အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း (၂၃) နောက်ထပ် ကြားဖြတ်လုယူခံရခြင်း
မယ်တော်ကြီးသည် ကောင်းကင်ဘုံကို တိုင်တည်၍ သစ္စာဆိုချင်စိတ်များပင် ပေါက်သွားခဲ့လေသည်။
“ဘာပဲဖြစ်ဖြစ် အဆိုးဆုံးအခြေအနေဆိုရင်တောင် ပျော်ရွှင်တဲ့ မုဆိုးမလေးဘဝကို ပြန်သွားရုံပေါ့... “
ရှင်ခြင်းသေခြင်းစာအုပ်၏ စကားကို ကြားသောအခါ ယွင်ဟွားက လုံးဝ ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုအရာက သူမကို ထိခိုက်စေမည် မဟုတ်ပေ။
စဉ်းစားကြည့်လျှင် ရှင်ခြင်းသေခြင်းစာအုပ်၏ စကားများက အဓိပ္ပာယ်ရှိနေလေသည်။
“လောကကြီးမှာ ကိုးပွင့်ဆိုင်နှင်းကြာပန်းဆိုတာ ရှိတယ်လို့ ဒဏ္ဍာရီတွေထဲမှာ ဆိုကြတယ်... အဲ့ပန်းက ဖြူဖွေးပြီး ကြည်လင်နေတာပဲ... အဲဒါက ဝိညာဉ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး ရှင်ခြင်းနဲ့ သေခြင်းကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်တယ်... ယာမမင်းတောင်မှ အဲ့အရာကိုဆို ရှောင်ဖယ်ပေးရတယ်... “
လူတိုင်း၏ အသက်ရှူသံများ ရပ်တန့်သွားကြလေသည်။
“ဒါပေမယ့် ပန်းကလေး... ဒါက ဒဏ္ဍာရီတစ်ခုသက်သက်ပဲ... ဘယ်သူမှ အဲ့လို အံ့ဖွယ်ဆေးစွမ်းကောင်းမျိုးကို မမြင်ဖူးကြဘူး... ဒါကြောင့် အခွင့်အရေးကတော့ အရမ်းနည်းပါးလိမ့်မယ်…”
ယွင်ဟွားသည် ဖျော့တော့နေသော အမွေဆက်ခံသူနှင့် နှလုံးကွဲကြေမတတ် ဖြစ်နေသော မယ်တော်ကြီးတို့ကို ဝမ်းနည်းစွာ ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
“အင်း… ဘာပဲဖြစ်ဖြစ် မယ်တော်ကြီးကို မျှော်လင့်ချက် နည်းနည်းတော့ ပေးရမယ်... မဟုတ်ရင် သူမ ချီးမြှင့်ထားတဲ့ ဆုလာဘ်တွေကို ဘယ်လိုလုပ် ကျေးဇူးဆပ်ရမလဲ... ငါ့ကို ပြောစမ်းပါ... အဲ့ကိုးပွင့်ဆိုင်နှင်းကြာပန်းက တိတိကျကျ ဘယ်နေရာမှာ ပေါက်ရောက်တာလဲ... “
ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းကုတ်ကာ ပြောလိုက်သည်။
“ကိုးပွင့်ဆိုင်နှင်းကြာပန်းရဲ့ ထူးဆန်းတဲ့အချက်က မြောက်ဘက်အစွန်ဆုံးက မြင့်မားတဲ့ ရေခဲတောင်ကမ်းပါးတွေမှာ ပေါက်ဖွားတတ်ပေမယ့် ရင့်ကျက်သွားတဲ့အခါမှာတော့ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေနဲ့ ရှေးဟောင်းစစ်မြေပြင်တွေလိုမျိုး နာကြည်းမှုတွေ ပြည့်နှက်နေတဲ့ အလွန်မှောင်မိုက်တဲ့ နေရာတွေမှာ ပေါက်ရောက်တတ်တာပဲ... “
ယွင်ဟွားမှာ လန့်ဖျပ်သွားပြီး သူမ၏ နှလုံးခုန်သံပင် ရပ်တန့်သွားမတတ် ဖြစ်သွားလေသည်။
“ သူက ထွက်တောင် ပြေးနိုင်သေးတာလား… နင် သေချာရဲ့လား... အဲဒါက အံ့ဖွယ်ဆေးစွမ်းကောင်းလား... ဒါမှမဟုတ် ထူးဆန်းအံ့ဖွယ် သတ္တဝါများလား…”
“ ဒါကြောင့် ငါက ဒဏ္ဍာရီတစ်ခုလို့ ပြောတာပေါ့... ဒါပေမယ့် ကိုးပွင့်ဆိုင်နှင်းကြာပန်းမှာ ယင်နဲ့ ယန် သဘာဝတရား နှစ်မျိုးစလုံး ရှိနေတာတော့ အမှန်ပဲ... “
ထိုစကားကို ကြားသောအခါ ယွင်ဟွားသည် ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
“ ဒါဆိုရင် အဲ့အဓိပ္ပာယ်က... “
မျှော်လင့်ချက် လုံးဝမရှိတော့ဘူးဆိုတဲ့ သဘောပင် ဖြစ်လေသည်။
“ပန်းကလေး... နင့် အဲ့အကြောင်းကို အားလုံးကို ပြောပြဦးမှာလား... “
“ပြောရမှာပေါ့... “
ယွင်ဟွားက မှန်ကန်သော ဒေါသဖြင့် ပြောလိုက်သည်။
“ငါ ထပ်ပြောမယ်... ဒီဧကရာဇ်အိုကြီးဆီကနေ အကျိုးအမြတ်တချို့ ရချင်သေးတယ်... “
သူမသည် ယုံကြည်ချက်အပြည့်ရှိသော အငွေ့အသက်များကို ထုတ်လွှင့်ကာ လက်ကို မြှောက်လိုက်လေသည်။
ဧကရာဇ်ဝမ်ရွှမ်း...။
ယွင်ဟွားသည် မိမိကိုယ်ကိုယ် သေသပ်အောင် ပြင်ဆင်လိုက်ပြီး ပထမဆုံးခြေလှမ်းကို လှမ်းရန် အဆင်သင့်ဖြစ်နေကာ သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်လေသည်။
