← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

🫧 Chapter 291

တစ္ဆေနယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြန်လည် သတိရလာပြီးနောက် ဖူကျဲ တစ်ယောက် နေမထိထိုင်မသာ ဖြစ်သွားတော့သည်။

'ကျောင်းက လူတွေ အကုန်လုံး ငါ့ရဲ့ live ကို ကြည့်ပြီးသွားကြပြီလား မသိဘူး'

'အဲဒီလိုဆိုရင် ငါ့ရဲ့ ကျောင်းလူမိုက် ပုံရိပ်ကြီး ပျက်စီးသွားပြီပေါ့'

ဆရာ "ဖူကျဲ၊ မင်း ဘာဖြစ်လို့လဲ ဒါမှမဟုတ် ဒီပုစ္ဆာကို လာတွက်ချင်လို့လား"

စင်မြင့်ထက်မှ ဆရာက လှမ်းမေးလိုက်၏။

ဖူကျဲ "......"

'ပုစ္ဆာ တွက်ရမယ် ဟုတ်လား'

'ဟုတ်သားပဲ၊ သူ အမရှင်း တို့ကို ကတိပေးထားခဲ့တယ်လေ၊ ပြန်ရောက်ရင် စာသေချာ လုပ်ပါ့မယ်လို့'

'ပုံရိပ်ဆိုတာတွေကတော့'

'ဝိညာဉ်တမန်တော် ကျန်းလင် လို ပညာရှင်ကြီးမျိုးရဲ့ ခြေသလုံးကို သာမန်လူတွေက ဖက်ချင်တိုင်း ဖက်လို့ရတာမှ မဟုတ်တာ၊ ဒီကိစ္စက သူ့အတွက် ဂုဏ်ယူစရာပဲလေ'

'ပြီးတော့ ကျောင်းလူမိုက်က နေ့စဉ်တိုးတက်အောင် စာကြိုးစားလို့ မရဘူးလို့ ဘယ်သူပြောလဲ'

တွေဝေေ၀ဝါးဖြင့် စင်မြင့်ထက်သို့ သွားကာ ပုစ္ဆာတွက်ပြီးနောက် ဖူကျဲ သည် သူ့ နေရာတွင် ပြန်ထိုင်လိုက်၏။

တစ်ဖက်မှ စာကို သေချာ နားထောင်မည်ဟု တွေးနေသော်လည်း တစ်ဖက်မှလည်း သူ့ ဘဝကို ပြန်လည် သံသယ ဝင်နေမိသည်။

သူ၏ စိတ်အာရုံများမှာ လွင့်မျောနေ၏။

'ငါ တကယ်ပဲ အိပ်ရာကနေ နိုးလာတာလား'

'ခုနက ပုစ္ဆာကို တကယ်ပဲ ငါကိုယ်တိုင် တွက်လိုက်တာလား'

'ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ စိတ်ကူးယဉ်ဆန်လာသလိုပဲ'

"ဒေါင် ဒေါင် ဒေါင် ဒေါင်"

အတန်းဆင်း ခေါင်းလောင်းသံ မြည်လာသည်နှင့် ဖူကျဲ သည် အတန်းထဲမှ ပြေးထွက်သွားတော့သည်။

ဘေးခန်းမှ ချီယန်ကို သွားရှာပြီး မျှော်လင့်တကြီးဖြင့် မေးလိုက်၏။

ဖူကျဲ "ညီအစ်ကို၊ ငါ အကုန်လုံးကို မှတ်မိသွားပြီ မင်းရော"

ချီယန် "......"

ချီယန် ခေါင်းမော့ကြည့်လိုက်ပြီး နားမလည်နိုင် ဖြစ်သွား၏။

'ဘာတွေ လာပြောနေတာလဲ'

ဤသည်ကို မြင်သောအခါ ဖူကျဲ တွေးလိုက်သည်။

'အာ ဒါက မမှတ်မိသေးဘူးပဲ'

'အဲလိုတော့ ဘယ်ရမလဲ'

' အတူတူ စာကြိုးစားကြမယ်လို့ ကတိပေးထားပြီးမှ ဘယ်လိုလုပ် မင်းကို ထွက်ပြေးခွင့် ပေးမလဲ'

'တောက်၊ ဘယ်လိုလုပ် မင်းကို အနောက်မှာ ချန်ထားရစ်ခဲ့လို့ ရမလဲ'

ဖူကျဲ "စိတ်ချပါ ညီအစ်ကို၊ မင်း တစ်ယောက်တည်းကို ငါ ပစ်ထားခဲ့မှာ မဟုတ်ဘူး"

ဖူကျဲ သည် ချီယန် ၏ ပခုံးကို ပုတ်ကာ ညီအစ်ကို အရင်းများကဲ့သို့ ရင်းနှီးစွာ ပြောလိုက်၏။

ဖူကျဲ "မင်း ပြန်မှတ်မိလာအောင် ငါ ကူညီပေးမယ်"

ချီယန် "......"

