← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅) ငွေရောလူပါ ဆုံးရှုံးလိုက်ရခြင်း၊ အံ့မခန်းပါပဲ... ငါ့ရဲ့ယောင်းမလေး

“ဟားဟားဟား... အဆိပ်ပြင်းတဲ့ ချန်ကျဲဟန်... ရှင်က ငါ့ကို အဆိပ်ပြင်းတယ်လို့ ပြောရဲတယ်ပေါ့...”

“အဲ့တုန်းက မီးပုံးပွဲတော်မှာ ရှင့်ကို အရင်ဆုံးတွေ့ခဲ့တာ ငါပါ... ရှင် မမှတ်မိတော့ဘူးလား... ငါတို့တွေ ပဟေဋ္ဌိတွေကိုတောင် အတူတူ ဖြေရှင်းခဲ့ကြသေးတယ်လေ...”

“ဒါပေမယ့် ဘာဖြစ်လို့ ငါ့အစ်မ ပေါ်လာတိုင်း ရှင်က သူမကိုပဲ ကြည့်နေရတာလဲ... သူမက ဒေါသကြီးပြီး စာဖတ်တာကလွဲရင် ဘာမှ မလုပ်တတ်ဘူး... ငါက သူမထက် ပိုလှပြီး ပိုအရည်အချင်းရှိတယ်... ဘာဖြစ်လို့ ရှင်က ငါ့ကို မမြင်နိုင်ရတာလဲ...”

သခင်မကျောက်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ချန်ကျဲဟန်အား စူးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်လေသည်။

“သူမက တရားဝင်မယားကြီးက မွေးတဲ့သမီးဖြစ်ပြီး ငါက မယားငယ်က မွေးတဲ့သမီး ဖြစ်နေလို့လား... သူမရဲ့ အဆင့်အတန်းကလွဲရင် ငါက သူမထက် ဘယ်နေရာမှာ နိမ့်ကျနေလို့လဲ...”

သူမ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ လက်သည်းများမှာ လက်ဝါးထဲသို့ စိုက်ဝင်မတတ် ဖြစ်နေလေသည်။

“မူလက ငါ့ကံကြမ္မာကို ငါ လက်ခံထားခဲ့ပါတယ်... ဒါပေမယ့် သူမက ရှင် ဘယ်လောက်ကောင်းကြောင်း၊ ရှင့်အပေါ် ဘယ်လောက် အလိုလိုက်ကြောင်း၊ ပြီးတော့ ရှင့်ကလေးတွေက ဘယ်လောက်တောင် လိမ္မာပါးနပ်ကြောင်းတွေကို ငါ့ကို အမြဲတမ်း လာလာပြောနေခဲ့တယ်...”

ထိုအဆင့်သို့ ရောက်သောအခါ သခင်မကျောက်၏ မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူမသည် ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။

“ငါက ကလေးမရနိုင်ဘူးဆိုတာရော ဒုတိယအိမ်ထောင်ပြုပြီးနောက်မှာ မပျော်ရွှင်ရဘူးဆိုတာကိုပါ သူမ အသေအချာ သိနေရက်နဲ့ အဲ့စကားတွေကို ငါ့ရှေ့မှာ အတင်းပြောနေဆဲပဲ... သူမက ငါ့ကို တမင်သက်သက် ကြွားလုံးထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ငါ ထင်တယ်...”

“အဲ့လိုဖြစ်နေမှတော့ ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့... ငါ သူမကို ဖျက်ဆီးပစ်မယ်... သူမ ပိုင်ဆိုင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်မယ်...”

“ပန်းကလေး... ဒီမိန်းမ ရူးနေပြီလား…”

သူမ၏ ရူးသွပ်နေသော အခြေအနေကို မြင်သောအခါ ရှင်ခြင်းသေခြင်းစာအုပ်က သတိပေးလိုက်လေသည်။

“နင် သူမနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ်... သို့မဟုတ်ရင် နင်ပါ ကြားညပ်သွားနိုင်တယ်…”

ယွင်ဟွားက ခေါင်းညိတ်လိုက်လေသည်။ သူမသည် ဖရဲသီးစားရတာကို နှစ်သက်သော်လည်း သူမကိုယ်တိုင် အတင်းအဖျင်း၏ အစိတ်အပိုင်းတစ်ခု မဖြစ်လိုချေ။

လူတိုင်းက စိတ်ဝင်တစား နားထောင်နေကြလေသည်။ အမတ်ချန်သည် သေချာပေါက် အချစ်ရေးအကြွေးတစ်ခုကို တင်နေခဲ့ခြင်းပင် ဖြစ်လေသည်။

သခင်မကျောက်၏ စကားများကို ကြားသောအခါ ချန်ကျဲဟန်သည် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်ပြီး ပြန်လည် ချေပလိုက်လေသည်။

“မင်းက သူမနဲ့ ဘာကို နှိုင်းယှဉ်ချင်နေတာလဲ... သူမရဲ့ ဒေါသကြီးတာတွေ၊ ထူးဆန်းတဲ့ အကျင့်တွေကို ငါ သဘောကျတယ်... အနည်းဆုံးတော့ သူမရဲ့ မျက်ဝန်းတွေက အညစ်အကြေးကင်းစင်ပြီး ဖြူစင်တယ်...”

“မင်းကတော့ ခေါင်းအစ ခြေအဆုံး လှည့်ကွက်တွေချည်းပဲ... ငါက မျက်ကန်းမဟုတ်ဘူး... ပြဿနာရှာမယ့်သူကို အိမ်ခေါ်လာဖို့ ဘာဖြစ်လို့ ရွေးချယ်ရမှာလဲ...”

