အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
🫧. Chapter 297
ချင်ကျိုးကျိုး နှင့် လျိုပုဝေ တို့ ရောက်လာသည်ကို မြင်သောအခါ ထွက်ခွာရတော့မည်ဟု ကျန်းလင် တွေးလိုက်၏။
ထို့နောက် 'မရဏလောက၏ နေ့စဉ်ဘဝ' တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်သည်။
ဤရက်ပိုင်းအတွင်း ကျင့်ကြံခြင်းဖြင့်သာ အလုပ်ရှုပ်နေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဖြစ်ခဲ့သလို၊ နေ့စဉ်တာဝန်များကိုလည်း မလုပ်ဖြစ်ခဲ့ပါချေ။
ယခု ပြန်တွေးကြည့်သောအခါ နေ့စဉ် အမှတ်ထောင်ချီ ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။
လူ့လောကမှ ကြည့်ရှုသူများ၏ စကားအရ ဆိုရလျှင် 'သန်းထောင်ချီ ဆုံးရှုံးသွားခြင်း' ပင် ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်ပြီး မော့ကြည့်လိုက်သည်နှင့် ချင်ကျိုးကျိုး တို့၏ အနောက် မလှမ်းမကမ်းတွင် ချစ်စရာကောင်းသော အကောင်ပေါက်လေး နှစ်ကောင် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ကျန်းလင် "မင်းတို့တွေ ဘယ်လိုလုပ် ရောက်လာတာလဲ"
လီစုန့် နှင့် တန်းရန် တို့က ဝိညာဉ်လက်နက် သင်္ဘောကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးလာသည်ကို မြင်သောအခါ ကျန်းလင် မေးလိုက်၏။
ကျန်းလင် "ဘာကိစ္စ ရှိသေးလို့လဲ"
ကလေးနှစ်ကောင်သည် သင်္ဘောစွန်းတွင် ရပ်လိုက်ပြီး ခါးထောက်လိုက်ကြသည်။
ခေါင်းပေါ်ရှိ အဝိုင်းရောင် ကျားနားရွက်လေး နှစ်ဖက်က သွက်လက်စွာ တုန်ခါနေပြီး တက်ကြွလန်းဆန်းနေကြ၏။
လီစုန့် "ကျွန်တော်တို့လည်း အနောက်ဘက် နယ်မြေကို လိုက်သွားမှာ"
တန်းရန် "ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော်တို့လည်း အနောက်ဘက်နန်းဆောင်ကို လိုက်မှာ"
ဤစကားကို ကြားလိုက်ရသောအခါ သင်္ဘောပေါ်ရှိ အခြား ဝိညာဉ်တမန်တော်များကလည်း လှမ်းကြည့်လာကြ၏။
ဒီကလေး နှစ်ကောင်ကို သူတို့ မှတ်မိကြသည်။
'သူတို့ရှေ့မှာတင် အိမ်ခြောက်လုံးကို ရိုက်ခွဲပစ်ခဲ့တဲ့ အမြွှာ တစ္ဆေပေါက်စလေးတွေလေ'
ကျန်းလင် မျက်ခုံးပင့်လိုက်သည်။
ပထမဆုံး တွေးမိလိုက်သည်က 'သူတို့က အနောက်ဘက်နန်းဆောင်ကို သွားပြီး ပြဿနာရှာကြတော့မလို့လား'၊ 'တောင်ဘက်နန်းဆောင်က သူတို့ မွှေဖို့ မလုံလောက်တော့ဘူးလား' ဆိုသည်ပင်။
ထို့နောက် သူက ခဏစဉ်းစားပြီး မေးလိုက်၏။
ကျန်းလင် "အလုပ်အသစ် ရထားလို့လား"
လီစုန့် က ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေသည်။
"ဒါပေါ့"
တန်းရန် "ရှိတယ် အစ်ကို"
လီစုန့် က အနားသို့ တိုးလာသော ညီဖြစ်သူ၏ မျက်နှာကို တွန်းဖယ်လိုက်ပြီး ပြောလိုက်၏။
လီစုန့် "မင်းကို ခေါ်တာ မဟုတ်ဘူး"
လီစုန့် က သူ၏ ကိုယ်ပေါ်ရှိ လွယ်အိတ်ငယ်လေးကို ပုတ်ကာ ကျန်းလင် ကို ပြောလိုက်သည်။
"ဒီတစ်ခေါက် ခရီးက ဝေးပေမယ့် အလုပ်အတွက် ရမယ့် အခကြေးငွေက တော်တော် မြင့်တယ်"
'သူတို့ဆီမှာ ပိုက်ဆံ ရှိနေပြီ မဟုတ်လား'
ကျုံးခွေ သခင်ကြီးက သူတို့ကို အရှေ့ဘက်နန်းဆောင် အဖွဲ့နှင့်အတူ အနောက်ဘက်နန်းဆောင်သို့ လိုက်သွားပြီး ဝိညာဉ်လက်နက် အချို့ ဝယ်လာရန် စေခိုင်းလိုက်ခြင်း ဖြစ်၏။
'ပြီးတော့ အရင်က တစ္ဆေသူဌေး ပြဿနာတုန်းက ပျက်စီးသွားတဲ့ ဝိညာဉ်လက်နက်တွေကိုပါ တစ်ခါတည်း ယူသွားပြီး ပြင်ခိုင်းမလို့လေ'
