← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း ၁၇၇ - ဖိအားပေးနိုင်သော အိုင်ဗီ

"သူ ဘယ်လိုလုပ်ပြီး... ဒီလောက်အထိ လုပ်နိုင်တာလဲဒါတောင်မှ..." အာသာမှာ မှင်သက်သွားပြီး သူစောစောက စွပ်စွဲခဲ့မိသည်များအတွက် ရှက်ပင်ရှက်မိသွားသည်။

မီတာ ၇၀၀ ကျော်ရင် လဲကျသွားမယ် ဟုတ်လား သူက သူတို့အားလုံးကို အနိုင်ယူသွားတာလေ စစ်သားအချို့မှာ စူပါခွန်အား စွမ်းအင်ရှိကြသော်လည်း အိုင်ဗီကို မယှဉ်နိုင်ခဲ့ကြပေ။

အိုင်ဗီသည် စစ်သားများ၏ ဖြူဖျော့နေသော မျက်နှာများကို တည်ငြိမ်စွာ ကြည့်ရင်း လှောင်ပြုံးလေး ပြုံးလိုက်သည်။

ပထမဆုံးတွေ့ဆုံမှုမှာတင် သူတို့ကို အပြတ်အသတ် ချေမှုန်းပစ်ရန် သူမ စိတ်ကူးမရှိခဲ့သော်လည်း သူတို့၏ မောက်မာမှုကိုတော့ ကိုင်တွယ်ရန် လိုအပ်သည်။ ဘယ်သူမှ မိမိကိုယ်ကို အနှိုင်းမဲ့သူ ဒါမဟုတ် အသိဉာဏ်အရှိဆုံးသူဟု မသတ်မှတ်သင့်ပေ။ အကြောင်းမှာ မိမိထက် သာလွန်သူဆိုသည်မှာ အမြဲရှိနေတတ်သောကြောင့် ဖြစ်သည်။

"ကဲ... သွေးပူလေ့ကျင့်ခန်း ပြီးပြီဆိုတော့ ပင်မလေ့ကျင့်ခန်းတွေ စကြစို့" သူတို့ကို အမောဖြေခွင့်ပင် မပေးဘဲ သူမ ကြေညာလိုက်သည်။

အတင်းပြောဖို့ အချိန်ရှိတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ ခံနိုင်ရည်လည်း ရှိရမှာပေါ့ မဟုတ်ဘူးလား

စစ်သားများမှာ အိုင်ဗီအပေါ် အစောပိုင်းက ခန့်မှန်းချက်များအတွက် နောင်တအကြီးအကျယ် ရနေကြပြီဖြစ်သည်။

အားနွဲ့ပြီး နုနယ်တယ် ဟုတ်လား။သူမက လူယောင်ဆောင်ထားတဲ့ မိစ္ဆာမပဲ သူမ အမိန့်ပေးသမျှကို သူမကိုယ်တိုင်လည်း လိုက်လုပ်ပြသည်... ဝမ်းဗိုက်လေ့ကျင့်ခန်း၊ ဒိုက်ထိုး၊ ဘားခို ၊ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း၊ အလေးမ လေ့ကျင့်ခန်းတွေအထိ အကုန်လုပ်ပြသည်။

တစ်ခုတည်းသော အားသာချက်မှာ... သူမ၏ လှပမှုနှင့် တင့်တယ်မှုပင်။ သူမ၏ လှုပ်ရှားမှုတိုင်း၊ ညွှန်ကြားချက်တိုင်းနှင့် ထောက်ပြချက်တိုင်းမှာ တိကျပြီး တန်ဖိုးရှိလှသည်။

မနက်စာစားချိန် ရောက်သောအခါ စစ်သားအားလုံး စခန်းတံတိုင်းအနီးရှိ တိုက်ခန်းတစ်ခုထဲသို့ ဝင်ခဲ့ကြသည်။ ထမင်းစားခန်းထဲတွင် သစ်သားထိုင်ခုံရှည်အချို့နှင့် ကုလားထိုင်များ ရှိပြီး အစားအသောက် ဝေငှပေးရန် တာဝန်ယူထားသော လင်ဒါ အမည်ရှိ ကြင်နာတတ်သော အဘွားအိုတစ်ဦး ရှိသည်။

