← Chapters

အခန်း (၃၅၇)

Vol. 36 Ch. 357

အခန်း (၃၅၇)

Vol. 36 Ch. 357

အခန်း။ ၃၅၇

နှစ်နာရီအတွင်းမှာတင် ဒီစစ်မြေပြင်ပေါ်က မိစ္ဆာအားလုံးကို အပြီးအပိုင် ရှင်းလင်းနိုင်ခဲ့သည်။

ပုံမှန်အခြေအနေမျိုးဆိုလျှင် မိစ္ဆာလှိုင်းလုံးကြီးများ မရှိသည့်တိုင်အောင် ဤမျှလောက်များပြားသော မိစ္ဆာများကို ရှင်းလင်းရန် နှစ်နာရီ မပြောနှင့် နာရီနှစ်ဆယ်အတွင်းမှာပင် မဖြစ်နိုင်သည့်ကိစ္စမျိုး ဖြစ်သည်။

တိုက်ပွဲပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း စစ်သည်တော်များမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွနေကြသည်။ သူတို့၏ လက်မောင်းများ အနည်းငယ် တုန်ယင်နေသော်လည်း ကြွက်သားများ အနည်းငယ် နာကျင်နေရုံမျှနှင့် သူတို့၏ တိုက်ပွဲဝင်စွမ်းရည်ကို လုံးဝ ထိခိုက်မှုမရှိပေ။

"ငါတို့... တကယ်ပဲ ဒီအစွန်းရောက် မိစ္ဆာလှိုင်းလုံးကြီးတွေကို တွန်းလှန်နိုင်ခဲ့တာလား"

"တပ်မှူးရွှီက ဓားတစ်ချက်တည်းနဲ့ မိစ္ဆာသောင်းချီကို သုတ်သင်လိုက်တယ်ဆိုပေမဲ့ ကျန်နေတဲ့အရေအတွက်ကလည်း အများကြီးပဲလေ။ ဒါတောင် ငါတို့တွေက မိစ္ဆာသုံးသောင်းလောက်ကို သတ်နိုင်ခဲ့တယ်"

"ကြောက်စရာကောင်းလိုက်တာ"

"ဒါက အဆောင်တွေရယ်၊ မဟာကရုဏာအင်းကွက်ရယ်၊ ဘေးကင်းဇုန်ရယ် ပေါင်းစပ်လိုက်တဲ့ အစွမ်းပဲလား"

"တကယ်တော့ ဒါတွေအားလုံးက တပ်မှူးရွှီရဲ့ ကြီးမားတဲ့ ကျေးဇူးတွေပါပဲ"

စစ်သည်တော်များသည် သူတို့ကိုယ်ပေါ်တွင် ကပ်ထားသည့် တောက်ပသော ရတနာအဆောင်များနှင့် သူတို့ကို အင်အားဖြည့်ပေးကာ မိစ္ဆာများကိုမူ တိုက်စားပျက်စီးစေသည့် စဉ်ဆက်မပြတ် စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို ကြည့်ရင်း အားရပါးရ ရယ်မောနေကြတော့သည်။

...

"ကောင်းကောင်း အနားယူကြ နောက်ထပ် မိစ္ဆာလှိုင်းတွေက မကြာခင် ရောက်လာတော့မယ်"

ယခုတစ်သုတ်ကို ရှင်းလင်းနိုင်ခဲ့သော်လည်း နောက်ထပ်တစ်သုတ်မှာ အချိန်မဆိုင်းဘဲ ရောက်ရှိလာတော့မည်ပင်။

"လာချင်သလောက်လာစမ်းပါ။ တပ်မှူးရွှီရဲ့ အဓိကအဆောင်သုံးမျိုးသာ ရှိနေရင် နောက်ထပ် ဆယ်သုတ်လာလည်း ငါတို့ ဘာကြောက်စရာ ရှိသလဲ"

"ဟုတ်တာပေါ့ နတ်ဘုရားအဆင့် မိစ္ဆာလှိုင်းလုံးကြီးတွေသာ မဟုတ်ရင် ငါတို့ ကြံ့ကြံ့ခံနိုင်တယ်"

"တခြားစစ်မြေပြင်တွေလည်း ငါတို့လိုပဲ ဖြစ်မှာပါ။ တပ်မှူးရွှီရဲ့ အဆောင်သုံးမျိုးသာ သူတို့ဆီ ရောက်သွားမယ်ဆိုရင် ဒီမိစ္ဆာလှိုင်းတွေကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်နိုင်မှာပါ"