“ဟမ့်…”

ထိုစဉ်က ထိုမိန်းမ သူ့ကို ကြည့်ခဲ့သည့် အကြည့်များကို သူ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးလေသည်။ ကြွက်တစ်ကောင် စပါးကျီကို မြင်လိုက်ရသကဲ့သို့ သူမ၏ မျက်လုံးများမှာ အရောင်လက်နေခဲ့လေသည်။

ဤစကားကို ကြားသောအခါ သခင်မကျောက်သည် သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရလေသည်။

“ဟားဟားဟား...”

သခင်မကျောက်၏ စူးရှသော ရယ်မောသံမှာ ခြံဝင်းထဲတွင် ပဲ့တင်ထပ်သွားပြီး အရိုးထဲထိ စိမ့်ဝင်သွားစေသော နာကြည်းမှုများဖြင့် ပြည့်နှက်နေလေသည်။

“ဆိုတော့ ရှင့်ရဲ့ နှလုံးသားထဲမှာ ငါက အဲ့လောက်တောင် တန်ဖိုးမရှိဘူးပေါ့...”

သူမသည် ဖရိုဖရဲလွင့်စင်နေသော ဆံပင်များဖြင့် ရှေ့သို့ ယိုင်နဲ့နဲ့ တိုးလာလေသည်။

ချန်ကျဲဟန်၏ မျက်ခွံများ လှုပ်ရှားသွားလေသည်။

“ပန်းကလေး... ဒီမိန်းမက သူမရဲ့ အင်္ကျီလက်ထဲမှာ ဆံထိုးတစ်ခုကို တိတ်တဆိတ် ဖွက်ထားတယ်... သူမရဲ့ ဆောင်ပုဒ်က ငါ မရနိုင်ရင် ငါ ဖျက်ဆီးပစ်မယ် ဆိုတာပဲ…”

ယွင်ဟွားမှာ တုန်ရီသွားလေသည်။

“အချစ်ကနေ အမုန်းအဖြစ် ပြောင်းလဲသွားတာလား... ဒါမှမဟုတ် သေချာပေါက် သေရမယ့် တိုက်ပွဲတစ်ခုလား…”

“ရှောင်ရှူးရှူး... အဲ့မိန်းမ ဒေါသထွက်လာရင် ယောက်ျားတစ်ယောက်ထက်တောင် ပိုပြီး ကြောက်စရာကောင်းနိုင်တယ်…”

လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။ မည်သူကများ ငြင်းဆိုနိုင်မည်နည်း။

ထို့နောက် သူတို့အားလုံးသည် တစ်ပြိုင်နက်တည်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြလေသည်။

ချန်ကျဲဟန်...။

*မဟုတ်ဘူးလေ... မင်းတို့က ငါ့ကို ဘယ်လိုလုပ် စွန့်ပစ်သွားနိုင်ရတာလဲ…*

သခင်မကျောက် တစ်လှမ်းချင်း နီးကပ်လာသည်ကို မြင်သောအခါ ချန်ကျဲဟန်သည် ယွင်ဟွား၏ ရှောင် ဟူသော စကားလုံး စတင်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သခင်မကျောက်ကို ကန်ထုတ်လိုက်လေသည်။

“ဒုန်း”

သခင်မကျောက်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်လေသည်။

“မင်းဆက်ရဲ့ ဥပဒေတွေအရ တခြားသူတစ်ယောက်ရဲ့ အသက်ကို လုပ်ကြံစွပ်စွဲပြီး ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ လဲလှယ်တဲ့ ဘယ်သူမဆို ခေါင်းဖြတ်ကွပ်မျက်ခံရမယ်... ပြီးတော့ သူတို့ရဲ့ ခင်ပွန်းဘက်က မိသားစုလည်း ပါဝင်ပတ်သက်မှု ရှိမယ်ဆိုရင် မိုင်သုံးထောင် အဝေးကို ပြည်နှင်ဒဏ်ပေးခံရမယ်...”

ချန်ကျဲဟန်၏ စကားတစ်ခွန်းက သူမနှင့် ကျောက်မိသားစု၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိုက်လေသည်။

သူ၏ သမီးလေးကို လာရောက်ကြိုဆိုသော လူနှစ်ယောက်မှာ ကျောက်မိသားစု၏ အစေခံများဖြစ်ကြောင်း သူ မှတ်မိနေလေသည်။

“ခေါင်းဖြတ်ကွပ်မျက်မယ်...”

သခင်မကျောက်သည် ကြောက်ရွံ့မှုကြောင့် ဖြူလျော့သွားပြီး သူမ၏ ယခင် မာနထောင်လွှားမှုများ လုံးဝ ပျောက်ကွယ်သွားလေသည်။

“မဟုတ်ဘူး... ရှင် ခုလို လုပ်လို့မရဘူး... ငါ့အစ်မကို ငါ ရှာရမယ်... ဟုတ်တယ်... ငါ့အစ်မကို ရှာရမယ်... သူမ ငါ့ကို သေချာပေါက် ခွင့်လွှတ်ပေးမှာပါ...”

“ခွင့်လွှတ်မယ်... ဟွန့်... မင်းကြောင့် သူမ လမစေ့ဘဲ မီးဖွားခဲ့ရပြီး သူတို့ နှစ်ယောက်စလုံး သေလုနီးပါး ဖြစ်ခဲ့ရတယ်ဆိုတာ မမေ့နဲ့...”

