← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉) ဆိုးရွားလှသည်

“ဟင်...”

“ကောင်းကင်ဆရာသခင် သေသွားပြီ...”

လုယွမ်က အစောင့်ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။

လုယွမ်၏ဘေးတွင်ရပ်နေသော စုလီယန်ကလည်း စူးစမ်းချင်စိတ်အနည်းငယ်ဖြင့် အစောင့်ကို လှည့်ကြည့်လိုက်သည်။

အစောင့်က ချက်ချင်းခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဘာအကြောင်းကြောင့်မှန်းတော့မသိဘူး အဲ့ကောင်က ပိုပြီးရက်စက်ကြမ်းကြုတ်လာတယ်...”

“ပြည်နယ်မြို့တော်က တာအိုဆရာနှစ်ယောက်က အဲ့လူလိမ်ကို မနှိမ်နင်းနိုင်ခဲ့ဘူး အဲ့အစား တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရသွားတယ်...”

အစောင့်က ဤသို့ပြောလိုက်သည်။

လုယွမ်က အစောင့်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။

ယုတ္တိတန်တန် စဉ်းစားရလျှင် ဤကဲ့သို့သောအဖြစ်အပျက်မျိုးပြီးနောက် အိမ်တော်ရှိလူတိုင်း အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသင့်ပေသည်။

သို့သော် အစောင့်၏အသွင်အပြင်က များစွာပြောင်းလဲသွားပုံမရသည်ကို လုယွမ်တွေ့လိုက်ရသည်။

အဒေါ်ကျောက်က ဤစီးပွားရေးကို တကယ်ပြိုလဲစေခဲ့လျှင်ပင် ၎င်းက သူ့ပြဿနာမဟုတ်ပေ။

အဆိုးဆုံးအခြေအနေတွင် သူက ဤအဝတ်အစားများကိုချွတ်ပြီး အခြားအလုပ်တစ်ခု ပြောင်းလုပ်နိုင်သည်။ သို့သော် အနည်းဆုံးတော့ သူက လောလောဆယ် ဟန်ဆောင်နေသင့်သည် မဟုတ်လား။

ဤအရာက...

လုယွမ်က စိတ်ရှုပ်ထွေးနေစဉ် အစောင့်က လုယွမ်၏အမူအရာကိုမြင်ပြီး သူကြောက်နေသည်ဟု ထင်ကာ ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။

“သခင်လေး မကြောက်ပါနဲ့...”

“ဒါက တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ၊ ဒါပေမဲ့ သခင်မကြီးက ကံကောင်းတဲ့သူပဲ...”

“တိုင်နင်းတောင်က တာအိုဆရာတော်လုံချွမ်းက တိုင်နင်းမြို့ကို ဖြတ်သွားရင်းနဲ့ ငါတို့သခင်မကြီးက သူ့ကို ဈေးကြီးပေးပြီး ဖိတ်ခေါ်ထားတယ်...”

“တာအိုဆရာလုံချွမ်း ဒီနေရာမှာရှိနေမှတော့ ဒီည အဲ့လူယုတ်မာ သေချာပေါက် အသတ်ခံရမှာပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ဤသို့ဖြစ်မည်ဆိုလျှင်တော့...

အစောင့်က လုံးဝထိတ်လန့်မနေခြင်းမှာ အံ့သြစရာမရှိတော့ပေ။

ဆရာတော်လုံချွမ်း...

တကယ့်ကို အထင်ကြီးစရာပင်။ အိမ်ပြင်မထွက်ဖူးသော ပညာရှင်တစ်ဦးဖြစ်သည့် လုယွမ်ပင်လျှင် ဆရာတော်လုံချွမ်း၏ ကျော်ကြားသောဂုဏ်သတင်းကို သိရှိပေသည်။

လုံချွမ်းမှ ဤတာအိုဆရာတော်က ကောင်းကင်ဆရာသခင်တစ်ပါးလည်း ဖြစ်သည်။

သို့သော် ကောင်းကင်ဆရာသခင်များအကြားတွင် ကွာခြားချက်များရှိပေသည်။

ဆရာတော်လုံချွမ်းသည် တိုင်နင်းတောင်ပေါ်ရှိ ဒိုရှီးကျောင်းတော်၏ ရိုးရာကောင်းကင်ဆရာသခင်တစ်ပါးဖြစ်သည်။

ဤလောကကြီးက ရိုးရာအစစ်အမှန်ဖြစ်ခြင်းနှင့် မဖြစ်ခြင်းအပေါ် အခြေခံပေသည်။

၎င်းက ကိုယ့်ဇနီးကဲ့သို့ပင်ဖြစ်သည်။ သူမက လူလည်းအပြည့်အဝမဟုတ်၊ မကောင်းဆိုးဝါးလည်း အပြည့်အဝမဟုတ်သောကြောင့် လူများက သူမ၏နောက်ကွယ်တွင် အတင်းပြောကြပေသည်။

ရှေးခေတ်က တရားဝင်သားများကိုသာ သားများဟု ခေါ်ဆိုခဲ့ကြပုံရသည်။

ကောင်းကင်ဆရာသခင်များအတွက်လည်း ထိုနည်းတူပင်ဖြစ်သည်။

ကောင်းကင်ဆရာသခင်များသည် နတ်ဘုရားများ၏ စွမ်းအားကို အားကိုးကြသော်လည်း ဤနတ်ဘုရားများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထားပေသည်။

ဥပမာအားဖြင့် သမားတော်ငါးဦးအသင်းက တိုင်နင်းတောင်မှ မြင့်မြတ်သောသစ်ပင်တစ်ပင်ကို ကိုးကွယ်ကြသည်။

