လူယွမ်တစ်ယောက် မင်မင်းဆက်ရဲ့ ထူးဆန်းသောဗားရှင်းသို့ ပြောင်းရွှေ့သွားခဲ့တယ်။ သူ့ရဲ့ မူလခန္ဓာကိုယ်က ပျော့ညံ့တဲ့ ပညာရှင်တစ်ယောက်သာဖြစ်တယ်။ ရေသရဲခြောက်လှန့်တာခံရပြီး သေဆုံးပြီးနောက် လုယွမ်က ဝင်ရောက်ခဲ့တာဖြစ်တယ်။ ယင်းကမ္ဘာမှာ တစ္ဆေသရဲတွေပေါများပြီး လူသားနဲ့ နတ်ဆိုးသားရဲတွေက အတူယှဉ်တွဲနေထိုင်ကြတယ်။ အမျိုးသမီးတွေ နိမ့်ကျတဲ့ ခေတ်ကာလတစ်ခုဆိုလည်း မမှားဘူး။ ထိုကမ္ဘာမှာ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးတွေက ပွဲစားနဲ့အတူ တစ်ရွာဝင်တစ်ရွာထွက်ပြီး ခင်ပွန်းလိုက်ရှာရတယ်။ ဒီလိုနဲ့ လုယွမ်တို့ရွာဆီ လူသားတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း မြွေဖြူမိန်းကလေးလည်း ပါလာတယ်။ လူတိုင်းက ထိုမြွေဖြူမိန်းကလေးကို အထင်သေး ငြင်းပယ်ပေမယ့် လုယွမ်ကတော့ အလွန်တရာလှပတဲ့ မြွေမိန်းကလေး ခေါင်းပေါ်က "အမြှောက်ကိန်း ၉" ဟု ရေးထားသော သင်္ကေတကိုသာ သိချင်စိတ်ပြင်းပြနေခဲ့တယ်။ ဒါ့ကြောင့် လုယွမ်က လှပတဲ့ မြွေမိန်းကလေးနဲ့ လက်ထပ်ပြီး အချိန်အတော်ကြာမှ သူသိလိုက်တယ်။ " သောက်ကျိုးနည်း ....မြွေဖြူနဲ့ လက်ထပ်ရတာ အရမ်းမိုက်တာပဲ"

