အခန်း (၁၈၃-၁၈၄)
Vol. 19+20 Ch. 183-184
အခန်း ၁၈၃ - နိုက်တ်ဘိန်း မိသားစု
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ ရေလှိုင်းသဏ္ဍာန် ဆံနွယ်နီများမှာ ခေါင်းအုံးပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲနေသည်။ သူမ၏ ပန်းရောင်မျက်ဝန်းများက မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ ပင်ပန်းနွမ်းနယ်နေဟန်ရှိပြီး မျက်နှာပေါ်တွင် ဖုန်မှုန့်များ ပေကျံနေသော်လည်း အနည်းငယ်မျှပင် အရုပ်ဆိုးခြင်း မရှိပေ။
သူမထံမှ စီးဆင်းနေသော နူးညံ့သိမ်မွေ့သည့် အငွေ့အသက်ကြောင့်လား ဒါမှမဟုတ် မျက်ဝန်းများထဲတွင် နက်ရှိုင်းစွာ ခိုအောင်းနေသော ဝမ်းနည်းရိပ်များကြောင့်လား မသိ၊ သူမသည် အကာအကွယ်မဲ့နေသော အလှတရားတစ်ခုကို ဆောင်ကျဉ်းထားသည်။
မျက်နှာကြက်မှ ရေစက်ကျသံများက တစိမ့်စိမ့် ထွက်ပေါ်နေပြီး ပျက်စီးနေသော ပြတင်းပေါက်ကြားမှ တိုးဝင်လာသည့် လေအေးများက ပတ်ဝန်းကျင်ကို ပိုမို ခြောက်ခြားဖွယ် ကောင်းနေစေသည်။
သို့သော် ထိုအမျိုးသမီးအတွက်မူ မည်သည့်အရာကမျှ အရေးမပါတော့ချေ။
"သူ့အကြောင်း ပြန်တွေးနေပြန်ပြီလား ဟယ်လင်နာ"
နက်ရှိုင်းသော အမျိုးသားအသံတစ်ခုက ထိုအမျိုးသမီး၏ အတွေးစကို ဖြတ်တောက်လိုက်သည်။
ဟင်လင်နာသည် သူမ၏ ခင်ပွန်းဖြစ်သူ ဗစ်တာကို လှည့်ကြည့်လိုက်သည်။ သူ၏ အနက်ရောင် ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး အပြာရောင် မျက်ဝန်းများတွင်တော့ ဇနီးသည်အပေါ် ထားရှိသော ချစ်ခြင်းနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ဟင်လင်နာက အားတင်းကာ ပြုံးပြလိုက်သည်။
"မဟုတ်ပါဘူး... အသက်ရှင်ဖို့အတွက်ပဲ တွေးနေတာပါ..."
ထိုသို့ ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပေ။ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက သူမ ခံစားနေရသော နာကျင်မှုများမှာ ရင်ထဲတွင် အမြစ်တွယ်နေပြီဖြစ်ကြောင်း သူမကိုယ်တိုင်သာ သိသည်။ သူမအတွက်တော့ ဤလောကကြီးမှ ထွက်ခွာသွားရခြင်းမှာပင် ဆုလာဘ်တစ်ခုကဲ့သို့ ဖြစ်နေပေပြီ။
