အခန်း (၇၆၆-၇၆၈)
Vol. 52 Ch. 766-768
Chapter 766 - အညစ်အကြေးဌာန နတ်ဆိုးအရှင်ကို ဘယ်သူသတ်တာလဲ
ကွမ်ရွှယ်ဘုရင်သည် မြေပြင်ပေါ်ရှိ အကြွင်းအကျန်များကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆိုးအရှင်တစ်ပါးမှာ ဤမျှအထိ အပိုင်းပိုင်းပြတ်ပြတ် ဖြစ်သွားလိမ့်မည်ဟု စိတ်ကူးရန်ပင် ခက်ခဲလှသည်။ ဤအညစ်အကြေးဌာန နတ်ဆိုးအရှင်သည် ကောင်းကင်ဖောက် သူတော်စင်နယ်ပယ်အဆင့် ရှိသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ ဤမျှ အင်အားကြီးသူတစ်ယောက်က သာမန်တိရစ္ဆာန်တစ်ကောင်လို အသတ်ခံလိုက်ရသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
အညစ်အကြေးဌာနမှ နတ်ဆိုးများ ထပ်မံစကားမပြောမီ ရှန်မို တည်ငြိမ်စွာဖြင့်
"ကျွန်တော်တို့ လူသားမျိုးနွယ်၊ နတ်ဆိုးသားရဲနဲ့ နဂါးမျိုးနွယ်တွေဟာ နတ်ဆိုးလူသားတွေနဲ့ မဟာမိတ်ဖွဲ့ထားပြီးသားပါ… ဒါကြောင့် ခင်ဗျားတို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ လုပ်ဆောင်ပေးတာပါ"
"ဟွေအန်း နတ်ဆိုးနိုင်ငံတော်ဟာ နတ်ဆိုးလူသားတွေရဲ့ အနာဂတ်အပေါ် ရည်မှန်းချက်ကြီးကြီးမားမား ထားရှိနေတာပါ… ဒါကြောင့် ကျွန်တော်တို့ ကြားဝင်စွက်ဖက်တာဟာ တရားမျှတပါတယ်… စကားမစပ်… ဒီအညစ်အကြေးဌာန နတ်ဆိုးအရှင်ကတော့ စည်းစိမ်ထဲမှာပဲ နစ်မွန်းနေခဲ့ပုံရတယ်… ကောင်းကင်ဖောက် သူတော်စင်နယ်ပယ်အဆင့်ဖြစ်နေပေမဲ့ တကယ်တမ်းကျတော့ အတော်လေးကို အားနည်းလွန်းနေတာပဲ"
"ဟွေအန်း နတ်ဆိုးနိုင်ငံတော်ရဲ့ အင်အားအစစ်အမှန်က အမှောင်ဌာန နတ်ဆိုးတွေဆီမှာပဲ ရှိတာ မဟုတ်ဘူးလား"
ရှန်မို၏စကားများမှာ သရော်စာများဖြင့် ပြည့်နှက်နေသည်။ ထိုစကားများသည် အညစ်အကြေးဌာန၏ အနာကျင်ဆုံးနေရာကို တိုက်ရိုက်ထိမှန်သွားစေ၏။ ဟွေအန်းရှိ အညစ်အကြေးဌာနသည် အမှောင်ဌာနနှင့် ယှဉ်လျှင် အဆမတန် သေးငယ်လှသည်။ ထို့အပြင် အမှောင်ဌာန နတ်ဆိုးများသည် တိုးတက်လာရန်အတွက် ခက်ခဲကြမ်းတမ်းမှုများကို ပိုမိုရင်ဆိုင်ကျော်ဖြတ်ကြရသည်။ တိုက်ပွဲအတော်များများတွင် အညစ်အကြေးဌာနမှ နတ်ဆိုးများ ပါဝင်ရန်ပင် မလိုခဲ့ပေ။ ၎င်းတို့သည် ဖန်လုံအိမ်ထဲက ပန်းများကဲ့သို့ ဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် မျိုးဆက်တစ်ခုပြီးတစ်ခု ပို၍အားနည်းလာကာ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ ကျဆင်းလာခဲ့ရသည်။
ဝူသူတော်စင် နတ်ဆိုးနိုင်ငံတော်နှင့် အလောင်းကောင် နတ်ဆိုးနိုင်ငံတော်တို့ကဲ့သို့ အခြားနိုင်ငံများမှ နတ်ဆိုးများပင်လျှင် ၎င်းတို့ကို တိတ်တဆိတ် လှောင်ပြောင်တတ်ကြသည်။
ရှန်မို၏စကားကို ကြားသောအခါ ကွမ်ရွှယ်ဘုရင်၏မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို သိရှိနားလည်သွားသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ သူက ရုတ်တရက် မေးလိုက်သည်မှာ "အညစ်အကြေးဌာန နတ်ဆိုးအရှင်ကို ဘယ်သူသတ်တာလဲ"
ရှန်မို ပြုံးရင်း
"ကျွန်တော် သတ်တာပါ"
ကွမ်ရွှယ်ဘုရင် မျက်ခုံးပင့်လိုက်ကာ
"ရှန်မို… မင်းက မကြာသေးခင်ကမှ အမှောင်ဌာနက အန်းပိုလောင်ကို သတ်ခဲ့တယ်… အခုလည်း အညစ်အကြေးဌာန နတ်ဆိုးအရှင်ကို ထပ်သတ်လိုက်ပြန်ပြီ… မင်းက တကယ်ပဲ မြေဖောက် သူတော်စင်နယ်ပယ်အဆင့်မှာပဲ ရှိနေသေးတာ သေချာရဲ့လား"
ရှန်မို အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့်
"အရှင်မင်းကြီးလည်း မြင်နေတာပဲ မဟုတ်လား… ကျွန်တော် ဘာကျင့်စဉ်အဆင့်ကိုမှ ဖုံးကွယ်မထားပါဘူး"
ကွမ်ရွှယ်ဘုရင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အညစ်အကြေးဌာနမှ နတ်ဆိုးများက ထပ်မံအော်ဟစ်လာကြပြန်သည်။
"ကွမ်ရွှယ်ဘုရင်… ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ နတ်ဆိုးအရှင်အတွက် ကရင်စားချေပေးတဲ့အနေနဲ့ ဒီလူသားနဲ့ နတ်ဆိုးသားရဲ သူတော်စင်တွေကို သတ်ပေးပါ"
"ကွမ်ရွှယ်ဘုရင်… ငါတို့ ဟွေအန်း နတ်ဆိုးနိုင်ငံတော်က မင်းတို့မျိုးနွယ်စုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အထူးတလည် လာခဲ့တာပါ… ဒါဟာ မင်းတို့အတွက် ရွှေရောင်အခွင့်အရေးပဲ"
"ကွမ်ရွှယ်ဘုရင်… ဒီလူသားတွေနဲ့ နတ်ဆိုးသားရဲတွေကို အခုချက်ချင်း သတ်လိုက်ပါ… မဟုတ်ရင် ငါတို့ ဆွေးနွေးပွဲတွေကို ဆက်မလုပ်နိုင်တော့ဘူး"
မိုကွမ်းဖုန်းကလည်း လေးနက်စွာဖြင့်
"အရှင်မင်းကြီး… အမိန့်ပေးလိုက်ပါတော့"
ကွမ်ရွှယ်ဘုရင် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဟွေအန်း အညစ်အကြေးဌာနမှ နတ်ဆိုးများ၏ ထောင်လွှားသောအမူအရာများကိုသာ မြင်တွေ့ရသည်။ နိမ့်ကျလှသော နတ်ဆိုးအထွတ်အထိပ်တစ်ဦးကပင် ကြီးမြတ်သော မျိုးနွယ်စု၏ အုပ်ချုပ်သူကို မလေးမစား စကားပြောဝံ့နေကြသည်။
ကွမ်ရွှယ်ဘုရင် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား"
"ငါ့ရဲ့အမိန့်ကို နားထောင်ကြ… အညစ်အကြေးဌာနက နတ်ဆိုးတွေအားလုံးကို ဖမ်းဆီးလိုက်ကြ… ပြီးတော့ ဒီနိုင်ငံခြားက သူတော်စင်တွေကို ငါ့ရဲ့နန်းတော်ဆီ လိုက်ပါပို့ဆောင်ပေးလိုက်ပါ"
မိုကွမ်းယင်းမှ လေးစားစွာဖြင့်
"မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ အရှင်မင်းကြီး"
ကွမ်ရွှယ်ဘုရင်၏ အမိန့်အရ အညစ်အကြေးဌာနမှ နတ်ဆိုးအားလုံးသည် မျိုးနွယ်စု၏ ရေအကျဉ်းထောင်ထဲသို့ ပစ်ချခြင်း ခံလိုက်ရသည်။ ၎င်းတို့သည် နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့ ခရီးဝေးမှ ငြိမ်းချမ်းရေးအတွက် လာခဲ့ကြခြင်းဖြစ်ပြီး နတ်ဆိုးလူသားများကို မျက်နှာသာပေးရန်ပင် ဟန်ဆောင်ခဲ့ကြသည်။ သို့သော် တစ်ဖက်လူက ဆွေးနွေးရန် ငြင်းဆန်ရုံသာမက ၎င်းတို့ကိုပါ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်သည့် အရာပင်ဖြစ်၏။
ခန်းမကြီးအတွင်းတွင် ကွမ်ရွှယ်ဘုရင်သည် ရှန်မို၊ ဖူကျူနှင့် အခြားသူများကို ထပ်မံတွေ့ဆုံခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတို့အား အလွန်တရာ ယဉ်ကျေးပျူငှာစွာနှင့် လေးလေးစားစား ဆက်ဆံခဲ့ပြီး ရှန်မိုနှင့် ဖူကျူတို့သည် ဂုဏ်သရေရှိ နေရာများတွင် ထိုင်နေကြသည်။
ကွမ်ရွှယ်ဘုရင်က တည်ကြည်စွာဖြင့် "နတ်ဆိုးလူသားတွေဟာ ဟွေအန်း နတ်ဆိုးနိုင်ငံတော်နဲ့ ထောင်စုနှစ်ချီပြီး စစ်ဖြစ်ခဲ့တာပါ… ကျွန်တော်တို့ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး… ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အင်အားတစ်ခုတည်းနဲ့ ဟွေအန်းကို တားဆီးဖို့ မလုံလောက်ဘူး"
"ဒါကြောင့် ငါက လူသားတွေ၊ နတ်ဆိုးသားရဲတွေ၊ နဂါးမျိုးနွယ်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး နတ်ဆိုးတွေကို အတူတူ ပြန်တိုက်ချင်တယ်"
ရှန်မိုမှ စပျစ်ရည်ခွက်ကို မြှောက်ကာ အနည်းငယ်ပြုံးရင်း
"အရှင်မင်းကြီးရဲ့ ဆန္ဒအတိုင်းပါပဲ"
အဖွဲ့သည် အတော်ကြာကြာ စကားပြောဆိုခဲ့ကြသည်။ နောက်ဆုံးတွင် ကွမ်ရွှယ်ဘုရင်က အဓိကအချက်ကို မေးလိုက်သည်။
"မင်းတို့ နတ်ဆိုးလူသားချိုင့်ဝှမ်းကို ဘာကိစ္စနဲ့ လာခဲ့တာလဲ… ဒီချိုင့်ဝှမ်းက စကြဝဠာရဲ့ အစွန်အဖျားမှာ ရှိတာပါ… ဟွေအန်း နတ်ဆိုးနိုင်ငံတော်သာ အနားမှာ မရှိရင် ကျွန်တော်တို့တွေ ပဋိပက္ခတွေနဲ့ ဝေးဝေးမှာ နေလို့ရမှာပါ"
ရှန်မို သူပြင်ဆင်ထားသည့်အတိုင်း ရှင်းပြလိုက်သည်။
"ကျွန်တော်တို့က မဟာတောရိုင်းအရှင်မြတ်ရဲ့ ပျောက်ဆုံးနေတဲ့ ရတနာကို လာရှာတာပါ"
ကွမ်ရွှယ်ဘုရင် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "လူသားမျိုးနွယ်ရဲ့ မဟာတောရိုင်းအရှင်မြတ်ရဲ့ ကျော်ကြားမှုကို ငါကြားဖူးပါတယ်… သူက နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းလမ်းကို ရှာဖွေရင်း လောကအနှံ့ လှည့်လည်သွားလာခဲ့တယ်လို့ ပြောကြတာပဲ"
သူက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"လူသား၊ နတ်ဆိုးသားရဲနဲ့ နဂါးမျိုးနွယ် သူတော်စင်တွေအားလုံးဟာ သူတော်စင်နယ်ပယ်ကို ရောက်ပြီးတဲ့နောက်မှာ သူတို့မျိုးနွယ်စုရဲ့ ကံကြမ္မာအတွက် အသေခံဖို့တောင် မကြောက်ဘဲ ကြိုးစားကြတယ်… ဒါပေမဲ့ ကျွန်တော်တို့ နတ်ဆိုးလူသားတွေကတော့ အားအနည်းဆုံး နတ်ဆိုးနိုင်ငံဖြစ်တဲ့ ဟွေအန်းရဲ့ ဖိနှိပ်မှုကို ခံရင်း ဒီထောင့်လေးထဲမှာပဲ ကျေနပ်နေကြရတာ.. တကယ်ကို ရယ်စရာကောင်းလှပါတယ်"
မိုကွမ်းယင်းမှ လေးနက်စွာဖြင့်
"အရှင်မင်းကြီး… ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့… ကျွန်တော်တို့ ညီညွတ်မယ်ဆိုရင် နတ်ဆိုးတွေက ခြိမ်းခြောက်မှု မဟုတ်ပါဘူး"
ရှန်မိုမှာ မိုကွမ်းယင်းကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "မဟာတောရိုင်းအရှင်မြတ်ရဲ့ ရတနာကို ရှာဖို့အတွက် ကျွန်တော်တို့မှာ သူတော်စင်နတ်ဆိုးအသီး တစ်လုံးနဲ့ သူတော်စင်နတ်ဆိုးသစ်ပင်ရဲ့ သစ်ကိုင်းတစ်စို လိုအပ်ပါတယ်… ဒါကို ကွမ်ရွှယ်ဘုရင်က ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ကွမ်ရွှယ်ဘုရင် ခေါင်းညိတ်သည်။
"ဒါက ဖြစ်နိုင်ပါတယ်… သူတော်စင်နတ်ဆိုးသစ်ပင်က ခြောက်သွေ့နေတာ ကြာပြီဖြစ်လို့ လက်တွေ့မှာတော့ အသုံးမဝင်တော့ပါဘူး… ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ နတ်ဆိုးလူသားတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်နေဆဲပါ… ကွမ်ရွှယ်မျိုးနွယ်စုဖြစ်တဲ့ ငါတို့တောင်မှ သူ့ရဲ့သစ်ကိုင်းကို ယူဖို့ဆိုရင် ထျန်းရှီ နဲ့ ကျိုယို မျိုးနွယ်စုတွေဆီက သဘောတူညီချက် ယူရဦးမယ်… ငါတို့ မျိုးနွယ်စု တစ်ခုတည်းက မဆုံးဖြတ်နိုင်ဘူး"
ရှန်မိုမှ နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကွမ်ရွှယ်ဘုရင်အနေနဲ့ အခြားမျိုးနွယ်စု နှစ်ခုကို ဆွေးနွေးပေးဖို့ အကူအညီတောင်းရမှာပေါ့… ကျွန်တော်တို့ စောင့်နိုင်ပါတယ်"
"အပြင်၊ အမှောင်ဌာနက အန်းပိုလောင်နဲ့ အခု အညစ်အကြေးဌာန နတ်ဆိုးအရှင်တို့ အသတ်ခံလိုက်ရတဲ့အတွက် ဟွေအန်း နတ်ဆိုးနိုင်ငံတော်က နတ်ဆိုးလူသားချိုင့်ဝှမ်းကို စစ်ချီလာဖို့ ရှိပါတယ်… ကွမ်ရွှယ်ဘုရင်အနေနဲ့ စောစောစီးစီး ပြင်ဆင်ထားသင့်ပါတယ်"
ကွမ်ရွှယ်ဘုရင် ခေါင်းညိတ်သည်။
"သေချာတာပေါ့… ရှန်မို သတိပေးစရာတောင် မလိုပါဘူး… ငါ စစ်ရေးပြင်ဆင်ဖို့ အမိန့်ပေးထားပြီးသားပါ… ဒီ ဟွေအန်းခွေးတွေ… ဒီတစ်ခါတော့ အပြတ်အသတ် ရှင်းပစ်ရမယ်"
...