'ဒီလူ ဦးနှောက် တစ်ခုခု မှားနေတာလား'

'အရင်က ဟန်စစ်စစ် ဆိုတဲ့ တစ်ယောက်ကလည်း အဲလိုပဲ'

သို့သော် ချီယန် သည် စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်မိ၏။

'အခုလို အချိန်မှာ သူ့ကို ဒီလိုမျိုး လာပြောမယ့်သူဆိုလို့ ဒီဦးနှောက် ချို့ယွင်းနေတဲ့ နှစ်ယောက်ပဲ ရှိလောက်တယ်'

မလှမ်းမကမ်းတွင် ယခင်က အိမ်သာထဲ၌ ပြဿနာရှာခဲ့သော သုံးယောက်ကလည်း ဤဘက်သို့ ကြည့်ကာ တီးတိုး ပြောဆိုနေကြသည်။

ကျောင်းသား ၁ "ဒါဆို ချီယန် နဲ့ ဖူကျဲ က တကယ်ပဲ ညီအစ်ကိုတွေ ဖြစ်သွားကြတာလား"

'ဘယ်တုန်းက ဖြစ်သွားတာလဲ'

ကျောင်းသား ၂ "သူတို့ အရင်က ဆယ်ရက်ကျော်လောက် ခွင့်ယူခဲ့ကြတာ မဟုတ်ဘူးလား၊ ဆေးရုံမှာ ဆုံခဲ့ကြတာများလား"

ကျောင်းသား ၃ "ဒီလိုဆိုရင်တော့ အဓိပ္ပာယ် ရှိသွားပြီ"

သုံးယောက်သား ခေါင်းညိတ်လိုက်ကြပြီး အမှန်တရားကို သိရှိသွားပြီဟု ကိုယ်တိုင် မှတ်ယူလိုက်ကြတော့သည်။

……

……

ချီယန်သည် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ရောက်မှသာ အကုန်လုံးကို ပြန်လည် မှတ်မိသွားခဲ့ခြင်းဖြစ်သည်။

ဖူကျဲ သေသေချာချာ ပုံဖော် ရှင်းပြပေးလို့တော့ မဟုတ်ပါချေ။

ကျောင်းက သူ့အပြင် အခြား ငါးယောက်ကိုပါ သီးသန့် ညပိုင်းစာသင်ဝိုင်း တစ်ခုစီစဉ်ပေးလိုက်ခြင်းကြောင့် ဖြစ်၏။

သီးသန့် လာရောက် သင်ကြားပေးမည့် ဆရာများလည်း ရှိပေသည်။

ထိုအခါချီယန့်စိတ်ထဲတွင် ငြင်းဆန်ချင်ခဲ့သကဲ့သို့ နှုတ်မှလည်း အမှန်တကယ် ငြင်းဆန်ခဲ့သည်။

ရလဒ်အနေဖြင့် ကျောင်းအုပ်ကြီးက သူ့ကို ရုံးခန်းထဲ ခေါ်တွေ့ပြီး သူ တစ်ယောက်တည်းသာသိသည့် လျှို့ဝှက်ချက် တစ်ခုကို ပြောပြလိုက်၏။

ထိုအခိုက်အတန့်တွင် ချီယန်သည် သူ့ခေါင်းကို တစ်စုံတစ် ယောက်က ထုလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တဝီဝီ မြည်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

မြင်ကွင်း တစ်ခုပြီးတစ်ခု သူ့ ဦးနှောက်ထဲမှ ပေါ်ထွက်လာပြီး ရေအောက်ကမ္ဘာမှ ရုတ်တရက် ခုန်ထွက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။

'နောက်ဆို ငါတို့က ညီအစ်ကိုတွေပဲ'

'သွား သွား သွား၊ စွမ်းအားရှင်ကြီးရဲ့ ခြေသလုံးကို သွားဖက်ကြမယ်'

'ဟန်စစ်စစ်၊ နင့်ရဲ့ ဝိဇ္ဇာဘာသာရပ်က ငါတို့ထက် ကောင်းတယ်၊ နင်ပဲ လုပ်လိုက်'

'......'

အတန်ကြာပြီးနောက်

ချီယန်သည် အရှေ့ရှိ ကျောင်းအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့လျှို့ဝှက်ချက်ကို ကျောင်းအုပ်ကြီး ဘာကြောင့် သိနေသနည်း ဆိုသည်ကို သဘောပေါက်သွားတော့၏။

တကယ်တော့ သူ တစ်ယောက်တည်း မဟုတ်ပါချေ။

ဖူကျဲ ၊ ဟန်စစ်စစ် တို့လည်း တစ္ဆေနယ်မြေထဲတွင် ရှိစဉ်က ကိုယ်စီ လျှို့ဝှက်ချက် တစ်ခုစီကို ချန်ထားခဲ့ကြခြင်း ဖြစ်သည်။

အရေးကြုံလာလျှင် အသုံးပြုရန် ဖြစ်၏။

အင်း၊ အဓိကကတော့ သူတို့ကို စာကြိုးစားအောင် တွန်းအားပေးဖို့ ဖြစ်ပေသည်။

ထိုအခါချီယန့် မျက်လုံးထဲမှ ညှိုးငယ်နေမှုများ ပျောက်ကွယ်သွားပြီး တစ္ဆေနယ်မြေထဲမှ ချီယန် အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့၏။

ယခု သူ၊ တစ်ယောက်တည်း မဟုတ်တော့ပါချေ။

တစ္ဆေနယ်မြေထဲတွင် အသက်ရှင်နေရခြင်းထက် ပိုအရေး ကြီးသော အရာတစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ချီယန် "ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး၊ စာသင်ဝိုင်းကို သေချာပေါက် တက်ပါ့မယ်"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျောင်းအုပ်ကြီး ရုံးခန်း တံခါး ပွင့်လာတော့သည်။

ဖူကျဲ နှင့် ဟန်စစ်စစ် တို့ အပြေးအလွှား ဝင်လာကြပြီး မျက်နှာပေါ်တွင် ဝမ်းသာအံ့သြမှုများ အပြည့် ရှိနေ၏။

