← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

🫧 Chapter 287

ကျန်းလင် "မင်းတို့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားချင်ကြလား"

စာမေးပွဲကြီး မတိုင်မီ ညနေခင်းတွင် ကျန်းလင်သည် ကျောင်းသား ခြောက်ယောက်လုံးကို စုစည်းကာ ဤစကားတစ်ခွန်းကို မေးလိုက်၏။

"ထွက်ချင်တာပေါ့"

"သေချာပေါက် ထွက်ချင်တာပေါ့"

"ကျွန်တော်တို့ နောက်ဆုံးတော့ အပြင်ကို ထွက်ရတော့မှာလားဟင်"

ကျောင်းသား ခြောက်ယောက်၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာတော့သည်။

ထိုမျှော်လင့်ချက်များ၏ အနောက်တွင်တော့ ယုံကြည်မှုများ ရှိနေပေ၏။

အရင်တုန်းက အမရှင်း ရှိနေချိန်တွင် ပြောခဲ့ဖူးသည်။

'မင်းတို့သာ ကြိုးစားရုန်းကန်ဖို့ လက်မလျှော့ဘူး ဆိုရင် သေချာပေါက် မျှော်လင့်ချက် ဆိုတာကို မြင်တွေ့ရမှာပါ'

သူမက အခုချက်ချင်း သူတို့ကို ခေါ်မထုတ်သွားနိုင်သေးရင်တောင်မှ၊ တစ်ချိန်ချိန်မှာ သူတို့ကို အပြင်ထုတ်ပေးဖို့ လူတွေ ရောက်လာပါလိမ့်မယ် တဲ့လေ။

ဒီနေရာက သူတို့ရဲ့ သင်္ချိုင်းမြေ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။

'အမရှင်း က သူတို့ကို မလိမ်ခဲ့ပါဘူး'

'သူတို့ စောင့်နေခဲ့တာ ဝိညာဉ်တမန်တော် ကျန်းလင် တို့ဆီကို ရောက်လာခဲ့ပြီလေ'

'တကယ်လို့ အမရှင်းက သူတို့ကို ဒီနေရာကြီး ဝါးမျိုမသွားအောင် အမြဲတမ်း ကာကွယ်ပေးခဲ့တဲ့ သူဆိုရင ဝိညာဉ်တမန်တော် ကျန်းလင် ကတော့ သူတို့ကို အပြင်ခေါ်ထုတ်သွားပေးမယ့် သူပဲ ဖြစ်တယ်'

'သူတို့ ယုံကြည်ရတဲ့ အကြောင်းရင်းက အမရှင်း ကြောင့် ဖြစ်ပေမယ့် အဓိက အကြောင်းရင်းကတော့ ဝိညာဉ်တမန်တော် ကျန်းလင် ရောက်လာပြီးကတည်းက အရာအားလုံးက စတင် ပြောင်းလဲလာခဲ့လို့ပါပဲ'

'ဒီပြောင်းလဲမှုတွေကို အားလုံးက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာလေ'

'သူက မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့သလို၊ 'တံခါးပေါက်' ကိုလည်း ယူဆောင်လာပေးခဲ့တယ်'

ဟန်စစ်စစ် "ကျွန်မတို့ ဘာတွေ လုပ်ဖို့ လိုမလဲ"

ဟန်စစ်စစ် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ သူမ၏ မျက်လုံးများက စူးရှပြတ်သားနေပြီး ခြေအောက်တွင်လည်း ပိုက်ဆံပန်းပွင့်လေးများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာတော့ သည်။

မကြာသေးမီက ဝိညာဉ်တမန်တော် လေးပါးသည် မကြာ ခဏဆိုသလို စုရုံးကာ တစ်ခုခုကို ဆွေးနွေးလေ့ ရှိကြသည်။

ဤလူကြီးတွေ အသစ်တစ်ခုခုကို ရှာဖွေတွေ့ရှိထားပြီ ဆိုတာကို သူမ အကြမ်းဖျင်း ခန့်မှန်းမိပေ၏။

ဖူကျဲ "စွမ်းအားရှင်ကြီးခင်ဗျားသာ ခိုင်းလိုက်ပါ၊ ကျွန်တော်တို့ သေချာပေါက်လုပ်မယ်"

အခွင့်အရေး ရသည်နှင့် ဖူကျဲ သည် မြှောက်ပင့်စကားကို စတင် ပြောဆိုတော့၏။

စွမ်းအားရှင်ကြီး အတွက်ဆိုရင် ရေမီးမရှောင် အသက်ပေးဖို့တောင် ဝန်မလေးတဲ့ ပုံစံမျိုးကို ဖမ်းထားလိုက်သည်။

အခြား လေးယောက်ကလည်း တစ်ပြိုင်နက်တည်း ထောက်ခံပြောဆိုလိုက်ကြ၏။

သူတို့၏ မျက်နှာချင်းဆိုင်တွင် ကျန်းလင် ၊ ရှင်းယာ ၊ စာပေပညာရှင် ဝိညာဉ်တမန်တော်နှင့် နောက်ကျမှရောက်လာသော လူသန်ကြီးတို့ အားလုံး စုံညီစွာရှိနေကြသည်။

ကျန်းလင် "ဒါဆိုလည်း စာမေးပွဲခန်းထဲဝင်ဖို့ ပြင်ကြတော့ ဒီတစ်ကြိမ်မှာ လူတိုင်း ဘာသာရပ် အားလုံးအမှတ်ပြည့် ရရမယ်"

ကျန်းလင် သည် ထိုကလေးများကိုကြည့်လိုက်၏။

သူသည် ယခုတစ္ဆေချီဖြင့် ပြုလုပ်ထားသော ကင်မရာ မှန် ဆယ်ချပ်ကိုလည်း အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ဆရာ ဆယ်ဖွဲ့လည်း အသင့်ဖြစ်နေပြီလေ။

'ဒီတစ်ခေါက်တော့ အားလုံး တစ္ဆေနယ်မြေထဲကနေ အောင် မြင်စွာ ထွက်ခွာနိုင်ရမယ်'

'အရင်တုန်းကလို စမ်းသပ်ရုံ သက်သက် ကစားနေတာမျိုး မဟုတ်တော့ဘူး'

"......"