"တောက်... နည်းပြအိုင်ဗီက ဒီလောက်အထိ တော်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ဒါပေမဲ့ ငါ နားမလည်တာက သူက တိုက်ခိုက်ရေးမှာ ဒီလောက် ကျွမ်းကျင်နေတာကို ဘာလို့ စစ်တပ်ထဲ မဝင်ခဲ့တာလဲ" လင်ဒါက ခရမ်းချဉ်သီးစွပ်ပြုတ် တစ်ခွက် ခတ်ပေးနေစဉ် အာသာက မေးလိုက်သည်။

"မသိဘူး ဒါပေမဲ့ သူက စစ်ဘက်ဆိုင်ရာ နောက်ခံကနေ လာတာပဲ ဖြစ်ရမယ်" ဟု မက်စ်ဝဲလ်က အသေအချာ ပြောလိုက်သည်။ အခြားသူများ မခံစားမိသော်လည်း အိုင်ဗီထက်တွင် ဘာကိုမှ မကြောက်သကဲ့သို့သော သူရဲကောင်းဆန်သည့် အရှိန်အဝါမျိုး ရှိနေသည်။

ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ခဲ့တာ မဟုတ်ရငါ စစ်တပ်ထဲတွင် ကြီးပြင်းလာသူများမှာ ပုံမှန်အားဖြင့် ထိုကဲ့သို့သော အရှိန်အဝါမျိုး ရှိတတ်ကြသည်။

အိုင်ဗီ့ပုံစံက အသက် ၂၀ အရွယ်လောက်ပဲ ရှိဦးမည်။ သူမ ဘယ်လို ငရဲခန်းမျိုးကို ဖြတ်သန်းခဲ့ရလို့ပါလိမ့်

"ငါ့လူတွေရယ်... လောကကြီးက မတရားလိုက်တာ သူက စစ်တပ်ထဲမှာ မိဘတွေရှိလို့ ကံကောင်းတာပါ ကမ္ဘာမပျက်ခင်တုန်းကလည်း မိဘတွေရဲ့ အဆက်အသွယ်နဲ့ နာမည်ကြီး တက္ကသိုလ်တွေ တက်ခဲ့ရမှာပဲ၊ ကမ္ဘာပျက်တော့လည်း မိဘတွေ သင်ပေးထားတဲ့ ပညာတွေကို သုံးနိုင်တာပေါ့ ဘုရားသခင်က တကယ်ကို မတရားဘူး" အာသာက မနာလိုစိတ်များဖြင့် သက်ပြင်းချလိုက်သည်။

သူတို့ စကားပြောနေသည်ကို ကြားနေရသော လင်ဒါက မျက်မှောင်ကြုတ်ကာ ကြားဖြတ်ပြောလိုက်သည်။

"သူက စစ်ဘက်ဆိုင်ရာ နောက်ခံက မဟုတ်ဘူး။"

တန်းစီနေသော စစ်သားများမှာ လင်ဒါ၏ စကားကြောင့် မှင်သက်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်ကြသည်။

"အဘွားက အိုင်ဗီ့အကြောင်း သိလို့လား"

သူတို့အများစုမှာ ဒုက္ခသည်များ ဖြစ်ကြသဖြင့် ဤဒေသမှ ကောလာဟလများကို မသိကြပေ။ ထို့ကြောင့် ကမ္ဘာပျက်ကပ်ထဲမှာပင် ထူးခြားနေသည့် ဤလျှို့ဝှက်ဆန်းပြားသော နည်းပြအကြောင်းကို ဘာမှမသိကြချင်ကြပေ။

လင်ဒါသည် နှုတ်ခမ်းကို ဖိထားပြီး အမှန်အတိုင်း ပြောရမလား ဒါမှမဟုတ် လျှို့ဝှက်ထားရမလား ဝေခွဲမရ ဖြစ်နေသည်။ သို့သော် ထိုလိမ္မာသော ကလေးမလေး၏ ကြိုးစားအားထုတ်မှုများကို 'မိဘတွေဆီက ရလာတာ' ဟု အလွယ်တကူ တံဆိပ်ကပ်ခံရမည်ကို သူမ မကျေနပ်နိုင်ပေ။