အကယ်၍ သူမ၏ ပျောက်ဆုံးနေသော သမီးငယ်လေးမှာ တစ်နေရာရာတွင် အသက်ရှင်လျက် ဒုက္ခရောက်နေဦးမည်လားဟူသော စိုးရိမ်စိတ်သာ မရှိလျှင် သူမသည် မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကြီး ရောက်လာပြီးနောက်တွင် သူမ၏ သမီးလေး အသက်ရှင်နေနိုင်ခြေမှာ ပို၍ပင် နည်းပါးသွားခဲ့သည်။ သူမ၏ သတင်းကို ရရှိသည့်အချိန်တွင် သမီးလေး အသက်ရှင်နေဦးမည်ဟု ဘယ်သူက အာမခံနိုင်ပါမည်နည်း။
"ဟင်လင်နာ"
ပညာတတ် အငွေ့အသက်ရှိသော ထိုအမျိုးသားက သူမ၏ လက်ကို ပုတ်ကာ အားပေးလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါတို့ သူ့ကို မကြာခင် ရှာတွေ့မှာပါ"
"ဗစ်တာ... ရယ်စရာကောင်းတာ ဘာလဲ သိလား ငါတို့မှာ ရှိသမျှ အဆက်အသွယ်တွေ အကုန်သုံးခဲ့တာတောင် သမီးလေးမှာ ပန်းရောင်ဆံပင် ရှိတယ်ဆိုတာကလွဲရင် ဘယ်လို ပုံစံရှိမှန်းတောင် ငါတို့ မသိကြသေးဘူး"
ဟင်လင်နာ၏ စကားများတွင် လှောင်ပြောင်သံများ စွက်ဖက်နေသည်။ သူမသည် ရင်ထဲတွင် ဖုံးကွယ်ထားသော နာကျင်မှုများကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတော့သည်။
"ငါ့ရဲ့ အဖိုးတန် သမီးလေး... ဘယ်နေရာမှာ ရောက်နေမလဲ... ဘယ်လောက်တောင် ဒုက္ခရောက်နေမလဲဆိုတာ ဘုရားသခင်ပဲ သိမှာပေါ့။ အကယ်၍ တစ်ခုခု အဆိုးဆုံး ဖြစ်သွားခဲ့ရင်ကော..."
"ဟင်လင်နာ" ဗစ်တာက သူမကို နူးညံ့စွာ ခေါ်ယူကာ ပွေ့ဖက်လိုက်သည်။ "အဆိုးတွေ မတွေးပါနဲ့ ငါတို့ သူ့ကို မရှာတွေ့နိုင်တာက သူ့ရဲ့ မျိုးဗီဇ ပြောင်းလဲမှုကြောင့်လေ မဟုတ်ရင် ရှာတွေ့ခဲ့တာ ကြာလှပြီပေါ့"
ဟင်လင်နာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အကြံပြုလိုက်သည်။ "ငါတို့ဆီမှာ စုထားတဲ့ ဆန် ကီလိုတစ်ထောင် ပေးမယ်ဆိုပြီး ကြေညာလိုက်ရင်ကော သမီးလေးရဲ့ သတင်းကို ရှာပေးနိုင်တဲ့သူကိုလေ"
"မဖြစ်ဘူး" ဗစ်တာက ကန့်ကွက်လိုက်သည်။ "ဟင်လင်နာ ငါလည်း ပျောက်ဆုံးသွားတဲ့ သမီးလေးကို ကျန်တဲ့ သားသမီးတွေလိုပဲ ချစ်တာပါပဲ ဒါပေမဲ့ ငါတို့ စုထားတဲ့ နောက်ဆုံး ဆန် ကီလိုတစ်ထောင်ကိုသာ ပေးလိုက်ရင် သမီးလေးဆီက သတင်းမကြားရခင်မှာတင် ငါတို့အားလုံး ငတ်သေကုန်ကြလိမ့်မယ်"
"ဒါပေမဲ့..." ဟင်လင်နာ စိုးရိမ်တကြီး ဖြစ်နေသည်။ သမီးလေးသာ မရှိလျှင် ဤမျှလောက်သော အစားအသောက်များမှာ သူမအတွက် အဓိပ္ပာယ် မရှိပေ။
"ငါ့စကားကို နားထောင်ပြီး စောင့်ကြည့်ရအောင် နောက်တစ်လနေလို့မှ ဘာသတင်းမှ မရသေးရင် အဲဒီ ကြေညာချက်ကို ထုတ်မယ်" ဗစ်တာ၏ ရင်ထဲတွင်လည်း ပျောက်ဆုံးနေသော သမီးအတွက် နာကျင်နေရသော်လည်း ကျန်ရှိသော မိသားစုဝင်များအတွက် သူသည် ရှေ့ရေးကို တွေးဆနေရသည်။
