မရဏနိုင်ငံမှာ မကောင်းဆိုးဝါးနှစ်ပါးရှိတယ်။ တစ်ခုက ပန်းတစ်ပွင့်ဖြစ်ပြီး နောက်တစ်ခုကတော့ စာအုပ်တစ်အုပ်ပဲ။ ကမ္ဘာပေါ်က အရာအားလုံးကို အုပ်စိုးတဲ့ သေခြင်းရှင်ခြင်းစာအုပ်က အသိဉာဏ်ရလာပြီးနောက် သူက တစ်နေကုန် ဘာအလုပ်မှမလုပ်တော့ဘဲ သူ့ရဲ့စွမ်းရည်နဲ့ ဖရဲသီးပဲထိုင်စားနေခဲ့တယ်။(ဖရဲသီး = အတင်းအဖျင်းပြောခြင်း) နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် ပင့်ကူနီပန်းလေးတစ်ပွင့်ကလည်း လူသားပုံစံသို့ ပြောင်းလဲသွားခဲ့တယ်။ ငရဲဘုရင် ယာမမင်းက သူမရဲ့ အလားအလာကောင်းတဲ့ အရည်အချင်းကို မြင်တဲ့အခါ ခြွင်းချက်တစ်ခု ပြုလုပ်ပြီး မုန့်ပိုရဲ့ လက်ထောက်အဖြစ် ခန့်လိုက်မိတာကစပြီး ငါးပါးမှောက်တော့တာပဲ။ အစပိုင်းမှာ သူမ ကောင်းကောင်းလုပ်ခဲ့ပေမယ့် ကြာလာလေ ပိုငြီးငွေ့လာလေဖြစ်လာတယ်။ တစ်နေ့မှာတော့ အဲ့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ခဲ့ကြတယ်။ သူတို့ဟာ အလုပ်မလုပ်ဘဲ ဖရဲသီးပဲစားပြီး နှစ်ယောက်သား ခွဲခြားလို့မရအောင် ဖြစ်လာတယ်။ အရာအားလုံးက မြန်မြန်ဆန်ဆန်ပဲ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတယ်။ နင်က အတင်းအဖျင်းတွေ ပြောတယ်။ ငါက နားထောင်တယ်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ ဘယ်သူမှမထိန်းနိုင်တော့တဲ့ မရဏာနိုင်ငံရဲ့ ကပ်ဘေးနှစ်ပါးဖြစ်လာကြတယ်။ ဆိုးချက်က ရှေ့ကဖြတ်သွားတဲ့ ခွေးတစ်ကောင်ရဲ့ အမွှေးတွေကိုတောင် ပြောင်သလင်းခါအောင် အတင်းပြောနိုင်တဲ့အထိပဲ။ ငရဲဘုရင်တောင် စိတ်ပူလာတယ်။ "ဒီနှစ်ယောက်ကို ကမ္ဘာပေါ် ခဏလောက် ပြန်လည်မွေးဖွားဖို့ ပြန်ပို့လိုက်ရင်ကောင်းမယ်၊ ဒါပေမယ့် ဒီနှစ်ယောက်က လက်ခံမှာ မဟုတ်ဘူး" သူတို့က မြေအောက်ကမ္ဘာမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ဘယ်သူမှ မသိလိုက်ခင်မှာပဲ သူတို့နှစ်ယောက်စလုံးက ငရဲပြည်ကနေ နှင်ထုတ်ခံလိုက်ရတယ်။ ဝန်ကြီးချုပ်နေအိမ်၌ [ရှူရှုလေး(စာအုပ်လေး)... ဒါက ငါ့အဖေအစစ်ဆိုတာ သေချာလား! သူက ဘယ်လိုလုပ်ပြီး သူ့သမီးကို ဒီလို သစ္စာဖောက်နိုင်တာလဲ?!] [ဟွားဟွားလေး(ပန်းလေး)... ငါစစ်ဆေးပြီးပြီ၊ သူက နင့်ရဲ့အဖေအရင်းပဲ] အဘိုးကြီး ယွင်....: [စာအုပ်လေး၊ ငါတို့ရဲ့ဧကရာဇ်က သူ့ဘဝတစ်လျှောက်လုံး ချစ်ခဲ့၊ တန်ဖိုးထားခဲ့တဲ့ တစ်ဦးတည်းသော မင်းသမီးက သူ့သမီးမဟုတ်ဘူးဆိုတာ သိလား။] [ပန်းလေးရေ ငါသိသလောက်တော့ အဲ့ဒီဧကရာဇ်အိုကြီးက သူကွယ်လွန်တဲ့အထိ သူဟာ တခြားတစ်ယောက်ရဲ့သမီးကို သူ့ဘဝတစ်လျှောက်လုံး မွေးမြူခဲ့တယ်ဆိုတာ မသိခဲ့ဘူး။] ဧကရာဇ်: ......: [ဟင်.. ပန်းလေး၊ ငါ ယာမရဲ့ သိုလှောင်လက်စွပ်ကို ဝင်ကြည့်လို့ရတယ်ဆိုတာ သိလိုက်ရတယ်] [တကယ်လား... စာအုပ်လေးရေ၊ မြန်မြန်... မြန်မြန်၊ ငါတို့မြင်အောင် ရတနာတွေထုတ်လာပါဦး...] ယာမဘုရင် ...: ငါ့ပစ္စည်းတွေ ဘယ်ရောက်သွားတာလဲ။ [ပန်းလေး၊ ဒီလူက ချမ်းသာတယ်၊ ချောတယ်၊ ပြီးတော့ အသက်လည်း မရှည်ဘူး။ သူ့ကို ဘာလို့ အိမ်ထဲ မခေါ်သွားတာလဲ။] ယွင်ဟွား...: ယွင်ဟွားနဲ့စာအုပ်လေးရဲ့ စိတ်ထဲက ပြောတဲ့စကားကို လူတိုင်း ကြားလိုက်ရတဲ့အခါ နိုင်ငံ့ကံကြမ္မာကို ဘယ်လိုဖန်တီးကြမလဲဆိုတာ ဆက်လက် ဖတ်ရှုပေးပါ

