အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) ပထမဆုံး အစ်ကို့ကို မင်းရဲ့ အမြီးကြီး အရင်ပြပါဦး...
“ဒါ... ဒါက အလုပ်ဖြစ်ပါ့မလား...”
လုယွမ်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မေးလိုက်သည်။
ဇနီးဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ အတော်လေးကျွမ်းကျင်လှသည်ဟု ထင်ရပေသည်။ ပထမက ရက်စက်ကြမ်းကြုတ်သောသတ္တဝါများ။ ထို့နောက် တခြားတစ်ခုခုပေါ့။
သို့သော် လုယွမ်မှာ အနည်းငယ်တုန်လှုပ်နေဆဲဖြစ်သည်။ သို့သော် စုလီယန်ကမူ လုံးဝယုံကြည်မှုအပြည့်ရှိနေပုံရကာ
“သေချာပေါက် အလုပ်ဖြစ်မှာပါ... ညီမ အမေ့ဆီကနေ သင်ထားတာပါ... ဒီညကျရင် သူ့ဆီသွားပြီး ပြောလိုက်မယ်... အဲ့ဒါဆိုရင် အစ်ကို့ကို ထပ်ခြောက်ရဲမှာ မဟုတ်တော့ဘူး...”
စုလီယန် တစ်ယောက် ယုံကြည်မှုအပြည့်ရှိနေသည်ကို မြင်လိုက်ရသောအခါ လုယွမ်က ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအရာက ယုံကြည်စိတ်ချရမှု ရှိမရှိ သူမသိသော်လည်း သွားရောက်ပြောဆိုခြင်းက ဘာမှတော့ အဆင်မပြေဖြစ်စရာမရှိနိုင်ပေ။
နောက်ဆုံး၌ သူတို့နှစ်ဦးက အိမ်သို့ လမ်းလွှဲကာ ပြန်လာခဲ့ကြသည်။
အိမ်သို့ရောက်သောအခါ စုလီယန်က ခြံဝင်းထဲရှိ ပစ္စည်းများကို အရင်ဆုံး ကောက်သိမ်းလိုက်သည်။ သူမက စောစောက မြို့မှဝယ်လာသော ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
လုယွမ်က လုံးဝမကူညီခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ယခုမှစ၍ အိမ်မှုကိစ္စအားလုံးက စုလီယန်၏ တာဝန်ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ လုယွမ်က ယနေ့ဝင်ရောက်ကူညီပါက မနက်ဖြန်တွင် စုလီယန်မှာ ကိရိယာများကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
အင်း... အဓိကကတော့ လုယွမ်သည် အဝစားပြီးနောက် အနည်းငယ်ပျင်းရိနေခြင်းဖြစ်သည်။
ထိုအကြောင်းကို ပြောရလျှင် စုလီယန်က တကယ်ကို သွက်လက်လှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် အလုပ်ကြမ်းများကို လုပ်ကိုင်ကျင့်သားရနေသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ခြံဝင်းထဲရှိ ပစ္စည်းပုံကြီးကို စုလီယန်က နာရီဝက်ပင်မကြာဘဲ ရှင်းလင်းသိမ်းဆည်းလိုက်သည်။
ပြီးစီးသွားသောအခါ စုလီယန်က ပန်းကန်လုံးတစ်လုံးကို ရှာဖွေရန် နံရံထောင့်သို့ သွားလိုက်သည်။
မိသားစုက ယခင်က ခွေးတစ်ကောင်မွေးထားဖူးပြီး ၎င်းမှာ ခွေးစာခွက်ဖြစ်သည်။ ခွေးလေးသေဆုံးသွားပြီးနောက် ထိုပန်းကန်လုံးကို ထိုနေရာ၌သာ ထားရစ်ခဲ့ကာ မည်သည့်အခါမျှ မသိမ်းဆည်းခဲ့ချေ။
ထို့နောက် စုလီယန်က ထောင့်နားမှ ကျောက်ခဲသုံးလုံးကို ရှာတွေ့ခဲ့ပြီး သဲတစ်ဆုပ်ကိုလည်း ဆုပ်ယူလိုက်သည်။ အရာအားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ စုလီယန်က လုယွမ်အား ကြည့်ကာ သူမ၏ လှပသောမျက်လုံးများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး...
“အစ်ကို... သွားကြမလား...”
လုယွမ်က လုံးဝ ကြောင်အမ်းအမ်းဖြစ်နေကာ...
“ဒါတွေက ဘာတွေလဲ...”
စုလီယန်က သူမ၏လက်ထဲရှိ ကျောက်ခဲများကို မြှောက်ပြလိုက်ပြီး...
“ဒါတွေက ပေါက်စီတွေလေ...”
ထို့နောက် သူမက သဲများပြည့်နေသော ပန်းကန်ကွဲကို မြှောက်ပြလိုက်ပြန်သည်။
“ဒါကတော့ ထမင်းပေါ့...”
“ဒါတွေအားလုံးက အဲ့ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါအတွက်ပါ...”
လုယွမ် : “...”
“ဒီဟာက အလုပ်ဖြစ်ပါ့မလား... မင်းက တစ္ဆေကို လှည့်စားနေတာ မဟုတ်ဘူးလား...”
