← Chapters

အခန်း (၁၉၃-၂၀၀)

Vol. 19+20 Ch. 193-200

အခန်း (၁၉၃-၂၀၀)

Vol. 19+20 Ch. 193-200

အခန်း ၁၉၃ - ဂျက်ကက်အင်္ကျီ

'နည်းပြအိုင်ဗီက မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ခံရနိုင်တယ်။ သူ့ကို ကာကွယ်ပေးဖို့က ငါ့တာဝန်ပဲ' ဟု ဖရန်ကလင်က တွေးနေမိသည်။ သူ၏ မျက်ဝန်းများမှာ နူးညံ့မှု၊ မြတ်နိုးမှုတို့ဖြင့် တောက်ပနေတော့သည်။

သူသည် အဆောင်လက်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ လည်ပင်းတွင် ရစ်ပတ်ကာ ကာကွယ်ပေးထားချင်မိသည်။ အိုင်ဗီ၏ နတ်မိမယ်ကဲ့သို့ အလှတရားနှင့် ထူးချွန်ထက်မြက်မှုတို့ ပေါင်းစပ်လိုက်ပါက မည်သူမျှ မတွန်းလှန်နိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်လာလေသည်။

မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသော သူကဲ့သို့ လူမျိုးပင်လျှင် သူမ၏ ဆွဲဆောင်မှုကို မအောင့်အီးနိုင်ပေ။

"မလိုပါဘူး..." အိုင်ဗီက စတင်ပြောဆိုသော်လည်း နောက်တစ်စက္ကန့်တွင် ဖရန်ကလင်က တည်ကြည်သော မျက်နှာထားဖြင့် ကြားဖြတ်ပြောလိုက်သည်။

"နည်းပြအိုင်ဗီ၊ ကျွန်တော် ကူညီပေးရင် သွားချင်တဲ့နေရာကို ပိုမြန်မြန် ရောက်နိုင်သလို၊ နည်းပြရဲ့ နောက်ကျောဘက်ကိုလည်း ကျွန်တော် စောင့်ရှောက်ပေးနိုင်ပါတယ်"

အိုင်ဗီ ခေတ္တမျှ စဉ်းစားသွားသည်။ အမှန်အတိုင်း ပြောရလျှင် ဖရန်ကလင် ပြောသည်မှာ မှန်ပါသည်။ သူ ပါလာပါက ခရီးချိန်ကို သိသိသာသာ လျှော့ချနိုင်မည် ဖြစ်သည်။

"ကောင်းပြီလေ။" သူမ ခေါင်းညိတ်ပြပြီး စတင်လျှောက်လှမ်းလိုက်သည်။ ဖရန်ကလင်က သူမနောက်မှ လိုက်လာရင်း သူဝတ်ထားသော ဂျက်ကက်အင်္ကျီကို ချွတ်လိုက်သည်။

"နည်းပြအိုင်ဗီ ဒီဂျက်ကက်ကို ဝတ်ထားလိုက်ပါ။ တကယ်လို့ ဇွန်ဘီတစ်ကောင်က ကောက်ကျစ်တဲ့ နည်းလမ်းသုံးပြီး နည်းပြရဲ့ ကျောပြင်ကို ကုတ်မိသွားရင် ဘယ်လိုလုပ်မလဲ"

အိုင်ဗီ မငြင်းဆန်ခဲ့ပေ။ သူမ အလောတကြီး ထွက်လာသဖြင့် ထိုကဲ့သို့ အသေးအဖွဲ ကိစ္စရပ်များကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ဇွန်ဘီတစ်ကောင်မှ သူမအနား မကပ်နိုင်ဟု ယုံကြည်သော်လည်း နောင်တရခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ ပညာရှိရာကျသည်ဟု သူမ ယူဆသည်။

ဖရန်ကလင်၏ နှလုံးသားမှာမူ ဗုံတီးနေသကဲ့သို့ ခုန်လှုပ်နေတော့သည်။ သူ၏ ကိုယ်သင်းနံ့လေး စွဲကျန်နေသော နွေးထွေးသည့် ဂျက်ကက်ကို အိုင်ဗီက ဝတ်ဆင်လိုက်ပြီ မဟုတ်ပါလား။ နည်းပြအိုင်ဗီက သူ၏ အင်္ကျီကို ဝတ်လိုက်သည်!

သူ ဤအင်္ကျီကို မှန်ဘောင်သွင်းပြီး သိမ်းထားတော့မည်

အိုင်ဗီ၏ စကူတာကြောင့် သူတို့ ဇွန်ဘီများနှင့် သိပ်မတွေ့ခဲ့ရပေ။ သူမနောက်တွင် ထိုင်လိုက်လာသော ဖရန်ကလင်က တွေ့သမျှ ဇွန်ဘီအနည်းငယ်ကို လျှပ်စစ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်။

'အား... ရာသီဥတုက သိပ်သာယာတာပဲ ဖြတ်သွားတဲ့ ဇွန်ဘီတွေကတောင် ကြည့်လို့ ကောင်းနေလိုက်တာ ညစ်ပတ်နေတဲ့ ကမ္ဘာကြီးတောင် တောက်ပနေသလိုပဲ'

ဇွန်ဘီများ : ‌ဪ ဪ အေးပါ... မင်းတို့ စိတ်ချမ်းသာရင် ပြီးတာပါပဲ။

စခန်းအဝင်ဝသို့ ရောက်သောအခါ အိုင်ဗီက မှတ်ပုံတင်ကတ်ပြားကို ပြသပြီး စခန်းအတွင်းသို့ ဝင်ခဲ့သည်။ အဆောက်အအုံသို့ ရောက်သောအခါ သူမ စကူတီပေါ်မှ ဆင်းပြီး ဖရန်ကလင်ဘက်သို့ လှည့်လိုက်သည်။