"သူက လူလတ်တန်းစား မိသားစုကနေ လာတာပါ ပြီးတော့... မိဘအဆက်အသွယ်နဲ့ ကောင်းကောင်းမွန်မွန် နေခဲ့ရတာလည်း မဟုတ်ဘူး သူက အရမ်းတော်တဲ့ ကလေးပါ အလယ်တန်းကနေ တက္ကသိုလ်အထိ သူ့ရဲ့ ကျောင်းလခတွေကို သူကိုယ်တိုင် ရှာဖွေပေးဆောင်ခဲ့သလို အိမ်မှုကိစ္စတွေကိုလည်း သူပဲ တာဝန်ယူခဲ့ရတာ"

"ဘာ ဘာလို့ သူက ကျောင်းလခ ကိုယ်တိုင်ပေးရတာလဲ လွတ်လပ်ချင်လို့ မိဘအကူအညီကို ငြင်းခဲ့တာလား" အာသာက ထိုဇာတ်လမ်းတွင် ဟာကွက်များစွာ ရှိနေသည်ဟု ထင်သဖြင့် မေးလိုက်သည်။

"ဟင်း သူ့မိဘတွေက ဘက်လိုက်တတ်ကြတာလေ သူတို့ရဲ့ သားငယ်နဲ့ သမီးငယ်ကိုတော့ ကျောက်သံပတ္တမြားလို ဆက်ဆံပြီး အိုင်ဗီ့ကိုကျတော့ အမှိုက်လို သဘောထားကြတာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ မစိုးရိမ်ရင် အိုင်ဗီ ရှာဖွေထားတဲ့ ကျောင်းလခတွေကိုတောင် သူတို့က လုယူကြဦးမှာ" လင်ဒါက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ သူမသည် ဤအတွေးအခေါ် ကျဉ်းမြောင်းသော စစ်သားကို မကျေမနပ် ဖြစ်လာသည်။

လင်ဒါ၏ စကားကြောင့် တန်းစီနေသော စစ်သားများနှင့် အနီးနားတွင် ထိုင်နေသော စစ်သားများအားလုံး မှင်သက်သွားကြသည်။ သူတို့ရှေ့တွင် မောက်မာသည်ဟု ထင်ရပြီး ယုံကြည်မှုအပြည့် ရှိနေသည့် နည်းပြသည် ထိုကဲ့သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့ရလိမ့်မည်ဟု သူတို့ တစ်ခါမှ မထင်ထားခဲ့ပေ။

အလွန်အမင်း ခက်ခဲသည်ဟု မဆိုနိုင်သော်လည်း... မအိုင်ဗီသည် ကြီးပြင်းလာသည့် နှစ်များအတွင်း တကယ့်ကို ရုန်းကန်ခဲ့ရသည်မှာ သေချာပါသည်။

"ဘာပဲဖြစ်ဖြစ် အဲဒီကလေးရဲ့ ကြိုးစားမှုက တစ်စုံတစ်ရာတော့ အရာထင်ခဲ့တာပါပဲ အခုဆိုရင် ဘယ်သူမှ သူ့အဆင့်ကို မမီနိုင်တော့ဘူး" ဟု လင်ဒါက ထောက်ပြလိုက်ပြီး၊ အာသာကို အကြာကြီး စိုက်ကြည့်နေသည်။ သူမ၏ အကြည့်မှာ အာသာ၏ စောစောက ခန့်မှန်းချက်များအတွက် အရှက်ခွဲနေသကဲ့သို့ပင်။

အာသာသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားသည်။ သူ အမှားလုပ်မိကြောင်း ဝန်ခံလိုက်သည်။

လင်ဒါက ဇာတ်လမ်းအပြည့်အစုံကို ပြောမပြသော်လည်း စစ်သားများမှာ သူတို့၏ နည်းပြအသစ်အပေါ် လေးစားမှုများဖြင့် ပြည့်နှက်သွားကြသည်။ သူတို့သည် တူညီသော (သို့မဟုတ်) ပိုဆိုးသော အစပြုမှုမှ လာသော်လည်း သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည့် ဤနည်းပြကို ကြည်ညိုသွားကြသည်။

မနက်စာစားပြီးချိန်တွင် အိုင်ဗီသည် စစ်သားများ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ သူတို့က သူမကို ပိုမိုအားကျပြီး လေးစားသောအကြည့်များဖြင့် ကြည့်နေကြသည်။