အမတ်များအားလုံးက ချန်ကျဲဟန်ကို လှမ်းကြည့်လိုက်ကြလေသည်။
ချန်ကျဲဟန်…။ *ငါ့လက်ထဲက ဝိုင်ခွက်တောင် ပြုတ်ကျတော့မလို့ပဲ…*
*ဒီလူယုတ်မာတွေ... ဘာလို့ကိစ္စတွေကို ကြားဖြတ်ဖို့ သူ့ကိုချည်းပဲ အတိအကျ ပစ်မှတ်ထားနေကြတာလဲ... သူက တရားရေးဝန်ကြီးဌာနကို တာဝန်ယူထားရတာ... သမိုင်းမှတ်တမ်းတွေအပေါ်မှာ စီရင်ပိုင်ခွင့် မရှိဘူး…*
ခေါင်းလှည့်ကြည့်လိုက်ရာ အနည်းငယ် မူးယစ်နေသော နန်းတွင်းသမားတော် ဝူချီရှန်က သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ခွက်ချင်းတိုက်ရန် ပြင်နေပြီး အော်ခေါ်လိုက်လေသည်။
“အမတ်ချန်... သောက်ကြရအောင်... “
“သွားစမ်းပါ... အာရုံလာမနောက်နဲ့…”
ချန်ကျဲဟန်သည် အလွန်ဒေါသထွက်သွားသဖြင့် ဝူချီရှန်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်လေသည်။
ထိုလူယုတ်မာ ယွင်ရှောင်ထျန်း၏ နမူနာကို ယူကာ သူတို့က ဦးဆောင်လှုပ်ရှားလိုက်ကြလေသည်။
“အရှင်မင်းကြီး... သမားတော်ဝူက အလွန်ကျွမ်းကျင်တဲ့ သမားတော်တစ်ဦးဖြစ်ပြီး ဗဟုသုတကြွယ်ဝတဲ့သူပါ... သူက တောင်တန်းနှင့်သမုဒ္ဒရာကျမ်းလိုမျိုး ထူးဆန်းအံ့ဖွယ် စာအုပ်တွေအပါအဝင် စာပေတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုထားပါတယ်… အမွေဆက်ခံသူရဲ့ ရောဂါနဲ့ပတ်သက်ပြီး သူ့မှာ ထူးခြားတဲ့ အမြင်တစ်ခုရှိလိမ့်မယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်... “
သမားတော်ဝူသည် ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ရပ်လိုက်ရာ အရက်အရှိန်များ ပြယ်သွားပြီး သူ၏ စိတ်များပင် လွတ်ထွက်သွားမတတ် ဖြစ်သွားလေသည်။ သူက ချန်ကျဲဟန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။
တစ်ဖက်လူကမူ သူ၏ခွက်ကို မြှောက်ကာ အဝေးမှနေ၍ ခွက်ချင်းတိုက်သည့် ဟန်ပန် လုပ်ပြလိုက်လေသည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးက အသိပညာနဲ့ အရည်အချင်း ကန့်သတ်ချက်ရှိတဲ့သူပါ... အမတ်ချန် ပြောသလိုမျိုး မဟုတ်ရပါဘူး... “
သမားတော်ဝူက အထိတ်တလန့်ဖြင့် အခြေအနေကို ကယ်ဆယ်ရန် ကြိုးစားလိုက်သော်လည်း သူ စကားမဆုံးမီတွင် ဧကရာဇ်ဝမ်ရွှမ်းက ရုတ်တရက် ရယ်မောလိုက်လေသည်။
“အိုး... “
“ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သမားတော်ဝူ ငါကိုယ်တော့်ကို အမွေဆက်ခံသူရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အကြောင်း ပြောပြခဲ့တာကို ငါကိုယ်တော် မှတ်မိနေတယ်... ပြီးတော့ အဲ့အဆိပ်ကို ကုသနိုင်တဲ့ အံ့ဖွယ်ဆေးတစ်ခွက် ရှိတယ်ဆိုလားပဲ... “
သမားတော်ဝူသည် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
“ရှိ... ရှိလို့လား... “
“ရှိပါတယ်... “
အထိန်းတော်ချောင်က ချက်ချင်း ဦးညွှတ်လိုက်လေသည်။
“သမားတော်ဝူက အရမ်းအလုပ်များနေလို့ ခဏတာ မေ့သွားတာ ဖြစ်နိုင်ပါတယ်... “
အထိန်းတော်ချောင်က နောက်ဆုံးစကားလုံးများကို အလေးပေး၍ ပြောလိုက်လေသည်။
သမားတော်ဝူ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားလေသည်။
ဝဋ်လည်သည်ဆိုသည်မှာ ဤအရာပင်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် သူ၏ အလှည့် ရောက်လာခဲ့လေပြီ။
ဆန့်ထုတ်ထားသော ယွင်ဟွား၏ ခြေထောက်မှာ လေထဲတွင် တွဲလောင်းဖြစ်နေဆဲပင်။
သူမ၏ မျက်နှာအမူအရာမှာ အလွန် ထူးဆန်းနေလေသည်။
ဤမြင်ကွင်းက ဘာကြောင့် ဤလောက် ရင်းနှီးနေရသနည်း။
ယွင်ဟွားသည် သူမ၏ ဂုဏ်သိက္ခာကို ချက်ချင်း လျစ်လျူရှုကာ ရှေ့သို့ ခြေလှမ်းလိုက်လေသည်။ သမားတော်ဝူ စကားမပြောနိုင်မီ ထိုဒဏ္ဍာရီကို အော်ဟစ်ပြောဆိုရန် သူမ ဆုံးဖြတ်ထားလေသည်။