'အမှတ်ပြည့်'

ဒီလိုအပ်ချက်ကို ကြားလိုက်ရသောအခါ စာညံ့သူ ခြောက်ယောက်လုံး မျက်လုံးပြူးသွားကြတော့၏။

ဒီရက်ပိုင်းလေးအတွင်း စာနည်းနည်းလေး တတ်လာ၍ ဖောင်းကားနေသော သူတို့၏ နှလုံးသားလေးက ချက်ချင်းကို ပိန်လိန်သွားတော့သည်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင်ပြန်ပြီး သံသယ ဝင်လာမိ၏။

အခြေခံ မေးခွန်းတစ်ခု နှစ်ခုလောက်ဖြေပြီး အောင်မှတ်လေး ရဖို့ဆိုရင်တော့ သူတို့ ကြိုးစားပြီး ရုန်းကန်ကြည့်လို့ ရနိုင်ပါသေးသည်လေ။

'ဒါပေမယ့် အမှတ်ပြည့် ဆိုတော့'

ဖူကျဲ "ဟိုလေ စွမ်းအားရှင်ကြီး"

ဖူကျဲ က မျက်နှာကို ကုတ်လိုက်ပြီး စွမ်းအားရှင်ကြီးများ ဒီရက်ပိုင်း သူတို့ သင်ယူထားတဲ့ အသိပညာတွေအပေါ် နားလည်မှုများ လွဲနေသလားလို့ တွေးမိလိုက်၏။

ကျန်းလင် သည် သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။

ကျန်းလင် "ဆရာတွေက မင်းတို့နဲ့ အတူတူ စာမေးပွဲခန်းထဲကို လိုက်ဝင်လာလိမ့်မယ်၊ မင်းတို့ ဒီရက်ပိုင်း ခံစားခဲ့ရတာတွေကို သေချာ မှတ်ထား"

'ယုံကြည်မှု၊ ပြီးတော့ ပူးပေါင်းဆောင်ရွက်မှု'

'ဘာသာရပ်အားလုံးကို အမှတ်ပြည့် ရချင်တယ်၊ အဲဒါကလည်း ထူးဆန်းလွန်းတဲ့ စာမေးပွဲကြီးရဲ့ စာမေးပွဲခန်းတွေထဲမှာလေ'

'တကယ်လို့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ နည်းနည်းလေး နောက်ကျသွားတာနဲ့ ကျရှုံးသွားနိုင်တယ်'

'ဒါကြောင့်မို့လို့ ဒီခုနစ်ရက်အတွင်းမှာ သူတို့ကို စာသင်ပေးရုံတင် မကဘဲ၊ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှု အပိုင်းတွေကိုပါ လေ့ကျင့်ပေးခဲ့ရတာ ဖြစ်တယ်လေ'

"ဆရာတွေလည်း အတူတူ လိုက်ဝင်လာမှာ ဟုတ်လား"

ဒီတစ်ခါတော့ ဖူကျဲတို့ အံ့အားသင့်သွားရမည့် အလှည့် ဖြစ်သွား၏။

အံ့အားသင့်သွားပြီးနောက် အားလုံး ပြိုင်တူ မတ်တတ်ရပ်လိုက်ကြသည်။

"တာဝန် ပြီးမြောက်စေရပါမယ်လို့ ကတိပြုပါတယ်"

'ဆရာတွေ လိုက်ဝင်လို့ မရဘူးလို့ သူတို့ ထင်နေခဲ့တာလေ'

'ဆရာတွေ လိုက်ဝင်လို့ရပြီဆိုမှတော့ သူတို့အတွက် ဘာပြဿနာမှ မရှိတော့ဘူးပေါ့'

'ဒါပေမယ့် ဆရာတွေက သူတို့ကို ဦးဆောင်ပြီး မေးခွန်းဖြေပေးနိုင်တယ် ဆိုရင် ဒီခုနစ်ရက်လုံးလုံး စာသင်ပေးနေတာက ဘာအတွက်များလဲ'

'အဲဒါက အပိုအလုပ်ကြီး မဟုတ်ဘူးလား'

ဖူကျဲ တွေးနေစဉ်မှာပင် ရှင်းယာ သူ့ဘက်သို့ လှမ်းကြည့်လာသည်ကို တွေ့လိုက်ရ၏။

ဖူကျဲမှာ သူ ဘာတွေးနေသည်ကို သိနေသည့်အလားပင်။

ရှင်းယာ "ဒီကနေ ထွက်သွားပြီးရင်လည်း မင်းတို့ သေချာစာလုပ်ရမယ်နော်"

ရှင်းယာ "ဒီအသိပညာတွေက သင်ထားပြီးရင် မင်းတို့ကိုယ် ပိုင် ဖြစ်သွားတာပဲ၊ ဘယ်သူမှ ခိုးယူသွားလို့ မရဘူး"

'ဖြပ်'

စာပေပညာရှင် ဝိညာဉ်တမန်တော်လည်း ယပ်တောင်ကို ဖြန့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။

"အပြင်ရောက်လို့မှ စာသေချာ မလုပ်ရင်တော့ စာညံ့သူ အဖြစ်နဲ့ထပ်ပြီး ဖမ်းခေါ်ခံရနိုင်တယ်နော် သတိထား"

"ဟားဟားဟား ဟုတ်တယ် ဟုတ်တယ်၊ နောက်ဆို ထပ်မဝင်လာရအောင် စာသေချာ လုပ်ကြ"

လူသန်ကြီးကလည်း ခေါင်းကို ကုတ်ကာ ပွင့်လင်းစွာပြောလိုက်၏။

ယခုသူ၏ စိတ်အခြေအနေက အလွန်ပျော်ရွှင်နေပေသည်။

နောက်ဆုံးတော့ ဒီတစ္ဆေနယ်မြေ စောက်ကျိုးနည်းကနေ ထွက်ရတော့မယ်လေ။

'နောက်တစ်ခါဆိုရင် ဒီလို ပညာရပ်ပိုင်းဆိုင်ရာ တစ္ဆေနယ်မြေမျိုးကို ဘယ်တော့မှ ထပ်မလာတော့ဘူး'

"......"