အိုင်ဗီ: ဟင် ဘာတွေ ဖြစ်နေတာလဲ

သူမ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စပ်စုချင်စိတ်ကို နှိပ်ကွပ်ကာ လက်ဝှေ့လေ့ကျင့်ခန်း စတော့မည့်အချိန်တွင် အာသာက သူမရှေ့သို့ လျှောက်လာပြီး တောင်းပန်လိုက်သည်။

"ကျွန်တော် စောစောက မသိနားမလည်ဘဲ ပြုမူမိတာတွေအတွက် တောင်းပန်ပါတယ် ကျွန်တော် နည်းပြရဲ့ ကွယ်ရာမှာလည်း အတင်းပြောခဲ့မိပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ နည်းပြ"

အခြားစစ်သားအချို့လည်း ရှေ့သို့တိုးလာကာ တောင်းပန်ကြသည်။ သူတို့မှာ အားနည်းချက်များ ရှိကြသော်လည်း အိုင်ဗီက သူတို့ကို ရွေးချယ်ခဲ့သည့် အဓိက အကြောင်းရင်းမှာ သူတို့၏ စိတ်နေစိတ်ထားကြောင့် ဖြစ်သည်။

မိမိအမှားကို ဝန်ခံတတ်သူများသည် လက်တွေ့ဘဝကို လက်ခံရန် ငြင်းဆန်သူများထက် အမြဲတမ်း ပိုမိုတိုးတက်တတ်ကြသည်။

"ကောင်းပြီ မင်းတို့ အမှားကို ပွင့်ပွင့်လင်းလင်း ဝန်ခံတဲ့အတွက် ငါက လျှော့ပေါ့ပေးမယ် လေ့ကျင့်ခန်း ပြီးသွားတဲ့အခါ အပို ၅ ပတ် ပတ်ပြေးရမယ်" ဟု အိုင်ဗီက အမိန့်ပေးလိုက်ရာ စစ်သားများ တုန်သွားကြသော်လည်း ခေါင်းငြိမ့်လိုက်ကြသည်။

"ဟုတ်ကဲ့ပါ နည်းပြ။"

"မင်းတို့ ကံကောင်းတယ်လို့ မှတ်ထားပါ။ ဘာလို့လဲဆိုတော့ အတင်းပြောတဲ့လူတွေကို အပြစ်ပေးဖို့အတွက် ငါက အပတ် ၂၀ ပတ်ပြေးခိုင်းဖို့ စီစဉ်ထားတာ မနက်ဖြန် သူတို့ရဲ့ နေ့လယ်စာကိုလည်း ပယ်ဖျက်ပြီး သူတို့လစာထဲကနေ ပြန်ဖြတ်ဖို့အထိ စဉ်းစားထားတာ" ဟု အိုင်ဗီက အေးစက်စက် လေသံဖြင့် ကြေညာလိုက်သည်။

သူမ လုံးဝ အလျှော့မပေးနိုင်သည့် အရာအချို့ရှိရာ၊ နည်းပြအပေါ် လေးစားမှု ကင်းမဲ့ခြင်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။

သူမသည် တစ်နည်းအားဖြင့် ဆရာတစ်ယောက်ဖြစ်ပြီး၊ သူတို့၏ ဆရာကိုပင် ကွယ်ရာမှာ အတင်းပြောနေကြမည်ဆိုလျှင်၊ တခြားသူများအပေါ်တွင်လည်း ဘယ်လို စိတ်ဓာတ်မျိုး ထားရှိကြမည်ကို ဘုရားပဲ သိလိမ့်မည်။

ကမ္ဘာပျက်ကပ်ထဲတွင် တစ်ဦးကိုတစ်ဦး ယုံကြည်ပြီး ကောင်းမွန်သော အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းနိုင်သူများသာ ရေရှည်ရှင်သန်နိုင်မည် မဟုတ်ပါလား။

အခန်း ၁၇၈ - ကိုယ်ခံစွမ်းအား

အတင်းအဖျင်းပြောခဲ့မိသည့် စစ်သားများသည် သက်ပြင်းအရှည်ကြီး ချလိုက်မိကြသည်။

'ဘုရားရေ ကံကောင်းလို့ ဘာမှမဖြစ်ဘဲ လွတ်သွားတာ မဟုတ်ရင်တော့...' စစ်သားများသည် သူတို့၏ရင်ထဲတွင် လင်ဒါကို ကျေးဇူးတင်နေမိကြသည်။ လင်ဒါသာ ကြပ်မတ်မပေးခဲ့လျှင် သူတို့ ယခုထက် ပိုဆိုးသည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်တယ်လေ

