အခန်း (၃၅၆)
Vol. 36 Ch. 356
အခန်း။ ၃၅၆
ရွှီရန်က ဝေဟင်ထက်တွင် တည်ငြိမ်စွာ ရပ်တန့်နေရင်း ပြုံးလိုက်သည်။
"ဒါကတော့ ရက်စက်ကြမ်းကြုတ်မှာပေါ့၊ အံ့ဖွယ်အရိုးရဲ့ အစွမ်းပဲလေ"
ယဲ့ဖျင်က အလေးအနက်ထား၍ သတိပေးလိုက်သည်။
"ဒါတောင်မှ မင်း သတိထားရမယ်နော်။ နတ်ဘုရားအဆင့် သတ္တဝါတွေ ချောင်းမြောင်းနေနိုင်တယ်... နတ်ဘုရားအဆင့်တွေ..."
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း "ဒါက ပိုတောင် အဆင်ပြေသေးတာပေါ့ မဟုတ်ဘူးလား"
သွေးစွမ်းအင်တန်ဖိုး သန်း ၂၀ အောက်မှာရှိတဲ့ နတ်ဘုရားအဆင့် သတ္တဝါတွေဆိုတာ ငါ့အတွက်တော့ လမ်းလျှောက်နေတဲ့ ရွှေရောင်သွေးတွေပဲ။
တကယ်လို့ သန်း ၃၀ အထက် ရောက်သွားမယ်ဆိုရင်တော့ သွေးဆာသော နတ်မင်းအရိုးစုကို အသုံးပြုရုံသာ ရှိတော့သည်။
ထိုသို့ တွေးတောနေရင်း ရွှီရန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး "အပြင်ဘက်မှာ ပိတ်မိနေတဲ့ နတ်ဘုရားသတ်အဖွဲ့ ရှိတယ် မဟုတ်ဘူးလား"
ယဲ့ဖျင်က ခေါင်းညိတ်ပြသည် "ဟုတ်တယ်။ သတ္တမမြောက် ဘေးကင်းဇုန်ရဲ့ အပြင်ဘက်မှာ နတ်ဘုရားသတ်အဖွဲ့ နှစ်ဖွဲ့ ပိတ်မိနေတယ်..."
"ဒါဆို အဲဒီကို တိုက်ရိုက် သွားကြရအောင်"
ရွှီရန်က အရှိန်မြှင့်လိုက်သည်။ သူ၏အသံမှာ စစ်မြေပြင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
"ငါက အံ့ဖွယ် နတ်ဘုရားသတ်အဖွဲ့ရဲ့ အသင်းခေါင်းဆောင် ရွှီရန်ပဲ။ မိစ္ဆာလှိုင်းတွေကို ငါ တားဆီးထားပြီးပြီ။ အခု လူတိုင်း ဘေးကင်းဇုန်ရဲ့ တတိယခံစစ်စည်းကို နောက်ဆုတ်ကြပါ။ အကြွင်းမဲ့ အသာစီးရအောင် အရင်လုပ်ပြီးမှ မိစ္ဆာတွေကို ပြန်တိုက်ကြမယ်"
"တပ်မှူးအားလုံး သတိပြုဖို့က တိုက်ပွဲတိုင်းမှာ အသေအပျောက် အနည်းဆုံးဖြစ်အောင် လုပ်ဖို့က အဓိကပဲ"
"ဒါ... ဒါ ရွှီရန်ပဲ"
"နတ်ဘုရားသတ်အဖွဲ့ရဲ့ မျိုးဆက်သစ် ခေါင်းဆောင်လေး..."
"ဒါပေမဲ့ သူက ဒီလောက်အထိ တောင် သန်မာတာလား"
"ဓားတစ်ချက် ပိုင်းလိုက်ရုံနဲ့ မိစ္ဆာသောင်းချီကို သတ်နိုင်တယ်တဲ့လား..."