ထိာစကားကို ကြားလိုက်ရသော် စာညံ့သူ ခြောက်ယောက် လုံး ပြိုင်တူ တုန်တက်သွားကြတော့၏။

ထို့နောက် ပြိုင်တူ ခေါင်းခါယမ်းလိုက်ကြသည်။

"မလာတော့ဘူး၊ မလာတော့ဘူး"

"သေချာပေါက် စာကို ကြိုးစားလုပ်ပါ့မယ်၊ ဆရာတွေနဲ့ ခင်ဗျားတို့ရဲ့ ပေးဆပ်မှုတွေကို ဘယ်လိုမှ အလဟဿ မဖြစ်စေရပါဘူး"

"အင်း အင်း! ဟုတ်တယ် ဟုတ်တယ်၊ စာသင်ရတာက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်"

"ကြိုးစား သင်ယူ၊ နေ့စဉ် တိုးတက်အောင်လုပ်ပြီးတော့ စာညံ့သူ အဖြစ်ကနေ ရုန်းထွက်မယ်"

ခြောက်ယောက်သားသည် ပြတ်သားသော အသံများ၊ ခိုင်မာသော စိတ်ဆန္ဒများနှင့် ခိုင်မာသော မျက်နှာအမူအရာများဖြင့် ပြောဆိုလိုက်ကြ၏။

'သူတို့က လုံးဝ၊ လုံးဝကို ပြန်မလာချင်တော့ပါဘူး'

'ဒေါင် ဒေါင်' 'ဒေါင် ဒေါင်'

မကြာမီစာမေးပွဲ ခေါင်းလောင်းသံ ထွက်ပေါ်လာကာ ပတ် ဝန်းကျင် အခြေအနေများ တဖြည်းဖြည်း ဝေဝါးလာတော့သည်။

ကျန်းလင် "စာမေးပွဲကို သေချာ ဖြေကြ"

ဤအရာက သူတို့ ခြောက်ယောက် နောက်ဆုံး ကြားလိုက်ရတဲ့ အသံပင်။

……

ကင်မရာ ဆယ်ခု၊ စာမေးပွဲခန်း ဆယ်ခန်း

ဖူကျဲ မျက်လုံး ဖွင့်လိုက်သည်နှင့် ရှေးဟောင်း သစ်တောကြီး တစ်ခု အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။

သစ်ပင်ကြီးများက ကောင်းကင်ကို ဖုံးကွယ်ထားပြီး အပင်တိုင်းသည် မီတာပေါင်းများစွာ မြင့်မားလှပေသည်။

【ဒီတစ်ကြိမ်ဟာ သိပ္ပံဘာသာရပ်တွဲ စာမေးပွဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မင်း ဗိုက်ဆာတာကို ခံစားရမယ်၊ ပင်ပန်းနွမ်းနယ်တာကို ခံစားရမယ်။ မင်း အစာစားဖို့ လိုတယ်၊ အနားယူဖို့ လိုတယ်။】

【စာမေးပွဲ ပုံစံတူ အချိန်ကာလက ဆယ်ရက် ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အချိန်ကတော့ ဒီစာမေးပွဲ အချိန်ထက် ကျော်လွန်မှာ မဟုတ်ပါဘူး။】

【စာမေးပွဲ ဖြေဆိုချိန်အတွင်းမှာ သိပ္ပံဘာသာရပ်တွဲ အသိပညာတွေကိုပဲ အသုံးပြုခွင့် ရှိပါတယ်။】

【မှော်ပညာ၊ နတ်ပညာ လိုမျိုး သဘာဝလွန် အသိပညာ စွမ်းအားတွေကို တိုက်ရိုက် အသုံးပြုခွင့်မရှိပါဘူး။】

"သဘာဝလွန် အသိပညာစွမ်းအားတွေကို တားမြစ်ထားတယ် ဟုတ်လား အဲဒီတော့ ကောင်းကင်ပျံတာ၊ မြေလျှိုးတာတွေ လုပ်ခွင့်မပေးဘူးပေါ့"

ကောင်းကင်ယံမှ အသံကြီး ဆုံးသွားသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ဆရာများက ချက်ချင်းပင် ခွဲခြမ်း စိတ်ဖြာ စဉ်းစားနေကြတော့၏။

"စာမေးပွဲခန်းရဲ့ အဓိပ္ပာယ်က သူ့ကို 'ရှေးဟောင်း' နည်းလမ်းတွေနဲ့ အသက်ရှင်သန်ဖို့ လုပ်ခိုင်းတာလား"

"သိပ္ပံဘာသာရပ်တွဲ ဆိုတော့ ဘာသာရပ် တစ်ခုတည်းရဲ့ အသိပညာတင် မကတော့ဘူးပေါ့ အမှတ်ပြည့် ရချင်တယ်ဆိုရင် ဘာသာရပ် အားလုံးကို အသုံးချရလိမ့်မယ်"

စာမေးပွဲခန်း အတွင်း၌

ဖူကျဲသည် ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် ဧရာမ သတ္တဝါကြီး တစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရ၏။

သူ၏ ညာဘက်ခြမ်း မီတာ သုံးဆယ်ခန့် အကွာတွင် အမြင့် သုံးမီတာ၊ အရှည် နှစ်မီတာခန့်ရှိသော အနက်နှင့် အဖြူ ရောစပ်နေသည့် တောဝက်ကြီး တစ်ကောင်သည် သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်နေသည်။

