← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

🫧 Chapter 295

အထူးအဆင့် တာဝန်ကို အပ်နှံပြီးနောက် ကျန်းလင် သည် အကျိုးဆောင်မှတ် အမြောက်အမြားနှင့် ကျင့်စဉ်ကတ် ဆယ်ဂဏန်းခန့်ကို ရရှိခဲ့၏။

ကျန်းလင် "အထူးအဆင့် တာဝန် ဆိုတဲ့အတိုင်းပဲ၊ ပေးကမ်းရက်ရောတာပဲ"

ချိတ်ပိတ်ရေးအဖွဲ့ဘက်နှင့် ထွက်ခွာမည့်အချိန်ကို အတည် ပြုပြီးနောက်၊ ကျန်းလင်သည် ပိုလျှံနေသော ကျင့်စဉ်ကတ်များကိုပါ အကျိုးဆောင်မှတ်များ အဖြစ် လဲလှယ်လိုက်သည်။

ထို့နောက် ထိုအကျိုးဆောင်မှတ် အားလုံးကို တောင်ဘက်နန်းဆောင်၏ ကျင့်စဉ်များ၊ စွမ်းရည်များဖြင့် လဲလှယ်လိုက်၏။

'အခုချက်ချင်း အကုန်မသင်နိုင်သေးရင်လည်း ကိစ္စမရှိပါဘူး၊ လက်ဆောင် အဖြစ်နဲ့ပဲ အိမ်ပြန်သယ်သွားလိုက်မယ်'

'အရှေ့ဘက်နန်းဆောင်ပြန်ရောက်မှ ဖြည်းဖြည်းချင်း သင်တော့မယ်လေ'

အစကတော့ ကျန်းလင်သည် တောင်ဘက်နန်းဆောင်၏ ပြိုင်ကွင်း တစ်ခုကိုပါ တိုက်ရိုက်လဲလှယ်သွားရန် စဉ်းစားထားခဲ့သေးသည်။

၎င်းမှာ ဝိညာဉ်ဘုရင် အဆင့်အောက် ဝိညာဉ်များကို ဖိနှိပ်ထားနိုင်သော ပြိုင်ဝင်းမျိုးဖြစ်၏။

ထိုသို့ဆိုလျှင်အရှေ့ဘက်နန်းဆောင်သို့ ပြန်ရောက်လျှင် အဖွဲ့သားများ အသုံးပြုနိုင်မည်လေ။

သို့သော် မေးမြန်းကြည့်ပြီးနောက်မှ သိလိုက်ရသည်မှာ ထိုကဲ့သို့သော ပြိုင်ဝင်းမျိုးကို အနောက်ဘက်နန်းဆောင်က ဝိညာဉ်များမှသာ ဖန်တီးနိုင်ကြောင်းဖြစ်၏။

ကုန်ကြမ်းများက တောင်ဘက်နန်းဆောင်၏သီးသန့် ကုန် ကြမ်းများ ဖြစ်သော်လည်း၊ နည်းပညာကတော့ အနောက်ဘက်နန်းဆောင်၏သီးသန့် နည်းပညာ ဖြစ်နေပေသည်။

"အရှေ့ဘက်နန်းဆောင်က ချိတ်ပိတ်တာ၊ အနောက်ဘက်နန်းဆောင်က ဝိညာဉ်လက်နက်၊ တောင်ဘက်နန်းဆောင်က ကျင့်စဉ်နဲ့ စွမ်းရည်၊ မြောက်ဘက်နန်းဆောင်ကတော့ တူရိယာပစ္စည်းနဲ့ စက္ကူခေါက်ပညာ တွေပဲ"

ကျန်းလင် တီးတိုး ရေရွတ်လိုက်၏။

ဤစကားကို သူတို့ ဝိညာဉ်တမန်တော် အဖွဲ့ တောင်ဘက်နန်းဆောင်သို့ လာရာလမ်းတွင် ချိတ်ပိတ်ရေးအဖွဲ့မှ စီနီယာ ရွှီယိုကျိ ပြောခဲ့ဖူးသည်။

'အတော်ပါပဲ၊ သူတို့ နောက်ပိုင်းကျရင် အနောက်ဘက်နန်းဆောင်ကို သွားရဦးမှာပဲလေ'

'အဲဒီအချိန်ကျမှ အနောက်ဘက်နန်းဆောင်က ဖန်တီးပေးနိုင်မလား ဆိုတာကို သွားကြည့်ရမယ်'

ဒါပေမယ့် "အနောက်ဘက်နန်းဆောင်မှာလည်း ဒီပိုက်ဆံတွေ အသုံးပြုလို့ ရပါစေလို့ မျှော်လင့်ရတာပဲ"

'မဟုတ်ရင် အဲဒီရောက်မှ တာဝန်တွေ ပြန်လုပ်နေရဦးမယ်လေ'

……

နောက်ပိုင်း ရက်များတွင် ကျန်းလင်သည် ကျင့်ကြံခြင်းကိုသာ အပြည့်အဝ အာရုံစိုက်နေတော့၏။

တစ်ခါတစ်ရံ ကျင့်စဉ်စာအုပ်များထဲမှ မေးခွန်းအချို့ကို ပိုမိုနားလည်နိုင်စေရန် မုန့်ရှန်း ထံသို့ သွားရောက် မေးမြန်းတတ်သေးသည်။

ကျန်းလင် နောက်တစ်ကြိမ် ထွက်သွားပြီးနောက် မုန့်ရှန်း ၏ သူငယ်ချင်း ကျိုးကျိ ရောက်လာ၏။

ထွက်သွားသော ကျန်းလင် ၏ ကျောပြင်ကို ကြည့်ကာ ကျိုးကျိ မေးလိုက်သည်။

ကျိုးကျိ "အဲဒါ အရှေ့ဘက်နန်းဆောင်က ဝိညာဉ်တမန်တော် မဟုတ်လား ကြားရသလောက်တော့ မကြာခင် ပြန်တော့မှာဆို၊ ဘာလို့ အရမ်း အလုပ်ရှုပ်နေသေးတဲ့ ပုံစံ ပေါက်နေတာလဲ"