"အရင်ရခဲ့တဲ့ ပိုက်ဆံတွေ အကုန်လုံးက ဟိုပြင်ဒီပြင်နဲ့ ကုန်သွားပြီ မဟုတ်လား"
အရှေ့ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေကို ချိတ်ပိတ်ထားတဲ့ နေရာကို လာစစ်ဆေးခိုင်းတာကလည်း ကုန်ကျစရိတ် မသေးလှပါချေ။
"မြောက်ဘက်နန်းဆောင်ကရမယ့် လျော်ကြေးငွေကလည်း အခုထိ ဝင်မလာသေးဘူးလေ"
ကျန်းလင် "မင်းတို့ နှစ်ယောက်တည်းလား"
ထိုအခါတန်းရန် ခါးကို မတ်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော်တို့ကို သေးတယ်ဆိုပြီး အထင်မသေးနဲ့၊ တိုက်ခိုက်ရေး စွမ်းရည်က မနိမ့်ဘူး"
"ဒီတစ်ခေါက် ခရီးစဉ်အတွက် ကျုံးခွေ သခင်ကြီးက ကျွန်တော်တို့ကို ခရီးဝေးသွားနိုင်တဲ့ ပျံသန်းရေး ဝိညာဉ်လက်နက် နှစ်ခုတောင် ပေးလိုက်သေးတယ်"
"ဖြတ်သန်းခွင့် စာရွက်စာတမ်းတွေလည်း အကုန်အပြည့် အစုံ ပြင်ဆင်ပြီးသွားပြီ"
……
[ဟီးဟီး အဲဒီ နားရွက်လေး နှစ်ဖက်ကို သွားဆွဲချင်လိုက်တာ]
[ကျားပေါက်လေး မမေးနဲ့၊ မေးရင် ပိုက်ဆံရှိလို့၊ ဂုဏ်ဆာလို့၊ ယုံကြည်မှု ရှိလို့လို့ပဲ ဖြေရလိမ့်မယ်]
[အဲဒီ ဂုဏ်ဆာနေတဲ့ ပုံစံလေးက အရမ်း ချစ်စရာကောင်းတာပဲ၊ ခဏနေရင် သူတို့ဆီကို ပိုက်ဆံလေး နည်းနည်းလောက် ထပ်ရှို့ပေးလိုက်ဦးမယ်]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်သည်နှင့် ကွန်မန့်များက အဆမတန် တိုးပွားလာတော့၏။
ဂရုချတ်များထဲတွင်လည်း လူတိုင်းကို ခေါ်နေကြသူ အများအပြား ရှိပေသည်။
'Streamer ကြီး live လွှင့်နေပြီဟေ့'
ထိုသို့ ခေါ်လိုက်သည်နှင့် လူအများအပြားက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ရုတ်ခြည်း ဝင်ရောက်လာကြတော့သည်။
အလုပ်ခိုနေသူများက ခိုနေကြပြီး၊ မြှောက်ပင့်ပြောဆိုနေသူများက ပြောဆိုနေကြ၏။
[မတွေ့ရတာ ကြာပြီ၊ Streamer က ပိုပြီး ခန့်ညားလာပြန်ပြီ]
[အနောက်ဘက်လား ငါက အနောက်ဘက် နယ်မြေမှာ နေတာ နောက်ဆုံးတော့ Streamer က အနောက်ဘက်ကို လာတော့မှာလား]
[ဟီးဟီးဟီး ငါတို့ စွမ်းရည်ပြရမယ့် အချိန် ရောက်ပြီ]
ကြည့်ရှုသူများ ပျော်ရွှင်နေကြရုံသာမက၊ အနောက်ဘက် နယ်မြေရှိ တာဝန်ရှိသူ အချို့ကလည်း စိတ်ထဲမှ အလွန် ဝမ်းသာနေကြပြီ ဖြစ်၏။
Streamer တောင်ဘက် နယ်မြေသို့ သွားရောက်ခဲ့စဉ်က အခြေအနေကို သူတို့ စုံစမ်းထားပြီး ဖြစ်သည်။
တောင်ဘက်တွင် စီးပွားရေးရော၊ လူဦးရေပါ အဆမတန် တိုးတက်လာခဲ့သည် မဟုတ်ပါလော။
ဒီတစ်ကြိမ်မှာ သူတို့ အနောက်ဘက်ကလည်း အခွင့်အရေးကို ဆုပ်ကိုင်ပြီး လက်ရှိ အခြေအနေကို တစ်ဟုန်ထိုး ချိုးဖောက်ကျော်လွန်ပစ်မည်။
"မြန်မြန် ပြင်ဆင်ကြ၊ ခရီးသွား ဧရိယာတွေ အသင့်ပြင်ထား"
"စားသောက်ဆိုင် လုပ်ငန်းတွေ အသင့်ပြင်ထား၊ တည်းခိုခန်းတွေ အသင့်ပြင်ထား"
"အမှတ်တရပစ္စည်း လုပ်ငန်းတွေလည်း အသင့်ပြင်ထား"
'အမှတ်တရပစ္စည်း လုပ်ငန်းတွေက ဘာလို့ အသင့်ပြင်ထားရမှာလဲ'
'တောင်ဘက်က ကျားပေါက်လေးရဲ့ အမှတ်တရပစ္စည်းတွေ အင်တာနက်မှာ ဘယ်လောက်တောင် နာမည်ကြီးနေလဲ ဆိုတာ မတွေ့ဘူးလား'
'ကျားပေါက်လေး အရုပ်တွေ၊ ကျားပေါက်လေး သော့ချိတ်တွေ၊ ကျားခေါင်းကလစ်တွေ၊ ကျားပုံစံ ညအိပ်ဝတ်စုံတွေ၊ ကျား၊ အတိုချုပ် ပြောရရင် အတိုင်းအဆမရှိ နာမည်ကြီးနေခဲ့တာလေ'