ဖူကျဲ "မင်း နောက်ဆုံးတော့ မှတ်မိသွားပြီပေါ့"

'သူ အရူးတစ်ယောက်လို အကြည့်ခံရတဲ့ ဘဝကနေ နောက်ဆုံးတော့ လွတ်မြောက်သွားပြီလေ'

ထိုအခါဟန်စစ်စစ် က ခါးထောက်လိုက်ပြီး ပြောလိုက်သည်။

ဟန်စစ်စစ် "ငါကမှ အခက်တွေ့ဆုံးပါဟ၊ ဟုတ်ပြီလား"

'သူမသာလျှင် အရူးတစ်ယောက်လို အကြိမ်ကြိမ် အထင်ခံခဲ့ရသူ ဖြစ်သည်'

ဘေးနားတွင် ကျောင်းအုပ်ကြီးက ဤကလေး သုံးယောက်ကို ပြုံးရွှင်စွာ ကြည့်နေ၏။

ကျောင်းအုပ်ကြီး "မှတ်မိသွားတာ ကောင်းတယ်၊ မှတ်မိသွားရင် ပြီးတာပါပဲ၊ နောက်ဆို စာသင်တဲ့ နေရာမှာလည်း အချင်းချင်း ကူညီကြပြီး နောက်ဆုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အတူတူ အားသွန်ခွန်စိုက် ကြိုးစားကြ"

ဤစကားကို ကြားလိုက်ရသောအခါ သုံးယောက်သား၏ လှုပ်ရှားမှုများ ရပ်တန့်သွားကြတော့သည်။

'ဟုတ်သားပဲ၊ သူတို့က စာညံ့သူ ဘဝကနေ ရုန်းထွက်ရဦးမှာ'

'မဟုတ်ရင် ဘယ်အချိန် အိပ်ရာနိုးလာပြီး တစ္ဆေနယ်မြေထဲ ထပ်အဖမ်းခံရမလဲဆိုတာ မပြောနိုင်ဘူးလေ'

'ဝိညာဉ်တမန်တော် ကျန်းလင် တို့ရဲ့ စကားကို နားမထောင်လို့ မဖြစ်ဘူး'

ထိုအခါ ကျောင်းအုပ်ကြီးက ရယ်မောကာ ပြောလိုက်၏။

ကျောင်းအုပ်ကြီး "ဟားဟားဟား ကိစ္စမရှိပါဘူး၊ မင်းတို့ကို သင်ပေးမယ့် ဆရာတွေ ရှိပါတယ်"

'သေချာလေး အားသွန်ခွန်စိုက် ကြိုးစားလိုက်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အောင်မှတ်ရဖို့က ပြဿနာ မရှိပါဘူး'

ကျောင်းအုပ်ကြီးသည် အရှေ့ရှိ ကလေး သုံးယောက်ကို ကြည့်ရင်း live အခန်းထဲတွင် သူ မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာမိသည်။

ထို့နောက်စိတ်ထဲမှ မနေနိုင်ဘဲ သက်ပြင်း တစ်ချက် ချလိုက်မိ၏။

'ဝမ်မု'

'မင်း မလုပ်နိုင်ခဲ့တဲ့ ကိစ္စတွေကို ငါတို့ဆီ လွှဲထားလိုက်ပါတော့'

……

……

တခြားဘက်တစ္ဆေနယ်မြေ ဝင်ပေါက်တွင် ရှင်းယာ က မေးလိုက်သည်။

ရှင်းယာ "အခြေအနေ ဘယ်လိုနေလဲ"

ကျန်းလင် ထိုခြောက်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ရစ်ခဲ့သော သူ၏ အငွေ့အသက်များကို အာရုံခံကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

ကျန်းလင် "သူတို့ဘက်က အခြေအနေ တော်တော် ချောမွေ့တယ်၊ အားလုံး သတိရလာကြပြီ"

ကင်မရာ ဆယ်ခု၊ စာမေးပွဲဖြေဆိုသူ ဆယ်ယောက်၊ အားလုံးက အမှတ်ပြည့် ရရှိခဲ့ကြကာ တစ္ဆေနယ်မြေ အတွင်းမှ အောင်မြင်စွာ လွတ်မြောက်လာခဲ့ပြီ ဖြစ်၏။

စာညံ့သူ ခြောက်ယောက် အဖွဲ့ သတိရလာချိန်တွင် ကျန်းလင် တို့သည်လည်း တစ္ဆေနယ်မြေ ဝင်ပေါက်တွင် ပေါ်လာခဲ့ကြသည်။

ရှင်းယာ "ဒါပေမယ့်"

ရှင်းယာ တစ္ဆေနယ်မြေ အရှေ့ရှိ 'တံခါး' ကို ကြည့်လိုက်၏။

တစ္ဆေနယ်မြေက ရှိနေဆဲပင် ဖြစ်သည်။

'ဆိုလိုသည်မှာ သူတို့ လောင်းကြေးထပ်ခဲ့သည်က မှားသွားခဲ့ပြီလား'

'စာညံ့သူများကို ဘေးကင်းစွာ ထွက်ခွာခွင့်ပြုပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရင်ဆိုင်စေခြင်းက တစ္ဆေနယ်မြေ၏ စွဲလမ်းမှုကို မပြည့်ဝစေဘူးလား'

စာပေပညာရှင် ဝိညာဉ်တမန်တော် "အခုပဲ တာဝန်ပေးစင်တာကို သွားပြီး အခြေအနေကို ရှင်းပြလိုက်ကြမလား"

