← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅) တိုင်နင်းမြို့၊ အနက်ရောင်မုဆိုးမ

ရှီကဲရွာ၌ အသင်းနှင့် ဆက်သွယ်နိုင်သော တစ်ခုတည်းသောနေရာမှာ ရွာသူကြီး၏အိမ်ပင်ဖြစ်ပေသည်။

သူ၏မိသားစုသည် တိုင်နင်းမြို့၌ အဆက်အသွယ်များရှိကြ၏။

ထိုအဆက်အသွယ်များကြောင့်ပင် အတိတ်က လုယွမ်၏မိသားစုထံမှ ရွာသူကြီးရာထူးကို လုယူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့မဟုတ်ပါက လုယွမ်၏အဘိုးဖြစ်သူသည် ခရိုင်ဝန်တစ်ဦးဖြစ်ခဲ့သောကြောင့် ရွာသူကြီးရာထူးကို သူ၏မျိုးဆက်မှ ဆက်ခံရမည်ဖြစ်သည်။

သို့သော် လုယွမ်အဘိုး၏မျိုးဆက်သို့ ရောက်သောအခါ သခင်ကြီးကွယ်လွန်သွားပြီးနောက် ရွာသူကြီးရာထူးသည် လီမိသားစုထံသို့ ကျရောက်သွားခဲ့ရသည်။

ပထမအချက်မှာ လုယွမ်၏အဘိုးသည် သခင်ကြီးသက်ရှိထင်ရှားရှိစဉ်က အခွင့်ကောင်းယူကာ အကျင့်ပျက်ခြစားခဲ့သောကြောင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်ခဲ့ကြပေသည်။

ဒုတိယအချက်မှာ လီမိသားစုသည် ကြီးမားပြီး ဩဇာတိက္ကမရှိကာ ရွာသူကြီး၏မိသားစုအပါအဝင် သားငါးယောက်တိတိရှိခြင်းကြောင့်ပင်။

အထူးသဖြင့် ထိုမိသားစုမှ တတိယမြောက်သား၏မိသားစုသည် မြို့သို့ပြောင်းရွှေ့သွားပြီး ထိုနေရာ၌ အဆက်အသွယ်များ ရရှိခဲ့သည်ဟု ဆိုကြ၏။

ထို့ကြောင့် ရွာသူကြီးရာထူးသည် လီကွမ်းဟန် ဖြစ်လာခဲ့လေသည်။

သို့ရာတွင် နောက်ပိုင်း၌ လူများသိလာရသည်မှာ ၎င်းအဆက်အသွယ်ဆိုသည်မှာ အမှန်တကယ်တော့ ထိုမျှလောက် အရေးပါသောအရာမဟုတ်ပေ။

သူသည် အသင်းမှဖွင့်လှစ်ထားသော ဆိုင်တစ်ဆိုင်တွင် ဆိုင်အကူအဖြစ်သာ လုပ်ကိုင်နေခြင်းဖြစ်၏။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ ချွေးမသည် နောက်ဆုံး၌ ယောက္ခမ ဖြစ်လာခဲ့ပြီဖြစ်သည်။

နှစ်များတစ်လျှောက် တတိယသား၏မိသားစုသည် မြို့ထဲ၌ အမှန်တကယ်ပင် နာမည်ရလာခဲ့ပေသည်။

ထင်ထားသည့်အတိုင်းပင် တတိယသား၏မိသားစုမှ သားဖြစ်သူသည် ရှီကဲရွာနယ်မြေ၏ ဘဏ္ဍာစိုးတစ်ဦး ရုတ်တရက် ဖြစ်လာခဲ့သည်။

ဤသည်မှာ အမှန်တကယ်ပင် သေဆုံးသွားသူတစ်ဦး၏ ပါးစပ်ကို ပိတ်ထားသကဲ့သို့ ဘာမှမပြောနိုင်တော့သည့် အခြေအနေပင်ဖြစ်၏။

အားလပ်ရက်များတွင် တတိယသား၏မိသားစု ရွာသို့ပြန်လာတိုင်း လုယွမ်သည် သူ၏သားဖြစ်သူကို အမြဲတွေ့မြင်ရလေ့ရှိသည်။

သူသည် လုံးဝကို အရူးတစ်ယောက်လိုပင်။

ထိုကဲ့သို့သောလူက မည်သို့လုပ်၍ တာဝန်ခံတစ်ယောက် ဖြစ်လာနိုင်မည်နည်း။

ဤနယ်မြေသည် ကျိန်းသေပေါက် ရှုပ်ထွေးလာတော့မည်ဖြစ်သည်။

သေချာသည်မှာ ထိုကိစ္စများသည် လုယွမ်နှင့် ဘာမှမဆိုင်ပေ။ မည်သို့ပင်ဖြစ်စေ လုယွမ်သည် ရွာ၌ အမြဲတမ်းနေထိုင်သွားရန် အစီအစဉ်မရှိသောကြောင့်ဖြစ်သည်။

ဤခန္ဓာကိုယ်ပိုင်ရှင်သည် အတိတ်က အလွန်ခေါင်းမာပြီး ပြုပြင်၍မရသော ပညာရှင်တစ်ဦးဖြစ်ခဲ့သောကြောင့် သူသည် ဤကမ္ဘာကြီးအကြောင်းကို ပိုမိုနားလည်ရန် လိုအပ်နေသေးသည်။

သူက တစ်နေကုန် အိမ်ထဲမှာသာနေပြီး စာဖတ်နေတတ်ကာ အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုသည်ကို လုံးဝမသိပေ။

လုယွမ်သည် ဤကမ္ဘာကြီးအကြောင်းကို ပိုမိုနားလည်လာသည်နှင့် မြို့ထဲတွင် အိမ်တစ်လုံးဝယ်ပြီး ထိုနေရာသို့ ပြောင်းရွှေ့သွားမည်ဖြစ်သည်။

ရှီကဲရွာ၌ ကာကွယ်ပေးမည့် ဘိုးဘေးများရှိနေသည်ဟု ဆိုသော်ငြားလည်း နေရပ်စွန့်ခွာသူများအတွက် ခိုလှုံရာစခန်းများ၌ပင်လျှင် မြို့ထဲ၌ရှိနေသကဲ့သို့ ဘေးကင်းလုံခြုံမှု မရှိနိုင်ပေ။