၎င်းက သာမန်ဝိညာဉ်ရေးရာအရာဝတ္ထုများ အမျိုးအစားတွင် ပါဝင်ပေသည်။

ထိုသို့ဆိုလျှင် တာအိုဆရာတော်လုံချွမ်း၏ ဒိုရှီးကျောင်းတော်တွင် မည်သူ့ကို ကိုးကွယ်ကြသနည်း။

ရှီကန်းတန်။

မှန်ပါသည်၊ ဤနေရာတွင် ကျောက်တုံးစောင့်ရှောက်သူတစ်ဦးလည်း ရှိပြီး ကျောက်တုံးစောင့်ရှောက်သူဟုပင် ခေါ်ဆိုကြကာ နာမည်က ပြောင်းလဲမသွားပေ။

ပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ ကမ္ဘာမြေပေါ်တွင် ၎င်းကို တိုင်တောင်မှ ရှီကန်းတန်ဟု ခေါ်ဆိုသော်လည်း ဤနေရာတွင် တိုင်နင်းမှ ရှီကန်းတန်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဒါပေမဲ့ အတိအကျတူညီပါတယ်။

ရှီကန်းတန်ဆိုတာ ဘယ်သူလဲ။

ယခင်က ကျေးလက်တွင် အိမ်ဆောက်သောအခါ မိသားစုက ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အိမ်ကြီးဆောက်သည်ဖြစ်စေ၊ အိမ်ငယ်ဆောက်သည်ဖြစ်စေ အရေးမကြီးပေ။

အိမ်တိုင်းတွင် မကောင်းဆိုးဝါးများကို တားဆီးရန် “တိုင်တောင်မှ ရှီကန်းတန်” ဟူသော စာလုံးငါးလုံး ရေးထွင်းထားသည့် ကျောက်တုံးတစ်တုံးကို ထားရှိရမည်ဖြစ်သည်။

တိုင်နင်းမြို့က ပို၍ပင် မှန်ကန်ပေသည်။

လုယွမ်၏ မိသားစုအပါအဝင် အိမ်ထောင်စုတိုင်းတွင် ဤသို့ပင်ဖြစ်သည်။

ဤနည်းအားဖြင့် ဒိုရှီးကျောင်းတော်၏ ရိုးရာကောင်းကင်ဆရာသခင်တစ်ပါးအနေဖြင့် ဆရာတော်လုံချွမ်းက သဘာဝကျကျ အလွန်အစွမ်းထက်ပေသည်။

…

လုယွမ်က အစောင့်နောက်မှလိုက်၍ အိမ်တော်ထဲသို့ ဝင်သွားပြီးနောက် အိမ်တော်တစ်ခုလုံး အဝါရောင်အဆောင်များ ကပ်ထားသည်ကို တွေ့လိုက်ရသည်။

၎င်းက သင့်လျော်သော တာအိုဓလေ့တစ်ခုဖြစ်သည်။

လုယွမ်သည် မကြာသေးမီက စနစ်မှပေးသော “ကောင်းကင်ဆရာသခင်” စာအုပ်ကို ဖတ်နေခဲ့ပြီး အိမ်ဝင်းအတွင်း အဝါရောင်အဆောင်များ ကပ်ထားသည်ကို သတိပြုမိခဲ့သည်။

လုယွမ်က အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“ဘာလို့ ခြံထဲမှာ အဝါရောင်အဆောင်တွေ ကပ်ထားတာလဲ အိမ်ထဲက မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖမ်းဖို့ ကြိုးစားနေတာလား...”

“အဲ့အုပ်စုက မြို့ထဲကို ဝင်လာရဲသေးတယ်လား...”

အစောင့်က ချက်ချင်းရှင်းပြရန် ကြိုးစားလိုက်သည်။

“သူတို့တွေ ဒါကိုပြောနေကြပုံရတယ်...”

ဤနေရာတွင် အမျိုးသားက ခဏတာရပ်သွားပြီးနောက် ရိုးရှင်းဖြူစင်စွာပြုံးပြကာ ပြောလိုက်သည်။

“ကျွန်တော်တို့လည်း မသိပါဘူး။ ကျွန်တော်တို့က အစောင့်တွေဆိုတော့ ဂိတ်တံခါးစောင့်ဖို့ပဲ တာဝန်ရှိတာ ဒီကိစ္စတွေကို စုံစမ်းဖို့က ကျွန်တော်တို့အတွက် မသင့်တော်ဘူးလေ...”

“သခင်လေး သိချင်ရင် သခင်မကြီး ပြန်လာတာကိုစောင့်ပြီး သူမကိုမေးသင့်တယ်...”

လုယွမ်က အမျိုးသား၏ အခက်အခဲကို နားလည်နိုင်သောကြောင့် ထပ်မမေးတော့ပေ။ သူက အဆောင်တစ်ခုဆီသို့ လျှောက်သွားပြီး အသေးစိတ်စစ်ဆေးကြည့်လိုက်သည်။

“ကောင်းကင်ဆရာသခင်” စာအုပ်ကို ဖတ်ထားသောကြောင့် လုယွမ်က အဆောင်များကို သဘာဝကျကျ မှတ်မိနေခဲ့သည်။

သူက ဤအကြောင်းကို စဉ်းစားနေစဉ် လုယွမ်နှင့်အတူ လိုက်ပါလာသော စုလီယန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

သူမက ခင်ပွန်းဖြစ်သူကို ချက်ချင်းရှင်းပြလိုက်သည်။

“ဒါက ဝိညာဉ်တည်ငြိမ်စေတဲ့ အဆောင်တစ်ခုပဲ ဆရာတော်လုံချွမ်းက တစ်ယောက်ယောက် အဒေါ်ကျောက်ရဲ့ ဝိညာဉ်ကို ခိုးသွားမှာကို စိုးရိမ်နေတာ...”