မုန့်ရှန်း ပြုံးလိုက်ပြီး "သူတို့ ဒီကို လာတာ ကစားဖို့မှ မဟုတ်တာ" ဟု ပြောလိုက်၏။

ကျိုးကျိ "အင်းလေ၊ သူတို့ ပခုံးပေါ်မှာလည်း အရှေ့ဘက်နန်းဆောင်ရဲ့ မျှော်လင့်ချက်တွေ ရှိနေမှာပဲ"

ကျိုးကျိသည် မုန့်ရှန်း ကို တံတောင်ဖြင့် တွတ်လိုက်ပြီး "သူ ခုနက မင်းကို လာမေးသွားတာ မဟုတ်လား၊ ဘယ်လိုနေလဲ"

မုန့်ရှန်း သည် ဤရက်ပိုင်းအတွင်း ကျန်းလင် နှင့် တွေ့ဆုံခဲ့ရသည်များကို ပြန်လည် စဉ်းစားရင်း ချီးကျူးလိုက်၏။

မုန့်ရှန်း "သင်ယူနိုင်စွမ်း အရမ်းမြန်တယ်၊ လူရည်ချွန်ပဲ"

ကျန်းလင် မေးမြန်းခဲ့သော မေးခွန်းများအရ သူသည် တောင်ဘက်နန်းဆောင်၏ကျင့်စဉ်များကို ပထမဆုံးအကြိမ် စတင် ထိတွေ့သင်ယူနေခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။

သို့သော် တစ်ချိန်တည်းမှာပင်သူသည် ထိုကျင့်စဉ်များ၏ အဓိက အချက်များကို နက်နက်ရှိုင်းရှိုင်းတွေးတောခဲ့ကြောင်းကိုလည်း တွေ့မြင်နိုင်၏။

သူပေးလိုက်သော အဖြေများပေါ် မူတည်၍ အခြားသော ယူဆချက်များနှင့် စိတ်ကူးသစ်များကိုပင် ဆက်လက်တွေး တောနိုင်စွမ်း ရှိပေသည်။

မုန့်ရှန်း "ငါ ခန့်မှန်းရသလောက်တော့ မကြာခင်မှာပဲ သူက အခြေခံကျင့်စဉ်တွေကို အခြေခံပြီး တခြား စွမ်းရည်တွေကိုပါ ဖန်တီးနိုင်လာလိမ့်မယ်"

မုန့်ရှန်း "ကိုယ်ပိုင် ကျင့်စဉ်အသစ်၊ စွမ်းရည်အသစ်တွေကိုတောင် ဖန်တီးနိုင်လာမလား မသိဘူး"

ကျိုးကျိ အနည်းငယ် အံ့အားသင့်သွားပြီး "မင်းက တော် တော် အထင်ကြီးနေတာပဲ" ဟု ပြောလိုက်၏။

မုန့်ရှန်း ညင်သာစွာ ရယ်မောလိုက်ပြီး "အရှေ့ဘက်နန်းဆောင်က ရွေးချယ်စေလွှတ်လိုက်တာ ခံရကတည်းက အထင်သေးလို့ရတဲ့ သူမျိုး မဟုတ်ဘူးလေ" ဟု ပြန်ဖြေလိုက်သည်။

ကျိုးကျိ "အဲဒါလည်း ဟုတ်တာပဲ"

အရပ်လေးမျက်နှာရှိ နယ်မြေများသည် ယခုအခါတွင် အချင်းချင်း အဆက်အသွယ် သိပ်မရှိကြတော့ပါချေ။

သို့သော် ယခု ကြည့်ရသလောက်တော့ တောင်ဘက်နန်းဆောင်က ကိုယ့်ကိုယ်ကိုယ် အားဖြည့်နေချိန်တွင် ကျန်တဲ့ နန်းဆောင် သုံးခုကလည်း နောက်ကျမကျန်ခဲ့ကြပေ။

မုန့်ရှန်း "မင်းဘက်မှာရော ဘယ်လိုနေလဲ" သူက ခေါင်းလှည့်ကာ မေးလိုက်၏။

ထိုကိစ္စကို ပြောလိုက်သည်နှင့် ကျိုးကျိ မျက်နှာမှာ ရှုံ့မဲ့သွားပြီး သူ့ လက်မောင်းများကို ဆန့်ထုတ်လိုက်သည်။

ကျိုးကျိ "အရှေ့ဘက်နန်းဆောင်ကလာတဲ့ ဟိုအနက်ရောင်ဝိညာဉ်တမန်တော်ကလေ၊ တကယ်ပဲ သရဲခြောက်ခံရတာ ကျနေတာပဲ၊ နေ့တိုင်းရန်ဖြစ်ချင်နေတာ"

မုန့်ရှန်း ရယ်မောလျက် "မင်းတို့ဆီမှာ ဖမ်းထားတဲ့ သရဲတွေ အကုန်လုံးက ရန်ဖြစ်ဖို့ သီးသန့် သုံးတာ မဟုတ်ဘူးလား" ဟု ပြန်ပြောလိုက်၏။

ကျိုးကျိ "ဒါပေမယ့် အဲဒီကောင်က စွမ်းအားလည်း ကြီးတယ်လေ၊ ပြီးတော့ ပြန်လည်ကောင်းမွန်တဲ့ နှုန်းကလည်း မြန်တယ်၊ ရိုက်နှက်ခံရလို့ မလှုပ်နိုင်အောင် ဖြစ်သွားရင် တောင် ဒုတိယနေ့ကျရင် ပြန်ပြီးသန်မာလာပြန်ရော"

ကျိုးကျိ ညည်းတွားလိုက်သည်။

"သူ့ကို မြန်မြန် ပြန်ခေါ်သွားကြပါတော့"

မုန့်ရှန်း "မင်းလည်း ဒီလိုနေ့မျိုး ရောက်လာတာပဲ ဟားဟားဟား"

မုန့်ရှန်း ရယ်သံတွင် အားနာမှု လုံးဝ မပါဝင်ပါချေ။

'ပုံမှန်ဆိုလျှင် သရဲတွေကသာ ထွက်ပြေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြတာလို့ ကြားဖူးပေမယ့် အစောင့်အဖြစ် တာဝန်ကျတဲ့ ဝိညာဉ်တမန်တော်က ထွက်ပြေးချင်နေတာကိုတော့' သူပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်၏။

ကျိုကျယ် "တော်ပြီနော် မင်း"

