← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

🫧 Chapter 285

ကျန်းလင်သည် ကောင်းကင်ယံအနှံ့ ပျံသန်းနေသော မေးခွန်းလွှာများနှင့် လေ့ကျင့်ခန်းများကို ကြည့်ကာ မေးလိုက်၏။

ကျန်းလင် "ဒါကရော ဘာစည်းမျဉ်းလဲ"

ရှင်းယာ နှင့် စာပေပညာရှင် ဝိညာဉ်တမန်တော် တို့ကမူ ဘေးတွင် တည်ငြိမ်စွာ ရပ်နေကြသည်။

ကျောင်းသား အချို့ ငိုယိုနေသည်ကို မြင်သော်လည်း ဝင်ရောက် ကူညီမည့် အရိပ်အယောင် မရှိပါချေ။

ကျန်းလင် သည် သူတို့၏ ဤအမူအရာကို မြင်လိုက်ရမှသာ အသက်အန္တရာယ် မရှိနိုင်ကြောင်း ခန့်မှန်းမိပြီး ဝင်မကူညီခဲ့ခြင်း ဖြစ်၏။

ရှင်းယာ "ဘာမှမဖြစ်ပါဘူး၊ စာမေးပွဲကြီးမှာ ကျသွားလို့ တစ္ဆေနယ်မြေရဲ့ စည်းမျဉ်းအရ အိမ်စာ ပေးထားတာပါ အသက်အန္တရာယ် မရှိပါဘူး"

ရှင်းယာ သည် အတိုချုပ် ရှင်းပြလိုက်ပြီးနောက် သူမ သိချင်နေသည်ကို မေးလိုက်၏။

ရှင်းယာ "မင်း ခုနက အပြင်ကို အောင်အောင်မြင်မြင် ထွက်သွားနိုင်ခဲ့တာလား"

ထိုစကားကို ကြားသောအခါ စာပေပညာရှင် ဝိညာဉ်တမန်တော်၏ယပ်တောင်ခတ်နေသော လက်မှာ ရပ်တန့်သွားပြီး ဤဘက်သို့ လှမ်းကြည့်လာသည်။

သူတို့သည် စောစောက အပြင်သို့ မထွက်နိုင်ခဲ့ကြသဖြင့် ယခင်က ခန့်မှန်းချက်ကို အတည်မပြုနိုင်ခဲ့ပါချေ။

ကျန်းလင် "အင်း၊ အမှတ်ပြည့်ရရင် ထွက်လို့ရတယ် ဆိုတဲ့ ကောက်ချက်က အမှန်ပဲ"

ကျန်းလင် ခေါင်းညိတ်လိုက်ပြီး ဖုံးကွယ်မထားပါချေ။

တစ္ဆေနယ်မြေမှ ကန်ထုတ်ခံလိုက်ရချိန်တွင် သူ မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို အတိုချုပ်ပြန်ပြောပြလိုက်၏။

ခေါင်းပေါ်တွင် Iron man အရုပ် တင်ထားသော ဖူကျဲ၊ မိန်းကလေး ဝတ်စုံ ဝတ်ဆင်ထားသော ချီယန် နှင့် ခြေလှမ်းတိုင်း ပိုက်ဆံတွေ ထွက်လာသော ဟန်စစ်စစ်။

ထို့အပြင် ဤတစ္ဆေနယ်မြေကို ဖန်တီးခဲ့သူ ဝမ်မု အကြောင်းကိုပါပြောပြလိုက်သည်။

ရှင်းယာ "ဒီလိုဆိုတော့ သူ့ရဲ့ စွဲလမ်းမှုက ဒီကလေးတွေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲရောက်တဲ့အထိ စောင့်ရှောက်ပေးဖို့ပဲ"

စာပေပညာရှင် ဝိညာဉ်တမန်တော်က ယပ်တောင်ကို သိမ်း ဆည်းလိုက်ပြီး သက်ပြင်းချသံပါဝင်နေသော လေသံဖြင့် ပြောလိုက်၏။

"မူလ ရည်ရွယ်ချက်က ကောင်းပေမယ့် ဒီတိုင်း ဆက်သွားနေရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဖို့ အသာထား၊ သူတို့ အသက်တောင် ရနိုင်တော့မှာ မဟုတ်ဘူး"

ဝိညာဉ်သုံးပါးစလုံး အရှေ့သို့ လှမ်းကြည့်လိုက်ကြသည်။

သူတို့ စကားပြောနေသည့် ဤခဏတာ အချိန်လေးအတွင်းမှာပင် ကျောင်းသား အားလုံးကို လေ့ကျင့်ခန်းစာရွက်များ သို့မဟုတ် မေးခွန်းလွှာများက အမီလိုက်သွားခဲ့ပြီ ဖြစ်၏။

တစ်ယောက်ချင်းစီတိုင်းသည် လေထဲတွင် ထိုင်ခုံပေါ် ထိုင်နေရသကဲ့သို့ မြင်းစီးဟန်ဖြင့် ထိုင်ကာ မေးခွန်းဖြေဆိုသည့် မုဒ်သို့ အတင်းအကျပ် ဝင်ရောက်နေကြရသည်။

တစ်ယောက်ချင်းစီ၏ အရှေ့တွင် အနည်းဆုံး ငါးနှစ်စာ မေးခွန်းဟောင်းများနှင့် သုံးနှစ်စာ လေ့ကျင့်ခန်း စာအုပ်ကြီး တစ်အုပ်၊ နှစ်အုပ်ခန့်စီ ရှိနေကြ၏။

ချီယန် တို့ သုံးယောက်သည် အတူတကွ အချိန်အတန်ကြာ ထွက်ပြေးခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ အဖမ်းခံလိုက်ရပြီး မျက်နှာငယ်လေးများဖြင့် မေးခွန်းများကို စတင် ဖြေဆိုနေကြရတော့သည်။

ဖူကျဲ "မေးခွန်း ဖြေခိုင်းရင်လည်း ဖြေခိုင်းပေါ့၊ ဘာလို့ မြင်းစီးဟန် ထိုင်ခိုင်းရတာလဲ"