“ဧကရာဇ်မင်းမြတ်... “
ဧကရာဇ်ဝမ်ရွှမ်းသည် သူမ၏ အသံကို ကြားရုံဖြင့် ခေါင်းကိုက်သွားပြီး ကြက်သေသေနေဆဲဖြစ်သော နန်းတွင်းသမားတော်ဝူကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်လေသည်။
“သမားတော်ဝူ... ပြီးခဲ့တဲ့အကြိမ်က မင်းပြောခဲ့တဲ့ ကိုးပွင့်ဆိုင်နှင်းကြာပန်းဆိုတာ တိတိကျကျ ဘာကိုဆိုလိုတာလဲ... “
ယွင်ဟွား၏ အော်ဟစ်သံမှာ ပြတ်တောက်သွားပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
“စာအုပ်လေး... ကြည့်စမ်း... ပုံစံခွက်က အတူတူပဲ... ဇာတ်လမ်းကလည်း အတူတူပဲ…”
ရှင်ခြင်းသေခြင်းစာအုပ်က တိတ်ဆိတ်နေလေသည်။
လူတိုင်း...။ * ဟုတ်တယ်... ငါတို့ နောက်မှ အဲ့အကြောင်းကို အတင်းအဖျင်း ထပ်ပြောရဦးမယ်…*
ခေါင်းပြူထွက်လာသည်ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ အထိုးခံရမည်သာ ဖြစ်လေသည်။
သမားတော်ဝူသည် အမတ်ချန်၏ ရင်ကွဲနာကျမှုကို နောက်ဆုံးတွင် နားလည်သွားလေသည်။
“အရှင်မင်းကြီး... အဲ့ကိုးပွင့်ဆိုင်နှင်းကြာပန်းအကြောင်းကို ရိုးရာပုံပြင်တွေထဲကနေ ကျွန်တော်မျိုး သိခဲ့ရတာပါ... “
မျက်ရည်များ ဝဲတက်လာမှုနှင့်အတူ သမားတော်ဝူသည် သူ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး အမတ်ငယ်ယွင်ထံမှ ကြားဖြတ်နားထောင်ခဲ့ရသော ဒဏ္ဍာရီကို စာကြောင်းအနည်းငယ်ဖြင့် ပြန်လည်ပြောပြလိုက်လေသည်။
ထင်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်တွင်...
ယွင်ဟွား၏ ကျိန်ဆဲသံများက တော်ဝင်ဥယျာဉ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။
“တောက်... ခွေးကောင်... သေနာကောင်..သူတောင်းစား ခွေးဝဲစားအိုကြီး …ချီးတွင်းထဲကလောက်..နင့်မေဂျီးတော်…မသာကြီး…. #¥%&*…… “
လူတိုင်း……။
ဤအသက်ဝင်လှသော မြင်ကွင်းထဲမှ ယွင်ဟွားကို မြင်သောအခါ နန်ကုန်းယွမ်၏ မျက်ဝန်းများထဲတွင် သတိပြုမိရုံမျှသာရှိသော အပြုံးတစ်ခုက လင်းလက်သွားလေသည်။
မင်းသားစုသည် ကြမ်းတမ်းပြီး ယဉ်ကျေးမှုမရှိသော လူတစ်ဦးနှင့် တူသော်လည်း သူ၏ သားအပေါ်တွင် အလွန် ဂရုစိုက်လေသည်။ ယွမ်အယ်သည် ပုံမှန်အားဖြင့် လူတိုင်းအပေါ်တွင် အေးတိအေးစက် နိုင်သော်လည်း ယနေ့တွင် သူသည် ယွမ်အယ်၏ မျက်နှာပေါ်ရှိ ဤသိမ်မွေ့သော အမူအရာကို ဖမ်းဆီးရမိခဲ့လေသည်။
သူသည် အသံမထွက်စေဘဲ လက်ဖက်ရည်တစ်ငုံကို သောက်လိုက်လေသည်။ ယွင်ရှောင်ထျန်း၏ သမီးငယ်လေးတွင် သေချာပေါက် ကိုယ်ပိုင်ဟန်ပန်တစ်ခု ရှိနေလေသည်။
*အနာဂတ်ချွေးမလေးလား…*
*အဲ့ဒါက အကြံကောင်းတစ်ခုပဲ…*
ယွင်ဟွားက သူမ၏ ကျိန်ဆဲမှုများကို မပြီးဆုံးမီတွင် ထိတ်လန့်နေသော ယွင်ယာက သူမ၏ အာရုံပြောင်းစေရန် လက်မောင်းကို ဆွဲကိုင်လိုက်လေသည်။
“အား... ဒုတိယအစ်မ... ဘာလို့ ငါ့ကို ထပ်ဆွဲနေရတာလဲ... “
ယွင်ဟွားက ဝမ်းနည်းနေသော အမူအရာဖြင့် ယွင်ယာကို ညည်းညူလိုက်လေသည်။
ယွင်ယာသည် ဘာမှမတတ်နိုင်ဖြစ်နေလေသည်။
သူမ၏ ရိုင်းစိုင်းသော စကားများကြောင့် သူမ မဟုတ်လျှင် အခြားမည်သူ့ကို ပစ်မှတ်ထားရမည်နည်း။
ဆုလာဘ်ကို အလုခံရပြီး ဒုတိယအစ်မ၏ အနိုင်ကျင့်မှုကို ခံရသဖြင့် ယွင်ဟွားမှာ မတရားခံရသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် စိတ်မကြည်မလင်ဖြင့် သူမကို ‘ကျိန်စာတိုက်’ နေသကဲ့သို့ စားပွဲပေါ်တွင် စက်ဝိုင်းများ ရေးဆွဲနေလေသည်။
“လူယုတ်မာတွေ... လူယုတ်မာတစ်သိုက်... ရေသောက်ရင် သီးပါစေ၊ ထမင်းစားရင် နင်ပါစေ၊ လမ်းလျှောက်ရင် ခလုတ်တိုက် လဲကျပါစေ၊ ပြီးတော့ နင်တို့ရဲ့ မိန်းမတွေ ပစ္စည်းတွေသိမ်းပြီး လင်ငယ်နဲ့ ထွက်ပြေးကြပါစေလို့ ငါ ကျိန်စာတိုက်တယ်..”