ရက်အနည်းငယ်အကြာတွင် သတင်းအသစ်များ ရောက်ရှိလာသည်။ ကျိုယို နှင့် ထျန်းရှီ မျိုးနွယ်စု ခေါင်းဆောင်များသည် ဟွေအန်း နတ်ဆိုးနိုင်ငံတော်နှင့် ငြိမ်းချမ်းရေးယူရန် ဆုံးဖြတ်လိုက်ကြပြီး ၎င်းတို့ကို သူတော်စင်နတ်ဆိုးသစ်ပင်ဆီ ဝင်ရောက်ခွင့် ပေးလိုက်ကြသည်။ ဤသတင်းသည် နတ်ဆိုးလူသားများအကြား လှုပ်ခတ်သွားစေ၏။ အထူးသဖြင့် ကွမ်ရွှယ်မျိုးနွယ်စုအတွင်းတွင် ဒေါသတကြီး ခံစားချက်များ ပြင်းထန်နေသည်။
ကွမ်ရွှယ်ဘုရင်က ကျိုယို နှင့် ထျန်းရှီ တို့ကို မေးမြန်းရန် စေတမန်များ မစေလွှတ်မီမှာပင် နောက်ထပ် သတင်းများ ရောက်ရှိလာသည်။ ကျိုယို-ထျန်းရှီ မဟာမိတ်စစ်တပ်သည် ကွမ်ရွှယ်မြို့တော်၏ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။ ကွမ်ရွှယ်မျိုးနွယ်စုသည် လူသားများနှင့် မဟာမိတ်ဖွဲ့ကာ ဟွေအန်း နတ်ဆိုးအရှင်ကို သတ်ဖြတ်လိုက်ကြောင်း သိရှိရသောအခါ ၎င်းတို့သည် ချက်ချင်း တိုက်ခိုက်လာကြခြင်းဖြစ်သည်။ တိုက်ပွဲသည် စတင်ရန် လက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်သည်။
ကွမ်ရွှယ်ဘုရင်သည် သံချပ်ကာကို ဝတ်ဆင်လိုက်ပြီး အမူအရာမှာ တည်ကြည်နေသည်။
"ရှန်မို… ငါက မင်းရဲ့တောင်းဆိုချက်ကို မဆုံးဖြတ်ခင် ကျိုယိုနဲ့ ထျန်းရှီတို့ကို တိုင်ပင်မလို့ပဲ… အခုတော့ ဒါတွေက မလိုတော့ဘူး… ကျိုယိုနဲ့ ထျန်းရှီတို့ဟာ နတ်ဆိုးလူသား သစ္စာဖောက်တွေပဲ… သူတို့ဟာ သူတော်စင်နတ်ဆိုးသစ်ပင်ရဲ့ ဂုဏ်ကျက်သရေနဲ့ မထိုက်တန်ကြဘူး"
ကွမ်ရွှယ်ဘုရင်မှ ကျယ်လောင်စွာ ကြေညာလိုက်သည်။ "ကိုယ်ရံတော်ဗိုလ်… ရှန်မိုနဲ့ တခြားလူတွေကို သူတော်စင်နတ်ဆိုးသစ်ပင်ဆီ လိုက်ပါပို့ဆောင်ပေးလိုက်"
သန်မာလှသော ကိုယ်ရံတော်ဗိုလ်သည် မှော်မြွေနဂါးနှင့်အတူ ထွက်လာခဲ့သည်။ သူ ရှန်မိုကို လေးစားစွာ ဦးညွှတ်လိုက်သည်။
"အားလုံးပဲ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ရှန်မိုနှင့် အဖွဲ့ငါးယောက်သည် မှော်မြွေနဂါးပေါ်သို့ တက်လိုက်ကြသည်။ မြွေနဂါးသည် အမြီးကို ဝေ့ယမ်းကာ ကွမ်ရွှယ်မြို့၏ တောင်ဘက် အနက်ဆုံးနေရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ ကွမ်ရွှယ်၊ ထျန်းရှီ နှင့် ကျိုယို မြို့တော်သုံးခုသည် တြိဂံပုံစံ တည်ရှိနေကြသည်။ ထိုတြိဂံ၏ အလယ်ဗဟိုတွင် သူတော်စင်နတ်ဆိုးသစ်ပင် တည်ရှိနေသည်။
ဝုန်း။
၎င်းတို့၏ နောက်ကွယ်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ မျိုးနွယ်စု သုံးခု စတင်တိုက်ခိုက်ကြပြီမှာ ထင်ရှားလှသည်။
ရှန်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ကွမ်ရွှယ်မျိုးနွယ်စုက ကျိုယိုနဲ့ ထျန်းရှီကို ခုခံနိုင်ပါ့မလား"
ကိုယ်ရံတော်ဗိုလ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျွန်တော်တို့ ကွမ်ရွှယ်မျိုးနွယ်စုမှာ ကွမ်ပုနတ်ဆိုးမျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတာပါ… တိုက်ပွဲအတွက် မွေးဖွားလာကြသူတွေမို့လို့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို မသံသယဖြစ်ပါနဲ့… နတ်ဆိုးသားရဲသူတော်စင်"
ရှန်ယွမ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။
"တောင်းပန်ပါတယ်"
ကိုယ်ရံတော်ဗိုလ်မှ လေးနက်စွာ ပြောလိုက်သည်။
"သူတော်စင်နတ်ဆိုးသစ်ပင်က အရှေ့မှာ ရှိပါတယ်… ကျိုယို ဒါမှမဟုတ် ထျန်းရှီရဲ့ အစောင့်တွေလည်း ရှိနေနိုင်တယ်… အားလုံး အသင့်ပြင်ထားကြပါ… ကျွန်တော်တို့ အတင်းတိုးထွက်သွားကြမယ်"
Chapter 767 - ရှန်မို နောက်ထပ် ဘာလုပ်မလဲ
ရှန်မိုနှင့် အဖွဲ့သားများသည် ရှေ့သို့ ဆက်လက်တိုးသွားကြသည်။ ရုတ်တရက် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နယ်ပယ်အသစ်တစ်ခုထဲသို့ ရောက်သွားသလို သူ ခံစားလိုက်ရ၏။ သူသည် အလိုအလျောက်ပင် အပေါ်သို့ မော့ကြည့်လိုက်မိသည်။
ထိုအခါ အဝေးတစ်နေရာတွင် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသည့် ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ကို သူ တွေ့လိုက်ရသည်။ သစ်ပင်ကြီးမှာ ခြောက်သွေ့ပြီး လိမ်ကောက်နေကာ အရွက်များ ကြွေကျနေပြီး သစ်ပင်အုပ်မှာလည်း ကျဲပါးနေသော်လည်း ယခင်က ရှိခဲ့ဖူးသည့် ဘုန်းမီးနေလ၏ အရိပ်အယောင်များမှာ မှိန်ဖျော့ဖျော့ ကျန်ရှိနေသေးသည်။
ဤသည်မှာ သူတော်စင်နတ်ဆိုးသစ်ပင်ပင် ဖြစ်သည်။ နတ်ဆိုးလူသားတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်။ နတ်ဆိုးလူသားများသည် ဤသစ်ပင်ကြောင့် အာဏာရရှိလာခဲ့ကြသလို၊ ၎င်းတို့၏ ကျဆုံးမှုမှာလည်း ဤသစ်ပင်ကြောင့်ပင် ဖြစ်သည်။
ကျိုယင်မှ
"သူတော်စင်နတ်ဆိုးသစ်ပင်ရဲ့ ပတ်ပတ်လည်မှာ ထူးဆန်းတဲ့ အာကာသတစ်ခု ရှိနေပုံပဲ… ဒီအာကာသရဲ့ အပြင်ဘက်မှာ ရပ်နေရင် သူ့ရဲ့တည်ရှိမှုကို မသိနိုင်ဘူး"
"ဒီအာကာသထဲကို ကိုယ်တိုင်ဝင်မှပဲ သူ့ကို မြင်နိုင် ထိတွေ့နိုင်မယ်"
ကွမ်ရွှယ်မျိုးနွယ်စု၏ ကိုယ်ရံတော်ဗိုလ်က
