← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

🫧 Chapter 281

"ဟူး"

သက်ကယ်မိုး တဲအိမ်လေး အတွင်း၌ အပြာရောင် အဝတ်ကြမ်းကို ဝတ်ဆင်ထားပြီး ဆံပင်များ တစ်ဝက်ခန့် ဖြူနေသော အဘိုးအို တစ်ဦးသည် ဟောင်းနွမ်းနေသော စာကြည့်စားပွဲရှေ့တွင် ထိုင်နေ၏။

သူ၏လက်ထဲတွင် စုတ်တံကို ကိုင်ထားပြီး အရှေ့တွင် အရောင်ဖျော့နေသော စက္ကူတစ်ရွက်ကို ဖြန့်ထားသည်။

ကျန်းလင် ဝင်ရောက်သွားချိန်တွင် အဘိုးအိုသည် ကြမ်းပြင်ပေါ်၌ ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ ခြောက်ကပ်နေသော မြင်ကွင်းကို ကြည့်ရင်း ရှည်လျားစွာ သက်ပြင်းချလိုက်၏။

အတန်ကြာပြီးနောက် အဘိုးအိုသည် ဖာထေးထားသော အင်္ကျီလက်စွန်းကျယ်ကို ခေါက်တင်လိုက်ပြီး စုတ်တံကို ကောက်ကိုင်လိုက်သည်။

"ရှစ်လပိုင်း ဆောင်းဦးလေပြင်းတွေက ငြာသံပေးပြီး တိုက်ခတ်လာတယ်၊ပြီး‌တော့ငါ့အိမ်ခေါင်မိုးပေါ်က သက်ကယ်အမိုး သုံးထပ်ကို လိပ်တင်သွားတယ်၊ သက်ကယ်တွေက လေထဲ လွင့်ပျံပြီး မြစ်ကို ဖြတ်သွားတယ်"

အဘိုးအိုသည် မျက်လုံးကို မှိတ်လိုက်၏။

တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရသွားပုံပေါ်ပြီး မျက်နှာအမူအရာမှာ အလွန် ဝမ်းနည်းကြေကွဲနေပေသည်။

ဘဝကို ဤမျှလောက် အခြေအနေထိ ရောက်အောင် ဖြတ်သန်းခဲ့ရသည်မှာ လူ့ဘဝ၏ ဝမ်းနည်းဖွယ်ရာလား၊ ခေတ်ပျက်ကြီး၏ ကြေကွဲဖွယ်ရာလား ဆိုသည်ကို မသိနိုင်တော့ပါချေ။

"တောင်ဘက်ရွာက ကလေးတစ်သိုက်က ငါ အသက်ကြီးပြီး ခွန်အားမရှိတာကို အနိုင်ကျင့်တယ်၊ မျက်နှာချင်းဆိုင်မှာတင် ပစ္စည်းတွေခိုးရဲလောက်အောင် အရှက်မရှိကြဘူး"

"ခဏနေတော့ လေငြိမ်သွားပြီး တိမ်တွေက မင်ရည်လို မည်းမှောင်လာတယ်၊ ___။ နှစ်ပေါင်းများစွာ ခြုံလာတဲ့ စောင်က သံလို အေးစက်နေတယ်၊ ကလေးတွေက ကန်ကျောက်လို့ အသားတွေတောင် ပေါက်ပြဲနေပြီ"

ကျန်းလင်သည် အဘိုးအို၏ အနောက်တွင် ရပ်ကာ စက္ကူရွက်ပေါ်တွင် တဖြည်းဖြည်း ပြည့်နှက်လာသော စာကြောင်းများကို ကြည့်နေ၏။

"စစ်ဘေးဒဏ် ကြုံပြီးကတည်းက အိပ်ရတာ နည်းလာတယ်၊ ညရှည်ကြီး စိုစွတ်နေတာကို ဘယ်လိုများ ဖြတ်ကျော်ရမလဲ"

"___၊ ___! လေဒဏ်မိုးဒဏ်ကို မတုန်မလှုပ် တောင်လို ခိုင်မာပါစေ"

နောက်ဆုံးတွင် အဘိုးအိုသည် အသံရှည်ကြီးဖြင့် ရွတ်ဆိုလိုက်၏။

"ငါ့ရဲ့ တဲအိမ်လေး တစ်လုံးတည်း ကပဲ ပျက်စီးပြီး အေးခဲသေဆုံးသွားရမယ် ဆိုရင်တောင် ကျေနပ်ပါပြီ"

ထိုရင်ထဲရှိ အပူမီးများမှာ ဤအသံနှင့်အတူ ပြိုင်တူ ထွက်ကျသွားသကဲ့သို့ ရှိပေသည်။

ထို့နောက် သူသည်ကဗျာရေးပြီးသွားသဖြင့် စုတ်တံကို ချထားလိုက်၏။

အဘိုးအိုသည် ပန်းချီကား တစ်ချပ်ကဲ့သို့ တစ်နေရာတည်းတွင် မလှုပ်မယှက် ထိုင်နေတော့သည်။

ကျန်းလင် 'ဒါ စာမေးပွဲ မေးခွန်းလား'

ကျန်းလင် သည် ပတ်ဝန်းကျင်ကို တစ်ပတ်ကြည့်လိုက်သော် လည်း အခြား မည်သည့် စာသားကိုမျှ မတွေ့ရပါချေ။

သူသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ ကွန်မန့်နေရာတွင် အစောကြီးကတည်းက ဆူညံနေပြီ ဖြစ်၏။