အစိုးရအရာရှိများအားလုံးက မြို့ထဲ၌သာ ရှိကြသည်မဟုတ်ပါလော။

…

ယနေ့ ရာသီဥတုက သိပ်မကောင်းလှပေ။ ကောင်းကင်ယံ၌ တိမ်များဖုံးလွှမ်းနေပြီး နံနက်ရှစ်နာရီ ကိုးနာရီလောက် ရှိနေသော်လည်း အလွန်အမင်းလင်းထိန်မနေပေ။

ဆောင်းဦးပေါက်လာပြီဖြစ်ရာ ရာသီဥတုက အေးစိမ့်နေပြီး ရံဖန်ရံခါ လေအေးများတိုက်ခတ်နေသည်။

လုယွမ်က သူတို့ရောက်ခါနီးပြီဟု ခန့်မှန်းနေစဉ်မှာပင် အပြင်ဘက်ရှိ ရထားလုံးမောင်းသူက ရုတ်တရက် လိုက်ကာကိုမတင်လိုက်ပြီး ခေါင်းပြူလာကာ ပြောလိုက်သည်။

“သခင်လေး အရှေ့ဘက်ကနေ လူတွေလာနေတယ်... ကျွန်တော်တို့ လမ်းဘေးမှာ ခဏလောက် စောင့်နေဖို့လိုတယ်...”

ထိုစကားကိုကြားလိုက်ရသောအခါ လုယွမ်က ခေါင်းညိတ်လိုက်ပြီး ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် ရထားလုံးမောင်းသူက သူ၏ရထားလုံးကို လမ်းဘေးသို့ ရွှေ့လိုက်သည်။

လုယွမ် ရထားလုံးပေါ်မှဆင်းလာပြီးနောက် အဝေးမှလာနေသော ယာဉ်တန်းတစ်ခုကို မြင်လိုက်ရသည်။ အလွန်ပင် ခမ်းနားကြီးကျယ်လှသော မြင်ကွင်းပင်ဖြစ်သည်။

ရှေ့ဆုံးတန်း၌ အရပ် ၁ ဒသမ ၇၈ မီတာခန့်ရှိသော တောင့်တင်းကြံ့ခိုင်သည့် အစောင့်များက ခါးတွင်ဓားများကိုယ်စီချိတ်ဆွဲထားကြပြီး အနည်းဆုံး လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိပေလိမ့်မည်။ အလွန်ကို ဩဇာညောင်းလှပေသည်။

၎င်းတို့၏နောက်တွင်မူ ကြီးမားခမ်းနားသော ရထားလုံးကြီးငါးစီး ပါရှိလာသည်။

ထိုရထားလုံးများ၌ အလှဆင်ပစ္စည်းမျိုးစုံကို စီခြယ်ထား၏။

ထို့အပြင် ရထားလုံး၏ တစ်ဖက်တစ်ချက်စီတွင် ဝိညာဉ်မီးအိမ်များကိုပင် တပ်ဆင်ထားသေးသည်။

ဘုရားရေ...

ပြည်နယ်မြို့တော်တွင်မဆိုထားနှင့် တိုင်နင်းမြို့၌ပင် ဤဝိညာဉ်စွမ်းအင်မီးအိမ်ကို အသုံးပြုနိုင်သူ အလွန်နည်းပါးကြောင်း လုယွမ် တွေးနေမိသည်။

ပစ္စည်းပေါင်းများစွာကို ရထားလုံးပေါ်သို့ တိုက်ရိုက်တင်ဆောင်လာခဲ့ခြင်းပင်။

ရထားလုံး၏နောက်တွင် တူညီသောဝတ်စုံများကို ဝတ်ဆင်ထားပြီး ခါးတွင်ဓားများချိတ်ဆွဲထားသော အခြားလူအများအပြားလည်း ရှိနေသေးသည်။

အကြမ်းဖျင်းကြည့်လိုက်မည်ဆိုပါက တစ်ဖက်၌ ကြီးမားသော မြင်းလှည်းငါးစီးနှင့်အတူ လူလေးငါးဆယ်ခန့် ရှိနေပေသည်။

လမ်းတစ်ခုလုံး ပိတ်ဆို့နေတော့၏။

ရထားလုံးမောင်းသူက သူ့ကိုဆင်းပြီးစောင့်ခိုင်းသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။

မကြာမီတွင် ရထားလုံးမောင်းသူက ရထားလုံးကိုရပ်လိုက်ပြီး လုယွမ်ဆီသို့ အပြေးကလေး ရောက်လာခဲ့သည်။

သူတို့နှစ်ယောက် လမ်းဘေးရှိ သစ်ပင်တစ်ပင်အောက်တွင် အတူတကွ ရပ်နေလိုက်ကြသည်။

လုယွမ်က မနေ့က မြို့ထဲတွင်ဝယ်လာခဲ့သော လုချန်းအမှတ်တံဆိပ် ဆေးပြင်းလိပ်ကို အိတ်ကပ်ထဲမှထုတ်လိုက်ပြီး တစ်လိပ်ကိုယူကာ ဘေးနားရှိ ရထားလုံးမောင်းသူထံ ကမ်းပေးလိုက်သည်။

ရထားလုံးမောင်းသူက အနည်းငယ်ကြောင်အသွားပြီးနောက် လက်နှစ်ဖက်ဖြင့် အမြန်ယူလိုက်ကာ ပြုံးပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်လေး... ကျေးဇူးတင်ပါတယ်..”

လုယွမ်က သူကိုယ်တိုင် တစ်လိပ်ကို မီးညှိလိုက်ရာ ရထားလုံးမောင်းသူက မြင်လိုက်သောအခါ မီးခြစ်ဖြင့် အမြန်မီးညှိပေးလိုက်သည်။

စီးကရက်တစ်ဖွာ ရှိုက်လိုက်ပြီးနောက် လုယွမ်က အဝေးမှယာဉ်တန်းကိုကြည့်ကာ ပြောလိုက်သည်။

“ဒါက ဘယ်သူ့အိမ်ကလဲ... ဘာဖြစ်လို့ အဲ့လောက်တောင် ကြီးကျယ်ခမ်းနားနေရတာလဲ...”

စီးကရက်တစ်ဖွာ ရှိုက်လိုက်ပြီးနောက် ရထားလုံးမောင်းသူက ပြောလိုက်သည်။

“သူက တိုင်နင်းမြို့က အနက်ရောင်မုဆိုးမဖြစ်ရမယ်... သူမတစ်ယောက်တည်းကပဲ အဲ့လောက်ကြီးကျယ်တဲ့ ခြွေရံအသိုင်းအဝိုင်း ရှိနိုင်တာ...”