မုန့်ရှန်း "ဟားဟားဟားဟားဟား"

'ဒီလောက်လေးနဲ့တင် သူ သုံးရက်လောက် ပျော်နေနိုင်တယ်'

……

ဤဘက်မှ တောင်ဘက်နန်းဆောင် ကျင့်ကြံရေးအခန်းတွင်

မုန့်ရှန်း ခန့်မှန်းခဲ့သည်မှာ မှန်ကန်ပေသည်။

ကျန်းလင်သည် အခြေခံ ကျင့်စဉ် သုံးအုပ်ကို အကုန်အစင် ကျေညက်အောင် လေ့လာရန် ပြင်ဆင်နေခြင်း ဖြစ်၏။

ပြီးမှ အခြေခံ ကျင့်စဉ်များကို အခြေခံ၍ ကျင့်စဉ်အသစ် သို့မဟုတ် စွမ်းရည်အသစ်များကို ဖန်တီးရန် ဖြစ်သည်။

သို့သော် မုန့်ရှန်း မထင်မှတ်ထားခဲ့သောအရာမှာ ကျန်းလင် သည် ယခုပင်လျှင် အရာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်၏။

ထိုအရာကတော့ အတောင်ပံပင်။

ကျန်းလင် ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်နေမိသည်။

အခြေခံကျင့်စဉ် တတိယစာအုပ်အရ 'ပြင်ပအရာဝတ္ထုများကို အသုံးပြု၍ မိမိကိုယ်ကို မည်သို့ အားဖြည့်မည်နည်း' ဆိုသည့်အချက် ဖြစ်၏။

ပြင်ပအရာဝတ္ထုများကို အသုံးပြုလိုပါက ပထမအဆင့် အနေဖြင့် ထိုအရာဝတ္ထုများ၏ လက္ခဏာရပ်များနှင့် သဘာဝများကို အပြည့်အဝ နားလည်ထားရန် လိုအပ်ပေသည်။

ထို့အပြင် ၎င်း၏ အလုပ်လုပ်ပုံနှင့် အားပြုရမည့်လမ်း ကြောင်းများကိုပါ သိရှိထားရမည်။

ထိုအဆင့်များ ပြီးမှသာလျှင် ဒုတိယအဆင့်ဖြစ်သော "တစ္ဆေချီကို အသုံးပြု၍ ထို "ပြင်ပအရာဝတ္ထု" ကို မည်သို့ ဖန်တီးမည်နည်း' ဆိုသည့် အဆင့်သို့ ရောက်ရှိမည် ဖြစ်၏။

တတိယအဆင့်မှာတော့ မည်သို့ ကျွမ်းကျင်စွာ အသုံးပြုပြီး မိမိအတွက် အကျိုးရှိအောင် အသုံးချမည်နည်း ဆိုသည်ပင် ဖြစ်သည်။

"......"

ကျန်းလင် သည် အနက်ရောင် အတောင်ပံတစ်စုံကို ထိန်း ချုပ်ကာ ကျင့်ကြံရေး အခန်းထဲတွင် တစ်ပတ်ပျံသန်းလိုက်၏။

ဤအဆင့် သုံးဆင့်ကို နားလည်လွယ်အောင် ပြောရမည် ဆိုလျှင် ဖုန်းတစ်လုံးလိုပင်။

ပထမက သဘောတရားကို နားလည်ခြင်း၊ ဒုတိယက ဖုန်းကို တည်ဆောက်ခြင်း၊ တတိယကတော့ အားသွင်းပြီး အသုံးပြုခြင်းဖြစ်၏။

မရဏလောကတွင်မူ ဖန်တီးပြီးသား အတောင်ပံထဲသို့ တစ္ဆေချီများကို ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။

သို့သော်

အကယ်၍ ဤမျှသာဆိုပါက ဝိညာဉ်လက်နက်၊ ဝိညာဉ်ပစ္စည်းများနှင့် ဘာမှ ကွာခြားတော့မည် မဟုတ်ပါချေ။

ယခု ကျန်းလင်၏ ခံစားချက်ကတော့ သူ့ကိုယ် သူ အတောင်ပံတစ်စုံ ပေါက်လာသလိုပင်ဖြစ်၏။

ပျံသန်းခါစ ငှက်ပေါက်လေး တစ်ကောင်က 'သူ၏ အတောင်ပံကို ဘယ်လို အသုံးပြုရမလဲ' ဆိုသည်ကို သင်ယူနေသကဲ့သို့ ဖြစ်သည်။

ဆိုလိုသည်မှာ ဤအတောင်ပံသည်. သူ့ ခန္ဓာကိုယ်အစိတ် အပိုင်း တစ်ခုကဲ့သို့ ဖြစ်နေပေသည်။

သို့သော် အတောင်ပံ ဒဏ်ရာရသွားလျှင်တောင်မှ ခန္ဓာကိုယ် အတွင်းပိုင်းကိုတော့ ကြီးကြီးမားမား ထိခိုက်မှု ဖြစ်စေမည် မဟုတ်ပါချေ။

ကျန်းလင် "တော်တော်လေး ထူးဆန်းတာပဲ"

ကျန်းလင် တစ်ဖက်မှ ပျံသန်းရင်း တစ်ဖက်မှ စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ကာ တီးတိုး ပြောလိုက်၏။

ဘေးနားတွင် အရောင်ခုနစ်မျိုးနှင့် ဥလေး ကလည်း နူးညံ့သော တိမ်တိုက်လေးများကို အသုံးပြုကာ ကျန်းလင်၏ ပုံစံအတိုင်း ဥလေး၏ကိုယ်ပေါ်တွင် အတောင်ပံ တစ်စုံ တပ်ဆင်လိုက်၏။

ထို့နောက် ကျန်းလင်၏အတောင်ပံများကို ပတ်၍ ဟိုဘက်ဒီဘက် ပျံသန်းနေတော့သည်။

' သခင်ကြီး အတောင်ပံ ပေါက်လာပြီဟေ့'

ကျန်းလင်ကျောဘက်ရှိ အတောင်ပံ တစ်စုံမှာ တစ်ခုလုံး အနက်ရောင်ဖြစ်ပြီး ဖြန့်လိုက်ပါက နှစ်မီတာခန့် ရှည် လျား၏။