"မင်း သွားလို့ရပြီ စကူတာ ကိုပါ ယူသွားလိုက်တော့ ငါ စစ်တပ်ဆီက တစ်စီး ငှားလိုက်မယ်"

ဖရန်ကလင်က အဆောက်အအုံကို ကြည့်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော် သွားပါတော့မယ်"

"လိုက်ပို့ပေးလို့ ကျေးဇူးပါပဲ။" အိုင်ဗီက ယဉ်ကျေးစွာ ပြုံးပြီး ခေါင်းညိတ်ပြသော်လည်း ရင်ထဲတွင်မူ ဆိုင်းလပ်စ်၏ တိုက်ခန်းဆီသို့ အမြန်ဆုံး ပြေးသွားချင်နေပြီ ဖြစ်သည်။

"ဪ... ဒါနဲ့ နည်းပြအိုင်ဗီ၊ တပ်ရင်းမှူးက တပ်သားသစ်တွေအကြောင်း နည်းပြကို အကြောင်းကြားခိုင်းထားပါတယ်။ သင်တန်းအစီအစဉ်ကိုလည်း ဆွေးနွေးချင်နေပါတယ်" ဟု ဖရန်ကလင်က သတင်းစကား ပါးလိုက်သည်။

"ကောင်းပြီ၊ ငါ..."

"အိုင်ဗီ" ရင်းနှီးလှသော နက်ရှိုင်းသည့် အမျိုးသား အသံတစ်ခုက အိုင်ဗီနှင့် ဖရန်ကလင်တို့၏ အာရုံကို ဆွဲဆောင်သွားသည်။

ရွှေရောင်ဆံပင်နှင့် နက်မှောင်သော အပြာရောင် မျက်ဝန်းပိုင်ရှင် အမျိုးသားကို မြင်လိုက်ရသည့် ခဏတွင် အိုင်ဗီ၏ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားသည်။ ဆိုင်းလပ်စ်၏ ဆံပင်နှင့် မျက်လုံးအရောင်မှာ ယခင်ဘဝကအတိုင်း ပြောင်းလဲသွားခဲ့ပြီ...။

သူသည် အတိတ်ဘဝကအတိုင်း အားကိုးထိုက်ပြီး အစွမ်းထက်သော ပုံစံမျိုး ရှိနေဆဲ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ... ယခုတစ်ကြိမ်တွင် သူ၏ အပြာရောင် မျက်ဝန်းများက ပို၍ ဆွဲဆောင်မှု ရှိနေခြင်းပင်။

သူ၏ ရှည်လျားသော ခြေတံများဖြင့် သူတို့ရှိရာသို့ လျင်မြန်စွာ လျှောက်လာပြီး သူမ၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။ သစ်သားနံ့သင်းသော သူ၏ ကိုယ်သင်းနံ့ကြောင့် အိုင်ဗီ၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားပြီး ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာတော့သည်။

'သူ ပြန်လာပြီ...' သူမ တွေးလိုက်ရင်း သူ့ကို အဆောက်အအုံထဲသို့ ဆွဲခေါ်သွားရန် ပြင်လိုက်စဉ် ဖရန်ကလင်၏ အသံကို ကြားလိုက်ရသည်။

"ခင်ဗျားက ဘယ်သူလဲ" သူ၏ အသံတွင် ရန်လိုမှုနှင့် သတိထားမှုတို့ ရောယှက်နေသည်။

'ဖရန်ကလင်က ဘာလို့ ဒီလောက် ထူးထူးခြားခြား ဖြစ်နေရတာလဲ' ဟု အိုင်ဗီ တွေးမိပြီး ဆိုင်းလပ်စ်ကို မိတ်ဆက်ပေးရန် ပြင်လိုက်စဉ်မှာပင် ဆိုင်းလပ်စ်က တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

"သူ့ရဲ့ ခင်ပွန်းပါ။"

အိုင်ဗီ : !!

ဖရန်ကလင်၏ မေးရိုးများ တင်းသွားပြီး လက်များမှာ လက်နက်ကို ဆွဲကိုင်ရန် အသင့်ဖြစ်နေသကဲ့သို့ လှုပ်ရှားသွားသည်။ သူ၏ အကြည့်များက အိုင်ဗီနှင့် ဆိုင်းလပ်စ်ကြားတွင် ကူးချည်သန်းချည် ဖြစ်နေတော့သည်။

"ခင်ပွန်း ဟုတ်လား" ဖရန်ကလင်က ခပ်စူးစူး လေသံဖြင့် ထပ်မံ မေးလိုက်သည်။ "နည်းပြအိုင်ဗီက အဲဒါကို တစ်ခါမှ မပြောဖူးဘူး"

အိုင်ဗီ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

'ငါ မပြောတာပေါ့ ငါတို့မှ လက်မထပ်ရသေးတာ'

သူမ ရှင်းပြချင်သော်လည်း လည်ချောင်းထဲတွင် တစ်ခုခု တစ်နေသကဲ့သို့ စကားလုံးများ ထွက်မလာခဲ့ပေ။

ဆိုင်းလပ်စ်ကမူ ဘာကိုမှ ဂရုစိုက်ပုံမရပေ။ သူက ဖရန်ကလင်ကို စိုက်ကြည့်ရင်း တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် ထပ်မံ ပြောလိုက်သည်။

"ဟုတ်တယ် ငါက သူ့ရဲ့ ခင်ပွန်းပဲ"

ဖရန်ကလင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ရင်ထဲတွင် နာကျင်သွားသော်လည်း အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်သည်။ "ဒါက အမှန်ဆိုရင်တော့ ခင်ဗျား သက်သေပြဖို့ လိုလိမ့်မယ်"

"သက်သေပြရမယ် ဟုတ်လား" အိုင်ဗီ နောက်ဆုံးတွင် စကားပြန်ပြောနိုင်သွားသည်။ "ဖရန်ကလင် တော်တော့ နင် ရိုင်းပျနေပြီ"