ကျား၏ နှာခေါင်းမှ လေပူများ မှုတ်ထုတ်နေပြီး မျက်လုံးပြူးကြီးများက သူရှိရာဘက်သို့ စိုက်ကြည့်နေ၏။

၎င်းသည် ရှေ့ခြေထောက်ဖြင့် မြေကြီးကို ယက်လိုက်ပြီးနောက် ဤဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာတော့သည်။

ချွန်ထက်သော အစွယ်ရှည်ကြီး နှစ်ခုက အေးစက်စက် အရောင်များ တောက်ပ‌နေကာသာမန် သွေးသား ခန္ဓာကိုယ်သာ ဆိုလျှင် ထိုအစွယ်များရှေ့၌ အလွယ်တကူ ဖောက်ထွင်းခံရမည်မှာ သေချာလှပေသည်။

"ရွှတ် ရွှတ်"

ဤမြင်ကွင်းကို ကြည့်ပြီး ဖူကျဲမှာ လုံးဝ ပြာယာခတ်မသွားသကဲ့သို့ ခြေထောက်များလည်း မတုန်ယင်သွားပါချေ။

'ရှေးဟောင်း ရှင်သန်ရေး ဟုတ်လား'

'သူ့ကို သစ်သားပွတ်ပြီး မီးမွှေးခိုင်းမှာလား၊ ငါးဖမ်းပြီး ဝက်ဝံလိုက်ဖမ်းခိုင်းမှာလား'

'အရင်တုန်းကဆိုရင် ဒီလိုစာမေးပွဲခန်းတွေက သူ့ကို အမြဲ တမ်း ဒုက္ခပေးခဲ့တာ အခုတော့ နောက်ဆုံးမှာ သူ ပြန်လည် အလှည့်ကျလာပြီလေ'

ဖူကျဲသည် တစ်ဖက်မှ ပြေးလွှားရင်း တစ်ဖက်မှ တစ္ဆေချီဖြင့် ပြုလုပ်ထားသော ကင်မရာ မှန် (ကွန်မန့်) ဘက်သို့လှည့်ကြည့်လိုက်၏။

ဖူကျဲ "ဆရာတို့၊ ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ"

'သူ့မှာ ဆရာရှိတယ်လေ၊ ဘာကို ကြောက်စရာ လိုသေးလို့လဲ'

'ရှေးဟောင်း သစ်တောလောက်များ၊ တောဝက်ကြီး တစ်ကောင်လောက်များ'

……

အမှန်တကယ်တော့ ဆရာများနှင့် တိုက်ရိုက် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခြင်းက ပိုအဆင်ပြေမည် ဖြစ်၏။

သို့သော် ဆရာများ စာမေးပွဲအတွင်း အသံထွက်လာပါက အရမ်းသိသာလွန်းနေမည်ကို ကျန်းလင် စိုးရိမ်ခဲ့သည်။

အကယ်၍ တစ္ဆေနယ်မြေ၏စည်းမျဉ်းက တွေ့ရှိသွားပါက အကျိုးထက် အပြစ်က ပိုများသွားနိုင်ပေသည်။

ထို့အပြင် ဤရက်ပိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကျောင်းသားများသည် ဤပုံစံနှင့် အသားကျနေပြီ ဖြစ်၏။

ထို့ကြောင့် စာမေးပွဲဖြေဆိုချိန်တွင်လည်း ကွန်မန့် ပုံစံကိုသာ ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

🫧 Chapter 288

တစ်နေရာတွင် ရှည်လျားသော ဆံပင်များက ရေထဲတွင် ပြန့်ကျဲနေ၏။

ချီယန် သည် အသိစိတ် ပြန်လည် ဝင်လာသည်နှင့် တစ်ပြိုင် နက် အသက်ရှူရ ခက်ခဲနေကြောင်း ခံစားလိုက်ရပြီး ပါးစပ်ဟလိုက်ရာ ရေတစ်ငုံ မွန်းသွားတော့သည်။

"......"

ချီယန် ကိုယ်တိုင်လည်း ကြောင်အမ်းသွားသကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ဆရာများလည်း ကြောင်အမ်းသွားကြ၏။

'ဒါ ဘယ်လို အခြေအနေကြီးလဲ'

သူတို့ မြင်တွေ့နေရသည်မှာ ကျယ်ပြောလှသော ပြာလဲ့လဲ့ ပင်လယ်ရေပြင်ကြီးသာ ဖြစ်ပေသည်။

ထို့အပြင် ရောင်စုံ ငါးလေးများ၊ ကျောက်တန်းများနှင့် သန္တာကျောက်တန်းများလည်းရှိနေ၏။

'ရေအောက်ကမ္ဘာ ဟုတ်လား'

ချီယန် ရေထဲတွင် နှစ်ချက် သုံးချက်ခန့် လူးလှိမ့် ရုန်းကန်လိုက်ပြီးနောက် အလွန် လှပသော ငွေရောင် ငါးအမြီး တစ်ခုက တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာထဲသို့ ရုတ်တရက်ဝင်ရောက်လာတော့သည်။

၎င်းမှာရွှေရောင် ရေညှိပင်များကဲ့သို့ ရှည်လျားသော ဆံပင်များရှိသည့် အလွန်လှပသော ရေသူမလေးတစ်ဦးဖြစ်သည်။

နတ်သမီးလေးကဲ့သို့ လှပသော မျက်နှာလေးနှင့်ထိလိုက်လျှင် ပေါက်ထွက်သွားမတတ် နုနယ်သောအသားအရေ ရှိ၏။

ပန်းရောင် ခရုခွံ နှစ်ခုက ရင်ဘတ်ကို ကာကွယ်ထားရာ သူမ၏ ကောက်ကြောင်းအလှကို ပို၍ပင် ဆွဲဆောင်မှု ရှိစေပေသည်။