'တကယ်လို့ သူတို့ အနောက်ဘက်မှာလည်း ကံကောင်းစေတဲ့ အရုပ် တစ်ခု၊ နှစ်ခုလောက် ထွက်ပေါ်လာခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ'
'အဲဒီအချိန်ကျရင် အနည်းဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုအထိ လူဦးရေ လျော့ကျသွားမှာနဲ့ စီးပွားရေး ကျဆင်းသွားမှာကို ပူစရာ မလိုတော့ဘူးပေါ့'
'လူငယ်လူရွယ်တွေကို အလုပ်ပြန်လုပ်ဖို့၊ စီးပွားရေး ပြန်လုပ်ဖို့တောင် ပိုပြီး ဆွဲဆောင်နိုင်ဦးမယ်'
'အဲဒါတွေသာ အကောင်အထည် ပေါ်လာရင်တော့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကြီးပဲ ဖြစ်သွားမှာ'
ဤအချိန်တွင် အနောက်ဘက် နယ်မြေမှ တာဝန်ရှိသူများ မသိသေးသောအရာမှာ အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် အဖွဲ့ ရောက်ရှိလာမည့် သတင်းကို မရဏလောကမှ တစ္ဆေများက သူတို့ထက် ပို၍ပင် ဂရုစိုက်နေကြခြင်း ဖြစ်၏။
……
"Streamer က ငါတို့ အနောက်ဘက်နန်းဆောင်ကို လာတော့မှာလား"
လူ့လောက၊ လူသူကင်းမဲ့သော အိမ်တစ်လုံးအတွင်း၌လူသားများနှင့် အသွင်အပြင် ဝတ်စားဆင်ယင်မှု မကွာခြားသော မိန်းကလေးတစ်ဦးက အရှေ့ရှိ ဖုန်းမျက်နှာပြင်ကို ကြည့်ကာ မျက်လုံးများ အရောင်လက်နေ၏။
သူမက အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ် အရွယ်ခန့် ရှိပုံရပြီး မျက်လုံးများက အလွန်ကြီးမားကာ နက်မှောင်သော ဆံပင်များကို ကျစ်ဆံမြီး နှစ်ဖက်ကျစ်၍ ရင်ဘတ်ရှေ့သို့ ချထားသည်။
အဖြူရောင် အင်္ကျီနှင့် အနက်ရောင် အားကစား ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် အဖြူရောင် ဖိနပ်အပါးလေးကို စီးထား၏။
ရုတ်တရက် ကြည့်လိုက်ပါက ချစ်စရာကောင်းသော လူသား မိန်းကလေးလေး တစ်ဦးနှင့်ပင်တူနေပေသည်။
သူမ ကြည့်ရှုနေသည်ကတော့ 'မရဏလောက၏ နေ့စဉ်ဘဝ' တိုက်ရိုက်ထုတ်လွှင့်မှု အခန်းပင်။
အားရွေ့ "အရမ်း ကောင်းတာပဲ"
အားရွေ့သည် ဘေးရှိ ရုပ်သံဖမ်းကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး ဖုန်းကို ပိတ်ကာ သေချာ ပုန်းကွယ်ထားလိုက်၏။
ထို့နောက် ရုပ်သံဖမ်းကျောက်တုံးကို ယူကာ ငရဲပြည်သို့ မရပ်မနား ပြန်လာခဲ့သည်။
တစ္ဆေဈေးတန်းရှိ တစ္ဆေများ အများဆုံး စုဝေးရာ နေရာသို့ တန်းတန်းမတ်မတ် သွားလိုက်၏။
တစ်ဖက်မှ ပြေးလွှားရင်း တစ်ဖက်မှလည်း အော်ဟစ်နေသည်။
အားရွေ့ "လူ့လောကက နောက်ဆုံးရ သတင်းတွေ လာပြီဟေ့"
အားရွေ့ "Streamer အာ မဟုတ်ဘူး၊ ဝိညာဉ်တမန်တော် ကျန်းက ငါတို့ အနောက်ဘက်နန်းဆောင်ကို လာတော့မှာ အသစ်စက်စက် ရုပ်သံမှတ်တမ်းကို ဆယ်ခုပဲရောင်းမယ်နော်"
ထိုအခါ ဘေးနားရှိ တစ္ဆေများက လှမ်းကြည့်လာကြပြီး ခြေဗလာဖြင့် ပြေးလွှားနေသော မိန်းကလေးငယ်ကို ရှာတွေ့သွားကြ၏။
တစ္ဆေ ၁ "မင်း ဘာသတင်းလို့ ပြောလိုက်တာလဲ လူ့လောကမှာ စစ်ဖြစ်နေလို့လား ဒါမှမဟုတ် ဘာဖြစ်လို့လဲ"
တစ္ဆေ ၂ "ရုပ်ရှင်ကားသစ် ထွက်လာလို့လား"
တစ္ဆေ ၃ "ဘယ်သူက အနောက်ဘက်နန်းဆောင်ကို လာမှာလဲ"
ထိုအခါသူမ၏ ကလေးဆန်ဆန်ဖောင်းမို့နေသော ပါးပြင်လေးနှင့် ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ဝိညာဉ်တမန်တော် ကျန်း လေ၊ အင်တာနက်သုံးနိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်တဲ့ ဝိညာဉ်တမန်တော်ကို ပြောတာ"