ဟင်လင်နာသည် ဗစ်တာကို တင်းတင်းကျပ်ကျပ် ဖက်ထားမိပြီး တစ်ကိုယ်လုံး အေးစက်နေတော့သည်။ အမှန်စင်စစ် နိုက်တ်ဘိန်း မိသားစု၏ အခြေအနေမှာလည်း ကောင်းမွန်နေခြင်း မဟုတ်ပေ။
သူတို့မှာ မသေရုံတမယ် ရုန်းကန်နေရခြင်းဖြစ်ပြီး နေ့ရက်တိုင်းမှာ လောင်းကစားတစ်ခုကဲ့သို့ ဖြစ်နေသည်။ ကမ္ဘာကြီး ပြောင်းလဲသွားသည့် အခိုက်အတန့်မှာပင် သူတို့၏ ချမ်းသာကြွယ်ဝမှု ရာထူးဂုဏ်ရှိန်နှင့် အဆက်အသွယ်များမှာ ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က နိုက်တ်ဘိန်း မိသားစုကို အစွမ်းထက်စေခဲ့သော အရာများမှာ ယခုအခါ အသုံးမဝင်တော့ပေ ငတ်မွတ်မှု၊ ရောဂါဘယနှင့် ဇမ်ဘီများ၏ ရှေ့မှောက်တွင် သူတို့၏ ကျော်ကြားမှုမှာ ဘာအကျိုးမှ မရှိခဲ့ချေ။
ဟင်လင်နာသည် ဗစ်တာ၏ ရင်ခွင်ထဲတွင် ခေါင်းကို ဝှက်ထားလိုက်ပြီး သူမ၏ မျက်ရည်များမှာ သူ၏ နွမ်းနယ်နေသော အင်္ကျီပေါ်တွင် စိုစွတ်ကုန်သည်။ "ဗစ်တာ... အဲဒီတုန်းကသာ သမီးလေးကို ငါ သေချာ ကာကွယ်ပေးနိုင်ခဲ့ရင် လက်ကို မြဲမြဲကိုင်ထားနိုင်ခဲ့ရင်... အခုဆို သူ ငါတို့နဲ့အတူ ရှိနေမှာ"
ဗစ်တာက သူမကို ပိုမို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ "ဟင်လင်နာ၊ မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့တော့ ဒါတွေက မင်းအပြစ် မဟုတ်ပါဘူး အဲဒီနေ့က ဖြစ်လာမယ့်အရာတွေကို ငါတို့မှ မခန့်မှန်းနိုင်ခဲ့တာ ကံကြမ္မာကပဲ သူ့ကို ငါတို့ဆီက ခွဲထုတ်သွားတာပါ"
ဟင်လင်နာ၏ နှုတ်ခမ်းများ တုန်ရင်နေသည်။ "ဒါပေမဲ့ မိခင်တစ်ယောက်က ဘယ်တော့မှ သားသမီးကို အပျောက်မခံသင့်ဘူး။ အခုထိ ညတိုင်း သူ့ရဲ့ ငိုသံတွေကို ငါ ကြားနေရတုန်းပဲ သူ ငါ့ကို ခေါ်နေသလိုမျိုးလေ"
ဗစ်တာ၏ မျက်ဝန်းများ မှိန်ဖျော့သွားသည်။ သူကိုယ်တိုင်လည်း အိမ်မက်ထဲတွင် ထိုအော်ဟစ်သံများကို ကြားဖူးသော်လည်း အပြင်ထုတ် မပြောခဲ့ပေ။ သူ၏ တာဝန်မှာ ဟင်လင်နာ ဝမ်းနည်းပူဆွေးမှုတွေထဲ နစ်မွန်းနေချိန်တွင် အားကိုးရာ တိုင်တစ်လုံးကဲ့သို့ တည်ငြိမ်ပေးရန်သာ ဖြစ်သည်။
ခေတ္တမျှ ပျက်စီးနေသော အခန်းတွင်း တိတ်ဆိတ်သွားသည်။
နောက်ဆုံးတွင် ဟင်လင်နာက တိုးညှင်းသော အသံဖြင့် ထပ်ပြောလိုက်သည်။ "ဗစ်တာ၊ ငါ့ကို ကတိပေးပါ ငါတို့မှာ ဘာမှ မကျန်တော့တဲ့အထိတောင် သူ့ကို ဆက်ရှာပေးမယ်လို့ ကတိပေးပါ"
