အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း (၂၅၉) သူ ကြိုးစားပမ်းစား ကျင့်ကြံရမယ်
"ယုံအန်းမင်းသမီး... ရှင်က ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး အမတ်တစ်ယောက်ရဲ့ သမီးကို အကြမ်းဖက်တယ်... ကျွန်မက တရားရေးရာရုံးတော်နဲ့ တရားစီရင်ရေးရုံးတော်ကို သွားပြီး ရှင့်ကို တိုင်တန်းမယ်..."
ကျန်းနျန်ကျစ်သည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူမ၏ မျက်လုံးများမှာ သွေးများပြည့်နှက်နေကာ ရေခဲဓားတစ်လက်ကဲ့သို့ ယွင်ဟွားအပေါ်သို့ စိုက်ကြည့်နေလေသည်။
"အဟက်... စကားပြောဖို့ အားရှိနေသေးတယ်ပေါ့... ကြည့်ရတာ ငါ နင့်ကို ရိုက်တာ မလုံလောက်သေးဘူးထင်တယ်..."
ယွင်ဟွားက ပြုံးဖြီးဖြီးလုပ်ကာ သူမအပေါ်သို့ ထပ်မံ ထုရိုက်ချလိုက်၏။
“နင်က ငါ့ရဲ့ ပန်းကလေးကို စိုက်ကြည့်ရဲတယ်ပေါ့... ငါ နင့်ကို သေအောင် ထိုးပစ်မယ်..”
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ လုံးဝန်းနေသော ဗိုက်ထဲမှ သေးငယ်လှသော ပန်းထိုးအပ်နှစ်ချောင်းကို ထုတ်ယူကာ ကျိုးပဲ့နေသော စုတ်တံလေးကို တစ်ချောင်း ပေးလိုက်လေသည်။ ထိုအရာကို ယခင်က ပန်းကလေးထံမှ ခိုးယူထားခဲ့ခြင်းဖြစ်၏။
၎င်းသည် သေးငယ်ပြီး အလွယ်တကူ သတိမထားမိနိုင်ပေ။
တရားသူကြီးစုတ်တံသည် တုံ့ဆိုင်းသွားပြီး ဆူးပါသော တုတ်တိုဆီသို့ လှမ်းနေသော ၎င်း၏ လက်ကို ရပ်တန့်လိုက်သည်။
“ရှောင်ရှူးရှူး... နင်က သိပ်တော်တာပဲ..”
ကလေးငယ်နှစ်ဦးသည် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ကြပြီး အပ်ဖျားလေးများက ဖယောင်းတိုင်အလင်းရောင်အောက်တွင် အေးစက်စွာ တောက်ပနေလေသည်။
“ငါ နင့်ကို သေအောင် ထိုးပစ်မယ်..”
“နင်က မိန်းမပျက်လို သူများယောက်ျားကို လုယူတယ်ပေါ့... ပေပေ့က နင့်ကို သေအောင် ထိုးပစ်မယ်..”
"အား..."
"ကယ်ကြပါဦး... အိမ်ရှေ့စံမင်းသား... မင်းသား... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး..."
ကျန်းနျန်ကျစ်၏ စူးရှသော အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာရာ ကမ်းခြေရှိ လူများကို တုန်လှုပ်သွားစေ၏။
လူတိုင်းက တံတွေးမြိုချလိုက်ကြသည်။ "ခေါင်းခွဲမင်းသမီး" ဟူသော နာမည်နှင့်အညီ အနိုင်ကျင့်တတ်သော သူမ၏ ဂုဏ်သတင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူမက လုံးဝကို ရက်စက်လွန်းလှလေသည်။
နန်ကုန်းယွမ်သည် ကလေးငယ်နှစ်ဦး၏ မျက်လုံးများကို ဖုံးကွယ်ထားလိုက်ပြီး သူ၏ ဇနီးငယ်လေးကို မြတ်နိုးစွာဖြင့် စိုက်ကြည့်နေလေ၏။
"အိမ်ရှေ့စံမင်းသား ကြည့်ပါဦး... ငါ့ရဲ့ ရှောင်ဟွားဟွားလေးက ငါ့အတွက် တိုက်ပွဲဝင်ပြီး ရန်သူတွေကို ချေမှုန်းပေးနေတယ်... ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ... ကြည့်ရတာ ငါက နောင်ကျရင် ဇနီးရဲ့ ထောက်ပံ့မှုကို အားကိုးရတော့မယ်ထင်တယ်..."
အိမ်ရှေ့စံမင်းသား…
"လူ့ကပ်ပါးကောင်..."
နန်ကုန်းယွမ်က လုံးဝ ဂရုမစိုက်ပေ။
"ငါက မိန်းမကျွေးတာ စားရတဲ့သူဖြစ်ပြီး အဲ့အတွက်လည်း ပျော်တယ်...မင်းလို ကိုယ့်မိန်းမကိုတောင် မထိန်းနိုင်တဲ့သူနဲ့ မတူဘူးလေ... ရှောင်ဟွားဟွားက ကိုယ်လုပ်တော်တွေ ထားချင်နေတာဆိုတော့ တရားဝင်ခင်ပွန်းဖြစ်တဲ့ ငါက သဘောထားကြီးကြီးနဲ့ မနက်ဖြန်ကျရင် မရီးကို ခေါ်လာခဲ့ပေးမယ်..."
"ဒါ ကောင်းတာပေါ့... ငါ ဒီည အိမ်ပြန်ရောက်တာနဲ့ ပစ္စည်းတွေ သိမ်းထားလိုက်မယ်..."