"အတိအကျပါပဲ… ဒါက သူတော်စင်နတ်ဆိုးသစ်ပင်ရဲ့ ထူးခြားချက်ပါ… အခုအချိန်မှာ သူက အသီးသီးတာ အရမ်းရှားသွားပြီဆိုပေမဲ့ ဒီအံ့ဖွယ်လက္ခဏာကတော့ ကျန်နေဆဲပါ… ဒါကြောင့်လည်း ကျွန်တော်တို့က သူ့ကို သူတော်စင်သစ်ပင်အဖြစ် ကိုးကွယ်နေကြတုန်းပဲ… တစ်နေ့ကျရင် သူဟာ အရင်ကလို ပြန်ပြီး ခမ်းနားလာလိမ့်မယ်လို့ ယုံကြည်တယ်"
ရှန်မိုအဖွဲ့သားများ ရှေ့သို့ ဆက်သွားကြသည်။ မကြာမီတွင် စစ်ဆေးရေးဂိတ်တစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာမှ လက်နက်ချင်း ထိခိုက်သံများ ထွက်ပေါ်လာနေသည်။
ကိုယ်ရံတော်ဗိုလ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဒီစစ်ဆေးရေးဂိတ်ကို ငါ့ရဲ့ ကွမ်ရွှယ်မျိုးနွယ်စုက စောင့်ရမှာပါ… အခု တိုက်ပွဲသံတွေ ထွက်လာပြီဆိုတော့ ထျန်းရှီ နဲ့ ကျိုယို မျိုးနွယ်စုတွေက တိုက်ခိုက်နေပြီ ထင်တယ်"
သူ တွေဝေမနေဘဲ သူ၏ နတ်ဆိုးရေနဂါးကို ရှေ့သို့ နှင်ထုတ်ကာ အားအင်အပြည့်ဖြင့် ပြေးထွက်သွားသည်။ အဖွဲ့သားများ အနီးကပ် ရောက်သွားသောအခါ စစ်ဆေးရေးဂိတ်မှာ ဝေ့ဝဲနေသော နတ်ဆိုးတိမ်တိုက်များနှင့် နားကွဲမတတ် တိုက်ပွဲသံများဖြင့် ဖုံးလွှမ်းနေသည်ကို အတည်ပြုနိုင်ခဲ့သည်။ ထျန်းရှီ နှင့် ကျိုယို စစ်တပ်များသည် အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြပြီး ကွမ်ရွှယ်မျိုးနွယ်စု၏ ကင်းစောင့်တပ်များကို အလစ်အငိုက် မိသွားစေခဲ့၏။
ရှန်မိုတို့ အဖွဲ့သားများ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် နတ်ဆိုးလူသား မျိုးနွယ်စု နှစ်ခုလုံးမှာ အံ့အားသင့်သွားကြသည်။
"လူသားမျိုးနွယ်နဲ့ နတ်ဆိုးသားရဲ မျိုးနွယ်စုက နိုင်ငံခြားသား သူတော်စင်တွေပဲ… သူတို့ဟာ အမှောင်မြူနိုင်ငံတော်ရဲ့ နတ်ဆိုးအရှင်ကို သတ်ခဲ့တဲ့သူတွေပဲ"
"ဘုရင်ကြီးက ဆုတော်ငွေ ထုတ်ထားပြီးသား… ဒီသူတော်စင်တွေကို သတ်နိုင်တဲ့သူ ဘယ်သူမဆို နောက်ထပ် နတ်ဆိုးအရှင်အဖြစ် လေ့ကျင့်ပေးခံရမယ်"
"သတ်ကြ… သူတို့အားလုံးကို သတ်ပစ်ကြ"
ထျန်းရှီ နှင့် ကျိုယို မျိုးနွယ်စုမှ နတ်ဆိုးလူသားများသည် ရူးသွပ်စွာ ရယ်မောရင်း ၎င်းတို့ဆီသို့ ပြေးဝင်လာကြသည်။
ရှန်မိုမှာ ထိုတိုက်ခိုက်မှုကို ကြည့်ပြီး အနည်းငယ် ခေါင်းယမ်းလိုက်သည်။ ဤနတ်ဆိုးလူသားများသည် သွေးဆာလွန်းလှ၏။ မြေဖောက်သူတော်စင်နယ်ပယ် သတ္တမအဆင့်ရှိသည့် ခေါင်းဆောင်သူတော်စင်လေးဦးကို အားကိုးပြီး သူ၏အဖွဲ့ကို တိုက်ခိုက်ဝံ့နေကြသည်။ ၎င်းတို့ မသိသည်မှာ ရှန်မိုသည် ကောင်းကင်အထွတ်အထိပ် သူတော်စင်နယ်ပယ်အဆင့်ရှိသည့် အမှောင်မြူနိုင်ငံတော်၏ ကျော်ကြားသော အမှောင်ဌာနအကြီးအကဲ အန်းပိုလောင် ကို ကိုယ်တိုင် သတ်ခဲ့သည်ဟူသော အချက်ပင်ဖြစ်သည်။
တိုက်ပွဲမှာ စတင်ကတည်းက တစ်ဖက်သတ် ဖြစ်နေခဲ့သည်။ ခဏအတွင်းမှာပင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရန် လွှတ်လိုက်သော နတ်ဆိုးလူသားများမှာ သွေးအိုင်ထဲတွင် သေဆုံးကုန်ကြသည်။ ကိုယ်ရံတော်ဗိုလ်ပင်လျှင် ရှန်မို၏ စွမ်းရည်ကို အံ့ဩနေမိ၏။
ရှန်မိုမှ အန်းပိုလောင် သို့မဟုတ် အညစ်အကြေးဌာန နတ်ဆိုးအရှင်ကို သတ်သည်ကို သူ မမြင်ခဲ့ဖူးပေ။ သို့သော် ယခုတွင် ရှန်မိုသည် မြေဖောက်သူတော်စင် သတ္တမအဆင့်ရှိသော သူတော်စင်နှစ်ဦးကို အလွန်လွယ်ကူစွာ ကိုင်တွယ်သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။
မိုမင်ယုသည်လည်း အားကျလေးစားသော မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ် သူတော်စင်မို… အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"
ကိုယ်ရံတော်ဗိုလ်မှ လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ ရှေ့ကို ဆက်သွားကြရအောင်"
ရှန်မို လက်ကို ဝေ့ယမ်းကာ ကိစ္စမရှိကြောင်း ပြလိုက်သည်။ ထိုနတ်ဆိုးလူသားများကို သတ်ပြီးနောက် ရှေ့ခရီးမှာ အနှောင့်အယှက်မရှိ ရှင်းလင်းသွားသည်။ မကြာမီတွင် ရှန်မိုအဖွဲ့သည် သူတော်စင်နတ်ဆိုးသစ်ပင်၏ အောက်ခြေသို့ ရောက်ရှိလာကြသည်။
ထိုအခါမှသာ ဤသစ်ပင်၏ ကြီးမားမှုကို သူ အထင်သေးခဲ့မိကြောင်း ရှန်မို သိလိုက်ရသည်။ ၎င်းသည် အလွန်တရာ ကြီးမားလှသဖြင့် လူတစ်ရာ ပတ်ပတ်လည် ဝိုင်းဖက်သော်လည်း မမီနိုင်ဘဲ ကြီးမားသော တံတိုင်းကြီးတစ်ခုသဖွယ် ဖြစ်နေသည်။ အလွန်တရာလည်း မြင့်မားလှသဖြင့် မည်သူမဆို ခေါင်းမော့ကြည့်သော်လည်း ၎င်း၏ ထိပ်ဖျားကို မမြင်နိုင်ပေ။
"ဆယ်စုနှစ် အနည်းငယ်တိုင်းမှာ သူတော်စင်နတ်ဆိုးသစ်ပင်ဟာ သူ့ရဲ့အသီးတွေနဲ့ သစ်ကိုင်းတွေကို သဘာဝအလျောက် ကြွေကျစေတယ်"
ကိုယ်ရံတော်ဗိုလ်မှ ရှင်းပြသည်။
"ဒီမှာ ရှိနေတဲ့ သစ်ပင်စောင့်တွေက ဒါတွေကို သိမ်းဆည်းကြတယ်… အဲဒီအရာတွေ ပုပ်သိုးသွားတဲ့အခါ သူတော်စင်နတ်ဆိုးသစ်ပင်အတွက် အာဟာရ ဖြစ်သွားပြီး သံသရာလည်နေတာပေါ့"
ကိုယ်ရံတော်ဗိုလ်မှ ထပ်လောင်းပြောကြားလေ၏။ "အခုလက်ရှိမှာ သစ်ပင်အောက်မှာ ကြွေကျနေတဲ့ ခြောက်သွေ့နေတဲ့ သူတော်စင်နတ်ဆိုးအသီးတွေနဲ့ သစ်ကိုင်းတွေ ရှိနေတယ်"