ရထားလုံးမောင်းသူ၏စကားကို ကြားလိုက်ရသောအခါ လုယွမ်က နားမလည်သောအမူအရာဖြင့် မေးလိုက်သည်။

“တိုင်နင်းမြို့က အနက်ရောင်မုဆိုးမ ဟုတ်လား...”

လုယွမ်၏ မေးခွန်းထုတ်နေသောအမူအရာကို မြင်လိုက်ရသောအခါ ရထားလုံးမောင်းသူလည်း အလားတူပင် နားမလည်နိုင်ဖြစ်သွားရသည်။

ရထားလုံးမောင်းသူက လုယွမ်ကို အထက်အောက် ပြန်ကြည့်လိုက်ပြီး စီးကရက်တစ်ဖွာရှိုက်ကာ အံ့ဩသောအမူအရာဖြင့် ပြောလိုက်သည်။

“သခင်လေးက အနက်ရောင်မုဆိုးမကို မသိဘူးလား... ခင်ဗျားက တခြားမြို့ကလား... ခင်ဗျားရဲ့ လေယူလေသိမ်းက သိပ်မမှန်ဘူးနော်...”

လုယွမ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

“မဟုတ်ပါဘူး... ကျွန်တော်က အချိန်တစ်လျှောက်လုံး အိမ်မှာပဲ စာဖတ်နေခဲ့တာဆိုတော့ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိပ်သတိမထားမိလို့ပါ... ဒါကြောင့် အဲ့ကိစ္စနှင့်ပတ်သက်ပြီး သိပ်မသိတာပါ...”

ထိုစကားကို ကြားလိုက်ရသောအခါ ရထားလုံးမောင်းသူက လုယွမ်၏ဝတ်စားဆင်ယင်မှုကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ထို့နောက် သူက လုယွမ်ကို ရှင်းပြလိုက်သည်။

“အာ သခင်လေး... တိုင်နင်းမြို့က အဲ့နေရာကို မှတ်ထားတာ ပိုကောင်းမယ်နော်... ခရိုင်ဝန်ကို ပြစ်မှားမိတာက အနက်ရောင်မုဆိုးမကို ပြစ်မှားမိတာထက် ပိုကောင်းသေးတယ်...”

“ခရိုင်ဝန်ကို ပြစ်မှားမိရင် ခင်ဗျားက ဘာပြစ်မှုမှ မကျူးလွန်ထားရင်တောင် အပြစ်ပေးဖို့ အကြောင်းပြချက်တစ်ခု လိုအပ်ဦးမယ်လေ... ဒါပေမဲ့ အနက်ရောင်မုဆိုးမကို ပြစ်မှားမိရင်တော့ ခင်ဗျား ညသန်းခေါင်ကျော်တာနဲ့ အရှင်လတ်လတ် မြေမြှုပ်ခံရနိုင်တယ်နော်...”

လုယွမ်က စီးကရက်တစ်ဖွာ ရှိုက်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“အဲ့လောက်တောင် အံ့ဩစရာကောင်းလား...”

ရထားလုံးမောင်းသူက ချက်ချင်းခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“အဲ့တာက အလကားပြောနေတာ မဟုတ်ဘူး... တိုင်နင်းမြို့မှာ အသင်းသုံးခုရှိတဲ့အထဲက နှစ်ခုက သူမမိသားစုပိုင်တာလေ... နောက်တစ်ခုကလည်း မကြာခင် သူမလက်ထဲ ရောက်တော့မှာ... အဲ့မိန်းမက တော်တော်ရက်စက်တာ... သူမခင်ပွန်းရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းပိုက်လိုက်တာပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်လည်း အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“အဲ့လောက်တောင် ရက်စက်တာလား... ဒါဆို အစိုးရက ဘာမှအရေးမယူဘူးလား...”

သို့ရာတွင် ရထားလုံးမောင်းသူက နှုတ်ခမ်းတွန့်လိုက်ပြီး ပြောလိုက်သည်။

“ဟူး... အဲ့တာက လူတိုင်းပြောနေကြတာလေ... ဘာသက်သေမှမရှိတော့ ဘယ်လိုလုပ် အရေးယူလို့ရမှာလဲ...”

ရထားလုံးမောင်းသူက တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း သူ၏မျက်လုံးထောင့်မှ ချဉ်းကပ်လာသော ယာဉ်တန်းကို မြင်လိုက်ရသောကြောင့် ချက်ချင်း ရေငုံနှုတ်ပိတ်နေလိုက်သည်။

လုယွမ်လည်း ထပ်မမေးတော့ပေ။

သူက သစ်ပင်အောက်တွင်ရပ်ရင်း စီးကရက်ကိုသာ သောက်နေလိုက်သည်။

မကြာမီတွင် ယာဉ်တန်းသည် လုယွမ်တို့အုပ်စု၏ရှေ့မှ ဖြတ်သန်းသွားခဲ့သည်။

ရထားလုံး၏ပြတင်းပေါက်က ပွင့်နေပြီး ထိုမှတစ်ဆင့် လုယွမ်သည် အထဲ၌ အလွန်လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

ဤကဲ့သို့သော အလှတရားသည် သူ၏ဇနီးနှင့် မတူညီပေ။

သူ့ဇနီးသည် အသက်နှစ်ဆယ်ကျော်အရွယ် နုနယ်သောအမျိုးသမီးမျိုးဖြစ်သည်။

ရထားလုံးအတွင်းရှိ အမျိုးသမီးမှာမူ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ် ရင့်ကျက်သောအမျိုးသမီးတစ်ဦးဖြစ်ပေသည်။

ရုပ်ရည်သွင်ပြင်အရ သူ၏ဇနီးနှင့် မယှဉ်နိုင်သော်လည်း ဤအရွယ်အမျိုးသမီးတစ်ဦးသည် မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးနှင့်တူပေသည်။ သူမက အလွန်ပင် မိန်းမဆန်လှသည်။

သူမ၏ဆံပင်များကို နားရွက်နောက်တွင် သိမ်းဆည်းထားပြီး နဖူးတစ်ဖက်ရှိ ဆံပင်များကို ကောက်ထားကာ တွန့်လိပ်နေသည်။

သူမက မိတ်ကပ်အထူကြီးလိမ်းထားပြီး တရုတ်သမ္မတနိုင်ငံခေတ်မှ စစ်ဗိုလ်ချုပ်တစ်ဦး၏ ဇနီးနှင့်တူနေပေသည်။