ဆိုင်းလပ်စ်က သူမ၏ ခင်ပွန်းဟု အခိုင်အမာ ပြောနေသော်လည်း ၎င်းကို အထောက်အပံ့ပေးမည့် သက်သေ မရှိပေ။ အကယ်၍ ဖရန်ကလင်ကသာ ဆက်ပြီး ဇွတ်တောင်းဆိုနေပါက ဆိုင်းလပ်စ် ပြောသည်မှာ မှားယွင်းကြောင်း သက်သေပြသလို ဖြစ်သွားပေလိမ့်မည်။

ဖရန်ကလင်က ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ "ခွင့်လွှတ်ပါ နည်းပြအိုင်ဗီ ကျွန်တော်က နည်းပြ ဘေးကင်းဖို့ကိုပဲ သေချာစေချင်တာပါ"

ဆိုင်းလပ်စ်က သူမအနားသို့ ပိုတိုးလာပြီး သူမ၏ လက်ကို အသာအယာ ထိတွေ့လိုက်သည်။ ထိုနူးညံ့သော အထိအတွေ့ကြောင့် အိုင်ဗီ တုန်ယင်သွားခဲ့သည်။ သူက ဖရန်ကလင်ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်သော အသံဖြင့် ဆိုလိုက်သည်။

"ငါက စကားလုံးတွေနဲ့ သက်သေပြစရာ မလိုဘူး ငါ့ရဲ့ လုပ်ရပ်တွေက ပြလိမ့်မယ် အိုင်ဗီကို ကာကွယ်ပေးဖို့က ငါ့တာဝန်ပဲ မင်းတာဝန် မဟုတ်ဘူး"

ဖရန်ကလင်က ပြန်လည် တုံ့ပြန်ရန် မစဉ်းစားနိုင်မီမှာပင် ဆိုင်းလပ်စ်က အိုင်ဗီဘက်သို့ လှည့်ကာ သူမ ဝတ်ထားသော ဂျက်ကက်အင်္ကျီကို အမြန် ချွတ်ယူလိုက်သည်။

အိုင်ဗီ၏ ဂါဝန်လေးကို မြင်လိုက်ရသည့် ခဏတွင် ဆိုင်းလပ်စ်၏ အသက်ရှူသံများ မြန်လာပြီး သူ၏ အကြည့်များက သူမ၏ ဖူးအိနေသော နှုတ်ခမ်းများဆီသို့ ရောက်ရှိသွားသည်။ သူမကို ပွေ့ချီပြီး သူ စိတ်ကူးယဉ်နေသည့် အရာများကို လုပ်ဆောင်မိရန် လက်တစ်လုံးအလို စိတ်ထိန်းလိုက်ရသည်။

'စိတ်လျှော့ ဆိုင်းလပ်စ် စိတ်အေးအေးထား သူ ဒီကို ရောက်နေတာက ပက်ထရစ်ရှာ ကိစ္စနဲ့ လာမေးတာ နေမှာ အဲဒီကျမှ အမှန်အတိုင်း ပြောပြပြီး ငါ့ရဲ့ မိုက်မဲတဲ့ အစီအစဉ်အတွက် တောင်းပန်ရမယ်။ ငါတို့ အကျေအလည် စကားပြောပြီးသွားရင်တော့... နောက်တစ်ဆင့်ကို တက်လှမ်းလို့ ရပြီ'

အိုင်ဗီ၏ မျက်ဝန်းထဲတွင် ဆိုင်းလပ်စ်မှလွဲ၍ ဘယ်သူမှ မရှိသကဲ့သို့ ငေးမောနေသည့် အကြည့်ကို မြင်လိုက်ရချိန်တွင် ဖရန်ကလင်၏ ရင်ထဲ၌ ဆို့တက်လာပြီး ဝိညာဉ်ပင် လွင့်ထွက်သွားမတတ် ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ဆိုင်းလပ်စ်က ထိုဂျက်ကက်ကို ဖရန်ကလင်ရှိရာဘက်သို့ ပစ်ပေးလိုက်ပြီး သူ၏ ကိုယ်ပိုင်အင်္ကျီအရှည်ကို အိုင်ဗီ၏ ကိုယ်ပေါ်တွင် ခြုံပေးလိုက်သည်။

ဖရန်ကလင်က ထိုဂျက်ကက်ကို အံ့အားသင့်စွာ ဖမ်းလိုက်သည်။ သူ၏ မျက်နှာမှာ မှောင်ကျသွားပြီး အင်္ကျီစကို တင်းတင်း ဆုပ်ကိုင်ထားမိသည်။

ဆိုင်းလပ်စ်က သူ့ကို လှည့်ပင် မကြည့်တော့ပေ။ သူသည် အိုင်ဗီ၏ ကိုယ်ပေါ်ရှိ အင်္ကျီကို သေသေချာချာ ပြင်ပေးလိုက်ပြီး သူ၏ လက်ချောင်းများက သူမ၏ ပုခုံးကို ရင်းနှီးစွာ ထိတွေ့နေခဲ့သည်။

"ဒါက မင်းနဲ့ ပိုလိုက်ဖက်တယ်" ဟု သူမ တစ်ယောက်တည်း ကြားနိုင်ရုံ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

ဖရန်ကလင် ရှေ့သို့ တိုးလာသည်။ "နည်းပြအိုင်ဗီ နည်းပြ ဒါကို လက်ခံစရာ မလိုပါဘူး။ ကျွန်တော်..."