စာပေပညာရှင် ဝိညာဉ်တမန်တော် ဤစကားကို ပြောလိုက်ချိန်တွင် ကျန်းလင်ကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ် တာဝန်တွင် ရှင်းယာ၏ ကျရှုံးမှုကို ထည့်မပြောလျှင်တောင်မှ ကျန်းလင်က အင်အားအများဆုံး စိုက်ထုတ်ခဲ့ပြီး အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် မဟုတ်ပါလော။

စာသင်ပေးခြင်း ဖြစ်စေ၊ နောက်ဆုံး သူတို့ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည့် တစ္ဆေချီမှန် (ကွန်မန့်) ဖြစ်စေ သူ၏ ကျေးဇူးများသာ ဖြစ်ပေသည်။

ကျန်းလင် "ခဏလောက် စောင့်ကြည့်ရအောင်"

ကျန်းလင်သည် တစ္ဆေနယ်မြေထဲတွင် ချန်ထားခဲ့သော သူ၏ ကင်မရာကို ကြည့်လိုက်ရာ အတွင်း၌ ငြိမ်သက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူသည် တစ္ဆေနယ်မြေ ဝင်ပေါက်ဘက်သို့ ဝင်ကြည့်ရန် ကြိုးစားလိုက်သည်။

ဝင်သွားသည်နှင့် တစ်ပြိုင်နက် အတားအဆီး တစ်ခုနှင့် ဝင်တိုက်မိသွားတော့၏။

အပြင်ဘက်မှနေ၍ တံခါးပိတ် ငြင်းပယ်ခံလိုက်ရသကဲ့သို့ ဖြစ်နေပေသည်။

ထိုအခါကျန်းလင် အာရုံခံကြည့်လိုက်ပြီး ပြောလိုက်သည်။

ကျန်းလင် "ဒီတစ္ဆေနယ်မြေက လူတွေကို ထပ်ပြီး ဆွဲမသွင်းတော့ဘူး"

သူ မသိသည်မှာ 'တစ္ဆေနယ်မြေက သက်ဝင်လှုပ်ရှားမှု မရှိတော့ခြင်းလား သို့မဟုတ် စာမေးပွဲ ဖြေဆိုသူများ အားလုံး အမှတ်ပြည့် ရသွားသောကြောင့် ယာယီ ငြိမ်သက်သွားခြင်းလား' ဆိုသည်ကိုပင် ဖြစ်၏။

ကျန်းလင် "ငါ နောက်ထပ် ရက်အနည်းငယ်လောက်ထပ်စောင့်ပြီး အခြေအနေကို ကြည့်ချင်သေးတယ်"

စာပေပညာရှင် ဝိညာဉ်တမန်တော် "ရပါတယ် အခု ကျောင်း သားတွေ အားလုံးလည်း ဘေးကင်းသွားပြီ၊ တစ္ဆေနယ်မြေကလည်း 'ကျောင်းသားသစ် လက်ခံခြင်း' ကို ရပ်တန့်ထားပြီဆိုတော့ ကျွန်တော် အရင် သွားနှင့်တော့မယ်"

စာပေပညာရှင် ဝိညာဉ်တမန်တော်က ယပ်တောင်ကို ဖြန့်ကာ ပြုံးလျက် ပြောလိုက်၏။

"ဒီတစ်ခေါက် တာဝန်မှာ ကျွန်တော်က ဘာမှ သိပ်မလုပ်လိုက်ရဘူး၊ ဒါကြောင့် နောက်ပိုင်း အောင်မြင်သွားရင်လည်း အကျိုးဆောင်ခက ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး"

လူသန်ကြီး "ငါလည်း သွားတော့မယ်ညီအစ်ကို ကျန်းလင် ဒီတစ်ခေါက် မင်းကို ကျေးဇူးတင်ပါတယ် နောက်ဆို ကိစ္စရှိရင် တောင်ဘက်နန်းဆောင်ကို အချိန်မရွေး လာရှာလို့ ရတယ်"

ပြောရင်းဖြင့် သူသည် အပြာရောင် ကတ်ပြားတစ်ခုကို ထုတ်ကာ ကျန်းလင် ထံသို့ ပစ်ပေးလိုက်၏။

ဝိညာဉ်သခင် အဆင့်ရှိသော ဝိညာဉ်တမန်တော် တစ်ပါးအနေဖြင့် သူသည် တောင်ဘက်နန်းဆောင်၏ဖြတ်သန်းခွင့် ကတ်ပြားကို ပေးအပ်နိုင်စွမ်း ရှိပေသည်။

သို့သော် အခြားနန်းဆောင်များမှ ဝိညာဉ်များနှင့်မူ အမြဲတမ်းလိုလို အဆက်အသွယ် နည်းပါးကြ၏။

သူတို့ အသိအမှတ်ပြုထားသော ဝိညာဉ်မဟုတ်လျှင်ပေါ့လေ။

ကျန်းလင် သည် ကတ်ပြားကို ဖမ်းယူလိုက်ပြီး "ကောင်းပြီ၊ နောက်မှ ပြန်ဆုံကြတာပေါ့" ဟု ပြောလိုက်သည်။

ရှင်းယာ က နေရာတွင်ပင် အကြောဆန့်လိုက်ပြီး "ငါလည်း အဲဒီကလေးတွေကို သွားကြည့်လိုက်ဦးမယ်၊ နောက်ဆို အခွင့်အရေးရရင် အတူတူ တွဲလုပ်ကြတာပေါ့" ဟု ပြောလိုက်၏။

ကျန်းလင် "အင်း"