“အိုး…”

လုယွမ်က ခဏတာ အံ့အားသင့်သွားပြီးနောက် စုလီယန်ကို လှည့်ကြည့်လိုက်ရာ သူ၏ဇနီးကလည်း ဤအရာများကို သိနေကြောင်း သတိရသွားသည်။

*ယောက္ခမက ရွာရဲ့နတ်ဆရာမပဲ*

ဇနီးဖြစ်သူ၏စကားကို ကြားလိုက်ရသောအခါ လုယွမ်က ခေါင်းညိတ်လိုက်သည်။

ဒီလိုဆိုရင်တော့...

ဤအရာမတိုင်မီ လျိုမိသားစုမှ အမျိုးသားက ကိုယ်ဝန်ရှိခဲ့သည်။

အင်း... ၎င်းက ရှင်းကျီအတွက် ပြဿနာတစ်ခုတည်းမဟုတ်ဘဲ တစ်စုံတစ်ယောက်က အဒေါ်ကျောက်ကို ဒုက္ခပေးရန် မှော်ပညာကို လျှို့ဝှက်အသုံးပြုနေခြင်းဖြစ်သည်။

ခဏတာ တွေးတောပြီးနောက် လုယွမ်က တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးတွင် သူတို့က အစောင့်နောက်မှလိုက်၍ ပင်မခန်းမထဲသို့ ဝင်သွားကြသည်။

သူတို့နှစ်ဦး ဝင်ရောက်သွားပြီးနောက် အစေခံမိန်းကလေးနှစ်ဦးက လုယွမ်နှင့် စုလီယန်တို့အတွက် လက်ဖက်ရည်လာချပေးပြီး ထွက်သွားကြသည်။

ယခုအခါ ပင်မခန်းမထဲတွင် လုယွမ်နှင့် စုလီယန်တို့သာ ရှိတော့သည်။

အပြင်ဘက်တွင် ဆန်းကြယ်သောစတိုင် အလှဆင်မှုများ ပြင်ဆင်နေသည့် အစောင့်များလည်း ရှိနေသည်။

လုယွမ်က ခဏတာ စဉ်းစားပြီးနောက် သူ့ဘေးတွင် တိတ်ဆိတ်စွာထိုင်နေပြီး အပြင်ဘက်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသော စုလီယန်ကို ရုတ်တရက်ကြည့်ကာ ပြောလိုက်သည်။

“မိန်းမရေ ဒီနေ့ ကိုယ်တို့ ထွက်သွားလို့မရတော့ဘူး...”

“ကိုယ့်အဒေါ်က အရမ်းဒုက္ခရောက်နေတာဆိုတော့ သူမကိုကူညီဖို့ ဒီနေရာမှာ နေရမယ်...”

မူလအစီအစဉ်မှာ ယနေ့ အဒေါ်ကျောက်ထံသို့ ဇနီးဖြစ်သူအား လာရောက်မိတ်ဆက်ပေးရန်ဖြစ်သည်။

သူနှင့် ခဏတာစကားပြောပြီးနောက် ညနေပိုင်းတွင် ယောက္ခမအိမ်သို့ ထွက်ခွာရန်ဖြစ်သည်။

နက်ဖြန်မနက်လောက်ဆို ရောက်ပေမည်။

သို့ပေမဲ့ အခုချိန်မှာတော့ ဤပြဿနာက မပြေလည်သေးပေ။

အဒေါ်ကျောက်က အခက်အခဲတွေနှင့် ရင်ဆိုင်နေရချိန် ကိုယ်တိုင် ပွဲကျင်းပဖို့ ပြန်သွားမလို့လား။

အဲဒီလိုလုပ်လို့မရဘူးလေ။

အဒေါ်ကျောက် ဤအခက်အခဲကို ကျော်ဖြတ်နိုင်သည်ကိုကြည့်ရန် ယနေ့ ဤနေရာတွင် နေရမည်ဖြစ်သည်။

လုယွမ်၏စကားများနှင့်ပတ်သက်၍ စုလီယန်၌ သဘာဝကျကျ မေးစရာမရှိဘဲ ချက်ချင်းပင် ခေါင်းကိုဆက်တိုက်ညိတ်ပြလိုက်သည်။

“အစ်ကိုပြောတဲ့အတိုင်း အကုန်လုပ်ပါ့မယ်...”

စုလီယန်က ယခင်က တစ်ခါမျှ မတွေ့ဖူးသော အဒေါ်ကျောက်အပေါ် စေတနာထားရှိမှု ခံစားချက်ကိုလည်း ခံစားခဲ့ရသည်။

သူမက သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး လက်ဝတ်ရတနာများ၊ လှပသောအဝတ်အစားများနှင့် အလှကုန်များစွာကိုပင် ပေးခဲ့သည်။

အရေးကြီးဆုံးမှာ သူမက သူမ၏ခင်ပွန်းအပေါ်တွင်လည်း ကောင်းမွန်ခြင်းဖြစ်သည်။

သူတို့က အခုချိန်မှာ ဒုက္ခရောက်နေတာကို မင်းတို့နှစ်ယောက်က ပြန်သွားပြီး ပွဲကျင်းပချင်နေတယ်လား ဒါက သိပ်ကို ရက်စက်လွန်းတယ်။

၎င်းက သူမ၏ခင်ပွန်းပြောသော “ကူညီပေးမယ်” ဆိုသည့် အဓိပ္ပာယ်ပင်။

စုလီယန်သည် သူမ၏ခင်ပွန်း မကြာသေးမီက စာအုပ်တစ်အုပ်ဖတ်နေကြောင်း သိထားပေသည်။

“ကောင်းကင်ဆရာသခင်” လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပုံရတယ်။

ဖျားနာမှုများကို ကုသခြင်းနှင့် သက်ဆိုင်ပုံရသည်။

သူမ၏ခင်ပွန်းက သူ၏စာအုပ်ပုံများကြားတွင် အမှတ်မထင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ပြီးတော့ အထဲမှာ ဘာတွေပါလဲဆိုတော့...