ဆိုင်းလပ်စ်က ဖရန်ကလင်ကို စူးရှသော အကြည့်ဖြင့် ကြည့်ကာ စကားဖြတ်လိုက်သည်။ "မင်း လုပ်စရာ ရှိတာတွေ အကုန်ပြီးပြီ ပြန်တော့"

ဖရန်ကလင် မှင်သက်သွားသည်။ ဆိုင်းလပ်စ်၏ အသံတွင် ပါဝင်သော အာဏာစက်မှာ သူ ယခင်က ကြားဖူးသမျှ အရာအားလုံးထက် ပို၍ လေးလံနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူ လက်မလျှော့ချင်ပေ။ "နည်းပြအိုင်ဗီ တစ်ခွန်းပဲ ပြောပါ။ တကယ်လို့ ဒီလူ့ကို နည်းပြအနားမှာ မရှိစေချင်ဘူးဆိုရင် ကျွန်တော် ဖယ်ရှားပေးပါ့မယ်"

"ဖရန်ကလင်" အိုင်ဗီက အသံမြှင့်လိုက်သဖြင့် သူ ထိတ်လန့်သွားတော့သည်။

အခန်း ၁၉၄ - ဒေါသအမျက်

"ငါ သူ့ကို တွေ့ဖို့ စစ်တပ်စခန်းကို တကူးတက လာခဲ့တာ"

ဖရန်ကလင်၏ မျက်နှာမှာ ဖြူလျော့သွားပြီးမှ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် နယ်ကျော်သွားတဲ့အတွက် တောင်းပန်ပါတယ်"

အိုင်ဗီ မည်သို့မျှ ပြန်မပြောနိုင်မီမှာပင် ဆိုင်းလပ်စ်က ဖရန်ကလင်ကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဒါဆိုလည်း သွားတော့လေ ဒီမှာ လူစုမနေနဲ့"

ဖရန်ကလင်က ဆိုင်းလပ်စ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ လက်များမှာ ယားကျိကျိ ဖြစ်လာပြီး သူ၏ အသိစိတ်မှာ ဒေါသကြောင့် မှောင်အတိ ကျလုနီးပါး ဖြစ်သွားသည်။ ဆိုင်းလပ်စ်ကို ထိုးကြိတ်လိုက်ပါက အိုင်ဗီက သူ့ကို စခန်းမှ တိုက်ရိုက် နှင်ထုတ်ပစ်မလားဟု သူ တွေးနေမိသည်။

ထိုအတွေးကပင် သူ၏ အသိစိတ်ကို ပြန်လည် ထိန်းချုပ်နိုင်စေခဲ့သည်။

'ဟင့်အင်း ငါ သူ့အနားကနေ ထွက်သွားလို့ မဖြစ်ဘူး ငါ သူ့အနားမှာ ရှိနေသရွေ့ အခွင့်အရေး တစ်ခုခုတော့ ရလာမှာပဲ အဲဒီအချိန်အထိတော့ ငါ လိမ္မာပါးနပ်စွာ နေရမယ်'

ထိုအတွေးဖြင့် သူက ဆိုင်းလပ်စ်ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ စကူတီပေါ် တက်စီးပြီး ထွက်သွားတော့သည်။

ဆိုင်းလပ်စ်က ဖရန်ကလင်၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဖရန်ကလင် သူ့ကို ကြည့်သွားသော အကြည့်ကို သူ ကောင်းကောင်း သိသည်။ ထိုကောင်က ဆိုင်းလပ်စ် အမှားတစ်ခုခု လုပ်မည့်အချိန်ကို စောင့်နေခြင်းပင်။

သူက အမှားလုပ်ပါ့မလား

သို့သော် အိုင်ဗီက ဖရန်ကလင်၏ ဂျက်ကက်ကို ဝတ်ထားခဲ့သည်ဟူသော အချက်က ဆိုင်းလပ်စ်ကို စိတ်မသက်မသာ ဖြစ်စေသည်။ ရုတ်တရက် သူ အသုံးပြုခဲ့သော လှည့်ကွက်ကို သတိရသွားပြီး သူ၏ ရွေးချယ်မှုအတွက် နောင်တရမိသွားသည်။ ဂျက်ကက် တစ်ထည်တည်းနှင့်တင် သူ ဤမျှ ဖျတ်ဖျတ်လူးအောင် သဝန်တိုနေလျှင်... ပက်ထရစ်ရှာက အိုင်ဗီ့ရှေ့မှာ လာပြီး ဟန်ရေးပြခဲ့စဉ်က အိုင်ဗီ မည်မျှ ဝမ်းနည်းခဲ့ရမည်နည်း။

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က သူ၏ အိုင်ဗီကို မျက်စိကျနေသည်ဟူသော အတွေးက သူ့ကို ထိတ်လန့်သွားစေသည်။

သူက အိုင်ဗီဘက်သို့ လှည့်ကာ သူမကို ပွေ့ချီလိုက်ပြီး အဆောက်အအုံထဲသို့ လျှောက်လှမ်းသွားတော့သည်။

အိုင်ဗီ : !!

သူမ၏ မျက်လုံးများ ကျယ်သွားပြီး ပါးစပ်လေး ဟသွားသည်။ "ရှင်... ရှင် ဘာလုပ်တာလဲ"

"ကိုယ်တို့ စကားပြောဖို့ လိုတယ်" ဆိုင်းလပ်စ်၏ တည်ငြိမ်သော အသံမှာ အဆောက်အအုံ၏ အေးစက်နေသော လှေကားထစ်များတွင် ပဲ့တင်ထပ်သွားသည်။ သူသည် အိုင်ဗီကို ချီထားသည်ဟုပင် မထင်ရလောက်အောင် ပေါ့ပါးစွာ ပြောဆိုနေခြင်း ဖြစ်သည်။

အိုင်ဗီ့ရင်ထဲတွင် စကားလုံးများ တစ်နေပြီး စိုးရိမ်စိတ်ကြောင့် မျက်ဝန်းများ မှောင်ကျသွားသည်။ ဆိုင်းလပ်စ်က သူ၏ စေ့စပ်ထားသူအကြောင်း ပြောတော့မှာလား။ သူနှင့် ပက်ထရစ်ရှာတို့ရဲ့ ဆက်ဆံရေးကြားထဲမှာ ဝင်မပါဖို့ သူမကို ပြောတော့မှာလား။ ဒါမှမဟုတ် သူမရဲ့ အစီအစဉ်ကို သူ ရိပ်မိသွားတာလား။