စစ်သည်တော်များအားလုံးမှာ ရွှီရန်၏ အဆောင်သုံးမျိုးကို တညီတညွတ်တည်း ချီးကျူးနေကြသည်။

ဤအဆောင်သုံးမျိုးသာ မရှိခဲ့လျှင် စစ်မြေပြင်ကို ရှင်းလင်းဖို့ မပြောနှင့် သူတို့ကိုယ်တိုင် အသက်ရှင်နိုင်ပါ့မလားဆိုသည်မှာပင် မေးခွန်းထုတ်စရာ ဖြစ်နေလိမ်မည့်ပင်။

ရွှီရန် ထွက်ခွာလာပြီးနောက် ထစ်ချုန်းမိုးကြိုး အရှိန်အဟုန်၊ လျင်မြန်ခြင်းအဆောင်ငယ်နှင့် ဝိညာဉ်အားဖြည့်အဆောင်ငယ်တို့ကို အစွမ်းကုန် အသုံးချကာ စစ်မြေပြင်တိုင်းသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် အပြေးနှင်ခဲ့သည်။

ပထမအသုတ် အစွန်းရောက် မိစ္ဆာလှိုင်းလုံးကြီးများကို ရွှီရန်၏ ကြိုးပမ်းမှုကြောင့် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီ ဖြစ်သည်။ မိစ္ဆာများ နောက်ဆုတ်သွားကြ သော်လည်း ဘေးကင်းဇုန်၏ အပြင်ဘက်တွင်မူ ပိုမိုသိပ်သည်းပြီး ပိုမိုကြောက်စရာကောင်းသော အစွန်းရောက် မိစ္ဆာလှိုင်းလုံးကြီးများက အင်အားစုဆောင်းနေကြသည်။

ကင်းထောက်များ၏ အဆိုအရ ဝေးလံသောအရပ်တွင် အလွန်အန္တရာယ်များသော အရှိန်အဝါများ အစုလိုက်အပြုံလိုက် ပေါ်ထွက်နေကြောင်း သိရသည်။

...

အခြားတစ်ဖက်တွင်မူ ကောင်းကင်အထွတ်အထိပ် နန်းဆောင်၌ ဘဏ်လုပ်ငန်းရှင်၊ ကောင်းကင်လက်မှုပညာရှင်၊ ရေမှတ်တမ်းပညာရှင်နှင့် အစိုးရအဖွဲ့ဝင်တို့ အတူတူ ထိုင်နေကြသည်။

ဗေဒင်ပညာရှင်မှာမူ စစ်မြေပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ယခုမှာ လူလေးဦးတည်းဖြင့်သာ ဆွေးနွေးနေကြခြင်းပင်။

အစိုးရအဖွဲ့ဝင်က "တစ်ခုခုတော့ မဟုတ်တော့ဘူး။ ဒီတိရစ္ဆာန်တွေက ဘာကို လိုချင်နေတာလဲ ဘာလို့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ မိစ္ဆာလှိုင်းတွေကို အကြိမ်ကြိမ် လွှတ်နေရတာလဲ" ဟု မေးခွန်းထုတ်လိုက်သည်။

"ဒီလောက်အထိ ပြင်းထန်တဲ့ မိစ္ဆာလှိုင်းတွေဆိုတာ ညစ်ညမ်းနယ်မြေထဲက ရှိသမျှ မိစ္ဆာအားလုံးကို ထုတ်သုံးပြီး ငါတို့ကို တိုက်ခိုက်နေသလိုပဲ မဟုတ်ဘူးလား"

"သူတို့က တကယ်ပဲ ဒီလိုလုပ်ဖို့ ဝန်မလေးတာလား"

ညစ်ညမ်းနယ်မြေ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် မိစ္ဆာများက အစဉ်မပြတ် ညစ်ညမ်းမှုများကို ပြုလုပ်ပေးရန် လိုအပ်သည်။ အကယ်၍ မိစ္ဆာများသာ တိုက်ပွဲတွင် ကျဆုံးကုန်လျှင် ညစ်ညမ်းနယ်မြေများသည်လည်း သန့်စင်သွားနိုင်သည့် အလားအလာ ရှိနေသည်။