ထိုသို့ပြောပြီးနောက် သူ ရှန်မိုအတွက် ထိုအရာနှစ်ခုကို သွားရောက်ယူဆောင်ပေးခဲ့သည်။ ရှန်မိုကို ကြည့်ရင်း သူက မေးလိုက်သည်။
"သူတော်စင်မို… ခင်ဗျား နောက်ထပ် ဘာလုပ်မှာလဲ"
ဖူကျူ နှင့် ကျိုယင် တို့သည်လည်း သူ့ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် ရှန်မိုက ဤအရာနှစ်ခုကို ဘာအတွက် အသုံးပြုမည်ကို သိချင်နေကြ၏။
ရှန်မိုမှ လက်လှမ်းပြလိုက်သည်။ မိုမင်ယု သူ့အနားသို့ အမြန်လျှောက်လာကာ တိုးတိုးလေး မေးလိုက်သည်။ "သူတော်စင်မို… ကျွန်မကို ဘာလုပ်ပေးစေချင်လို့လဲ"
ရှန်မို ပြုံးလျက်
"မင်းရဲ့ လက်မောင်းကို ဓားနဲ့လှီးလိုက်ပါ… မင်းရဲ့ သွေးအချို့ လိုအပ်တယ်… မင်းရဲ့ သွေးက ထူးခြားတယ်… အဲဒါက သူတော်စင်နတ်ဆိုးသစ်ပင် သစ်ကိုင်းထဲမှာ ရှိနေတဲ့ ငုပ်လျှိုးနေတဲ့ စွမ်းအားကို နှိုးဆွပေးနိုင်လိမ့်မယ်"
မိုမင်ယု ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အခြားသူများမှာလည်း သူ၏စကားကို စဉ်းစားနေကြသလို အချို့ကလည်း မယုံကြည်နိုင်စွာ ခေါင်းယမ်းနေကြသည်။ မိုမင်ယုသည် အခြားသော သာမန်နတ်ဆိုးလူသားများနှင့် ဘာမှ ထူးမခြားနားပုံပေါ်သည်။ သူ့ မျိုးရိုးမှာလည်း ကွမ်ရွှယ်၊ ထျန်းရှီ သို့မဟုတ် ကျိုယို မျိုးနွယ်စုတို့၏ တော်ဝင်သွေးမျိုးနွယ်များထက် များစွာ နိမ့်ကျလှသည်။
သို့သော် ၎င်းတို့ စဉ်းစားနေကြသော်လည်း ကိုယ်ရံတော်ဗိုလ်နှင့် အခြားသူများမှာမူ ဆိတ်ဆိတ်နေခဲ့ကြသည်။ သူတို့ မြင်တွေ့ခဲ့ရသမျှအပြီးတွင် ရှန်မိုအပေါ် လေးစားမှုတစ်ခုတည်းသာ ကျန်တော့သည်။ သူတော်စင်မိုမှာ သူ့အကြောင်းနှင့်သူ ရှိလိမ့်မည်ဟု ၎င်းတို့ တိတ်တဆိတ် လက်ခံလိုက်ကြသည်။ မည်သူမျှ သူ၏ လုပ်ဆောင်ချက်ကို မေးခွန်းမထုတ်ခဲ့ကြပေ။
မိုမင်ယု ခဏမျှသာ တွေဝေပြီးနောက် သူ့ ခါးမှ သေးသွယ်သော အရိုးဓားကို ဆွဲထုတ်ကာ လက်မောင်းကို အသာအယာ လှီးလိုက်သည်။ နီရဲသောသွေးများသည် ခြောက်သွေ့နေသော သူတော်စင်နတ်ဆိုးသစ်ပင် သစ်ကိုင်းပေါ်သို့ တစက်စက် ကျဆင်းသွား၏။
တစ်စက်၊ နှစ်စက်၊ သုံးစက်...
ထူးဆန်းသည်မှာ ထိုသစ်ကိုင်းသည် မိုမင်ယု၏ သွေးများကို စုပ်ယူနေခြင်းပင်ဖြစ်သည်။ ခဏအကြာတွင် သစ်ကိုင်းမှာ နက်မှောင်သော သွေးရောင် အလင်းတန်းများဖြင့် တောက်ပလာသည်။ ၎င်းသည် အပြည့်အဝ ပြောင်းလဲသွားပြီးနောက် ရှန်မိုသည် စိတ်ဝိညာဉ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်ကာ မိုမင်ယု၏ ဒဏ်ရာကို ပိတ်ပေးလိုက်သည်။
သူက မိုမင်ယုထံ ဆေးလုံးပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။
မိုမင်ယုလည်း ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်လေ၏။ သူ ယခင်က လူသားများ ဖော်စပ်ထားသော ဆေးဝါးများကို တစ်ခါမှ မသောက်ဖူးပေ။ အားလုံး၏ မျက်လုံးများသည် သူတော်စင်နတ်ဆိုးသစ်ပင် သစ်ကိုင်းပေါ်သို့ စူးစိုက်ကြည့်နေကြသည်။ အထူးသဖြင့် ကွမ်ရွှယ်မျိုးနွယ်စု ကိုယ်ရံတော်ဗိုလ်ပင် ဖြစ်သည်။ သူတော်စင်နတ်ဆိုးသစ်ပင် သစ်ကိုင်းက နတ်ဆိုးလူသား တစ်ဦး၏ သွေးကို တက်ကြွစွာ စုပ်ယူသည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
အားလုံး အသက်ပင် မရှူဝံ့ကြဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။ အပြင်ဘက်တွင်မူ တိုက်ပွဲသံများက မိုးကြိုးပစ်သလို ဟိန်းဟောက်နေသည်။ အချိန်တိုင်းတွင် အသေအပျောက်များ ရှိနေသည်။ သို့သော် ဤနေရာတွင်မူ ပတ်ဝန်းကျင်မှာ ငြိမ်သက်နေဆဲပင်။
ရှန်မိုက ဘာမှမပြောသလို အခြားသူများကလည်း ဘာမှမပြောကြပေ။ ထို့နောက် ရုတ်တရက်ဆိုသလို ခြောက်သွေ့နေသော သစ်ကိုင်းမှ အဖူးသစ်ကလေးတစ်ခု ထွက်ပေါ်လာသည်။ သွေးရောင် အဖူးကလေးမှာ အလွန်တရာ နုနယ်လှပြီး နီရဲသော ဖန်သားဖြင့် ပြုလုပ်ထားသလိုပင် ရှိကာ မြတ်နိုးချင်စရာ ကောင်းလှသည်။
ကွမ်ရွှယ်မျိုးနွယ်စု ကိုယ်ရံတော်ဗိုလ်သည် အံ့ဩလွန်း၍ အသက်ရှူပင် မှားသွားသည်။ အရွက်အသစ်များနှင့် သစ်ကိုင်းသစ်များ ထွက်ပေါ်လာနေပြီ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မိုမင်ယု၏ သွေးမျိုးနွယ်က တကယ်ပဲ ထူးခြားနေတာလား။ အားလုံးက သူမကို လှည့်ကြည့်လိုက်ကြသည်။ မိုမင်ယုကိုယ်တိုင်လည်း ကြောင်တောင်တောင် ဖြစ်နေသည်။
"ကျွန်မ... ကျွန်မက ဂန်ဖုန်း မျိုးနွယ်စုက မြေဖောက်သူတော်စင် တစ်ယောက်ပဲလေ… နတ်ဆိုးလူသားချိုင့်ဝှမ်း တစ်ခုလုံးမှာ ကျွန်မလိုလူတွေ အများကြီး ရှိတာ မဟုတ်ဘူးလား"
ဖူကျူ နှင့် ကျိုယင် တို့သည် ရှန်မိုနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ အမူအရာများမှာ အဓိပ္ပာယ် ပါလှသည်။ ၎င်းတို့အထဲတွင် မည်သူမျှ ရှန်မို မြင်တွေ့ခဲ့ရသောအရာကို မမြင်ခဲ့ကြပေ။ ဤသည်မှာ ရှန်မိုတွင် အရာဝတ္ထုများ၏ အပေါ်ယံကို ကျော်လွန်ပြီး အနှစ်သာရကို မြင်နိုင်သော ထူးခြားသည့် စွမ်းရည်ရှိကြောင်း သက်သေပြနေသည်။ ထိုသို့သော စွမ်းရည်မှာ ၎င်းတို့ထက် များစွာ သာလွန်လှသည်။
