုပ်မလဲ နတ်ဘုရားသတ်အဖွဲ့ တစ်ခုချင်းစီကို ပျိုးထောင်ဖို့ဆိုတာ မလွယ်ကူဘူး။ ငါတို့ရဲ့ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားက သူတို့အပေါ်မှာပဲ အလုံးစုံ တည်မှီနေတာလေ" ဟု သတိပေးလိုက်သည်။

အမြဲတမ်း တည်ငြိမ်အေးစက်နေသော ဘဏ်လုပ်ငန်းရှင်ကမူ "အရေးကြီးတဲ့ အချိန်ရောက်ရင် အားလုံးကို ဆုတ်ခွာခိုင်းလိုက်ပါ။ ဘေးကင်းဇုန်ကို စွန့်လွှတ်လိုက်ပြီး နောက်တစ်လမှာ အသစ်ပြန်တည်ဆောက်မယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

အားလုံးက ထိတ်လန့်သွားပြီး သူ့ကို လှည့်ကြည့်လိုက်ကြသည်။

"ဘဏ်လုပ်ငန်းရှင်... မင်းက..."

ဘေးကင်းဇုန် ကိုးခုစလုံးကို အသစ်ပြန်တည်ဆောက်ရန် လိုအပ်သော အရင်းအမြစ်နှင့် ဓနဥစ္စာများမှာ မနည်းလှပေ။ ဘဏ်လုပ်ငန်းရှင်၏ ယခုရွေးချယ်မှုမှာ ကြီးမားသော ရင်းနှီးပေးဆပ်မှု ဖြစ်လာပေလိမ့်မည်။

ဘဏ်လုပ်ငန်းရှင်က သူ၏ ရွှေရောင်မျက်မှန်ကို ပင့်လိုက်ရင်း "လူသားတွေ ရှိနေဖို့က အဓိကပဲ" ဟု ပြောလိုက်သည်။

အစိုးရအဖွဲ့ဝင်ကလည်း အလွန်ပင် သဘောတူညီလှသည်။

"ဘဏ်လုပ်ငန်းရှင် ပြောတာမှန်တယ်။ ကံကောင်းတာက နတ်ဘုရားတစ်ပိုင်း အကယ်ဒမီက ကျောင်းသားတွေရဲ့ လက်တွေ့လေ့ကျင့်ရေးက မိစ္ဆာလှိုင်းတွေ မလာခင်လေးမှာတင် ပြီးသွားခဲ့တာ။ မဟုတ်ရင် ဆုံးရှုံးမှုတွေက ဒီထက်မက ပြင်းထန်နိုင်တယ်"

နတ်ဘုရားတစ်ပိုင်း အကယ်ဒမီမှ ပါရမီရှင်များသည် လူသားမျိုးနွယ်၏ အနာဂတ်နှင့် မျှော်လင့်ချက်များ ဖြစ်သဖြင့် သူတို့ကို အန္တရာယ်အဖြစ်မခံနိုင်ပေ။

ဘဏ်လုပ်ငန်းရှင်က စဉ်းစားဟန်ဖြင့် "ဒါနဲ့... ဟိုကောင်လေး ရွှီရန်ကော သူ တိုက်ပွဲဝင်ရမယ်။ အခုဆိုရင် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းနေပြီပဲ။ ဘေးကင်းဇုန် တစ်ခုလောက်ကိုတော့ သူ နှိမ်နင်းနိုင်မှာပါ" ဟု ပြောသည်။

အစိုးရအဖွဲ့ဝင်က ဆက်သွယ်ရေးစက်ကို ကြည့်လိုက်ပြီး "ယဲ့ဖျင်က သတင်းပို့ထားတယ်။ သူနဲ့ ရွှီရန်က စစ်မြေပြင်ကို ဦးတည်နေကြပြီတဲ့။ ရွှီရန်ကတော့ ငါတို့ကို ခုခံရေးအပေါ်မှာပဲ အာရုံစိုက်ဖို့၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ထားဖို့နဲ့ ဒီအစွန်းရောက် မိစ္ဆာလှိုင်းတွေကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောထားတယ်"