ဗစ်တာ မျက်လုံးများကို မှိတ်လိုက်သည်။ "ငါ ကတိပေးပါတယ်။ ငါ့အသက်နဲ့လဲပြီးတော့တောင် သူ့ကို ရှာဖွေတာကို လက်လျှော့မှာ မဟုတ်ဘူး"
သူမ၏ လက်ချောင်းများက ဗစ်တာ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြာဖြစ်သွားပါစေ၊ သူမ၏ သမီးလေးကို တစ်ကြိမ်တစ်ခါလောက်သာ ပြန်လည် ပွေ့ဖက်ခွင့်ရလျှင် သူမ ကျေနပ်ပေပြီ။
အခန်းအပြင်ဘက်တွင်မူ ထိုစကားလုံးများအားလုံးကို ကြားခဲ့ရသော လူရိပ်သုံးခုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားကြသည်။ သူတို့ သုံးဦးလုံးမှာ သူတို့အတူ နေထိုင်ရသော အခန်းလေးထဲသို့ ရောက်ရှိလာကြသည်။
အနက်ရောင် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသော အမ်ဘာက သူမ၏ အပြာရောင် မျက်ဝန်းများဖြင့် မောင်ဖြစ်သူများကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "ငါတို့ သမီးလေးကို အမြန်ဆုံး ရှာတွေ့ဖို့ လိုတယ်... မဟုတ်ရင် အမေ တကယ်ပဲ ကြာကြာ ခံနိုင်မှာ မဟုတ်တော့ဘူး"
"ငါ့အမြင်တော့ ဆန် ဆယ်ကီလိုလောက်ကို ခေါင်းဆောင်ကြီး တစ်ယောက်ယောက်ကို ပေးပြီး အဆက်အသွယ်တွေကတစ်ဆင့် ရှာခိုင်းရင် ရမှာပဲ"
မိသားစု၏ ဒုတိယသားဖြစ်သူ ဖီးလစ်က ဝင်ပြောလိုက်သည်။ သူ၏ ဆံပင်နီများမှာ သူ၏ ပြင်းထန်သော အမူအရာနှင့် လိုက်ဖက်နေသည်။
"မဖြစ်ဘူး" အကြီးဆုံးသား ဖြစ်သူ ခေးလ်က ခေါင်းခါလိုက်ပြီး တည်ကြည်သော လေသံဖြင့် "အဲဒါက လူတွေရဲ့ အာရုံကို အရမ်း ဆွဲဆောင်သွားလိမ့်မယ် သားတို့ တိုက်ခိုက်ခံရနိုင်တယ် အခြားသူတွေ အမြင်မှာ သားတို့က အစားအသောက်တောင် အနိုင်နိုင် ရှာနေရတဲ့ သုတေသန ပညာရှင် မိသားစုအဖြစ် ရှိနေတာက ပိုကောင်းတယ်"
"ဒါဆို ကိုကို ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ"
အမ်ဘာက စိုးရိမ်တကြီး မေးလိုက်သည်။ သူမ မမြင်ဖူးသေးသော ညီမငယ်လေးကို ရှာတွေ့လိုစိတ်များက ပြင်းပြနေသည်။
"ငါတို့ဘာသာ ငါတို့ပဲ ရှာကြမယ်" ခေးလ်က အကြံပြုလိုက်သည်။ သူ၏ ခရမ်းရောင် မျက်ဝန်းများတွင် တည်ကြည်မှုများ ယှက်သန်းနေသည်။ "အစပျိုးဖို့အတွက် အနည်းဆုံးတော့ သူမမှာ ပန်းရောင်ဆံပင်နဲ့ ပန်းရောင်မျက်ဝန်း ရှိတယ်ဆိုတာ ငါတို့ သိထားတာပဲ"
အခန်း ၁၈၄ - ဂျိတ်၏ ခန့်မှန်းချက်