ဖြူဖျော့နေသော ထိုမျက်နှာပေါ်တွင် မည်မျှတန်ဖိုးကြီးသော ပေါင်ဒါများကို လိမ်းကျံထားသည်မသိနိုင်သလို ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းများလည်း ရှိနေသည်။

ဤအကွာအဝေးမှပင် လေတိုက်ခတ်လာသောအခါ လုယွမ်သည် ထိုအမျိုးသမီး၏မျက်နှာမှ မွှေးရနံ့ကို ရှူရှိုက်မိနေသည်။

ဤသူက အနက်ရောင်မုဆိုးမ ဖြစ်ရမည်မဟုတ်ပါလော။

သေချာသည်မှာ သူမ၏ရုပ်ရည်အပြင် လုယွမ်ကို အများဆုံးဆွဲဆောင်နိုင်ခဲ့သည်မှာ အနက်ရောင်မုဆိုးမ၏ခေါင်းပေါ်ရှိ အမြှောက်ကိန်းပင်ဖြစ်သည်။

အမြှောက်ကိန်း: ၅

ဤအမြှောက်ကိန်းသည် လုယွမ် ဤကမ္ဘာ၌ တွေ့ဖူးသမျှထဲတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။

အထူးသဖြင့် လုယွမ် သဘောပေါက်သွားသည်မှာ သူ၏အမြှောက်ကိန်းသည် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းအပေါ်၌သာ မူတည်နေခြင်းမဟုတ်ပေ။

၎င်းသည် တစ်ဖက်လူ၏ စရိုက်လက္ခဏာနှင့် သူတို့နှင့် ပတ်သက်ခြင်းဖြင့် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိနိုင်ခြင်း ရှိမရှိအပေါ်တွင်လည်း မူတည်နေသည်။

ဤအမျိုးသမီးက အလွန်ရက်စက်သော်လည်း ဤမျှမြင့်မားသော အမြှောက်ကိန်းရှိနေခြင်းက သူမ မည်မျှစွမ်းအားကြီးမားကြောင်း ပြသနေပေသည်။

တကယ်တော့ ဤကဲ့သို့သောအမျိုးသမီးသည် လုယွမ်ကဲ့သို့ သာမန်လူတစ်ယောက်၏ ကံကြမ္မာကို စကားအနည်းငယ်ဖြင့်ပင် ပြောင်းလဲပစ်နိုင်ပေသည်။

လုယွမ်သည် လမ်းဘေး၌ ခဏရပ်နေသော်လည်း ဘာမှမပြောခဲ့ပေ။ လုယွမ်က ဤအနက်ရောင်မုဆိုးမကို အထူးတလည် စိတ်ဝင်စားမှုမရှိပေ။

သူမ၏အမြှောက်ကိန်းက အလွန်မြင့်မားနေလျှင်တောင်မှ ဤအမျိုးသမီးက အလွန်အန္တရာယ်များနေဆဲဖြစ်သည်။

ထို့အပြင် ဤအမြှောက်ကိန်းသည် သူမနှင့် စကားနည်းနည်းပြောရုံဖြင့် အသက်ဝင်လာပြီး ဆုလာဘ်များရရှိနိုင်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

တစ်ဖက်လူနှင့်ပတ်သက်သော တစ်ခုခုကို လုပ်ဆောင်ရမည်ဖြစ်သည်။

လုယွမ်က သူ၏ဇနီး စုလီယန်နှင့် တွေ့ဆုံခဲ့စဉ်ကကဲ့သို့ပင် သူက သူမနှင့် အချိန်အတော်ကြာ စကားပြောခဲ့သော်လည်း မည်သည့်ဆုလာဘ်မှ မရရှိခဲ့ပေ။

သူမကို လက်ထပ်လိုကြောင်း ဆုံးဖြတ်ပြီး ရွာသူကြီးကို ပြောပြပြီးနောက်မှသာ သူမကို ရရှိခဲ့ခြင်းဖြစ်သည်။

ဤအမျိုးသမီးနှင့် မည်သို့ပတ်သက်သွားမည်ကို မည်သူသိနိုင်မည်နည်း။

ထို့ကြောင့် ဤအမျိုးသမီးက အမြှောက်ကိန်း: ၅ ဖြစ်နေလျှင်ပင် လုယွမ်က ဘာမှထွေထွေထူးထူး တွေးမနေတော့ပေ။

မကြာမီတွင် လူစုလူဝေးကြီးက ခမ်းနားကြီးကျယ်စွာ ဖြတ်သန်းသွားကြသည်။

လုယွမ်နှင့် ရထားလုံးမောင်းသူတို့က ရထားလုံးပေါ်သို့ ပြန်တက်ကာ ထပ်မံထွက်ခွာလာခဲ့ကြသည်။

ရထားလုံးပေါ်မတက်မီ လုယွမ်က ဖြတ်သန်းသွားသော ယာဉ်တန်းကို လှမ်းကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူတို့က ဘာတွေလုပ်နေကြတာလဲ...”

ထိုအခါ ရထားလုံးမောင်းသူက ဘေးမှနေ၍ ပြောလိုက်သည်။

“သူမခင်ပွန်းရဲ့ မိသားစုကို ပူဇော်သက္ကာယပြုဖို့ ဖြစ်နိုင်တယ်... ဒ္နေ့က သူမခင်ပွန်းရဲ့ မိသားစုအတွက် စက္ကူပိုက်ဆံမီးရှို့တဲ့နေ့ ဖြစ်ရမယ်...”

လုယွမ်က နားမလည်သောအမူအရာဖြင့် မေးလိုက်သည်။

“ဟင်... သူမကပဲ သူမခင်ပွန်းရဲ့ မိသားစုကို သတ်ခဲ့တာ မဟုတ်ဘူးလား...”

ရထားလုံးမောင်းသူက ပြုံးဖြီးဖြီးလုပ်ကာ ပြောလိုက်သည်။

“အဲ့တာက လူတိုင်းပြောနေကြတာလေ... ဒါ့အပြင် လူကလည်း သေသွားပြီပဲ... သက်ရှိထင်ရှားရှိနေတဲ့သူက ဟန်ဆောင်ပြနေတာကလည်း ကြည့်ကောင်းအောင်လုပ်ပြရုံ သက်သက်ပါပဲ...”