[Streamer, Streamer, ဒါကို ကျွန်တော် သိတယ်၊ 'သက်ကယ်မိုး တဲအိမ်လေး ဆောင်းဦးလေဒဏ် ခံရခြင်း သီချင်း' လေ အလယ်တန်းတုန်းက ကျွန်တော် နှစ်ရက် နှစ်ညတိတိ အလွတ်ကျက်ခဲ့ရတာ]

[တဲအိမ်လေးတွေ ထောင်သောင်းချီ ရှိပါစေ၊ ကမ္ဘာပေါ်က ဆင်းရဲသားတွေ အားလုံးကို အမိုးအကာပေးပြီး ပျော်ရွှင်အောင် ထားနိုင်ပါစေ]

[စာရေးသူက သူ့ရဲ့ ကိုယ်ပိုင် နာကျင်မှုကနေတစ်ဆင့် 'ကမ္ဘာပေါ်က ဆင်းရဲသားတွေ' ရဲ့ နာကျင်မှုကို ဖော်ပြခဲ့တယ်၊ လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲဒုက္ခတွေ၊ ခေတ်ကာလရဲ့ ဆင်းရဲဒုက္ခတွေကို ဖော်ပြခဲ့တာ]

----

ထိုအပြာရောင် အဝတ်ကြမ်းဝတ် အဘိုးအို ပထမဆုံးစာ ကြောင်းကို ရေးလိုက်ချိန်ကတည်းက ဤကဗျာကို မှတ်မိသွားသူ အများအပြား ရှိနေခဲ့၏။

'ကြည့်စမ်း၊ ဘယ်လောက်တောင် ရင်းနှီးနေတဲ့ စာလုံးတွေလဲ'

'ကြည့်စမ်း၊ ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ ကဗျာစာကြောင်းတွေလဲ'

'သူတို့ မျက်လုံးမှိတ်ပြီးတောင် အလွတ်ရွတ်ပြနိုင်တယ်လေ'

ဤအရာများအပြင် 'အင်ပါယံထံပါးသို့လွမ်းချင်း' ၊ 'ဖီဖာတီးခတ်သူ၏ သီချင်း' ၊ 'ဝမ်းနည်းမှုကိုဘယ်လိုပျောက်အောင်လုပ်မလဲ' စသည့် အသံထွက်ရခက်ပြီး ရှည်လျားသော ကဗျာများလည်း ရှိသေး၏။

စာမေးပွဲအတွက်၊ ပညာသင်ယူရန်အတွက် သူတို့ တကယ်ကို နေ့ရောညပါ အလွတ်ကျက်ခဲ့ရသည် မဟုတ်ပါလော။

ကျက်ပြီးရင် အလွတ်ရေးရတယ်၊ အလွတ်ရေးပြီးရင် အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ကျက်ရတယ်၊ ရှေးဟောင်းနဲ့ ခေတ်သစ် အဓိပ္ပာယ် ကွဲလွဲမှုတွေကိုပါ ကျက်ရသေးသည်။

'အိုး ဘုရားသခင်၊ ငါတို့တွေက တကယ်ကို တော်လွန်းပါတယ်'

ကြည့်ရှုသူ အများအပြားမှာ ယခုမှသာ ဤအသိပညာများကို အမှန်တကယ် အသုံးပြုခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုမှသာ ဤစာအုပ်များကို မိဘတွေ၊ ဆရာတွေ၊ စာမေးပွဲတွေ အတွက် သင်ယူခဲ့ရခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင်အတွက် သင်ယူခဲ့ရခြင်း ဖြစ်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။

'ကြည့်စမ်း၊ သူတို့ အခု အသုံးချလို့ ရသွားပြီလေ'

ကြည့်ရှုသူများ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုများမှာ ကွန်မန့် စာကြောင်းများအဖြစ် ပြောင်းလဲသွားတော့၏။

' တစ်ပုဒ်လုံး အလွတ်ရွတ်ပြနိုင်ရုံတင် ဘယ်ကမလဲ၊ ဘာသာပြန်တာ၊ စကားလုံး အဓိပ္ပာယ် ဖွင့်ဆိုတာ၊ အဓိက ဆိုလိုရင်းတွေ' အားလုံးကိုပါ တစ်ခါတည်း အကုန်ထုတ်ပြနိုင်သေးသည်။

'စာရေးသူ ကိုယ်တိုင်က ဒီလို တွေးခဲ့သလား၊ မတွေးခဲ့ဘူးလား ဆိုတာကို ဂရုမစိုက်နဲ့ အဓိကက ပြဋ္ဌာန်းစာအုပ်၊ ဒီမေးခွန်းရဲ့ အဖြေကို ဒီလိုမျိုး ပြုစုထားတာပဲလေ'

ထိုအထဲတွင် ရွေးချယ်ခံထားရသော ပညာရှင်ကြီး ကြည့်ရှုသူ ကိုးဦး၏ ကွန်မန့်များမှာ ရွှေရောင် အလင်းတန်းများ ပါဝင်နေပြီး အလွန်သိသာထင်ရှားလှ၏။

များပြားလှသော ကွန်မန့်များကြားတွင် နစ်မြုပ်သွားခြင်း မရှိပါချေ။

ကျန်းလင် သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို တစ်ချက် ကြည့်ပြီး အဖြေများကို အတည်ပြုပြီးနောက် စတင် ဖြေဆိုတော့သည်။

အဘိုးအို၏ လက်ထဲမှ စုတ်တံနှင့် မင်ကို ယူကာ စက္ကူ၏ ကွက်လပ်နေရာတွင် ဖြည့်သွင်းရေးသားလိုက်၏။