ဖူကျဲ သည် နှုတ်ခမ်းစူကာ ပြောလိုက်၏။

ဟန်စစ်စစ် "မင်းကို ထိုင်ခုံပေးရင်လည်း မင်းက ငြိမ်ငြိမ်ထိုင်နေမှာ မဟုတ်ဘူးလို့ ထင်လို့ နေမှာပေါ့"

ဖူကျဲ "ငါ့ကို ဘယ်လိုများ အထင်သေးနေတာလဲ ထိုင်ခုံလေးများ၊ ငါက ထိုင်ပြီး မေးခွန်းဖြေရတာကို အကြိုက်ဆုံးပဲ မေးခွန်းဖြေရတာက ငါ့ကို ပျော်ရွှင်စေတယ်ကွ"

'ဖြန်း'

သို့သော်ဖူကျဲ၏ စကားဆုံးသည်နှင့် သူ့ အရှေ့တွင် ၅ နှစ်စာ မေးခွန်းဟောင်း စာအုပ်ကြီး နောက်တစ်အုပ် ထပ်မံကျရောက်လာတော့၏။

ဖူကျဲ "......"

ချီယန် "အဟွတ် အဟွတ် အဟွတ်"

ချီယန်သည် လက်တစ်ဖက်ဖြင့် မေးခွန်းဖြေရင်း ကျန်လက်တစ်ဖက်ဖြင့် လက်သီးဆုပ်ကာ ပါးစပ်ကို ကာထားလိုက်၏။

၎င်းမှာအလွန် သနားစရာကောင်းသော မြင်ကွင်း ဖြစ်နေပါလျက်နှင့် သူ ဘာကြောင့် ရယ်ချင်နေရသနည်း။

……

မလှမ်းမကမ်းတွင် ဝိညာဉ်တမန်တော် သုံးပါးသည် သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။

ရှင်းယာ "သူတို့ကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးတဲ့အထိ ဒီအထဲမှာ အမြဲတမ်းထားထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

ထို့နောက်ရှင်းယာ အကြည့်ကို ရုပ်သိမ်းကာ ပြောလိုက်သည်။

ရှင်းယာ "အသက်အန္တရာယ် ရှိတယ်လေ၊ ပြီးတော့ တကယ်လို့ အဲဒီအချိန်ထိသာ စောင့်ရမယ် ဆိုရင် နောက်ထပ် ကျောင်းသားအသစ်တွေ ထပ်ပြီး ဆွဲသွင်းခံရနိုင်တယ်"

စာပေပညာရှင် ဝိညာဉ်တမန်တော် က ယပ်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်ပြီး "နောက်ထပ် ပြဿနာ တစ်ခု ရှိသေးတယ်"

စာပေပညာရှင် ဝိညာဉ်တမန်တော် "သူ့ကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရောက်တဲ့အထိ ဒီကလေးတွေကိုစောင့် ရှောက်ခွင့် ပေးလိုက်ရင်တောင်မှ တစ္ဆေနယ်မြေက တကယ်ပဲ ပျက်ပြယ်သွားမလား ဆိုတာကို ငါတို့ သေချာ မသိနိုင်ဘူး"

ဤနေရာတွင် သေးငယ်သော ထောင်ချောက်လေး တစ်ခု ရှိနေပေသည်။

ဝမ်မု သည် ထိုကလေးများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရောက်သည်အထိ ကိုယ်တိုင်ကိုယ်ကျအနီးကပ်စောင့်ရှောက် ချုပ်နှောင်ထားချင်တာလား သို့မဟုတ် သူတို့ကို ဘေးကင်းလုံခြုံစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်စေချင်တာလား ဆိုသည်ပင်။

အကယ်၍ ပထမ အချက်သာ ဆိုပါက ချီယန်တို့ သုံးယောက်ကို တစ္ဆေနယ်မြေထဲတွင် အမြဲတမ်းထားရှိခြင်းဖြင့် အသက်အန္တရာယ် ကြုံတွေ့လာရနိုင်သည်။

ထိုအချိန်ရောက်လျှင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်မည်လား ဆိုသည်ကပင် ပြဿနာ တစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့သော် ဒုတိယ အချက်သာ ဆိုပါက သူတို့သည် ကျောင်း သားများကို အပြင်သို့ ထုတ်ပေးပြီး စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုစေရမည် ဖြစ်၏။

တစ္ဆေနယ်မြေထဲတွင် ပိတ်လှောင်ထားပြီး တစ္ဆေနယ်မြေက ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်နေရမည် မဟုတ်ပါချေ။

ထိုသို့ဆိုလျှင် သူ့ စွဲလမ်းမှုကို ဖြေဖျောက်ပေးလိုက်နိုင်ပြီဟု သတ်မှတ်၍ ရနိုင်မည်လော။

သူ၏ စွဲလမ်းမှုက ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်ပေးရမည်လား၊ သို့မဟုတ် ဤကလေးများကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကောင်းမွန်စွာ ဖြေဆိုစေရမည်လော။

ဤအချက်ကို သူတို့ သေချာ စဉ်းစားရန် လိုအပ်ပေသည်။

စာပေပညာရှင် ဝိညာဉ်တမန်တော် "တကယ်လို့ ဝမ်မု သာ အသက်ရှင်နေသေးတယ် ဆိုရင် သူ့ရဲ့ ပုံမှန် တွေးခေါ်မှုအရ 'ကျောင်းသားတွေ ဘေးကင်းလုံခြုံစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်ဖို့' ကိုပဲ အဓိကထားမှာ သေချာတယ်၊ ဒါပေမယ့် ပြဿနာက"

စာပေပညာရှင် ဝိညာဉ်တမန်တော် သည် စကားကို ဆက်မပြောတော့သော်လည်း ကျန်းလင် နှင့် ရှင်းယာ တို့ကမူ သဘောပေါက်သွားကြ၏။