ရေမှတ်တမ်းပညာရှင်က သက်ပြင်းချလိုက်ရင်း "ဒါက ရွှီရန်ရဲ့ သန့်စင်ခြင်းအင်းကွက်က သူတို့ရဲ့ အထိမခံတဲ့နေရာကို သွားထိလိုက်လို့ ဖြစ်ရမယ်။ အဲဒါကြောင့် ဘယ်လိုပေးဆပ်မှုမျိုးပဲ လုပ်ရပါစေ ဒီအင်းကွက်ကို ဖျက်ဆီးဖို့ သူတို့ ကြိုးစားနေကြတာ"

"မင်းတို့လည်း မြင်တဲ့အတိုင်းပဲ။ အင်းကွက်ကနေ သန့်စင်ပေးလိုက်တဲ့ ဝိညာဉ်စွမ်းအင်တွေက သလင်းသားရဲတွေ၊ နာကျည်းမှုသားရဲတွေနဲ့ ဝိညာဉ်သရဲတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ ပေးနိုင်တာလေ"

ကောင်းကင်လက်မှုပညာရှင်ကလည်း သဘောတူလိုက်သည်။

"ဟုတ်တယ်"

"အကယ်၍သာ သန့်စင်ခြင်းလုပ်ငန်းစဉ်က ဆက်ပြီး ဖြစ်နေမယ်ဆိုရင် ဒီညစ်ညမ်းနယ်မြေတွေဟာ မိစ္ဆာတွေအတွက်တော့ အဆိပ်အတောက် နယ်မြေတွေ ဖြစ်ကုန်လိမ့်မယ်"

"အဲဒီအချိန်ကျရင် ငါတို့က စစ်မျက်နှာပြင်ကို တစ်ခြားကမ္ဘာဂြိုလ်ရဲ့ တံခါးဝအထိ တိုးချဲ့သွားလို့ ရပြီ"

"တိုက်စစ်နဲ့ ခံစစ် အခြေအနေက ပြောင်းလဲသွားပြီ... အဲဒါကြောင့် သူတို့က ကြောက်ရွံ့ပြီး အစွန်းရောက် မိစ္ဆာလှိုင်းတွေကို လွှတ်နေတာပဲ"

ပုဂ္ဂိုလ်ကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အခြေအနေကို သုံးသပ်နေကြသည်။

သူတို့ထံသို့ သတင်းတစ်ခု ရောက်ရှိလာကာ ရွှီရန် စစ်မြေပြင်သို့ ရောက်ရှိသွားပြီး ကျင့်ကြံသူများကို အဆောင်သုံးမျိုး ဖြန့်ဝေပေးပြီးနောက်တွင် အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားကာ ဘေးကင်းဇုန်သည် ပထမအသုတ် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပထမအသုတ် မိစ္ဆာလှိုင်းများကို ရှင်းလင်းပြီး ဆယ်မိနစ်အကြာမှာပင် ဒုတိယအသုတ် မိစ္ဆာလှိုင်းကြီးက ထပ်မံ၍ ကပ်လျက် ရောက်ရှိလာတော့သည်။

ဒုတိယအသုတ်ကို ရှင်းလင်းပြီးသည့်နောက်တွင်လည်း ဆယ်မိနစ်အကြာတွင် တတိယအသုတ် အစွန်းရောက် မိစ္ဆာလှိုင်းလုံးကြီးများ ထပ်မံကျရောက်လာပြန်သည်။

တိုတောင်းသော အချိန်ကာလအတွင်း မိစ္ဆာလှိုင်း သုံးလှိုင်းဆင့်၍ တိုက်ခိုက်လာခြင်းပင်။ ရွှီရန်၏ အဆောင်များ ရှိနေသော်ငြားလည်း စစ်သည်တော်များမှာ နွမ်းနယ်မှုကို စတင်ခံစားလာရပြီဖြစ်ကာ လက်နက်များမှာလည်း ပျက်စီးယိုယွင်းလာပြီး မြေပြင်ပေါ်ရှိ သွေးခဲများမှာ ဖိနပ်အောက်ခြေတွင် ကပ်ငြိနေတော့သည်။