သူတို့၏ ဤတစ်ကြိမ် ရည်ရွယ်ချက်မှာ အမှတ်ပြည့် ရရှိရန် ဖြစ်သည်။

ထို့ကြောင့် အမှားခံ၍ မရပါချေ။

-----

ကျန်းလင် ဘက်တွင် ကြည့်ရှုသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အမေးအဖြေများကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ခဲ့၏။

အခြားတစ်ဖက်တွင်မူ လူသန်ကြီး ဝိညာဉ်တမန်တော်မှာ 'ကမ်းပါးနီတိုက်ပွဲ'(ချောင်ချောင် vs လျိုပေ့) သို့ ရောက်ရှိနေပေသည်။

မြစ်ရေများ လှိုင်းလုံးထလျက်ရှိပြီး မှောင်မိုက်နေသော ညယံတွင် သင်္ဘောကြီးများက အရှေ့သို့ ဦးတည်သွားနေကာ စစ်မီးများက မိုးလုံးညံနေသည်။

ထိုလူသန်ကြီး ပေါ်လာချိန်တွင် သင်္ဘောတစ်စင်းပေါ်၌ ရောက်နေခြင်း ဖြစ်၏။

"ကမ်းပါးနီတိုက်ပွဲနဲ့ ပတ်သက်တဲ့ ကဗျာ နှစ်ကြောင်း ရေးပါ ဟုတ်လား"

လူသန်ကြီးသည် ရေထဲတွင် ပေါ်လာသော မေးခွန်းကို ကြည့်လိုက်၊ အပြင်းအထန် တိုက်ခိုက်နေကြသော စစ်သည်နှစ်ဖက်ကို ကြည့်လိုက်ဖြင့် ခေါင်းကြီးသွားတော့၏။

လူသန်ကြီး "တိုက်ရိုက် ဝင်ချလိုက်လို့ မရဘူးလား၊ သူတို့က မိန်းမလှလေးကို လုနေကြတာလား၊ ဒါမှမဟုတ် အာဏာလုနေကြတာလား"

'သူက တစ်ဖက်ဖက်ကို အနိုင်ရအောင် တိုက်ရိုက် ကူညီပေးလိုက်လျှင် ရမလား'

' ဒါမှမဟုတ် နှစ်ဖက်လုံးကို တစ်ပြိုင်တည်း သတ်ပစ်လိုက်လျှင်ရော ရမလား'

-----

ကြည့်ရှုသူများသည် ကင်မရာ ဆယ်ခုလုံးကို တစ်ပြိုင်နက်တည်း မြင်တွေ့နိုင်သဖြင့် ဤအခြေအနေကို မြင်သောအခါ သိချင်စိတ်ဖြင့် မေးလာကြ၏။

[မင်းတို့ ပြောကြည့် သူ ဒီလို လုပ်လိုက်လို့ ဖြစ်ပါ့မလား]

[ဒီလို လုပ်လိုက်ရင် သမိုင်းဖြစ်ရပ်မှန်တွေ ပြောင်းလဲသွားမလား မသိဘူးနော် အကယ်၍ လုပ်လို့ ရတယ် ဆိုရင်တော့ တော်တော် စိတ်ဝင်စားစရာ ကောင်းသွားပြီ]

[အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး၊ ဒါက မြင်ကွင်းကို ပြန်လည် ပုံဖော်ထားရုံ သက်သက်ပဲဟာ]

-----

မဖြစ်မနေ မေးခွန်းဖြေရန် စောင့်ဆိုင်းနေရသော ကြည့်ရှုသူ ကိုးဦးမှလွဲ၍ ကျန်သည့် ကြည့်ရှုသူများမှာ ဒီကင်မရာထဲ ခဏဝင်ကြည့်လိုက်၊ ဟိုကင်မရာထဲ ခဏ ဝင်ကြည့်လိုက်ဖြင့် ပွဲကြည့်ပရိသတ်များကဲ့သို့ ဖြစ်နေကြ၏။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်တွင်လည်း နာမည်ကြီး သတင်းခေါင်းစဉ်များ ပေါ်ထွက်လာတော့သည်။

[တစ်နိုင်ငံလုံးက ပညာရှင်ကြီးတွေ အွန်လိုင်းကနေ မေးခွန်း ဖြေနေကြပြီ]

[ငရဲပြည်က မေးခွန်းတွေကို ကြည့်ပြီး လူ့လောကရဲ့ အသိပညာတွေကို လေ့လာခြင်း အကြောင်း]

[စာသင်မှာလား၊ အသက်နဲ့ ရင်းရမယ့် အမျိုးအစားနော်]

----

ဝိညာဉ်တမန်တော်များ စာမေးပွဲ ဖြေဆိုရာတွင် အဖြေမသိလျှင်တောင် အနည်းဆုံးတော့ အသက်ရှင်နိုင်မည့် စွမ်းအား ရှိကြသေး၏။

ကျောင်းသား ခြောက်ယောက် ဘက်တွင်မူ အမှန်တကယ်ကို အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်တော့သည်။

ကြည့်ရှုသူများ ကြည့်နေစဉ်မှာပင် သူတို့၏ ရင်ထဲတွင် မနေနိုင်ဘဲ အထက်အောက် ခုန်ပေါက်နေတော့၏။

' လခွမ်းတဲ့မှ၊ ဒါက တကယ်ကို အသက်နဲ့ ရင်းပြီး ကစားနေတာပဲ'

' စိတ်ပူလွန်းလို့ သေတော့မယ်'