လုယွမ်က ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်နေလိုက်သည်။

သူက တိုင်နင်းမြို့မှ အနက်ရောင်မုဆိုးမကို မှတ်မိနေခဲ့လေသည်။

အခန်း (၁၆) အသွင်အပြင်ကောင်းသော်လည်း အသုံးမဝင်ခြင်း

လမ်းတစ်လျှောက်လုံးတွင် သူတို့က တိတ်ဆိတ်နေခဲ့ကြသည်။

နောက်ဆုံး၌ နံနက်ကိုးနာရီခန့်တွင် လုယွမ်သည် အသင်းဂိုဏ်း၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုအသင်းဂိုဏ်းကို သမားတော်ငါးဦးအသင်း ဟု ခေါ်ဆိုပေသည်။

ဤအသင်းဂိုဏ်းသည် အခြေခံအားဖြင့် ဂိုဏ်းတစ်ခုဖြစ်သောကြောင့် သဘာဝကျစွာပင် ကိုးကွယ်ပူဇော်ရမည့်အရာများ ရှိပေသည်။

မည်သို့ပင်ဖြစ်စေ လောကကြီးထဲတွင် သွားလာလှုပ်ရှားနေရချိန်၌ လုပ်ငန်းတူအခြားသူများနှင့် အထူးသဖြင့် ဆက်ဆံရမည်သာဖြစ်သည်။

လူတို့သည် နတ်ဘုရားများကို ကိုးကွယ်ပူဇော်ရန်နှင့် ၎င်းတို့၏စွမ်းအားကို အားထားရန်လည်း လိုအပ်ပေသည်။

ထိုသို့မဟုတ်ပါက ဆယ်နှစ်ရှစ်နှစ်ခန့်သာ ကျင့်ကြံထားသောသူတစ်ယောက်အနေဖြင့် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် နှစ်ရာပေါင်းများစွာ ကျင့်ကြံထားသည့် ဆရာကြီးအချို့နှင့် မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

သမားတော်ငါးဦးအသင်းသည် သမားတော်ငါးဦးကို ကိုးကွယ်ပူဇော်ကြသည်။

သမားတော်ကြီးငါးဦးဟူသော ဝေါဟာရ၏နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေပေသည်။

ပထမအင်ပါယာဧကရာဇ်မင်းသည် တိုင်တောင်သို့ ဖုန်ရှန်းပူဇော်ပွဲ ပြုလုပ်ရန် တက်လှမ်းခြင်း ပြုလုပ်ချိန်၌ နေရောင်ခြည်က တောက်ပနေပြီး ကောင်းကင်ကြီးက ရှင်းလင်းနေခဲ့သည်။

သို့သော်လည်း ပထမအင်ပါယာဧကရာဇ်မင်း တောင်ခါးပန်းသို့ ရောက်ရှိသွားသောအခါ မြင်းစီးကာ ထမ်းစင်ပေါ်တွင် လိုက်ပါလာသော်ငြားလည်း သူက အလွန်ပင်ပန်းနွမ်းနယ်နေပြီး ချွေးများသံတမဏိထွက်နေခဲ့သည်။

ထိုအခိုက်အတန့်၌ ရာသီဥတုက ရုတ်တရက်ပြောင်းလဲသွားပြီး မှောင်မိုက်သောတိမ်တိုက်များလိပ်တက်လာကာ လောကကြီးက ချက်ချင်းဆိုသလို မှောင်မိုက်သွားပြီး လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးများ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

မမျှော်လင့်ဘဲ အလစ်အငိုက်ခံလိုက်ရသော ပထမအင်ပါယာဧကရာဇ်မင်းသည် သူ့ရှေ့ရှိ ထင်းရှူးပင်ကြီးတစ်ပင်ကို မြင်လိုက်ရသည်။

၎င်းက မီတာအတော်အတော်မြင့်မားပြီး အကိုင်းအခက်အရွက်များ ဝေဆာနေကာ ၎င်း၏သစ်ရွက်ဖုံးလွှမ်းမှုက လေနှင့်မိုးကိုပင် မဖောက်ထွင်းနိုင်သော ထီးအမိုးတစ်ခုကဲ့သို့ပင်။ ထို့ကြောင့် မိုးခိုရန် ထိုသစ်ပင်အောက်သို့ အမြန်သွားရောက်ခိုလှုံခဲ့သည်။

တစ်ချိန်တည်းမှာပင် အခြွေအရံများမှာ လုံးဝဖရိုဖရဲဖြစ်သွားပြီး အချို့က ဥမင်လှိုဏ်ခေါင်းများထဲသို့ တွားသွားဝင်ရောက်ကာ အချို့က ချောက်ကမ်းပါးများကို တွယ်တက်နေကြသည်။

မကြာမီမှာပင် မိုးတိတ်သွားပြီး ကောင်းကင်ကြီးက ပြန်လည်ရှင်းလင်းသွားခဲ့သည်။ ထင်းရှူးပင်အောက်တွင် ခိုလှုံခဲ့ရသော ပထမအင်ပါယာဧကရာဇ်မင်းသည် လေနှင့်မိုးဒဏ်မှ ကင်းလွတ်သွားခဲ့ပြီး ခိုလှုံရာပေးခဲ့သော ထင်းရှူးပင်၏ ကျေးဇူးကို အသိအမှတ်ပြုခဲ့သည်။

ထို့နောက် ပထမအင်ပါယာဧကရာဇ်မင်းက ၎င်းအား ဆရာကြီးငါးဦးအနက်မှ တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည်။

ဤအသင်းဂိုဏ်းက သမားတော်ကြီးငါးဦးကို ကိုးကွယ်ပူဇော်သောကြောင့် ၎င်းကို သမားတော်ကြီးငါးဦးအသင်း ဟုလည်း ခေါ်ဆိုကြသည်။

ဤကမ္ဘာလောကတွင် ၎င်း၏ ပထမအင်ပါယာဧကရာဇ်မင်း ရှိခဲ့သည်မှာ သေချာပြီး သဘာဝကျစွာပင် တိုင်တောင်၌ ၎င်း၏ကိုယ်ပိုင် ဖုန်ရှန်းပူဇော်ပွဲလည်း ရှိခဲ့ပေသည်။

သို့သော်လည်း တစ်ခုတည်းသော ကွာခြားချက်မှာ ဤကမ္ဘာလောကရှိ ပထမအင်ပါယာဧကရာဇ်မင်း၏ အမည်မှာ ရင်းကျန်း မဟုတ်ဘဲ တိုင်တောင်က တိုင်နင်းတောင် ဖြစ်နေခြင်းပင်။

အသင်းဂိုဏ်း၏ ဧရိယာသည် လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။

ထိုအသင်းဂိုဏ်းသည် ဘုန်းကြီးကျောင်းလည်းမဟုတ်သလို တာအိုကျောင်းတော်လည်း မဟုတ်သော်ငြား ကြီးမားကျယ်ပြန့်သော ခြံဝင်းကြီးတစ်ခုဖြစ်ပေသည်။