စုလီယန် သေချာမသိပါဘူး။

သူမခင်ပွန်းက သူမကို စာအုပ်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး၊ စာအုပ်က ခင်ပွန်းရဲ့ စားပွဲပေါ်မှာ ရှိနေတာပါ။

သူမ ကြည့်ချင်တဲ့အချိန် ကြည့်လို့ရပေမယ့် ခင်ပွန်းက အခြားသူတွေကို ပေးမကြည့်နဲ့လို့ ပြောထားသည်။

*မင်းဖတ်ချင်တာဖတ်လို့ရတယ်တဲ့။ ငါ့ယောက်ျားက ငါ့ကို အရမ်းချစ်တာပဲ*

ပြဿနာက စုလီယန်က စာသိပ်မတတ်ပေ။

မည်သို့ပင်ဖြစ်စေ စစ်ပွဲများနှင့် ဖရိုဖရဲဖြစ်နေသော ထိုနှစ်များတွင် ရွာတစ်ရွာ၌ စာတတ်သူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

ထို့အပြင် စုလီယန်၏မိသားစုက ဆင်းရဲပြီး မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် ကျောင်းထားခံရရန် ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူမခင်ပွန်းဖတ်နေသောစာအုပ်က မည်မျှကောင်းမွန်ကြောင်း စုလီယန် သေချာမသိခဲ့ပေ။

အထဲမှာ သင်ပေးထားတဲ့နည်းလမ်းက မှန်ကန်ရဲ့လား။

သို့သော်...

လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်မှာ ယောက်ျားက သူ့ကို ဆန်းကြယ်အငွေ့အသက်တချို့ ပြခဲ့၏။

အင်း...

ကောင်းပြီလေ...

စုလီယန်က တကယ်တော့ အမှန်တရားကို မပြောချင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူမ၏နှလုံးသားထဲတွင် သူမ၏ခင်ပွန်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အစွမ်းအစအရှိဆုံးလူဖြစ်ပြီး သူမအလေးစားရဆုံးလူဖြစ်သည်။

ဒါပေမဲ့ ငါ လုံးဝရိုးသားရမယ်ဆိုရင်...

အဲဒါကတော့...

သူမခင်ပွန်း၏ အပျော်တမ်း တာအိုစွမ်းရည်များက သူ ဤနေရာတွင်ဆက်နေပါက အနည်းငယ် အန္တရာယ်များနိုင်ပေသည်။

ထိုတာအိုဆရာလုံချွမ်းက အသုံးမကျကြောင်း သက်သေပြခဲ့ရင် ဘယ်လိုလုပ်မလဲ။

သို့သော် ကိစ္စမရှိပေ။ ငါ ဤနေရာတွင်ရှိနေသရွေ့ ဘာမှဖြစ်လာမည်မဟုတ်ပေ။

ထိုသို့ဆိုလျှင်တော့ သူမ၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်ပြသရမည်ကို စိုးရိမ်မိသည်။

အထူးသဖြင့် သူမက မျိုးရိုးဗီဇပြန်ပေါ်လာသော အခြေအနေတွင်ရှိနေမှသာ သူမ၏ အလားအလာအပြည့်ကို ထုတ်ဖော်နိုင်ပေသည်။

ဒါပေမဲ့ အဲဒီမျိုးရိုးဗီဇပြန်ပေါ်လာခြင်းအကြောင်း ပြောရရင်တော့...

စုလီယန်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်၊ သူမက မျိုးရိုးဗီဇပြန်ပေါ်လာသည်နှင့် သူမ၏ခံစားချက်များကို ထိန်းချုပ်ရန် အလွန်ခက်ခဲလာခဲ့သည်။

ခင်ပွန်းဖြစ်သူနှင့် နှစ်ယောက်တည်းရှိနေချိန်တွင် အဆင်ပြေပေသည်။

သို့သော် အခြားလူများရှိနေပါက သူမတို့က မကြာခဏ... ဆဲဆိုကြိမ်းမောင်းလာပြီး သူတို့၏တိုက်ခိုက်မှုများတွင် ရက်စက်ကြမ်းကြုတ်လာတတ်သည်။

သူမတို့လုပ်သောအရာများက ကြောက်မက်ဖွယ်ကောင်းလာနိုင်သည်။

*ငါ့ယောက်ျားက ငါ့ကို အဲဒီလိုမြင်ပြီး ငါ့ကို မကြိုက်တော့ရင် ဘယ်လိုလုပ်မလဲ…*

သို့သော် ထိုသို့ဖြစ်လျှင်ပင် အရေးကြီးသောအချိန်ရောက်လာပါက ထိုအတိုင်းလုပ်ရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မည်သည့်အရာကမျှ သူမ၏ခင်ပွန်းကို ဒုက္ခရောက်စေ၍ လုံးဝမဖြစ်နိုင်ပေ။

ကိုယ့်ယောက်ျားကို ကာကွယ်ရမယ်လေ။

စုလီယန်က ဤဆုံးဖြတ်ချက်ကိုချလိုက်စဉ် လုယွမ်က ထပ်ပြောလိုက်သည်။

“ဒါဆို ဒီည ကိုယ်တစ်ယောက်တည်း ဒီမှာနေခဲ့မယ်...”