ဘဏ်လုပ်ငန်းရှင်က မျက်ခုံးပင့်လိုက်ရင်း "ဒီလောက်တောင် ယုံကြည်မှုရှိတာလား ဘေးကင်းဇုန် ကိုးခုစလုံးကို သူတစ်ယောက်တည်း ကိုင်တွယ်မလို့လား"

ကောင်းကင်လက်မှုပညာရှင်က ခပ်ဖွဖွရယ်မောကာ "အဲဒါပေါ့... သူက သဲကန္တာရ ကပ်ဘေးမိစ္ဆာကိုတောင် အနိုင်ယူနိုင်ခဲ့တာဆိုတော့ ယုံကြည်မှုရှိတာ မဆန်းပါဘူး" ဟု ပြောလိုက်သည်။

ဗေဒင်ပညာရှင်ကမူ "ငါတို့ သူ့အပေါ်မှာပဲ အားလုံးကို ပုံအောထားလို့ မရဘူး။ စစ်နတ်ဘုရားကို နိုးထခိုင်းလိုက်ရအောင်... စစ်နတ်ဘုရားက ဘေးကင်းဇုန် တစ်ခုကို နှိမ်နင်းနိုင်မှာပါ။ ငါကိုယ်တိုင်လည်း တစ်ခုကို သွားပြီး ထိန်းချုပ်ပေးမယ်"

ဗေဒင်ပညာရှင်က ခေါင်းညိတ်ကာ ဆက်လက်စီစဉ်လိုက်သည်။

"ဒါဆိုရင် ထိပ်တန်းအဆင့်သတ်မှတ်ချက်ရှိတဲ့ နတ်ဘုရားသတ်အဖွဲ့ ၁၀ ဖွဲ့ကို ကျန်တဲ့ ဘေးကင်းဇုန် ခြောက်ခုမှာ နေရာချထားမယ်။ ရွှီရန်ရဲ့ မဟာကရုဏာအင်းကွက်ကို အခြေခံပြီး ခုခံစစ် တိုက်ခိုက်ကြတာပေါ့။ ခုခံဖို့ မဖြစ်နိုင်တော့ရင်တော့ ဆုတ်ခွာကြရမယ်"

ဗေဒင်ပညာရှင်က ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူကိုယ်တိုင် ပါဝင်လှုပ်ရှားရန်အတွက် ပေးဆပ်မှုအချို့ ရှိလာပေလိမ့်မည်။

ရေမှတ်တမ်းပညာရှင်က ထိတ်လန့်သွားပြီး "ဗေဒင်ပညာရှင်... မင်း တကယ်ပဲ သွားမှာလား..." ဟု မေးသည်။

ဗေဒင်ပညာရှင်: "ဟွာရှအတွက် အချိန်ဆွဲပေးနိုင်ဖို့ ငါ ပေးဆပ်မှုတစ်ခုခု လုပ်ရလိမ့်မယ်"

ကောင်းကင်လက်မှုပညာရှင်: "ကျွန်မလည်း ဘေးကင်းဇုန် တစ်ခုကို သွားပြီး နှိမ်နင်းပေးနိုင်ပါတယ်"

ဗေဒင်ပညာရှင်က ခေါင်းခါပြလိုက်ရင်း "ကောင်းကင်လက်မှုပညာရှင်... မင်း မသွားတာ အကောင်းဆုံးပဲ။ လက်နက်တွေကို ဆက်ပြီး တီထွင်နေပါ။ မင်းရဲ့ လက်နက်တွေကို အမြောက်အမြား ထုတ်လုပ်ပေးနိုင်တာက အကြီးမားဆုံး အကူအညီပဲ။ မင်း စစ်မြေပြင်ကို မသွားသင့်ဘူး"

"ဒါပေမဲ့..."

"ဒါပေမဲ့ဆိုတာ မရှိဘူး။ အနောက်တန်းမှာပဲ နေပါ။ ရွှီရန်မှာသာ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားနဲ့ ထူးကဲတဲ့ ရှင်သန်နိုင်စွမ်းတွေ မရှိရင် ကောင်းကင်အထွတ်အထိပ် နန်းဆောင်က သူ့ကိုလည်း ရှေ့တန်းလွှတ်မှာ မဟုတ်ဘူး။ အရာအားလုံးက အများအကျိုးအတွက်ပဲ"

All Chapters