သို့သော် အထူးခြားဆုံးမှာ ထိုငါးအမြီးပင် ဖြစ်၏။

"သူရဲကောင်းကြီး၊ ရှင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ မြန်မြန် ကျွန်မနောက် လိုက်ခဲ့"

ငွေရောင်အမြီးနှင့် ရေသူမလေးက အရှေ့သို့ တိုးလာကာ အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ထို့နောက် ချီယန်၏လက်ကို ဆွဲကာ အခြား ဦးတည်ရာ တစ်ခုသို့ ကူးခတ်သွားတော့သည်။

ရေသူမလေးနှင့် အထိအတွေ့ ဖြစ်သွားသည့် အခိုက်အတန့်တွင် ချီယန်၏ ခန္ဓာကိုယ်ပေါ်၌လည်း ကြီးမားသောပြောင်း လဲမှုကြီး တစ်ရပ် ဖြစ်ပေါ်သွားခဲ့သည်။

ပင်လယ်ရေသည် သူ့အတွက် အတားအဆီး မဟုတ်တော့ဘဲ လေထုကဲ့သို့ လွတ်လပ် ပေါ့ပါးသွားတော့၏။

သူ ရေသိပ်မကူးတတ်ပါချေ။

သို့သော် ဤအခိုက်အတန့်တွင် သူသည် ကုန်းပေါ်တွင် လမ်း လျှောက်နေရသကဲ့သို့ သဘာဝကျနေပေသည်။

ထို့အပြင် ပိုမြန်ဆန်နေသေး၏။

ချီယန် အောက်သို့ ငုံ့ကြည့်လိုက်ရာ

"အေးပါလေ ကောင်းပါပြီ၊ သူ မျိုးစိတ် ပြောင်းသွားပြန်ပါပြီ"

သ့ ခြေထောက် နှစ်ဖက်သည် အပြာရောင် ငါးအမြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။

ချီယန် "ငါတို့ ဘယ်ကို သွားကြမှာလဲ"

ချီယန် စတင် မေးလိုက်သည်။

ထိုအခါငွေရောင်အမြီးနှင့် ရေသူမလေးက နောက်သို့ပင် လှည့်မကြည့်ဘဲ ပြန်ဖြေ၏။

ရေသူမလေး "ရှင် မေ့သွားပြီလား ဒီနေ့က မင်းသမီးလေး ခင်ပွန်း ရွေးချယ်မယ့် နေ့လေ ရှင် လာတာကို မင်းသမီးလေး သေချာပေါက် မျှော်လင့်နေမှာပဲ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက်

ချီယန်၏မျက်စိရှေ့တွင် ကြီးကျယ်ခမ်းနားပြီး ရွှေရောင်များ တောက်ပနေသော နန်းတော်ကြီး တစ်ခု ပေါ်လာတော့သည်။

နန်းတော်၏ အလယ်ဗဟိုတွင်လည်း ကြီးမားသော ပြိုင်ပွဲစင်မြင့် တစ်ခုကို ဝိုးတဝါးမြင်တွေ့နေရ၏။

စင်မြင့်ထက်တွင် ရေသူထီး သူရဲကောင်းနှစ်ဦးအပြင်းအထန် တိုက်ခိုက်နေကြ၏။

【ဒီတစ်ကြိမ်ဟာ ဝိဇ္ဇာဘာသာရပ်တွဲ စာမေးပွဲဖြစ်ပါတယ်။ ဝိဇ္ဇာဘာသာရပ်တွဲရဲ့ စွမ်းအားကိုပဲ အသုံးပြုခွင့်ရှိပါတယ်】

【မင်းဟာ ရေသူထီး သူရဲကောင်း တစ်ယောက် ဖြစ်တဲ့အပြင် မင်းသမီးလေး မျက်စိကျနေတဲ့ သူလည်း ဖြစ်တယ်။ မင်းက ဒီပြိုင်ပွဲမှာ နောက်ဆုံး အနိုင်ရရှိသူဖြစ်ချင်နေတယ်】

【ဒီစာမေးပွဲက ပြိုင်ပွဲ ပြီးဆုံးတာနဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အချိန်ကတော့ တကယ့် စာမေးပွဲ အချိန်ထက် ကျော်လွန်မှာ မဟုတ်ပါဘူး။】

……

[သောက်ကျိုးနည်း ဝိဇ္ဇာအသိပညာတွေ သုံးပြီး သိုင်းချရမယ် ဟုတ်လား]

[မိုက်လိုက်တာ၊ ဟိုဘက်က ရှေးဟောင်း ရှင်သန်ရေး၊ ဒီဘက်က ရေအောက်ကမ္ဘာ၊ ပြီးတော့ မင်းသမီးလေးကိုပါ လက်ထပ်ခွင့် တောင်းရဦးမယ်တဲ့]

[ရေသူမတွေ အားလုံးက အရမ်း လှတာပဲ! ရေသူမတွေ အပေါ် ထားရှိတဲ့ ငါ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်တာပဲ (*^▽^*)]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများမှာ မျက်စိပွင့်သွားကြတော့သည်။

'ဒီစာမေးပွဲခန်းတွေက ဘယ်လို ပြောရမလဲ၊ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသလိုပဲ'

သို့သော် စာမေးပွဲ ဖြေဆိုနေရသူ အတွက်ကတော့ ခေါင်းကြီးစရာ ဖြစ်နေမှာ သေချာလှပေသည်။

……

အခြားတစ်ဖက်တွင်မူ

ဟန်စစ်စစ်သည် လုံးဝ အဖြူရောင် လွတ်ကင်းနေသော နေရာတစ်ခုတွင် ပေါ်လာ၏။

ပတ်ပတ်လည်မှာ လေးထောင့်ကျကျ ဖြစ်နေပြီး အခန်း တစ်ခန်းနှင့် တူပေသည်။

သို့သော် ကိုင်ကြည့်လိုက်လျှင် အလွန် နူးညံ့နေပြီး လက်သီးဖြင့် ထိုးကြည့်ပါက ပြန်ကန်ထွက်လာတတ်၏။