အိမ်ရှေ့စံကြင်ယာတော်က ကျယ်လောင်စွာ ပြုံးလိုက်ပြီး ယုံအန်းမင်းသမီးနှင့်အတူ နေ့ရက်တိုင်းကို ဖြတ်သန်းရန် မစောင့်နိုင်တော့ပေ။
"ကြင်ယာတော်..."
သူ၏ မကျေနပ်မှုများ ရှိနေသော်လည်း အိမ်ရှေ့စံမင်းသားသည် အိမ်ရှေ့စံကြင်ယာတော်ကို ဖက်ထားကာ ပြောလိုက်၏။
"အကယ်၍ မင်း တကယ်သွားမယ်ဆိုရင် ကိုယ်တော်လည်း ပစ္စည်းသိမ်းပြီး မင်းနဲ့အတူ လိုက်ခဲ့မယ်..."
သူတို့အား မယှဉ်နိုင်ပါက သူတို့နှင့် ပူးပေါင်းရမည်ဖြစ်သည်။ သို့သော် သူသည် သူ၏ ညီတော်ကို ဆက်လက်ဒုက္ခပေးကာ မိမိကိုယ်ကို အခက်အခဲဖြစ်စေမည်ဆိုလျှင် ထိုအတင်းအဖျင်းသမားလေးနှင့် တွဲနေရန် မေ့ထားလိုက်နိုင်သည်။
တတိယမင်းသား၏ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး ယွင်ဝေ၏ ပခုံးပေါ်သို့ ခေါင်းမှီကာ ပြောလိုက်လေသည်။
"ဝေဝေ... ဗျောက်အိုးလေး... ကိုယ်တော်လည်း မိန်းမကျွေးတာ စားတဲ့သူ ဖြစ်ချင်တယ်... နောင်မှာ မင်း ကိုယ်တော့်ကို အများကြီး ကာကွယ်ပေးရမယ်နော်..."
ယွင်ဝေက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမလက်ထဲရှိ ကျောက်စိမ်းအုတ်ခဲငယ်လေးက တောက်ပစွာ အရောင်လက်လာ၏။
တတိယမင်းသားသည် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်သည်။
"ဖယ်စမ်းပါ... ငါ့ညီတော်က လူပျင်းကောင်ပဲ... ဘယ်မိန်းမက ယောက်ျားကို ကာကွယ်ပေးရမှာလဲ... စိတ်မပူပါနဲ့ ဝေဝေ... ကိုယ်တော်က သူ့ကို အတုခိုးမှာ မဟုတ်ပါဘူး..."
နန်ကုန်းယွမ်က တတိယမင်းသားကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။
"ကဲ... ရှောင်ယွမ်ယွမ်ကို လုယူတဲ့အတွက် ကလဲ့စားချေပြီးသွားပြီ... အခု ဗေဒင်ဟောတဲ့အကြောင်း ပြောကြရအောင်..."
ယွင်ဟွားက ပြုံးလိုက်ပြီး သူမအား သေနေသူတစ်ဦးကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။
ကျန်းနျန်ကျစ်၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားသော်လည်း သူမသည် အလွန် နာကျင်နေသဖြင့် အသံပင် မထွက်နိုင်တော့ပေ။
"လှေကို မီးရှို့တယ်... နင့်အစ်မကို ရေနစ်သေအောင် လုပ်တယ်... မယားကြီးကို အဆိပ်ခတ်ဖို့ နင့်ရဲ့ ကိုယ်လုပ်တော်အမေနဲ့ ပူးပေါင်းကြံစည်တယ်... ကျန်းနျန်ကျစ်... ငါပြောတာ မှန်တယ်မလား..."
ကျန်းနျန်ကျစ်က ကြောက်ရွံ့စွာဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေလေသည်။
"အဓိပ္ပာယ်မရှိတာ... လျှောက်ပြောနေတာပဲ..."
သူမသည် စကားလုံးအနည်းငယ်ကို အတင်းအကျပ် ပြောလိုက်ပြီး သူမ၏ မျက်လုံးများက ယွင်ဟွားအား သေမတတ် ဖြူရော်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။
သူမ နောင်တရသွားပြီဖြစ်သည်။
ဘာဖြစ်လို့ သူမ၏ သူငယ်ချင်းများ၏ အကြံဉာဏ်ကို နားမထောင်ဘဲ ဤအနိုင်ကျင့်တတ်သူကို သွားရောက်ရန်စခဲ့ရသနည်း။
ယွင်ဟွားက လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီးနောက် ကျန်းနျန်ရှူက ကျန်းနျန်ကျစ်၏ ကော်လာကို ဆွဲကိုင်ကာ ပြောလိုက်လေသည်။
"ကျေးဇူးကန်းတဲ့ကောင်မ... ငါ့အမေက နင့်အပေါ် မကောင်းခဲ့လို့လား... နင်က သူမကို အဆိပ်ခတ်ရဲတယ်ပေါ့..."
"ငါ နင့်ကို အမြဲတမ်း မနှစ်မြို့ခဲ့တာ အံ့သြစရာမရှိပါဘူး... နင်က ကိုယ်လုပ်တော်ရဲ့ သမီးဖြစ်နေတာကိုး..."
ကျန်းနျန်ရှူ၏ မျက်လုံးများမှာ သွေးများပြည့်နှက်နေပြီး သူမ၏ ဒေါသကို ဖြေဖျောက်သည့်အလား မျက်နှာကို အကြိမ်ကြိမ် ရိုက်ချလိုက်လေသည်။
"အင်း... တော်တော့... ဆက်မရိုက်နဲ့တော့... နင် ဆက်ရိုက်နေရင် သူမ သေသွားလိမ့်မယ်..."