“ဒီည အဒေါ်ကျောက်နဲ့တွေ့ပြီး ညစာစားပြီးရင် အပြင်မှာ တည်းခိုခန်းတစ်ခုရှာပြီး ဒီည အဲဒီမှာ တစ်ယောက်တည်းသွားနေလိုက်...”

“မနက်ဖြန်မနက်ကျမှ ကိုယ် လာခေါ်မယ်...”

စုလီယန် - “...”

ဆိုးရွားလိုက်တာ။

(တိုင်တောင်မှ ရှီကန်းတန် -ရိုးရာပုံပြင်တစ်ခုအရ ရှီကန်းတန်ဆိုသူသည် ထိုင်ရှန်းတောင်ခြေမှာ နေထိုင်တဲ့ အလွန်သတ္တိရှိပြီး အစွမ်းထက်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်တယ်။

သူဟာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရာမှာ အလွန်ကျွမ်းကျင်တယ်။

နေရာအနှံ့က မကောင်းဆိုးဝါးတွေဟာ သူ့ရဲ့အမည်ကို ကြားရုံနဲ့တင် ကြောက်လန့်တုန်လှုပ်ကြတယ်။

နောက်ပိုင်းမှာ လူတွေက မကောင်းဆိုးဝါးတွေ အိမ်ထဲမဝင်နိုင်အောင် သူ့ရဲ့အမည်ကို ကျောက်တုံးပေါ်မှာ ရေးထိုးပြီး အိမ်ရှေ့မှာ ထားရှိတဲ့ အလေ့အထ ပေါ်ပေါက်လာခဲ့ပါတယ်။)

အခန်း (၃၀) ဧကရာဇ်မင်းနဲ့ လက်ထပ်ပြီး မိဖုရားခေါင်ကြီး ဖြစ်သွားတာများလား

သတိပြန်ဝင်လာသောအခါ စုလီယန်က စိုးရိမ်ပူပန်သောအမူအရာဖြင့် အလျင်စလိုပြောလိုက်သည်။

“ကျွန်မ အစ်ကိုနဲ့ပဲနေမယ် တစ်ယောက်တည်း အပြင်မသွားဘူး...”

ဇနီးဖြစ်သူ၏ စိုးရိမ်ပူပန်နေသောအမူအရာကို မြင်လိုက်ရသောအခါ လုယွမ်က ပြုံးဖြီးဖြီးဖြင့် မပြောဘဲမနေနိုင်တော့ပေ။

“မင်းရဲ့အစ်ကို တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေတာလား...”

စုလီယန်က ဆန်စေ့ကိုပေါက်နေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းကိုဆက်တိုက်ညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အစ်ကို အတူတူသွားကြမယ် ကျွန်မလည်း အမေဆီကနေ နည်းနည်းပါးပါးသင်ထားတော့ ကူညီပေးနိုင်ပါတယ်...”

လုယွမ်က လက်ကာပြကာ ပြောလိုက်သည်။

“အဲ့လိုလုပ်လို့မရဘူး အဲ့ကျွမ်းကျင်သူက အရမ်းစွမ်းတာ မင်းက နည်းနည်းပါးပါးပဲ သိတယ်ဆိုရင် လုံးဝမလုံလောက်ဘူး...”

ထိုအခါ စုလီယန်က အလျင်စလိုပြောလိုက်သည်။

“ဒါဆိုရင် အစ်ကိုလည်း အန္တရာယ်ရှိတာပဲ...”

“အစ်ကို ကျွန်မနဲ့ ပြန်လိုက်ပါလား...”

“ဒီနေရာမှာ ညအိပ်မနေပါနဲ့လား..”

စုလီယန်က သူမခင်ပွန်းသည် သူမကို နှင်ထုတ်ပြီး ထားခဲ့မည်ကို စိုးရိမ်နေခဲ့သည်။

ဤအရာက သူမ ကြောက်ရွံ့နေသောအရာပင်ဖြစ်သည်။

တကယ်လို့ ထိုသို့သာဆိုလျှင် ဤည သူမ အသက်ရှင်မည်မဟုတ်ဟု စိုးရိမ်မိသည်။

စိုးရိမ်ပူပန်မှုများဖြင့် သူမ ရူးသွပ်လုမတတ် ဖြစ်နေလေသည်။

သို့သော် လုယွမ်က ကျေနပ်ဂုဏ်ယူနေသောအမူအရာဖြင့် ပြောလိုက်သည်။

“အဲ့လိုမဟုတ်ဘူး...”

“အစ်ကိုက လွန်ခဲ့တဲ့နှစ်ပတ်ကလို မဟုတ်တော့ဘူး...”

စုလီယန်က စိတ်ရှုပ်ထွေးသောအမူအရာဖြင့် မေးလိုက်သည်။

“ဘာ... ဘာအဓိပ္ပာယ်လဲ...”

လုယွမ်က မျက်ခုံးပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“ဆိုရိုးစကားရှိသလိုပေါ့ အတိတ်က အတိတ်ပဲ ပစ္စုပ္ပန်က ပစ္စုပ္ပန်ပဲ အခုဆို လေ့ကျင့်မှုတွေက ပြည့်စုံနေပြီ...”

“အခု ‘ကောင်းကင်ဆရာသခင်’ အကြောင်းကို သင်ယူပြီးသွားတဲ့အခါ အစ်ကို့ဆီမှာ မိသားစုအမွေအနှစ်ကြီးနှစ်ခုလည်း ရှိနေပြီလေ...”