စစ်သည်တော်များမှာ အံ့အားသင့်ကာ ထိတ်လန့်မှုကို မထိန်းနိုင်ကြတော့ပေ။ စစ်မြေပြင်မှာ ရှိနေသူတိုင်း၏ စိတ်ထဲတွင် ရွှီရန်၏ ပုံရိပ်မှာ စွဲထင်နေပြီးသား ဖြစ်သော်လည်း ယခုကဲ့သို့ ဓားတစ်ချက် ဆွဲလိုက်ရုံဖြင့် စစ်မြေပြင်၏ တစ်စိတ်တစ်ပိုင်းကို ရှင်းလင်းပစ်နိုင်သည်ကို မြင်တွေ့ရသည့်အခါ အသက်ရှူပင် မှားသွားကြရသည်။
တကယ့်ကို သန်မာလွန်းတယ်။ ကြောက်စိတ်ကြောင့် ကြက်သီးတွေတောင် ထလာသလိုပဲ။
ဒါက နတ်ဘုရားအဆင့် တိုက်ပွဲဝင်စွမ်းအား ရောက်နေပြီလား။ သူက ဒီမျိုးဆက်ရဲ့ ပါရမီရှင် လူငယ်လေးပဲ ရှိသေးတာကို တကယ့်ကို ကြောက်စရာကောင်းတယ်။
စစ်သည်တော်များသည် ထိုပုံရိပ်ကို ကျေးဇူးတင်စွာဖြင့် လှမ်းကြည့်နေကြသည်။ နောက်တစ်စက္ကန့်တွင် ရွှီရန်သည် ဝေဟင်ထက်တွင် ရပ်တန့်လိုက်ပြီး ရွှေရောင်အဆောင်ပေါင်း ၃၀၀၀ ကျော်မှာ ကောင်းကင်ယံမှ ကျဆင်းလာကာ လူတိုင်း၏ လက်ထဲသို့ တိတိကျကျ ရောက်ရှိသွားတော့သည်။
ဝိညာဉ်အားဖြည့်အဆောင်ငယ်၊ လျင်မြန်ခြင်းအဆောင်ငယ်၊ ကုသခြင်းအဆောင်ငယ်၊ စွမ်းအင်ပြန်ဖြည့်အဆောင်ငယ်၊ စိန်လက်နက်အဆောင်ငယ်...
"ဒီအဆောင်တွေက နင်တို့ရဲ့ သွေးစွမ်းအင်နဲ့ ဝိညာဉ်ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်သလို အရှိန်ကိုလည်း မြှင့်တင်ပေးလိမ့်မယ်။ နှစ်ခုထပ်ပြီး သုံးရင် စွမ်းဆောင်ရည်ကို ၁၀၀ ရာခိုင်နှုန်းကျော်အထိ မြှင့်တင်ပေးနိုင်တယ်..."
"ဒီအဆောင်တွေနဲ့ဆိုရင် မိစ္ဆာလှိုင်းတွေကို ပိုပြီး လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်လိမ့်မယ်။ ဒါ့အပြင် နင်တို့ဆီမှာ ငါကပ်ပေးထားတဲ့ သန့်စင်ခြင်းအဆောင်ငယ်က တစ်ခြားကမ္ဘာစစ်မြေပြင်ရဲ့ ညစ်ညမ်းမှုတွေ မကူးစက်အောင် ကာကွယ်ပေးလိမ့်မယ်"
"ဒီအဆောင်တွေကြောင့် နင်တို့ရဲ့ တိုက်ပွဲဝင်စွမ်းအားနဲ့ ရှင်သန်နိုင်စွမ်းက အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်။ အစွမ်းကုန် တိုက်ကြပါ"
ပြောပြီးသည်နှင့် ရွှီရန်သည် တိမ်တိုက်များပေါ်သို့ ခုန်တက်ကာ နတ်ဘုရားသတ်အဖွဲ့များ ပိတ်မိနေသော စစ်မြေပြင်ဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။
မူလစစ်မြေပြင်တွင်မူ အဓိက အဆောင်သုံးမျိုးကို ကိုင်ဆောင်ထားသော စစ်သည်တော်များသည် စောစောက မာန်တက်နေသည့် မိစ္ဆာများကို စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်စိရှေ့တင် ရဲဘော်ရဲဘက်များ သေဆုံးသွားသည့် မြင်ကွင်းက စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။ အခုတော့ စစ်သည်တော်များသည် ထိုမိစ္ဆာများကို အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်ချင်နေကြ၏။