စုလီယန်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး...
“ဟုတ်ပါတယ်... တစ္ဆေကို လှည့်စားတာပါ... ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါဆိုတာ အငြိုးအတေးအစုအဝေးတစ်ခုသာဖြစ်တယ်... ဟန်ဆောင်ပြလိုက်ရုံနဲ့ လုံလောက်ပါပြီ... သူက အတုအစစ်ကို ခွဲခြားမသိနိုင်ပါဘူး...”
လုယွမ် : “...”
လုယွမ်မှာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။
“တကယ့်ပေါက်စီအစစ်တွေကို ဂျုံဖြူနဲ့ သွားပေါင်းရအောင်... ပြီးတော့ ထမင်းအစစ်ကိုလည်း ချက်ကြတာပေါ့... ဘာပဲဖြစ်ဖြစ် ဒီညအတွက် ငါတို့တွေ တစ်ခုခုတော့ စားရမှာပဲလေ...”
ထိုစကားကို ကြားလိုက်ရသောအခါ စုလီယန်၏မျက်နှာလေးမှာ စိတ်ဆင်းရဲမှုများ ပြည့်နှက်သွားခဲ့သည်။
“အာ... မလိုပါဘူး... အဲ့ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါကို ကျွေးရတာက နှမြောစရာကြီးလေ... သူတို့ကို ပူဇော်ထားတဲ့ ဘယ်အရာကိုမဆို ညီမတို့ ပြန်စားလို့ မရတော့ဘူး...”
ဇနီးဖြစ်သူ၏ စိတ်မကောင်းဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါ လုယွမ်က အတော်လေး ရယ်ချင်သွားခဲ့သည်။
“မြန်မြန်လုပ်နော်... လိမ္မာတယ်... အမြန်ပြီးအောင်လုပ်... ဒါမှ ငါတို့တွေ အိပ်ရာကို စောစောပြန်ဝင်လို့ရမှာ...”
ထိုစကားကို ကြားလိုက်ရသောအခါ စုလီယန်၏ လှပသောမျက်နှာလေးမှာ နီရဲသွားခဲ့ပြီး ချက်ချင်းပင် လိမ္မာစွာဖြင့် ပြင်ဆင်ရန် သွားလိုက်တော့သည်။
အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ စုလီယန်က တောင်းကိုလွယ်ကာ လုယွမ်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ ပေါက်စီများ ပွလာစေရန် အချိန်မရသောကြောင့် ရိုးရိုးဂျုံစိမ်းဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သည်။ အဆင်ပြေပါသည်။ အနည်းဆုံးတော့ ကျောက်ခဲများဖြင့် ထိုသတ္တဝါကို လှည့်စားခြင်းထက် ပိုကောင်းသည်ဟု လုယွမ်က ခံစားလိုက်ရပေသည်။
ယခုအခါ၌ အပြင်ဘက်တွင် လုံးဝမှောင်မိုက်နေပြီဖြစ်သည်။ သူတို့နှစ်ဦး ရွာထဲမှဖြတ်ကာ အပြင်ဘက်သို့ လျှောက်သွားရင်း လုယွမ်က ပြောလိုက်သည်။
“အိမ်ပြန်ရောက်တဲ့အခါ ငါတို့ဝယ်လာတဲ့ အဝတ်အစားသစ်တွေကို ပြောင်းဝတ်ကြမယ်... ဒီည ဘိုးဘေးခန်းမကိုသွားပြီးတော့ ဂါရဝပြုကြတာပေါ့...”
ဤနေရာတွင် လက်ထပ်စာချုပ်များသော်လည်းကောင်း၊ တခြားအရာများသော်လည်းကောင်း မရှိပေ။ သတို့သမီးအသစ်တစ်ယောက် အိမ်ထဲသို့ဝင်လာသောအခါ ဘိုးဘေးခန်းမတွင် ဂါရဝပြုခြင်းဖြင့် ဘိုးဘေးများက သူမအား မြင်တွေ့နိုင်စေရန် ပြုလုပ်ခြင်းက ကိစ္စပြီးပြတ်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
စုလီယန်က အနည်းငယ် ရှက်သွေးဖြာကာ ခေါင်းညိတ်ပြလိုက်သည်။
စုလီယန်၏ နှလုံးသားထဲတွင် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ အရင်က သူမသည် တကယ်လက်ထပ်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အကယ်၍ တစ်ယောက်ယောက်က သူမကို ခေါ်ယူသွားမည်ဆိုလျှင်ပင် ထိုသူမှာ သေချာပေါက် ကောင်းမွန်သူတစ်ယောက် ဖြစ်လိမ့်မည်မဟုတ်ချေ။