"live အခန်းကို ကြည့်နေတဲ့ လူသားတွေ အကုန်လုံးငရဲပြည်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သိနိုင်အောင်လုပ်ပေးတဲ့သူလေ"
"အဲဒါက 'မရဏလောက၏ နေ့စဉ်ဘဝ' တိုက်ရိုက်ထုတ်လွှင့်မှု အခန်းပဲ"
အားရွေ့ ဤသို့ ပြောလိုက်သောအခါ ပတ်ဝန်းကျင်ရှိ တစ္ဆေများက 'ဪ.' ဟု တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြ၏။
တစ္ဆေ ၁ "သူလား၊ သူ လာတော့မှာလား"
တစ္ဆေ ၂ "သူ့အကြောင်း ငါ ကြားဖူးတယ်၊ လူ့လောကမှာ တော်တော် နာမည်ကြီးတာ"
အမျိုးသမီး တစ္ဆေတစ်ကောင်ကမှန်ကို ထုတ်ကာ ကြည့်ရင်း ပြောလိုက်၏။
အမျိုးသမီး တစ္ဆေ "ဒါဆိုရင်တော့ ငါ သေချာ ပြင်ဆင်ထားမှ ဖြစ်တော့မယ်"
ဘေးရှိ အမျိုးသားတစ္ဆေက မေးလိုက်သည်။
အမျိုးသား တစ္ဆေ "မင်းက ဘာပြင်ဆင်မှာလဲ"
အမျိုးသမီး တစ္ဆေ "ငါ့ယောက်ျားက ငါနဲ့အတူ ရှင်အတူ သေမကွာနေမယ်လို့ ပြောထားတာလေ အခု ငါသေသွားတာတောင် သူက ဆက်ပြီး အသက်ရှင်နေသေးတယ် ငါ live အခန်းထဲကနေ သူ့ကို သွားတိုင်ရမယ်"
အမျိုးသမီး တစ္ဆေ စကားပြောပြီးသည်နှင့် အခြားတစ္ဆေ အများအပြားကလည်း တစ်ခုခုကို သတိရသွားသည့်အလား ဝင်ပြောကြတော့၏။
တစ္ဆေ ၃ "ငါလည်း ငါ့ယခင်ယောက်ျားကို သွားတိုင်ရမယ် ကွာရှင်းပြီးတာတောင် နေ့တိုင်း ငါ့အိမ်ကို ခြံကျော်ပြီး လာရှာနေတုန်းပဲ"
တစ္ဆေ ၄ "ငါ သေရတာ အရမ်း မတရားဘူး ဘေးအိမ်က အဘိုးကြီးဝမ်က ငါ့ခြံထဲက ကြက်ကို ခိုးတာ၊ ငါ သူ့ကိုလိုက် ဖမ်းရင်း မတော်တဆမြောင်းထဲ ကျသွားတာ"
တစ္ဆေ ၅ "ငါ့မိန်းမက စီးပွားရေး လုပ်ရင်း အလိမ်ခံလိုက်ရတယ် လိမ်လည်တဲ့ ဂိုဏ်းနဲ့ တွေ့သွားတာနေမှာ အဲဒီအချိန် ကျရင် ငါလည်း သွားပြောရမယ်"
"......"
ဘေးနားတွင် အမျိုးသမီး တစ္ဆေကို ပထမဆုံး မေးမြန်းခဲ့သော အမျိုးသားတစ္ဆေမှာ စကားပြောလိုသော်လည်း မျိုသိပ်ထားရပြီး၊ မျိုသိပ်ထားရသော်လည်း ပြောချင်နေမိ၏။
အတန်ကြာ နားထောင်ပြီးနောက် နောက်ဆုံးတွင်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်တော့သည်။
အမျိုးသားတစ္ဆေ "မင်းတို့ရဲ့ ဒီလောက် သေးဖွဲတဲ့ ကိစ္စလေးတွေနဲ့ ဝိညာဉ်တမန်တော် ကျန်း က မင်းတို့ကို လာအာရုံစိုက်ဖို့ ဘယ်အချိန်ရမှာလဲ"
အမျိုးသား တစ္ဆေ "သူတို့က သေသေချာချာ တာဝန်ထမ်းဆောင်နေတဲ့ ဝိညာဉ်တမန်တော်တွေလေ အနောက်ဘက်နန်းဆောင်ကို လာတာ သေချာပေါက် ကိစ္စရှိလို့ နေမှာပေါ့"
တစ္ဆေဈေးတန်းရှိ တစ္ဆေများ အားလုံးက ဝိညာဉ်တမန်တော် ကျန်း ၏ ကိစ္စရပ်များကို အနည်းနှင့်အများတော့ ကြားဖူးထားကြပေသည်။
နေ့စဉ် အလုပ်များကို တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ အိပ်မက်ပေးခြင်း၊ ဝိညာဉ်များကို လမ်းပြခေါ်ဆောင်ခြင်း တို့အပြင် တောင်ဘက်နန်းဆောင်တွင် ရှိစဉ်က အလုပ်လုပ်ရင်း လူဆိုးများ၏ပုန်းအောင်းရာ နေရာအများအပြားကို ဖော်ထုတ်ပေးခဲ့သေးသည်။
အလွန်ထူးဆန်းသော်လည်း အလွန် စိတ်ဝင်စားစရာကောင်း သောတာဝန်တစ်ခုကိုလည်း လုပ်ဆောင်ခဲ့သေး၏ 'စာညံ့သူ တစ္ဆေနယ်မြေ' ပင် ဖြစ်သည်။
ဤတစ္ဆေနယ်မြေ အကြောင်းက သူတို့ဆီမှာ အနှံ့အပြား ရောက်ရှိနေပြီဖြစ်ပြီး၊ တစ္ဆေ အတော်များများကလည်း ဆင်တူသော တစ္ဆေနယ်မြေမျိုးကို ဖန်တီးပြီးကစားကြည့်ဖို့ စဉ်းစားနေကြသည်။
ဤစကားကိုကြားလိုက်သောအခါ ဆွေးနွေးငြင်းခုံနေကြသော တစ္ဆေများမှာ ချက်ချင်းငြိမ်ကျသွားကြ၏။