ရှန်မိုသည် သစ်ကိုင်းကို မကာ သူတော်စင်နတ်ဆိုးသစ်ပင်ဆီသို့ လျှောက်သွားသည်။ အခြားသူများလည်း ချက်ချင်း လိုက်သွားကြသည်။ မကြာမီတွင် ရှန်မိုသည် သစ်ပင်၏ အောက်ခြေသို့ ရောက်ရှိသွားသည်။ သူသည် တွေဝေမနေဘဲ ပြင်းထန်သော လက်သီးချက်တစ်ခုဖြင့် ထိုးနှက်လိုက်သည်။ ကိုယ်ရံတော်ဗိုလ်မှာ တုန်လှုပ်သွားပြီး တားဆီးချင်သော စိတ်များ ဖြစ်ပေါ်လာသော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။
ဒါဟာ သူတို့ရဲ့ သူတော်စင်သစ်ပင် ဖြစ်နေဆဲပါပဲ... ဒါကို တားဆီးချင်စိတ် လုံးဝမရှိဘူးလားဆိုတော့ မဟုတ်ပါဘူး။
ခြောက်သွေ့နေသော်လည်း သူတော်စင်နတ်ဆိုးသစ်ပင်သည် အလွန်တရာ ကြီးမားလှပြီး မာကျောလှသည်။ ရှန်မို၏ အားအပြည့်ပါသော ထိုးနှက်ချက်မှာ အနည်းငယ်သာ ချိုင့်ဝင်သွား၏။
"မလုံလောက်သေးဘူး… သစ်ပင်ရဲ့ အနှစ်သာရကို မမြင်ရသေးဘူး"
ရှန်မို ခေါင်းယမ်းလိုက်ပြီး ထပ်မံ ထိုးနှက်လိုက်သည်။ သစ်သားစများ လွင့်စင်သွားပြီး မြေကြီးမှာလည်း တုန်ခါသွားသည်။ နတ်ဆိုးလူသား ကိုယ်ရံတော်ဗိုလ်နှင့် အခြားသူများမှာလည်း နှလုံးသားထဲကနေ နာကျင်နေကြရ၏။
အတော်ကြာကြာပြီးနောက် ရှန်မို ရုတ်တရက် ရပ်လိုက်သည်။ သွေးရောင် အလင်းတန်းတစ်ခုမှာ အတွင်းဘက်မှ တောက်ပလာသည်။ ဤသည်မှာ သူတော်စင်နတ်ဆိုးသစ်ပင်၏ အနှစ်သာရပင် ဖြစ်သည်။ ရှန်မိုသည် အသစ်ထွက်လာသော သစ်ကိုင်းကို ယူကာ အနှစ်သာရထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
"အသစ်ပြန်တည်ဆောက်ဖို့ဆိုရင် အဟောင်းကို အရင် ဖျက်ဆီးရမယ်"
"ခင်ဗျားတို့ ကိုးကွယ်နေတာက အလောင်းကောင်သက်သက်ပဲ"
"အဲဒါကို အာဟာရအဖြစ် ပြောင်းလဲလိုက်ပါ… ဒါဆိုရင် သူတော်စင်နတ်ဆိုးသစ်ပင်အသစ် တစ်ပင် ထွက်ပေါ်လာလိမ့်မယ်"
ရှန်မိုမှ ကိုယ်ရံတော်ဗိုလ်နှင့် အခြားသူများကို လှည့်ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
Chapter 768 - သူက နတ်ဘုရားမ မဟုတ်ဘူးလား
ထိုစကားကို ကြားသောအခါ ကိုယ်ရံတော်ဗိုလ်နှင့် အခြားနတ်ဆိုးလူသားများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ထိုသို့သော အယူဝါဒမျိုး တကယ်ပဲ ရှိလို့လား။ သူတို့ ဘာကြောင့် တစ်ခါမှ မကြားဖူးခဲ့ရတာလဲ။
နတ်ဆိုးလူသားတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။ "အခုမှ သတိရတယ်… တစ်ခါက တစ်ယောက်ယောက်က သစ်ပင်အိုကြီးတွေ လဲကျမှ သစ်ကိုင်းသစ်တွေ ထွက်လာနိုင်တယ်လို့ ပြောဖူးတယ်… ဒါပေမဲ့ သူ့ကို လူသတင်းပို့လို့ ချက်ချင်း အသတ်ခံလိုက်ရတယ်"
အနားမှာ ရှိနေတဲ့ တခြားသူတွေကလည်း ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်တယ်… အဲဒီလို တကယ် ဖြစ်ခဲ့ဖူးတယ်"
ကိုယ်ရံတော်ဗိုလ်မှဋ သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"တကယ့် ပညာရှိကြီးပဲ..."
ရှန်ယွမ်မှ ရုတ်တရက် သူတော်စင်နတ်ဆိုးသစ်ပင်ကို လက်ညှိုးထိုးပြရင်း
"ကြည့်ကြဦး… တစ်ခုခု ဖြစ်နေပြီ"
အားလုံး သစ်ပင်ဆီ လှည့်ကြည့်လိုက်ကြသည်။ အတွင်းဘက်မှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ၎င်း၏ သစ်ခေါက်များသည် လျင်မြန်စွာပင် ကြည်လင်လာသည်။ မကြာမီတွင်ပင် ထောင်ထွက်နေသော သူတော်စင်နတ်ဆိုးသစ်ပင်ကြီးမှာ ပါးလွှာသော စက္ကူခွံတစ်ခုအဖြစ် ခြောက်သွေ့သွား၏။ ထို့နောက် ပြင်းထန်သော လေပြင်းတစ်ခုမှ ၎င်း၏ အကြွင်းအကျန်များကို အပိုင်းပိုင်းအစစ ဖြစ်သွားစေကာ မုန်တိုင်းနှင့်အတူ လွင့်စင်သွားစေသည်။
ရှေးဟောင်းသစ်ပင်ကြီး၏ နေရာတွင် ယခုအခါ သစ်ပင်အသစ်တစ်ပင် တည်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် သွေးကဲ့သို့ နီရဲနေသည်။ နုနယ်ပြီး ကျိုးလွယ်ပုံပေါ်သော်လည်း ရှင်သန်ခြင်း စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ရုတ်တရက်ဆိုသလို နတ်ဆိုးလူသားများသည် မမြင်ရသော စွမ်းအားတစ်ခု ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
တစ်ယောက်က အော်လိုက်သည်။
"ကျွန်မရဲ့... ကျွန်မရဲ့ စွမ်းအားတွေ ပိုအားကောင်းလာပြီ"
နောက်တစ်ယောက်ကလည်း အသက်ရှူမှားစွာ ပြောလိုက်သည်။
"ကျွန်တော်လည်း အတူတူပဲ… ကျွန်တော် သတ္တမအဆင့် နတ်ဆိုးအထွတ်အထိပ်ကို ရောက်သွားပြီ"
ကိုယ်ရံတော်ဗိုလ်ပင်လျှင် ခေါင်းငုံ့ပြီး သူ့ရဲ့ လက်တွေနဲ့ ခြေထောက်တွေကို စစ်ဆေးနေမိသည်။ သူ၏ သွေးများ ဆူပွက်နေပြီး ကြွက်သားများမှာလည်း ဟိန်းဟောက်နေသလို ခံစားနေရသည်။
"ဟုတ်တယ်၊ ဒါပဲ… ဒီခံစားချက်ပဲ"
သူ ခေါင်းမော့ပြီး ရယ်မောလိုက်သည်။
သူ၏ ကျင့်စဉ်မှာလည်း မရပ်မနား တိုးတက်လာသည်။ မြေဖောက်သူတော်စင် နဝမအဆင့်မှနေ၍ ကောင်းကင်အထွတ်အထိပ်သူတော်စင် ပထမအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ရောက်ရှိနေသော နတ်ဆိုးလူသားတိုင်းမှာ တိုးတက်မှုများ ရရှိခဲ့ကြသော်လည်း အတိုင်းအတာမှာမူ ကွဲပြားသည်။ သူတို့ ရရှိသော စွမ်းအားများသည် သူတို့၏ သွေးမျိုးနွယ် သန့်စင်မှုအပေါ်တွင် မူတည်နေသည်မှာ ထင်ရှားလှသည်။
မိုမင်ယုက ရုတ်တရက်
"သူတော်စင်မို… ကျွန်မရဲ့ ခန္ဓာကိုယ်က..."