မမျှော်လင့်ဘဲ ယနေ့တွင် သူမ တကယ်ပင် လက်ထပ်လိုက်ရပြီဖြစ်သည်။ ထို့အပြင် သူမ၏ ခင်ပွန်းကလည်း အလွန်သဘောကောင်းကာ သူမအပေါ် အလွန်ဂရုစိုက်လေသည်။ ဤတစ်နေ့လုံး စုလီယန်က သူမ တကယ် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
သူတို့နှစ်ဦး ရွာအပြင်သို့ထွက်လာခဲ့ပြီး ထိုကျောက်တံတားနားသို့ ချဉ်းကပ်လာခဲ့သည်။ လုယွမ်က မှောင်မည်းနေသော တံတားနှင့် အောက်ဘက်ရှိ တဝေါဝေါစီးဆင်းနေသော ရေပြင်ကို ကြည့်လိုက်သည်။
ခဏအကြာတွင် သူ အနည်းငယ် လန့်ဖြတ်သွားသလို ခံစားလိုက်ရသည်။ ယခင်က စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုအရိပ်အယောင်များက အလွန်ပင် နက်ရှိုင်းလွန်းနေပေသည်။
ယခုအခါ လုယွမ်သည် မြင့်မြတ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မကောင်းမှုအားလုံးကို ခုခံနိုင်စွမ်းရှိသော်လည်း၊ ယုတ္တိတန်တန်တွေးကြည့်ပါက ဤကဲ့သို့သော မကောင်းဆိုးဝါးဝိညာဉ်များက သူ့အား ဒုက္ခမပေးနိုင်ပေ။ သို့သော် ထိုအရာက အဓိကအချက်မဟုတ်ပေ။ လုယွမ်က ဤကဲ့သို့သောအရာမျိုးကို တကယ်ပင် ကြောက်ရွံ့နေခြင်းဖြစ်သည်။
သူက ပညာရှင်တစ်ဦးအနေဖြင့် ကူးပြောင်းလာခဲ့သည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ အကယ်၍ လင်းကျန်းယင်း၏ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့လျှင်ပင် ဤကဲ့သို့သောအရာများကို မြင်ပါက ကြောက်နေဦးမည်သာဖြစ်သည်။
“အင်း... အစ်ကို မသွား... မသွားသင့်ဘူးထင်တယ်... ပစ်ကို ဟိုသစ်ပင်နားကနေပဲ မင်းကို စောင့်နေမယ်...”
လုယွမ်က ရုတ်တရက် ပြောလိုက်သည်။ လုယွမ် စကားပြောပြီးသွားသောအခါ စုလီယန်က သူမ၏ ခင်ပွန်းဖြစ်သူကို သိချင်စိတ်အနည်းငယ်ဖြင့် လှည့်ကြည့်လိုက်သည်။
တစ်ခဏမျှ စုလီယန်မှာ အကြောင်းရင်းကို မတွေးတတ်သော်လည်း သူမ၏ ခင်ပွန်းကို အတော်လေး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ နေ့လယ်ပိုင်းက သူသည် ရွာသူကြီး၏စားပွဲကို ရိုက်ချရဲလောက်အောင် ယောက်ျားပီသခဲ့သည်။ ယခုတော့ သူက သေးငယ်သော မကောင်းဆိုးဝါးဝိညာဉ်လေးကို အလွန်အမင်း ကြောက်ရွံ့နေပေသည်။
မကောင်းဆိုးဝါးဝိညာဉ်ကို ကြောက်စရာဘာရှိလို့လဲ။ လူတွေက မကောင်းဆိုးဝါးဝိညာဉ်တွေထက် ပိုကြောက်စရာမကောင်းဘူးလား။ အသိပြန်ဝင်လာပြီးနောက် စုလီယန်က ခေါင်းညိတ်လိုက်ပြီး...
“ကောင်းပါပြီ... ညီမဘာသာပဲ သွားပြောလိုက်ပါ့မယ်...”
နောက်ဆုံး၌ လုယွမ်က သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နေခဲ့သည်။
စုလီယန်က တောင်းကို သူမဘာသာလွယ်ကာ ကျောက်တံတားဘေးရှိ ကမ်းစပ်ဆီသို့ လျှောက်သွားခဲ့သည်။ သူမက ဖယောင်းတိုင်နှစ်တိုင်ကို ထွန်းညှိကာ ထိုနေရာတွင် တီးတိုးရေရွတ်နေတော့သည်။
လုယွမ်မှာ သူမ ဘာတွေရေရွတ်နေသည်ကို မကြားရဘဲ စောင့်နေရုံသာ တတ်နိုင်ပေသည်။ သို့သော် သူစောင့်နေစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာကြောင့်လား သို့မဟုတ် အခြားတစ်ခုခုကြောင့်လား သူ မသိပေ။
လုယွမ်က သူ့အနောက်တွင် မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်မှ တစ်စုံတစ်ခုက သူ့ကို စိုက်ကြည့်နေသည်ဟု အမြဲတမ်း ခံစားနေရသည်။ စုလီယန်က အချိန်အတော်ကြာ တီးတိုးရေရွတ်နေခဲ့ပြီး ပြန်မလာသေးသောကြောင့် လုယွမ်မှာ စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ သူက စုလီယန်အနားတွင် နေရသည်မှာ ပိုလုံခြုံသည်ဟု ရှင်းပြမရအောင် ခံစားနေရသည်။