# နှလုံးရောဂါ၊ သွေးတိုးရောဂါ ရှိသူများ မကြည့်သင့်။

သမိုင်း စာမေးပွဲခန်း အတွင်း

ဟန်စစ်စစ် သည် စစ်ပွဲကာလအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားပြီး ယမ်းငွေ့များ ဖုံးလွှမ်းနေ၏။

စစ်မီးများလည်း တောက်လောင်နေကာ သူမ ထိုအထဲတွင် ရပ်နေစဉ် ခေါင်းထက်မှ ကျည်ဆန်များက ဟိုဘက်ဒီဘက် ပျံသန်းသွားနေ၏။

"ညီအစ်ကိုတို့၊ တိုက်ဟေ့"

ဟန်စစ်စစ် သတိဝင်လာချိန်တွင် ပထမဆုံး လုပ်မိသည့် အရာမှာ ပြေးရန်ပင် ဖြစ်၏။

'သောက်ကျိုးနည်း၊ သူမကို စစ်မြေပြင်ပေါ် တိုက်ရိုက် ပစ်ချလိုက်တာပဲ'

ကျည်ဆန်များ ခေါင်းထက်မှ ဖြတ်ပျံသွားချိန်တွင် ဖြစ်ပေါ်လာသော လေတိုက်ခတ်မှုနှင့် ဆံပင်များ လွင့်ပျံသွားသည်ကိုပင် သူမ ခံစားသိရှိနိုင်ပေသည်။

လည်ပင်းကို တစ်ချက် စမ်းကြည့်လိုက်ရာ ချွေးအေးများဖြင့် ပြည့်နှက်နေသည်လေ။

'ဒီမေးခွန်းက အသက်အန္တရာယ် ရှိလွန်းတယ်'

သူမအနောက်တွင်မူ စစ်သားတစ်ယောက်က လက်ပစ်ဗုံး ကိုင်ကာ သူမကို လိုက်ဖမ်းနေ၏။

အမြောက်သံများကြားတွင် သူမသည် ကောင်းကင်ယံမှ လာသကဲ့သို့ အလွန် ကြီးကျယ်ခမ်းနားသော အသံကြီး တစ်သံကို ကြားလိုက်ရသည်။

"ဒီစစ်ပွဲကို ဘာစစ်ပွဲလို့ ခေါ်သလဲ၊ လမ်းညွှန် ဦးဆောင်သူက ဘယ်သူလဲ"

ဟန်စစ်စစ် သည် တစ်ဖက်မှ ပြေးရင်း၊ တစ်ဖက်မှလည်း အသုံးပြု၍ ရနိုင်မည့် သမိုင်းနှင့် သက်ဆိုင်သော အသိပညာများကို ပြန်လည် စဉ်းစားနေ၏။

အတန်းချိန်အတွင်းနှင့် စာမေးပွဲ ဖြေဆိုချိန်တို့တွင် ပညာရပ်၏ စွမ်းအားကို အသုံးပြုနိုင်ကြောင်းကို လူတိုင်း သိထားကြပေသည်။

သို့သော် ဤနှစ်ခုကြားတွင် ကွာခြားချက် ရှိ၏。 အတန်းချိန်အတွင်း၌ အသိပညာ အချက်အလက် အားလုံးကို အသုံးပြု ၍ ရသော်လည်း စာမေးပွဲ ဖြေဆိုချိန်တွင်မူ စာမေးပွဲ ဖြေဆိုနေသော ဘာသာရပ်နှင့် သက်ဆိုင်သည့် အသိပညာကိုသာ အသုံးပြုခွင့် ရှိပေသည်။

ထို့ကြောင့် သူမသည် ယခုအခါ သမိုင်း၏ စွမ်းအားကိုသာ အကူအညီ တောင်းခံနိုင်တော့မည် ဖြစ်၏။

စစ်မြေပြင်တွင် အလျင်အမြန် ကွေ့ရှောင်လိုက်ရင်း ဟန်စစ်စစ် ရုတ်တရက် အော်ပြောလိုက်သည်။

ဟန်စစ်စစ် "ယွီချန်း မင်မင်းဆက်က နာမည်ကြီး အမတ်၊ နာမည်ကြီးစစ်သူကြီး၊ အမျိုးသား သူရဲကောင်း၊ ထုမုအရေးအခင်း ဖြစ်ပွားပြီးနောက် မြို့ကို ကာကွယ်ဖို့ သစ္စာဆိုခဲ့တဲ့ နာမည်ကြီးခံစစ် စစ်သူကြီးတစ်ဦး"

"စစ်သူကြီးယွီ၊ ကျွန်မကို ကာကွယ်နိုင်စွမ်းကို ချီးမြှင့်ပေးသနားတော်မူပါ”

🫧 Chapter 282

"စစ်သူကြီး ယွီ အမိန့်နာခံလျက်ပါ"

ပြတ်သားကျယ်လောင်သော အသံကြီး တစ်သံ ထွက်ပေါ်လာသည်နှင့် ဟန်စစ်စစ် ၏ ဘေးတွင် ပြေးလွှားနေသော အရိပ်ဝါးဝါး တစ်ခု ရုတ်တရက် ပေါ်လာတော့၏။

ထိုအရိပ်ကြီးမှာ အလွန် အရပ်ရှည်ပြီး သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။

မျက်နှာကိုမူ သေချာ မမြင်ရဘဲ တစ်ကိုယ်လုံးမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေ၏။

ပြေးလွှားနေရင်းမှ ထိုရွှေရောင် အရိပ်ကြီးသည် ဟန်စစ်စစ် နှင့် တဖြည်းဖြည်း ထပ်တူကျသွားတော့သည်။