ရှန်မို လှည့်ကြည့်လိုက်သည်။
မိုမင်ယု၏ အရှိန်အဝါမှာ ကောင်းကင်အထွတ်အထိပ်သူတော်စင် ဒုတိယအဆင့်သို့ လွယ်လွယ်ကူကူ ရောက်ရှိသွားပြီဖြစ်သည်။ သူ ကိုင်ဆောင်ထားသော အရိုးလှံမှာပင် ရှေးဟောင်းစွမ်းအားများ ကိန်းအောင်းနေပြီဖြစ်သည်။ ၎င်းသည် လောကအဆင့် သူတော်စင်လက်နက်တစ်ခု ဖြစ်သွားပြီဖြစ်သည်။
ကိုယ်ရံတော်ဗိုလ်သည် သူမကို စိုက်ကြည့်လိုက်ပြီးနောက် ဒူးထောက်လိုက်သည်။ "နတ်ဘုရားမကို ဂါရဝပြုပါတယ်"
အခြားနတ်ဆိုးလူသားများမှာလည်း အံ့အားသင့်သွားကြသည်။ သူတော်စင်နတ်ဆိုးသစ်ပင် ခြောက်သွေ့သွားပြီး နတ်ဆိုးလူသားများ ကျဆင်းလာခဲ့သည့် အချိန်ကတည်းက ဟောကိန်းတစ်ခု ရှိခဲ့သည်။ တစ်နေ့တွင် နတ်ဘုရားမတစ်ဦး ပေါ်ထွန်းလာပြီး သူတို့၏ ပျောက်ဆုံးသွားသော ဂုဏ်ကျက်သရေကို ပြန်လည်ရယူပေးလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့သော် မျိုးဆက်များစွာ ရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ အတော်များများက မျှော်လင့်ချက် စွန့်လွှတ်ခဲ့ကြပြီဖြစ်သည်။ ယခုတွင်မူ မမျှော်လင့်ဘဲ သူမသည် သူတို့ရှေ့မှာတင် ရပ်နေပြီဖြစ်သည်။
"ဟုတ်တယ်… သူက ဟောကိန်းထဲက နတ်ဘုရားမ မဟုတ်ဘူးလား"
"အတိအကျပဲ… ကျွန်တော်တို့မျိုးနွယ်စုကို အထွက်အထိပ်ကို ပြန်ခေါ်သွားမယ့်သူပဲ"
"နတ်ဘုရားမကို ဂါရဝပြုပါတယ်"
နတ်ဆိုးလူသားအားလုံး တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။ မိုမင်ယုမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရှန်မိုကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။ သူက ပြုံးရုံသာ ပြုံးပြလိုက်သည်။
"ဒါဟာ မင်းရဲ့ ကံကြမ္မာပဲ… မင်းဟာ ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ နတ်ဘုရားမပဲ"
မိုမင်ယုသည် အသက်ပြင်းပြင်းရှူပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် ကိုယ်ရံတော်ဗိုလ်ကို အမြန် ထူလိုက်သည်။
"ထကြပါ… ဒီလိုမျိုးတွေ လုပ်ဖို့ မလိုပါဘူး"
ထိုအချိန်တွင် နတ်ဆိုးလူသားတစ်ဦးမှ လွှတ်ခနဲ မေးလိုက်သည်။
"ကျွန်တော်တို့တွေ ပိုပြီး အားကောင်းလာတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘုရင်ကြီးတွေကရော..."
ကိုယ်ရံတော်ဗိုလ်မှာ တိုက်ပွဲမြေပြင်ဆီသို့ စိုက်ကြည့်လိုက်သည်။
"ငါ မြင်နေရပြီ… ကျွန်တော်တို့ရဲ့ ဘုရင်ကြီးက ကောင်းကင်အထွတ်အထိပ်သူတော်စင် နယ်ပယ်ကို ရောက်သွားပြီ"
"ဒါပေမဲ့ ထျန်းရှီ နဲ့ ကျိုယို မျိုးနွယ်စုတွေကတော့ တစ်ယောက်မှ တိုးတက်မလာကြဘူး… ထျန်းရှီ နဲ့ ကျိုယို တို့ဟာ သူတော်စင်နတ်ဆိုးသစ်ပင်ကို စွန့်လွှတ်ခဲ့ကြတာ… ဒါကြောင့် သစ်ပင်အသစ်ကလည်း သူတို့ကို ပြန်ပြီး စွန့်လွှတ်လိုက်တာပဲ"
သူ ရှန်မိုဘက် လှည့်ကြည့်လိုက်သည်။
ရှန်မို လက်ကို ဝှေ့ယမ်းပြီး ကြေညာလိုက်၏။
"တိုက်ပွဲမြေပြင်ကို သွားကြမယ်"
တိုက်ပွဲမြေပြင်တွင် ကွမ်ရွှယ်မျိုးနွယ်စု၏ စစ်သည်များသည် ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရပြီး အင်အားမမျှ ဖြစ်နေသည်။ ထျန်းရှီ နှင့် ကျိုယို မျိုးနွယ်စုမှ စစ်သည်များနှင့် ဗိုလ်ချုပ်များသည် ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ တရကြမ်း တိုက်ခိုက်နေကြပြီး ကွမ်ရွှယ်စစ်တပ်များကို ပြန်မခုခံနိုင်အောင် သတ်ဖြတ်နေကြသည်။ ကွမ်ရွှယ်ဘုရင်၏ ကိုယ်ပိုင်သားတော် ခြောက်ဦးပင် တိုက်ပွဲတွင် ကျဆုံးခဲ့ရပြီဖြစ်ရာ တိုက်ပွဲ၏ ပြင်းထန်မှုကို ခန့်မှန်းနိုင်သည်။ သို့သော် ဘုရင်ကြီးသည် မြင့်မားသော စင်မြင့်ပေါ်တွင် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ရှေ့တန်းစစ်မျက်နှာကို အေးစက်စွာ စောင့်ကြည့်နေဆဲဖြစ်သည်။
ကျိုယိုမျိုးနွယ်စု၏ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုသည် သူရပ်နေသည့်နေရာသို့ ဆယ်လှမ်းခန့်အကွာအထိပင် ရောက်ရှိလာခဲ့သည်။ သူ့ရှေ့တွင် သူ၏ အသက်ကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ရသည့် ကွမ်ရွှယ်စစ်သည်များ၏ အလောင်းများစွာ ရှိနေသည်။ သူတို့အတွက်နှင့်ပင် ဆုတ်ခွာရန်မှာ မဖြစ်နိုင်သော အရာဖြစ်သည်။ သူသည် ကွမ်ရွှယ်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ သူသာ ဆုတ်ခွာသွားပါက အရှုံးမှာ ရှောင်လွှဲ၍ ရတော့မည်မဟုတ်ပေ။
"ဘာလို့ ဆက်ပြီး ခေါင်းမာနေရတာလဲ"
ကျိုယိုစစ်တပ်၏ အလယ်ဗဟိုမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ကျိုယိုဘုရင်၏ အသံပင်ဖြစ်သည်။