နောက်ဆုံး၌ လုယွမ်က စုလီယန်ကို ရှာဖွေရန် သတ္တိမွေးကာ ရှေ့သို့သွားခဲ့သည်။ သူ အနားသို့ရောက်သွားသောအခါ ဇနီးဖြစ်သူ၏ တီးတိုးရေရွတ်သံများကို နောက်ဆုံးတွင် ကြားလိုက်ရသည်။
လုယွမ်က စာမေးပွဲအတွက် အလွတ်ကျက်မှတ်ထားသော ဆုတောင်းစာရွတ်ဆိုသံများကဲ့သို့ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းမှာ ရိုးရှင်းလှသော သာမန်စကားလုံးများသာ ဖြစ်နေပေသည်။
‘ငါ့ယောကျ်ားက နင့်ကို ဂျုံဖြူနဲ့လုပ်ထားတဲ့ ပေါက်စီတွေတောင် ကျွေးသေးတယ်... ငါ့ယောကျ်ားကို ထပ်မခြောက်နဲ့တော့’ ဟူသော စကားမျိုးစသဖြင့် ဖြစ်သည်။
လုယွမ်က ဤအရာလေးကို အနည်းငယ်ချစ်စရာကောင်းသည်ဟု ထင်မိသော်လည်း အနည်းငယ်လည်း ရှုပ်ထွေးသွားရသည်။ ဤအရာက တကယ် အလုပ်ဖြစ်နိုင်ပါ့မလား။
လုယွမ် ရောက်သွားသောအခါ စုလီယန်လည်း တီးတိုးရေရွတ်ခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ နောက်ဆုံးတွင် သူမက မြေကြီးပေါ်တွင်ချထားသော ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး ပတ်ဝန်းကျင်သို့ ဝှေ့ယမ်းပြလိုက်သည်။
ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက် သူတို့နှစ်ဦး အိမ်သို့ အတူတကွ ပြန်လာခဲ့ကာ သေချာစွာဆေးကြောသန့်စင်ပြီး အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။
ယခင်က စုလီယန်သည် လျှော်ထည်အဝတ်ကိုသာ ဝတ်ဆင်ထားသော်လည်း ထိပ်တန်းမော်ဒယ်တစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။ ယခုအခါ၌ လှပသောအဝတ်အစားများနှင့် ပါးနီအနည်းငယ် လိမ်းကျံထားပြီး သူမ၏ ဆံပင်ရှည်များကို အနောက်ဘက်တွင် အနီရောင်ပန်းပွင့်ကြီးတစ်ခုဖြင့် ညှပ်ထားလေသည်။
ဖယောင်းတိုင်အလင်းရောင်အောက်တွင် သူမက ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပနေပေသည်။ ထိုအရာက လုယွမ်ကို ဘိုးဘေးခန်းမသို့ပင် မသွားချင်တော့အောင် ဖြစ်စေခဲ့သည်။ သေချာသည်ပေါ့... ထိုအရာအတွက် လောစရာမလိုပေ။ ယခုအခါ သူမက သူ၏လူဖြစ်နေပြီဖြစ်ပြီး သူမ ဘယ်မှထွက်ပြေးသွားမည်မဟုတ်ချေ။
သူတို့နှစ်ဦးက ဘိုးဘေးခန်းမသို့ရောက်သောအခါ လုမိသားစု ဘိုးဘေးများ၏ အထိမ်းအမှတ်ကျောက်စာတိုင်များရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်ပြီး စကားအနည်းငယ်ပြောလိုက်သည်နှင့် ထိုကိစ္စက ပြီးပြတ်သွားခဲ့သည်။
ဂါရဝပြုပြီးနောက် လုယွမ်က ရှက်သွေးဖြာနေသော စုလီယန်အား အိမ်သို့ အလျင်စလို ဆွဲခေါ်သွားခဲ့သည်။ လုယွမ်က အိမ်တံခါးများနှင့် ပြတင်းပေါက်များကို သော့ခတ်နေစဉ် စုလီယန်အား အထဲတွင် အရင်စောင့်နေရန် ပြောလိုက်သည်။
လုယွမ်က အိမ်ထဲသို့ပြန်ဝင်လာပြီး လိုက်ကာများကို ပိတ်လိုက်သောအခါ စုလီယန်တစ်ယောက် ကုတင်စွန်းတွင် ရှက်ရွံ့စွာ ထိုင်နေသည်ကို မြင်လိုက်ရသည်။ လုယွမ်က သူ၏လက်ဖဝါးများကို ပွတ်သပ်လိုက်ပြီး အလွန်အမင်း ရှက်သွေးဖြာနေသော ဇနီးဖြစ်သူအား ကြည့်ကာ တခစ်ခစ်ရယ်မောလိုက်ပြီး။
“မြန်မြန်... ပထမဆုံး အစ်ကို့ကို မင်းရဲ့ အမြီးကြီး အရင်ပြပါဦး...”
စုလီယန် : “...”
အခန်း (၈) လေထဲမလွင့်နေနဲ့... မြေကြီးပေါ်မှာပဲ လမ်းလျှောက်...