သို့သော်လည်း ဤနေရာသည် လူကြိုက်များသော ကိုးကွယ်ယုံကြည်ရာနေရာတစ်ခု ဖြစ်သည်။

ရွာသူရွာသားများစွာက ဤနေရာသို့လာကာ အမွှေးတိုင်များထွန်းညှိပြီး ကောင်းချီးမင်္ဂလာများအတွက် ဆုတောင်းကြသည်။

မည်သို့ပင်ဖြစ်စေ သာမန်လူများအတွက် ရွာထဲတွင် နေထိုင်ကြသော ဤခြေသလုံးအိမ်တိုင် တာအိုဘုန်းကြီးများသည် သူတို့အတွက် နတ်ဘုရားများကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ဆိုင်များမှ လူများအားလုံး ဤနေရာသို့ လာရောက်ကြသောကြောင့် သဘာဝကျစွာပင် အလွန်ပြည့်ကျပ်နေခဲ့သည်။

လုယွမ်က သူ အစောကြီးထခဲ့သဖြင့် အစောကြီး တန်းစီနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

သို့သော် သူ အံ့သြသွားရသည်မှာ သူရောက်လာချိန်၌ နောက်ကျနေသေးခြင်းပင်။

ရှေ့တွင် လူဆယ်ယောက်ကျော်ခန့် ရှိနေသေးသည်။

အသင်းဂိုဏ်းမှ အဖွဲ့ဝင်အားလုံးသည် လူများနှင့်အတူ ရွာသို့ လိုက်သွားရန် မလိုအပ်ပေ။

အချို့သော ပြဿနာများကို နေရာမှာတင် ဖြေရှင်းပေးနိုင်သည်။

သို့သော်လည်း ကိုယ်စားလှယ်ကိုယ်တိုင် လူကိုယ်တိုင်သွားရောက်ရမည့် နေရာအချို့လည်း ရှိပေသည်။

ဥပမာအားဖြင့် လုယွမ်၏ ကိစ္စမျိုးပင် ဖြစ်သည်။

လုယွမ်က မြင်းလှည်းပေါ်တွင် ခေတ္တရပ်နေရင်း ဤအတိုင်းသာ ဆက်စောင့်နေရလျှင် ဘာဖြစ်လာမည်နည်းဟု တွေးတောနေခဲ့သည်။

အကယ်၍ အသင်းဂိုဏ်းထဲရှိ အခြားကိုယ်စားလှယ်အားလုံး တခြားသူများနှင့် ထွက်သွားလျှင်ကော... ငါ အချည်းနှီးခရီးစဉ်တစ်ခု လာခဲ့မိသလို ဖြစ်မသွားဘူးလား... သို့မဟုတ် ဤနေရာ၌ ညအိပ်စောင့်ဆိုင်းရမည်လား။

အသေအချာ တွေးတောပြီးနောက် လုယွမ်သည် လှည်းပေါ်မှဆင်းကာ အသင်းဂိုဏ်းဧရိယာတဝိုက် လမ်းလျှောက်ထွက်ခဲ့သည်။

နောက်ဆုံး၌ အသင်းဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးကိုရှာတွေ့ပြီး ငွေစင်တစ်ပြား တိတ်တဆိတ်ပေးလိုက်ပြီးနောက် လုယွမ်သည် ဘေးပေါက်မှတစ်ဆင့် အထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။

တကယ်တော့ မည်သည့်ခေတ်တွင်မဆို ငွေကသာ လောကကြီးကို လည်ပတ်စေသည်ပင်။

အထဲသို့ ရောက်သွားသောအခါ အရာရာက ရိုးရှင်းသွားခဲ့သည်။

အခြေအနေကို ရှင်းပြပြီးနောက် သူက ထို ခရီးသွားအား လေးစားမှုပြယုတ်အဖြစ် ငွေစင်နှစ်ပြား ပေးလိုက်သည်။

နောက်ဆုံး၌ အသက်သုံးဆယ်အရွယ် ဝတုတ်တုတ်လူတစ်ယောက်က ဓားရှည်တစ်လက်ကိုကိုင်ဆောင်ကာ လုယွမ်၏နောက်မှ လိုက်ထွက်လာခဲ့သည်။

သူတို့က မြင်းလှည်းပေါ်သို့ အတူတူတက်ခဲ့ကြပြီး ထိုကိုယ်စားလှယ်က အထဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။

လုယွမ်က လှည်းမောင်းသူနှင့်အတူ အပြင်ဘက်တွင် ထိုင်ခဲ့သည်။

ဝတုတ်တုတ်ကိုယ်စားလှယ်သည် အထဲတွင်ထိုင်ကာ ထိုနံနက်က မြို့ထဲတွင် လုယွမ်ဝယ်လာသော အစားအစာများကို ဝါးစားနေပြီး လုယွမ်ဝယ်လာခဲ့သော ဝိုင်ကိုလည်း သောက်နေခဲ့သည်။

မတတ်နိုင်ပေ။

ဤအသင်းဂိုဏ်းမှ လူအားလုံးက ဤအတိုင်းပင် ဖြစ်ကြသည်။

အင်ပါယာနန်းတော်က သူတို့ကို လူများကို အုပ်ချုပ်ရန် အမိန့်ပေးထားသော်ငြားလည်း။

သို့သော် မည်သို့စီမံခန့်ခွဲရမည်ကိုမူ သဘာဝကျစွာပင် သူတို့အပေါ်၌သာ မူတည်ပေသည်။

ဆန့်ကျင်ဘက်အားဖြင့် အရာရှိများနှင့် အစိုးရရုံးများသည် ယခုအခါတွင် အလွန်သန့်ရှင်းပြီး စွမ်းဆောင်ရည် ပြည့်ဝနေကြသည်။

အဓိကအချက်မှာ လက်ရှိ ဟုန်ဝူဧကရာဇ်မင်းသည် ကမ္ဘာမြေ၏ သမိုင်းကြောင်းရှိ ဟုန်ဝူဧကရာဇ်မင်းနှင့် အတူတူနီးပါး ဖြစ်နေခြင်းပင်ဖြစ်သည်။

ဤအဂတိလိုက်စားပြီး အရည်အချင်းမရှိသော အရာရှိများသည် မရေမတွက်နိုင်အောင် ကွပ်မျက်ခံခဲ့ရပြီးဖြစ်သည်။