လူတိုင်း….။
ဧကရာဇ်ဝမ်ရွှမ်းက သူမ၏ ညည်းတွားသံများကို လျစ်လျူရှုကာ ဧကရာဇ်အမိန့်တော်ကို တိုက်ရိုက်ထုတ်ပြန်လိုက်ပြီး သမားတော်ဝူ ပေးအပ်ထားသော တည်နေရာအတိုင်း အံ့ဖွယ်ဆေး ‘ကိုးပွင့်ဆိုင်နှင်းကြာပန်း’ ကို ရှာဖွေရန် လူများကို အမိန့်ပေးလိုက်ကာ တစ်ရာခိုင်နှုန်းသာ အခွင့်အရေးရှိလျှင်တောင် လက်လွတ်မခံရန် မိန့်ကြားလိုက်လေသည်။
ထိုမိန်းကလေး၏ လုပ်ဆောင်မှုအတွက်မူ သူမကို လျော်ကြေးပေးရန် ကောင်းမွန်သော ဆင်ခြေတစ်ခုကို သူ တကယ်ပင် စဉ်းစားရန် လိုအပ်နေလေသည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာကို အသက်ကယ်ဆယ်ခြင်းလုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
သမားတော်ဝူသည် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီး သူ ထိုင်လိုက်သည့်တိုင်အောင် အမတ်ငယ်ယွင်အား သူ၏ ဖရဲသီး (အတင်းအဖျင်း) အကြောင်း ပြောပြရန် တောင်းဆိုခွင့် မရခဲ့ပေ။
နဖူးမှ ချွေးစေးများကို သုတ်လိုက်ရပြီး ၎င်းမှာ အလဟဿ ထိတ်လန့်မှုတစ်ခုသာ ဖြစ်ခဲ့လေသည်။
လူအုပ်ကြီးမှာ ရှုပ်ထွေးသွားလေသည်။
*ယွင်လေး... နောက်တစ်ဆင့်က ဘာလဲ…*
သူတို့က ကြားဖြတ်လုယူသွားသည့် သမားတော်ဝူကို ဤအတိုင်း လွှတ်ထားလိုက်တော့မှာလား။ ဘာတွေဖြစ်လာမလဲဆိုတာကို သူတို့က စောင့်ကြည့်နေကြသည်။
ချန်ကျဲဟန်က ပထမဆုံး ငြင်းဆန်သူ ဖြစ်လေသည်။
“အမတ်ငယ်ယွင်... သမားတော်ဝူ ပြောပြတဲ့ ဒဏ္ဍာရီက ယုံကြည်နိုင်စရာ ရှိတယ်လို့ ထင်ပါသလား... အွန်း... “
သမားတော်ဝူက ချန်ကျဲဟန်၏ ပါးစပ်ကို အထိတ်တလန့် ပိတ်လိုက်လေသည်။
“အမတ်ချန်... သမားတော်တစ်ယောက်ကို စော်ကားလို့ မရဘူးဆိုတာ သိတယ်မလား... ခင်ဗျားမှာ ကျောက်ကပ်အားနည်းတဲ့ ရောဂါရှိနေတယ်ဆိုတာကို ကျုပ် မှတ်မိတယ်… ကျုပ် ဆေးတချို့ ဖော်စပ်ပြီး ခင်ဗျားရဲ့ ဇနီးဆီ ပို့ပေးလိုက်မှာကို မကြောက်ဘူးလား... “
*ခြိမ်းခြောက်မှုတစ်ခု... ဗြောင်ကျကျ ခြိမ်းခြောက်မှုတစ်ခုပဲ…*
“ကျုပ်က နောက်နေတာပါ သမားတော်ဝူ... အတည်မယူပါနဲ့... “
ချန်ကျဲဟန်က သူ၏လက်ကို ဖယ်ရှားလိုက်ပြီး မျက်လုံးလှန်ပြလိုက်လေသည်။
*ဒါက မတရားဘူး... ဒါက အရမ်း မတရားဘူး…*
ချန်ကျဲဟန်က သူမကို မေးခွန်းမေးသည်ကို ကြားသောအခါ ယွင်ဟွားသည် သူနှင့် တကယ်ကို စကားမပြောချင်ခဲ့ပေ။
သို့သော်လည်း သူမက ပြုံးကာ တုံ့ပြန်လိုက်လေသည်။
“မျှော်လင့်ချက် ရောင်ခြည်လေးတစ်ပွင့် ရှိနေသရွေ့တော့ ကျွန်မတို့ အမြဲတမ်း ကြိုးစားကြည့်သင့်တာပေါ့... “
“မေးတယ်... ဘာတွေများ မေးစရာရှိလို့လဲ... ငါ အခု အရမ်းစိတ်အနှောင့်အယှက် ဖြစ်နေပြီ... “
“နင်လည်း ပိုကောင်းမနေပါဘူး... ငါ့ရဲ့ အလုပ်ကို နှစ်ကြိမ်တောင် လုယူထားတာ... သတိထားနေ... မဟုတ်ရင် နင့်ကို့ပါ ဒုက္ခရောက်အောင် ငါ လုပ်ပစ်မယ်…”
ချန်ကျဲဟန်….။
*မဟုတ်ဘူးလေ... ဘယ်လိုလုပ်ပြီး အဆုံးမှာ ငါ့အမှား ဖြစ်သွားရတာလဲ…*
သမားတော်ဝူမှာ သီးမတတ် ရယ်မောနေပြီး ချန်ကျဲဟန်ကို “ခံလိုက်ဦး” ဟု ပါးစပ်လှုပ်ရုံ ပြောလိုက်လေသည်။