ခဏအကြာတွင် တစ္ဆေနယ်မြေ ဝင်ပေါက်၌ ကျန်းလင် မှလွဲ၍ အခြား ဝိညာဉ်တမန်တော်များ အားလုံးထွက်ခွာသွားကြပြီ ဖြစ်၏။

ထိုကျောင်းသားများ အတွက်တော့ သူ မစိုးရိမ်ပါချေ။

လူ့လောကက သူ့ဘာသာ ဖြေရှင်းပေးသွားလိမ့်မည်ဟု သူ ယုံကြည်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ သန်းနှင့်ချီသော ကြည့်ရှုသူများ ဆိုသည်မှာ အလှပြထားခြင်း မဟုတ်ပါလော။

တမလွန်လောက၏ ကိစ္စများကို သူ ဖြေရှင်းပြီးပြီ၊ လူ့လော က၏ ကိစ္စများကိုတော့ လူသားများသာ ဖြေရှင်းပါစေတော့။

သို့သော် ဟိုဘက်ရှိ အိမ်ခေါင်မိုးပေါ်၌ ဟော့ပေါ့အိုးတည်ကာ စားသောက်နေသော ကောင်ကိုမူ ကျန်းလင် အတော်လေး သတိထားမိနေမိသည်လေ။

🫧 Chapter 292

အိမ်ခေါင်မိုးပေါ်၌

ချင်ကျိုးကျိုး၏ အရှေ့တွင် အိုးကြီးတစ်လုံး တည်ထားပြီး အထဲတွင် ဟင်းသီးဟင်းရွက်များနှင့် အသားမျိုးစုံကို ပြုတ်နေ၏။

လက်တစ်ဖက်စီတွင်လည်း အသားကင် များကို ကိုင်ထားကာ နဖူးမှ ချွေးများ ထွက်သည်အထိ စားသောက်နေသည်။

ချင်ကျိုးကျိုး "တအိုင်၊ ရှောင်အာ၊ မြန်မြန်လုပ်၊ ဟိုဘက်က အသားတွေကိုပါ ထည့်လိုက်"

ချင်ကျိုးကျိုး "ဟုတ်တယ် ဟုတ်တယ်၊ အရင်ဆုံး တုတ်ထိုးလုပ်လိုက်"

သူမသည် ပါးစပ်ထဲသို့ အစားအစာများ ထည့်ရင်း တစ္ဆေစစ်သည် နှစ်ကောင်ကို ညွှန်ကြားနေ၏။

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

ထို့ကြောင့် သူမခေါင်းမော့ကြည့်လိုက်ရာ အဖြူရောင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထိုအခါချင်ကျိုးကျိုးသည် ပါးစပ်အပြည့် ငုံထားလျက် မျက်တောင် နှစ်ချက်ခန့် ခတ်လိုက်၏။

ပြီးနောက်ချင်ကျိုးကျိုးကမေးလိုက်၏ "နင် ဘာလာလုပ်တာလဲ" သူမက ပလုပ်ပလောင်းဖြင့် မေးလိုက်သည်။

ကျန်းလင်သည် ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသော ဟင်းလျာများကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိ၏။

'ဒီလောက် အနံ့တွေ ထွက်နေတာ တခြား ဝိညာဉ်တွေ မသိအောင် ဖုံးကွယ်ထားဖို့ ဆိုတာ ခက်ခဲမှာပဲ'

'ဟို ဝိညာဉ်တမန်တော် သုံးပါးလည်း သိလောက်ပေမယ့် ဒီဘက်ကို လာရတာ ပျင်းလို့နေမှာပါ'

ကျန်းလင် ခဏစဉ်းစားပြီးနောက် ဝင်ထိုင်လိုက်ကာ အသားကင်တစ်ချောင်းကို ကောက်ယူလိုက်၏။

ကျန်းလင် "ဒီကို ဘာလာလုပ်တာလဲ၊ မင်းလည်း ဒီအထူးအဆင့် တာဝန်ကို ယူထားလို့လား"

ချင်ကျိုးကျိုး ပါးစပ်ထဲမှ အစားအစာများကို မြိုချလိုက်ပြီး

ချင်ကျိုးကျိုး "မယူထားပါဘူး"

ထို့နောက် သူမက ကောင်းကင်ကို လက်ညှိုးထိုးပြကာ‌ ပြောလိုက်သည်။

ချင်ကျိုးကျိုး "ရာသီဥတုက သာယာနေတော့ ဟော့ပေါ့စားဖို့ အတိအကျပဲလေ"

ကျန်းလင် ဝင်ထိုင်ပြီး စားသောက်နေခြင်းအပေါ် သူမ ဘာမှမပြောဘဲ၊ တစ္ဆေစစ်သည် နှစ်ကောင်ကိုသာ အသားကင် များများ ထပ်လုပ်ရန်လှည့်ပြောလိုက်သည်။

'သူတို့က ထမင်းစားဖော်တွေလေ'

ကျန်းလင် "မင်းက ရှင်းယာကို လာကြည့်တာ မဟုတ်လား"

ချင်ကျိုးကျိုး၏ လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

ချင်ကျိုးကျိုး "နင် ဘယ်လိုလုပ် သိတာလဲ"

ကျန်းလင် "ခန့်မှန်းကြည့်တာပါ"

တစ်ဖက်လူက ဤကိစ္စကို ဖုံးကွယ်ထားလိုခြင်း မရှိကြောင်း တွေ့ရသဖြင့် သူ ဆက်ပြောလိုက်၏။