ကြည့်ရသည်မှာ မကြီးမားလှသော်လည်း အသက်ဝင်လွန်းလှပြီး ငှက်မွေးများမှာလည်း တစ်ချောင်းချင်းစီ ရှင်းလင်းစွာ မြင်နေရပေသည်။

ဤသည်မှာ 'ပျံလွှားငှက်' ၏အတောင်ပံ ဖြစ်ကြောင်း ကျန်းလင် သိထား၏။

သူ ဤမျှ လျင်မြန်စွာ အတောင်ပံ ဖန်တီးနိုင်ခဲ့ခြင်းမှာလည်း 'ပျံလွှား' ဘဝတုန်းက မှတ်ဉာဏ်များကြောင့် ဖြစ်ပေသည်။

အတောင်ပံ၏ ဖွဲ့စည်းပုံ၊ အားပြုရမည့် ပုံစံ၊ ကြီးထွားလာမည့် လမ်းကြောင်းများအားလုံးကို သူ အလွန်ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်၏။

သူ့အရှေ့သို့ ရောက်လာသော အတောင်ပံစွန်းလေးကို ကြည့်ရင်း ကျန်းလင် သည် ရှင်းလင်းနေသော ငှက်မွေးများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

၎င်းမှာအစစ်နှင့် လုံးဝ တူနေပေသည်မဟုတ်လော။

ကျန်းလင် "အတောင်ပံက တစ္ဆေချီနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ ငှက်မွေးတွေထဲမှာလည်း စွမ်းအားတွေ ပါဝင်နေမှာပဲ"

ကျန်းလင် တွေးလိုက်၏ "ပျံသန်းတာ အပြင်၊ ငှက်မွေးတွေကို တိုက်ခိုက်ရေး လက်နက်အဖြစ် သုံးလို့ ရမလား"

'ဒီလောက်များပြားတဲ့ စွမ်းအင် အစုအဝေးတွေ၊ တိုက်ရိုက် ပစ်ပေါက်လိုက်ရင်တောင် အတော်လေး ပြင်းထန်တဲ့ ထိခိုက်မှုကို ဖြစ်စေနိုင်မှာပဲ။'

'အရေးပေါ် အခြေအနေမျိုးမှာ ဆိုရင် စွမ်းအားတွေ စုစည်းနေစရာ မလိုတော့ဘဲ တိုက်ရိုက် ငှားမွေးမုန်တိုင်း တစ်ခု ဖန်တီးပြီး ပစ်လွှတ်လိုက်လို့ ရတယ်လေ'

'ကျန်းလင် သည် တွေးလေတွေးလေ ဖြစ်နိုင်ချေ ရှိလေဟု ခံစားလာရ၏။

"စမ်းကြည့်ရမယ်"

အရောင်ခုနစ်မျိုးနှင့် ဥလေးကို တစ်ဖက်သို့ ပစ်ချလိုက်ပြီး ကျန်းလင်သည် ကျင့်ကြံရေး အခန်းထဲတွင် လက်တွေ့ စတင် စမ်းသပ်တော့၏။

တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များသည် တိုက် ခိုက်ရသည်ကို နှစ်သက်ကြသဖြင့် ကျင့်ကြံရေး အခန်းများ၏ တည်ဆောက်ထားသော ပစ္စည်းများကလည်း တိုက်ခိုက်ရေး လေ့ကျင့်ရန်အတွက် အထူး သင့်လျော်ပေသည်။

ထို့အပြင် ယခင်က မျက်နှာကြက်ကို ဖောက်ထွက်သွားခဲ့ဖူးသော အတွေ့အကြုံ ရှိသဖြင့် ကျန်းလင် သည် ဤတစ်ကြိမ်တွင် အဆင့်မြင့် ကျင့်ကြံရေး အခန်းကို တိုက်ရိုက် ရွေးချယ် အသုံးပြုထားခြင်း ဖြစ်၏။

……

ထိုစဥ်အရောင်ခုနစ်မျိုးနှင့် ဥလေးက တစ်ဖက်သို့ လိမ္မာစွာ ဆုတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် သခင်ကြီးက လေထဲတွင် ရပ်နေပြီး နှစ်မီတာ အရှည်ရှိသော အနက်ရောင် အတောင်ပံကြီးက နောက်ကျောတွင် ဖြန့်ကားနေသည်ကို မြင်တွေ့ရသော ကြောင့်ပင်။

'ရွှတ် ရွှတ် ရွှတ်'

ထို့နောက် ငှက်မွေး ဆယ်ချောင်းခန့် ကျဆင်းလာပြီး ကြမ်း ပြင်ပေါ်တွင် တွင်းပေါက် ဆယ်ခုခန့်ကို တိုက်ရိုက် ဖြစ်ပေါ်သွားစေသည်။

ကျန်းလင် "တစ်ပြိုင်နက်တည်း ပျံထွက်သွားဖို့ စဉ်းစားရမယ်၊ အားအင်နဲ့ အမြန်နှုန်းကိုလည်း သတိထားရမယ်"

ကျန်းလင် က တီးတိုး ပြောရင်း ထိုငှက်မွေးများကို ပြန်လည် သိမ်းဆည်းလိုက်၏။

ငှက်မွေးများ ဖယ်ရှားလိုက်သည်နှင့် ကြမ်းပြင်ပေါ်ရှိ တွင်းပေါက်များကလည်း လျင်မြန်စွာပင် မူလအတိုင်း ပြန်လည် ပြည့်စုံသွားတော့သည်။

'ရွှတ် ရွှတ် ရွှတ်'

'ရွှတ် ရွှတ် ရွှတ်'

မကြာမိီပင် ငှက်မွေးများက အဆက်မပြတ် ပျံထွက်သွားလိုက်၊ ပြန်လည် သိမ်းဆည်းခံရလိုက် ဖြစ်နေ၏။

ကျန်းလင် "နည်းနည်း ထပ်မြန်ရဦးမယ်"

အကြိမ်ကြိမ် စမ်းသပ်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ အကြားတွင် ကျန်းလင် သည် မိမိ၏ တစ္ဆေချီ အသုံးပြုမှုအပေါ် ပိုမို ချောမွေ့လာပြီး ပို၍လည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။