ယွင်ဟွားက နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။
“ဘုရားရေ... သူမက တစ်ချက်တည်းနဲ့ သွားတွေအကုန်လုံး ကျွတ်ထွက်သွားအောင် ရိုက်ချလိုက်တာပဲ..”
ငရဲလကျောက်က သက်ပြင်းချလိုက်လေသည်။
သူတို့သည် အမှန်တရားကို သိထားပြီးဖြစ်ကာ သူတို့၏ ဒေါသကို မျိုသိပ်ထားရင်း ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
မဟုတ်သေးပေ။…
သူက အမြန်ဆုံး ကျင့်ကြံသင့်ပေသည်။
၎င်းသည် ခွန်အားအချို့ ပြန်လည်ရရှိလာသည်နှင့် ဤနားထောင်နိုင်သော စွမ်းအားကို ချိတ်ပိတ်ရန် ကြိုးစားမည်ဖြစ်သည်။ သို့မဟုတ်ပါက အမှန်တရား ပေါ်ထွက်လာသောအခါ ၎င်းသည် အမှန်တကယ် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
ငရဲလကျောက်သည် သေခြင်းရှင်ခြင်းစာအုပ်၏ နေရာလွတ်ထဲသို့ ချက်ချင်း ပြန်သွားကာ တရားထိုင်ရန် စတင်လိုက်တော့သည်။
သေခြင်းရှင်ခြင်းစာအုပ်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ထိုအကြောင်းကို များများစားစား မတွေးတောခဲ့ပေ။
အပျော်စီးသင်္ဘော ကမ်းကပ်သွားလေသည်။
ချန်ကျဲဟန်သည် သူ၏ စစ်သားများ၊ ကျန်းမင်ကျန်း၊ ကိုယ်လုပ်တော်ချင်း၊ ယခင် သားဖွားဆရာမနှင့် လာဘ်ထိုးခံထားရသော အထိန်းတော်တို့နှင့်အတူ ကမ်းခြေတွင် စောင့်ဆိုင်းနေကြသည်။
ယွင်ဟွားက ကျန်းနျန်ကျစ်၏ ဆံပင်ကို ဆွဲကိုင်ကာ လှေပေါ်မှ အတင်းအကျပ် ဆွဲချလာခဲ့သည်။
"အဖေ... ကျေးဇူးပြုပြီး သမီးကို ကယ်ပါဦး..."
လူတိုင်းက သူမ၏ သနားစရာကောင်းသော အခြေအနေကို မြင်တွေ့သွားစဉ် ကျန်းနျန်ကျစ်က အော်ဟစ်လိုက်၏။
မျက်ခွံများမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေလေသည်။
ကျန်းမင်ကျန်းသည် ယခင်က သူမကို အလွန် အလိုလိုက်ခဲ့သလောက် ယခု ဤသမီးကို မုန်းတီးနေလေပြီ။ သူက ရှေ့သို့ တက်လာပြီး သူမကို ကန်ကြောက်ကာ ပြောလိုက်၏။
"မိုက်မဲတဲ့ကောင်မ... နင့်ရဲ့အမေကို အဆိပ်ခတ်ပြီး လှေကို မီးရှို့ဖို့ ဘယ်သူက နင့်ကို ရဲတင်းခွင့်ပေးထားတာလဲ..."
ကျန်းမင်ကျန်းမှာ အလွန် ဒေါသထွက်နေလေသည်။ အကယ်၍ သူမ ဘာမှမသိခဲ့လျှင် သူမသည် ကျန်းမိသားစု၏ သမီးတစ်ယောက်ဖြစ်နေဆဲ ဖြစ်သော်လည်း သူမသည် အမှန်တရားကို သိရှိနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
ယွင်ဟွား…
"ရှူအာ... သမီး တကယ် အဆင်ပြေရဲ့လား..."
ကျန်းမင်ကျန်းက တုန်ယင်နေသော လက်များဖြင့် ကျန်းနျန်ရှူကို ကြည့်လိုက်သည်။
ကျန်းနျန်ရှူက ခေါင်းခါပြလိုက်၏။
"အဖေ... အဆင်ပြေပါတယ်... အားလုံးက မင်းသမီးရဲ့ ကံကောင်းမှုကြောင့်ပါ... မီးက ရုတ်တရက် ငြိမ်းကျသွားပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး..."
ကျန်းမင်ကျန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ယွင်ဟွားအား လက်အုပ်ချီကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"မင်းသမီးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်..."
"ရပါတယ်... ရပါတယ်..."
ယွင်ဟွားက လက်ယမ်းပြလိုက်ပြီးနောက် သူမ၏ လက်ညှိုးနှင့် လက်မကို ပွတ်သပ်လိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး အမတ်ကျန်းရယ်... ဒီလောက်ထိ တရားဝင်ဖြစ်နေဖို့ မလိုပါဘူး... အမှတ်တရ လက်ဆောင်လေးတစ်ခုဆိုရင် လုံလောက်ပါတယ်..."
ကျန်းမင်ကျန်း…
“ဒါ ထူးဆန်းတယ်နော် ရှောင်ရှူးရှူး... ငါတို့ ကျန်းမိသားစုရဲ့ အရှုပ်တော်ပုံကို ဖော်ထုတ်လို့ ပြီးရုံပဲ ရှိသေးတယ်... သူက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဖမ်းမိသွားရတာလဲ..”