“အဲ့တာက အရမ်းကို အထင်ကြီးစရာကောင်းတယ်...”

စုလီယန်က မျက်တောင်ခတ်လိုက်သည်။

ဤအရာက...

ထိုရှေးဟောင်းပစ္စည်းနှစ်ခုက တကယ့်ကို အထင်ကြီးစရာကောင်းပေသည်။

၎င်းမှ ထွက်ပေါ်လာသော သိမ်မွေ့သော်လည်း သိသာထင်ရှားသည့် အငွေ့အသက်က အတော်လေး ကျောချမ်းစရာကောင်းလှသည်။

ကောင်းကင်ဆရာသခင်တစ်ယောက်အနေဖြင့် စုလီယန်က သဘာဝကျကျပင် ၎င်းကို အာရုံခံသိရှိနိုင်ပေသည်။

သို့သော် ဤရှေးဟောင်းပစ္စည်းများသည် အမှန်တကယ် အသုံးဝင်စေရန် ဂါထာမန္တန်များနှင့် နည်းလမ်းများဖြင့် ပေါင်းစပ်အသုံးပြုရန် လိုအပ်ပေသည်။

သို့သော် သူမ၏ ကိုယ်ပိုင်ခင်ပွန်းက ထိုအရာများကို တစ်ခုမှ သိမည်မဟုတ်ပေ။

အထင်ကြီးစရာကောင်းသော ဤရှေးဟောင်းပစ္စည်းနှစ်ခုသည် သူမခင်ပွန်း၏ လက်ထဲတွင် လှပစွာ ထွင်းထုထားသော ထမ်းပိုးတစ်ခုကဲ့သို့ အမြင်သာလှပြီး အနှစ်သာရမရှိသလို ဖြစ်နေပေလိမ့်မည်။

သူမခင်ပွန်း ပြောခဲ့သော “ကောင်းကင်ဆရာသခင်” စာအုပ်နှင့်ပတ်သက်၍...

မပြောတာကမှ ကောင်းဦးမည်။

ဤအခိုက်အတန့်တွင် လုယွမ်က သူ၏ “ကောင်းကင်ဆရာသခင်” စာအုပ်ကို စတင်ကြွားလုံးထုတ်နေတော့သည်။

လှပပြီး ဆွဲဆောင်မှုရှိသော ဇနီးဖြစ်သူကို ကြည့်ကာ လုယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

“အစ်ကိုက အခု အဲ့နည်းလမ်းကို တကယ်ကျွမ်းကျင်နေပြီ...”

“ဟင်...”

စုလီယန်က ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် မေးခွန်းထုတ်စရာများ ပြည့်နှက်နေလေသည်။

ဤအရာက ဘယ်လိုလုပ်ပြီး ထိုမျှ အံ့သြစရာကောင်းနေရသနည်း။

ဤရက်ပိုင်းအတွင်း သူမသည် ခင်ပွန်းဖြစ်သူနှင့် ခွဲမရအောင် ရှိနေခဲ့သည်။

ဘာပြောင်းလဲမှုမှ မရှိသင့်ဘူး မဟုတ်လား။

နောက်တစ်စက္ကန့်တွင် လုယွမ်က သူ၏ညာလက်ကို ဖြန့်လိုက်ပြီးနောက် တိုးညှင်းစွာ ညည်းတွားလိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

စုလီယန်က မျက်တောင်ခတ်လိုက်သည်။

ဤအရာက...

သူမခင်ပွန်းက သူမကို ပြသခဲ့ပြီးဖြစ်သည်။

သူ ဤကျွမ်းကျင်မှုကို ပထမဆုံးရရှိချိန်က ခင်ပွန်းဖြစ်သူသည် သူမကို ပြသခဲ့ပြီးဖြစ်သည်။

စုလီယန်က သူမခင်ပွန်းကို မည်သည့်အခါမျှ နှိမ့်ချမည်မဟုတ်ပေ၊း။ သူမက အထင်ကြီးလေးစားနေသောအမူအရာဖြင့် ချက်ချင်းပြောလိုက်သည်။

“အစ်ကို အရမ်းတော်တာပဲ အရမ်းအစွမ်းထက်တယ်...”

သို့သော် တကယ်တမ်းတွင် စုလီယန်က အမှန်တရားကို သိရှိပေသည်။

ဤအရာက...

အရမ်းကို အသုံးမကျလှပေ။

ကောင်းကင်နှင့်မြေကြီးမှ မည်သည့်ဝိညာဉ်စွမ်းအင်ကိုမျှ ဆွဲယူမသုံးစွဲနိုင်ပေ။ ၎င်းက အလင်းရောင်ပေးသောအရာတစ်ခုသာ ဖြစ်သည်။

ညဘက် သန့်စင်ခန်းသွားရန် ထလာသည့်အခါမျိုးတွင် အနည်းငယ် အသုံးဝင်ပေသည်။

သို့သော် ထိုအရာမှလွဲ၍... ၎င်းက တကယ်ကို အသုံးမဝင်ပေ။

သူမခင်ပွန်းက ဤရက်ပိုင်းအတွင်း သူ၏စွမ်းရည်ကို တိုးတက်လာစေခဲ့တာများလား။

စုလီယန်၏ မျှော်လင့်နေသော အကြည့်များအောက်တွင် လုယွမ်၏လက်မှ ရွှေရောင်အလင်းတန်းများ လင်းလက်သွားခဲ့သည်။

ထို့နောက် လုယွမ်က အလွန်လှပသော ဇနီးဖြစ်သူကို စိတ်လှုပ်ရှားစွာ ကြည့်ကာ ပြောလိုက်သည်။

“မင်း မြင်လိုက်လား မင်း မြင်လိုက်လား...”