ငှက်မွေးများကို ပုံဖော်ရာတွင် လက်နက်တစ်ခုကို သွေးနေရသကဲ့သို့ပင်။

'ဘယ်နေရာက ချွန်ထက်သင့်တယ်၊ ဘယ်နေရာက လုံးဝန်းသင့်တယ်' ဆိုသည်ကိုပါ သေချာ ထိန်းချုပ်ရ၏။

ပစ်လွှတ်လိုက်သည့် အမြန်နှုန်းနှင့် အားအင်မှာလည်း ထိန်းချုပ်နိုင်စွမ်းကို အလွန် စမ်းသပ်နေပေသည်။

ဤအရာများက ကျန်းလင် ယခင်က လိုအပ်နေခဲ့သော အရာများပင် ဖြစ်၏။

ထို့အပြင် ဤစမ်းသပ်မှု လုပ်ငန်းစဉ်က သူ့ကျင့်ကြံခြင်းအတွက်လည်း အလွန် အကျိုးရှိကြောင်း ကျန်းလင် ခံစားသိရှိနိုင်ပေသည်။

ကျင့်ကြံရေး အခန်းထဲတွင် မူလကတည်းက တစ္ဆေချီများ အလွန်ကြွယ်ဝနေပြီဖြစ်၏။

အနက်ရောင် ငှက်မွေးများ အကြိမ်ကြိမ် ပျံထွက်လိုက်၊ ပြန်ဝင်လာလိုက် ဖြစ်နေခြင်းက ခန္ဓာကိုယ်အတွင်းရှိ တစ္ဆေချီများ၏လည်ပတ်မှုကို ဖြစ်ပေါ်စေသည်။

မှန်သည်၊ ဤသည်က သူ့ စွမ်းအားကိုလည်း တိုးတက်လာစေနိုင်၏။

🫧 Chapter 296

ကျန်းလင် ကျင့်ကြံခြင်းတွင် အပြည့်အဝ အာရုံစိုက်နေသည့် ဤရက်ပိုင်းအတွင်း၊ လူ့လောကရှိ ကျောင်းဝင်းလေးထဲတွင်လည်း လှိုင်းဂယက် နှစ်ခု ရိုက်ခတ်နေခဲ့ပေသည်။

ပထမတစ်ခုက စည်းကမ်းတကျ ပြုပြင်ပြောင်းလဲခြင်း လှိုင်း။

ဒုတိယတစ်ခုက စာကြိုးစားခြင်း လှိုင်းပင် ဖြစ်၏။

ဖူကျဲ တို့ တက်ရောက်နေသော ကျောင်းတွင်လည်း မြို့ပြဒဏ္ဍာရီ အသစ်တစ်ခု ပေါ်ထွက်လာတော့သည်။

"ကြားပြီးပြီလား၊ စာကို သေချာ မလုပ်ရင် ငရဲပြည်က စာသင်ခန်းထဲကို ဆွဲသွင်းခံရလိမ့်မယ်တဲ့"

"အမှတ်ပြည့် မရမချင်း ပြန်ထွက်လာလို့ မရဘူးတဲ့လေ"

"ဒဏ္ဍာရီဆိုမှတော့ တကယ်မရှိတဲ့ ကိစ္စတွေပဲ ဖြစ်မှာပေါ့"

အလယ်တန်း ကျောင်းဆောင်ဘက်တွင် ကျောင်းသား အချို့ ကျောင်းဆင်းချိန်၌ ဤကိစ္စကို စကားစပ်မိကာ ပြောဆိုနေကြ၏။

"မဟုတ်ဘူး မဟုတ်ဘူး၊ မြို့ပြဒဏ္ဍာရီ ဆယ်ခုမှာ ကိုးခုက အမှန်တွေချည်းပဲ မယုံလို့ မရဘူးနော်"

"ဟုတ်တယ် ဟုတ်တယ်၊ အထက်တန်းက စီနီယာတွေတောင် အဲဒီကို ရောက်သွားခဲ့ပြီးပြီလို့ ငါ ကြားတယ်"

"ဒါဆို သူတို့ သေသွားကြပြီပေါ့"

ကျောင်းသား အချို့ ပြောဆိုနေကြစဉ် ဘေးနားမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့၏။

"ငါ့ကို ကြည့်ရတာ သေသွားတဲ့သူနဲ့ တူလို့လား"

ထိုကျောင်းသားများ လှမ်းကြည့်လိုက်ရာ မှောင်မည်းနေသော သစ်ပင်ရိပ်အောက်တွင် သွေးဆုတ်နေသော မျက်နှာကြီး တစ်ခုက လေထဲတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။

မျက်လုံးနှစ်ဖက်ကလည်း ဖြူစွတ်နေပြီး အလွန်ကြောက် မက်ဖွယ် ကောင်းလှ၏။

"အား အား အား"

ထိုအခါကျောင်းသားများမှာ အသံကုန် အော်ဟစ်ကာ အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

"ချီးပဲ"

ဖူကျဲ သည် ဓာတ်မီးကို ပိတ်လိုက်ပြီး ကျောင်းတံခါးဝတွင် ဖုန်းပွတ်ကာ ကလေးများကို လာကြိုနေသော မိဘများကို လှမ်းကြည့်လိုက်၏။

ဖူကျဲ "ငါလည်း ဝိညာဉ်တမန်တော် ကျန်းလင် ရဲ့ live ကို ကြည့်ချင်လိုက်တာ" ဟု တီးတိုး ညည်းတွားလိုက်သည်။

'တကယ်လို့ ကြည့်ခွင့်ရရင် ငါတို့လို ကံတူအကျိုးပေးတွေကိုတောင် မြင်ရနိုင်သေးတယ်လေ'

ဟန်စစ်စစ် ရောက်လာပြီး သူ၏ အင်္ကျီကို ဆွဲကာ အရှေ့သို့ ခေါ်သွားလိုက်၏။

"တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်ခင်တော့ နင် ဘာမှမတွေးနဲ့တော့၊ စာသွားကျက်တော့"

ချီယန် "တခြားသူတွေ ပြောတာ ကြားတယ်၊ ဝိညာဉ်တမန်တော် ကျန်းလင်လည်း ဒီရက်ပိုင်း အပြင်းအထန် ကျင့်ကြံနေတယ်တဲ့ ငါတို့လည်း ကြိုးစားရမယ်"

ဖူကျဲ "ဝိညာဉ်တမန်တော် ကျန်းလင် ပီသပါပေတယ်"