ထို့နောက် သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
တစ္ဆေ ၁ "ဟုတ်တယ် ဟုတ်တယ်၊ သူတို့က သေချာပေါက် တာဝန်နဲ့ လာကြတာဖြစ်ရမယ်"
တစ္ဆေ ၂ "ငါ ကြားထားတာကတော့ အရှေ့ဘက်နန်းဆောင်နဲ့ ငါတို့ နန်းဆောင်က ယမမင်းကြီးတို့ကအချင်းချင်းနည်းနည်း ပြဿနာ ရှိတယ်ဆို"
တစ္ဆေ ၃ "အနောက်ဘက်နန်းဆောင် ဆိုတာ ငါတို့ရဲ့ နယ်မြေလေ အဲဒီအချိန်ကျရင် ငါတို့လည်း တိတ်တဆိတ် ကူညီပေးလိုက်ကြတာပေါ့”
🫧 Chapter 298
"ဒါဆို သူတို့က တကယ်တော့ ဘာလာလုပ်ကြမှာလဲ"
အားလုံး၏ အာရုံစိုက်မှုက ဤကိစ္စအပေါ်သို့ ရောက်ရှိသွားသည်ကို မြင်သောအခါ၊ အားရွေ့ သည် သူမ၏ လက်ထဲမှ ရုပ်သံဖမ်းကျောက်တုံးကို ဝှေ့ယမ်းပြလိုက်ပြီး မေးစေ့ကို ပင့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
အားရွေ့ "ဝိညာဉ်တမန်တော်ကျန်းက အနောက်ဘက်နန်းဆောင်ကို ဘာလာလုပ်မယ်ဆိုတာ သိချင်ကြလား သူတို့ ဘယ်အချိန် ရောက်လာမလဲ ဆိုတာ သိချင်ကြလား"
အားရွေ့ "ဝိညာဉ်တမန်တော်ကျန်း ရဲ့ စရိုက်လက္ခဏာတွေ၊ ဝါသနာတွေက ဘာတွေလဲ ဆိုတာရယ်၊ live အခန်းထဲမှာ မျက်နှာ ဘယ်လိုပြရမလဲ ဆိုတာကိုရော သိချင်ကြလား"
အားရွေ့ "ဒီမှာ နောက်ဆုံးရ ရုပ်သံဖမ်းကျောက်တုံး ရှိတယ်၊ ဆယ်ခုပဲ ရောင်းမယ် ဝိညာဉ်တမန်တော်ကျန်း တို့ အနောက်ဘက်နန်းဆောင်ကို ရောက်လာတဲ့အထိ နောက်ပိုင်းမှာလည်း ဆက်ပြီး အသစ်တင်ပေးသွားမှာ"
ရုပ်သံဖမ်းကျောက်တုံးဆိုသည်မှာ နာမည်အတိုင်းပင် မှတ်တမ်းတင်ထားသော ရုပ်သံများကို ပြန်လည် ဖွင့်ပြနိုင်စွမ်း ရှိပေသည်။
ဗီဒီယို မှတ်တမ်းတင်သည့် လုပ်ဆောင်ချက်နှင့် ဆင်တူ၏။
အားရွေ့ လက်ထဲရှိ ဤကျောက်တုံးမျိုးကို ပင်မနှင့် အခွဲ ရုပ်သံဖမ်းကျောက်တုံး ဟုလည်း ခေါ်ဆိုကြသည်။
ပင်မကျောက်တုံးမှ မှတ်တမ်းတင်ထားသော ရုပ်သံများ အားလုံးကို အခွဲကျောက်တုံးများ အားလုံးထံသို့ တစ်ပြိုင် နက်တည်း ချိန်ကိုက် ပေးပို့နိုင်ပေသည်။
သူမက ပင်မကျောက်တုံးထဲသို့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အကြောင်းအရာများကို ဆက်လက် မှတ်တမ်းတင်နေသရွေ့၊ အခွဲကျောက်တုံးကို ဝယ်ယူထားသော တစ္ဆေများကလည်း အမြဲတမ်း 'စောင့်ကြည့်' နိုင်မည် ဖြစ်၏။
"ဒါဆို ငါ့ကို တစ်ခု ပေး"
"ငါလည်း တစ်ခု ယူမယ်"
တစ္ဆေဈေးတန်းရှိ တစ္ဆေများက နောက်ဆုံးတွင် သူတို့၏ ပိုက်ဆံအိတ်များကို စတင် ထုတ်ယူလာကြတော့သည်။
အချို့သော ရင်းနှီးသည့် တစ္ဆေများကတော့ အတူတူ စုပေါင်း၍ ကျောက်တုံးတစ်တုံးကို ဝယ်ယူကာ အတူတူ 'စောင့်ကြည့်' ရန် တိုင်ပင်လိုက်ကြ၏။
အားရွေ့ "အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးက တကယ် အမြင်ရှိတာပဲ"
အားရွေ့ "တကယ်ကို ထပ်လျှော့ပေးလို့ မရတော့လို့ပါ၊ ဒါက အသစ်စက်စက် ရုပ်သံမှတ်တမ်းလေ"
ခဏအကြာတွင် အားရွေ့ လက်ထဲရှိ အခွဲကျောက်တုံးများ အားလုံး ရောင်းထွက်သွားတော့သည်။
"ကောင်မလေး၊ တကယ်ပဲ ကုန်သွားပြီလား"
"ကုန်သွားပါပြီ ကုန်သွားပါပြီ၊ နောက်တစ်ခေါက်မှ ပြန်လာခဲ့ပါ"
အားရွေ့ သည် ပိုက်ဆံအိတ်ကို ပိုက်ကာ လက်ပြနှုတ်ဆက်လိုက်၏။
ထို့နောက် တစ္ဆေဈေးတန်းမှ အမြန် ထွက်ခွာလာခဲ့ပြီး လူနေအိမ်ရာ ဘက်သို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။
……
အားရွေ့ "သခင် ကျွန်မ ပြန်ရောက်ပြီ"