"တပ်မှူးရွှီရဲ့ အဆောင်သုံးမျိုးနဲ့မှ ခံစစ်ကို မထိန်းနိုင်ရင် ငါတို့က အသုံးမကျတဲ့သူတွေပဲ"
"လာစမ်း... ဒီတိရစ္ဆာန်တွေကို ငါတို့ရဲ့ ဒေါသကို မြည်းစမ်းခိုင်းလိုက်ကြစို့"
ထို့နောက် စစ်သည်တော်အားလုံးသည် အဆောင်နှစ်ခုစီကို ခန္ဓာကိုယ်၌ ကပ်လိုက်ကြသည်။ ချက်ချင်းပင် လူသားကျင့်ကြံသူများ၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာပြီး သွေးစွမ်းအင်များမှာလည်း အလွန်မြန်သော အရှိန်ဖြင့် ပြန်လည်ပြည့်တင်းလာတော့သည်။
သန့်စင်ခြင်းအာနိသင်ကလည်း ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော ညစ်ညမ်းမှုများကို မောင်းထုတ်ပေးလိုက်သည်။
"သတင်းကြားထားတဲ့အတိုင်းပဲ။ အဆောင်သစ်တွေက နှစ်ခုထပ်သုံးလိုက်ရင် အစွမ်းက နှစ်ဆတောင် ပိုပြင်းထန်လာတာပဲ တကယ့်ကို ကောင်းလိုက်တာ"
"ရဲဘော်တို့... အခုဆိုရင် ငါတို့ အကန့်အသတ်မရှိ တိုက်လို့ရပြီ။ ဘေးကင်းဇုန်နဲ့ မဟာကရုဏာအင်းကွက်ရဲ့ ဖိနှိပ်မှုတွေအောက်မှာ ဒီလိုတိုက်ပွဲမျိုးကို ငါတို့ သေချာပေါက် ကြံ့ကြံ့ခံနိုင်ရမယ်"
"တိုက်ကြ ငါတို့ ဟွာရှသားတွေရဲ့ အစွမ်းကို ပြလိုက်ကြစို့"
"ဟွာရှရဲ့ သားသမီးတွေက ဘယ်တုန်းက တိုက်ပွဲကို ကြောက်ဖူးလို့လဲ"
စိတ်ဓာတ်များ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး ယွဲ့အဆင့် တိုက်ပွဲဝင်စွမ်းရည်ရှိသည့် အထူးအဖွဲ့ဝင်များနှင့် သွေးစွမ်းအင်တန်ဖိုး ယွဲ့အဆင့်ထက် ကျော်လွန်သူများက လူသားတံတိုင်းကြီးသဖွယ် ပြောင်းလဲကာ ဘေးကင်းဇုန်အတွင်း၌ အပြတ်အသတ် သုတ်သင်နေကြတော့သည်။
ဝိညာဉ်စွမ်းအင်နှင့် ညစ်ညမ်းမှုတို့မှာ အချင်းချင်း ပွတ်တိုက်မိနေကြသည်။
လူသားများနှင့် မိစ္ဆာများသည်လည်း အသည်းအသန် ထိပ်တိုက်ရင်ဆိုင်နေကြ၏။
သွေးစက်များမှာ အရပ်မျက်နှာအနှံ့ ပန်းထွက်နေသည် အချို့မှာ ကျင့်ကြံသူများ၏ သွေးဖြစ်သော်လည်း အများစုမှာ မိစ္ဆာများ၏ ညစ်ပတ်လှသော သွေးများသာ ဖြစ်သည်။
"စစ်ကူတွေ... ငါ့ရဲ့ အင်အားကို မြှင့်ပေးကြဦး အကာအကွယ်ဒိုင်းလည်း ပေးဦး။ ဒီတိရစ္ဆာန်တွေကို ငါ အပိုင်းပိုင်း ပိုင်းပစ်ချင်လို့"
အထူးအဖွဲ့ခေါင်းဆောင်တစ်ဦးက တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော မျက်ဝန်းများဖြင့် ဟိန်းဟောက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်မှ မှိန်ဖျော့ဖျော့ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
"ဒီကောင်လေးကတော့လေ... တပ်မှူးရွှီရဲ့ အဓိက အဆောင်သုံးမျိုးနဲ့ဆိုရင် အစွမ်းမြှင့်တင်မှု အာနိသင်က ဒီလောက်တောင် မြင့်တက်သွားတာလား"
ယခင်က အင်အားမြှင့်တင်မှုမှာ ၃၀ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ယခု ဝိညာဉ်အားဖြည့်အဆောင်ငယ်နှင့် သန့်စင်ခြင်းအဆောင်ငယ်တို့ကြောင့် မြှင့်တင်မှု အာနိသင်မှာ ၁၅၀ ရာခိုင်နှုန်းအထိ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ ငါးဆထက်မက ပိုမိုတိုးတက်လာခြင်းပင်။