ဤသည်မှာ လုယွမ်က တိုင်နင်းမြို့သို့ တိုက်ရိုက်သွားကာ ဆိုင်တစ်ဆိုင် ဝယ်ယူရဲသည့် အကြောင်းရင်းပင် ဖြစ်သည်။

ဤကဲ့သို့သော ဧကရာဇ်မင်းမျိုးရှိနေပါလျက် နောက်ပိုင်းတွင် သာယာဝပြောသော ခေတ်ကာလများ မရှိခဲ့လျှင် တကယ့်ကို ထူးဆန်းနေလိမ့်မည်ဖြစ်သည်။

လုယွမ်က အပြင်တွင်ထိုင်ရင်း ဘေးနားရှိ လှည်းမောင်းသူအား ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်ကာ သူတို့နှစ်ဦး တိတ်တဆိတ် စကားပြောနေခဲ့ကြသည်။

နောက်ထပ် တစ်နာရီ၊ နှစ်နာရီလောက်ဆိုလျှင် သူတို့ ပြန်ရောက်တော့မည်ဖြစ်သည်။

နေ့လယ်စာစားချိန် အမီ ပြန်ရောက်လောက်သေးသည်။

*ငါ့ဇနီး နေ့လယ်စာအတွက် ဘာဟင်းချက်ထားမလဲဆိုတာကို ငါ မသိရသေးဘူး*

လုယွမ် တွေးတောနေစဉ် လှည်းထဲတွင် ဝက်တစ်ကောင်ကဲ့သို့ အငမ်းမရ စားသောက်နေသော ဝတုတ်တုတ်ကိုယ်စားလှယ်က ဆီတွေပေကျံနေသည့် ဖောင်းအိနေသော လက်တစ်ဖက်ကို ဆန့်ထုတ်လာခဲ့သည်။

“ဟေး...”

ဤလူက ဆေးလိပ်နံ့ရသွားပြီး ဆေးလိပ်တောင်းနေခြင်းဖြစ်သည်။

အခြားနည်းလမ်းမရှိသောကြောင့် လုယွမ်က ထိုဝတုတ်တုတ်ကိုယ်စားလှယ်အား နောက်တစ်လိပ် ပေးလိုက်ရသည်။

အနီးနားတွင်ရပ်နေသော လှည်းမောင်းသူက ဤမြင်ကွင်းကို မြင်သောအခါ လုယွမ်ကို ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။

မတတ်နိုင်ပေ။

ဤလိုလူမျိုးက ဤအတိုင်းသာ ဖြစ်နိုင်ပေသည်။

အပေါ်တွင် သူတို့ကို ထိန်းချုပ်ရန် အစိုးရဌာနများ ရှိနေသောကြောင့် တိုက်ရိုက် လုယက်ခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းများ မလုပ်ရဲကြသော်ငြားလည်း လူတိုင်းက အသက်ရှင်ရပ်တည်ရေးအတွက် အသင်းဂိုဏ်းများကိုသာ အားထားနေရသည်။

သို့သော် ဤကဲ့သို့သော အသေးအဖွဲကိစ္စများအတွက်မူ သူတို့ကို လွှတ်ထားပေးရုံသာ တတ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ သူတို့က အစိုးရအရာရှိများ မဟုတ်ကြဘဲ လူတိုင်းက သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သူတို့အပေါ် မှီခိုနေကြရသည်။

မြင်းလှည်းက လမ်းတစ်လျှောက် ခရီးဆက်နေပြီး ဘယ်သူမှမသိလိုက်ခင်မှာပင် ကောင်းကင်ကြီးက တဖြည်းဖြည်း တိမ်ဖုံးလာခဲ့သည်။

နေရောင် တောက်ပနေသည့် နံနက် ၁၀ နာရီကျော်လေးသာ ရှိသေးသော်ငြားလည်း မှောင်မိုက်ပြီး အုံ့မှိုင်းနေခဲ့သည်။

သို့သော် ယခုအချိန်တွင် ကောင်းကင်ကြီးက သွေးကဲ့သို့ အနီရောင်သန်းနေကာ ဆည်းဆာအချိန်နှင့် တူနေပေသည်။

လုယွမ်က ဤအရာနှင့်ပတ်သက်ပြီး သိပ်ပြီးမခံစားရပေ။ မည်သို့ပင်ဖြစ်စေ ကမ္ဘာမြေတွင်ရှိစဉ်က လုယွမ်သည် ကမ်းရိုးတန်းဒေသမှ လူတစ်ယောက်ဖြစ်ခဲ့သည်။

ဤကဲ့သို့သော ရာသီဥတုမျိုးက အတော်လေး အဖြစ်များတယ်မဟုတ်လား။

ဤသည်မှာ ပြင်းထန်သောလေနှင့် သဲကြီးမဲကြီးမိုး ရွာသွန်းတော့မည့် လက္ခဏာဖြစ်သည်။

သို့သော် သူတို့နောက်ကွယ်ရှိ လိုက်ကာက ရုတ်တရက် ပွင့်ဟသွားခဲ့သည်။

ဝတုတ်တုတ်ကိုယ်စားလှယ်က ခေါင်းပြူထွက်လာပြီး အရှေ့ဘက်သို့ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ကြီးမြတ်တဲ့ ကုန်သည်ကြီး ပေါ်လာပြီလား...”

ဝတုတ်တုတ်ကိုယ်စားလှယ် စကားပြောပြီးနောက် သူ၏ဘေးရှိ လှည်းမောင်းသူက ခေတ္တရပ်သွားပြီးနောက် ပြောလိုက်သည်။

“အိုး...”

“အဲ့ဒါက အနက်ရောင်မုဆိုးမရဲ့ ခင်ပွန်းအိမ်ရှိတဲ့ အရပ်မျက်နှာပဲ...”

“အနက်ရောင်မုဆိုးမရဲ့ ခင်ပွန်းမိသားစုက ကလဲ့စားချေဖို့ လာနေတာလား...”

“အနက်ရောင်မုဆိုးမ...”

ဝတုတ်တုတ်ကိုယ်စားလှယ်က အစပိုင်းတွင် အံ့သြသွားပြီးနောက် လှည်းမောင်းသူကို စူးရဲစွာကြည့်ကာ ပြောလိုက်သည်။

“သခင်မ ဒီနေ့ ရောက်လာတာလား...”

လှည်းမောင်းသူက ပြာယာခတ်နေသောအမူအရာဖြင့် ခေါင်းကို အဆက်မပြတ်ညိတ်ကာ ပြောလိုက်သည်။

“ဒီနေ့ ကျွန်တော်တို့ ရောက်လာတုန်းက အနက်ရောင်နဲ့ တိုက်ဆိုင်စွာ ဆုံခဲ့တယ်...”