နောက်တစ်စက္ကန့်တွင် ရွှေရောင် အရိပ်ကြီး ပျောက်ကွယ်သွားသည်ကို ကြည့်ရှုသူများ တွေ့လိုက်ရ၏။

၎င်းအစား ဟန်စစ်စစ်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပနေသော သံချပ်ကာ ဝတ်စုံ တစ်စုံ ရောက်ရှိနေပြီ ဖြစ်ကာ သူမ၏ခေါင်းမှ ခြေဖျားအထိ အလုံပိတ် ကာကွယ်ထား၏။

'ဒေါင်'

ထိုသံချပ်ကာ ဝတ်စုံက ၎င်း၏ကာကွယ်နိုင်စွမ်းဖြင့် ဟန်စစ်စစ် အတွက် အမြောက်ဆံ အမြောက်အမြားကို ကာကွယ်ပေးနိုင်ခဲ့သည်။

ထို့အပြင် သူမ၏ ခြေလှမ်းအမြန်နှုန်းမှာလည်း ယခင်ကထက် များစွာ မြန်ဆန်လာခဲ့၏။

ဤစွမ်းအားများ ရှိနေခိုက်တွင် ဟန်စစ်စစ်သည် ပတ်ဝန်း ကျင် အခြေအနေများနှင့် လူပုဂ္ဂိုလ်များကို အလျင်အမြန် အကဲခတ်လိုက်သည်။

၎င်းတို့ကို အခြေခံ၍ သူမ ယခု ရောက်ရှိနေသည်မှာ မည်သည့် စစ်ပွဲဖြစ်ကြောင်းကို ခန့်မှန်းရမည် ဖြစ်၏။

ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ စမ်းသပ်ကြည့်မှသာ သိရမည် မဟုတ်ပါလော။

……

[ဘယ်နှစ်ခါပဲ ကြည့်ကြည့် ဒီလို စွမ်းအားမျိုးရဲ့ အံ့ဩစရာကောင်းမှုကို အံ့သြနေရတုန်းပဲ]

မည်သည့် စွမ်းအားနည်း။

ပညာရပ်၏ စွမ်းအားပင် ဖြစ်၏။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ကြည့်ရှုသူများမှာ တစ်ခါတစ်ရံ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၊ တစ်ခါ တစ်ရံ အားကျစွာငေးကြည့်လိုက်ဖြင့် ဖြစ်နေကြတော့သည်။

[အန္တရာယ်နဲ့ အခွင့်အရေးက ဒွန်တွဲနေတာပဲ]

[သမိုင်းမှာ နာမည်ကြီးတဲ့ ခံစစ် စစ်သူကြီးတွေကတော့ ထျန်တန်း ၊ နာမည်ကြီး ဂျိမို တိုက်ပွဲကို ကွပ်ကဲခဲ့တယ်၊ ကျန်းလျောင် ဟယ်ဖေး (Hefei) တိုက်ပွဲ၊ ဝမ်ကျန်း]

ကြည့်ရှုသူများသည် တစ်ဖက်မှ ဆွေးနွေးရင်း၊ တစ်ဖက်မှလည်း မိမိတို့၏ ဦးနှောက်ထဲတွင် ဆက်စပ်အသိပညာများကို အပူတပြင်း ရှာဖွေနေကြ၏။

သို့သော် သူတို့၏ အကြည့်များက ချီယန် ရှိရာ ကင်မရာသို့ ရောက်သွားချိန်တွင်မူ အားလုံး ကြောင်အမ်းသွားကြတော့သည်။

'ဒါက ဘယ်လို အခြေအနေကြီးလဲ'

'လူရော စောစောက ဒီမှာ ရှိနေတာ မဟုတ်ဘူးလား'

'စာမေးပွဲက လူကိုပါ ဖျောက်ဖျက်ပစ်လိုက်တာလား'

……

"ဘယ်လို အခြေအနေကြီးလဲ"

ချီယန် ကိုယ်တိုင်လည်း မေးချင်နေမိ၏။

သူသည် လှပတောက်ပသော ပန်းပွင့် တစ်ပွင့်ပေါ်တွင် မှောက်လျက်သား ဖြစ်နေပြီး သေးငယ်သော ခြေထောက်လေးများပေါ်တွင် လိမ္မော်ရောင် ဝတ်မှုန်များ ပေကျံနေ သည်။

"မဟုတ်သေးပါဘူး "

ဒါက အဓိက အချက် မဟုတ်ပါချေ။

အဓိက အချက်မှာ သူ့တွင် ခြေထောက်တွေ အများကြီး ရှိနေခြင်းပင်။

ကျောပေါ်တွင်လည်း အတောင်ပံ တစ်စုံ ရှိနေသကဲ့သို့ ခံစားရသည်။

ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်နှင့် အဝါရောင် ရောနှောနေသော အစင်းကြောင်းများရှိနေ၏။

ချီယန် သည် တံတွေး တစ်ချက် မြိုချလိုက်ပြီး ပတ်ဝန်းကျင်တွင် အလုပ်ရှုပ်နေကြသောပျားလေးများကို ကြည့်လိုက်သည်။

'သူက လူသား မဟုတ်တော့ဘူး ထင်တယ်'

လေပြေလေး တိုက်ခတ်သွားရာ သူ့ ကိုယ်အောက်ရှိ ပန်းပွင့်လေး ယိမ်းထိုးသွားသကဲ့သို့ သူသည်လည်း လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရ၏။

'ဝီ ဝီ ဝီ'

ပျားတစ်ကောင်က သူ့အနီးသို့ ပျံသန်းလာပြီး တစ်စုံတစ်ရာကို ဆက်သွယ် ပြောဆိုနေသကဲ့သို့ ရှိနေသည်။

ချီယန် "......"