“အခုဆို ပိုပြီးတောက်ပလင်းလက်နေပြီ...”

စုလီယန် - “...”

“…”

“ဒါပေမယ့် ဒါက ဘာမှအသုံးမဝင်ဘူး...”

“အရင်အတိုင်းပဲ...”

“အလင်းက‌တော့ တကယ်လင်းလက်လာသားပဲ...”

“အစ်ကို...”

“တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်...”

“လျှောက်မနောက်နေနဲ့တော့...”

လုယွမ်သည် ဇနီးဖြစ်သူက အရာအားလုံးကို သိမြင်နေပြီဖြစ်ကြောင်း မသိဘဲ သူ၏မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသောအမူအရာဖြင့်ပင် ပြောလိုက်သည်။

“ဒါက ဘာကို သက်သေပြနေတာလဲ...”

“ဒါက အစ်ကို နည်းလမ်းကို ပိုပြီးကောင်းကောင်း နားလည်သဘောပေါက်သွားပြီဆိုတာကို သက်သေပြနေတာပဲ...”

“မစိုးရိမ်ပါနဲ့ အခု အစ်ကို အရမ်းအစွမ်းထက်နေပြီ...”

“အစ်ကို့အတွက် မပူပါနဲ့ ဒီည တည်းခိုခန်းတစ်ခုကို သွားပြီး ကောင်းကောင်းအိပ်လိုက် မနက်ဖြန်ကျရင် မင်းရဲ့အိမ်မှာ ပွဲကျင်းပကြမယ်လေ...”

လုယွမ်က သူမကို အခြားတစ်ခုခုနှင့် လှည့်စားရန် ကြိုးစားခဲ့မည်ဆိုလျှင် စုလီယန်က တကယ်ပင် သူ့ကို ယုံကြည်သွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ စုလီယန်သည် ခင်ပွန်းဖြစ်သူနှင့် ရင်ဆိုင်ရချိန်တွင် လွယ်ကူစွာ စိတ်လွတ်သွားတတ်ပြီး သူပြောသမျှအရာအားလုံးကို ယုံကြည်လေသည်။

သို့သော် ဤကိစ္စနှင့်ပတ်သက်၍မူ...

သူတို့ကို လှည့်စား၍မရပေ။

စုလီယန်က ဤကိစ္စကို တကယ်ကို နားလည်ပေသည်။ သူမက ၎င်းကို အလွန်ထူးခြားသောနည်းလမ်းဖြင့် နားလည်ထားခြင်းဖြစ်သည်။

စုလီယန်က တစ်ခုခုပြောရန် ပြင်လိုက်စဉ်...

တံခါးအပြင်ဘက်မှ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတစ်အုပ်ကြီးနောက်မှလိုက်ပါလာပြီး ကျောက်ချောင်အာ ပြန်ရောက်လာခဲ့သည်။

၎င်းတို့မှာ အိမ်တော်ထိန်းအိုကြီးနှင့် သူ၏လူများဖြစ်သည်။

ကျောက်ချောင်အာက လုယွမ်ရောက်နေပြီဖြစ်ကြောင်းလည်း သိထားသည်။ အစောင့်ခေါင်းဆောင်က သူမ ဂိတ်တံခါးတွင်ရှိစဉ် ပြောပြခဲ့ခြင်းဖြစ်မည်။

လုယွမ်ကို မြင်လိုက်ရသောအခါ ကျောက်ချောင်အာက ညင်သာသောအပြုံးတစ်ခုကို ချက်ချင်းဖော်ပြလိုက်ပြီး သူ၏ထံသို့ အမြန်လျှောက်လာခဲ့သည်။

သူမ တစ်ခုခုမပြောနိုင်မီ လုယွမ်က တိုက်ရိုက်ပြောလိုက်သည်။

“အဒေါ် ကျွန်တော် နားလည်ပါတယ် မနေ့ညက အဆင်ပြေရဲ့လား...”

၎င်းက အဓိပ္ပာယ်မရှိပေ။ တစ်ခုခုဖြစ်ခဲ့လျှင် ဤနေရာတွင် ရပ်နေနိုင်မည်လား။

သို့သော် မေးရမည့်မေးခွန်းများကိုတော့ မေးသင့်ပေသည်။

ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ကျောက်ချောင်အာက လက်လှမ်းကာ လုယွမ်၏ပါးကို ဆွဲလိမ်ရင်း ပြောလိုက်သည်။

“အဆင်ပြေပါတယ်...”

“ဒီတစ်ခေါက် ဆရာတော်လုံချွမ်းကို ဖိတ်ထားတယ် ဒါပေမဲ့ ငါ့တူလေး လာတဲ့အချိန်က ကံမကောင်းဘူးဖြစ်နေတယ်...”

“အဒေါ် ဒီနေ့ လျှောက်သွားလို့မရဘူး မဟုတ်ရင် တိုင်နင်းမြို့ကို သေချာလိုက်ပြပေးရမှာ...”

ကျောက်ချောင်အာ၏စကားကို ကြားလိုက်ရသောအခါ လုယွမ်က နှုတ်ခမ်းကိုစူကာ မပြောဘဲမနေနိုင်တော့ပေ။

“ဘာလို့ ဈေးဝယ်ထွက်ရမှာလဲ အဒေါ်က အခု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ အဲ့ဒီအတွက် အားမစိုက်နဲ့...”