သူ ရယ်သည်က စောလွန်းနေခဲ့လေသည်။ ယွင်ဟွားတစ်ယောက်တည်း စိတ်ကောက်နေသည်ကို မြင်သောအခါ ရှင်ခြင်းသေခြင်းစာအုပ်က စာအုပ်ထဲမှ ပျံထွက်လာလေသည်။
“ပန်းကလေး... စိတ်မဆိုးပါနဲ့... အဲ့သည် သမားတော်ဝူကလည်း မုန်းစရာကောင်းပါတယ်... ငါ နင့်အတွက် ကလဲ့စားချေပေးမယ်... “
သမားတော်ဝူမှာ အလွန်လန့်သွားသဖြင့် သူ၏ ထိုင်ခုံပေါ်မှ ပြုတ်ကျသွားလေသည်။
ချန်ကျဲဟန်..။ * ဖူး... ဖူး... ဟားဟားဟား…*
အခန်း (၂၄) လျင်မြန်စွာ မူးမေ့သွားပြီးနောက် ရုတ်တရက် သတိပြန်ဝင်လာကာ ဂနာမငြိမ်ဘဲ ခုန်ပေါက်နေလေသည်
“ရှောင်ရှူးရှူး... ငါ အခု အတင်းအဖျင်းနားထောင်ဖို့ စိတ်မပါဘူး…”
ယွင်ဟွားသည် ဆက်တိုက်ဆိုသလို အဟန့်အတားများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လောကကြီးက သူမအပေါ် အလွန်ရက်စက်သည်ဟု ခံစားလိုက်ရလေသည်။
သမားတော်ဝူ၏ မျက်ဝန်းများမှာ လင်းလက်သွားလေသည်။
ဤမိန်းကလေး စိတ်မပါသည်က တကယ့်ကို ကောင်းမွန်လှလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်မှာ နှုတ်ခမ်းထောင့်များ တွန့်ချိတ်သွားလေသည်။
“ပန်းကလေး... အချိန်ဖြုန်းနေမယ့်အစား အဲ့လူကို အရှင်လတ်လတ်မြေမြှုပ်လိုက်ပါလား... ပြီးသွားရင် သင်္ချိုင်းဂူကို ကန်လိုက်လေ... စိတ်သက်သာရာ ရသွားလိမ့်မယ်…”
ယွင်ဟွားသည် မျက်ခွံများကို အနည်းငယ် ပင့်လိုက်ကာ စဉ်းစားလိုက်လေသည်၊ ဤစကားက အဓိပ္ပာယ်ရှိပေသည်။
“သင်္ချိုင်းဂူကို ပုတ်တာက ဘာများကောင်းလို့လဲ... သီချင်းတစ်ပုဒ် ဆိုလိုက်တာက ပိုကောင်းဦးမယ်... ငါတို့ နှစ်ယောက်စလုံးက ငရဲပြည်ကပဲဟာ... ရှက်စရာဘာမှမရှိဘူး…”
သမားတော်ဝူမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ၏ အင်္ကျီလက်စွပ်ထဲမှ အရေးပေါ် နှလုံးအားဆေးလုံးတစ်လုံးကို ထုတ်ကာ တိတ်ဆိတ်စွာ မျိုချလိုက်လေသည်။
သူ ခံနိုင်ရည်မရှိတော့မည်ကို စိုးရိမ်နေမိလေသည်။
“ဒါပေမဲ့ အမြဲတမ်း ငါတစ်ယောက်တည်းပဲ အတင်းအဖျင်းနားထောင်ရတာကို သဘောကျနေတာ... တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် မြေမြှုပ်ပစ်ဖို့ တခြားနည်းလမ်းများ ရှိသေးလား... သူတို့ရဲ့ စိတ်ဝိညာဉ်ကို ထိရှသွားစေမယ့် ခံစားချက်မျိုး ပေးနိုင်ဖို့လေ…”
ယွင်ဟွားက ပါးစောင်ကို ကိုက်မတတ် ကြမ်းတမ်းစွာ ပြောလိုက်လေသည်။
သူတို့လည်း ရက်စက်စွာ လှည့်စားခံလိုက်ရပုံပေါ်လေသည်။
သမားတော်ဝူက နောက်ထပ် နှလုံးအားဆေးလုံးတစ်လုံးကို ထပ်မံ မျိုချလိုက်လေသည်။
ထို့နောက် သူသည် ချန်ကျဲဟန်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်နှက်နေလျက် ပြောလိုက်လေသည်။
“နောက်ကျရင် မှတ်ထားပေးပါ... ဒီအဘိုးကြီးကို... ပြန်ပို့ပေးဖို့... ကျေးဇူးတင်ပါတယ်... အများကြီး ကျေးဇူးတင်ပါတယ်...”
ချန်ကျဲဟန်သည် သူ၏ ဝမ်းနည်းကြေကွဲနေသော မျက်နှာအမူအရာကို ကြည့်ကာ သက်ပြင်းတိုးတိုး ချလိုက်လေသည်။
“စိတ်မပူပါနဲ့... ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ... ဒီကိစ္စက အသေးအဖွဲလေးပါ... ငါ တာဝန်ယူပေးပါ့မယ်...”