အိုင်ဗီသည် နုံအသော ယုန်ကလေး မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမမှာ အစီအစဉ် ကျနသူ ဖြစ်သည်။

ဖရန်ကလင်၏ စကားများကို ယုံကြည်သွားဟန် ဟန်ဆောင်ခဲ့သော်လည်း အမှန်စင်စစ် သူမ၏ ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် သူ့ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဆိုင်းလပ်စ်၏ တုံ့ပြန်မှုကို သူမ မြင်ချင်ခဲ့သည်။

သူမ သူ့ကို ကောင်းကောင်း သိသည်။ သူသည် ပိုင်စိုးပိုင်နင်းနိုင်သူ ဖြစ်သည်။ အထူးသဖြင့် သူမအပေါ်တွင် ဖြစ်သည်။ သူမက သူ့ကို လက်မခံသေးလျှင်ပင် တခြားဘယ်သူ့ကိုမှ မကြည့်ခဲ့ဖူးသဖြင့် သူသည် သူတို့၏ ဆက်ဆံရေးတွင် တည်ငြိမ်နေနိုင်ခြင်း ဖြစ်သည်။

သို့သော် ယနေ့တွင်မူ သူမက ဖရန်ကလင်ကို အနားပေးကပ်ခဲ့သလို သူ၏ အင်္ကျီကိုပင် ဝတ်ဆင်ပြခဲ့သည်။ ဆိုင်းလပ်စ်က သူမကို ဂရုစိုက်နေဆဲလား ဆိုသည်ကို သိချင်သောကြောင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခု ဆိုင်းလပ်စ်၏ တုံ့ပြန်မှုကို မြင်ရသောအခါ သူမ၏ နှလုံးခုန်သံမှာ ဗုံတီးနေသကဲ့သို့ ဖြစ်နေတော့သည်။

သူ သူမကို ချစ်နေဆဲပင်။ သူ၏ မျက်ဝန်းထဲမှ ထိန်းချုပ်ထားသော ဒေါသများကို မြင်ရရုံဖြင့် သိသာလှသည်။

တိုက်ခန်းထဲသို့ ရောက်သည်နှင့် ဆိုင်းလပ်စ်က တံခါးကို ခြေထောက်ဖြင့် ပိတ်လိုက်ပြီး အိုင်ဗီကို နံရံတွင် ကပ်လိုက်သည်။ သူ၏ လက်မောင်းများဖြင့် သူမကို ဝန်းရံထားပြီး သူ၏ မျက်ဝန်းများက သူမ၏ မျက်လုံးများထဲသို့ ထိုးဖောက်ကြည့်နေသည်။

သူမ တစ်ခွန်းမျှ မပြောနိုင်ခင်မှာပင် သူ၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။ ထိုအနမ်းမှာ ကြမ်းတမ်းပြီး အပြစ်ပေးနေသယောင် ရှိကာ ဖရန်ကလင်၏ အငွေ့အသက်များကို သူမဆီမှ အပြီးတိုင် ဖျက်ထုတ်ပစ်ချင်နေသကဲ့သို့ပင်။

သူ၏ လက်တစ်ဖက်က သူမ၏ ခေါင်းနောက်ဘက်ကို ကိုင်ထားပြီး သူမကို ရုန်းထွက်၍မရအောင် လုပ်ထားကာ အခြားလက်တစ်ဖက်က သူမ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

အိုင်ဗီ အသက်ရှူမှားသွားသော်လည်း ရုန်းကန်မည့်အစား သူမ၏ လက်များက သူ၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ သူ၏ ကိုယ်ငွေ့များက သူမဆီသို့ ကူးစက်လာပြီး နှလုံးခုန်သံများမှာလည်း တစ်ဟုန်ထိုး မြန်လာတော့သည်။

သူ၏ အနမ်းမှာ ရန်လိုသယောင် ရှိသော်လည်း မျှော်လင့်ချက်မဲ့မှုများလည်း ရောယှက်နေကာ သူမကို မူးဝေသွားစေသည်။

သူမ၏ အသိစိတ်က သူ့ကို တွန်းထုတ်ရန်နှင့် ပက်ထရစ်ရှာအကြောင်း မေးမြန်းရန် အော်ဟစ်နေသော်လည်း သူမ၏ ခန္ဓာကိုယ်ကမူ သစ္စာဖောက်နေခဲ့ပြီ။

သူမသည် သူ၏ အထိအတွေ့အောက်တွင် အရည်ပျော်ကျသွားသည်။ သူ၏ ပိုင်စိုးပိုင်နင်းနိုင်သော အနမ်းပုံစံကြောင့် သူမ တုန်ယင်သွားခဲ့သော်လည်း အခိုက်အတန့်တိုင်းကို သဘောကျနေမိသည်။

ဆိုင်းလပ်စ်က ခေတ္တမျှ ခွာလိုက်သည်။ သူ၏ အသက်ရှူသံများမှာ လေးလံနေပြီး သူ၏ နဖူးကို သူမ၏ နဖူးနှင့် ထိကပ်ထားသည်။

သူ၏ အသံမှာ တိုးညင်းပြီး သြရှရှ ဖြစ်နေသည်။ "တခြား ဘယ်ယောက်ျားကိုမှ မင်းကို ထိခွင့်မပေးနဲ့တော့ ကိုယ် တစ်ယောက်တည်းပဲ အမြဲတမ်း ကိုယ် တစ်ယောက်တည်းပဲ"

အိုင်ဗီ၏ နှုတ်ခမ်းများ တုန်ယင်နေသည်။ သူမ ပက်ထရစ်ရှာအကြောင်း မေးရန် စိတ်ကို ထိန်းထားလိုက်သည်။ သူမ၏ အဓိက အလုပ်မှာ ဆိုင်းလပ်စ်ကို မြူဆွယ်ရန် ဖြစ်သော်လည်း...