ကျန်းလင် "တာဝန်ပေးစင်တာက သတင်းမကြေညာခင်ကတည်းက မင်းက ဒီအထူးအဆင့် တာဝန်အကြောင်းကို သိနေခဲ့တယ်"

ကျန်းလင် "ဒီတာဝန်ကို ပထမဆုံးယူခဲ့တဲ့ ဝိညာဉ်တမန်တော်က ရှင်းယာပဲ"

သတင်းဘယ်လောက် မြန်မြန်၊ သူ သိချင်တာနဲ့ ချင်ကျိုးကျိုးဘက်က သတင်းရလာဖို့ ဆိုတာ မဖြစ်နိုင်ပါချေ။

'စောစောကတည်းက စောင့်ကြည့်နေခဲ့တာ ဆိုရင်တော့ တစ်မျိုးပေါ့'

ချင်ကျိုးကျိုး ဒီတာဝန်ကို စိတ်ဝင်စားမှု မရှိဘူး ဆိုမှတော့ သူမ စောင့်ကြည့်နေတာက တာဝန်ယူထားတဲ့ ဝိညာဉ်တမန်တော်ကိုပဲ ဖြစ်ရမည်။

ချင်ကျိုးကျိုး သည် အသားကင်ကို ဆက်စားရင်း နားထောင်နေ၏။

ချင်ကျိုးကျိုး "တခြား ရှိသေးလား"

ကျန်းလင်လည်း အလောတကြီး မရှိဘဲ တစ်ဖက်မှ စားရင်း တစ်ဖက်မှ ပြောလိုက်သည်။

ကျန်းလင် "မင်းတို့ နှစ်ယောက်က ရုပ်ချင်းတော်တော် ဆင်တယ်"

ရှင်းယာကို ပထမဆုံးအကြိမ် မြင်လိုက်ကတည်းက သူ သတိထားမိခဲ့ခြင်း ဖြစ်၏။

ထိုနှစ်ယောက်သည် ရုပ်ရည်အလွန်ဆင်တူကြပြီး အထူး သဖြင့် မျက်လုံးများက တစ်ပုံစံတည်း ဖြစ်နေပေသည်။

ပုံမှန်ဆိုလျှင် ချင်ကျိုးကျိုး၏ ရှည်လျားသော ဆံပင်များက မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသဖြင့် သာမန်လူများ သတိထားမိရန် ခက်ခဲလှ၏။

သို့သော် ထမင်းစားဖော် တစ်ယောက်အနေဖြင့် ဝိညာဉ်တမန်တော် ကျန်းလင်ကတော့ မြင်ဖူးပေသည်။

ဥပမာအားဖြင့် ယခုအချိန်မျိုးတွင် ဖြစ်၏။

ချင်ကျိုးကျိုး ဆံပင်များကို အပေါ်သို့ သပ်တင်ထားသဖြင့် သူမ မျက်နှာအပြည့်အစုံကို မြင်တွေ့ရပေသည်။

အသားအရေက ဖြူဖွေးပြီး နှုတ်ခမ်းက နီထွေးကာ သွားများက ဖြူစင်လှ၏။

အထူးသဖြင့် ထိုမျက်လုံးအစုံပင်။

မျက်ရစ်နှစ်ထပ်နှင့် မျက်လုံးထောင့်များက အနည်းငယ် ပင့်တက်နေကာ မျက်ဝန်းထဲတွင် ကြယ်ရောင်များ လင်းလက်နေသကဲ့သို့ ရှိပေသည်။

အလွန်ပင် လှပပေ၏။

……

[တကယ်တော့ ငါလည်း သတိထားမိတယ်၊ ချင်ကျိုးကျိုးက တကယ်ကို လှတာပဲ၊ ပုံမှန်ဆို မမြင်ရလို့သာ]

[ဟင် ဒါဆို သူတို့ နှစ်ယောက်က ညီအစ်မတွေလား၊ ဒါမှမဟုတ် ဆွေမျိုးတွေလား]

[တစ်ယောက်က အရှေ့ဘက်နန်းဆောင်၊ တစ်ယောက်က တောင်ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေ ဒါ၊ ဒါက ဘယ်လို ဇာတ်လမ်းမျိုးလဲ]

ကျန်းလင်၏ သတိပေးမှုကြောင့်သာ ကြည့်ရှုသူများလည်း သဘောပေါက်သွားကြခြင်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ချင်ကျိုးကျိုးဆံပင်များက ရှည်လွန်းသဖြင့် ပုံမှန်ဆိုလျှင် မျက်နှာကို သေချာမမြင်ရသော ကြောင့်တည်း။

ထို့အပြင် သူတို့ နှစ်ယောက်၏စရိုက်နှင့် အပြုအမူများကလည်း ကွာခြားလွန်းလှပေသည်။

တစ်ယောက်က မျက်နှာသေနှင့်ဖြစ်ပြီး အသံကလည်း အမြဲတမ်း တစ်သံတည်း ထွက်နေတတ်၏။

တစ်ယောက်ကမူ ရှေးဟောင်းပန်းချီကားထဲမှ ထွက်လာသော မင်းသမီးလေးကဲ့သို့ ကျက်သရေ ရှိလှပေသည်။

တစ်ယောက်က စားမယ်ဆိုတာနဲ့ အထာမထားဘဲ စားတတ်ပြီး၊ နောက်တစ်ယောက်က လှုပ်ရှားမှုတိုင်းတွင် သိမ်မွေ့မှုများ ပါဝင်နေ၏။