"ဟားဟား"
"ဒါကြောင့်လည်း တပ်မှူးရွှီကို နတ်ဘုရားတစ်ပါးလို တင်စားကြတာပေါ့ မဟုတ်ဘူးလား"
"ငါ ကိုယ့်ကိုကိုယ် အောင်နိုင်သူတစ်ယောက်လို ခံစားနေရပြီ"
"ငါလည်း အတူတူပဲ တိရစ္ဆာန်တွေ... သေဖို့သာ ပြင်ထားကြတော့"
လျင်မြန်ခြင်းအဆောင်ငယ်၏ အာနိသင်ကြောင့် သူ၏အရှိန်မှာ ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး အခြားသော အထောက်အပံ့များနှင့် ပေါင်းစပ်လိုက်သည့်အခါ စုစုပေါင်း အရှိန်မြှင့်တင်မှုမှာ ၂၅၀ ရာခိုင်နှုန်းအထိ ကျော်လွန်သွားခဲ့သည်။
ဤအခြေအနေကြောင့် သူ၏အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် မိစ္ဆာ၏ အနောက်ဘက်သို့ ရောက်ရှိသွားတော့သည်။
"ဖောင်း"
မိစ္ဆာကြီးမှာ မည်သို့မျှ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် နှစ်ပိုင်းပြတ်သွားခဲ့ရသည်။
"တကယ့်ကို လန်းတယ်ဟေ့ တပ်မှူးရွှီရဲ့ အဆောင်တွေက တကယ့်ကို အစွမ်းထက်တာပဲ"
ယခုကဲ့သို့ စွမ်းအင်အပြည့်ဖြင့် ထိုးနှက်နိုင်ခြင်းမှာ ရှိသမျှ အင်အားအားလုံးကို အသုံးချနိုင်ခဲ့သောကြောင့်ပင်။ ယခင်က မိစ္ဆာတစ်ကောင်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် အဖွဲ့ငယ်တစ်ဖွဲ့ လိုအပ်ခဲ့သော်လည်း ယခုအခါတွင်မူ သူတစ်ဦးတည်းနှင့်ပင် တစ်ချက်တည်းဖြင့် အပြတ်အသတ် ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။
ထို့ပြင် ဝိညာဉ်အားဖြည့်အဆောင်ငယ်၏ ကောင်းချီးပေးမှုအောက်တွင် သူသည် မည်သည့် ပင်ပန်းနွမ်းနယ်မှုကိုမျှ ခံစားရခြင်း မရှိပေ။ သူသည် မိစ္ဆာအကောင် ၅၀၀ ခန့်ကို လွယ်လွယ်ကူကူပင် သုတ်သင်နိုင်စွမ်း ရှိနေ၏။
"ငါ တစ်နေ့မှာ ဒီလောက်အထိ အားရပါးရ တိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ညီအစ်ကိုတို့... ငါ့နားမှာပဲ ကပ်နေကြ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ ငါတို့ရဲ့ ဝတ်စုံနဲ့ လက်နက်တွေ အားလုံးကို ထိပ်တန်းအဆင့်တွေအထိ မြှင့်တင်နိုင်မလား ကြည့်ကြတာပေါ့ ဟားဟားဟား"
"ကောင်းပြီလေ... အစွမ်းကုန် တိုက်ကြတာပေါ့"
အလားတူ မြင်ကွင်းမျိုးမှာ သတ္တမမြောက် ဘေးကင်းဇုန်အတွင်း၌ အဆက်မပြတ် ပေါ်ပေါက်နေသည်။
အစွမ်းမြှင့်တင်မှု အမျိုးမျိုးအောက်တွင် လူတိုင်းမှာ တစ်ကျော့ပြန် မွေးဖွားလာသူများအလား ဖြစ်နေကြသည်။ သူတို့၏ တိုက်ပွဲဝင်စွမ်းအားများမှာ အဆမတန် မြင့်တက်လာသဖြင့် သူတို့အတွက်သာမက စစ်မြေပြင်တွင် ကျဆုံးသွားခဲ့ရသော ရဲဘော်ရဲဘက်များအတွက်ပါ အငြိုးတကြီးဖြင့် ပြန်လည် သုတ်သင်နေကြတော့သည်။