ပျား 'ဝီ ဝီ ဝီ'

ချီယန် "......"

'ဘာသာရပ် အားလုံးထဲမှာ တိရစ္ဆာန်တွေနဲ့ စကားပြောရတဲ့ ဘာသာရပ်မျိုးတော့ မရှိလောက်ပါဘူးနော်'

'သူက တိရစ္ဆာန်ဆေးကု တက္ကသိုလ်ကို လျှောက်ထားတာမှ မဟုတ်တာ'

ထိုပျားလေးသည် ခဏမျှသာ ရပ်နားပြီးနောက် ပြန်လည် ပျံသန်းသွားတော့၏။

၎င်းမှာတစ်စုံတစ်ရာကို မှာကြားသွားသည့် ပုံစံမျိုးပင်။

ချီယန် "......"

'တကယ်ပဲ ဘာတွေ ပြောသွားတာလဲဟ ဒါများ စာမေးပွဲ မေးခွန်းလား'

ဤအချက်ကို တွေးမိသောအခါ ချီယန် သည် ခဏမျှ ငြိမ်သက်သွား၏။

'ဒီစာမေးပွဲခန်းက ဒီလောက်ထိတော့ ရူးကြောင်ကြောင် မနိုင်လောက်ပါဘူး မေးခွန်းတောင် မကြားရဘူးဆိုတာ ဖြစ်နိုင်ပါ့မလား'

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်သည်။

ထို့နောက်ချီယန် သည် ကျောပေါ်ရှိ အတောင်ပံများကို ခတ်ကာ အပေါ်သို့ ပျံတက်ရန် ကြိုးစားကြည့်၏။

သူစတင် ပျံသန်းချိန်တွင် ယိမ်းထိုးနေပြီး အောက်ဘက်ရှိ ရေအိုင်ထဲသို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။

အကြိမ်အနည်းငယ် ကြိုးစားပြီးမှသာ အောင်မြင်စွာ ပျံသန်းနိုင်သွားတော့၏။

ကောင်းကင်ယံသို့ ရောက်ရှိသွားသောအခါ မြင်ကွင်းကလည်း ကျယ်ပြန့်သွားတော့သည်။

အခြား ပျားများ၏ အမြင်အာရုံက မည်သို့ ရှိမည်ကို သူ မသိသော်လည်း သူ မြင်တွေ့နေရသည်မှာ လူသားဘဝက မြင်တွေ့ရသည်နှင့်များစွာ မကွာခြားပါချေ။

သူ စောစောက ရောက်နေသည့် နေရာမှာ ပန်းခင်းကြီး တစ်ခု ဖြစ်ပြီး အဝေးသို့ ဆက်လက် ပျံသန်းသွားပါက ပန်းများ ပွင့်နေသော သစ်ပင်အချို့ကို တွေ့မြင်ရ၏။

အဖြူရောင် ပန်းပွင့်လေးများ၊ အစိမ်းရောင် ဝတ်ဆံလေးများဖြင့် ပွင့်လန်းနေသော ထိုပန်းလေးများသည် စိမ်းလန်းသော ပတ်ဝန်းကျင်တွင် ထင်ရှားနေပြီး သင်းပျံ့သော ရနံ့များကို ထုတ်လွှင့်နေပေသည်။

ထိုအခါချီယန် သည် မနေနိုင်ဘဲ အနံ့ကို နှစ်ချက်လောက် ထပ်ရှူရှိုက်မိသွား၏။

ထိုသစ်ပင်များအနီး တစ်ပတ်ခန့် ပျံသန်းပြီးနောက် ရုတ်တ ရက် သက်ပြင်းချလိုက်မိတော့သည်။

အညိုရောင် သစ်ပင်စည်ပေါ်တွင် သူ မေးခွန်းကို တွေ့လိုက်ရပြီ ဖြစ်၏။

'အသီးသီးခြင်း'

တရုတ်စာလုံးများက ဤမျှ ရင်းနှီးဖို့ ကောင်းမှန်း ပထမဆုံး အကြိမ် ခံစားလိုက်ရခြင်းပင်။

'ဝီ ဝီ ဝီ' ဆိုသည်များထက် အများကြီး နားလည်ရ လွယ်ကူလှပေသည်။

'အသီးသီးခြင်း ဆိုတာ ပန်းပွင့်ပြီး အသီးသီးတာကို ပြောတာလေ'

'ပြီးတော့ သူက ပျားတစ်ကောင် ဖြစ်နေတယ်'

' ဒါဆို ဒီနေရာက ဇီဝဗေဒ စာမေးပွဲခန်းဖြစ်ရမယ်'

"ပန်းပွင့်ပြီး အသီးသီးအောင် ဘယ်လိုလုပ်ရမလဲ ဝတ်မှုန်ကူးပေးရမှာလား"

ချီယန်သည် အပြင်းအထန် စဉ်းစားနေမိ၏။

' အစီအစဉ် တစ်ခုခုမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ ကြားဖူးသလိုလို ရှိနေသည်'

' ပျားတွေက ပန်းဝတ်ရည် စုပ်ရင်းနဲ့ ပန်းတွေကို ဝတ်မှုန်ကူးပေးနိုင်တယ် ဆိုတာကိုလေ'

'ဒါပေမယ့် ဘယ်လို ကူးပေးရမှာလဲ'

'ပြီးတော့ ဒီနေရာမှာ သစ်ပင်တွေ အများကြီးပဲ'