"နတ်ဆိုးလူသားတွေဟာ နတ်ဆိုးမျိုးနွယ်စုရဲ့ အမျိုးအနွယ်တွေဆိုတာ မင်း ကောင်းကောင်း သိသားပဲ… စကြဝဠာထဲက တခြားမျိုးနွယ်စုတွေအတွက်တော့ ငါတို့ဟာ ခွေးတွေ၊ ဝက်တွေလိုပဲ… အဲဒီလို သတ္တဝါတွေနဲ့ မဟာမိတ်ဖွဲ့တယ်ဆိုတာ နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို အရှက်ခွဲတာပဲ"
ထျန်းရှီဘုရင်၏ အက်ရှရှအသံကလည်း ထပ်ထွက်လာသည်။
"အခု လက်နက်ချလိုက်ပါ ကွမ်ရွှယ်ဘုရင်… မင်းရဲ့ မျိုးနွယ်စု စစ်သည်တွေရဲ့ ခန္ဓာကိုယ်တွေက တော်တော်လေး ကြံ့ခိုင်တာပဲ… ငါ သူတို့ကို တခြားနေရာမှာ ပြန်သုံးဖို့ စိတ်ဝင်စားတယ်… အလောင်းတိုင်းကို ရုပ်သေးရုပ်တွေအဖြစ် ပြန်ဖန်တီးပြီး တစ်ခုချင်းစီကို အကောင်းဆုံး အသုံးချမှာပါ… မင်းကိုတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ဆုဖလားတစ်ခုအနေနဲ့ သိမ်းထားပေးမယ်… မင်းရဲ့ ကံကြမ္မာဟာ ငါ့ရဲ့ အမွေခံတွေကို ဒီသင်ခန်းစာ ပေးလိမ့်မယ်… နတ်ဆိုးမျိုးနွယ်စုကို သစ္စာဖောက်တဲ့ နတ်ဆိုးလူသားတွေဟာ သေရမယ်… ဒါဟာ ကွမ်ရွှယ်မျိုးနွယ်စုရဲ့ ကံကြမ္မာပဲ"
သူ၏စကားများသည် အေးစက်သော ရေစီးကြောင်းကဲ့သို့ တိုက်ပွဲမြေပြင်ကို လွှမ်းမိုးသွားသည်။ ကွမ်ရွှယ်ဘုရင်သည် အသက်ကို မှန်မှန်ရှူနေသော်လည်း ဆိတ်ဆိတ်သာ နေခဲ့သည်။ နတ်ဆိုးလူသားများသည် နတ်ဆိုးမျိုးနွယ်စု၏ အမျိုးအနွယ်များဖြစ်သည်ဟု သူ တစ်ခါမှ မယုံကြည်ခဲ့ဖူးပေ။
အတိတ်မှာရော၊ အခုရောပေါ့။
တကယ်လို့ နတ်ဆိုးလူသားတွေက အဲဒီသွေးမျိုးနွယ်တွေဆိုရင် အမှောင်မြူနိုင်ငံတော်က ဘာလို့ သူတို့ကို အမြဲတမ်း သတ်ဖို့ ကြိုးစားနေမှာလဲ။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ လူသား၊ နတ်ဆိုးသားရဲနှင့် နဂါးမျိုးနွယ်များမှာ မဟာမိတ်ဖွဲ့ရန် ပို၍ ထိုက်တန်လှသည်။ အထူးသဖြင့် လူသားမျိုးနွယ်ထဲမှ ပါရမီရှင်အသစ် ပေါ်ထွန်းလာသည်ကို မြင်တွေ့ရပြီးနောက်တွင်ပေါ့။ အဲဒီပါရမီရှင်သာ အရွယ်ရောက်လာရင် နတ်ဆိုးမျိုးနွယ်စုဟာ ကျရှုံးရမှာ အသေအချာပဲ။ နစ်မြုပ်တော့မယ့် သင်္ဘောကို ဘာလို့ ဖက်တွယ်ထားရမှာလဲ။ ဒီနေ့ သူ ကျဆုံးခဲ့ရင်တောင် သူ လျှောက်ခဲ့တဲ့ လမ်းက မှန်ကန်နေမှာပဲ။ သူ၏ ယုံကြည်ချက်မှာ မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။
"လာကြလေ… ငါ ဘာကိုမှ မကြောက်ဘူး"
ဘုရင်ကြီးမှာ ပြုံးလိုက်ပြီး သူ့ဆီ ပြေးဝင်လာသော ထျန်းရှီစစ်သည်များကို ကြည့်လိုက်သည်။
ထိုအချိန်တွင်ပင် ရှင်းပြ၍မရသော စွမ်းအားတစ်ခု ကွမ်ရွှယ်နတ်ဆိုးလူသားတိုင်း၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာသည်။ ခြောက်သွေ့နေသော မြေပြင်ပေါ်သို့ အသက်ပေးမိုးရေများ ကျဆင်းလာသကဲ့သို့ သူတို့၏ အရှိန်အဝါများမှာ လျင်မြန်စွာ တိုးတက်လာသည်။ နတ်ဆိုးအထွတ်အထိပ်များမှာ နတ်ဆိုးဧကရာဇ်များ ဖြစ်ကုန်ကြသည်။
နတ်ဆိုးဧကရာဇ်များမှာ မဟာနတ်ဆိုးဧကရာဇ်များ ဖြစ်ကုန်ကြသည်။
မဟာနတ်ဆိုးဧကရာဇ်များမှာ နတ်ဆိုးအထွတ်အထိပ်များ၊ နတ်ဆိုးအထွတ်အထိပ်များမှာ နတ်ဆိုးသူတော်စင်များ ဖြစ်ကုန်ကြသည်။
ကွမ်ရွှယ်ဘုရင်ကိုယ်တိုင်မှာလည်း ကောင်းကင်အထွတ်အထိပ်သူတော်စင် အဆင့်သို့ ရောက်ရှိနေပြီးဖြစ်သော်လည်း ငယ်ရွယ်မှုကြောင့် ကျိုယိုနှင့် ထျန်းရှီဘုရင်များကို ကျင့်စဉ်ပိုင်းတွင် မယှဉ်နိုင်ခဲ့ပေ။ ယခုတွင်မူ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကြောင့် သူ၏ နယ်ပယ်မှာ ကောင်းကင်အထွတ်အထိပ်သူတော်စင် စတုတ္ထအဆင့်အထိ ခုန်တက်သွားခဲ့သည်။
"အသစ်ပြန်တည်ဆောက်ဖို့ဆိုရင် အဟောင်းကို အရင် ဖျက်ဆီးရမယ်..."
"အသစ်ပြန်တည်ဆောက်ဖို့ဆိုရင် အဟောင်းကို အရင် ဖျက်ဆီးရမယ်"
"အာ... ဒါဟာ သူတော်စင်နတ်ဆိုးသစ်ပင်ရဲ့ စွမ်းအားပဲ" ဘုရင်ကြီးသည် မျက်လုံးများကို ပိတ်ကာ ထိုစွမ်းအားများ စီးဝင်လာမှုကို ပီတိဖြစ်စွာ ခံစားနေမိသည်။
"ဟား… ကွမ်ရွှယ်မျိုးနွယ်စုရဲ့ စစ်သည်တွေ… ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ"
သူ မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်ကာ ရှေ့တန်းမှနေ၍ စတင် တိုက်ခိုက်လိုက်သည်။ သူ၏ စစ်သည်များမှာလည်း တစ်ခဲနက် လိုက်ပါလာကြ၏။ ကြိတ်ခွဲစက်ကဲ့သို့ပင် ၎င်းတို့သည် သူတို့လမ်းတွင် ရှိနေသော ရန်သူနတ်ဆိုးလူသားအားလုံးကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိုက်ကြသည်။
ထိုအခါ ကျိုယိုနှင့် ထျန်းရှီ စစ်တပ်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်ဆုတ်သွားကြရပြီး သူတို့၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။