ယွင်ဟွားက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်ရာ လူတိုင်း၏ မျက်နှာအမူအရာများမှာ ချက်ချင်း အေးခဲသွားတော့၏။
“ဟေ့ ပန်းကလေး... ခဏစောင့်... ငါ သွားစစ်ကြည့်လိုက်ဦးမယ်…”
နန်ကုန်းယွမ်က ချက်ချင်းပင် ရှေ့သို့ တက်လာခဲ့သည်။
"ရှောင်ဟွားဟွား... လှေပေါ်က မီးလောင်မှုက သိပ်ရုတ်တရက်ဆန်လွန်းတယ်... အိမ်ရှေ့စံမင်းသားက သံသယဖြစ်လို့ စုံစမ်းဖို့ လူလွှတ်လိုက်တာ... မထင်မှတ်ဘဲ သူတို့က ရေထဲမှာ အနက်ရောင်ဝတ်စုံနဲ့ လူနှစ်ယောက်ကို ဖမ်းမိခဲ့တယ်... သဲလွန်စတွေအရ နောက်ကွယ်က ကြိုးကိုင်နေတာ ကျန်းမိသားစုရဲ့ ကိုယ်လုပ်တော်တစ်ယောက်ဆိုတာ ပေါ်ပေါက်သွားတာပဲ..."
သေခြင်းရှင်ခြင်းစာအုပ်၏ မူလပုံစံကို ဆင့်ခေါ်မည့် လက်မှာ တုံ့ဆိုင်းသွားပြီး ၎င်းနှင့် ယွင်ဟွားတို့နှစ်ဦးစလုံးက အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ကြလေသည်။
အိမ်ရှေ့စံမင်းသား၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး စိတ်ထဲမှနေ၍ ကျိန်ဆဲချင်စိတ် ပေါက်သွားတော့၏။
*မင်းက ရှောင်ရှင်းဟွာကို အမတ်ကျန်းဆီ လွှတ်ပြီး ဒီအကြောင်းတွေ အားလုံးကို ပြောပြခိုင်းခဲ့တာလေ... အခုကျတော့ ငါ့အပေါ် အပြစ်ပုံချနေတယ်ပေါ့…*
အိမ်ရှေ့စံမင်းသားက အတင်းအကျပ် ပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်... အမတ်ကျန်းက အဲ့လောက်ဉာဏ်ကောင်းလိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး... ကိုယ်တော့်ရဲ့ လက်အောက်ခံက သူ့ကို အရိပ်အမြွက်လေး ပေးလိုက်တာနဲ့ သူက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့တာပဲ..."
ကျန်းမင်ကျန်း...
"အိမ်ရှေ့စံမင်းသားရဲ့ အချိန်မီ သတိပေးမှုကြောင့် ကျွန်တော်မျိုးက အိမ်ကို အပြေးအလွှားပြန်ပြီး ကိုယ်လုပ်တော်ချင်းကို ရင်ဆိုင်ခဲ့ပါတယ်... ဒါပေမယ့် သူမက သခင်မကို အဆိပ်ခတ်နေတာကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကျွန်တော်မျိုးက ချက်ချင်းပဲ သူမကို စစ်ကြောမေးမြန်းပြီး အရာအားလုံးကို ဖွင့်ပြောခိုင်းခဲ့တာပါ..."
ပါးစပ်ကို ပိတ်ထားသော ကိုယ်လုပ်တော်ချင်း…
ကျန်းမင်ကျန်းက ဆက်ပြောလေသည်။
"ဒါပေမယ့် ယုံအန်းမင်းသမီးကိုလည်း ကျေးဇူးတင်ရဦးမယ်... မင်းသမီးကြောင့်သာ မီးက ငြိမ်းကျသွားပြီး အိမ်ရှေ့စံမင်းသားအနေနဲ့ သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့တာပါ..."
ယွင်ဟွားက ရုတ်တရက် သဘောပေါက်သွား၏။
“ဒါကြောင့်ကိုး... တိုက်ဆိုင်လိုက်တာ..”
“ပန်းကလေး... ဒီကိစ္စက သိပ်တိုက်ဆိုင်လွန်းတယ်လို့ နင် မထင်ဘူးလား…”
သေခြင်းရှင်ခြင်းစာအုပ်က နှုတ်ခမ်းဆူလိုက်ပြီး မူလပုံစံသို့ ပြောင်းလဲရန်ပင် မတွေးတော့ပေ။
“အိုး... ဟွားဟွားက ကုသိုလ်တွေ စုဆောင်းထားတာလေ... သူမက သေချာပေါက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ…”
တရားသူကြီးစုတ်တံက ပြန်ဖြေလိုက်သည်။ ဟွားဟွားလေး ရှိနေသရွေ့ အကျိုးသင့်အကြောင်းသင့်မဖြစ်သော အရာအားလုံးက အကျိုးသင့်အကြောင်းသင့် ဖြစ်လာတော့၏။
လူတိုင်းက သက်ပြင်းချလိုက်မိကြသည်။
နေရာလွတ်ထဲရှိ ငရဲလကျောက်ခမျာ မျက်ရည်ကြည်နှစ်ပေါက်ကို တိတ်ဆိတ်စွာ ကျဆင်းလိုက်မိလေသည်။
သူက ပို၍ပင် ကြိုးစားပမ်းစား ကျင့်ကြံရန် လိုအပ်ပေသည်။
အခန်း (၂၆၀) ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ၊ သူက ငါ့ရဲ့ ဒုတိယအစ်မရဲ့ ဖူးစာဖက်ပါလား
ကျန်းနျန်ကျစ်သည် အကူအညီတောင်းရန် ကြိုးစားသော်လည်း စစ်သားများ၏ ရက်စက်စွာ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။
"စကားမစပ်... အမတ်ကျန်း.. ရှင့်ရဲ့ သားအရင်းက ကျန်းပင်းကျစ်လို့ အမည်ရတယ်... သူက အင်ပါယာစာမေးပွဲ ဖြေဆိုဖို့ သွားနေတဲ့ ပညာရှိတစ်ယောက်ပါ... အဲ့မိသားစုက သူ့ကို ကယ်တင်ရုံတင်မကဘဲ ကိုယ့်သားအရင်းလိုပါ ပြုစုစောင့်ရှောက်ပေးခဲ့ကြတယ်... အဲဒီမိသားစုကို ရှင်တို့ ကောင်းကောင်း ဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်..."