"ကဲ... အားလုံး အဆင်ပြေသွားပြီဆိုတော့ ဒီကိစ္စကို ထပ်ပြီး အချိန်မဆွဲတော့ဘူး နောက်တစ်ဆင့်ကို အာရုံစိုက်ကြရအောင် လက်ဝှေ့လေ့ကျင့်ခန်း ပဲ ကျွန်မရဲ့ အရည်အချင်းကို သံသယရှိနေသေးတဲ့သူ ရှိသေးလား" အိုင်ဗီက သူမ၏ တည်ငြိမ်သောအကြည့်ဖြင့် စစ်သားများကို တစ်ချက် ဝေ့ကြည့်ရင်း မေးလိုက်သည်။

နေရောင်ခြည်က အိုင်ဗီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် သူမ၏ ကြည်လင်သော အသားအရေမှာ တောက်ပနေပြီး စစ်သားများ၏ အာရုံကို ဖမ်းစားထားသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပိန်ပါးလှသော်လည်း သူမသည် သူတို့အားလုံးကို အနိုင်ပိုင်းနိုင်ကြောင်း အရှုံးအရသာကို မြည်းစမ်းခိုင်းနိုင်ကြောင်း ဘယ်သူမှသံသယမရှိ တော့ပေ။

သို့သော်လည်း...

"နည်းပြ၊ ကျွန်တော် နည်းပြရဲ့ အရည်အချင်းကို အထင်မသေးပါဘူး ဒါပေမဲ့ နည်းပြနဲ့ လက်ရည်စမ်းကြည့်ချင်ပါသေးတယ်" ဟု ပြောလာသူမှာ အခြားသူမဟုတ် လူကပ်စ် ပင်ဖြစ်သည်။

အိုင်ဗီ လှောင်ပြုံးလေး ပြုံးလိုက်သည်။ ယုံကြည်မှုရှိသော်လည်း သတိဝီရိယရှိသည့် ပုံစံမျိုး။ ထိုစတိုင်ကို သူမ သဘောကျသဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ ဒီကိုလာခဲ့။ စွမ်းအား တွေကို သုံးခွင့်ပြုတယ်၊ ဒါပေမဲ့ ဓားတွေ၊ ဓားမြှောင်တွေဒါမှမဟုတ် လက်နက်ပစ္စည်းတွေကိုတော့ မသုံးရဘူး" သူမက စည်းကမ်းချက်ကို ထုတ်ပြန်လိုက်ရာ စစ်သားများမှာ သူမသည် ဘာကြောင့် ဤကဲ့သို့ ထူးဆန်းသော စည်းကမ်းချက်မျိုးကို ထုတ်ရသလဲဟု တွေးတောနေမိကြသည်။

လက်နက်များနှင့် ယှဉ်လျှင် စွမ်းအားများကို ကိုင်တွယ်ဖြေရှင်းရသည်မှာ ပို၍ ဒုက္ခများလှသည်။ သူတို့ သတိထားမိသလောက်တော့ သူတို့၏ နည်းပြတွင် လူစွမ်းကောင်းခွန်အာ မဟုတ်ရင် အရှိန်အဟုန်ပြင်းသည့် စွမ်းအားမျိုး မရှိပေ။

သူမမှာ ဒြပ်စင်စွမ်းအား (Elemental power) ရှိနေတာလား

'အဲဒါဆိုရင်တော့ ဖြစ်နိုင်တယ်' ဟု အခြားသူများက တွေးနေကြစဉ်၊ သူတို့၏ မျက်လုံးများက စစ်တပ်အတွက် လျှို့ဝှက်ဆန်းပြားသော စခန်းခေါင်းဆောင်က အထူးပြုလုပ်ပေးထားသည့် စင်မြင့်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်နေကြသော အိုင်ဗီနှင့် လူကပ်စ်ဆီသို့ ရောက်သွားကြသည်။