နှိုင်းယှဉ်ရမည်ဆိုလျှင် အိမ်နီးချင်း မိန်းကလေးလေး နှင့် နတ်သမီးလေးတို့၏ ကွာခြားချက်မျိုး ဖြစ်ပေသည်။

[ဟီးဟီးဟီး အိမ်နီးချင်း မိန်းကလေးလေးရော နတ်သမီးလေးရော အကုန် ကောင်းပါတယ်]

[ဒီအထဲမှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေမယ်လို့ ခံစားရတယ်]

[ဖူကျဲတို့ သတိရလာပြီးရင် ဘယ်လိုနေမလဲ ဆိုတာ ငါ တော် တော်သိချင်နေပြီ၊ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမယ့် ပုံပဲ (🤔)]

[ထောက်ခံတယ်၊ ငါ့ညီမ ပြန်လာရင် ငါ စုံစမ်းကြည့်ဦးမယ်]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများ ဆွေးနွေးနေကြစဉ်မှာပင် ပြောရင်းဆိုရင်းဖြင့် သူတို့ သတိထားမိလိုက်သည်မှာ

'ဟင်'

'live အခန်းက ဘာလို့ အသံမကြားရတော့တာလဲ'

'ငါတို့ ဖုန်းတွေ ပျက်သွားတာလား'

[ဟလို ဟလို မင်းတို့ဆီမှာ လိုင်းမိလား၊ ငါ ဘာလို့ အသံမကြားရတော့တာလဲ]

[ကိုယ့်ဖုန်းကိုကိုယ် သံသယ မဝင်ပါနဲ့၊ Streamer က ငါတို့ကို အသံပိတ်ထားတာ ဖြစ်ရမယ် (😎)]

[အာ ဒါဆိုရင်တော့]

'ဒါဆိုရင်တော့' ဘာမှလုပ်၍ မရတော့ပါချေ။

……

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

အိမ်ခေါင်မိုးပေါ်၌ ဝိညာဉ်တမန်တော် နှစ်ပါးသည် အသား ကင်ကို ဆက်လက်စားသောက်နေကြဆဲ ဖြစ်၏။

ကျန်းလင် စကားကို ကြားသောအခါ ချင်ကျိုးကျိုးမျက်ခုံးပင့်လိုက်သည်မှလွဲ၍ အခြား ဘာမှမပြောပါချေ။

ပုံမှန် မျက်နှာသေ ဖြစ်နေတတ်သော သူမအတွက် ဤသည် မှာ အတော်လေးအံ့သြသွားသော တုံ့ပြန်မှုဟု ဆိုရပေမည်။

သို့သော် ထမင်းစားဖော် ဆိုတာက ထမင်းစားဖော်ပါပဲ။

အားလပ်ချိန်များတွင် အတူတူ စကားစမြည် ပြောဆိုနိုင်သော သူများ ဖြစ်သည်လေ။

ချင်ကျိုးကျိုး သည် ခဏမျှ စဉ်းစားလိုက်ပြီး ဖုံးကွယ်ထားစရာ အကြောင်းမရှိဟု ဆုံးဖြတ်လိုက်၏။

ချင်ကျိုးကျိုး "သူက ငါ့ရဲ့ အစ်မ လို့ ပြောလို့ရပါတယ်"

သူမက ခေါင်းကို ကုတ်လိုက်ပြီး "ဒါပေမယ့် အဲဒီအချိန်တုန်းက ကိစ္စတွေ အများကြီး ဖြစ်ခဲ့တော့ အခု သိပ်ပြီး အဆက် အသွယ် မရှိကြတော့ဘူး"

ချင်ကျိုးကျိုး "ငါလည်း ဒီအခွင့်အရေးလေးကို သုံးပြီး သူ့ကို လာကြည့်ရုံ သက်သက်ပါ"

'ဘာပဲဖြစ်ဖြစ် ညီအစ်မ ဆိုတာက လူ့ဘဝတုန်းက ကိစ္စတွေပဲလေ'

'အခုအချိန်မှာ ကိုယ့်ဘဝနဲ့ ကိုယ် အဆင်ပြေနေကြတာက အကောင်းဆုံးပါပဲ'

'ဟောင်းနွမ်းနေတဲ့ အတိတ်က ကိစ္စတွေကြောင့် တစ်ဖက်လူရဲ့ ဘဝကို သွားပြီး အနှောင့်အယှက် ပေးစရာ မလိုတော့ပါဘူး'

ကျန်းလင် သည် ခဏမျှ ငြိမ်သက်သွားပြီးနောက် "ကောင်းပါတယ်" ဟု ပြောလိုက်၏။

သူလည်း အရင်က မုန့်ပေါ် ထံ၌ လူတစ်ယောက်ကို သွားရှာဖူးသည်။

ဥပမာ အရင်မှတ်ဉာဏ်တွေထဲမှာ သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက်ပေးခဲ့ဖူးတဲ့ သူတောင်းစား အဘိုးကြီးပင်။

ဝိညာဉ်တမန်တော်များအနေဖြင့် သာမန်လူများထက် ပိုမိုများပြားသော အတွေ့အကြုံများနှင့် အသိပညာများကို သိရှိနားလည်ထားကြရပေသည်။

သို့သော် တစ်ချိန်တည်းမှာပင် ဝိညာဉ်တမန်တော်များ အနေ ဖြင့် ကိစ္စတော်တော်များများကို သင့်တင့်ရုံသာ သိထားသင့်ကြောင်းလည်း သင်ယူခဲ့ရ၏။