ချန်ကျဲဟန်သည် တစ်ချက်တုန်ယင်သွားပြီး ဤတစ်ကြိမ်တွင် ကံမကောင်းသူမှာ သူမဟုတ်သည့်အတွက် ကံကောင်းသည်ဟု တွေးလိုက်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်၏ ဦးနှောက်ငယ်လေးသည် လျင်မြန်စွာ အလုပ်လုပ်သွားလေသည်။
“ပန်းကလေး... အဲ့ကိစ္စကို ငါ့ကို စဉ်းစားခွင့်ပေးပါဦး…”
ပြောပြီးနောက် ရှင်ခြင်းသေခြင်းစာအုပ်သည် အသုံးဝင်မည့် အချက်အလက်များကို ရှာဖွေရန် စာအုပ်ထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
မည်သို့မျှ စဉ်းစား၍ မရနိုင်တော့သည့် အချိန်တွင် လုံးဝန်းသော ဆေးလုံးငယ်လေး တစ်လုံးက ၎င်း၏ ခြေရင်းသို့ ကျလာလေသည်။
ဤအရာက...ယခင်က တစ်နေရာရာတွင် ပစ်ချထားခံရပြီး အလွန်ရွံရှာခံရသော အရာမဟုတ်ပါလော။
ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်း၏ အသုံးဝင်ပုံကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် နားရွက်တိုင်အောင် ပြုံးဖြီးသွားလေသည်။
၎င်းက စိတ်ဝိညာဉ်ကို ထိရှစေသည်။ လုံးဝကို စိတ်ဝိညာဉ်ကို ထိရှသွားစေသည်မှာ သေချာလှပေသည်။
“ပန်းကလေး…”
ရှင်ခြင်းသေခြင်းစာအုပ်သည် ဆေးလုံးလေးကို ကိုင်ဆောင်လျက် ပျံသန်းထွက်လာကာ ထိုရွှင်လန်းနေသော အသံကို ကြားလိုက်ရချိန်တွင် ရှိနေသူအားလုံးမှာ သမားတော်ဝူအတွက် အနည်းငယ် စိုးရိမ်မကင်း ဖြစ်သွားကြလေသည်။
၎င်း၏ အတွေးများက ယွင်ဟွားထံသို့ ချက်ချင်း အာရုံရောက်သွားလေသည်။
စိတ်ဝိညာဉ်ကို ထိရှစေသည်ဆိုခြင်း၏ အဓိပ္ပာယ်အစစ်အမှန်ကို သူတို့အားလုံး သိချင်နေကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည်လည်း ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသကဲ့သို့ စောင့်ကြည့်နေလေသည်၊ ဤနန်းတွင်းပွဲတော်မှာ ပြီးဆုံးရန် အလွန် နှေးကွေးလွန်းနေသည်ဟု ထင်မှတ်နေလေသည်။
ယွင်ဟွားသည် မော့ကြည့်လိုက်ရာ ရှင်ခြင်းသေခြင်းစာအုပ်၏ ရင်ခွင်ထဲရှိ မည်းနက်နေသော ရွှံ့လုံးလေးကို မြင်လိုက်ရပြီး အထူးသဖြင့် ရှောင်ရှူးရှူး၏ ကောက်ကျစ်သော အပြုံးကြောင့် သူမ၏ စိတ်ဝင်စားမှုမှာ ချက်ချင်း မြင့်တက်သွားလေသည်။
“နင့်လက်ထဲက အရာက ဘာကြီးလဲ…”
ရှင်ခြင်းသေခြင်းစာအုပ်က အပြုံးတစ်ခုဖြင့် ကမ်းပေးလိုက်လေသည်။
“အရင်တုန်းက ဘာမှခိုးလို့မရခဲ့ပေမယ့် ဒီဟာက တိုက်ဆိုင်စွာနဲ့ ပါလာတာပဲ... သူ့နာမည်က သုံးလတာ အနံ့ဆိုးဆေးလုံးလို့ ခေါ်တယ်…”
“ဘာနာမည်ကြီးလဲ…”
ယွင်ဟွားသည် ရွံရှာသွားသည့် အမူအရာဖြစ်သွားလေသည်။ နာမည်ကို ကြည့်ရုံဖြင့် ၎င်းမှာ ကောင်းမွန်သော အရာမဟုတ်ကြောင်း သိနိုင်လေသည်။
အကြိုက်တူသော သူနှစ်ဦးပီပီ သူတို့နှစ်ဦးစလုံးက ဤအရာကို အလွန် ရွံရှာမုန်းတီးကြလေသည်။
“ပန်းကလေး... သူ့ကို အထင်မသေးနဲ့... ဒါက အခုချိန်မှာ အနံ့မရှိပေမယ့် သမားတော်ဝူဆီကို ပစ်ပေါက်လိုက်ရင် စူးရှပြီး ရွံစရာကောင်းတဲ့ ထူးခြားတဲ့ အနံ့ဆိုးတွေ ချက်ချင်း ထွက်လာလိမ့်မယ်... ကိုက်တစ်ရာပတ်လည် အတွင်းမှာရှိတဲ့ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ပြီးတော့ သုံးလတိတိ ကြာရှည်ခံလိမ့်မယ်... ဒါကြောင့်မို့လို့ သုံးလတာ အနံ့ဆိုးဆေးလုံးလို့ ခေါ်တာပေါ့…”
“အာ…ဒီဟာက”
ယွင်ဟွားသည် မှင်သက်သွားပြီး အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူမကိုယ်တိုင်ပင် ဤအနံ့ဆိုးဆေးလုံး၏ အာနိသင်ကို အလွန်အံ့သြသွားခဲ့လေသည်။
“ရှောင်ရှူးရှူး... နင့်ကို သေလောက်အောင် ချစ်သွားပြီ... ဒါက သမားတော်ဝူကို သူ့ရဲ့တည်ရှိမှုကိုတောင် သံသယဝင်သွားစေမှာ သေချာတယ်... ဟားဟားဟား…”
ယွင်ဟွားသည် နှုတ်ခမ်းဆူလိုက်ကာ ရယ်မောချင်စိတ်ကို ထိန်းချုပ်နေရလေသည်။
“ပန်းကလေး...ဒါက စိတ်ဝိညာဉ်ကို ထိရှသွားစေပြီလား…”
ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွားထံမှ အသိအမှတ်ပြုမှုကို မတောင်းခံဘဲ မနေနိုင်ခဲ့ချေ။
“ထိရှတာပေါ့... အရမ်းကို ထိရှသွားစေတယ်…”
အားလုံးက...။
ရှင်ခြင်းသေခြင်းစာအုပ်တွင် ဤကဲ့သို့သော အရာမျိုး ရှိနေလိမ့်မည်ဟု ယွင်ရှောင်ထျန်း ထင်မှတ်မထားခဲ့ပေ။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ သမားတော်ဝူမှာ မှင်သက်သွားပြီး သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်ကာ တုန်ယင်နေလေသည်။
ဘေးတွင် ထိုင်နေသော ချန်ကျဲဟန်သည် သူ၏ ကြောင်အမ်းအမ်းဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ကာ တံတောင်ဆစ်ဖြင့် မပုတ်ဘဲ မနေနိုင်တော့ချေ။
“ဘာရပ်လုပ်နေတာလဲ... မြန်မြန် သတိလစ်သွားတဲ့ပုံ ဖမ်းလိုက်တော့လေ...”