သူမ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုက ဆီးကြိုလာ၏။
'ဘုန်း'
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနှင့်အတူ အခန်းတစ်ခုလုံးတွင် အဖြူရောင် မီးခိုးများ ဖုံးလွှမ်းသွားတော့သည်။
"အဟွတ် အဟွတ် အဟွတ် အဟွတ်"
အားရွေ့သည် ပေါက်ကွဲမှုကြောင့် လန်ထွက်နေသော ဆံပင်များဖြင့် အခန်းထဲသို့ ဝင်သွားလိုက်၏။
အားရွေ့ "သခင် ဘာတွေ လုပ်နေပြန်ပြီလဲ"
'ဒါကြောင့် သူမက လူ့လောကနဲ့ မရဏလောက နှစ်ခုကြားမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်နေတာကိုး၊ တကယ်တော့ သူမက စာချုပ်ချုပ်ဆိုထားတဲ့ တစ္ဆေစစ်သည် တစ်ကောင် ဖြစ်နေတာပဲ'
'ဝုန်း'
အခန်းအလယ်ရှိ အမှိုက်ပုံကြီးက လှုပ်ရှားသွား၏။
ပေါက်ကွဲမှုကြောင့် ဖောင်းပွနေသော ဆံပင်များနှင့် အသား အရေ ခပ်မည်းမည်း ဝိညာဉ်တမန်တော် တစ်ပါးက ခေါင်းပြူထွက်လာသည်။
သခင် "အားရွေ့ ပြန်လာပြီလား... ဒီနေ့ ဘာလို့ ဒီလောက် စောနေတာလဲ"
အားရွေ့က ပြန်မဖြေပါချေ။
သူမသည် ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် လေဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို အရင်သွားဖွင့်လိုက်သည်။
ထို့နောက် ခေါင်းတွင် ဦးထုပ်ဆောင်းထားသော သန့်ရှင်းရေးတစ္ဆေ နှစ်ကောင်ကို သယ်ထုတ်လာခဲ့၏။
ထိုဦးထုပ်များက တကယ်တော့ ဝိညာဉ်လက်နက် တစ်မျိုး ဖြစ်သည်။
ကြိုတင်၍ အမိန့်ပေးထားလိုက်ပါက သန့်ရှင်းရေးတစ္ဆေများကို မည်သည့်အရာများ စား၍ရသည်၊
မည်သည့်အရာများ စား၍မရသည်ကို ခွဲခြားသိမြင်စေနိုင်ပေသည်။
ထိုသို့မဟုတ်ပါက သခင့်၏ အမှိုက်ပုံကဲ့သို့ ဖြစ်နေသော ပစ္စည်းများမှာ ၎င်းတို့၏ စားသောက်ခြင်းကို ခံရနိုင်ချေ အလွန်များလှ၏။
သန့်ရှင်းရေးတစ္ဆေများ အလုပ်စလုပ်သည်ကို မြင်မှသာ အားရွေ့လည်း အမောဖြေနိုင်တော့သည်။
သူမသည် သခင့် အရှေ့တွင် ထိုင်ချလိုက်ပြီး ပိုက်ဆံများကို ထုတ်ပြရင်း ရှင်းပြလိုက်၏။
အားရွေ့ "ဝိညာဉ်တမန်တော် ကျန်းတို့ အနောက်ဘက်နန်းဆောင်ကို လာတော့မှာ အဲဒါကြောင့် သတင်းဦး ရုပ်သံဖမ်းကျောက်တုံးတွေကို ကြိုပြီးပြန်လာရောင်းတာ"
"ကြည့်၊ ပိုက်ဆံတွေ အများကြီးပဲ"
ထိုအကြောင်းကို ပြောရင်း အားရွေ့က မနေနိုင်ဘဲ ဆူပူကြိမ်းမောင်းတော့၏။
အားရွေ့ "သခင် နောက်တစ်ခါ ဝိညာဉ်လက်နက် အသစ်တွေ တီထွင်တဲ့အခါ ပတ်ဝန်းကျင်က ပစ္စည်းတွေကို သေချာ သိမ်းထားပါ"
အားရွေ့ "ပြီးတော့ အဲဒီကာကွယ်ရေး ဝိညာဉ်လက်နက်ကိုလည်း သေချာပေါက် ဖွင့်ထားပါ"
အားရွေ့ "မဟုတ်ရင် ဒီလို ဖြုန်းတီးနေတာတွေနဲ့ ဘယ် လောက်မှ မခံဘူး။ အရင် နှစ်ပတ်လည် ပွဲတုန်းက သခင် ရောင်းရတဲ့ ဝိညာဉ်လက်နက်တွေက သိပ်များတာလည်း မဟုတ်ဘူး"
အဆူခံလိုက်ရသော ဝိညာဉ်တမန်တော်သခင်မှာ သူ၏ ဖောင်းပွနေသော ဆံပင်များကို မနေနိုင်ဘဲ ကုတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။
သခင် "အဲဒါ သူတို့ အမြင်မရှိလို့ပါ ငါ့ရဲ့ ဝိညာဉ်လက်နက်တွေက ဘယ်လောက်တောင် ကစားလို့ ကောင်းလဲ"
"ဟုတ်တယ် ကစားလို့ ကောင်းတယ်"
အားရွေ့က အသံကို မြှင့်လိုက်ပြီး "တစ္ဆေကို ရိုက်နှက်နေတာတောင် တစ်ဖက်လူကို သွေးပြန်ဖြည့်ပေးနေသေးတယ် အဲဒါကြီးကို ဘယ်သူက ဝယ်မှာလဲ"
အားရွေ့ "အိမ်သုံးစရိတ် ကာမိအောင် အသုံးဝင်မယ့် ဟာလေးတွေ အရင်လုပ်ပေးလို့ မရဘူးလား"
"......"