မထွက်ခွာမီ ယွင်ဟွားက သူမအား ကြင်နာစွာဖြင့် အကြံပြုချက်တစ်ခု ပေးလိုက်သည်။
ကျန်းမင်ကျန်းက ရိုသေစွာဖြင့် လက်အုပ်ချီလိုက်သည်။
“မင်းသမီး... စိတ်ချပါ... ကျွန်တော်မျိုး ဘာလုပ်ရမယ်ဆိုတာ သိပါတယ်..."
အင်ပါယာစာမေးပွဲ ပြီးဆုံးသည်အထိ သူသည် တိတ်ဆိတ်စွာ စောင့်ကြည့်နေမည်ဖြစ်သည်။ ထို့နောက် ဆယ်နှစ်ကျော် ပျောက်ဆုံးနေခဲ့သော သူ့သားကို ရှာဖွေပြီး ထိုကျန်းမိသားစုကို ကျေးဇူးဆပ်မည်ဖြစ်သည်။
ယွင်ဟွားက ခေါင်းညိတ်လိုက်သည်။ သူမသည် မီးပုံးပွဲတော်ကို ဆက်လက် လေ့လာချင်သော်လည်း နောက်ဆုံးတွင် အိပ်ငိုက်နေသော ကလေးငယ်နှစ်ဦးကို ၎င်းတို့၏ မိဘများထံ ပြန်လည် အပ်နှံလိုက်ရသည်။
အိမ်ရှေ့စံကြင်ယာတော်က ယွင်ဟွားနှင့်အတူ ရှိနေချင်သော်လည်း ကိုယ်ဝန်ရှိနေသည့်အတွက် လူအုပ်ထဲတွင် တိုးဝှေ့ခံရပြီး နောက်ဆုံးတွင် အိမ်ရှေ့စံမင်းသားက အတင်းအကျပ် ခေါ်ဆောင်သွားခြင်း ခံလိုက်ရ၏။
ယွင်ဟွားမှာ အလွန်ဒေါသထွက်သွားပြီး ထိုနေရာတွင်ပင် ခြေဆောင့်နင်းလိုက်သည်။
"ဒေါသထွက်မနေပါနဲ့ ရှောင်ဟွားဟွား... ကိုယ် အားလုံး မှတ်ထားပါတယ်... ကလေး မွေးဖွားပြီးတာနဲ့ သူနဲ့ တွက်ချက်ရမယ့် အကြွေးတွေကို တစ်ခါတည်း ရှင်းပစ်မယ်"
နန်ကုန်းယွမ်မှာ ဝမ်းသာအားရ ဖြစ်နေသည်။ နောက်ဆုံးတော့ သူ၏ ဇနီးငယ်လေးကို လုယူမည့်သူ မရှိတော့ပေ။
တတိယမင်းသားက ထွက်ခွာသွားသော အစ်ကိုကြီး၏ ကျောပြင်ကို ကြည့်ကာ သူ့အတွက် တိတ်တဆိတ် ဖယောင်းတိုင် ထွန်းပေးလိုက်သည်။
"ခေါင်းကွဲမယ့်အရေးနဲ့ ရက်စက်တဲ့ ကျိန်စာဆိုရင်ပဲ သူ့ကို ဒုက္ခရောက်ဖို့ လုံလောက်နေပြီ... အကယ်၍သာ ငါဆိုရင်တော့ ဒီလိုအလှပဂေးလေးကို လက်နှစ်ဖက်နဲ့တင် ဆက်သမိမှာပါ..."
"ဟုတ်တယ် ဝေဝေ... ဗျောက်အိုးလေး..."
"ဟေ့... လူတွေ အကုန် ဘယ်ရောက်ကုန်တာလဲ..."
"ဝေဝေ... မင်းက ငါ့ကို စွန့်ပစ်သွားရက်တယ်ပေါ့ ရှောင်ကန့်ကန့်လေးရယ်..."