"အဲဒီကောင်စုတ်ကတော့ တကယ်ကို ကောက်ကျစ်တာပဲ"
ဗိုလ်ချုပ်ဖရန့်က မကျေမနပ် ရေရွတ်လိုက်သည်။ သူသည် သားဖြစ်သူ၏ ရှေ့တွင် ကလေးတစ်ယောက်လို ညည်းညူနေခြင်း ဖြစ်သည်။
ဂျိတ်က သူ့ဖခင်ကို အားကိုးရာမဲ့စွာ ကြည့်လိုက်ပြီး "ဖေဖေ... စိတ်ကို ပိုရှည်ရှည်ထားသင့်ပါတယ်" ဟု ဆိုလိုက်သည်။
"ဂျိတ်... ငါလည်း အဲဒီလိုပဲ နေချင်တာပေါ့။ ဒါပေမဲ့ 'ဘလက်ခ်ဗာချာ' အဖွဲ့ရဲ့ ကိုယ်စားလှယ်က ဆန် ကီလိုနှစ်ထောင် တောင်းထားတာကွ အဲဒီပမာဏက ဘယ်လောက်တောင် များလဲဆိုတာ မင်းသိလား ဘရိုချေးလ် တောင်က ဂိုဒေါင်တွေထဲမှာ သိုလှောင်ထားတဲ့ အစားအသောက်တွေကို သုံးဖို့ ငါတွေးထားတာ ဒါကြောင့်လည်း စစ်တပ်က အဖွဲ့တွေကို အဲဒီကို မလွှတ်ဖို့ ငါတားထားခဲ့တာပေါ့ ငါ့အစီအစဉ်က အောင်မြင်ခါနီးပြီ ငါ့လူတွေတောင် လမ်းတစ်ဝက် ရောက်နေပြီလေ ဘယ်သူက ထင်မှာလဲ... ဆိုင်းလပ်စ်က နောက်ကျမှ ထွက်တာတောင် ဘရိုချေးတောင်ခြေကို ငါ့လူတွေထက် အရင်ရောက်သွားတာတင်မကဘူး ခရီးလမ်းရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်အထိ ရောက်နေပြီဖြစ်တဲ့ ငါ့လူတွေကိုပါ သူက ဖမ်းမိသွားတယ်လေ"
ဗိုလ်ချုပ်ဖရန့်သည် စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေသည်။ သူ၏ အစီအစဉ်များမှာ ထိုလူယုတ်မာကြောင့် ထပ်ခါတလဲလဲ ပျက်စီးနေရသည်။
"ဖေဖေ" ဂျိတ်က ခေါ်လိုက်သည်။ ဗိုလ်ချုပ်ဖရန့်၏ ဒေါသများ အနည်းငယ် လျော့ပါးသွားသည်ကို သတိထားမိလိုက်သောအခါ "သားမှာ အစီအစဉ်တစ်ခု ရှိပါတယ်" ဟု ဆိုလိုက်သည်။
ဗိုလ်ချုပ်ဖရန့်၏ မျက်ဝန်းများ ဝင်းပသွားပြီး "တကယ်လား မင်း တစ်ခုခုကို မြင်မက်ပြန်ပြီလား မင်းရဲ့ အနာဂတ်ကို မြင်နိုင်တဲ့ စွမ်းအားနဲ့ပဲ အစီအစဉ်ဆွဲလိုက်တာလား" ဟု အလောတကြီး မေးတော့သည်။
ဂျိတ်က ခေါင်းခါပြလိုက်သည်။ သူသည် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေသဖြင့် စောင်ကို ပိုမို တင်းကျပ်စွာ ခြုံလိုက်ပြီးမှ ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။
"အနာဂတ်ကို မြင်လို့ မဟုတ်ပါဘူး။ သားရဲ့ စွမ်းအားအပေါ်မှာပဲ အမြဲတမ်း အမှီပြုနေလို့ မရဘူးလေ ဒီတစ်ခါ အစီအစဉ်ကတော့ နည်းနည်း ရိုးရှင်းပါတယ် ဆိုင်းလပ်စ်နဲ့ သူ့အဖွဲ့ကို အစားအသောက် သိုလှောင်ရုံဆီ အရင်ရောက်ပါစေ... ပြီးမှ သားတို့က..."