ပုံမှန် တွေးခေါ်မှုအရဆိုလျှင် ဤသို့ပင် ဖြစ်သော်လည်း ပြဿနာမှာ ဝမ်မုသည် ယခုအခါ အသိစိတ်လွတ်ကာ တစ္ဆေနယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မည်သည့်နည်းလမ်းက စွဲလမ်းမှုကိုဖြေဖျောက်နိုင်မည် ဆိုသည်ကို တိတိကျကျ ပြော၍မရနိုင်တော့ပါချေ။

အကယ်၍ သူက ကျောင်းသားများ အားလုံးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးသည်အထိ တစ္ဆေနယ်မြေထဲတွင်သာ နေစေချင်နေပါက မည်သို့ လုပ်မည်နည်း။

ကျန်းလင် "သူက အသိစိတ် လွတ်သွားပြီ ဆိုမှတော့ ငါတို့က သူ့ရဲ့ အကြံအစည်အတိုင်း လိုက်လုပ်ပေးနေစရာမလိုပါဘူး"

ကျန်းလင် ခဏမျှ စဉ်းစားပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။

ကျန်းလင် "ငါ့ရဲ့ ရွေးချယ်မှုကတော့ လူတွေကို အရင် ကယ်မယ်"

အကယ်၍ ကျောင်းသားများ အပြင်သို့ရောက်သွားပြီးနောက် တစ္ဆေနယ်မြေ မပျက်ပြယ်သွားသေးပါက အခြား နည်းလမ်းကို ထပ်စဉ်းစားကြမည်။

အကယ်၍ လုံးဝ မရတော့ပါက ဤတာဝန်ကို စွန့်လွှတ်လိုက်မည်။

ကျောင်းသားများ အားလုံး အပြင်သို့ ရောက်သွားပြီးနောက် တာဝန်ပေးစင်တာမှ ဝိညာဉ်တမန်တော်များကို အင်အားသုံး၍ ဖြိုခွင်းခိုင်းလိုက်မည်။

လူ့အသက်ကို လောင်းကြေးအဖြစ် အသုံးပြု၍ မရနိုင်ပါချေ။

ယခုမူ ကျန်းလင်သည် ရှင်းယာနှင့် စာပေပညာရှင် ဝိညာဉ်တမန်တော်တို့ကို ကြည့်လိုက်၏။

ယခုတော့ သူတို့ မည်သို့ တွေးမည်ကို ကြည့်ရတော့မည်။

အကယ်၍ သူ ဤသို့ လုပ်ဆောင်လိုက်ပါက သူတို့၏ တာဝန်များလည်း ပျက်ပြယ်သွားမည်ကို ဆိုလိုနေသည် မဟုတ်ပါလော။

ရှင်းယာနှင့် စာပေပညာရှင် ဝိညာဉ်တမန်တော် တို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး အနည်းငယ် အံ့အားသင့်သွားကြ၏။

ဤနေရာသည် တောင်ဘက်နန်းဆောင်၏ နယ်မြေဖြစ် သည်။

ချီယန်တို့ အဖွဲ့သည်လည်း တောင်ဘက်နန်းဆောင်၏ လူများ ဖြစ်ပြီး သေဆုံးသွားပါကလည်း တောင်ဘက်နန်းဆောင်၏ ဝိညာဉ်များသာဖြစ်လာမည်လေ။

ကျန်းလင် ဤမျှ မြန်ဆန်စွာ ဆုံးဖြတ်ချက်ချနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပါချေ။

တာဝန်ကို စွန့်လွှတ်လိုက်ရလျှင် နှမြောစရာကောင်းမည်၊ မကောင်းမည်ကို လုံးဝတွေဝေခဲ့ပုံ မပေါ်ပေ။

အဘယ်ကြောင့်ဆိုသော် အထူးအဆင့် တာဝန်၏အကျိုး ဆောင်ခမှာ သူတို့အတွက်ပင် အလွန်များပြားလှပေသည်။

မှန်ပေသည်၊ ပထမဆုံး အကြိမ် တွေ့ဆုံကတည်းက ကျန်းလင်သည် အရှေ့ဘက်နန်းဆောင်မှ လာသူဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြ၏။

မည်သို့ပင်ဆိုစေ တောင်ဘက်နန်းဆောင် အတွင်းရှိ ဝိညာဉ်သခင် အဆင့် သို့မဟုတ် ထိုအထက် အဆင့်ရှိသော ဝိညာဉ်တမန်တော် အားလုံးကို သူတို့ အခြေခံအားဖြင့် မြင်ဖူးကြသည်။

ပြီးတော့ မကြာသေးမီက ငရဲပြည်သည် အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် တစ်ပါးကို ချိတ်ပိတ်ရေး လုပ်ငန်းစဉ်များ လမ်းညွှန်ပြသပေးရန် ဖိတ်ခေါ်ထားခဲ့ကြောင်းကို ဆက်စပ်တွေးကြည့်လိုက်လျှင် ကျန်းလင်သည် မည်သည့်နေရာမှ လာသူဖြစ်ကြောင်း ခန့်မှန်းရ မခက်ခဲပါချေ။

စာပေပညာရှင် ဝိညာဉ်တမန်တော် က ပြုံးလိုက်ပြီး "ကြည့်ရတာ မင်းမှာ သူတို့ကို အပြင်ခေါ်ထုတ်သွားဖို့ နည်းလမ်း ရှိနေပြီပဲ ကျွန်တော့်ဘက်က သဘောတူပါတယ်" ဟု ပြောလိုက်၏။

ရှင်းယာ က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး "ငါ ဒီတာဝန်ကို လုပ်နေတာ မူလကတည်းက အချိန်လွန်နေပြီ၊ ငါလည်း သဘောတူတယ်" ဟု ပြောလိုက်သည်။

ငရဲပြည် နယ်မြေ လေးခုသည် အချင်းချင်း ဆက်သွယ်မှု မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

တစ်ဖက်နှင့် တစ်ဖက် မှတ်တမ်းတင်ထားမှုများနှင့် အထင်အမြင်များမှာလည်း အလွန်နည်းပါးလှပေသည်။

ကောလာဟလများအရ ဆိုလျှင် အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များသည် သတ္တိကြောင်ပြီး ရှေးရိုးစွဲကြသည်၊ စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာကြသည် ဟု ဆိုကြ၏။