သူမ၏ စာမေးပွဲခန်းမှာ ဝိဇ္ဇာဘာသာရပ်တွဲ နည်းလမ်းများကို အသုံးပြု၍ ဤနေရာတွင် ပုန်းကွယ်နေသော သင်္ချာ ပုစ္ဆာများကို ရှာဖွေပြီး ဖြေရှင်းရမည် ဖြစ်သည်။

ဟန်စစ်စစ် "စာမေးပွဲ အခက်အခဲ အဆင့်က ပြောင်းသွားပြီ"

ထိုအခါဟန်စစ်စစ် သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်သည်။

"သဲလွန်စတွေ ပိုများလာပေမယ့် ပိုပြီးတော့လည်း ခက်လာတယ်"

သင်္ချာ ပုစ္ဆာများကဲ့သို့ပင် စာသား များလေလေ၊ တစ်ခါတစ်ရံ ဖြေရှင်းရ ပိုခက်လေလေ ဖြစ်တတ်၏။

သူမသည် ဘေးရှိ တစ္ဆေချီ မှန် (ကွန်မန့်) ကို လှမ်းကြည့်ကာ ရိုသေလေးစားစွာ ပြောလိုက်သည်။

ဟန်စစ်စစ် "ဆရာတို့၊ ဒီတစ်ခါ စာမေးပွဲကို ဆရာတို့အပေါ် လုံးဝ ပုံအပ်ထားပါတယ်"

ယခင်ကဆိုလျှင် ဤကျောင်းသားများသည် တစ္ဆေနယ် မြေ၏လိုက်လံ ဖမ်းဆီးမှု၊ ဖိနှိပ်မှုများကိုသာ အမြဲတမ်း ခံခဲ့ရသည်။

သို့သော် ယခုအခါတွင် သူတို့ တစ်ယောက်တည်း မဟုတ်တော့ပါချေ။

သူတို့တွင် အင်အားကြီးမားသော အကူအညီပေးသူ တစ်စု ရှိနေပြီဖြစ်၏။

အခက်အခဲ အဆင့် ပြောင်းသွားသော်လည်း အခြေခံစည်း မျဉ်းများက ပြောင်းလဲမသွားခဲ့ပါချေ။

အသိပညာ လုံလောက်သည်နှင့် တားဆီး၍မရအောင် ရှေ့သို့ ချီတက်နိုင်မည်သာ ဖြစ်၏။

ပြန်လည် တိုက်ခိုက်ရမည့်အချိန်ရောက်ပြီ။

……

စာညံ့သူ ခြောက်ယောက်၊ ကင်မရာခြောက်ခု ဆရာခြောက်ဖွဲ့၏ ဦးဆောင်မှုအောက်တွင် သူတို့၏ စာမေးပွဲ မေးခွန်းများကို တက်ကြွစွာ စတင် ရင်ဆိုင်ဖြေရှင်းနေကြပြီ ဖြစ်သည်။

ရှေးဟောင်း သစ်တောကြီးထဲတွင်မူ

ဖူကျဲသည် ဓာတုဗေဒ အသိပညာများကို အသုံးပြုကာ ထိုတောဝက်ကြီးကို ပြန်လည်သတ်ဖြတ်နိုင်ခဲ့သည်။

ရူပဗေဒ အသိပညာကို အသုံးပြု၍ မီးမွှေးပြီး၊ သောက်သုံးရန် သင့်တော်သော သန့်ရှင်းသည့် ရေများကို စစ်ထုတ်နိုင်ခဲ့၏။

ပြီးနောက် ဇီဝဗေဒနှင့် ဓာတုဗေဒ အသိပညာများကို အသုံး ပြုကာ တောဝက်ကြီးထံမှ ကပ်ပါးကောင်များကိုဖယ်ရှား ရှင်းလင်းခဲ့သည်။

လုပ်ငန်းစဉ် တစ်ခုလုံး အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး နောက် သူသည် နေရာလွတ် တစ်ခုကို ရှာကာ တစ်ဖက်မှ အသားကင်ရင်း၊ တစ်ဖက်မှ ဆရာများ၏ရှင်းပြချက်များကို နားထောင်နေတော့သည်။

ဆရာများသည်ညအိပ်ရန် နေရာကို တည်ဆောက်ရာတွင် မျိုးစုံသော အသိပညာများကို မည်သို့ အသုံးပြုရမည်ကို ရှင်းပြနေခြင်း ဖြစ်၏။

သိပ္ပံဘာသာရပ်တွဲ ဖြစ်သောကြောင့် ရူပဗေဒ၊ ဓာတုဗေဒ နှင့် ဇီဝဗေဒ အသိပညာများ အားလုံးကို အသုံးပြုရမည်ဖြစ် သည်။

ထိုအထဲတွင် ရူပဗေဒသည် အတိကျဆုံး သဘာဝသိပ္ပံ ဘာသာရပ်ဖြစ်ပြီး၊ ဓာတုဗေဒသည်လည်း သဘာဝသိပ္ပံ ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။

ဇီဝဗေဒ ဆိုသည်မှာ သက်ရှိ သတ္တဝါများ၊ အပင်များကို လေ့လာသော ပညာရပ်ဖြစ်ပေသည်။

ဤအသိပညာ စွမ်းအား သုံးမျိုးသည် ကန့်သတ်ချက် အချို့ ရှိနေလျှင်တောင်မှ ဤရှေးဟောင်း သစ်တောကြီးထဲတွင် အသုံးပြုရန် အလွန် လုံလောက်နေဆဲပင် ဖြစ်၏။