ဂျိတ်က သူ၏ အစီအစဉ်ကို ပြောပြပြီးနောက် ဗိုလ်ချုပ်ဖရန့်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် တက်ကြွသွားပြီး တဟားဟား ရယ်မောလိုက်တော့သည်။
"ကောင်းတယ် သိပ်ကောင်းတာပဲ ဖီးနစ်ငှက်ကနေ ဖီးနစ်ငှက်ပဲ မွေးဖွားတယ်ဆိုတဲ့ စကားက မမှားပါဘူး မျိုးဆက်တိုင်းက ရှေ့လူတွေထက် သာတာပဲ ဒန်တေးမှာ ဆိုင်းလပ်စ်ရှိရင်ကော ဘာဖြစ်လဲ ငါ့မှာလည်း ငါ့သား ရှိတာပဲ"
ဂျိတ်က ခပ်မှိန်မှိန်လေး ပြုံးလိုက်ပြီး အစားအသောက်ပေါ်တွင်သာ အာရုံစိုက်နေသည်။
သားဖြစ်သူ၏ အမူအရာကို မြင်သောအခါ ဗိုလ်ချုပ်ဖရန့်၏ ရင်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရပြီး "ဂျိတ်... မင်းအဖေက လူယုတ်မာတစ်ယောက်လို ဖြစ်နေတယ်လို့ မင်းမခံစားရဘူးလား" ဟု မေးလိုက်သည်။
သူ၏ နှလုံးခုန်သံများမှာ မမှန်တော့ဘဲ တိုက်ခတ်လာသော လေညင်းလေးပင်လျှင် သူ၏အဖို့ အေးစက်နေတော့သည်။ နာရီလက်တံ သွားနေသည့် အသံမှာလည်း ပေါက်ကွဲရန် စောင့်ဆိုင်းနေသော ဗုံးတစ်လုံးကဲ့သို့ပင်။
သို့သော်လည်း သူစိုးရိမ်သလို ဖြစ်မလာဘဲ ဂျိတ်၏ နူးညံ့တည်ငြိမ်သော အသံလေးက ဧည့်ခန်းထဲတွင် ပျံ့လွင့်လာသည်။
"ဖေဖေက လူယုတ်မာ မဟုတ်ပါဘူး ရည်မှန်းချက် ကြီးမားသူတစ်ယောက်ပါ။ ဒန်တေးက စံနမူနာကောင်းတဲ့ မျိုးချစ်စိတ်ရှိတဲ့ စစ်သားတစ်ယောက်လို ထင်ရပေမဲ့ တကယ်သာ အဲဒီလိုဆိုရင် သူက ရာထူးကြီးကြီးကို မမက်မောသင့်ဘူးလေ ဗိုလ်ချုပ်ဖြစ်မလာဘဲ စစ်သားတစ်ယောက်အဖြစ်ပဲ နေသင့်တာပေါ့"
ဂျိတ်၏ မျက်ဝန်းများတွင် လှောင်ပြောင်ရိပ်အချို့ ဖြတ်ပြေးသွားပြီး သူက ဆက်ပြောသည်။ "တကယ်တော့ စစ်သားတွေကသာ အပင်ပန်းဆုံးနဲ့ အရေးအကြီးဆုံး အလုပ်တွေကို လုပ်ကြတာလေ ဗိုလ်ချုပ်ကြီး ဒန်တေးကတော့ သူတော်စင်တစ်ယောက်လို ဟန်ဆောင်ပြီး ဖေဖေ့ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်တယ် ဖေဖေကတော့ ဖေဖေ့ရဲ့ ရည်မှန်းချက်ကို တစ်ခါမှ မလိမ်ညာခဲ့ဘူး"
ဗိုလ်ချုပ်ဖရန့်၏ စိုးရိမ်နေသော စိတ်မှာ လျော့ပါးသွားပြီး "ငါ့သားက တကယ်ကို အတော်ဆုံးပဲ" ဟု ရယ်မောကာ ပြောလိုက်သည်။
အမှန်ပင်ဖြစ်သည်။ သူတို့နှစ်ဦးကြား ပဋိပက္ခ စတင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဗိုလ်ချုပ်ဖရန့်သည် သူ၏ အလုပ်အကိုင် စတင်ကတည်းက ရာထူးကြီးရန်သာ ရည်မှန်းခဲ့ပြီး ဒန်တေးကမူ ရာထူးများကို မမက်မောသယောင် ပြသကာ ဖရန့်ကို အမြဲ အောက်တန်းကျသူကဲ့သို့ ကြည့်မြင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်ဖရန့်ကတော့ ဂရုမစိုက်ခဲ့ပေ။ သူတို့နှစ်ဦးစလုံးမှာ မတူညီသော လမ်းစဉ်များကို လျှောက်လှမ်းနေကြသူများ ဖြစ်သဖြင့် လမ်းဆုံရန် မဖြစ်နိုင်ပေ။