စုလီယန်၏မျက်နှာတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်နေခဲ့သည်။
*အဲ့တာလား... သူက ဘာဖြစ်လို့ အဲ့တာမျိုးကို ကြည့်ချင်ရတာလဲ…အဲ့တာက… အဲ့တာက ဘာကောင်းလို့လဲ... ကြောက်စရာမကောင်းဘူးလား…*
စုလီယန်က သူမ၏ ယောက်ျားကို ကြောင်အမ်းအမ်းဖြင့် ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲရှိ ပြင်းပြသော မျှော်လင့်ချက်အရိပ်အယောင်များကို မြင်လိုက်ရသောအခါ သူမက ရုတ်တရက် ရှင်းပြမရသော ရှက်သွေးဖြာမှုလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။
အရင်က သူမ၏ ယောက်ျားသည် သူမ၏ မျိုးရိုးဗီဇပြန်ပေါခြင်းကို ဂရုမစိုက်ဘူးဟုသာ ထင်ခဲ့မိသည်။
သို့သော် ယခုကြည့်ရသည်မှာ... သူမ၏ ယောက်ျားက ၎င်းကို ‘ဂရုမစိုက်တာ’ သက်သက်မဟုတ်ဘဲ သူ... သူက အဲ့တာကို သဘောကျနေတာလား...။
ဤကဲ့သို့ ကြောက်စရာကောင်းသောအရာမျိုးကို တကယ်ပဲ သဘောကျတဲ့သူ ရှိလို့လား။
ရှက်သွေးဖြာနေစဉ်မှာပင် စုလီယန်က ခဏတာ စဉ်းစားလိုက်ပြီး သူမ၏ ယောက်ျားကို အလိုလိုက်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ယခုအခါ သူမ အိမ်ထောင်ကျသွားပြီဖြစ်ရာ သဘာဝကျကျပင် အရာရာတိုင်းတွင် သူမ၏ ယောက်ျားစကားကို နားထောင်ရမည်ဖြစ်သည်။
မျိုးရိုးဗီဇပြန်ပေါ်ခြင်းက နောက်ပိုင်းတွင် သူမ၏ အသစ်ဝယ်ထားသော အဝတ်အစားများကို ပေါက်ပြဲသွားစေမည်ကို စိုးရိမ်သဖြင့် စုလီယန်က သူမ၏ဘောင်းဘီကို ရှက်ရွံ့စွာ ချွတ်လိုက်သည်။
စုလီယန်က မယုံနိုင်လောက်အောင် ရှည်လျားပြီး လုံးဝန်းကာ နှင်းကဲ့သို့ ဖြူဖွေးသော ခြေတံများကို ဖော်ပြလိုက်သောအခါ လုယွမ်မှာ သေချာကြည့်ရန် အချိန်ပင်မရလိုက်ဘဲ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ကြီးမားသော မြွေအမြီးကြီးတစ်ခု ပေါ်လာခဲ့သည်။
၎င်းက လုယွမ် စိတ်ကူးယဉ်ထားသည့်အတိုင်းပင် ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် သူ ကြည့်ဖူးသော ရုပ်ရှင်များ၊ အန်နီမေးရှင်းများနှင့် ဂိမ်းအမျိုးမျိုးထဲကအတိုင်းပင် ဖြစ်သည်။
စုလီယန်၏ သွယ်လျသောခါးအောက်ပိုင်းရှိ အရာအားလုံးသည် အဖြူရောင်အလင်းတန်းများ တဖျပ်ဖျပ်လက်နေသော မြွေခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဖြူရောင်ကျောက်စိမ်းအကြေးခွံများက အနီရောင်ဖယောင်းတိုင်အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင် တလက်လက်တောက်ပနေပေသည်။
အမြီးဖျားလေးက မြေကြီးပေါ်တွင် ဂနာမငြိမ်စွာ လှုပ်ရှားနေခဲ့ပြီး ယခုအချိန်၌ စုလီယန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရပေသည်။
စုလီယန်၏ မျိုးရိုးဗီဇပြန်ပေါ်ခြင်းက အမှန်တကယ်တော့ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာတင် အဆုံးသတ်သွားခြင်းမဟုတ်ပေ။
တခြားနေရာများတွင်လည်း အနည်းငယ်ပြောင်းလဲမှုများ ရှိနေခဲ့ပြီး စုလီယန်၏ နားရွက်များက အနည်းငယ်ချွန်ထက်လာခဲ့သည်။
သူမ၏ ယခင်က လှပသော မျက်လုံးဝိုင်းကြီးများမှာ ယခုအခါ သိသိသာသာ သေးသွယ်ရှည်လျားလာခဲ့သည်။
အထူးသဖြင့် သူမ၏ မျက်တောင်များက အလွန်ရှည်လျားလာခဲ့သည်။
သူမသည် သဘာဝမျက်လုံးကွင်းဆေးနှင့် မျက်ခွံခြယ်ဆေးတို့ကို သုတ်လိမ်းထားသကဲ့သို့ ဖြစ်နေပေသည်။