ချန်ကျဲဟန်သည် ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် တက်လာပြီး သူမအား အပေါ်မှ စီးမိုးကြည့်ကာ သူ၏ အသံမှာ အေးခဲသွားမတတ် အေးစက်နေလေသည်။

ဤကဲ့သို့သော မိန်းမမျိုးကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

နောက်ဆုံးတွင် သခင်မကျောက်သည် မည်မျှပင် သောင်းကျန်းနေပါစေ အဖမ်းခံရသူများကိုပါ တရားရေးဝန်ကြီးဌာနသို့ သူမနှင့်အတူ ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။

အတင်းအဖျင်း နားထောင်သည့် အစီအစဉ်မှာ ထိုကဲ့သို့ပင် ပြီးဆုံးသွားပြီး လူတိုင်းက အားမလိုအားမရ ဖြစ်နေကြဆဲအချိန်တွင် ယွင်ဟွားက ရုတ်တရက် အော်ဟစ်လိုက်လေသည်။

“ဘုရားရေ... ဒီအကောင်ပေါက်လေး သေးပေါက်ချလိုက်ပြီ...”

ယွင်ဟွားသည် သူမ၏ ရင်ခွင်ထဲရှိ အကောင်ပေါက်လေးက သူမအား ပျော်ရွှင်စွာ ရယ်မောပြနေသည်ကို ကြည့်ကာ စကားမပြောနိုင်အောင် ဖြစ်သွားလေသည်။

“ဝါး... ရှောင်ရှူးရှူး... ငါ သန့်ရှင်းမှု မရှိတော့ဘူး... သူမသာ အခုလေးတင် မွေးထားတဲ့ ကလေးမဟုတ်ရင် ငါ ဖင်ချွတ်တီးပြီးပြီ…”

သူမ၏ ညည်းညူသံများကို ကြားသောအခါ ချန်ကျဲဟန်သည် ယွင်ဟွား၏ လက်ထဲမှ သူ၏ သမီးကို အလျင်စလို လုယူလိုက်လေသည်။

ယွင်ဟွား၏ လက်များမှာ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားလေသည်။ သူမသည် လက်ကို မြှောက်ကာ ချန်ကျဲဟန်၏ ခန္ဓာကိုယ်ပေါ်သို့ ဆီးကွက်များကို အားနာမှုမရှိဘဲ သုတ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်လေသည်။

“သူမက ရှင့်ရဲ့ သမီးအရင်းပဲ... ရွံရှာမနေပါနဲ့...”

ချန်ကျဲဟန်...။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် သူသည် ပြဇာတ်ကို စောင့်ကြည့်နေကြသော သူ၏ လုပ်ဖော်ကိုင်ဖက်များကို စူးစိုက်ကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်လေသည်။

“ပြဇာတ်က ပြီးသွားပြီ... မင်းတို့ ထွက်မသွားကြသေးဘူးလား...”

အို့...။

ဤအငြိုးကို သူ မှတ်ထားလိမ့်မည်။

သူ အရူးလုပ်ခံရတာကို ယခု မင်းတို့တွေ ပျော်ပျော်ကြီး စောင့်ကြည့်နေကြပေမယ့် နောက်ကျရင် မင်းတို့အားလုံး ငိုကြရလိမ့်မည်။

“ဟေး... ရှောင်ရှူးရှူး... ဒီလူက စိတ်ပြောင်းမြန်လိုက်တာ…”

ယွင်ဟွားသည်လည်း မောင်းထုတ်ခံရသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်လေသည်။

“အဆင်ပြေပါတယ် ပန်းကလေး... ငါ နင့်ကို နောက်ထပ်တစ်ခု ထပ်ပြောပြမယ်... အဲ့ကလေးမလေးရဲ့ ကံကြမ္မာက ပြောင်းလဲသွားပြီ... သူမက နင့်ရဲ့ အနာဂတ် ယောင်းမလေး ဖြစ်လာလိမ့်မယ်…”

ရှင်ခြင်းသေခြင်းစာအုပ်က ကောက်ကျစ်စွာ ပြုံးဖြီးဖြီးလုပ်ကာ ပြောလိုက်လေသည်။

“ဒါ့အပြင် သူမက နင့်မောင်လေးနောက်ကို တကောက်ကောက် လိုက်မယ့် အမျိုးအစားပဲ... အဲဒါက ချန်ကျဲဟန်ကို တကယ့်ကို ဒေါသထွက်စေလိမ့်မယ်... သူက နင့်အဖေ လုပ်သမျှ အရာတိုင်းကို အပြစ်ရှာတော့မှာ…”

“ငါ့ရဲ့ယောင်းမလေး”

“အသက်နှစ်နှစ်အရွယ် သောက်ကလေးဆိုးတောင် မိန်းမရနေပြီလား…”

ယွင်ဟွားမှာ အံ့အားသင့်သွားလေသည်။

ယွင်ရှောင်ထျန်းမှာ တုန်လှုပ်သွားလေသည်။

ချန်ကျဲဟန်သည် သွားများကို ကြိတ်လိုက်လေသည်။

လူတိုင်းက ပြဇာတ်ကို စောင့်ကြည့်နေကြလေသည်။

မွေးတာတစ်ရက်တောင် မပြည့်သေးသော သူ၏ သမီးလေးသည် အသက်နှစ်နှစ်အရွယ် ဝက်တစ်ကောင်၏ ဖျက်ဆီးခြင်းကို ခံရတော့မည် ဖြစ်လေသည်။

“သွား... သွား... မင်းတို့တွေ အခုချက်ချင်း ဒီကနေ ထွက်သွားကြစမ်း...”