သို့သော် ဗိုလ်ချုပ်ဖရန့် ရာထူးတက်လာသည့်အခါ ဒန်တေးမှာလည်း လိုက်၍ တက်လာသည်ကို မြင်သောအခါ ဖရန့် သံသယဝင်လာခဲ့သည်။ ဒန်တေး၏ အာဏာမှာ သူထက်ပင် ပိုမို ကြီးထွားလာသည်ကို သူ မြင်တွေ့ခဲ့ရသည်။ ဒန်တေး၏ သားသမီး သုံးဦးစလုံး စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး စတီဖင်ပင်လျှင် ပါဝင်လာခဲ့သည်။
'ဘလက်ခ်သော်န်' မိသားစုမှာ အရေးကြီးသော ရာထူးနေရာအားလုံးကို တဖြည်းဖြည်း ရယူလာခဲ့ကြသည်။
ဗိုလ်ချုပ်ဖရန့်သည် အန္တရာယ်ကို အာရုံခံမိလိုက်ပြီးနောက် သစ္စာဖောက်ခံရသလို ခံစားချက်နှင့်အတူ ဘလက်ခ်သော်န် မိသားစုကို နှိပ်ကွပ်ရန် နည်းလမ်းများကို စတင်ရှာဖွေခဲ့တော့သည်။ ထိုအချိန်မှစ၍ ယခုအထိ တစ်ခုပြီးတစ်ခု ပြဿနာများ ဖြစ်ပွားလာကာ နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ ရန်သူများ ဖြစ်သွားကြခြင်းပင်။
"ဪ... ဒါနဲ့ ကုသမှုအပိုင်းကရော ဘယ်လိုရှိလဲ"
ဗိုလ်ချုပ်ဖရန့်က အကြောင်းအရာကို ပြောင်းလိုက်ပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"အဆင်ပြေပါတယ်"
ဂျိတ်၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားသည်။ သူ၏ ကျန်းမာရေး အခြေအနေကို တွေးမိသောကြောင့် ဖြစ်သည်။
သူ၏ စွမ်းအားဖြင့် မြင်တွေ့ခဲ့ရသော အနာဂတ်အရ ကုသပေးနိုင်သူ တစ်ဦးရှိကြောင်း သူ သိခဲ့ရသည်။ သူ၏ ဖခင်က ထိုသူကို ဖိတ်ခေါ်ခဲ့ပြီးနောက် ဂျိတ်၏ ကျန်းမာရေးမှာ တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။ ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီး စတင်ပြီးနောက် သူ့ကို စိတ်လှုပ်ရှားစေခဲ့သည့် ပထမဆုံးသော သတင်းပင် ဖြစ်သည်။
"တာလီယာ အကြောင်းကတော့..." ဗိုလ်ချုပ်ဖရန့်က စကားကို ရပ်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော ခံစားချက်များ ယှက်သန်းနေသည်။ "သူက ဘာဒဏ်ရာမှ မရဘဲ လွတ်သွားတယ်"
ဂျိတ် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ သူ၏ အစီအစဉ် ကျရှုံးခြင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ သူသည် ဘလက်ခ်သော်န် မိသားစုအပေါ်တင်မကဘဲ အခြားသူများအပေါ်တွင်လည်း အစီအစဉ်များ ဆွဲခဲ့ဖူးသော်လည်း ဘလက်ခ်သော်န် မိသားစုနှင့် တွေ့လျှင်သာ သူ၏ အစီအစဉ်များက အမြဲတမ်း ကျရှုံးနေရခြင်း ဖြစ်သည်။
"ဖေဖေ... သူတို့ဘက်မှာလည်း အနာဂတ်ကို မြင်နိုင်တဲ့သူ ရှိနေတယ်လို့ ထင်လား"
ဂျိတ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ တစ်ကြိမ်တည်းဆိုလျှင် တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း ဒုတိယအကြိမ်ပါ ထပ်ဖြစ်လာလျှင်တော့...