"ဟားဟားဟား၊ ငါလည်း သဘောတူတယ် ငါတို့ကို မြန်မြန် အပြင်ထုတ်ပေးပါ! ဒီက စည်းမျဉ်းတွေက တော်တော် စိတ်ညစ်ဖို့ ကောင်းတယ်"

လူသန်ကြီး ဝိညာဉ်တမန်တော်သည် မည်သည့်အချိန်က ကျန်းလင် နောက်သို့ ရောက်လာမှန်း မသိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။

သူသည် ကျန်းလင်ပခုံးကို ပုတ်ကာ ပွင့်လင်းစွာ ပြောလိုက်သည်။

လူသန်ကြီး "ကြည့်ရတာ အရှေ့ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေကလည်း သွေးဆူတတ်သားပဲ ဟားဟားဟား"

လူသန်ကြီး "ယောကျာ်းမှန်ရင် ဝင်ချလိုက်လေ၊ သူ့ကို ဘာကြောက်နေရမှာလဲ"

လူသန်ကြီး၏အမြင်အရ အခြားသူများကို စတေးပြီးမှ ရယူရမည့် အောင်ပွဲဆိုသည်မှာ အောင်ပွဲစစ်စစ် မဟုတ်ပါချေ။

ယောက်ျားစစ်စစ် ဆိုလျှင် ထိုကျောင်းသားများကို အပြင်သို့ ထုတ်ပေးလိုက်ရမည်။

ပြီးမှ သူတို့က ဒီတစ္ဆေနယ်မြေနဲ့ အပြတ်အသတ် ဝင်ချကြမည် မဟုတ်ပါလော။

ကျန်းလင် "ကောင်းပြီ၊ ဒါဆို သူတို့ကို အပြင်ထုတ်သွားဖို့ နည်းလမ်းကို ငါ့တာဝန်ထားလိုက် ခုနစ်ရက်ပြည့်ရင် ငါတို့ အားလုံး အပြင်ထွက်ကြမယ်"

တစ္ဆေနယ်မြေ၏ ခုနစ်ရက် ဆိုသည်မှာ လူ့လောက၏ နှစ်ရက်၊ သုံးရက်ခန့်သာ ကြာမြင့်မည် ဖြစ်၏။

အရေးကြီး ကိစ္စများကို ဆွေးနွေးပြီးနောက် ကျန်းလင် သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။

ကျန်းလင် "မင်းတို့ ဘယ်လောက်ရလဲ"

ထိုစကားကို ကြားသောအခါ

လူသန်ကြီးက ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး 'ဟားဟားဟားဟား' ဟု အသံရှည်ကြီးဖြင့် ရယ်မောလိုက်ကာ "ဒီလိုပါပဲကွာ" ဟု ပြန်ဖြေလိုက်၏။

ရှင်းယာ ပခုံးတွန့်ကာ အနည်းငယ် စိတ်ညစ်နေသည့် ဟန်ဖြင့် ပြောလိုက်သည်။

"တရုတ်စာက ငါ့ကို အမှတ် ၀.၅ မှတ် တိတိ ဖြတ်သွားတယ်"

စာပေပညာရှင် ဝိညာဉ်တမန်တော်က ယပ်တောင်ကို သိမ်းဆည်းလိုက်ပြီး ပြုံးကာ ပြောလိုက်၏။

"ကျွန်တော်ကတော့ထပ်ပြီး လေ့လာဖို့ လိုဦးမယ် ထင်တယ်၊ ဆယ်ဂဏန်းလောက် လိုသွားတယ်"

ဘာသာရပ် အားလုံးအမှတ်ပြည့် ရမှသာ အပြင်သို့ ထွက်နိုင်မည် ဖြစ်ရာ၊ သူတို့ မနေ့ညက တစ်ညလုံး အပြင်းအထန် စာပြန်နွှေးခဲ့ကြသော်လည်း အနည်းငယ် လိုအပ်သွားသေးသည်လေ။

မည်သို့ပင်ဆိုစေ တစ္ဆေနယ်မြေ၏မေးခွန်းများမှာ ကျပန်းဖြစ်ပြီး အကြိမ်တိုင်း စာမေးပွဲခန်းများကလည်း မတူညီကြပါချေ။

လူသန်ကြီးသည် ကျန်းလင်ပခုံးကို ပုတ်လိုက်ပြီး "ညီအစ်ကို၊ အပြင်ထွက်ရင် ငါ့ကိုပါ ခေါ်သွားဦးနော်၊ အခုတော့ တခြား သဲလွန်စတွေ ရှိမလားဆိုတာ ငါ အရင် သွားကြည့်လိုက်ဦးမယ်"

သူပြောပြီးသည်နှင့် တစ်ခဏအတွင်းမှာပင် အရိပ်အယောင် ပျောက်ကွယ်သွားတော့သည်။

ထိုစဥ် ကျန်းလင် လှမ်းမှာလိုက်ရသည်။

"ခုနစ်ရက် ပြည့်တဲ့နေ့၊ စာမေးပွဲကြီး မတိုင်ခင် ပြန်လာဖို့ မမေ့နဲ့နော်"

လူသန်ကြီး "ကောင်းပါပြီဗျာ”

🫧 Chapter 286

နောက်ရက်အနည်းငယ်တွင်

ကျန်းလင်၏ စီစဉ်မှုအရ၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ဆရာများသည် ထိုကျောင်းသား ခြောက်ယောက်ကို မေးခွန်းများ ဖြေဆိုစေပြီး ဘာသာရပ်အသီးသီး၏ အတန်းချိန်များကို အောင်မြင်စွာဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် အားလပ်ချိန် ရတိုင်း ထိုကျောင်းသားများကို စာသင်ပေးကာ ပညာရပ်ဆိုင်ရာအသိပညာများကို ဖြန့်ဝေပေးခဲ့ကြသည်။

ယခင်ကမူ ရှင်းယာ တစ်ယောက်တည်းသာရှိခဲ့သဖြင့် သူမအနေဖြင့် ခန္ဓာကိုယ် ခွဲ၍မရနိုင်ခဲ့ပါချေ။