ဘာကြောင့်မှန်းမသိ အိုင်ဗီ ရုတ်တရက် ဝမ်းနည်းလာသည်။

ဘာလို့ သူမက သူ့ကို မြူဆွယ်ရမှာလဲ။ ပြီးတော့ ပက်ထရစ်ရှာဆိုတဲ့ စေ့စပ်ထားသူ ရှိနေရက်နဲ့ သူက ဘာအခွင့်အရေးနဲ့ လာပြီး ပိုင်စိုးပိုင်နင်း လုပ်နေရတာလဲ။ စေ့စပ်ထားပြီးသား လူတစ်ယောက်က ဘယ်လိုတောင် သူမကို နမ်းရဲရတာလဲ။

အိုင်ဗီ တွေးလေလေ ဒေါသထွက်ပြီး ဝမ်းနည်းလေလေ ဖြစ်လာသည်။

နောက်တစ်စက္ကန့်တွင် သူမ၏ ခံစားချက်များက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။ "ကျွန်မကို မထိနဲ့"

ဆိုင်းလပ်စ်မှာ အဆင်သင့်မဖြစ်သေးသဖြင့် နောက်သို့ ယိုင်သွားပြီး အိုင်ဗီကို အံ့သြစွာ စိုက်ကြည့်နေမိသည်။ သူ၏ မျက်သူငယ်များမှာ ကျယ်သွားပြီး ထိတ်လန့်တကြားဖြင့် အိုင်ဗီ့နားသို့ ပြေးသွားသည်။

"ဘာ... ဘာဖြစ်လို့လဲ ကလေးလေး ဘာလို့..."

"ဘယ်သူက ရှင့်ကလေးလဲ ကျွန်မ မဟုတ်ဘူး အဲဒီလို လာမခေါ်နဲ့ အဲဒီကောက်ကျစ်တဲ့ မိန်းမဆီပဲ သွားလိုက်တော့ ပြီးတော့ ကျွန်မကို လုံးဝ လာမထိနဲ့" အိုင်ဗီသည် ဒေါသကြောင့် တုန်ယင်နေသည်။

ဆိုင်းလပ်စ်က အိုင်ဗီ့နားသို့ သွားရန် ကြိုးစားရင်း ခေါင်းခါပြသော်လည်း သူမက နောက်သို့ ဆုတ်သွားပြီး သူ့ကို စိုက်ကြည့်နေသည်။

"ရပ်လိုက် အနားမလာနဲ့ ရှင်က စေ့စပ်ထားပြီးသားလေ ခရီးသွားနေတုန်း မေ့သွားတာလား ဪ... အဲဒီမိန်းမက ရှင့်နားမှာ ကပ်မနေလို့ ရှင် မေ့သွားတာနေမှာပေါ့ ဒါပေမဲ့ ကျွန်မကတော့ မမေ့ဘူး"

ဆိုင်းလပ်စ် : "....."

"ပြီးတော့ ရှင် သိလား ရှင့်မှာ အစားထိုးစရာ ရှိနေတာပဲ သူ့ဆီမှာပဲ နေလိုက်တော့ ကျွန်မနဲ့ ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေးမျိုး ရှိမယ်လို့တော့ လုံးဝ စိတ်မကူးနဲ့!"

ဆိုင်းလပ်စ် : 'ငါတော့ အကြီးအကျယ် မှားသွားပြီ'

"ကောင်းပြီ ကောင်းပြီ... ကိုယ် မှားသွားပါတယ်။ ဒါပေမဲ့ ငါ့စကားကို အဆုံးအထိ နားထောင်ပေးပါဦး... မလုပ်ပါနဲ့..." ဆိုင်းလပ်စ် စကားမဆုံးခင်မှာပင် အိုင်ဗီက သူ၏ လက်ကောက်ဝတ်ကို ဆွဲကာ တံခါးဆီသို့ ဒရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

"သွား အဲဒီ ပက်ထရစ်ရှာဆီပဲ သွားလိုက်တော့!"

ထိုသို့ ပြောရင်း သူမက တံခါးကို ဝုန်းခနဲ ဖွင့်လိုက်ရာ ဆိုင်းလပ်စ်မှာ သူ၏ အမှောင်ကျမည့် အနာဂတ်ကို မြင်လိုက်ရသည်။

သူ၏ ဗီဇက ချက်ချင်း နှိုးဆော်လိုက်သည်။ သူ၏ ဦးနှောက်ထဲမှ အသံတစ်ခုက 'မင်း အခုသာ တိုက်ခန်းထဲက ထွက်သွားရင် အိုင်ဗီ့ကို အမှန်တရား ပြောပြဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး' ဟု ပြောနေသည်။

ထို့ကြောင့် အချိန်မဆွဲတော့ဘဲ သူ၏ အားနေသော လက်ဖြင့် တံခါးကို ပြန်ပိတ်လိုက်ပြီး အိုင်ဗီကို ဖက်ကာ သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကိုယ်အချစ်ရယ် ကိုယ်မှားသွားပါတယ် ငါက လူယုတ်မာပါ ကိုယ်က အသုံးမကျတဲ့ကောင်ပါ ကျေးဇူးပြုပြီး မငိုပါနဲ့တော့ ဟုတ်ပြီလား မင်းရဲ့ မျက်ဝန်းက ကျလာတဲ့ မျက်ရည်တစ်စက်ချင်းစီက ကိုယ့် နှလုံးသားကို အပ်နဲ့ ထိုးဆွနေသလို ခံစားရလို့ပါ"

အခန်း ၁၉၅ - တရားမျှတမှု

ငိုနေတာလား ငါကလား

အိုင်ဗီ မှင်သက်သွားပြီး သူမ၏ ပါးပြင်ပေါ်မှ စိုစွတ်နေသော မျက်ရည်များကို စမ်းကြည့်လိုက်သည်။ ထိုအခါမှသာ သူမ ငိုနေမိမှန်း သတိထားမိတော့သည်။