တတိယမင်းသားက အလောတကြီးဖြင့် လိုက်သွားကာ သူ့ဇနီးနှင့်အတူ တစ်ယောက်တည်း ရှိနေချင်နေ၏။
နန်ကုန်းယွမ်ရော တတိယမင်းသားပါ သူတို့ လိုချင်သည့်အတိုင်း မရခဲ့ကြပေ။
အိမ်ရှေ့စံကြင်ယာတော် ထွက်ခွာသွားပြီးနောက် နောက်ထပ် မောင်နှမအရင်းအချာ ဖြစ်လာမည့်သူ ကျန်းစီကျင်း ရောက်ရှိလာသည်။
ယွင်ဟွားနှင့် အခြားသူနှစ်ဦးက ရှေ့တွင် လက်ချင်းချိတ်ကာ လျှောက်နေကြပြီး နန်ကုန်းယွမ်နှင့် တတိယမင်းသားကမူ နောက်မှနေ၍ ယွင်ချင်းမော့ကို အေးစက်စက် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
"မြို့တော်မှာ လမ်းတွေ အများကြီးရှိတာကို ယောက်ဖယွင်ကတော့ ရွေးတတ်လှချည်လား"
နန်ကုန်းယွမ်က မနှေးမမြန် ပြောလိုက်သော်လည်း သူ၏ လေသံတွင် မကျေနပ်မှုများ ပါနေသည်ကို မည်သူမဆို ကြားနိုင်၏။
" ညီတော်ပြောတာ မှန်တယ်"
တတိယမင်းသားက သူတို့ကို အတင်းအကျပ် ပုစ္ဆာဖြေခိုင်းခဲ့သည့် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မေ့မသွားသေးပေ။ သူသည် ပုစ္ဆာဆယ်ခုတွင်တစ်ခုသာ မှန်အောင် ဖြေနိုင်ခဲ့သည်။
သိပ်ကို အရှက်ရစရာ ကောင်းလိုက်တာ။
ယွင်ချင်းမော့က သူတို့၏ အေးစက်သောအကြည့်ကို လျစ်လျူရှုကာ ကျောက်စိမ်းကဲ့သို့ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
"ဆက်ခံသူမင်းသား... တတိယမင်းသား... ဒီနေရာက အချက်အချာကျပြီး အစည်ကားဆုံး လမ်းမကြီးဖြစ်တယ်ဆိုတာ မေ့နေကြပြီလား...ကျွန်တော်တို့က ဒီနေရာမှာ မလျှောက်ရင် ဘယ်သွားရမှာလဲ..."
သူက သူတို့ကိုပင် ပြန်မအပြစ်တင်ရသေးပေ။ သူတို့အားလုံးက အပျော်စီးသင်္ဘောပေါ် တက်သွားကြပြီး ယခု ကမ်းပေါ်ရောက်နေကြပြီ ဖြစ်သည်။ သူသည် သူ့ဇနီးကိုပင် အနီးကပ် မစောင့်ရှောက်နိုင်တော့ဘဲ သူ၏ စေ့စပ်ထားသူကိုပါ လုယူခံလိုက်ရသေးသည်။
"အင်း..."
"အဲဒါ ငါ့ရဲ့စတုတ္ထမြောက် မောင်လေး မဟုတ်လား..."
ယွင်ဟွားက နောက်မှနေ၍ ရင်းနှီးသော ပုံရိပ်တစ်ခုကို လက်ညှိုးထိုးကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ သူ၏ သံသယဖြစ်ဖွယ် အပြုအမူကို မြင်လိုက်ရသဖြင့် သူမ၏ စကတ်ကို မကာ သူ၏ နောက်သို့ လိုက်သွားလေသည်။
ကံမကောင်းစွာဖြင့် လမ်းမပေါ်တွင် လူများက အလွန်တိုးဝှက်နေသဖြင့် ယွင်ဟွားသည် မနည်းလိုက်နိုင်တော့ပေ။
“ပန်းကလေး... ကိစ္စမရှိပါဘူး... ငါ အရင်သွားလိုက်မယ် “
အကြောင်းအရာ စိတ်ဝင်စားစရာကောင်းသော အတင်းအဖျင်းများရှိနေသဖြင့် သေခြင်းရှင်ခြင်းစာအုပ်က အမြန်ဆုံး ပြေးနိုင်လေသည်။ သူသည် ငရဲပြည်၏ အတင်းအဖျင်းဘုရင် ဖြစ်သည်နှင့်အညီ နောက်ဆုံးပေါ် သတင်းများကို ရယူရန် လိုအပ်၏။
“ဟွားဟွား... ပေပေ့က ရှူးရှူးကို စောင့်ကြည့်ပေးရမယ်... မဟုတ်ရင် သူ ထွက်ပြေးသွားလိမ့်မယ်... အာ... ငါ အရမ်းစိတ်ပူတာပဲ…”
တရားသူကြီးစုတ်တံက ဤစကားကို လေးနက်စွာ ပြောလိုက်ပြီး သူ၏ တောင်ပံလေးများမှာ ခတ်လိုက်သည့်အခါ နောက်တွင် အရိပ်များပင် ကျန်ရစ်ခဲ့သည်။
“နင်တို့နှစ်ယောက်စလုံးက ငါ့ကို နောက်ထပ် တစ်ခါ စွန့်ပစ်သွားပြန်ပြီပေါ့”
ယွင်ဟွားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လူအုပ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
"ရှောင်ဟွားဟွား..."
နန်ကုန်းယွမ်မှာ ထိတ်လန့်သွားပြီး ရှေ့ရှိ မိန်းကလေးငယ်ကို လျင်မြန်စွာ ကာကွယ်လိုက်ကာ လူများကို တားဆီးရန် သူ၏ ခန္ဓာကိုယ်ကို အသုံးပြုလိုက်သည်။
ယွင်ဝေနှင့် တတိယမင်းသားတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အနီးကပ် လိုက်ပါလာကြသည်။
"ဝေဝေ... ငရုတ်သီးလေး..."