စုလီယန်၏ စိတ်နေသဘောထားကလည်း ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ရပြီး ယခင်က သူမ၏ လိုက်လျောတတ်မှု၊ ချစ်စရာကောင်းမှုဟုပင် ဆိုနိုင်သည်မှသည် လုံးဝပြည့်စုံသော ဘုရင်မတစ်ပါး၏ အရှိန်အဝါအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် ထိုသေးသွယ်ပြီး လှပသောမျက်လုံးများက သင့်ကို အေးစက်စွာ စိုက်ကြည့်နေပေသည်။
သို့သော် ထိုအေးစက်သော ဒေါင်လိုက်မျက်လုံးသူငယ်အိမ်များအတွင်းရှိ ရှက်သွေးဖြာမှုနှင့် ထိုလှပသောမျက်နှာလေးပေါ်ရှိ နီရဲနေမှုက ပို၍ပင် ဆွဲဆောင်မှုရှိစေခဲ့သည်။
*ဘုရင်မတစ်ပါးကို အောင်နိုင်ခြင်းလား…*
ယင်းက တကယ့်ကို အံ့မခန်းပင်ဖြစ်သည်။
နောက်ဆုံး၌ လုယွမ်မှာ ထပ်၍မထိန်းထားနိုင်တော့ပေ။ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ သူ ခုန်အုပ်လိုက်ချိန်တွင် စုလီယန်က ညင်သာသော ညည်းတွားသံလေးတစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုညက ရုတ်တရက်တိုက်ခတ်လာသော နွေဦးလေနုအေးကြောင့် သစ်တော်ပင်တစ်သောင်း ပွင့်လန်းလာသကဲ့သို့ တကယ်ကို လှပလွန်းလှပေသည်။
…
နောက်တစ်နေ့ နံနက် လေးနာရီ သို့မဟုတ် ငါးနာရီခန့်တွင်ဖြစ်သည်။
စုလီယန်က လုယွမ်၏ ရင်ခွင်ထဲတွင် ပထမဆုံးနိုးလာခဲ့သည်။
ဟောက်ကာ အိပ်ပျော်နေဆဲဖြစ်သော သူမ၏ယောက်ျားကို မော့ကြည့်လိုက်သောအခါ စုလီယန်၏ မျက်လုံးများထဲရှိ ချစ်ခြင်းမေတ္တာများက ပြည့်လျှံလုနီးပါးဖြစ်နေခဲ့သည်။
သူမက သူမ၏ယောက်ျားပါးကို မငုံ့ဘဲ မနမ်းဘဲ မနေနိုင်တော့ဘဲ ပျော်ရွှင်မှုများပြည့်နှက်နေသော မျက်နှာဖြင့် ကုတင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းလာခဲ့သည်။
သူမက ကုတင်ပေါ်မှဆင်းကာ အဝတ်အစားဝတ်ပြီးနောက် သူမ၏ယောက်ျား နိုးလာသောအခါ မျက်နှာသစ်ရန်အတွက် ထင်းများပြင်ဆင်ရန်နှင့် ရေနွေးကျိုရန် ထွက်သွားခဲ့သည်။
သူမက သူမ၏ ယောက်ျားသည် သူမ၏ မျိုးရိုးဗီဇပြန်ပေါ်ခြင်းကို ရိုးရှင်းစွာပင် ဂရုစိုက်မည်မဟုတ်ဟု ထင်ခဲ့မိသည်။
သူမ၏ ယောက်ျားက ၎င်းကို တကယ်ပင် ဤမျှလောက် သဘောကျလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။
ပြီးခဲ့သည့်ညက သူသည် သူမ၏ မြွေခန္ဓာကိုယ်ကို ဖက်တွယ်ကာ နမ်းရှုံ့ပြီး ကိုက်ခဲနေခဲ့ရာ ထိုအရာက စုလီယန်ကို တကယ်ပင် ရှက်လွန်း၍ သေမတတ်ဖြစ်စေခဲ့သည်။
ပျော်ရွှင်မှုများပြည့်နှက်နေသော မျက်နှာဖြင့် ရေနွေးကျိုပြီးနောက် ပြန်လာသောအခါ စုလီယန်က လုယွမ် ကုတင်ပေါ်တွင် အကြောဆန့်နေသည်ကို မြင်လိုက်ရသည်။
ဤနေရာမှ လူများသည် စောစောအိပ်ပြီး စောစောထလေ့ရှိကြသည်။
သူတို့က ညတစ်ဝက်ခန့် အလုပ်များနေခဲ့ပုံရသော်လည်း သူတို့သည် ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီခန့်တွင် အပူပေးထားသော အုတ်ကုတင်ပေါ်သို့ ရောက်နေခဲ့ပြီး ကိစ္စရပ်များက ဆယ့်တစ်နာရီ သို့မဟုတ် ဆယ့်နှစ်နာရီခန့်တွင် ပြီးဆုံးသွားလောက်ပေသည်။
စောစောအိပ်ခြင်းက သဘာဝကျကျပင် စောစောနိုးခြင်းကို ဆိုလိုပေသည်။
သူမယောက်ျား နိုးလာသည်ကို မြင်လိုက်ရသောအခါ စုလီယန်က အလုပ်များကို ချက်ချင်းဘေးဖယ်ထားကာ သူ့ကို အဝတ်အစားဝတ်ပေးရန် အမြန်လျှောက်သွားလိုက်သည်။
ဤမျှလိုက်လျောတတ်သော ဇနီးကိုကြည့်ကာ လုယွမ်က သူ၏ ချစ်ခင်ယုယမှုကို မထိန်းနိုင်တော့ဘဲ စုလီယန်၏ အလွန်လှပသော ပါးပြင်လေးကို ဆွဲညှစ်လိုက်သည်။
“အစ်ကို... ဒီမနက် ဘာစားချင်လဲ...”