ဒါပေမဲ့ ဘာလို့လဲ သူမသည် ယခုထက် ပို၍ ဆိုးရွားသော အခြေအနေများကိုပင် ရင်ဆိုင်ခဲ့ဖူးသော်လည်း တစ်ခါမှ မငိုခဲ့ဖူးချေ (ဆိုင်းလပ်စ်နှင့် မိသားစုဝင်များ သေဆုံးခဲ့ရစဉ်က လွဲလျှင်ပေါ့)။ သို့သော် ယနေ့တွင်မူ... သူမ၏ ရင်ထဲ၌ အလွန်အမင်း လေးလံနေသည်။

လည်ချောင်းထဲတွင် တစ်ခုခု တစ်နေသလို ခံစားရပြီး ဆိုင်းလပ်စ်ကို အားရပါးရ ကိုက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

ဆိုင်းလပ်စ်က သူမကို ပို၍ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ မျက်ရည်များကို အသာအယာ သုတ်ပေးနေသည်။

အိုင်ဗီသည် သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်သွားသော်လည်း သူမ၏ လက်သီးငယ်များက တုန်ရင်နေကာ သူ၏ ရင်ဘတ်ကို အားမပါဘဲ ထုရိုက်နေမိသည်။ "လွှတ်စမ်း ဆိုင်းလပ်စ် ရှင့်မျက်နှာကိုတောင် မကြည့်ချင်တော့ဘူး"

သို့သော် ဆိုင်းလပ်စ်က သူမကို လုံးဝ မလွှတ်ပေးဘဲ တုန်ရီနေသော အသံဖြင့် ဆိုလိုက်သည်။

"ဟင့်အင်း... ကိုယ် မလွှတ်ဘူး မင်း ငါ့စကားကို နားထောင်ပြီးမှ ဖြစ်မယ် ပက်ထရစ်ရှာက ငါ့အတွက် ဘာမှမဟုတ်ဘူး သူက ကိုယ်ရွေးချယ်ခဲ့တဲ့သူ မဟုတ်ဘူး အဲဒါက မိုက်မဲတဲ့ အစီအစဉ်တစ်ခုပဲ အဲဒီအတွက် ကိုယ် စက္ကန့်တိုင်း နောင်တရနေတာ သူက ကိုယ့်ရဲ့ စေ့စပ်ထားသူ မဟုတ်ဘူး ကိုယ်အလိုချင်ဆုံး တစ်ယောက်တည်းသောသူက မင်းပဲ အိုင်ဗီ"

သူမ၏ ရင်ဘတ်မှာ အနိမ့်အမြင့် မြန်ဆန်စွာ လှုပ်ရှားနေပြီး မျက်ဝန်းများမှာ ငိုထားသဖြင့် ရဲနေသည်။ "ဘာအစီအစဉ်လဲ"

ဆိုင်းလပ်စ်သည် အိုင်ဗီ၏ နီမြန်းနေသော မျက်ဝန်းများကို ကြည့်ကာ ရင်ထဲတွင် နာကျင်သွားသဖြင့် သူမကို ပွေ့ချီပြီး အိပ်ခန်းထဲသို့ လျှောက်သွားလိုက်သည်။ အိပ်ခန်းထဲသို့ ရောက်သောအခါ သူက ရှင်းပြသည်။

"ကိုယ့်ဘဝမှာ ပက်ထရစ်ရှာကို တစ်ခါမှ မတွေ့ဖူးဘူး မင်း တစ်ခုခုကို နားလည်သွားအောင် ကိုယ်က သူ့ကို ငှားခဲ့တာ"

အိုင်ဗီသည် အရှုံးမပေးလိုဘဲ ရုန်းကန်နေသော်လည်း ခွန်အားချင်း မမျှသဖြင့် သူ၏ ရင်ခွင်ထဲတွင် အားကိုးရာမဲ့စွာ လိုက်ပါသွားရတော့သည်။

အခန်းထဲသို့ ရောက်သောအခါ ဆိုင်းလပ်စ်က ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး အိုင်ဗီကို သူ၏ ပေါင်ပေါ်တွင် တင်လိုက်သည်။ သူမ၏ နီရဲနေသော မျက်ဝန်းများကို ကြည့်ရင်း သူ၏ နှလုံးသားမှာ နှစ်ခြမ်းကွဲမတတ် ခံစားလိုက်ရသည်။ သူသည် သူမ၏ ဆံနွယ်များကို အသာအယာ သပ်တင်ပေးပြီး လက်မဖြင့် သူမ၏ ပါးပြင်ကို ပွတ်သပ်ပေးနေမိသည်။

"အိုင်ဗီ" သူ၏ အသံမှာ တိုးညင်းကာ သြရှရှ ဖြစ်နေသည်။ "မင်းက သေမင်းလှိုင်းနှုန်းကို နှိုးဆွမိသွားတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကို ရက်ရက်စက်စက် ထားခဲ့တယ် ကိုယ် မင်းကို နေပေးဖို့ တောင်းပန်ခဲ့ပေမဲ့ မင်းက ကိုယ်အတွက်ပဲလို့ ယုံကြည်ပြီး ကိုယ့်ကို လျစ်လျူရှုခဲ့တယ်"

အိုင်ဗီ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မပြောပေ။ သူမ၏ မျက်ဝန်းထဲတွင် ခေါင်းမာမှုများ လက်ခနဲ ဖြစ်နေသည်။

"ကိုယ် မင်းကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး" ဆိုင်းလပ်စ်က ဆက်ပြောသည်။ သူ၏ နက်မှောင်သော အပြာရောင် မျက်ဝန်းများက သူမ၏ ပန်းရောင်သန်းနေသော မျက်ဝန်းများကို စိုက်ကြည့်နေသည်။