'အဲဒီ စိတ်ဓာတ်၊ အဲဒီ စွမ်းရည်၊ အဲဒီ လေ့လာသင်ယူချင်တဲ့ စိတ်ဆန္ဒတွေက သူလိုမျိုး အတင်းအကျပ် တွန်းအားပေးခံရမှ လုပ်ရတဲ့ သူမျိုးနဲ့ လုံးဝ မတူဘူးလေ'

……

မှန်ပါသည်။ ဤရက်ပိုင်းအတွင်း ကျန်းလင်သည် ကျင့်ကြံခြင်း၌သာ အလုပ်ရှုပ်နေခဲ့၏။

အကျိုးဆောင်မှတ်များနှင့် ကျင့်စဉ်ကတ်များလည်း အလုံ အလောက် ရှိနေသဖြင့် အခြား တာဝန်များကို ထွက်လုပ်စရာ မလိုတော့ပါချေ။

ထို့ကြောင့်ပုံမှန်အချိန်များမှာလည်း တိုက်ရိုက်ထုတ်လွှင့်ပြစရာ သိပ်မရှိလှပေ။

ဤအချက်က မရဏလောက၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် အသားကျနေပြီ ဖြစ်သော ကြည့်ရှုသူများကို အမည်းရောင် ဖန်သားပြင်ရှေ့တွင် ညည်းတွား ငိုယိုနေစေခဲ့သည်။

[ရက်အတော်ကြာနေပြီ၊ Streamer က အရမ်းကြိုးစားလွန်းတာလည်း မကောင်းပါဘူးနော်]

[Streamer ကို လွမ်းနေတာ (၃၁) နာရီ၊ (၂၃) မိနစ် နဲ့ (၂၁) စက္ကန့် ရှိပါပြီ]

[မင်းတို့တွေလေ၊ ငါ့လိုမျိုး Streamer ဆီကနေ သင်ယူပြီး ကြိုးစားအားထုတ်တဲ့ ပရိသတ်ကောင်း တစ်ယောက် ဖြစ်အောင် မနေနိုင်ကြဘူးလား]

ဤစာသားကို မြင်သောအခါ ကြည့်ရှုသူ တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်၏။

[အပေါ်က တစ်ယောက်က ဘာတွေများ ကြိုးစားနေလို့လဲ]

[Streamer ရှိရှိ၊ မရှိရှိ၊ ငါကတော့ ဒီနေရာကနေ မခွာဘဲ စောင့်နေတာလေ ဒီလောက်ဆိုရင် မကြိုးစားဘူးလား (*^▽^*)]

[......]

[အမ်းး အဲဒီလိုဆိုရင်တော့ ငါလည်း တော်တော်လေး ကြိုးစားအားထုတ်တဲ့ အထဲ ပါတာပဲ]

……

ကြည့်ရှုသူများ၏ ညည်းတွားသံများနှင့် ကျန်းလင်၏ အာရုံစိုက် ကျင့်ကြံမှုများ အကြားတွင်နောက်ဆုံးတော့ ထွက်ခွာရမည့်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

တောင်ဘက်နန်းဆောင် ငရဲပြည်

ကျန်းလင်သည် အခန်းအမှတ် (၂၂၀၃) အတွင်း တစ်ပတ်ခန့် ပတ်ကြည့်လိုက်ပြီး ကျန်ရစ်ခဲ့သောပစ္စည်း မရှိတော့ကြောင်း သေချာမှသာ တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။

အပြင်သို့ ရောက်သည်နှင့် ဘေးခန်းမှ တံခါးပွင့်လာသည်ကို တွေ့လိုက်ရကာ ချင်ကျိုးကျိုးသည် သူမ၏ အဝါရောင် ဖျော့ဖျော့ မီးပုံးလေးကိုကိုင်ကာ ကမန်းကတန်း ပြေးထွက်လာသည်။

ကျန်းလင်ကို မြင်သော်လည်း တစ်ချက်သာ ကြည့်လိုက်ပြီး နှုတ်ဆက်ရန်ပင် အချိန်မရလိုက်ပါချေ။

သူမအနောက်မှ လိုက်လာသော 'ရှောင်အာ' က သာ သေးငယ်သော အသံလေးဖြင့်

ရှောင်အာ "အရှင် မင်္ဂလာပါ" ဟု နှုတ်ဆက်သွား၏။

ကျန်းလင် "အင်း"

"ချင်ကျိုးကျိုး တစ်ယောက် သတင်းအသစ် တစ်ခုခုများ ထပ်ရသွားပြန်ပြီလား"

……

ချင်ကျိုးကျိုးသည် အဆောင်အဆောက်အအုံမှ ထွက်သည်နှင့် တစ်ပြိုင်နက် သူမ လက်ထဲမှ အဝါရောင် ဖျော့ဖျော့ မီးပုံးလေးမှာ သုံးလုံး အဖြစ်သို့ ကွဲထွက်သွားတော့၏။

ချင်ကျိုးကျိုး "တအိုင်၊ ရှောင်အာ"

သူမက မီးပုံးများကို ပစ်ပေးလိုက်ရာ တစ္ဆေစစ်သည် နှစ်ကောင်က တစ်လုံးစီ ဖမ်းကိုင်လိုက်ကြသည်။

ချင်ကျိုးကျိုး "နောက်ဆုံး အခွင့်အရေးပဲ၊ အချိန်ကို လုရမယ်"

"တောင်ဘက်နန်းဆောင်ကို ရောက်လာဖို့ ဆိုတာ မလွယ်ဘူးလေ၊ အလဟဿ အဖြစ်ခံလို့ မရဘူး"

တအိုင် "အမိန့်အတိုင်းပါ သခင်မ"

ရှောင်အာ "ဟုတ်ကဲ့ပါ သခင်မ"

ဝိညာဉ် သုံးကောင်သည် လမ်းကြောင်း သုံးခုခွဲကာ တောင်ဘက်နန်းဆောင် ငရဲပြည်အတွင်း၌ ပြေးလွှားကြတော့၏။