တစ္ဆေနယ်မြေ၏ မျိုးစုံသော စည်းမျဉ်းများအောက်တွင် ကျောင်းသားများကို ကာကွယ်ပေးရမည်၊ စာလည်း သင်ပေးရမည် ဖြစ်သကဲ့သို့ အတန်းခွဲခြားခံရမည့် အခြေအနေကိုလည်း ရင်ဆိုင်ရမည် ဖြစ်၏။

အချိန်က အလွန်ကပ်လွန်းလှပေသည်။

ကျောင်းသားများ စာသင်ယူလျှင်တောင်မှ တစ်ပိုင်းတစ်စသာ သင်ယူနိုင်ခဲ့ကြ၏။

သို့သော် ယခုအခါတွင်မူ ကျန်းလင် ဝင်ရောက်ကူညီပေး လိုက်သဖြင့် ကျောင်းသား တစ်ယောက်ချင်းစီအတွက် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ တစ်လုံးစီ ခွဲဝေပေးထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုမြင်ကွင်းများနှင့် ကွန်မန့်များကို ကျန်းလင်က တစ္ဆေချီဖြင့် မှန်အဖြစ် ပြောင်းလဲကာ ပြသပေးထား၏။

ထိုသို့ဆိုလျှင် ကျောင်းသား အချို့ သီးခြား အတန်းခွဲခံရလျှင်ပင် အသက်အန္တရာယ် ရှိတော့မည် မဟုတ်ပါချေ။

ဤနည်းအားဖြင့် အတန်းချိန်အတွင်း၌ပင် ကျောင်းသားများအတွက် လုံလောက်သော သင်ယူချိန် ရရှိသွားတော့သည်။

ဖူကျဲ "စွမ်းအားရှင်ကြီး ရှိလာကတည်းက အမရှင်းက ငါ အတန်းထဲမှာ သေသွားမှာကို စိတ်ပူစရာ မလိုတော့ဘူး"

ဖူကျဲ "ခေတ်ရေစီးကြောင်းနဲ့ အညီ လူ့လောကက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွေလိုပဲ စွမ်းအားရှင်ကြီးဆိုတာ တကယ် မတူပါလား"

အတန်းချိန် တစ်ချိန်ပြီးတိုင်း အသက်ရှင်လျက် အောင်မြင်စွာ ပြန်ထွက်လာနိုင်သည့် အခါတိုင်း ဖူကျဲသည် ကျန်းလင် အနီးသို့ ပြေးသွားကာ ချီးကျူးစကားများ ဆိုလေ့ရှိ၏။

သူ အသိအမှတ်ပြုထားသော စွမ်းအားရှင်ကြီး ပီသပေသည်။

ဒီကို ရောက်လာတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ပြီလေ။

'မိုက်လိုက်တာ'

'ဒီခြေသလုံးကြီးကိုသာ တင်းတင်းကျပ်ကျပ် ဖက်ထားနိုင်ရင် သေချာပေါက် အရှုံးမရှိနိုင်ဘူး'

ဖူကျဲ "ဘယ်လိုလုပ်များ ဒီလောက်ထူးချွန်တဲ့ စွမ်းအားရှင်ကြီး ဖြစ်နေရတာလဲ စသည်ဖြင့်၊ စသည်ဖြင့်"

ဤမြင်ကွင်းကို ကြည့်ပြီးတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများမှာ အလွန် အံ့အားသင့်သွားကြ၏။

အထူးသဖြင့် တစ္ဆေနယ်မြေ၏ မြင်ကွင်းများထဲတွင် ဖူကျဲ၏ လူ့လောက၌ နေထိုင်ပုံကိုမြင်တွေ့ခဲ့ပြီးနောက်တွင် ဖြစ်သည်။

'အခု ပြန်ကြည့်လိုက်တော့'

'ဒီကောင်က တကယ်ပဲ ကျောင်းလူမိုက်ဟုတ်ရဲ့လား'

[အခြေအနေအရ ကွေးနိုင်ဆန့်နိုင်တယ် နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ အရာတွေ လုပ်နိုင်မယ့် ကောင်ပဲ]

[ဝန်ခံရမယ်ဆိုရင် ဒီလို ခြေသလုံးဖက်တဲ့ စွမ်းရည်ကတော် တော်လေးကို ရင့်ကျက်နေပြီ အမြင်ရှိတယ်ကွ]

ကြည့်ရှုသူများက မှတ်ချက်ပေးနေကြစဉ်မှာပင် တိုက်ရိုက် ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် Streamer သည် နေရာမှနေ၍ တိုက်ရိုက် ပျံတက်သွားသည်ကို မြင်တွေ့လိုက်ရ၏။

ကျန်းလင်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုနေရာတွင် သွားနေလိုက်သည်။

၎င်းမှာမျက်စိနောက် သက်သာအောင် နေလိုက်ခြင်းပင်ဖြစ်၏။

ကြည့်ရှုသူများ "ဖူးးးး"

သို့သော် သူတို့ မထင်မှတ်ထားသည်မှာ သင်္ချာအတန်းချိန် တစ်ချိန် ပြီးဆုံးသွားပြီးနောက် ဖူကျဲသည် ထပ်မံရောက်ရှိလာပြန်၏။

သူတစ်ယောက်တည်း လာသည်သာမက ချီယန် နှင့် ဟန်စစ်စစ် တို့ကိုပါ ခေါ်လာခဲ့သည်။

ထို့နောက်သူတို့သည် မြေပြင်ပေါ်တွင် ရပ်ကာ လက်နှစ်ဖက်ကို လော်စပီကာပုံစံ ပြုလုပ်၍ ပါးစပ်နားတွင် တေ့ထားလိုက်ကြ၏။

ထို့နောက် ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"စွမ်းအားရှင်ကြီး ချစ်တယ်နော်"

ကျန်းလင် "......"