သူသည် သူ၏ လုပ်ဖော်ကိုင်ဖက်များ အရှက်ကွဲသည်ကို မြင်ချင်သော်လည်း သုံးလတိုင်တိုင် ကြာရှည်ခံမည့် အနံ့ဆိုးကြီးကိုကား မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
အထိုးခံလိုက်ရသော သမားတော်ဝူသည် လှည့်ကြည့်လိုက်ရာ ချန်ကျဲဟန်၏ အသည်းအသန် မျက်စိပစ်ပြနေမှုကို မြင်လိုက်ရပြီး ဘာဖြစ်နေသလဲဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားလေသည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ချန်ကျဲဟန်၏ အပေါ်သို့ လဲကျသွားလေသည်။
“အရှင်မင်းကြီး... သမားတော်ဝူ သတိလစ်သွားပါပြီ...”
ချန်ကျဲဟန်က အော်ဟစ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ယခုလေးတင် ထိုကတိကို ပေးထားခဲ့သည် မဟုတ်ပါလော။
“တစ်ယောက်ယောက် လာကြစမ်း...”
ဧကရာဇ်ဝမ်ရွှမ်းသည် အတင်းအဖျင်းနားထောင်ခြင်းကို ရပ်တန့်လိုက်ကာ ဝိုင်ခွက်ကို ပြင်းထန်စွာ ချလိုက်လေရာ ကြွေခွက်အောက်ခြေနှင့် စန္ဒကူးသစ်သားစားပွဲတို့ ရိုက်ခတ်မိသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာလေသည်။
“သမားတော်ဝူကို အနားယူဖို့ ခေါ်သွားလိုက်ကြ...”
ဧကရာဇ်ဝမ်ရွှမ်းသည် ခေါင်းအနည်းငယ် ကိုက်ခဲလာလေသည်။ သူ၏ အမတ်များသည် နောက်တစ်ကြိမ်တွင် အရက်မူးနေသည်ကဲ့သို့သော ပို၍ကောင်းမွန်သည့် ဆင်ခြေတစ်ခုခုကို မပေးနိုင်ကြတော့ဘူးလော။
ဤကဲ့သို့ သတိလစ်ချင်ယောင်ဆောင်သည့် အပြုအမူက မကြာခဏ အသုံးချလွန်းနေသည် မဟုတ်ပါလော။
ရုတ်တရက် နှောင့်ယှက်ခံလိုက်ရသော ယွင်ဟွားသည် လှမ်းကြည့်လိုက်လေသည်။
“ဟမ် နောက်ထပ် မူးမေ့သွားပြန်ပြီလား…”
“ဒီအစိုးရအဖွဲ့ရဲ့ အမတ်တွေက တကယ်ပဲ အဲ့လောက် ကျန်းမာရေး ချူချာနေကြလား…”
နောက်တစ်စက္ကန့်တွင် အစောင့်များက သမားတော်ဝူထံသို့ လျှောက်သွားသည်ကို သူမ စောင့်ကြည့်နေလိုက်လေသည်။
သူမသည် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေသည်။
“ရှောင်ရှူးရှူး... မြန်မြန်လုပ်... အဲ့သမားတော်ဝူက သတိလစ်ပြီး ပျောက်ကွယ်သွားတော့မယ်…”
“သေစမ်း…”
ရှင်ခြင်းသေခြင်းစာအုပ်က ကျိန်ဆဲလိုက်လေသည်။
“ပန်းကလေး... စိတ်မပူနဲ့... ငါ အခုပဲ ပျံသွားပြီး သူ့ဆီကို သုံးလတာ အနံ့ဆိုးဆေးလုံး ပစ်ပေါက်လိုက်မယ်…”
ထိုသို့ပြောပြီးနောက် ၎င်းသည် တောင်ပံငယ်လေးများကို ခတ်ကာ ၎င်း၏ လုံးဝန်းသော ခန္ဓာကိုယ်ကြီးကို ဆွဲငင်လျက် သမားတော်ဝူရှိရာ ဘက်သို့ ပျံသန်းသွားလေသည်။
လူအများသည် ရှင်ခြင်းသေခြင်းစာအုပ်၏ အသံကိုသာ ကြားနိုင်သော်လည်း ၎င်း၏ ပုံသဏ္ဌာန်ကိုမူ မမြင်နိုင်ကြပေ။ ထို့ပြင် ၎င်းက အမှန်တကယ်တွင် အလွန်နှေးကွေးစွာ ပျံသန်းနေကြောင်းကိုလည်း မသိရှိကြချေ။
သို့သော်လည်း သတိလစ်ချင်ယောင်ဆောင်နေသော သမားတော်ဝူမှာမူ အလွန် အလျင်လိုနေလေသည်။
အကယ်၍ သူသာ ထိုအနံ့ဆိုးဆေးလုံးနှင့် အမှန်တကယ် အပစ်ခံလိုက်ရပါက သူသည် သုံးလတိုင်တိုင် အပြင်ထွက်ကာ မည်သူ့ကိုမျှ မျက်နှာပြရဲတော့မည် မဟုတ်ပေ။