အလွန် မြန်ဆန်လှသဖြင့် လေပြေတစ်ချက် ဖြတ်တိုက်သွားသည်ဟုသာ ထင်မှတ်ရပေသည်။

အဝါရောင်ရေပန်းလမ်းမပေါ်တွင်

ပြန်လည်ဝင်စားရန် အလောတကြီး သွားနေကြသော ဝိညာဉ်များပင် ထိုအဝါရောင် ဖျော့ဖျော့အရိပ်လေး ဖြတ်သန်းသွားသည်ကို မြင်သောအခါ မနေနိုင်ဘဲ လှည့်ကြည့်မိကြ၏။

'ဒါက တကယ်ကို ပြန်လည်ဝင်စားဖို့ သွားနေတာထက်တောင် ပိုပြီး အလောတကြီးဖြစ်နေသေးတယ်'

'ဘာတွေများ ဖြစ်နေလို့လဲ'

……

ဤဘက်တွင် ကျန်းလင်သည် တောင်ဘက်နန်းဆောင်မှ ရင်းနှီးသူများနှင့် တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီးနောက် တောင်ဘက်နန်းဆောင်၏ တံခါးဝသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာတွင် ဝိညာဉ်လက်နက် သင်္ဘောကြီး တစ်စင်းက တိတ်ဆိတ်စွာ ဆိုက်ကပ်ထားပေသည်။

ချိတ်ပိတ်ရေး အဖွဲ့မှ စီနီယာ ရွှီယိုကျိ နှင့် ချိတ်ပိတ်ရေး အဖွဲ့မှ ယွီပိုင်ရှင်းတို့သည် သင်္ဘောဦးတွင် တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များနှင့် စကားပြောဆိုနေကြ၏။

သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ နှုတ်ဆက်ရန် လာရောက်သော တောင်ဘက်နန်းဆောင် ချိတ်ပိတ်ရေး အဖွဲ့မှ ဖြစ်ဟန်တူသည်။

ဝိညာဉ်လက်နက် အလုပ်ရုံမှ အဖွဲ့ဝင် အားစစ်ကလည်း အစောကြီးကတည်းက ရောက်ရှိနေပြီ ဖြစ်၏။

သူ့ကိုပါ ထည့်တွက်လိုက်မည် ဆိုလျှင် အနက်ရောင်ဝိညာဉ်တမန်တော် လျိုပုဝေနှင့် သတင်းအချက်အလက် အဖွဲ့မှ ချင်ကျိုးကျိုး တို့သာ ရောက်မလာသေးခြင်း ဖြစ်သည်။

"ဒီလောက် ကြီးမားတဲ့ သင်္ဘောကြီး ရှိနေတာလား"

တောင်ဘက်နန်းဆောင် တံခါးဝတွင် အဝင်အထွက် လုပ်နေသော ဝိညာဉ်တမန်တော်များက ဝိညာဉ်လက်နက် သင်္ဘောကြီးကို မြင်သောအခါ မသိစိတ်ကပင် တစ်ချက် ပိုကြည့်မိကြ၏။

သင်္ဘောပေါ်ရှိ ဝိညာဉ်တမန်တော်များကို သေချာ ကြည့်လိုက်သောအခါမှ "အော်၊ အရှေ့ဘက်နန်းဆောင်ကကိုး" ဟုသိလိုက်ကြသည်။

'ဒါကြောင့်ကိုး၊ သူတို့ တောင်ဘက်နန်းဆောင်မှာက ဝိညာဉ်လက်နက်တွေကို အသုံးပြုတာ သိပ်မှမရှိတာ'

'ကြည့်ရတာ ဒီဝိညာဉ်အဖွဲ့က ပြန်တော့မယ့်ပုံပဲ'

ကျန်းလင် "စီနီယာ"

ကျန်းလင် သည် ချိတ်ပိတ်ရေး အဖွဲ့မှ စီနီယာ ရွှီယိုကျစ် ကို နှုတ်ဆက်လိုက်ပြီး သင်္ဘောပေါ်တွင် နေရာတစ်ခု ရှာ၍ထိုင်လိုက်၏။

အဖွဲ့ဝင်များကို စောင့်ဆိုင်းနေရင်း တစ်ဖက်မှလည်း တောင်ဘက်နန်းဆောင်သို့ ရောက်ရှိလာပြီးနောက် သူ ရရှိခဲ့သော အကျိုးအမြတ်များကို ပြန်လည် စဉ်းစားနေမိသည်။

ပထမတစ်ခုက ဗဟုသုတ တိုးပွားလာခြင်း ဖြစ်၏။

အရှေ့ဘက်နန်းဆောင်နှင့် မတူညီသော တောင်ဘက်နန်းဆောင်၏ ထူးခြားချက် အမျိုးမျိုးကို တွေ့မြင်ခဲ့ရသည်။

ဥပမာ ကောင်းမွန်သော တာဝန်များကို ရယူလိုပါက ပြိုင်ပွဲဝင်၍ ယှဉ်ပြိုင်ရခြင်း၊ ဝိညာဉ်များ ဝင်စားရာတွင် အင်အားကြီးသူများက မုန့်ပေါ် နှင့် တိုက်ခိုက်ရခြင်း စသည်တို့ ဖြစ်၏။

ထို့အပြင် တစ္ဆေဈေးတန်းအပြင် တောင်ဘက်နန်းဆောင် သည် လူ့လောကတွင်လည်း အထူးနယ်မြေ အများအပြားကို ပိုင်ဆိုင်ထားသည်။

ထိုနယ်မြေများသည် ဝိညာဉ်ဘုရင် အဆင့်အောက်ရှိ တစ္ဆေချီများကို ဖိနှိပ်ထားနိုင်ပြီး၊ အာရုံခံစားနိုင်စွမ်းကိုဖြတ်တောက်ကာ လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်ပေသည်။

ဒုတိယတစ်ခုမှာ တောင်ဘက်နန်းဆောင်၏ ကျင့်စဉ်များနှင့် စွမ်းရည်အများအပြားကို လဲလှယ်နိုင်ခဲ့ပြီး တစ္ဆေချီလည် ပတ်မှု သဘောတရားများနှင့် နည်းစနစ်များကိုပါ သင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။

ဤသည်က သူ့ အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

"အရှေ့ဘက်နန်းဆောင်ကို ပြန်ရောက်လို့ ယန်လော်က မလိုချင်ဘူးဆိုရင် ဒီကျင့်စဉ်တွေနဲ့ စွမ်းရည်တွေကို ဒုတိယအကြိမ် ပြန်ရောင်းလို့တောင် ရနိုင်သေးတယ်"