'ကြည့်ရတာ သူတို့ အားနေသေးတယ်ထင်တယ်'

'တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ဆရာတွေက သူတို့ကို အရမ်းလျှော့ပေးထားပုံ ရတယ်'

'အတန်းချိန်ကြား နားချိန် ဟုတ်လား'

'မလိုပါဘူး ဒီလို ခွန်အားတွေ ပြည့်ဖြိုးနေတဲ့ ကလေးတွေအတွက် မလိုအပ်ပါဘူး'

ထို့ကြောင့်

ထိုအချိန်မှစ၍ ဆရာ နှစ်သုတ်သည် အလှည့်ကျဝင်ရောက် လာကြပြီး ကျောင်းသား ခြောက်ယောက်ကို စာဆက်သင် ပေးကြတော့၏။

ဖူကျဲ လည်း မြှောက်ပင့်စကားပြောရန် အချိန်မရတော့ပါချေ။

ထိုကျောင်းသား ခြောက်ယောက်သည် လူ့လောကတွင် ရှိစဉ်က စာညံ့သူများ ဖြစ်ခဲ့ကြသော်လည်း အားလုံးက ဉာဏ်မကောင်းသူများတော့ မဟုတ်ကြပါချေ။

အချို့က စာမလုပ်ချင်သောကြောင့်ဖြစ်ပြီး၊ ဘာကြောင့် စာသင်ယူရမည်ကို မသိခဲ့ကြခြင်း ဖြစ်၏။

'အခုတော့ သူတို့ သိသွားပြီလေ'

' ဘာလို့ စာသင်ရတာလဲ၊ အသက်ရှင်ဖို့အတွက်ပေါ့'

အချို့က ပြင်ပကိစ္စ အမျိုးမျိုး၏ နှောင့်ယှက်မှုများကြောင့် စာသင်ယူရန် စိတ်မဝင်စားနိုင်ခဲ့ကြခြင်းဖြစ်သည်။

ဥပမာ ကောလာဟလများ၊ မိသားစု ပြိုကွဲမှုများ စသည်တို့ ဖြစ်၏။

'အခုတော့ အဆင်ပြေသွားပြီအရာအားလုံးက တစ္ဆေနယ် မြေ၏ အပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီလေ'

စာသင်ယူခြင်းမှလွဲ၍အခြား လုပ်စရာ ဘာမှမရှိတော့ပါချေ။

-----

ယခုအခါ ပြင်ပလောက၏ ပျော်ရွှင်မှုများ အားလုံးက သူတို့နှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။

အကယ်၍ သေချာ စာမလုပ်ပါက အသက်ဆုံးရှုံးရမည် ဖြစ်၏။

အချိန်အလုံအလောက် ရှိသည့်အပြင် နာမည်ကြီး ဆရာများကလည်း ဦးဆောင် သင်ကြားပေးနေသဖြင့် သူတို့ ခြောက်ယောက်သည် နောက်ဆုံးတွင် စိတ်ကို စုစည်းကာ သင်ယူမှု လောကထဲသို့ ခေါင်းစိုက် ဝင်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ထိုသို့ဖြင့် ခုနစ်ရက်တာ ကုန်လွန်သွားသောအခါ ထိုခြောက်ယောက်၏ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုများမှာ လူ့လော ကတွင် ဆယ်နှစ်ကျော်ကြာ သင်ယူခဲ့ရသည့် ရလဒ်ထက်ပင် မနည်းပါချေ။

ဤရလဒ်ကို စာညံ့သူ ခြောက်ယောက်ကိုယ်တိုင်ပင် အနည်းငယ် အံ့သြနေမိကြ၏။

အဘယ်ကြောင့်ဆိုသော် ယခင်က သူတို့ကိုယ်သူတို့ စာသင်ယူရန် အရည်အချင်းမရှိသူများဟုပင် ထင်မှတ်လုနီးပါး ဖြစ်ခဲ့ကြသောကြောင့်တည်း။

ကြိုးစားကြည့်လိုက်တော့ ဒီမေးခွန်းတွေက အဲဒီလောက်ကြီးလည်း မခက်ပါလားလို့ မထင်မှတ်ဘဲ တွေ့ရှိခဲ့ရသည်။

ဤပြောင်းလဲမှု၏ အကြီးမားဆုံး သက်သေပြချက်မှာ ဖူကျဲ သည် တစ္ဆေနယ်မြေ အတန်းချိန်အတွင်း၌ကိုယ်တိုင်ကိုယ်ကျ မေးခွန်းဖြေဆိုရန် တောင်းဆိုလာခြင်းပင် ဖြစ်တော့၏။

……

[အွန်လိုင်း စာသင်တန်း ဘယ်ကျောင်းက အကောင်းဆုံးလဲ၊ မရဏလောကမှ အံ့ဖွယ်နေ့ရက်များ live အခန်း ကိုသာ လာခဲ့ပါ]

[ဒါကြောင့် ပြောတာပေါ့၊ အွန်လိုင်းက စာသင်ရင် ကလေးတွေ အာရုံမစိုက်ဘူး ဆိုတာက ရှင်းရှင်းပြောရရင် သက် သောင့်သက်သာ နေရလွန်းလို့ပါပဲ]

[အား အား အား အားကျလိုက်တာ၊ ငါလည်း ဒီလိုမျိုး စာသင်ခံချင်တယ်၊ တိုးတက်မှုက အရမ်း သိသာလွန်းတယ်]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများမှာလည်း ကြည့်ရင်းဖြင့် အံ့သြချီးကျူးနေကြတော့၏။

ကြည့်ရှုသူ အချို့ဆိုလျှင် အားကျနေကြသေးသည်။

ဤကျောင်းသား ခြောက်ယောက်က စာညံ့သူများဖြစ် ကြောင်း သေချာလှပေသည်။

ထို့အပြင် Streamer တစ္ဆေနယ်မြေထဲ ဝင်ရောက်လာကတည်းက ဤခြောက်ယောက်သည် အရင်က စာသင်ယူချင်စိတ် ရှိသူများ မဟုတ်ကြောင်းကိုလည်း ကြည့်ရှုသူများ မြင်တွေ့နိုင်ပေသည်။

ယခုတော့ ခုနစ်ရက်လေး အတွင်းမှာတင် Streamer က သူတို့ကို နေရာမှာတင် 'စာညံ့သူတွေရဲ့ ဘဝပြောင်းလဲခြင်း' ဆိုသည့်တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို ပြသလိုက်သလိုပင်ဖြစ်၏။