“ပန်းကလေး... အမြန်... အမြန် လိုက်သွားလိုက်... နင့်ရဲ့ စတုတ္ထမြောက် မောင်လေးက နင့်ရဲ့ ဒုတိယအစ်မကို နောက်ကနေ လိုက်နေတာ... နင့်ဒုတိယအစ်မ အလိမ်ခံရတော့မယ်”
သေခြင်းရှင်ခြင်းစာအုပ်က ရှေ့တွင်ရှိသော ယွင်ယာကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
“ဘာ”
ယွင်ဟွားမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ဒေါသများ တောက်ပလာသည်။
“နင်... စတုတ္ထမြောက် မောင်လေးရယ်... နင်က ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ဒုတိယအစ်မကို လိမ်ညာရဲရတာလဲ... ငါ နင့်ကို ရိုက်ခွဲပစ်မယ်”
သူမ၏ မိသားစုက သူမ၏ အားနည်းချက် ဖြစ်သည်။ သူ၏ မောင်လေးပင် ဖြစ်စေကာမူ ဘေးဖယ်ထားရမည်ဖြစ်သည်။
ထိုသို့ပြောရင်း ရွှေအုတ်ခဲငယ်လေးမှာ သူ၏ လက်ထဲတွင် ပေါ်လာသည်။
“မဟုတ်ဘူး... မဟုတ်ဘူး... နင့်ရဲ့ စတုတ္ထမြောက် မောင်လေးက နင့်ဒုတိယအစ်မကို ကာကွယ်ပေးဖို့ ရည်ရွယ်တာပါ..”
“မီးပုံးပွဲတော်မှာ လူတွေ အရမ်းများနေပြီး ကလေးပြန်ပေးဆွဲသူတွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ ရုတ်တရက် ပေါ်လာတာလေ... နင့်ဒုတိယအစ်မက စိတ်သဘောထား ကောင်းတော့ မိဘတွေကို ရှာပေးဖို့ ဒါမှမဟုတ် အိမ်ကို ခေါ်သွားပေးဖို့ တောင်းဆိုတဲ့ ပျောက်ဆုံးနေတဲ့ ကလေးတစ်ယောက်နဲ့ တွေ့လိုက်ရတာ…”
“တကယ်တော့ လူသန်ကြီး အတော်များများက လမ်းကြားထဲမှာ စောင့်နေကြတာ”
သေခြင်းရှင်ခြင်းစာအုပ်၏ အသံမှာ အလွန်ကျယ်လောင်သဖြင့် လူအတော်များများပင် ကြားလိုက်ရသည်။
ယခုမူ...
ယွင်ဟွား၏ ကိုယ်ခန္ဓာမှ အအေးဓာတ်များ စီးဆင်းလာပြီး ထိုအေးစက်မှုမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
လူများမှာ တုန်လှုပ်သွားပြီး သူမအတွက် အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။
"အမြန်... အာဏာပိုင်တွေကို သွားတိုင်ကြားလိုက်..ကလေးပြန်ပေးဆွဲသူတွေ ရှိနေတယ်... ကလေးရှိတဲ့သူတွေကို ဂရုစိုက်ဖို့ ပြောပေးကြ”
ကြည့်ရှုသူများအနက် အချို့မှာ အစိုးရရုံးတော်ဆီသို့ ပြေးသွားကြသည်။
"ဟေ့... ဒီပြန်ပေးဆွဲသူတွေက မိုက်မဲနေတယ်လို့ မထင်ဘူးလား... ယွင်မိသားစုက အစေခံတွေကိုတောင်မှ ဘယ်သူမှ မထိရဲဘူးဆိုတာ မြို့တော်တစ်ခုလုံး သိနေတာကို... ခေါင်းကွဲသွားမှာ ကြောက်လို့လေ..."
"ငါ့အမြင်ဆိုရင်တော့ သူတို့က နယ်ကနေလာတာဖြစ်ရမယ်... မဟုတ်ရင် ကျားကို သွားမစမ်းရဲကြဘူး..."
"ဟေ့... ဒီဖရဲသီးအကြောင်း ဘယ်လိုထင်ကြလဲ... ငါတို့ သွားကြည့်ကြမလား..."
လူတိုင်း...
သူတို့ အလွန်ကို ဗျာများနေကြပြီ။
“ပန်းကလေး... စိတ်မပူပါနဲ့... ငါ နင့်ဒုတိယအစ်မရဲ့ ကံကြမ္မာကို ကြည့်လိုက်တယ်... သူမ..”
သေခြင်းရှင်ခြင်းစာအုပ်မှ ပြောတော့မည့် စကားများမှာ လည်ချောင်းထဲတွင် ရပ်တန့်သွားပြီး သူ၏ လုံးဝန်းသော မျက်လုံးများ ပြူးကျယ်သွားသည်။
ဤသည်မှာ ပန်းကလေး၏ ကံကြမ္မာသည် သိသိသာသာ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။
“ရှောင်ရှူးရှူး... ဘာလို့ ဘာမှ မပြောတော့တာလဲ..”