သူတို့ တကယ့်ကို ပင်ပန်းနွမ်းနယ်နေကြကာ ကံကောင်းသည်မှာ ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းလာခြင်းကြောင့် ဘေးကင်းဇုန်၏ တတိယမြောက် ခံစစ်စည်းမှာ ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးတစ်ခုအတွင်း နစ်မြုပ်နေသကဲ့သို့ ခံစားနေရခြင်းပင်။

ထိုမိစ္ဆာများသည် အလွန်ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းရှိသည့် ကိုယ်ပျောက်လုပ်ကြံသတ်ဖြတ်သူ မိစ္ဆာများပင်လျှင် ဤမျှသိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကို မတွန်းလှန်နိုင်ကြပေ။ သူတို့၏ ကိုယ်ပျောက်နိုင်စွမ်းမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ထို့ကြောင့်ပင် တတိယအကြိမ်မြောက် တိုက်ပွဲကို ခက်ခက်ခဲခဲနှင့် ဆက်လက်ထိန်းထားနိုင်ဆဲပင်။

သို့သော်လည်း ဘေးကင်းဇုန်အတွင်းရှိ စစ်သည်တော်များမှာ အမှန်တကယ်ပင် ပင်ပန်းလွန်းနေကြပြီ။ တစ်ခြားကမ္ဘာစစ်မြေပြင်မှ မိစ္ဆာများမှာ အဆုံးအစမရှိ ထွက်ပေါ်လာနေသဖြင့် သူတို့ကို နာရီပေါင်းများစွာကြာအောင် အပြင်းအထန် တိုက်ပွဲဝင်ခိုင်းထားသကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် တိုက်ပွဲအတွင်း အသေအပျောက်များလည်း ရှိလာနေသည်။

ကောင်းကင်လက်မှုပညာရှင်က "တစ်ခြားကမ္ဘာစစ်မြေပြင်က ဒီလောက်အထိ ပြင်းထန်တဲ့ အခြေအနေကို ရေတိုအတွင်းမှာ ဆက်ပြီး ထိန်းထားဦးမှာကို ငါစိုးရိမ်တယ်။ စစ်သည်တော်တွေကို ဘယ်လိုမျိုး အနားပေးလို့ ရမလဲ" ဟု မေးလိုက်သည်။

ရေမှတ်တမ်းပညာရှင်က "ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့ လအနည်းငယ်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ်။ အလွန်ဆုံးရှိလှ အချိန်ခြောက်လထက် မပိုနိုင်ဘူး" ဟု ပြောလိုက်သည်။

ဘဏ်လုပ်ငန်းရှင်က မျက်ခုံးကို အသာအယာပင့်လိုက်ရင်း "သူတို့က ငါတို့ရဲ့ သက်ရှိအင်အားစုတွေကို ပြုန်းတီးအောင် လုပ်နေတာပဲ။ ဒီတစ်ခေါက် မိစ္ဆာလှိုင်းကြောင့် ယွဲ့အဆင့် ကျွမ်းကျင်သူတွေ အတော်များများ ဆုံးရှုံးလိုက်ရပြီ" ဟု ပြောသည်။

အစိုးရအဖွဲ့ဝင်က သက်ပြင်းချလိုက်ကာ "ဒီတစ်သုတ်က နတ်ဘုရားတစ်ပိုင်းတွေထဲမှာ ပါရမီအရှိဆုံးလို့ အမည်တွင်ပေမဲ့ ရွှီရန်ကလွဲလို့ ကျန်တဲ့သူတွေက သွေးစွမ်းအင်တန်ဖိုး နှစ်သိန်းထက် မပိုကြသေးဘူး။ သူတို့ ကြီးထွားလာဖို့အတွက် အချိန်လိုအပ်သေးတယ်" ဟု ပြောလိုက်သည်။

ကောင်းကင်လက်မှုပညာရှင်က "အခုတော့ သူတို့က ငါတို့ရဲ့ ပါရမီရှင်တွေကို အချိန်မပေးချင်တော့ဘူး။ အဲဒါကြောင့်ပဲ ဒီမိစ္ဆာလှိုင်းတွေကို လွှတ်နေတာ" ဟု ဖြည့်စွက်ပြောကြားသည်။

ထိုအုပ်စုမှာ အလွန်ပင် စိုးရိမ်ပူပန်နေကြပြီး ဗျူဟာများကို အလျင်အမြန် ချမှတ်နေကြသည်။ သို့သော်လည်း ယခုကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသော အစွန်းရောက်တိုက်ပွဲများကိုမူ သွေးမြေကျခံပြီးမှသာ ဖြေရှင်းနိုင်ပေလိမ့်မည်။