လုယွမ်က ဤစကားများကို အလွန်အလေးအနက်ထား၍ ပြောလိုက်သည်။

လုယွမ်ကို အလွန်ချစ်ခင်မြတ်နိုးနေပြီဖြစ်သော ကျောက်ချောင်အာက မည်သို့ စိတ်လှုပ်ရှားမှုမရှိဘဲ နေနိုင်မည်နည်း။

ခဏတာမျှ ကျောက်ချောင်အာက လုယွမ်ကို ရင်ခွင်ထဲပွေ့ဖက်ပြီး ယုယချင်သွားခဲ့သည်။

သေချာသည်မှာ ကျောက်ချောင်အာက ဘေးတွင်ရပ်နေသော စုလီယန်ကိုလည်း မြင်တွေ့ခဲ့သည်။

တစ်ယောက်ယောက်၏ ဇနီးရှေ့တွင် ဤသို့ပြုလုပ်ရန် မသင့်တော်ပေ။

ကျောက်ချောင်အာက သူမ၏နှလုံးသားထဲမှ လှုပ်ရှားမှုကို မျိုသိပ်ထားရုံမှလွဲ၍ ရွေးချယ်စရာမရှိဘဲ ပြုံးကာ ပြောလိုက်သည်။

“အိုး မစိုးရိမ်ပါနဲ့ အဒေါ်က သိပ်ဆိုးဆိုးရွားရွား မဟုတ်ပါဘူး...”

“မနက်ဖြန်ကျရင် အဒေါ်က မင်းနဲ့ လီယန်ကို အပြင်ခေါ်သွားပြီး လျှောက်လည်ကြမယ်လေ...”

ထိုသို့ပြောပြီးနောက် ကျောက်ချောင်အာက စုလီယန်ကို ပြုံးကာကြည့်ရင်း ပြောလိုက်သည်။

“အိုး ဒါက ငါတို့တူရဲ့ ဇနီးလေး မဟုတ်လား လာပါဦး အဒေါ်ကို ကြည့်ခွင့်ပေးပါဦး...”

စုလီယန်က သူမခင်ပွန်း၏ဘေးတွင် ရှက်ရွံ့စွာရပ်နေပြီး နာခံမှုရှိစွာဖြင့် ပြောလိုက်သည်။

“အဒေါ်ကျောက်...”

အလွန်လှပသော စုလီယန်ကိုကြည့်ကာ ကျောက်ချောင်အာက အံ့အားသင့်စွာဖြင့် မချီးကျူးဘဲ မနေနိုင်တော့ပေ။

“သူမက အရမ်းချစ်စရာကောင်းပြီး လှပလိုက်တာ...”

“မြန်မြန် အထဲသွားပြီး စကားပြောကြရအောင်...”

ထိုသို့ပြောပြီးနောက် ကျောက်ချောင်အာက သူတို့နှစ်ဦးကို လက်ဆွဲကာ ပင်မခန်းမထဲသို့ ဝင်သွားခဲ့သည်။

အိမ်တော်ထိန်းအိုကြီးနှင့် သူ၏အုပ်စုက အတော်လေး နားလည်မှုရှိကြသည်။ သူတို့က မိသားစုနောက်သို့ မလိုက်ဘဲ ခြံဝင်းအတွင်း၌ အဝါရောင်အဆောင်များ ကပ်ထားသည့် တိုးတက်မှုကို စစ်ဆေးခဲ့ကြသည်။

…

ညအမှောင်ကျလာသည်။

ချန်လျိုရွာ။

၎င်းက အလွန်ဆင်းရဲသောရွာလေးတစ်ရွာဖြစ်ပြီး ရွာတစ်ရွာလုံးတွင် အုတ်နှင့် အုတ်ကြွပ်များဖြင့် ဆောက်လုပ်ထားသော တစ်ခုတည်းသောအရာမှာ အလယ်ဗဟိုရှိ ဘိုးဘေးခန်းမသာဖြစ်သည်။

အခြားအိမ်များအားလုံးမှာ ရွှံ့စေးများဖြင့် ပြုလုပ်ထားပြီး အချို့မှာ သက်ကယ်မိုးထားသည်များပင် ရှိသည်။

ပုံမှန်အားဖြင့် ရွာက ညဘက်တွင် အလွန်တိတ်ဆိတ်လွန်းသဖြင့် ခွေးဟောင်သံကိုပင် မကြားရပေ။

ရွေးချယ်စရာမရှိပေ။ ခွေးများလည်း အစားအစာလိုအပ်သည်။

သို့သော် ယနေ့တွင် ရွာက ထူးထူးခြားခြား စည်ကားနေလေသည်။

နွားလှည်းများနှင့် မြင်းဆွဲရထားများတန်းစီကာ ရွာထဲသို့ ဝင်ရောက်လာခဲ့သည်။

လှည်းပေါ်တွင် ဝက်သား သို့မဟုတ် သိုးသား၊ သို့မဟုတ် ကောင်းမွန်သော ဝိုင်အိုးများ တင်ဆောင်ထားသည်။

အဘိုးအိုတစ်ဦးက ခြံဝင်းထဲတွင်ရပ်ကာ ဆေးတံကိုကိုင်ထားပြီး ဆိုင်ရှင်နှင့် သူ၏လက်ထောက်ကို ကြည့်နေလေသည်။

သူ၏ မကြီးမားလှသော ခြံဝင်းထဲသို့ မျက်စိကျိန်းလောက်အောင် များပြားလှသော ပစ္စည်းများကို အခေါက်ခေါက်အခါခါ သယ်ယူနေသည်ကို ကြည့်ကာ အံ့အားသင့်နေသောအမူအရာဖြင့် ပြောလိုက်သည်။

“ငါတို့ရဲ့ သခင်မလေးက... ဧကရာဇ်မင်းနဲ့ လက်ထပ်ပြီး မိဖုရားခေါင်ကြီး ဖြစ်သွားတာများလား...”

All Chapters