ဤအချက်ကို တွေးမိသောအခါ ကျန်းလင် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

ထိုမျှ များပြားလှသော ကျင့်စဉ်များနှင့် စွမ်းရည်များထဲတွင် တစ်စိတ်တစ်ပိုင်းကသာ တစ်ခါသုံး များ ဖြစ်ကြသည်။

သူ သင်ယူမည် ဆိုလျှင်တောင်မှ အချိန်တိုအတွင်း အကုန်လုံးကို သင်ယူနိုင်မည် မဟုတ်ပါချေ။

ထို့အပြင် သူက အကုန်လုံးကို ရောနှောပြီး သင်ယူချင်နေသည်လည်း မဟုတ်ဘဲ တစ်ခု၊ နှစ်ခုလောက်ကိုသာ ကျွမ်းကျင်အောင် သင်ယူလိုခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် မိမိပိုင် ကျင့်စဉ် သို့မဟုတ် စွမ်းရည် အသစ်များကို ဖန်တီးချင်ခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဤအရာများကို အရှေ့ဘက်နန်းဆောင်သို့ ယူသွားပါက သေချာပေါက် အသုံးဝင်မည် ဖြစ်ပေသည်။

တတိယ အကျိုးအမြတ်ကတော့ ယခင်က မသိခဲ့ရသော ကိစ္စရပ်များစွာကို သိရှိလာရခြင်းဖြစ်၏။

ထို့အပြင် အထူးအဆင့် တာဝန် တစ်ခုကိုလည်း ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့သည်။

အထူးအဆင့် တာဝန်အကြောင်းပြောရလျှင် တာဝန် အပ်နှံချိန်တွင် စနစ်၏ အသိပေးသံ ထွက်မလာခဲ့ပါချေ။

အရှေ့ဘက်နန်းဆောင်မှစတင် ထွက်ခွာလာချိန်တွင် စနစ်က အရံတာဝန် ခြောက်ခုကို ပေးအပ်ခဲ့သည်။

အားလုံးက အရှေ့ဘက်နန်းဆောင်သို့ ပြန်ရောက်ချိန်ကို နောက်ဆုံး သတ်မှတ်ရက်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။

အရံတာဝန် ၁၊ ၂၊ ၃ မှာ တောင်၊ အနောက်၊ မြောက်နန်းဆောင်များ၏ ငရဲပြည် ယဉ်ကျေးမှု ထူးခြားချက်များကို ဖြန့်ဝေပေးရန် ဖြစ်သည်။

တာဝန် ၄ : အထူးအဆင့် တာဝန် တစ်ခုကို အနည်းဆုံး ပြီးမြောက်အောင် ဆောင်ရွက်ရန်။

တာဝန် ၅ : ကျွမ်းကျင်မှု အသစ်တစ်ခုကို အနည်းဆုံး သင်ယူတတ်မြောက်ရန်။

တာဝန် ၆ : မိမိ၏မူလစိတ်ထား ကို ထိန်းသိမ်းရန်။

……

'ဒီတစ်ခေါက် တောင်ဘက်နန်းဆောင်ကို လာတာက အခြေခံအားဖြင့်တော့ တစ်ဝက်လောက် ပြီးသွားပြီ' ဟု ကျန်းလင် တွေးလိုက်၏။

တာဝန် ၁ ဖြစ်သော တောင်ဘက်နန်းဆောင် ငရဲပြည်၏ ယဉ်ကျေးမှု ထူးခြားချက်များကို ဖြန့်ဝေပေးရန် တာဝန် ပြီးဆုံးသွားပြီ ဖြစ်သည်။

ထို့အပြင် တာဝန် ၄ နှင့် တာဝန် ၅ ကိုလည်း ပြီးမြောက်ခဲ့ပြီ။

သို့သော် နောက်ဆုံး တာဝန် နှစ်ခုမှာ ပြီးမြောက်မှု များလေလေ၊ ဆုကြေး ပိုများလေလေ ဖြစ်မည့် တာဝန်အမျိုးအစား ဖြစ်ပုံရသည်။

အရှေ့ဘက်နန်းဆောင်သို့ ပြန်ရောက်မှသာ ဆုကြေးများကို တွက်ချက် ပေးအပ်မည် ထင်သည်။

ကျန်ရှိနေသည်မှာ အနောက်ဘက်နန်းဆောင် နှင့် မြောက်ဘက်နန်းဆောင် တို့၏ ဖြန့်ဝေရေး တာဝန်များပင် ဖြစ်၏။

ထို့နောက် တာဝန် ၆ ဖြစ်သော မူလစိတ်ထားကို ထိန်းသိမ်းရန် ဆိုသည့် တာဝန်။

ဆဋ္ဌမမြောက် တာဝန်ကိုတော့ ကျန်းလင် အခုထိ သေချာ နားမလည်သေးပါချေ။

'ဒီစနစ်က နောက်ပိုင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကြိုသိနေတာလား'

'ဒါမှမဟုတ် သူ့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ တစ်ခုခုများ ကြုံတွေ့ရလိမ့်မယ်လို့ ထင်နေတာလား'

……

"လာပြီ လာပြီ"

ကျန်းလင် သူ၏ တောင်ဘက်နန်းဆောင် ခရီးစဉ်ကို အကျဉ်း ချုပ် သုံးသပ်နေစဉ်မှာပင်၊ ချင်ကျိုးကျိုး နှင့် အနက်ရောင်ဝိညာဉ်တမန်တော် လျိုပုဝေ တို့သည် လမ်းကြောင်း နှစ်ခုမှ အပြေးအလွှား ရောက်ရှိလာကြ၏။

တအိုင် နှင့် ရှောင်အာတို့ကလည်း ချင်ကျိုးကျိုး၏ အနောက်မှ ကပ်လျက် လိုက်ပါလာကြသည်။

၎င်းတို့အပြင် အလွန် ချစ်စရာကောင်းသော အကောင်ပေါက်လေး နှစ်ကောင်လည်း ဤဘက်သို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။

"ဟင်"

"အဲဒီ အကောင်ပေါက်လေး နှစ်ကောင်က ဘာလာလုပ်တာလဲ”

All Chapters