Streamer ဝင်ရောက် ကူညီလိုက်ကတည်းက အမှန်တကယ့ကို အချိန်အခါ၊ နေရာဒေသ၊ လူသားအင်အား အားလုံး ပြည့်စုံသွားခဲ့ခြင်းပင်။

'ဤခြောက်ယောက် ကြုံတွေ့ခဲ့ရသော အကျပ်အတည်းက ကြီးမားလှသော အခွင့်အရေး တစ်ရပ် မဟုတ်ခဲ့ဘူးလို့ မည်သူ ပြောနိုင်မည်နည်း။

[ငါက တစ်နေ့လုံး စာမလုပ်ချင်၊ စာမကျက်ချင်ဘူး ဆိုပေမယ့် တကယ်တမ်းကျတော့ နေ့တိုင်း ထူးချွန်ကျောင်းသား ဖြစ်ချင်တဲ့ အိပ်မက်တွေ မက်နေတာပါ]

[ငါက နေ့တိုင်း ဘာမှမလုပ်ချင်ဘူး၊ အလုပ်မလုပ်ချင်ဘူး လို့ ပြောနေပေမယ့် နေ့တိုင်း သူဌေးကြီး ဖြစ်ချင်တဲ့ အိပ်မက်တွေ မက်နေတာပါ]

[I have a dream ƪ⁠(⁠˘⁠⌣⁠˘⁠)⁠ʃ ]

[ဘယ်သူကများ အိပ်မက် မမက်ဖူးဘဲ နေမလဲ]

သို့သော် ဝိညာဉ်တမန်တော် အရှင်သခင်များသာ မရောက် လာခဲ့ပါက ဤနေရာသည် တကယ်ကို လူကို သေစေနိုင်ကြောင်း ကြည့်ရှုသူများကလည်း နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ထားကြပေသည်။

အကယ်၍ သူတို့ကိုသာ ဤကဲ့သို့ ထူးဆန်းကြောက်မက်ဖွယ် နေရာမျိုးသို့ ရုတ်တရက် ရောက်သွားစေမည် ဆိုလျှင် နေ့စဉ် ထူးဆန်းသော အတန်းချိန် အမျိုးမျိုးကို ရင်ဆိုင်ရမည်၊ သေသွားလျှင်လည်း နာကျင်မှုကို ခံစားရမည် ဖြစ်ပြီး ဘယ်တော့မှ အပြင်ထွက်ခွင့်ရမည် မဟုတ်ပါက စိတ်ပိုင်းဆိုင်ရာ ဖိအား တစ်ခုတည်းနှင့်ပင် လူအများအပြားကို ပြိုလဲသွားစေနိုင်ပေသည်။

ဖူကျဲ တို့ ယခုအချိန်အထိ ကောင်းမွန်စွာ အသက်ရှင်နေနိုင်သည်ကို ကြည့်ရုံနှင့် မရပါချေ။

သူတို့ ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းမှုများကို သူတို့ ကိုယ်တိုင်သာ သိရှိနိုင်ပေသည်။

အထီးကျန် ဆွေးကွဲခဲ့ရချိန်တွေ၊ ခေါင်းကိုပိုက်ပြီး ငိုကြွေးခဲ့ရချိန်တွေ၊ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ချောက်ကမ်းပါးပေါ်ကနေ ခုန်ချခဲ့ရချိန်တွေလည်း ရှိခဲ့လောက်ပေသည်။

[ဝိညာဉ်တမန်တော် အရှင်သခင်တွေ လာတဲ့အချိန်အထိ သူတို့ တောင့်ခံထားနိုင်ခဲ့တာကလည်း သူတို့ရဲ့ စွမ်းရည် တစ်မျိုးပဲလေ]

[တကယ်တော့ ငါလည်း ဒီရက်ပိုင်း live အခန်းကို ကြည့်ရင်း အများကြီး သင်ယူလိုက်ရတယ်၊ စွမ်းအားရှင်ကြီးတွေချည်းပဲ စာသင်ပေးနေတာ]

……

[ငါ live အခန်းကို မလာတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ ဒီနေရာက ဘယ်လိုလုပ် အကောင်းဆုံး စာသင်တန်းကြီး ဖြစ်သွားရတာလဲ]

လစဉ် စာမေးပွဲအတွက် ကျိုးထန်ထန်သည် မကြာသေးမီက ဖုန်းကို လုံးဝမကိုင်ခဲ့သကဲ့သို့ အင်တာနက်လည်း မသုံးခဲ့ပါချေ။

ဝိညာဉ်ကားစီးဖူးသော၊ တမလွန်လောက၏အမာခံ ပရိသတ် တစ်ဦးအနေဖြင့် ဤတိုက်ရိုက်ထုတ်လွှင့်မှု အခန်းအကြောင်းကို နောက်တစ်ကြိမ် ပြန်ကြားရချိန်တွင် သူမ အတန်း ဂရုထဲမှ ကြားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။

ကိစ္စစတင်လာပုံမှာ လစဉ်စာမေးပွဲ ပြီးဆုံးသွားပြီးနောက် ကျောင်းသား အများအပြားက စာမေးပွဲ အမှတ် မကောင်းကြောင်း ပြောဆိုနေကြခြင်းကြောင့် ဖြစ်၏။

ထိုအခါ တစ်ယောက်က ဂရုထဲတွင် လင့်ခ် (Link) တစ်ခုကို ချပေးလိုက်သည်။

သူ မြင်ဖူးသမျှထဲတွင် အင်အား အတောင့်တင်းဆုံးသော အွန်လိုင်း စာသင်တန်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းဖြစ် ကြောင်း ပြောဆိုထား၏။

[ငါ မြင်ဖူးသမျှ အပြင်က သင်တန်းတွေ၊ ပိုက်ဆံပေးရတဲ့ သင်တန်းတွေ အားလုံးထဲမှာ ဒီလောက်မိုက်တဲ့ဟာ တစ်ခုမှ မရှိဘူး၊ မကြည့်ရင် သေချာပေါက် နစ်နာလိမ့်မယ်]