စုလီယန်က သူမ၏ ယောက်ျားကို ပါးဆွဲညှစ်ခံရင်း ချိုသာစွာ မေးလိုက်သည်။
လုယွမ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
“ဒီမနက် အိမ်မှာမစားတော့ဘူး... ဒီနေ့ မြို့ထဲသွားမလို့... လမ်းမှာပဲ စားစရာတစ်ခုခု ဝယ်စားလိုက်မယ်... စောစောထွက်ပြီး ဒီည စောစောပြန်လာခဲ့မယ်...”
စုလီယန်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ သူမ၏ ယောက်ျားက ဘာကြောင့် ရုတ်တရက် မြို့သို့သွားရသည်ကို သိချင်နေခဲ့သည်။
လုယွမ်က စုလီယန်ကို ကြည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“မြို့ထဲမှာ ရောင်းဖို့ ဆိုင်ခန်းတွေ ရှိမရှိ သွားကြည့်မလို့... ဆိုင်နှစ်ခန်းလောက် ဝယ်မယ်...”
စနစ်က သူ့ကို ငွေစင်တစ်သိန်း ပေးထားခဲ့သည်။ အလုံခြုံဆုံးအရာမှာ ဆိုင်ခန်းအနည်းငယ်ဝယ်ပြီး ငှားထားရန်ဖြစ်သည်ဟု လုယွမ်က တွေးလိုက်သည်။
ဆိုရိုးစကားရှိသည့်အတိုင်း သင်၏ ဉာဏ်ပညာက သင်၏ ကြွယ်ဝချမ်းသာမှုနှင့် မကိုက်ညီသောအခါ သင်၏ ဥစ္စာဓနများက အခြားနည်းလမ်းများဖြင့် မကြာမီ စီးဆင်းပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
လုယွမ်သည် ကူးပြောင်းမလာမီက သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့သည်။
ဤနေရာတွင် သူ၌ ငွေများစွာရှိနေလျှင်ပင် သူ့ကို စီးပွားရေးလုပ်ခိုင်းချင်တာလား။
ထိုအရာက ငွေဆုံးရှုံးရန် စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။
၎င်းက ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်နှင့် တူပေသည်။ အကယ်၍ သူတို့က သူတို့၏ နေ့ရက်များကို မော်ဒယ်များနှင့်အတူ ကလပ်များတွင် ကုန်ဆုံးစေပါက တစ်သက်လုံး ဒေဝါလီခံရမည်မဟုတ်ပေ။
သို့သော် အကယ်၍ သူတို့က ရုတ်တရက် စီးပွားရေးလုပ်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် ဆန္ဒဖြစ်ပေါ်လာပါက အရာရာက ဆိုးရွားသွားပေလိမ့်မည်။
ထို့ကြောင့် လုယွမ်က စီးပွားရေးလုပ်ရန် သို့မဟုတ် ထိုကဲ့သို့သောအရာများကို တွေးတောရန် ရည်ရွယ်မထားပေ။
ထို့အပြင် စနစ်ရှိနေသဖြင့် လုယွမ်သည် အနာဂတ်တွင် ငွေကြေးပြတ်လပ်သွားဖွယ်မရှိပေ။
လုယွမ်က ငွေရှာရန် သိပ်စိတ်မဝင်စားပေ။ သူက အဆင့်အတန်းတစ်ခုကိုသာ လိုချင်ခဲ့သည်။
သူ အပြင်ထွက်သောအခါ ‘ဟေး... ငါက ဆိုင်ရှင်တစ်ယောက်... မြို့ထဲမှာ ကိုယ်ပိုင်ဆိုင်ခန်းတွေ ရှိတယ်’ ဟု ပြောနိုင်ပေသည်။
သို့မဟုတ်ပါက တစ်ယောက်ယောက်က သူ ဘာလုပ်သလဲဟု မေးသောအခါ...။
အနံ့အသက်ဆိုးရွားသော ပညာရှင်တစ်ယောက်လား...။
၎င်းက နားထောင်လို့ သိပ်မကောင်းပေ။
လုယွမ်၏ စကားများကို ကြားသောအခါ စုလီယန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
လုယွမ်က စုလီယန်ကို ကြည့်ကာ ပြုံးလိုက်ပြီး...
“ဒီနေ့ အိမ်ကို ရှင်းလင်းထားလိုက်ပါ... နေ့လယ်စာအတွက် ကောင်းကောင်းမွန်မွန်တစ်ခုခု လုပ်စားပြီး ကိုယ်အလေးချိန် နည်းနည်းလောက် ထပ်တက်အောင်နေ...”