ချန်ကျဲဟန်၏ နှလုံးသားမှာ ကြေကွဲသွားပြီး ၎င်းမှာ လွန်စွာဆိုးရွားသော အခြေအနေပင် ဖြစ်လေသည်။

ယွင်ရှောင်ထျန်းသည် တုန်လှုပ်မှုမှ လွတ်မြောက်လာပြီး ချန်ကျဲဟန်၏ ပခုံးပေါ်သို့ သူငယ်ချင်းကောင်း တစ်ယောက်လို လက်တင်ကာ ပြောလိုက်လေသည်။

“အနာဂတ် ခမည်းခမက်... ငါတို့ သူတို့ရဲ့ မင်္ဂလာကိစ္စကို အတည်ပြုဖို့ အချိန်တစ်ခုလောက် ဘာလို့မရှာကြမလဲ...”

*အလွန်ကောင်းတယ်... အရမ်းကောင်းတယ်…*

အကြီးဆုံးသား၏ မင်္ဂလာကိစ္စပင် မဆုံးဖြတ်ရသေးမီ အငယ်ဆုံးသား၏ ဇနီးက သူ၏ တံခါးကို လာခေါက်နေလေပြီ။ ယွင်ရှောင်ထျန်းမှာ နားရွက်တိတ်မတတ် ပြုံးဖြီးနေလေသည်။

“အဓိပ္ပာယ်မရှိတဲ့ စကားတွေ...”

ဤကျိန်စာသင့်မည့် ယွင်ရှောင်ထျန်း။

ချန်ကျဲဟန်မှာ ဒေါသထွက်သွားပြီး သားအဖနှစ်ယောက်ကို အိမ်တော်ထဲမှ တွန်းထိုးဆွဲထုတ်သွားလေသည်။

သို့သော် ယွင်ဟွားသည် သူမ၏ အခကြေးငွေကို မရသေးသည့်အပြင် ယနေ့ အလုခံရခြင်းကြောင့် ဆုံးရှုံးမှုကို သတိရသွားကာ ချက်ချင်းပင် ကန့်ကွက်လိုက်လေသည်။ သူမသည် လက်များကို ပွတ်သပ်ကာ ပြောလိုက်လေသည်။

“အဟမ်း... ရှင် စောစောက ပြောခဲ့တဲ့... အခကြေးငွေကရော...”

ချန်ကျဲဟန်မှာ ခဏတာ မှင်တက်သွားပြီးနောက် ဘဏ္ဍာတိုက်မှ ငွေစက္ကူငါးရာ သွားယူရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်လေသည်။

ယွင်ဟွားက သက်ပြင်းချလိုက်လေသည်။

“အဖေ... ဒီနေ့ သမီး သူခိုးတွေကို ရဲရဲဝင့်ဝင့် တိုက်ခိုက်ခဲ့ရလို့ သမီးရဲ့ လက်က ပျက်စီးလုနီးပါး ဖြစ်သွားပြီ... အရမ်း နာကျင်ကိုက်ခဲနေပြီး နောက်ထပ် ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်အထိ အပြည့်အဝ ပျောက်ကင်းမှာ မဟုတ်ဘူး... သမီးတို့ ပြန်ရောက်ရင် ကပ်စေးမနဲပါနဲ့... ကောင်းကောင်း အနားယူဖို့ သေချာ ဂရုစိုက်ပေးပါ...”

ချန်ကျဲဟန်က အံကြိတ်လိုက်လေသည်။

“ငွေနှစ်ထောင် ပြင်ဆင်လိုက်...”

“အဖေ... အမေက ပုံမှန်အားဖြင့် အရမ်း တင်းကျပ်တယ်... ပြီးတော့ သမီးရဲ့ အစေခံနဲ့ ရထားထိန်းတို့ကလည်း အများကြီး ကူညီပေးခဲ့ကြတယ်... သမီးက သူမကို လက်ဆောင်လေးတွေတောင် မပေးရသေးဘူး... နောက်ကျရင် အကြွေစလေးတွေ နည်းနည်းလောက် ပေးလို့ရမလား...”

ယွင်ဟွားက ချန်ကျဲဟန်အား မော့ကြည့်လိုက်ရာ သူမ၏ အပြစ်ကင်းစင်သော အကြည့်ကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။

“တစ်ယောက်ယောက်... ရွှေဖရုံစေ့တွေ ထပ်ယူခဲ့စမ်း...”

ယွင်ဟွားသည် ရယ်မောလိုက်ပြီး ငွေစက္ကူများကို သူမ၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်ကာ တောက်ပနေသော ရွှေဖရုံစေ့များက သူမ၏ မျက်လုံးများကို ဖမ်းစားထားလေသည်။

“အမတ်ချန်... ရှင့်ရဲ့ သမီးလေးကို ကယ်တင်တာက ဘေးထွက်ကိစ္စလေး တစ်ခုပါ… အဲ့လောက် အားနာနေစရာမလိုပါဘူး...”