[တကယ်ကြီး အဲဒီလောက်တောင် လန်းတာလား ဘာလို့ ငါ မကြားဖူးပါလိမ့်]

[အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွေက အများအား ဖြင့် သင်တန်းရောင်းဖို့ လုပ်ကြတာများတယ်လေ၊ တစ်ခါတ လေကျရင် အချက်တစ်ချက်တည်းကိုပဲ အချိန်အကြာကြီး ထပ်ခါတလဲလဲ ရှင်းပြနေတတ်တယ်]

ဂရုထဲရှိ ကျောင်းသားများက ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် ဆွေးနွေးနေကြ၏။

အထူးသဖြင့် အပြင်သင်တန်း သို့မဟုတ် အွန်လိုင်းသင်တန်းများ တက်ဖူးသူများက ပိုမိုဝင်ရောက် ပြောဆိုနေကြသည်။

[ယုံတာ မယုံတာ မင်းတို့ သဘောပဲ၊ ငါတော့ သွားပြီဟေ့]

လင့်ခ် ချပေးခဲ့သော ကျောင်းသားက စကားတစ်ခွန်းပြောပြီးနောက် ပျောက်ကွယ်သွားတော့၏။

' သူက သင်တန်းရောင်းဖို့ကူညီနေတာမှ မဟုတ်တာ ဘယ်လို ပဲဖြစ်ဖြစ် live အခန်းကိုတော့ သူ ချပေးလိုက်ပြီ၊ ကြည့်ချင်ကြည့် မကြည့်ချင်နေပေါ့'

အတန်းဂရုထဲရှိ စကားပြောဆိုမှုများ တဖြည်းဖြည်းငြိမ်သက်သွားပြီး အားလုံးက ဤကိစ္စကို မေ့လုနီးပါး ဖြစ်သွားချိန်တွင် ရုတ်တရက် သူတို့၏အတန်းပိုင်ဆရာမ ယက လင့်ခ် တစ်ခုကို ပြန်လည် မျှဝေလိုက်တော့၏။

စောစောက ထိုတိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ လင့်ခ် ပင် ဖြစ်သည်။

ထို့အပြင် စာသားလည်း ပါသေး၏။

[အတန်းထဲက ကျောင်းသားတွေ အားလုံး၊ အမြန် သွားပြီး report လုပ်ကြပါ]

[ဒီနှစ်ရက်အတွင်း မင်းတို့ရဲ့ သင်ယူမှု တာဝန်က ဒီ live အခန်းကို ကြည့်ဖို့ပဲ]

[စုစုပေါင်း အမှတ် ၆၀၀ အထက် ရတဲ့သူပဲဖြစ်ဖြစ်၊ အမှတ် ၃၀၀ အောက် ရတဲ့သူပဲဖြစ်ဖြစ် အားလုံး ကြည့်ရမယ်]

အတန်း ဂရုထဲရှိ ကျောင်းသားများမှာ "......"

"......"

'ဘာအခြေအနေကြီးလဲ'

'ဆရာမက သူတို့ကို live အခန်း ကြည့်ခိုင်းတယ် ဟုတ်လား'

'ဒီသဘောအရဆိုရင် ကျောင်းက အတန်းတွေကိုတောင် မတက်ရတော့ဘူးလား'

အကယ်၍ ဆရာမက သင်တန်းရောင်းဖို့ ကူညီနေတာ ဆိုရင်တောင်မှ ကျောင်းက အတန်းတွေကိုပါ ဖျက်ပြီး လုပ်မှာ မဟုတ်ပါချေ။

'ဒါဆို ဒီ live အခန်းက ကျောင်းကတောင် အသိအမှတ်ပြုရလောက်တဲ့အထိ တကယ်ကြီး မိုက်နေတာလား'

တစ်ခဏအတွင်းမှာပင် အထက်တန်း ကျောင်းသား အမြောက်အမြားသည် မရဏလောကမှ အံ့ဖွယ်နေ့ရက်များ live အခန်းထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြတော့၏။

[လျိုရွှေ ၊ အထက်တန်းအဆင့်ကနေ လာရောက် report လုပ်ပါတယ်]

[ဖုန်းရှန်အထက်တန်း တတိယနှစ်ကနေ လာရောက် report လုပ်ပါတယ်]

[ချန်ချိုက် အထက်တန်း ဒုတိယနှစ်ကနေ လာရောက် report လုပ်ပါတယ်]

[ထိုက်ယန် သင်တန်းကျောင်းက ဆရာတွေ လာရောက် report လုပ်ပါတယ်]

[မုန်ဖေး ကျောင်း၊ ဆရာများအဖွဲ့ လာရောက် report လုပ်ပါတယ်]

……

ဤအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်ဟောင်းများ အားလုံး အံ့အားသင့်သွားကြတော့၏။

[သောက်ကျိုးနည်း]

[အကုန်လုံး စာလာသင်ကြတာလား]

[ဒီလိုဆိုရင် သူတို့လည်း စာသင်ရတာကို ဝါသနာပါတဲ့ သူတွေ ဖြစ်သွားပြီပေါ့]

[အဲဒါကြီးက တော်တော်လေး ရှက်စရာ ကောင်းနေမလားလို့ ဟီးဟီးဟီး]

……

ထိုအထဲတွင် ကျိုးထန်ထန်မှာ အံ့အားအသင့်ဆုံး ဖြစ်နေပေသည်။

'ဆရာမ မျှဝေလိုက်တဲ့ live အခန်းကStreamer ကြီးရဲ့ live အခန်း ဖြစ်နေတယ် ဟုတ်လား'

'မှန်တော့ မှန်ပါတယ်၊ ဒါပေမယ့် ဘယ်နေရာကများ လွဲနေသလို ခံစားရလဲ မသိဘူး'

'Streamer ကြီးက တကယ် တော်တယ်လို့ပဲ ပြောရမလား'

'မရဏလောကက live အခန်း တစ်ခုက နယ်ပယ်ပေါင်းစုံကို လွှမ်းခြုံထားနိုင်တာပဲ’

All Chapters