အစောင့်များက သူ့ကို သယ်မသွားနိုင်မီ သူသည် ချန်ကျဲဟန်၏ ကိုယ်ပေါ်မှ ရုတ်တရက် ခုန်ထလိုက်လေသည်။
အားလုံးက လန့်ဖြန့်သွားကြလေသည်။
သူတို့ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ခင် သမားတော်ဝူက မလှမ်းမကမ်းရှိ ကြာကန်ထဲသို့ ခုန်ချသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က လေထဲတွင် မလှုပ်မယှက် ရပ်တန့်သွားလေသည်။
အားလုံးက ဆွံ့အသွားကြလေသည်။
ယွင်ဟွားသည်လည်း ရုတ်တရက် အခြေအနေပြောင်းလဲသွားမှုကြောင့် မှင်သက်သွားလေသည်။
“ရှောင်ရှူးရှူး... သမားတော်ဝူက တကယ်ပဲ ရောဂါပြင်းထန်နေတာလား... သူက အရမ်းမြန်မြန် သတိလစ်သွားသလို ရုတ်တရက်ကြီး ပြန်နိုးလာပြီး ဂနာမငြိမ်ဘဲ ခုန်ပေါက်နေတယ်... သရဲတစ္ဆေ လိုက်ခံရတဲ့အတိုင်းပဲ…”
အားလုံး...။
*တကယ့် သရဲတစ္ဆေတွေ ရှိနေတာပဲ... သူတို့က အရိုးတောင် မထွေးဘဲ လူကို စားတတ်တဲ့ နှလုံးသားမရှိတဲ့ လူယုတ်မာနှစ်ကောင်ပဲ…*
သမားတော်ဝူက ကြာကန်ထဲတွင် အသည်းအသန် ရေပက်ဖျန်းရင်း အော်ဟစ်လိုက်လေသည်။
“ငါ... ငါ မလုပ်နိုင်ဘူး... ဗလုံ... ဗလုံ ဗလုံ... ငါ ရေမကူးတတ်ဘူး...”
သမားတော်ဝူသည် သူ၏ နောက်ဆုံးထွက်သက်ဖြင့် ထိုစကားများကို အော်ဟစ်နိုင်ခဲ့လေသည်။
ထိုအခါမှ အားလုံး သတိဝင်လာကြပြီး သမားတော်ဝူမှာ ရေထဲတွင် အသည်းအသန် လူးလှိမ့်နေဆဲ ဖြစ်လေသည်။
“ကယ်ကြစမ်း... မြန်မြန်... လူကယ်ကြစမ်း...”
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာအမူအရာမှာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။ သူ၏ ခံ့ညားသော အသံကြီးက တော်ဝင်ဥယျာဉ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ သူ၏ ကျယ်ဝန်းသော နဂါးပုံဖော် ပိုးသားဝတ်ရုံကြီးက လေထဲတွင် စက်ဝိုင်းခြမ်းပုံစံ လွင့်ဝဲသွားကာ လှေကားထစ်များမှ လျှောက်ဆင်းလာလေသည်။
ဤမိန်းကလေးက တကယ့်ကို ခန့်မှန်းရခက်လှပေသည်။
အမိန့်ရသည်နှင့် တစ်ပြိုင်နက် အစောင့်များက ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ရေထဲသို့ ခုန်ချသွားကြလေသည်။ ရေပက်ဖျန်းသံများကြားတွင် ရွှံ့များပေကျံနေသော သမားတော်ဝူအား အစောင့်များက ရေထဲမှ ဆွဲတင်လိုက်ကြလေသည်။
“အရှင်မင်းကြီး... အရှင်မင်းကြီး... ကျုပ်ရဲ့ နှလုံးသားထဲမှာ ခါးသီးမှုတွေနဲ့ ပြည့်နှက်နေပါပြီ...”
သမားတော်ဝူက အစောင့်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး သူ့ကိုယ်သူ အရင်ဆုံး အကြိမ်အနည်းငယ် နမ်းရှူကြည့်လိုက်လေသည်။
*အင်း... အနံ့မဆိုးဘူး
ထို့နောက် သူသည် ဧကရာဇ်ဝမ်ရွှမ်းထံသို့ ပြေးသွားကာ သူ၏ ခြေထောက်ကို ဆုပ်ကိုင်လျက် မျက်ရည်၊ နှပ်ချေးများ ကျဆင်းကာ အလွန်ဝမ်းနည်းစွာဖြင့် ငိုကြွေးလိုက်လေသည်။
“အရှင်မင်းကြီး... ကျုပ်က မြေကြီးထဲ ခြေတစ်ဖက်ရောက်နေတဲ့ အဘိုးကြီးပါ... ကျုပ် ဒါတွေကို တကယ်ဆက်ပြီး ခံနိုင်ရည် မရှိတော့ပါဘူး...”