ချန်ကျဲဟန်သည် မျက်လုံးများ လှန်မကြည့်မိစေရန် အတင်းထိန်းထားလိုက်ရသော်လည်း မင်းက အိတ်ကပ်ထဲကို ပိုပိုပြီး ထိုးထည့်ဖို့ သတ္တိရှိသေးတယ်ပေါ့...။

*ငါ့သမီးက မင်းရဲ့ အနာဂတ် ယောင်းမလေးဆိုတာကို မင်း သတိမထားမိဘူးလား..။*

ချန်ကျဲဟန်မှာ ငိုချင်စိတ် ပေါက်သွားလေသည်။ ယခုမှစပြီး ဘယ်သူမဆို အလုပ်လုချင်ရင် လုနိုင်လေပြီ။

သူသည် ငွေရော လူပါ ဆုံးရှုံးလိုက်ရလေသည်။

*ငါတို့ကြီးမားတဲ့ ပိုင်ဆိုင်မှုကို ဆုံးရှုံးလိုက်ရတယ်…*

အခန်း (၁၆) ကိုယ်လုပ်တော်၏ ဖောက်ပြန်မှုကို ခံလိုက်ရသော အိမ်ရှေ့စံမင်းသား

ဓားပြများနှင့်တူသော သားအဖနှစ်ယောက်အား ပြန်လွှတ်လိုက်ပြီးနောက် ချန်ကျဲဟန်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားလေသည်။

အိမ်တော်ထဲရှိ ထိုအတုအယောင်လေးကို တွေးမိသောအခါ သူ၏ ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာလေသည်။

“တစ်ယောက်ယောက်... ဒီကလေးမလေးကို သီလရှင်ကျောင်းဆီ ခေါ်သွားလိုက်စမ်း...”

သူ၏ သမီးအရင်းလေး ကြုံတွေ့ခဲ့ရမည့် အရာများကို ထိုကလေးမလေးအား ခံစားစေရမည်ပင် ဖြစ်လေသည်။

အခြားတစ်ဖက်တွင်မူ...။

ယွင်ဟွားသည် ချန်အိမ်တော်မှ ထွက်ခွာလာသည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်လုံးများမှာ ပြုံးရွှင်မှုကြောင့် မှိတ်ကျသွားလေသည်။ သူမ ခေါင်းမော့ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က အလွန်ထူးဆန်းစွာ ပြုမူနေသည်ကို သတိပြုမိလိုက်လေသည်။

အခြားသူများ တွေ့ရှိသွားမည်ကို မလိုလားသည့်အလား ထိုသူသည် အမတ်များကြားတွင် သတိကြီးစွာဖြင့် လှုပ်ရှားနေလေသည်။

“ဟေး... စာအုပ်လေး... အဲ့လူရဲ့ ကျောပြင်က ဧကရာဇ်နဲ့ နည်းနည်း တူမနေဘူးလား…”

ယွင်ဟွား၏ အံ့အားသင့်နေသော အသံမှာ အနည်းငယ် ကျယ်လောင်သွားပြီး လူတိုင်းက သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာ အေးခဲသွားလေသည်။

မဖြစ်နိုင်ချေ။ သူ ဤကဲ့သို့ ဝတ်ဆင်ထားသည်ကိုပင် မည်သို့ မှတ်မိနေနိုင်သေးသနည်း။

အကယ်၍ တစ်နိုင်ငံလုံး၏ ဧကရာဇ်တစ်ပါးက အမတ်များ၏ အတင်းအဖျင်းများကို လိုက်လံနားထောင်နေကြောင်း သူ၏ အမတ်များက သိရှိသွားပါက သူ၏ ဂုဏ်သိက္ခာများ အကုန် းကျဆင်းသွားမည် မဟုတ်လော။

ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ဘေးရှိလူအား လှမ်းကြည့်လိုက်လေသည်။

“ဟေး… ဒီ... ဒီလူက အရမ်း ရင်းနှီးနေသလိုပဲ... ဘယ်သူနဲ့ တူလဲဆိုတော့…”

အိမ်ရှေ့စံမင်းသားသည် နေရာမှ ခုန်ထွက်လာပြီး ရှေ့သို့ အပြေးအလွှားသွားကာ ယွင်ဟွားအား သူ၏ လက်မောင်းအောက်တွင် ညှပ်၍ ခုန်ပျံကျော်လွှားကာ လူအုပ်ကြားထဲမှ လွတ်မြောက်သွားလေသည်။

ယွင်ရှောင်ထျန်းမှာ လန့်ဖြန့်သွားလေသည်။

ဧကရာဇ်ဝမ်ရွှမ်းသည် ထိုရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးသွားလေသည်။

ယွင်ဟွား၏ စိတ်အာရုံမှာ ခဏတာ ဗလာကျင်းသွားပြီး သူမ သတိပြန်ဝင်လာချိန်တွင် ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။

“လူလုနေတယ်ဗျို့... လမ်းမပေါ်မှာ လူလုနေတယ်ဗျို့... ဝါး... လွှတ်စမ်း...”

“မအော်နဲ့... ငါပါ... အိမ်ရှေ့စံမင်းသားပါ...”

အိမ်ရှေ့စံမင်းသား နန်ကုန်းယန်သည် သူ၏ နောက်ဘက်ရှိ လမ်းကြားငယ်တစ်ခုကို ရှာတွေ့သွားပြီး ယွင်ဟွား၏ ပါးစပ်ကို ပိတ်ထားသော လက်ကို ဖယ်ရှားလိုက်ချိန်တွင် သူ၏ လက်မောင်းတစ်ခုလုံး တုန်ယင်နေလေသည်။

အပြစ်ရှိစိတ် ခံစားနေရ၍ မဟုတ်ဘဲ သူက ပင်ပန်းနေသောကြောင့်ပင် ဖြစ်လေသည်။

ဤကလေးဆိုးလေးက အလွန် လေးလွန်းလှလေသည်။

ယွင်ဟွားမှာ လှုပ်ခါခံလိုက်ရသဖြင့် မူးဝေနေလေသည်။ သူမ အသက်ရှူမှန်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“နင်က အိမ်ရှေ့စံမင်းသားဖြစ်နေရင်တောင် လမ်းမပေါ်မှာ လူတွေကို ပြန်ပေးဆွဲလို့ မရဘူး... ငါ နင့်ကိုတိုင်မယ်...နင့်အဖေဆီ သွားပြီး နင့်ကိုတိုင်မယ်..ဟွန့်”

စကားပြောရင်း ယွင်ဟွားသည် အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်လေသည်။

“စိတ်လှုပ်ရှားမနေပါနဲ့... အဘွားလေးရာ... ကျေးဇူးပြုပြီး စိတ်လှုပ်ရှားမနေပါနဲ့...”