'အားလုံးကို ဝတ်မှုန်ကူးပေးရမှာလား'

ချီယန်သည် သူ့ သေးငယ်သော ခြေထောက်လေးများကို ကြည့်လိုက်မိ၏။

'စာမေးပွဲခန်းထဲက မထွက်ရသေးခင် ငါ အရင် ပင်ပန်းပြီး သေသွားလောက်တယ်'

'ဝီ ဝီ ဝီ' 'ဝီ ဝီ ဝီ'

မကြာမီအတောင်ပံခတ်သံများက ဘေးနားမှထွက်ပေါ် လာ၏။

ထိုအခါချီယန်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏစဉ်းစားကာ အရှေ့မှ ပျားလေးနောက်သို့ လိုက်သွားလိုက်သည်။

သူသည် ထိုပျားလေးနှင့်အတူ ပန်းဝတ်ဆံများကြားသို့ တိုးဝင်ကာ အတွင်းရှိ ဝတ်မှုန်များကို တဖြည်းဖြည်း ခြစ်ယူနေ၏။

အချိန်အတော်ကြာလုပ်ဆောင်ပြီးမှသာ အနည်းငယ်မျှ ရရှိတော့သည်။

သူ၏ ခြေထောက်လေး တစ်ချောင်းစာလောက်ပဲ ရှိတာမို့ သွားကြားညပ်ဖို့တောင် မလောက်ပါချေ။

ပန်းအနည်းငယ်ခန့် ဝတ်မှုန်ကူးပြီးနောက် ချီယန် သည် ထိုပျားလေးနှင့်အတူ ပျားအုံသို့ရောက်ရှိသွား၏။

သို့သော် ပျားအုံသို့ ရောက်သောအခါ နောက်ထပ် မေးခွန်းတစ်ခုကို တွေ့လိုက်ရပြန်သည်။

'ပျားရည်'

ချီယန် "......"

ပျားရည်တော့ သူ သေချာပေါက် မဖော်စပ်တတ်ပါချေ။

အများဆုံး လုပ်ပေးနိုင်တာက ဝတ်မှုန်တွေ ပိုရှာပေးဖို့ပဲ ရှိတော့သည်။

ချီယန် က တီးတိုး ရေရွတ်လိုက်၏။ "ဒီအဆင့်က ကာယစာမေးပွဲများ ဖြစ်နေမလားလို့ ငါ သံသယ ဝင်လာပြီ ဖူကျဲကိုသာ လာစမ်းခိုင်းရမှာ"

-----

"ဖူကျဲ ဟုတ်သလား"

ဖူကျဲ မှာ ယခုအချိန်တွင် ပို၍ပင် အလုပ်ရှုပ်နေပြီး ပြာယာခတ်နေပေသည်။

သူက ဓာတုဗေဒ စာမေးပွဲကို ဖြေဆိုနေခြင်းဖြစ်၏။

သို့သော် ဤစာမေးပွဲခန်းက တစ်ခုခုများ မှားနေသလားဟု သူ အလွန် သံသယဝင်နေမိသည်။

'ဓာတုဗေဒ စာမေးပွဲ ဆိုရင်လည်း ဓာတုဗေဒ အတိုင်းပေါ့၊ ဘာလို့ Zombie တွေပါ ထွက်လာရတာလဲ'

'ဝုန်း '

မလှမ်းမကမ်းတွင် လက်ပြတ်ခြေပြတ် ဖြစ်နေသော Zombie များက ဤဘက်သို့ ဟိန်းဟောက်ကာ ဝင်လာနေကြ၏။

တစ်ကိုယ်လုံးရှိ အသားစများက လျော့ရဲနေပြီး ခန္ဓာကိုယ်ပေါ်တွင် တွဲကျနေကာ အလွန်ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ပါးစပ်ဟလိုက်ချိန်တွင် သူတို့၏ သွားကြားထဲမှ အသားစများကိုပင် ဖူကျဲ မြင်တွေ့နိုင်သကဲ့သို့ ရှိ၏။

ထိုအခါ ဖူကျဲမှာလန့်ဖျပ်သွားသည်။ "သောက်ကျိုးနည်း၊ စာမေးပွဲခန်းက ချို့ယွင်းနေတာလား စာမေးပွဲခန်းမှာ Bug ဖြစ်နေတာလား"

သူ အရင်က ကျက်မှတ်ထားခဲ့သော ဓာတုဗေဒ အချက်အ လက်များကို တိုက်ရိုက် အသုံးပြု၍ မရတော့ကြောင်းကို ဖူကျဲ သတိထားမိလိုက်သည်။

သူသည် နောက်သို့ လှည့်ကာ အရှေ့ရှိ စားပွဲများပေါ်တွင် တင်ထားသော ပုလင်းမျိုးစုံကိုကြည့်လိုက်သည်။

အပေါ်တွင် အမည်များ ရေးသားထားသော စတစ်ကာများ ကပ်ထား၏။

"ငါ့အသက်ကို ကယ်ဖို့ ဒီပစ္စည်းတွေကို ကိုယ်တိုင်အသုံးပြုရမှာလား"

စာမေးပွဲများထဲတွင် သူ အကြောက်ဆုံးမှာ လက်တွေ့လုပ် ဆောင်ရခြင်းပင် ဖြစ်၏။

ထို့ပြင်ယခုက ပညာရပ်၏စွမ်းအားကိုတောင် ကန့်သတ်ထားသေးသည်။

ထို့ကြောင့်ဖူကျဲ သည် 'ကျွတ်' ဟု အသံပြုလိုက်ပြီး 'အသက်ရှင်ဖို့၊ အသက်ရှင်ဖို့' ဟုသာ တွေးနေမိတော့သည်။