ထိုနေရာတွင် စစ်တန်းလျားများလည်း ရှိပြီး၊ ၎င်းတို့မှာ သူတို့၏ တိုက်ခန်းများအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သော်လည်း စစ်တပ်စတိုင် အပြင်အဆင်များ ပြုလုပ်ထားသဖြင့် စခန်းခေါင်းဆောင်သည် စစ်တန်းလျား ဒီဇိုင်းများကို မည်သို့ သိနေသနည်းဟု သူတို့ အံ့သြနေမိကြသည်။

စစ်တန်းလျားများ ပြုလုပ်ရန်အတွက် အိုင်ဗီသည် တစ်ခုချင်းစီကို စိတ်ကြိုက်ပြင်ဆင်ခဲ့ရသဖြင့် ခေါင်းခဲခဲ့ရကာ၊ နောင်တွင် အိမ်ပုံစံများကို ပုံစံတူကူးယူနိုင်မည့် ဖုံးကွယ်ထားသော စွမ်းဆောင်ချက် တစ်ခုခု နိုးထလာပါစေဟု ဆုတောင်းနေမိသည်။

အိုင်ဗီသည် လူကပ်စ်ကို အသေအချာ စစ်ဆေးကြည့်ရှုပြီးနောက် ပြုံးလိုက်သည် - "ရှင် အရင် စတင်လိုက်ပါ၊ ကျွန်မ ရှင့်အပေါ် အခွင့်အရေး မယူချင်ဘူး"

"ဒါဆိုရင်တော့ ကျွန်တော် အားနာမနေတော့ဘူးနော်" လူကပ်စ်မှာ "အမျိုးသမီးတွေကို အရင်ဦးစားပေးရမည်" ဆိုသည့် တွန့်ဆုတ်မှုမျိုး မရှိပေ ထို့ပြင် သူ၏ နည်းပြ ဘယ်လောက် အရည်အချင်းရှိကြောင်း သိထားသဖြင့် အထင်မသေးရဲပေ။

သူသည် လက်သီးကို လွှဲလိုက်သော်လည်း သူ၏ မိုးကြိုးစွမ်းအားကို မသုံးရန် ဆုံးဖြတ်ထားသည်။ အိုင်ဗီတွင် သူ၏ စွမ်းအားကို တန်ပြန်နိုင်သည့် ဒြပ်စင်စွမ်းအား တစ်ခုခု ရှိနေနိုင်ပြီး ထို့ကြောင့်ပင် သူမက ယုံကြည်မှုရှိနေခြင်း ဖြစ်မည်ဟု သူ တွေးထားသည်။

အိုင်ဗီက လက်သီးကို ရှောင်လိုက်သည်၊ သူမ၏ အမြင်တွင် ထိုလက်သီးမှာ အလွန်ပင် နှေးကွေးလွန်းလှသည်။ သူမက ညာဘက်လက်ကို သုံး၍ လူကပ်စ်၏ ဘယ်ဘက်လက်ကို ဖမ်းကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

ဘုန်း

ကျောရိုးတစ်လျှောက်မှ တင်ပါးအထိ နာကျင်မှုက ပျံ့နှံ့သွားသော်လည်း လူကပ်စ်က ချက်ချင်းပြန်ထလာပြီး အိုင်ဗီ၏ ဝမ်းဗိုက်ကို ပစ်မှတ်ထားကာ ထိုးလိုက်သည်။

အိုင်ဗီ မျက်‌မှောင်ကျုံ့လိုက်ပြီး ဝင်းလက်သောအကြည့်ဖြင့် သူ၏လက်ကို ဖမ်းကိုင်ကာ သူ၏မျက်နှာကို လက်သီးဖြင့် ပြန်ထိုးလိုက်ရာ လူကပ်စ်၏ နှုတ်ခမ်းနားတွင် ညိုမည်းစွဲသွားသည်။

လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမက သူ၏လက်ကို လွှတ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ လူကပ်စ်၏ ဝမ်းဗိုက်ကို ကန်လိုက်သည်။ လူကပ်စ်ကလည်း ငြိမ်မနေဘဲ အိုင်ဗီ၏ ခြေထောက်ကို ဖမ်းကိုင်ကာ သူမကို ဟန်ချက်ပျက်သွားအောင် ကြိုးစားလိုက်သည်။ သို့သော် နောက်စက္ကန့်တွင် အိုင်ဗီက သူမ၏ ခန္ဓာကိုယ်ကို ပျော့ပျောင်းစွာ လှည့်ပတ်လိုက်ပြီး သူ၏ လက်ထဲမှ ခြေထောက်ကို ရုန်းထွက်သွားသည်ကို မြင်လိုက်ရသဖြင့် လူကပ်စ်၏ သူငယ်အိမ်များ ကျုံ့သွားတော့သည်။