ငရဲပြည်၏ စည်းမျဉ်းစည်းကမ်းများ အတွင်း၌သာ ရပ်တန့်ထားရမည် ဖြစ်သည်။

သူတို့၏ စွမ်းအားနှင့် အဆင့်အတန်းများ တိုးတက်လာသည်နှင့်အမျှ လုပ်ဆောင်နိုင်စွမ်းများလည်း တိုးလာမည် မှန်သော်လည်းတစ်ခါတစ်ရံတွင် ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်၏။

ငြိမ်းချမ်းသော နေ့စဉ်ဘဝ ဆိုသည်မှာ မူလကတည်းက အလွန် တန်ဖိုးရှိလှပေသည်။

……

ချင်ကျိုးကျိုး "ကဲ အသားကင်တွေလည်း စားလို့ ကုန်ပြီ၊ ငါ အရင် ပြန်တော့မယ်"

ထမင်းတစ်နပ် စားလိုက်သည်မှာ ညမိုးချုပ်ပြီး မီးရောင်များ ထွန်းလင်းလာသည်အထိပင်။

စကားစမြည် ပြောဆိုခြင်းလည်း ပြီးဆုံးသွားပြီ ဖြစ်၏။

ချင်ကျိုးကျိုး သည် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပြီး "တအိုင်၊ရှောင်အာ၊ ပစ္စည်းတွေ သိမ်းကြ" ဟု ပြောလိုက်သည်။

သူမက နောက်သို့ လှည့်ကာ ကျန်းလင်ကို ကြည့်လိုက်ပြီး "နင့်ဘက်မှာရော ဘာကိစ္စမှ မရှိတော့ဘူး မဟုတ်လား"

ကျန်းလင် "အင်း"

အခုတော့ ကျောင်းသားတွေလည်း ဘေးကင်းသွားပြီ၊ တစ္ဆေနယ်မြေ ဝင်ပေါက်လည်း ပိတ်သွားပြီ။

ကျန်တာကတော့ နောက်ပိုင်း ဘာတွေ ပြောင်းလဲလာဦးမလဲ ဆိုတာကို စောင့်ကြည့်ရုံပင်၊ တခြားမရှိပေ။

ချင်ကျိုးကျိုး "ဟား သွားပြီ သွားပြီ"

ချင်ကျိုးကျိုးသည် သမ်းဝေလိုက်ပြီး တစ္ဆေစစ်သည် နှစ်ကောင်ကို ခေါ်ကာ အိမ်ခေါင်မိုးပေါ်မှ ခုန်ချသွားတော့၏။

ချင်ကျိုးကျိုး "ဒါနဲ့လေ၊ ချိတ်ပိတ်ရေး အဖွဲ့ဘက်က အလုပ်တွေလည်း ပြီးတော့မယ်၊ နင် လုပ်စရာ ရှိသေးရင် အချိန်မီ မြန်မြန်လုပ်ထားဦး"

ချင်ကျိုးကျိုး တို့ ထွက်သွားသည်ကိုကြည့်ပြီး ကျန်းလင် လည်း အင်္ကျီလက်စွန်းများကိုပုတ်ကာ မတ်တတ်ရပ်လိုက်၏။

ထို့နောက် ပတ်ဝန်းကျင်ရှိ အသံပိတ် အတားအဆီးကို ဖြေလျှော့လိုက်သည်။

……

[အိုး အိုး အိုး အိုး နောက်ဆုံးတော့ အသံ ပြန်ကြားရပြီ]

[ခုနက Streamer တို့ ဘာတွေ ပြောနေကြတာလဲ ဘာလို့ ခုနက လေထုကြီးက ခပ်ဆွေးဆွေးလေး ဖြစ်နေသလို ခံစားရတာလဲ]

[ဟင် ဘာလို့ ငါ အသံ မကြားရသေးတာလဲ]

[ဘာလို့လဲဆိုတော့ Streamer က စကားမှ မပြောသေးတာ]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများမှာ ဖန်သားပြင်ရှေ့တွင် ခေါက်ဆွဲ တစ်ဖက် စားရင်း ကီးဘုတ်ကို တစ်ဖက် ခေါက်နေကြ၏။

'မတတ်နိုင်ပါဘူး၊ ခုနက အသားကင် ဟော့ပေါ့စားနေတာ အရမ်းကို စားချင်စရာ ကောင်းနေတာကိုး'

ဒီလိုအချိန်မျိုး ရောက်ပြီဆိုရင် Mukbang လွှင့်သူ အကုန် လုံးက အုံလိုက်ကျင်းလိုက်ရောက်လာတတ်ကြသည်။

ဝိညာဉ်တမန်တော် ကျန်းလင် ကဲ့သို့ မည်သို့ စားပြရမည်နည်း ဆိုသည့် နည်းပညာများကို လာသင်ယူကြခြင်းပင်။

[ရွှတ် ဒါနဲ့လေ ငါ ခုနက ငါ့ညီမကို မေးကြည့်လိုက်တာ၊ ဖူကျဲ တို့ ဒီနေ့ ကျောင်းလာတက်ကြတယ်တဲ့]

[ဟီးဟီးဟီး၊ သူတို့တွေ ထူးချွန်ကျောင်းသား ခရီးစဉ်ကို စတင်နေကြပြီလား]

[ကျောင်းက သူတို့အတွက် သီးသန့် 'စာညံ့သူ ဘဝပြောင်းလဲခြင်း အတန်း' တောင် ဖွင့်ပေးထားတယ်လို့ ကြားတယ် နေ့တိုင်း ညပိုင်းစာကြည့်ချိန်ကို သွားရမယ်တဲ့ ဟားဟားဟား]

All Chapters