သူတို့ မသိရှိသည်မှာ သမိုင်းတစ်လျှောက်မှ စစ်သူကြီးများဖြစ်ကြသော လီရှီမင်၊ ယွဲ့ဖေးနှင့် ချီကျိကွမ်းတို့သည်ပင်လျှင် ထိုကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲများကိုသာ အားကိုးခဲ့ကြရခြင်းပင်။ လူသားကျင့်ကြံသူများသည်လည်း ထိုနည်းအတိုင်းသာ လုပ်ဆောင်ကြရမည်သာ။

...

ဘဏ်လုပ်ငန်းရှင်: "တကယ်တော့ ဒီလိုခက်ခဲတဲ့ တိုက်ပွဲမျိုးကို ရွှီရန်ဆီ လွှဲပေးလိုက်လို့ ရတယ်။ သူရဲ့ စက္ကူရုပ်တပ်မတော်က အပြတ်အသတ် သုတ်သင်ပေးနိုင်မှာပါ။ နှမြောဖို့ကောင်းတာတစ်ခုက ရွှီရန်ကို ပုံတူပွားလို့ မရတာပဲ။ တကယ်လို့ ဘေးကင်းဇုန်တိုင်းမှာ ရွှီရန်တစ်ယောက်စီသာ ရှိနေမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

ကျန်ရှိသူများမှာ "..."

တစ်ခြားကမ္ဘာစစ်မြေပြင်၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

အခြားတစ်ဖက်တွင်မူ တစ်ခြားကမ္ဘာစစ်မြေပြင်၌ ပုံရိပ်တစ်ခုသည် အလွန်မြင့်မားသော အရှိန်

နှုန်းဖြင့် ရှေ့နောက်ခေါင်းချင်းဖြတ်၍ အဆက်မပြတ် ကူးသန်းသွားလာနေသူမှာ ရွှီရန်ပင်။

တစ်ခြားကမ္ဘာစစ်မြေပြင်သို့ ဝင်ရောက်လာကတည်းက သူသည် အဆောင်များကို မရပ်မနား ဖြန့်ဝေပေးနေခဲ့သည်။ ကံကောင်းသည်မှာ သူ၏ စွမ်းအင်ပြန်လည်ဖြည့်တင်းနိုင်စွမ်းမှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်လှခြင်းပင်။

၎င်းအပြင် ဧရာမဝင်ပေါက်ကြီးများ၏ အဆင်ပြေချောမွေ့မှုကြောင့်လည်း စစ်မြေပြင်သို့ အမြန်ဆုံး ရောက်ရှိနိုင်ခဲ့ခြင်းပင်။ မဟုတ်လျှင်မူ အခြေအနေကို သူ ဆယ်ယူနိုင်ခဲ့မည် မဟုတ်ပေ။

ကိုးခုမြောက် ဘေးကင်းဇုန်၏ အပြင်ဘက်တွင် ရွှီရန်သည် သူ၏ စက္ကူရုပ်တပ်မတော်ကို ထုတ်သုံးလိုက်ပြီး တတိယအကြိမ်မြောက် အစွန်းရောက် မိစ္ဆာလှိုင်းကို အင်အားသုံး၍ တွန်းလှန်လိုက်သည်။

"ဟင်း... ဒီမိစ္ဆာတွေက တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံနေရတာလား"

ရွှီရန်က မျက်မှောင်ကြုတ်လျက် မျက်လုံးများကို ကျဉ်းမြောင်းကာ ကြည့်လိုက်သည်။ သောင်းနှင့်ချီသော မိစ္ဆာများသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် စစ်မြေပြင်သို့ တိုးဝင်လာကြသည်မှာ တစ်စုံတစ်ယောက်က ကြိုးကိုင်နေသကဲ့သို့ပင်။

နားခိုရန် အချိန်စက္ကန့်ပိုင်းမျှပင် မပေးဘဲ စစ်မြေပြင်သို့ ရောက်လာသော မိစ္ဆာများ၏ သွေးစွမ်းအင်တန်ဖိုးမှာ အနည်းဆုံး တစ်သန်းရှိပြီး အချို့မှာ သုံးသန်းအထိပင် ရှိနေသည်။