စားသောက်ပြီးသွားသောအခါ ဖူကျဲ သည် စတင် လှုပ်ရှားတော့သည်။

"ရှေးဟောင်း ရှင်သန်ရေး ဟုတ်လား"

"စခန်းချ အပျော်ခရီး ထွက်လာတယ်လို့ပဲ သဘောထားလိုက်မယ်'

ရေအောက်ကမ္ဘာ

ချီယန်သည် ဆရာများ၏အကြံပြုချက်ကို လက်ခံကာ ကဗျာများကို ကိုယ်ပိုင် လက်နက်နှင့် သံချပ်ကာအဖြစ် ဖန်တီး၍ တိုက်ခိုက်နေသည်။

ဝိဇ္ဇာဘာသာရပ်တွဲ စာမေးပွဲ ဖြစ်သောကြောင့် လိုအပ်လာပါက ပြိုင်ဘက်ကို နားချရန် နိုင်ငံရေး ဘာသာရပ်ကိုလည်း အသုံးပြု၍ ရနိုင်ပေသည်။

ဤအချိန်တွင် ဝိဇ္ဇာဘာသာရပ်၏အားသာချက်နှင့် အားနည်း ချက်များ အားလုံးပေါ်လွင်လာတော့၏။

အားသာချက်မှာ အသုံးပြုနိုင်သော နည်းလမ်း ပုံစံမျိုးစုံ ရှိနေခြင်းပင် ဖြစ်သည်။

တိကျသော အဖြေတစ်ခုတည်း မရှိဘဲ ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိစွာ အသုံးပြုနိုင်၏။

အားနည်းချက်ကတော့ စာသားများက အလွန်များနေခြင်းပင်။

ဆိုလိုသည်မှာ ဆရာများအနေဖြင့် စဉ်းစားရန်နှင့် အကြောင်း ပြန်ရန် အချိန် အတိုင်းအတာ တစ်ခု ယူရမည် ဖြစ်၏။

ချီယန် အနေဖြင့် အသုံးပြုသည့် အကြိမ်တိုင်းတွင်လည်း အလွတ်ရွတ်ဆိုရန် သို့မဟုတ် ဖတ်ပြရန် အင်အားအနည်း ငယ် စိုက်ထုတ်ရမည် ဖြစ်သည်။

[ဒါက လုံးဝကို Skill cooldown (စွမ်းရည် ပြန်လည်ပြည့်ဖြိုးရန် စောင့်ဆိုင်းရချိန်) လိုမျိုး ဖြစ်နေတာပဲ]

ဟု တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူ တစ်ဦးက မှတ်ချက်ပေးလိုက်၏။

သို့သော် သူတို့က ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။

ထိုသို့ဖြစ်နေလျှင်တောင်မှ ဤဆရာများ၏ ကြီးမားလှသော အသိပညာ သိုလှောင်မှု ပမာဏနှင့် ယှဉ်လိုက်ပါက အားနည်း ချက် ဆိုသည်မှာ ခဏတာမျှသာဖြစ်၏။

Cooldown ဝင်နေချိန်အတွင်း အခြားနည်းလမ်းကို အသုံး ပြု၍ ခံစစ်လုပ်ထားလိုက်လျှင် ရပြီ ဖြစ်သည်။

ချီယန် "ရှန်းယွီ တရုတ်သမိုင်းမှာ ပထမဆုံး စစ်သူကြီး၊ ခွန်အားကြီးမားလွန်းလို့ ကြေးအိုးကြီးကိုတောင် မ,နိုင်တယ်၊ တောင်ကို ဖြိုနိုင်တဲ့ အရှိန်အဝါ ရှိတယ်၊ အနောက်ချူ ရဲ့ အရှင်သခင် လို့ နာမည်ကြီးတယ်"

ချီယန် သည် မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်ကာ ပြိုင်ဘက် ၏ ဓားရှည်ကြီးကို ရှောင်တိမ်းလိုက်၏။

ထို့နောက် ဆရာများ ရိုက်ပို့လိုက်သော စာတန်းများကို ထပ်မံ ကြည့်လိုက်သည်။

ချီယန် "တစ်ယောက်တည်းရဲ့ ခွန်အားနဲ့တင် တိုင်းပြည် တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့တယ်"

သူ နောက်ဆုံး စာလုံးကို ရွတ်ဆိုပြီးသွားသည်နှင့် တစ်ပြိုင် နက် အနက်ရောင် အရိပ်ကြီး တစ်ခုကလေထဲတွင် တဖြည်း ဖြည်း ပုံဖော်လာတော့သည်။

၎င်းသည် သံချပ်ကာ အပြည့်ဝတ်ဆင်ထားပြီး အနက်ရောင် မြင်းကြီးကိုစီးကာ လက်ထဲတွင် ဧကရာဇ်လှံကို ကိုင်ဆောင်ထား၏။

"အနောက်ချူ အရှင်သခင် ဒီမှာ ရှိတယ်"

အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လှံကို လွှဲယမ်းလိုက်ရာ တစ်ခဏအတွင်းမှာပင် ထောင်သောင်းချီသော စစ်သည်များ ပြေးလွှားလာသကဲ့သို့ တားဆီး၍ မရနိုင်သော အရှိန်အဟုန်ကြီး ပေါ်ထွက်လာတော့သည်။

ပတ်ဝန်းကျင်ရှိ ရေလှိုင်းများက အပြင်းအထန် ဆူပွက်လာကာ ချီယန် ၏ ပြိုင်ဘက်မှာ နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရပြီးမှသာ ရပ်တန့်သွားနိုင်ခဲ့ပြီး အပြာရောင် သွေးများ အန်ကျလာတော့၏။

"ငါ အရှုံးပေးတယ်"

သို့သော်ပြိုင်ဘက် တစ်ယောက် ဆင်းသွားသည်နှင့် နောက်တစ်ယောက် ထပ်တက်လာသည်။

စင်မြင့်ကို ကာကွယ်နိုင်မှသာ နောက်ဆုံး အနိုင်ရရှိသူဖြစ် လာပြီး ရေသူမ မင်းသမီးလေးကို လက်ထပ်နိုင်မည် ဖြစ်၏။