သူမ၏ ယောက်ျား၏ ချစ်ခင်ယုယမှုကို ခံစားလိုက်ရသောအခါ စုလီယန်က မယုံနိုင်လောက်အောင် ပျော်ရွှင်သွားပြီး ချိုသာစွာ ခေါင်းညိတ်လိုက်သည်။
အဝတ်အစားဝတ်ပြီး မျက်နှာသစ်ပြီးနောက် လုယွမ်က ထွက်ပေါ်လာသော နေမင်းကြီးကို မျက်နှာမူကာ ရွာမှ ထွက်ခွာသွားခဲ့သည်။
အင်း... သူက ထိုကျောက်တံတားကို ကွေ့ပတ်ကာ လျှောက်သွားခဲ့သည်။
ဤတစ်ကြိမ်၌ လုယွမ်က မြို့သို့ ဆိုင်ခန်းဝယ်ရန်အတွက် သွားခြင်းဖြစ်သည်။
သို့သော် လုယွမ်က စုလီယန်ကို မပြောပြထားသော အခြားအရာတစ်ခုရှိသေးပြီး ၎င်းက အရေးအကြီးဆုံးလည်း ဖြစ်ပေသည်။
လုယွမ် တွေးနေသည်မှာ...
မြို့သို့သွားကာ ကမ္ဘာလောကကို လေ့လာပြီး သူ တရားဝင်ရာထူးတစ်ခု ရနိုင်မရနိုင်ဆိုသည်ကို ကြည့်ရန်ဖြစ်သည်။
ဤကမ္ဘာတွင် ငွေရှိရုံဖြင့် အသုံးမဝင်ပေ။
သင်ဘယ်လောက်ပဲ ချမ်းသာနေပါစေ သင်က သာမန်အရပ်သားတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ ရှေ့တန်းမှ စစ်ပွဲက ဆိုးရွားလာပါက သူတို့က သင့်ကို အချိန်မရွေး စစ်သားအဖြစ် စုဆောင်းနိုင်ပေသည်။
ထို့အပြင် သင်သည် အစိုးရစနစ်အတွင်း၌ ရှိနေသရွေ့ သင်သည် အင်ပါယာ၏ ကံကြမ္မာအထောက်အပံ့ကို ရရှိပေလိမ့်မည်။
ရုံးစေတစ်ယောက် ဖြစ်လာဖို့ကိစ္စကို ထားလိုက်ပါဦး..တရားဝင်ရာထူးရှိသော သာမန်ပန်းပဲဆရာတစ်ယောက်ကိုပင် သာမန်မကောင်းဆိုးဝါးဝိညာဉ်များက အနှောင့်အယှက်ပေးရန် မဝံ့ရဲကြပေ။
လုယွမ်က မကောင်းဆိုးဝါးဝိညာဉ်များကို အလွန်ကြောက်ရွံ့ခဲ့သည်။ အကယ်၍ သူသာ အစိုးရစနစ်အတွင်းသို့ ဝင်ရောက်သွားပါက မည်သည့် မျက်ကန်းဝိညာဉ်က သူ့ကို ဒုက္ခပေးဝံ့မည်နည်း။
စုလီယန်က သူမ၏ တံခါးဝတွင်ရပ်ကာ သူမ၏ ယောက်ျား ထွက်သွားသည်ကို ကြည့်ပြီးနောက် ခြံဝင်းထဲသို့ ပြန်လှည့်ဝင်သွားခဲ့သည်။
ခြံဝင်းကိုကြည့်ကာ စုလီယန်က မပြုံးဘဲ မနေနိုင်တော့ပေ။
သူမက ခွန်အားများအပြည့်ဖြင့် အင်္ကျီလက်များကို ခေါက်တင်ကာ အိမ်ကို သေချာစွာ ရှင်းလင်းရန် အသင့်ဖြစ်နေခဲ့သည်။
သို့သော် သူမ အိမ်ထဲသို့ဝင်ရန် ခြေလှမ်းလိုက်ချိန်မှာပင် အသက်ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ်ခန့်ရှိ ဆံပင်နှစ်ဖက်စည်းထားသော မိန်းကလေးငယ်တစ်ဦးက အခန်းထဲမှ ရုတ်တရက် ခေါင်းပြူထွက်လာခဲ့သည်။
ထိုမိန်းကလေးငယ်က ကြွေအရုပ်လေးတစ်ရုပ်ကဲ့သို့ အလွန်ချစ်စရာကောင်းပေသည်။
တံခါးဘောင်ကို မှီကာ ခေါင်းပြူထွက်လာပြီး စုလီယန်ကို ကြည့်ကာ တိုးတိတ်သောအသံဖြင့် ပြောလိုက်သည်။
“ခဲအိုက အစ်မကို တကယ်သဘောကျတာပဲ...”
ထိုမိန်းကလေးငယ်ကို မြင်လိုက်ရသောအခါ စုလီယန်က အစပိုင်းတွင် လန့်ဖြတ်သွားခဲ့ပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“အယ်... ညီမလေး ဘယ်လိုရောက်လာတာလဲ... အမေ လွှတ်လိုက်တာလား...”
မိန်းကလေးငယ်က အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြီးနောက် တံခါးအနောက်မှ ထွက်လာခဲ့သည်။ သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင်...
သူမက လေထဲတွင် လွင့်မျောကာ ထွက်လာခြင်းဖြစ်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ အံ့သြမှုများ ပြည့်နှက်နေသော စုလီယန်၏ မျက်နှာမှာ ချက်ချင်းပင် မှုန်မှိုင်းသွားခဲ့သည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိတ်သောအသံဖြင့် ဆူပူလိုက်သည်။
“လေထဲမလွင့်နေနဲ့... အောက်ဆင်းပြီး လမ်းလျှောက်...”