သူသည် အလိုအလျောက်ပင် ကောင်းကင်ဘုံမျက်ဝန်းရတနာအတတ်ကို အသက်သွင်းလိုက်သည်။

ညစ်ပေသော အညစ်အကြေးများနှင့် သွေးကွက်များကြားတွင် ရွှီရန်သည် သေးငယ်လှသော ချည်မျှင်လေးများကို မြင်လိုက်ရသည်။

ထိုချည်မျှင်လေးများသည် အလွန်ပင် သေးငယ်လှပြီး မိစ္ဆာတစ်ကောင် သေဆုံးသွားသည့် အခိုက်အတန့်တွင်မှသာ ပေါ်လာခြင်းပင်။

တတိယမြောက် အစဉ်လိုက်ရှိသော ကောင်းကင်ဘုံမျက်ဝန်းရတနာအတတ်ဖြင့်ပင် အထူးဂရုစိုက်ကြည့်မှသာ မြင်နိုင်ခြင်းပင်။ သူသည် ရှေ့တန်းတွင် မီးငြှိမ်းသတ်သကဲ့သို့ တိုက်ပွဲဝင်နေရသဖြင့် ယခင်က သတိမထားမိခဲ့ခြင်းပင်။ တိုက်ပွဲပြီးဆုံးသွားသည့် အချိန်ကျမှသာ တစ်ခုခု ထူးဆန်းနေသည်ကို သူ သတိထားမိတော့သည်။

ရွှီရန်က စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီချည်မျှင်တွေက မိစ္ဆာလှိုင်းတွေကို ထိန်းချုပ်နေတဲ့ နည်းလမ်းပဲ ဖြစ်ရမယ်။ မဟုတ်ရင် မိစ္ဆာတွေပဲ ဖြစ်ဖြစ် သောင်းနဲ့ချီပြီး အသတ်ခံရရင်တော့ ဖရိုဖရဲ ဖြစ်ကုန်ကြမှာပဲ"

"ဒီချည်မျှင်တွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြတ်တောက်ပစ်မယ်။ ပြီးရင် ရွှေရောင်သွေးကိုပါ သိမ်းကျုံးယူရမယ်"

ရွှီရန်က မဲ့ပြုံး ပြုံးလိုက်သည်။ ထူးဆန်းသည်မှာ ထိုနတ်ဘုရားအဆင့် မိစ္ဆာများသည် သူ့ကို အဝေးမှ အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားကြခြင်းပင်။ သူတို့သည် နတ်ဘုရားသတ်အဖွဲ့ကိုပင် ဝိုင်းရံတိုက်ခိုက်ခြင်း မရှိကြတော့ပေ။ ဤချည်မျှင်များ၏ နောက်ကွယ်မှ မိစ္ဆာသည်လည်း နတ်ဘုရားအဆင့် ဖြစ်နိုင်ခြေ အလွန်များသည်။

အမြစ်ပြတ် သုတ်သင်ပစ်ခြင်းက အကောင်းဆုံးပင်။

ဒီလောက်အထိ အပင်ပန်းခံ ပြေးလွှားနေရတာကို ရွှေရောင်သွေးသာ မရရင် ငါ့ကိုယ်ငါ တကယ် အရှုံးပေးလိုက်တာနဲ့ အတူတူပဲ

ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ကိုယ်ပျောက်အတတ်ကို အသုံးပြုကာ ချည်မျှင်များနောက်သို့ တောက်လျှောက် လိုက်ပါသွားတော့သည်။ သူသည် နောက်ကွယ်မှ မိစ္ဆာကို အလျင်အမြန် ရှာဖွေနေခဲ့ရာ တစ်နာရီခန့်အကြာတွင် လေထုအတွင်းရှိ ပုပ်စော်နံသောအနံ့မှာ ရုတ်တရက်ပင် အလွန်ပြင်းထန်လာခဲ့သည်။ ရွှီရန်သည် မှင်သက်သွားပြီး မျက်လုံးများကို ကျဉ်းမြောင်းလျက် အဝေးသို့ စိုက်ကြည့်လိုက်မိသည်။

နောက်တစ်စက္ကန့်တွင် သူ၏ ဦးရေပြားမှာ ကြောက်စိတ်ကြောင့် ကြက်သီးများ ဖြန်းဖြန်းထသွားရသည်။

"တောက်"

All Chapters