“သူတို့က သခင်မရဲ့ ယာဉ်တန်း လျိုမိသားစုရွာ ဘက်ကို ဦးတည်သွားနေတာကို တွေ့လိုက်ကြတယ်...”

“သခင်... ကျွန်တော်တို့ ခြံဝင်းကို ပြန်သွားကြမလား...”

“ဒါက တော်တော်လေးကို ကြီးမားတဲ့ကိစ္စပဲ... ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုမျိုးကိုတောင် ဖြစ်စေနိုင်တယ်...”

“ကျွန်တော်တို့ အမြန်ပြန်ပြီး ပုန်းနေသင့်တယ် မဟုတ်ဘူးလား...”

လူတိုင်းအံ့သြသွားရသည်မှာ ဝတုတ်တုတ်ကိုယ်စားလှယ်က သူ့ကို စူးရဲစွာကြည့်ကာ ပြောလိုက်သည်။

“ပြန်သွားရမယ်... မင်းက ဘာကို ပြန်သွားရမယ်လို့ ပြောတာလဲ...”

“မြန်မြန်လုပ်... လျိုမိသားစုရွာကို သွားရအောင်...”

“အကယ်လို့ ငါက သခင်မကို တစ်ခုခု ကူညီပေးနိုင်ပြီး သူမက ငါ့ကို တစ်ချက်လောက်လေး အသိအမှတ်ပြုကြည့်ပေးမယ်ဆိုရင် သူမရဲ့ စကားတစ်ခွန်းတည်းနဲ့တင် ငါ့ကို မြို့ထဲ ပြောင်းရွှေ့ပေးနိုင်တယ်...”

ဝတုတ်တုတ်ကိုယ်စားလှယ်က လှည်းမောင်းသူကို တည့်တည့်သာဆက်သွားရန် ပြောလိုက်ရာ လှည်းမောင်းသူမှာ အလွန်ကြောက်ရွံ့သွားပြီး နောက်သို့တွန့်ဆုတ်သွားကာ မသွားရဲတော့ပေ။

သို့သော် ဝတုတ်တုတ်ကိုယ်စားလှယ်က လှည်းမောင်းသူ၏ ဂုတ်ကို ရိုက်ချလိုက်ပြီး ပြောလိုက်သည်။

“ငါ ဒီမှာရှိနေတာပဲ... ဘာကို ကြောက်နေရတာလဲ...”

“ဒါ့အပြင် သခင်မရဲ့ ဘေးပတ်လည်မှာ ကျွမ်းကျင်သူတွေ ဝန်းရံနေတာလေ...”

“ငါတို့က မျက်နှာသွားပြပြီး နာမည်သွားယူရုံပဲ... ဒီကိစ္စတွေအကုန်ပြီးသွားတဲ့အခါ သခင်မဆီက စကားတစ်ခွန်းတည်းက ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်...”

“ဘာလဲ... မင်းက တစ်သက်လုံး လှည်းဆွဲချင်နေတာလား...”

ဝတုတ်တုတ်ကိုယ်စားလှယ်၏ စကားက လှည်းမောင်းသူအား လမ်းတွင် သူမြင်တွေ့ခဲ့ရသော ခါးတွင်ဓားများချိတ်ဆွဲထားသည့် အစေခံ လေးငါးဆယ်ခန့်ကို သတိရသွားစေသည်။

ဒါက တကယ်ကို အဲ့ဒီလိုဖြစ်ပုံရတယ်။

ထို့အပြင် “တစ်သက်လုံး လှည်းဆွဲချင်နေတာလား” ဆိုသော ဝတုတ်တုတ်ကိုယ်စားလှယ်၏ အမေးက လှည်းမောင်းသူ၏ နှလုံးသားကို တကယ်ပင် ထိရှသွားစေခဲ့သည်။

ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် သူက လျိုမိသားစုရွာဘက်သို့ မြင်းလှည်းကို ချက်ချင်း ဦးတည်မောင်းနှင်လိုက်သည်။

လုယွမ်က လုံးဝ ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ဘေးတွင် ရပ်နေခဲ့သည်။

*နေပါဦး... ငါ လှည်းပေါ်က ဆင်းလို့ရမလား…*

လုယွမ်က ခေတ္တမျှ တွေးတောလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

ဝတုတ်တုတ်ကိုယ်စားလှယ် ပြောသည်က မှန်ပေသည်။ အနက်ရောင်မုဆိုးမကို ကာကွယ်ပေးနေသည့် လူတစ်အုပ်ကြီး ဝန်းရံနေပေသည်။

လုယွမ်က ထိုအနက်ရောင်မုဆိုးမကို အရေးတယူ သွားရောက်ကြည့်ရှုရန် စိတ်မဝင်စားခဲ့ပေ။

လုယွမ် စဉ်းစားနေခဲ့သည်က...

အမြှောက်ကိန်းကိုများ အသက်ဝင်သွားစေမလား။

လုယွမ်နှင့် သူ၏အဖော်နှစ်ဦး လျိုမိသားစုရွာ၏ နယ်မြေအတွင်းသို့ ဝင်ရောက်သွားချိန်မှာပင်။

မြင်းက အလွန်ကြောက်ရွံ့နေသဖြင့် ရှေ့သို့ တစ်လှမ်းမျှ ဆက်မသွားတော့ချေ။

ဝတုတ်တုတ်လူကြီးက လက်ထဲတွင် လက်နက်ကိုင်ဆောင်ကာ လှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။

သဘာဝကျစွာပင် လုယွမ်လည်း ချက်ချင်း လိုက်သွားခဲ့သည်။ ဤနေရာသို့ ရောက်နေပြီဖြစ်ရာ သွားမကြည့်လျှင် မှန်ကန်မည်မဟုတ်ပေ။

သို့သော် လုယွမ်က ထိုဝတုတ်တုတ်ကိုယ်စားလှယ်နောက်သို့ လိုက်သွားပြီးနောက်...

သူတို့ ကြက်သေသေသွားခဲ့ကြသည်။

ဘုရားရေ...

ထိုအစေခံများသည် အခွံလွတ်များသာဖြစ်ပြီး အပေါ်ယံဟန်ပြသက်သက်သာဖြစ်ကာ အနှစ်သာရ ဘာမှမရှိကြပေ။

တစ်ဝက်တောင် ကျရှုံးနေပြီပဲ။

All Chapters