နန်ကုန်းယန်သည် သူ၏ မျက်ခုံးများ တွန့်ကွေးသွားလျက် သူမ၏ လက်မောင်းကို ဖမ်းဆွဲလိုက်လေသည်။

သူ၏ ဖခင်အတွက် မျက်နှာပန်းလှစေရန် မဟုတ်ပါက သူသည် ဤအတင်းအဖျင်းသမားလေးကို ရန်စလိုမည် မဟုတ်ချေ။

ယွင်ဟွားက အပြင်းအထန် ရုန်းကန်လိုက်ပြီး သူမ၏ ဗာဒံစေ့ပုံစံ မျက်လုံးများကို ပြူးကျယ်ထားကာ ပြောလိုက်လေသည်။

“ငါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ... ငါတို့က မနက်ခင်းညီလာခံကို နှစ်ကြိမ်ပဲ တက်ရသေးတယ်... ငါ့ကို ဒီနေရာမှာ ဖမ်းချုပ်ထားပြီး နင် ဘာလိုချင်လို့လဲ...”

စကားလုံးများ သူမ၏ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူမ တုန်ရီသွားလေသည်။ သူမသည် နန်ကုန်းယန်အား ကြည့်ကာ သူမ၏ အင်္ကျီကော်လာကို အလျင်စလို တင်းကျပ်စွာ ဆွဲစေ့လိုက်လေသည်။

“နင်... နင် အနားမလာနဲ့နော်... ငါ... ငါ အညံ့ခံရမယ့်အစား သေတာကမှ ပိုကောင်းမယ်...”

“ရှောင်ရှူးရှူး... ကယ်ပါဦး... ဒီမင်းသားက ကလေးတွေကို နှာဘူးထတဲ့သူပဲ... ငါရဲ့ ဂုဏ်သိက္ခာတွေတော့ ပျက်စီးပါပြီ…”

ဤစူးရှသော စိတ်ကူးယဉ်အသံကြောင့် နန်ကုန်းယန်မှာ ဒေါသထွက်သွားပြီး မတတ်သာဘဲ သူ၏ ဆုပ်ကိုင်ထားမှုကို လွှတ်ပေးကာ ခြေတစ်ဝက်ခန့် နောက်ဆုတ်လိုက်လေသည်။

“အဘွားလေး... ကျေးဇူးပြုပြီး ခုလိုက်စ္စတွေကို မတွေးပါနဲ့... ငါ... ငါ...”

*ဒုက္ခပါပဲ…*

သူ သင့်တော်သော ဆင်ခြေတစ်ခုကို ရှာမတွေ့နိုင်ဖြစ်နေလေသည်။

“နင်က ဘာလဲ...”

ယွင်ဟွားသည် သူမ၏ လက်များကို ပိုက်လိုက်ပြီး သတိထားနေသော အမူအရာဖြင့် ပြောလိုက်လေသည်။

“ငါက မင်းကို ကြည့်စေချင်ရုံပါ...”

နန်ကုန်းယန်သည် အကြံတစ်ခုကို လျင်မြန်စွာ စဉ်းစားမိသွားလေသည်။

“ဒီအသစ်လုပ်ထားတဲ့ လက်ဝတ်ရတနာတွေရဲ့ ဒီဇိုင်းကို တစ်ချက်လောက် ကြည့်ပေးပါဦး... မိန်းကလေးတွေက ဒီဟာတွေအကြောင်းကို အသိဆုံးလို့ ငါ ကြားဖူးလို့ပါ...”

စကားပြောနေစဉ် သူသည် သူ၏ အင်္ကျီလက်ထဲမှ ဆံထိုးတစ်ခုကို ထုတ်ယူလိုက်ရာ ထိပ်ပိုင်းရှိ ပုလဲငယ်လေးသည် နေရောင်အောက်တွင် နွေးထွေးစွာ တောက်ပနေလေသည်။

“ငါ မကြာသေးခင်က ကိုယ်လုပ်တော် အသစ်တစ်ယောက် ကောက်ထားလို့... သူမ ဒီဟာကို သဘောကျမလားဆိုတာ မင်းကို ကြည့်ခိုင်းချင်လို့ပါ...”

ယွင်ဟွား...။

သူမ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားလေသည်။

“ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့... ဒီသူက လက်ရှိ မင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသားပဲ... သူ့ကို ဆဲဆိုလို့ရော အော်ဟစ်လို့ရော မရဘူး... သူ့ကို လေးလေးစားစားပဲ ဆက်ဆံလို့ရမယ်…”

ယွင်ဟွားမှာ ငိုလုနီးပါး ဖြစ်နေလေသည်။

“ရှောင်ရှူးရှူး... သူရဲ့ ကိုယ်လုပ်တော်က သူ့ကို သဘောကျမကျ တစ်ချက်လောက် စစ်ဆေးပေးလို့ ရမလား…”

ခဏအကြာတွင် ရှင်ခြင်းသေခြင်းစာအုပ်က ၎င်းလှန်လှောထားသော အရာကို ဖွင့်ဟလိုက်လေသည်။

“ဟားဟားဟား... ပန်းကလေး... ငါ နင့်ကို ပြောပြမယ်... အိမ်ရှေ့စံမင်းသားက သူရဲ့ ကိုယ်လုပ်တော် ဖောက်ပြန်တာကို ခံလိုက်ရပြီ…”