"ဝါး..." စစ်သားများက သက်ပြင်းချလိုက်မိကြသည်။ သူတို့၏ မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ကြပေ။ ဒါက သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာလား သူတို့နည်းပြမှလွဲ၍ မည်သူမျှ မလုပ်နိုင်ပေ။

မျက်နှာပေါ်တွင် ချွေးများ စီးကျနေပြီး စိတ်ပျက်အားငယ်လာသဖြင့် လူကပ်စ်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ဤတစ်ကြိမ်တွင်လည်း သူက လက်သီးကို လွှဲလိုက်ရာ အိုင်ဗီက စူးရှသော မျက်လုံးများဖြင့် သူ၏လက်သီးကို ထပ်မံဖမ်းကိုင်လိုက်ပြန်သည်။ ထိုအချိန်တွင် သူက သူ၏ ခန္ဓာကိုယ်ကို ကြားခံနယ်အဖြစ် အသုံးပြုကာ အိုင်ဗီကို လျှပ်စစ်ဓာတ်လိုက်စေရန် သူ၏ မိုးကြိုးစွမ်းအားကို ထည့်သွင်းလိုက်သည်။

သူသည် သတ်ရန် ရည်ရွယ်ထားခြင်း မဟုတ်သဖြင့် မိုးကြိုးအရှိန်ကို ထိန်းချုပ်ထားသော်လည်း ၎င်းမှာ လူတစ်ယောက်ကို မိနစ်အနည်းငယ်မျှ မလှုပ်ရှားနိုင်အောင် ပြုလုပ်ရန် လုံလောက်လှပြီး သူ အသည်းအသန် လိုအပ်နေသည့် အခွင့်အရေးကို ရရှိစေမည် ဖြစ်သည်။

အိုင်ဗီသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးအရှိန် အဟုန်ပြင်းပြင်း ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။ သို့သော် လူကပ်စ် မျှော်လင့်ထားသလို ဖြစ်မလာဘဲ အိုင်ဗီမှာ မလှုပ်မယှက် ဖြစ်မသွားသည့်အပြင် ဆက်လက် တိုက်ခိုက်နေခဲ့သည်။

ဘာကြောင့်လဲ အိုင်ဗီသည် သူမ၏ ယခင်ဘဝမှ နှိပ်စက်ညှဉ်းပန်းမှုများကို ကျေးဇူးတင်ရမည် ဖြစ်သည်။ ယခင်ဘဝတွင် မိုးကြိုးဒြပ်စင်အပေါ် သူမ ရရှိခဲ့သော ကိုယ်ခံစွမ်းအားမျိုး ယခုဘဝတွင် မရှိသေးသော်လည်း နာကျင်မှုကို အောင့်ခံနိုင်စွမ်းမှာမူ သိသိသာသာ မြင့်မားနေပြီ ဖြစ်သည်။

ယခု သူမ၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုးဓာတ် စီးဆင်းသွားသည့် နာကျင်မှုမှာ သူမ၏ အတွင်းပိုင်းကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာ လာကိုက်နေသကဲ့သို့သာ ခံစားရပြီး၊ ထိုထက်ပိုသော ထိခိုက်မှုမျိုး မရှိသလောက်ပင်။

လျှပ်စစ်ဓာတ် ဘာကြောင့် မလိုက်သလဲ ဆိုသည်ကိုမူ အိုင်ဗီကိုယ်တိုင်ပင် မသိပေ။

ဒါက အမြဲတမ်း ဤသို့ပင်။ တစ်စုံတစ်ဦးက သူတို့၏ မီးစွမ်းအား ကို သုံးလျှင် သူမ၏ အရေပြားမှာ လောင်ကျွမ်းသွားတတ်သော်လည်း သူမ၏ လှုပ်ရှားမှုကိုတော့ ဘယ်သောအခါမှ မထိခိုက်စေပေ။ သူမ၏ ခြေထောက်များ လောင်ကျွမ်းသွားလျှင်ပင် သူမ၏ သွားလာလှုပ်ရှားမှုကို မတားဆီးနိုင်ပေ။ သူမသည် နာကျင်မှု အနည်းငယ်မှလွဲ၍ အတွင်းကလီစာများ ထိခိုက်ပျက်စီးခြင်းမျိုး အလွန်ခဲယဉ်းလှသည်။