ထိုအခါမှသာစာမေးပွဲ ပြီးဆုံးမည် ဖြစ်သည်။

……

ဟန်စစ်စစ်သည်လည်း ဆရာများနှင့် ပူးပေါင်းကာ အဖြူရောင် နေရာလွတ် အတွင်းမှ ဂျီသြမေတြီ ပုစ္ဆာတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့နောက် ပညာရပ်၏စွမ်းအားကို အသုံးပြု၍ စတင် ဖြေရှင်းနေပြီ ဖြစ်သည်။

စာမေးပွဲခန်းအားလုံးတွင် အစပိုင်း၌ အခက်အခဲအဆင့် ပြောင်းလဲသွားမှုကြောင့် အနည်းငယ် ပြာယာခတ်သွားသည်မှလွဲ၍ အရာအားလုံးက စနစ်တကျ လည်ပတ်နေပြီ ဖြစ်၏။

ရန်သူလာရင် စစ်သူကြီးနဲ့ တားမယ်၊ ရေလာရင် မြေနဲ့ တားမယ် ။

ဤအခိုက်အတန့်တွင် ဆရာများ၏ကြီးမားလှသော အသိ ပညာ ဘဏ်တိုက်ကြီးသည် အင်အားအကြီးမားဆုံးလက် နက်တိုက်ကြီး ဖြစ်လာတော့၏။

တရုတ်စာ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ နိုင်ငံရေး၊ သမိုင်း၊ ပထဝီဝင်။

ရှေးကရှိခဲ့သော 'အသိပညာသည်သာ ခွန်အား' ဆိုသည်ကို ယခု အချိန်လေးမှာပင် အပြည့်အဝ သက်သေပြနေပြီ ဖြစ်တော့သည်။

……

……

တစ်နေရာတွက်

"ဒေါင် ဒေါင်" "ဒေါင် ဒေါင်"

ကျောင်းဝင်း အတွင်း၌ အတန်းဆင်း ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။

ကျောင်းသားများသည်လည်း အတန်းထဲမှ အုံလိုက်ကျင်းလိုက် ထွက်လာကြပြီး အိမ်သာအတူတူ သွားသူများ၊ ဘောလုံး အတူတူ ကစားသူများ ရှိကြသည်။

သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စုဖြင့် သတင်းတိုများ ပြောဆိုနေကြသူများလည်း ရှိ၏။

"ဟေ့ ဟေ့ ဟေ့၊ ဆရာမ ပို့ပေးလိုက်တဲ့ အဲဒီ live အခန်းကို မင်းတို့ ကြည့်ပြီးပြီလား"

"ကြည့်ပြီးပြီ၊ ကြည့်ပြီးပြီ၊ အထဲက ဆရာတွေက တကယ်ကို တော်တာ"

"ငါ live ကြည့်တာ ပထမဆုံးအကြိမ်ပဲ၊ ဒီလို live အခန်း ပုံစံမျိုးက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်"

တစ္ဆေနယ်မြေ အတွင်း၌ စာမေးပွဲ စတင်နေချိန်တွင် လူ့လော ကရှိ အထက်တန်းကျောင်း၌လည်း ပုံမှန်အတန်းချိန်များ စတင်နေပြီ ဖြစ်၏။

"ဒါနဲ့လေ၊ အဲဒီအထဲက ကျောင်းသားတွေက ငါတို့ ဘေးက ကျောင်းက ကျောင်းသားတွေလို့ ကြားတယ်"

"တကယ်လား၊ ငါတို့ ဘေးကျောင်းမှာ အနုပညာရှင်တွေ ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး"

"အနုပညာရှင်"

သတင်းပေးသော လူဝကြီးက လှောင်ရယ်လိုက်ပြီး "အဲဒါက မရဏလောက live အခန်းလေ၊ မင်းတို့က မသိကြဘူးလား"

'အနုပညာရှင် ဟုတ်လား'

'ဘယ်အနုပညာရှင်ကများ Streamer ကြီးရဲ့ live အခန်းထဲ သွားလွှင့်ရဲမှာလဲ'

'ပြီးတော့ အဲဒီ live အခန်းက ငရဲပြည်ကို တိုက်ရိုက်ချိတ် ဆက်ထားတာလေ၊ ဘယ်သူက သွားရဲမှာလဲ'

'သေချင်လို့လား'

'တကယ်လို့ တစ်နေ့နေ့ ကိုယ့်မျက်နှာကြီး အဲဒီအပေါ်မှာ ပေါ်လာရင်တော့ သေချာပေါက် အားရပါးရ ငိုလိုက်တော့သာ မှတ်'

လူဝကြီး စိတ်ထဲမှာ 'ဟီးဟီး' လို့ တွေးနေတုန်း အိတ်ကပ်ထဲက ဖုန်းက ရုတ်တရက် နှစ်ချက်လောက် တုန်ခါသွားသည်။

ထိုအခါ သူက လူအုပ်ကို အမြန်ရှောင်တိမ်းပြီး ပုန်းဖို့ နေရာ တစ်ခုကို အမြန် ရှာလိုက်၏။

အဘယ်ကြောင့်နည်းဟုမမေးပါနှင့် ကျောင်းထဲ၌ဖုန်းယူလာခွင့် ပိတ်ပင်ထားသည်လေ။

မက်ဆေ့ချ်ကို ဖတ်ပြီးသွားသည့်အခါ လူဝကြီး၏နှလုံးသားမှာ တစ်ချက် တစ်ချက်ခုန်ပေါက်သွားတော့သည်။

"သောက်ကျိုးနည်း ဟိုဘက်ကျောင်းက ကျောင်းလူမိုက်ကြီး သတိရလာပြီလား”

All Chapters