ဗိုလ်ချုပ်ဖရန့်က ထိုအချက်ကို ပယ်မချဘဲ အကြာကြီး စဉ်းစားပြီးမှ မေးလိုက်သည်။
"အဲဒီလိုသာဆိုရင် သူတို့ ကြုံတွေ့ခဲ့ရတဲ့ 'မတော်တဆမှု' တွေမှာ ငါတို့ ပါဝင်ပတ်သက်နေတာကို သူတို့ သိနေမှာပေါ့ ဟုတ်လား"
"အင်း..." ဂျိတ်က ခေတ္တမျှ စဉ်းစားပြီးမှ "သားထင်တာကတော့ သူတို့ဘက်မှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့သူ ဒါမှမဟုတ် ဗေဒင်ဆရာလိုမျိုး တစ်ယောက်ယောက် ရှိနေနိုင်တယ် ဒါပေမဲ့ အဆင့်မြင့်တဲ့သူတော့ မဟုတ်ဘူး သားရဲ့ ခန့်မှန်းချက်က ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာပါတယ်"
ဗိုလ်ချုပ်ဖရန့်က သားဖြစ်သူကို ယုံကြည်သဖြင့် တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။ "အဲဒီလိုသာဆိုရင် ငါ့လူတွေကို စုံစမ်းခိုင်းလိုက်မယ် တကယ်လို့ သူတို့နားမှာ အဲဒီလိုလူ ရှိနေတယ်ဆိုရင်တော့... အဲဒီလူကို အပြတ်ရှင်းပစ်ရမယ်"
"ကောင်းပါပြီ" ဂျိတ်က ခေါင်းညိတ်ပြရင်း ညစာစားခြင်းကို အဆုံးသတ်လိုက်သည်။ "သား သွားနားတော့မယ်"
"အေး... အေး ဆေးကို အချိန်မှန်သောက်ဖို့ မမေ့နဲ့ဦး..." စကားပြောနေရင်း ဗိုလ်ချုပ်ဖရန့် ရပ်တန့်သွားသည်။ သားဖြစ်သူ သောက်ရမည့် ဆေးများမှာ ယခုအခါ ရှာဖွေရန် ခက်ခဲသွားပြီ ဖြစ်ကြောင်းကို နာကျင်စွာ သတိရသွားခြင်း ဖြစ်သည်။
သူ၏ ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်သွားသည်။ အေးချမ်းသာယာနေသော ကမ္ဘာကြီးမှာ ကမ္ဘာပျက်ကပ်ကြီး ရောက်လာသောကြောင့် ရုတ်တရက် ပြိုလဲသွားခဲ့ရသည်။
"ဖေဖေ... အများကြီး မတွေးပါနဲ့"
ဂျိတ်က အားပေးစကား ဆိုပြီးနောက် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ အိပ်ငိုက်လာသဖြင့် ကုတင်ပေါ်တွင် လှဲလိုက်ရာ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
သူ ပြန်လည် မျက်လုံးပွင့်လာချိန်တွင်တော့ သူသည် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိနေခဲ့သည်။ မဟုတ်သေး... အတိအကျ ပြောရလျှင် မြင့်မားသော မျှော်စင်ကြီးများ၊ အရောင်အသွေး စုံလင်သော မီးရောင်များနှင့် ထူးဆန်းသော လူသားများ ရှိသည့် နည်းပညာ မြင့်မားသော ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
သူ၏ မျက်ဝန်းများမှာ ခရမ်းရောင် သန်းနေသော တိမ်တိုက်များရှိသည့် လှပသော ကောင်းကင်ကြီးဆီသို့ အလိုလို ရောက်ရှိသွားသည်။ ထိုနေရာတွင်... လမင်း ငါးစင်းကို သူ မြင်လိုက်ရလေတော့သည်။