နန်ကုန်းယန်မှာ ခုန်ပေါက်မတတ် ဖြစ်သွားလေသည်။

“ပြီးတော့ အဲ့အခြေအနေ... အဲ့မြင်ကွင်းက... မယုံနိုင်လောက်အောင်ကို စိတ်လှုပ်ရှားစရာကောင်းတယ်... အကယ်၍ သူသာ အခုချက်ချင်း ပြန်သွားမယ်ဆိုရင် သူတို့ကို လက်ပူးလက်ကြပ် မိနိုင်တယ်…”

ယွင်ဟွားသည် မသိစိတ်၏ စေ့ဆော်မှုဖြင့် နန်ကုန်းယန်အား လှည့်ကြည့်လိုက်ပြီး အပြုံးကို အတင်းဖိနှိပ်ကာ ပြောလိုက်လေသည်။

“အရမ်းလှပါတယ်... ဒီဆံထိုးလေးက အလွန် လှပပါတယ်... အကယ်၍ အိမ်ရှေ့စံမင်းသားကသာ သူမကို ကိုယ်တိုင် သွားပေးမယ်ဆိုရင် သူမ သေချာပေါက် ဝမ်းသာလုံးဆို့သွားမှာပါ...”

ဝမ်းသာလုံးဆို့မယ် ဟုတ်လား…။

ထိတ်လန့်သွားမယ်ဆိုတာကမှ ပိုမှန်လိမ့်မည်။

ထိုမိန်းကလေး၏ မလိုတမာ ဝမ်းသာနေသော မျက်နှာအမူအရာကိုကြည့်ကာ နန်ကုန်းယန်၏ နဖူးမှ သွေးကြောများ ထောင်ထလာလေသည်။

ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ၏ အတင်းအဖျင်းများကို လာရောက် နားထောင်စောင့်ကြည့်မည့်သူ များများစားစား မရှိခဲ့ချေ။

“ပြီးတော့ ရှိသေးတယ်... ပန်းကလေး…”

ရှင်ခြင်းသေခြင်းစာအုပ်က ဆက်လက် ဖွင့်ဟနေလေသည်။

“သူရဲ့ ကိုယ်လုပ်တော်က ကိုယ်ဝန်ရှိနေပြီ... ဒါပေမယ့် သူနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ဘူး…”

“အို... ဝိုး…”

ယွင်ဟွားသည် သူ၏ တောက်ပနေသော အစိမ်းရောင် ခေါင်းကြီးကို အံ့အားသင့်စွာ စိုက်ကြည့်နေလေသည်။

*ကိုယ်ဝန်ရှိနေတယ် ဟုတ်လား…*

နန်ကုန်းယန်၏ မျက်ဆန်များ ကျဉ်းမြောင်းသွားလေသည်။

*တော်ဝင်သွေးသားကို ရှုပ်ထွေးအောင် လုပ်ရဲတယ်ပေါ့။ သေသင့်တဲ့ လျူမေ့မေ့…*

“အမတ်ငယ်ယွင်ပြောတာ မှန်ပါတယ်... ဒီမင်းသား အခုပြန်တော့မယ်...”

ယွင်ဟွားသည် သူ၏ အလျင်စလို ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေလေသည်။

“ဟားဟားဟား…”

သူမက ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။

ယွင်ဟွား ယွင်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ချွေ့ဝမ်ရှင်းက သူမကို ချက်ချင်းပင် ပွေ့ဖက်လိုက်ပြီး အထက်အောက် သေချာစွာ အကဲခတ်ကြည့်လိုက်လေသည်။

“ဟွားအာ... သမီး အဆင်ပြေရဲ့လား... သမီးကို အိမ်ရှေ့စံမင်းသားက ပြန်ပေးဆွဲသွားတယ်လို့ နင့်အဖေက ပြောနေလို့...”

အကယ်၍ ယွင်ရှောင်ထျန်းကသာ သူ၏ စူးရှသော မျက်လုံးများဖြင့် အိမ်ရှေ့စံမင်းသား၏ ပုံရိပ်ကို မမြင်တွေ့ခဲ့ပါက သူသည် မြို့တော်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပစ်ခဲ့သည်မှာ ကြာပြီဖြစ်လေသည်။

*သူတို့တွေက ငါ့ကို နေ့တိုင်း ပြဿနာတွေပဲ ပေးနေကြတော့တာပဲ…*

ယွင်ဟွားက ခေါင်းညိတ်လိုက်လေသည်။

“အိမ်ရှေ့စံမင်းသားက သေးငယ်တဲ့ ကိစ္စလေးတစ်ခုကို မေးရုံသက်သက်ပါ...”