ဝိညာဉ်တမန်တော် သခင်သည် သူမကို တစ်ချက်စောင်းကြည့်လိုက်၏။
'ဒီကောင်မလေးက တစ်နေ့တစ်နေ့ ပွစိပွစိနဲ့'
'ဘယ်သူက သခင်မှန်းကို မသိတော့ဘူး'
သခင် "နေပါဦး၊ မင်း ခုနက ဘယ်သူ အနောက်ဘက်နန်းဆောင်ကို လာမယ်လို့ ပြောလိုက်တာလဲ"
အားရွေ့ "ဝိညာဉ်တမန်တော်ကျန်း လေ"
သခင် "မရဏလောကမှာ အင်တာနက် သုံးနိုင်တဲ့ ဝိညာဉ်တမန်တော်ကျန်း လား"
ဝိညာဉ်တမန်တော် သခင်သည် အမှိုက်ပုံထဲမှ 'ဝုန်း' ကနဲ မတ်တတ်ရပ်လိုက်၏။
သူ၏ခပ်မည်းမည်း မျက်နှာပေါ်တွင် မျက်လုံးအစုံက တောက်ပနေပေသည်။
သခင် "နောက်ဆုံးတော့ နောက်ဆုံးတော့ အဲဒီကိစ္စကို စတင် သုတေသန လုပ်လို့ ရပြီပေါ့"
မရဏလောက၏ အဖြေရှာမရသေးသော လျှို့ဝှက်ချက်။
အားရွေ့ လည်း စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး လက်သီးဆုပ်လေးများကို ဆုပ်ကာ မေးလိုက်၏။
အားရွေ့ "တကယ်လား တကယ်လား သခင်"
သခင် "အင်း အင်း"
အားရွေ့ "ဒါဆိုရင်တော့ သခင် အလုပ်ကို သေချာ ကြိုးစားလုပ်မှ ဖြစ်တော့မယ် မဟုတ်ရင် ဝိညာဉ်တမန်တော်ကျန်း အရှေ့ကိုရောက်ဖို့ တန်းစီလို့တောင်ရမှာ မဟုတ်ဘူး"
အဲဒီအချိန်ကျရင် ဝိညာဉ်တမန်တော်ကျန်းကို "တွေ့ချင်နေတဲ့ တစ္ဆေတွေက အများကြီး ရှိနေမှာလေ"
"ဘယ်လိုလုပ် သခင့်အလှည့် ရောက်နိုင်မှာလဲ"
"......"
တစ်ခဏချင်းမှာပင် ရေခဲရေ တစ်ပုံးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ ဝိညာဉ်တမန်တော်သခင်သည် ချက်ချင်းတောင့်တင်းသွားတော့သည်။
ထိုစဉ် အားရွေ့က ခေါင်းလေးကို စောင်းကာ ပြုံးရွှင်စွာ ပြောလိုက်၏။
"ကြိုးစားပါ သခင်"
……
အနောက်ဘက်နန်းဆောင် ယမမင်းရုံးတော်အတွင်း
ရွှီးဟယ်လည်း နောက်ဆုံးရ သတင်းကို ရရှိခဲ့ပြီ ဖြစ်၏။
လက်အောက်ငယ်သား၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် ရွှီးဟယ် ပြောလိုက်သည်။
"ဒါဆိုလည်း စတင် ပြင်ဆင်ကြတာပေါ့"
အောက်ဘက်ရှိ ဝိညာဉ်တမန်တော် က မေးလိုက်၏။ "ယမမင်းကြီးက အဲဒီ အစီအစဉ်ကို စတင်တော့မလို့လား"
ရွှီးဟယ် ငုံ့ကြည့်လိုက်ပြီး "မင်းက မသင့်တော်ဘူးလို့ ထင်နေတာလား" ဟု ပြန်မေးလိုက်သည်။
ဝိညာဉ်တမန်တော် "မဟုတ်ရပါဘူး ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပါပဲ"
အောက်ဘက်ရှိ ဝိညာဉ်တမန်တော် က အရိုသေပေးကာ ပြောလိုက်၏။ "ကျွန်တော်မျိုး အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ်"
"အင်း"
ရွှီးဟယ် တည်ငြိမ်စွာ အသံပြုလိုက်၏။
အရှေ့တွင် ပေ့ရွှယ်က ပြဿနာများ ဖန်တီးခဲ့ပြီး၊ အနောက်တွင် အရှေ့ဘက်နန်းဆောင်၏ ယဉ်ကျေးမှု ဖြန့်ဝေသူများ ထွက်ခွာလာခဲ့ပြီ။
ဤသည်က သူတို့အတွက် အခွင့်အရေးပင် ဖြစ်သည်။
အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်အဖွဲ့ ရောက်ရှိလာမှုအပေါ် အခြေခံထားသော အစီအစဉ်တစ်ခုကို စတင် ပြင်ဆင်နေကြပြီ ဖြစ်၏။
ဤအစီအစဉ်က အရပ်လေးမျက်နှာရှိ နယ်မြေများတွင် လှိုင်းဂယက် အသစ်တစ်ခုကို ဖန်တီးတော့မည် ဖြစ်သည်။
……
……