မိုးကြိုးနှင့် အခြားဒြပ်စင်များအတွက်လည်း ထိုနည်းတူပင်။ တဖြည်းဖြည်းနှင့် သူမသည် မီး၊ မိုးကြိုး၊ ရေခဲနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများအပေါ်တွင်ပင် ကိုယ်ခံစွမ်းအားများ ဖြစ်ပေါ်လာခဲ့သည်။

"ဟေ့ ခေါင်းဆောင်က မိုးကြိုးစွမ်းအားကို သုံးနေတာတောင် နည်းပြက ဘာလို့ ဘာမှမဖြစ်တာလဲ" တစ်စုံတစ်ဦးက ဝေခွဲမရစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"မိုးကြိုးစွမ်းအားက တခြားလူတွေ ထင်သလောက် အန္တရာယ် မရှိတာလား မသိဘူးနော်" ဟု အခြားသူတစ်ဦးက ခန့်မှန်းလိုက်သည်။

နောက်ဆုံးမေးခွန်းက စစ်သားများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်သဖြင့်၊ သူတို့သည် နောက်ထပ် မိုးကြိုးစွမ်းအားရှင် ဖြစ်သည့် ဖရန်ကလင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဖရန်ကလင်သည်လည်း စမ်းသပ်ကြည့်ချင်သဖြင့် အာသာ ဘက်သို့ လှည့်ကာ

"ငါ မင်းအပေါ်မှာ စမ်းသပ်ကြည့်မယ်"

"ဘာ ဘာလို့ ငါလဲ" အာသာမှာ ဘာကြောင့် ဤကိစ္စထဲသို့ ဆွဲသွင်းခံလိုက်ရသလဲဆိုသည်ကို ကြောင်သွားမိသည်။ သူ ဘာစကားတစ်လုံးမှတောင် ဝင်မပြောရသေးပါဘူး!

"မင်း မသိလို့ပါ၊ ဖရန်ကလင်က ငါတို့နည်းပြအပေါ်မှာ စိတ်ဝင်စားမှု အနည်းငယ် ရှိနေတာလေ" မက်စ်ဝဲလ်က အာသာ၏ ပခုံးကို အားနာစွာဖြင့် ပုတ်လိုက်သည်။ သူသာ အိုင်ဗီထက် ၅ နှစ်လောက် မကြီးနေဘူးဆိုရင် သူလည်း သူမကို ကြည်ညိုကြောင်း ဖော်ပြမိမှာ အသေအချာပင်။

မက်စ်ဝဲလ်သည် ဆံပင်များ ရှုပ်ပွနေပြီး လူကပ်စ်နှင့် တိုက်ခိုက်နေသည့် လှပသော အမျိုးသမီးကို ကြည့်ရင်း သူ၏ ရင်ခုန်သံ မြန်လာသည်ကို ခံစားလိုက်ရသည်။

"ဒါပေမဲ့ အဲဒါနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ" အာသာက စိတ်တိုသော အမူအရာဖြင့် မေးလိုက်သည်။

"မင်းက ငါတို့နည်းပြရဲ့ ကွယ်ရာမှာ အတင်းတွေ အများကြီး ပြောခဲ့တာကိုး သူက အဲဒီအတွက် အတိုးပြန်ယူချင်နေတာလေ" ဟု မက်စ်ဝဲလ်က ရှင်းပြလိုက်သည်။

အာသာ: ငါ မှားသွားပါပြီ ဟုတ်ပြီလား ငါ့ကိုတော့ ချမ်းသာပေးကြပါ။

နောက်စက္ကန့်တွင် အာသာ၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော မိုးကြိုးဓာတ် စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး၊ သူ၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါသွားတော့သည်။ သူ၏ ကြေးနီရောင် ဆံပင်တိုများမှာလည်း မည်းတူးသွားပြီး ဒူးရင်းသီး၏ ချွန်ထွက်နေသော အဖျားများကဲ့သို့ ဖြစ်သွားတော့သည်။

All Chapters