' ဒီပုလင်းတွေနဲ့ ဘယ်လိုလုပ် အသက်ရှင်အောင် လုပ်ရမလဲ'

'တိုက်ရိုက် ကောက်ပေါက်ရမှာလား'

'ဒါဆိုရင် ဓားတစ်လက် ပေးတာကမှ ပိုကောင်းဦးမယ်၊ အနည်းဆုံးတော့ ခုတ်လို့ ရသေးတယ်လေ'

' တကယ်လို့ အဆင်မပြေဘူး ဆိုရင်တောင် နောက်ဆုံးကျရင် နာကျင်မှု သက်သာအောင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လို့ ရသေးတယ်'

ဖူကျဲ၏ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်နေ၏။

'ကဗျာတွေလား မဟုတ်ဘူး၊ ဓာတုဗေဒနဲ့ သက်ဆိုင်တာတွေပဲ သုံးလို့ရမယ်'

'အသိပညာရေ မြန်မြန်လေး အစွမ်းပြပါတော့'

'မဟုတ်ရင် သူ တကယ် သေရတော့မယ်'

-----

[စစ်မြေပြင်နဲ့ မျိုးဗီဇပြောင်း ပျားတွေက အတော်လေး ရင်ခုန်ဖို့ ကောင်းနေပြီ ထင်ထားတာ၊ လခွမ်း၊ ဒီထက် ပိုရင်ခုန်စရာ ကောင်းတာတွေ ရှိသေးတာပဲ]

[သေပါပြီ၊ သေပါပြီ Zombie တွေတောင် ထွက်လာပြီပဲ]

[သူ တစ်ယောက်တည်းလား၊ ကူညီမယ့်သူ မရှိဘူးလား ဒါသာ ငါဆိုရင် မေးခွန်းဖြေဖို့ မပြောနဲ့၊ ဦးနှောက်ထဲမှာ ဘာမှတောင် ရှိတော့မှာ မဟုတ်ဘူး]

ကြည့်ရှုသူများမှာလည်း မျက်လုံးပြူးကာ အံ့သြနေကြတော့၏။

ဤ Zombie မြင်ကွင်းကြီးထဲတွင် သေနတ်လည်းမရှိ၊ ဓားလည်းမရှိဘဲ ဘယ်လိုလုပ် အသက်ရှင်ရမည်နည်း။

[Zombie တွေနဲ့ ပုန်းတမ်းတမ်း ကစားရမှာလား]

[ ဂိမ်းကစားတာကို ထားလိုက်ပါတော့၊ တကယ့် လက်တွေ့မှာဆို ခြေထောက်တွေတောင် ပျော့ခွေနေလောက်ပြီ]

[ဗုံး ဖောက်ခွဲပစ်! ဓာတုဗေဒက အန္တရာယ်များတယ် ဆိုတာ ပေါက်ကွဲလွယ်လို့လေ]

[စာမေးပွဲ ဖြစ်တဲ့အတွက် သေချာပေါက် အသေပိတ်ထားတဲ့ မေးခွန်းမျိုးတော့ မဖြစ်နိုင်ဘူး]

[အက်ဆစ်နဲ့ အယ်လ်ကာလီဆိုရင် ဓာတုတုံ့ပြန်မှု ဖြစ်စေနိုင်တယ်၊ ပြီးတော့ တုံ့ပြန်မှုက အရမ်း ပြင်းထန်ပြီး ဓာတုလောင် ကျွမ်းမှုကိုပါ ဖြစ်စေနိုင်တယ်]

-----

"ဗုံး၊ ဟုတ်တယ် ဗုံးလုပ်ရမယ်"

ဦးနှောက်ထဲ ဟာလာဟင်းလင်း ဖြစ်နေစဉ် ပုလင်းအချို့ကို စမ်းသပ် ကိုင်တွယ်ကြည့်ပြီးနောက် ဖူကျဲသည် နောက်ဆုံးတွင် ဤအချက်ကို စဉ်းစားမိသွားတော့၏။

ယခင် ဓာတုဗေဒ လက်တွေ့ အတန်းများတွင်လည်း သူ၏ အမှားများကြောင့် ပေါက်ကွဲမှု သေးသေးလေးများ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

ထိခိုက်မှု အားနည်းရုံမျှသာ ရှိခဲ့ခြင်း ဖြစ်၏။

'ပေါက်ကွဲမှု၊ ပေါက်ကွဲမှု'

"ဘာနဲ့ ဘာနဲ့ ရောရင် တုံ့ပြန်မှု ဖြစ်ပြီး ပေါက်ကွဲနိုင်မလဲ" ထိုသို့တွေးကာဖူကျဲ သည် ပြာယာခတ်နေတော့၏။

'ဝုန်း'

ယခုအခါ Zombie များက တစ်လှမ်းချင်း နီးကပ်လာနေပြီ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများလည်း အလွန် စိုးရိမ်ပူပန်နေကြတော့၏။

[မီသိန်း နဲ့ မီးပွင့် တွေ့ရင် ဓာတ်ငွေ့ထုထည်ကို ရုတ်တရက် ကျယ်ပြန့်သွားစေပြီး ပေါက်ကွဲမှုကို ဖြစ်စေနိုင်တယ်]

[နိုက်ထရိုဂျင် ထရိုင်အိုင်အိုဒိုက်က မင်း လက်နားလေးမှာပဲ၊ အဲဒါကလည်း ပေါက်ကွဲမှုကို ဖြစ်စေနိုင်တယ်]

All Chapters