တောင်ဘက်နန်းဆောင် ငရဲပြည်တံခါးဝ နန်မင် နှင့် ကျုံးခွေ တို့သည် အပြင်ဘက်မှ ယခုလေးတင် ပြန်လည် ရောက်ရှိလာကြ၏။
အောက်ဘက်ရှိ ဝိညာဉ်လက်နက် သင်္ဘောကြီးကို မြင်သော အခါ ကျုံးခွေ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
ကျုံးခွေ "ဟင်၊ သူတို့က ဒီနေ့ ပြန်ကြမှာလား"
သူ ဒီနှစ်ရက် အလုပ်ရှုပ်နေသဖြင့် မေ့နေခဲ့ခြင်းဖြစ်၏။
နန်မင် အရှိန်က အနည်းငယ် နှေးကျသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် အဖွဲ့၏ စွမ်းအားအဆင့်နှင့် ထိုဝိညာဉ်လက်နက် သင်္ဘောကြီး၏အဆင့်ကို သူ သိမြင်နိုင်ပေသည်။
နန်မင် "အရှေ့ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေလား"
ကျုံးခွေက ပြန်ဖြေလိုက်၏။
ကျုံးခွေ "အရင်က ချိတ်ပိတ်ထားတဲ့ နေရာ ပွင့်သွားခဲ့တယ် မဟုတ်လား အဲဒါကြောင့် အရှေ့ဘက်နန်းဆောင်က ဝိညာဉ်တမန်တော်တွေကို လာကြည့်ပေးဖို့ အကူအညီ တောင်းထားတာပါ ပြီးတော့ ကျွန်တော်တို့ရဲ့ ချိတ်ပိတ်ရေး အဖွဲ့ကိုလည်း ပညာနည်းနည်းလောက် သင်ယူခိုင်းလို့ ရတာပေါ့"
နန်မင် ၏ အကြည့်များက ကျန်းလင်၏ ကိုယ်ပေါ်တွင် တစ်စက္ကန့်ခန့် ရပ်တန့်သွား၏။
နန်မင် "အဲဒါက ငရဲပြည် ယဉ်ကျေးမှု ဖြန့်ဝေသူလား"
ကျန်းလင်ကိုယ်ပေါ်တွင် ကျုံးခွေထံမှ ခံစားရသော အငွေ့ အသက်မျိုးနှင့် ဆင်တူသည့် အရာတစ်ခုကို သူ ခံစားမိနေသည်။
ထို့အပြင် ထိုသင်္ဘောပေါ်သို့ ကျရောက်နေသော အကြည့်များစွာကိုလည်း သူ အာရုံခံမိနေ၏။
အနည်းဆုံး လူသန်းပေါင်း တစ်ဆယ်ခန့် ရှိပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု ဘောလုံးလေးမှာ သင်္ဘောအတွင်းပိုင်းသို့ တဖြည်းဖြည်း တိုးဝင်၍ ပုန်းအောင်းသွားတော့၏။
"......"
ကျုံးခွေ "ဟုတ်ပါတယ်၊ အဲဒါ ယဉ်ကျေးမှုဖြန့်ဝေသူ ဖြစ်ရပါမယ်"
ကျုံးခွေက လက်သီးဆုပ်အရိုသေပြုကာ ပြောလိုက်သည်။
ကျုံးခွေ "ယမမင်းကြီး၊ သူတို့ ပြန်တော့မယ့်ပုံပဲ၊ ကျွန်တော် အောက်ဆင်းပြီး သွားကြည့်လိုက်ပါဦးမယ်"
နန်မင် "အင်း"
နန်မင်သည် အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ယမမင်းရုံးတော် ဘက်သို့ တိုက်ရိုက် ပျံသန်းသွားတော့၏။
ကျုံးခွေ အောက်သို့ ဆင်းပြီး ဘာသွားလုပ်မည်နည်း ဆိုသည်ကိုလည်း သူ မမေးခဲ့သကဲ့သို့၊ ထိုကျားပေါက်လေး နှစ်ကောင်က ဝိညာဉ်လက်နက် သင်္ဘောကြီးအနားတွင် ဘာလုပ်နေကြသနည်း ဆိုသည်ကိုလည်း သူ မမေးခဲ့ပါချေ။
မည်သို့ပင်ဆိုစေ ထိုအသေးအဖွဲ ကိစ္စရပ်များကို ကျုံးခွေ တို့သာ ဖြေရှင်းစီမံနေကြခြင်း ဖြစ်၏။
အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် အဖွဲ့နှင့် ပတ် သက်၍လည်း နန်မင် အနေဖြင့် အောက်ဆင်းကာ တွေ့ဆုံရန် အစီအစဉ် မရှိပါချေ။
အရှေ့ဘက်နန်းဆောင် ဝိညာဉ်တမန်တော်များ၏ ဤတစ်ခေါက် ခရီးစဉ်က ချိတ်ပိတ်ထားသောနေရာကို လာရောက် စစ်ဆေးပေးရုံ သက်သက်သာ ဖြစ်သည်။
သံတမန်အဖြစ် လာရောက်ခြင်း မဟုတ်သကဲ့သို့ ကြီးမား သော ကိစ္စရပ်များကို ဆွေးနွေးရန်လည်း မဟုတ်ပါချေ။
အလုပ်အပ်နှံသူ နှင့် အလုပ်လုပ်ပေးသူ အခြေအနေမျိုးသာ ဖြစ်ပေသည်။