သူမသည် မိမိဘာသာ ပြုံးလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်လေသည်။

“ကိုယ်လုပ်တော် ဖောက်ပြန်တာကို ခံလိုက်ရသလိုမျိုးပေါ့... သူ အိမ်ပြန်ရောက်တဲ့အချိန်မှာ လက်ပူးလက်ကြပ် သွားမိတာပဲ…”

“ဟားဟား... ငါ အရှေ့နန်းဆောင်ကို ဖရဲသီးသွားမစားနိုင်တာလေး တစ်ခုပါပဲ... ဟူး…”

ယွင်ဟွားမှာ နောင်တရနေသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်လေသည်။

*ဘာ…*

ချွေ့ဝမ်ရှင်းနှင့် ယွင်ရှောင်ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် မျက်နှာအမူအရာ အမျိုးမျိုး ထွက်ပေါ်နေလေသည်။

ယွင်ရှောင်ထျန်းက တိတ်တဆိတ် တွေးလိုက်လေသည်။

*မှန်တယ်... တော်ဝင်မိသားစုရဲ့ အတင်းအဖျင်းတွေကို ငါတို့ဘာသာ ငါတို့ တံခါးပိတ်ပြီး တိတ်တဆိတ် ခံစားတာက အကောင်းဆုံးပဲ…*

*ဒါပေမယ့်…*

*ခြံစည်းရိုးကို ဘယ်လို ကျော်ရမလဲ…*

ဤအကြောင်းကို ကြားပြီးနောက် ယွင်ချင်းမော့၊ ယွင်ယာနှင့် ယွင်ဝေတို့အားလုံးမှာ ဘာဆက်ဖြစ်မည်ကို သိချင်လွန်း၍ ခေါင်းကုတ်နေကြသော်လည်း မည်သူကမျှ အရှေ့နန်းဆောင်သို့ မသွားရဲကြချေ။

*အင်း…*

လူတိုင်းက သက်ပြင်းချလိုက်ကြလေသည်။

အခြားတစ်ဖက်တွင်မူ...

အိမ်ရှေ့စံမင်းသား နန်ကုန်းယန်သည် အရှေ့နန်းဆောင်သို့ အပြေးအလွှား ပြန်သွားလေသည်။

“ဝုန်း…”

တံခါးကို ကန်ဖွင့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည့် ပုံရိပ်တစ်ခုက တံခါးပေါက်တွင် ရပ်နေလေသည်။

“...အရမ်းကောင်းတယ်...”

နန်ကုန်းယန်က ဒေါသတကြီး ရယ်မောလိုက်လေသည်။

သူ့နောက်မှ ကပ်လျက် လိုက်ပါလာသော အိမ်ရှေ့စံကြင်ယာတော်မှာ အစပိုင်းတွင် လန့်ဖြန့်သွားခဲ့ပြီးနောက် အခန်းတွင်းရှိ ဖောက်ပြန်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသောအခါ သူမ၏ မူလက ကြော့ရှင်းလှပသော မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်သွားလေသည်။

“နင်တို့ ဘယ်လိုတောင် ရဲတင်းရတာလဲ... ဘယ်လိုတောင် ရဲတင်းရတာလဲ...”

ထိုညတွင်...

အရှေ့နန်းဆောင်တစ်ခုလုံးမှာ ခြင်တစ်ကောင်ပင် ပျံထွက်မသွားနိုင်လောက်အောင် လင်းထိန်နေလေသည်။

ကျန်ရစ်ခဲ့သည်မှာ ခြံဝင်းအတွင်း စီးဆင်းနေသော ဆောင်းဇီးပန်းပွင့်များကဲ့သို့ စူးရှတောက်ပသည့် သွေးကွက်များသာ ဖြစ်လေသည်။

နောက်တစ်နေ့တွင်...

ဧကရာဇ်ဝမ်ရွှမ်းသည် စောစီးစွာ နိုးထလာပြီး ထုံးစံနှင့်မတူဘဲ နေ့စဉ်နေ့တိုင်း အလွန် ပျော်ရွှင်နေလေသည်။

လွန်ခဲ့သော နှစ်ရက်က ညီလာခံများကို ကြည့်ကြည့်လေ။

ပထမနေ့တွင် အကျင့်စာရိတ္တ မကောင်းသူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒုတိယနေ့တွင် သူလျှိုတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့လေသည်။ အလကားနေရင်း အချောင်စားနေကြသော ထိုအမတ်များကို တွေးမိသောအခါ ဧကရာဇ်ဝမ်ရွှမ်းမှာ ဒေါသထွက်သွားလေသည်။

“ဟွန့်... အဲ့အမတ်တွေက လစာထုတ်ဖို့ စိတ်အားထက်သန်နေတာကလွဲရင် အသုံးမကျတဲ့ ငကြောက်ကောင်တွေချည်းပဲ... သူတို့က ကလေးမလေးတစ်ယောက်လောက်တောင် အားကိုးမရဘူး... ငါ သူတို့ကို ဖယ်ရှားပစ်ချင်နေတာ ကြာပြီ...”

အထိန်းတော်ချောင်မှာ ပါးနပ်သူတစ်ဦး ဖြစ်လေသည်။ သူသည် အထိန်းတော်တစ်ဦးသာဖြစ်ပြီး ဧကရာဇ်၏ စကားများနှင့်အညီ သူ ဝင်ပြော၍ မရသော အရာအချို့ ရှိနေလေသည်။

“အရှင်မင်းကြီး... အမတ်ငယ်ယွင်က အံ့ဖွယ်အမှုတွေကို လုပ်ဆောင်ပေးခဲ့တာမလို့ တုံလင်နိုင်ငံအတွက် ကောင်းချီးတစ်ခုပါပဲ... သူမရှိနေမှတော့ အရှင်မင်းကြီး စိတ်ချလက်ချ နေလို့ရပါပြီ...”

“ဟားဟားဟား... မင်းပြောတာ မှန်တယ်... သူမ ရှိနေတာနဲ့တင် ငါ နောက်ထပ် နှစ်ပေါင်းများစွာ အသက်ပိုရှည်နိုင်မယ်လို့ ခံစားနေရတယ်... ဟားဟားဟား...”

မသိနိုင်ပေ။

ယနေ့တွင် သူ့အတွက် မည်သို့သော အံ့အားသင့်စရာများက စောင့်ကြိုနေမည်နည်း။

All Chapters