ယွင်ဟွားမှာ သက်ပြင်းချလိုက်ပြီး စတုတ္ထမြောက် မောင်လေးမှာ သူမနှင့်အတူ ရှိနေသည်ဟု ထင်မှတ်လိုက်သည်။
“ပန်းကလေး... နင်မှတ်မိလား... နင့်ဒုတိယအစ်မရဲ့ အိမ်ထောင်ရေးက သူရဲကောင်းဆန်ဆန် ကယ်တင်မှုကြောင့် တစ်ချက်ကြည့်ရုံနဲ့ ချစ်ကြိုက်သွားတာဆိုပြီး ငါ တိုက်ဆိုင်သလို ပြောခဲ့တာလေ…”
ယွင်ဟွား လမ်းလျှောက်တာ ရပ်လိုက်သည်။ သူမ၏ ခေါင်းထဲသို့ ရဲတင်းသော အကြံတစ်ခု ပေါ်လာသဖြင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
နန်ကုန်းယွမ်နှင့် တတိယမင်းသားတို့က ရုတ်တရက် အချင်းချင်း ကြည့်လိုက်ကြပြီး ဤကိစ္စသည် ရိုးရှင်းမည် မဟုတ်ကြောင်း သိလိုက်ကြသည်။
ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။
“ရှောင်ရှူးရှူး... စတုတ္ထမြောက် မောင်လေးက အနာဂတ် ဒုတိယအစ်မယောက်ျား ဖြစ်နိုင်မလား…”
ယွင်ဟွားက သတိကြီးစွာဖြင့် မေးလိုက်သည်။
ကောင်းကင်ဘုံ….
သူမသည် မောင်လေး သုံးယောက်လုံးကို လက်ခံခဲ့သည်။ တစ်ယောက်မှာ သူမ၏ အချစ်ဆုံးခင်ပွန်း ဖြစ်လာခဲ့သည်။
ကျန်နှစ်ယောက်စလုံးမှာ သူမ၏ ခဲအိုများ ဖြစ်သွားကြ၏။
“နင် အမှန်ပဲ ပန်းကလေး…နင် အံ့သြမနေဘူးလား”
သေခြင်းရှင်ခြင်းစာအုပ်က ကံကြမ္မာသည် အလွန်အံ့ဖွယ်ကောင်းသည်ဟု ထင်သည်။
ယွင်ဟွားက နှစ်ခါလောက် ရယ်မောလိုက်ပြီးနောက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
“ရှောင်ရှူးရှူး... ငါ့ခံစားချက်က ဒါဟာ နောက်လိုက်စုဆောင်းတာ မဟုတ်ဘဲ အဘိုးကြီးယွင်အတွက် သမက်ရှာပေးတာ ဖြစ်နေသလိုပဲ”
သေခြင်းရှင်ခြင်းစာအုပ်မှာ...
“ဟွားဟွား... ငါတို့ အမြန်သွားပြီး နင့်ဒုတိယအစ်မကို ကယ်ကြမလား”
တရားသူကြီးစုတ်တံက ဟွားဟွားမှာ မအလောတကြီး ဖြစ်နေသည်ကို မြင်ရသော်လည်း သူကမူ ရှေ့သို့ ပြေးသွားချင်နေသည်။
“မကယ်နဲ့... ဇာတ်လမ်းသွားကြည့်မယ်”
ယွင်ဟွားက သွားများကို တင်းကျပ်စွာ စေ့လိုက်ပြီး မကျေနပ်သော လေသံဖြင့် ပြောလိုက်၏။
“အဲ့ဒီသူရဲကောင်းက အလှမယ်ကို ကယ်တင်ခြင်းက ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ငါ ကြည့်ချင်တယ်”
သေခြင်းရှင်ခြင်းစာအုပ်၏ မျက်လုံးသေးသေးလေးများ လှည့်ပတ်သွားပြီးနောက် စနောက်သော အပြုံးဖြင့် ရှေ့သို့ တိုးလာသည်။
“ပန်းကလေး... သူရဲကောင်းတွေက အလှမယ်တွေကို မကယ်နိုင်ပါဘူး... နင့်ဒုတိယအစ်မရဲ့ ကံကြမ္မာက ပိုဖြောင့်စင်းပါတယ်... သူမ လိမ်ညာခံရတာ မဟုတ်ဘူး... သူမ တစ်ခုခု မှားနေမှန်း ကြိုသိနေပြီး အာဏာပိုင်တွေကို တိုင်ကြားဖို့ အစေခံကို လွှတ်ထားပြီးသား... ပြီးတော့ သူမမှာ နင်ပေးထားတဲ့ အကာအကွယ် အဆောင်လက်ဖွဲ့လည်း ရှိနေတော့ စုံစမ်းဖို့အတွက် ရဲရင့်မှုကို ပေးတယ်လေ…”
ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားသည်။
“ငါ့ရဲ့ ဒုတိယအစ်မ ဖြစ်ရကျိုးနပ်ပါတယ်... ငါနဲ့ တူတယ်… ဒါပေမယ့် သူမက အလှမယ်ကို မကယ်နိုင်ရင် အဲဒီ တစ်ချက်ကြည့်ရုံနဲ့ ချစ်ကြိုက်သွားတဲ့အရာက ဆက်ဖြစ်နိုင်ပါ့မလား..”
“သူ့ရဲ့ ကံကြမ္မာကို ပြင်ဆင်ပြီးသွားပြီ... နင့်ရဲ့ စတုတ္ထမြောက် မောင်လေးက နင့်ဒုတိယအစ်မရဲ့ ယောက်ျားဖြစ်ဖို့ သတ်မှတ်ထားပြီးသား”
သေခြင်းရှင်ခြင်းစာအုပ်က ပြန်ဖြေလိုက်သည်။
ယွင်ဟွားမှာ အားရပါးရ ပြုံးလိုက်၏။
“ဒါဆိုရင် ငါတို့ ဘာစောင့်နေတာလဲ... အတင်းအဖျင်းတွေကို အမီလိုက်သွားပြီး ကြည့်ကြရအောင်”