"ဒါပေမဲ့ ကိုယ်ခေါင်းထဲမှာ မေးခွန်းတစ်ခု ပေါ်လာတယ် မင်းရဲ့ ဒီလို 'ကံဆိုးခြင်း' ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းချစ်တဲ့လူတွေဆီကနေ အမြဲတမ်း ထွက်ပြေးနေဖို့ စဉ်းစားထားတာလား"

အိုင်ဗီ ငြိမ်သက်နေဆဲပင်။ ဘာမှ ပြန်မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အကြည့်ကို လွှဲထားလိုက်သည်။

ဆိုင်းလပ်စ်သည် သူမ၏ တိတ်ဆိတ်မှုကို မြင်သောအခါ ရင်ထဲတွင် ဟာခနဲ ဖြစ်သွားသည်။ သူ ချက်ချင်း သိလိုက်သည်။ သူ၏ ထင်မြင်ချက်မှာ မှန်ကန်နေသည်။ သူ၏ မျက်နှာမှာ အနည်းငယ် မှောင်ကျသွားသော်လည်း အသံကိုတော့ နူးညံ့စွာပင် ထိန်းထားသည်။

"အိုင်ဗီ မင်း ကိုယ်တို့နဲ့ ဝေးရာမှာ နေနေရင်တောင် အဲဒါက ကိုယ်တို့ ကောင်းကောင်းမွန်မွန် နေထိုင်ရမယ်လို့ မဆိုလိုဘူး မင်းမရှိရင် ဘဝက မှေးမှိန်သွားတယ် ဟာလာဟင်းလင်း ဖြစ်သွားတယ် ကိုယ့်အတွက်တော့ ဘဝမှာ ဘာအရောင်မှ မရှိတော့သလိုပဲ ကိုယ့်ကမ္ဘာက မလှပဘူး မင်း ကိုယ်အနားမှာ ရှိနေမှသာ ကိုယ် အသက်ရှင်ချင်တဲ့ စိတ်တွေ ပေါ်လာတာ မင်းက ကိုယ့်ကို ထူးဆန်းတဲ့ အသက်ရှင်ချင်တဲ့စိတ်ကို ပေးတာ"

သူ သူမကို စိုက်ကြည့်လိုက်သည်။ "မင်းက ကိုယ်တို့နှစ်ယောက်လုံးအတွက် ဆုံးဖြတ်ချက်ချခဲ့တယ် တကယ်တော့ အဲဒါက ကိုယ် ကိုယ်တိုင် ရွေးချယ်ရမယ့် ဆုံးဖြတ်ချက်မျိုး မင်းက က်ုယ့်ရဲ့ ကိုယ်စား ထွက်သွားပေးခဲ့တယ် ဒါပေမဲ့ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ကိုယ် ဘယ်လောက် နာကျင်ရမလဲဆိုတာ မင်း တစ်ခဏလေးတောင် မတွေးမိဘူးလား"

အိုင်ဗီ၏ မျက်ဝန်းများ တုန်ယင်သွားသော်လည်း နှုတ်ခမ်းကိုတော့ တင်းတင်းစေ့ထားဆဲပင်။ နောက်ဆုံးတွင်မှ သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်မ ရှင့်အနားမှာ ရှိနေရင် ရှင်က အန္တရာယ်တွေနဲ့ ထပ်ခါထပ်ခါ ကြုံနေရမှာ တစ်နေ့မှာ ရှင် ပင်ပန်းသွားလိမ့်မယ် ဒါမှမဟုတ် အဲဒီထက် ပိုဆိုးတာက..."

သူမ စကားကို မဆုံးနိုင်တော့ပေ။

ဆိုင်းလပ်စ် နားလည်လိုက်သည်။ သူ၏ အကြည့်များ နူးညံ့သွားသည်။ သူသည် အားနည်းသော်လည်း နွေးထွေးသော အပြုံးလေးတစ်ခု ပြုံးလိုက်သည်။

"တကယ်လို့ အဲဒီလို ဖြစ်လာရင်တောင် မင်းရဲ့ ဘဝကို စိတ်မချမ်းမြေ့စရာ မဖြစ်စေဖို့ က်ိုယ် သေချာအောင် လုပ်ပေးမှာပါ အန္တရာယ်တွေ လာရင်တောင် ကိုယ် မင်းအနားမှာ ဆက်ရှိနေမယ်"

သူ၏ လက်တစ်ဖက်ကို မြှောက်ကာ သူမ၏ ဆံနွယ်လေးများကို သပ်တင်ပေးလိုက်သည်။ သူ၏ အသံမှာ ပို၍ တိုးညင်းသွားသည်။

"ကိုယ် မှားခဲ့ပါတယ် ကိုယ်တို့ကြားထဲမှာ ပက်ထရစ်ရှာကို ဆွဲမသွင်းခဲ့သင့်ဘူး သူ့ကို အစားထိုးစရာ တစ်ယောက်လို့ ခေါ်ဖို့ အခွင့်အရေး မပေးခဲ့သင့်ဘူး အဲဒါက မင်းကို နာကျင်စေမှန်း ကိုယ်သိပါတယ် ဒါပေမဲ့ ကိုယ် ကျိန်ဆိုဝံ့ပါတယ် အိုင်ဗီ ကိုယ် အလိုချင်ဆုံးက မင်းတစ်ယောက်တည်းပါ။ မင်းကို သင်ခန်းစာပေးဖို့ ကြိုးစားရင်း ငါ နည်းနည်း လွန်သွားခဲ့တယ် ဒါပေမဲ့ တစ်ခါတလေ မင်းရဲ့ ခေါင်းမာမှုက ကိုယ့်ကို တခြားနည်းလမ်း မပေးတော့လို့ပါ"

အိုင်ဗီ မျက်မှောင်ကြုတ်လိုက်သည်။ သူမ သူ့ကို စူးစိုက်ကြည့်ကာ "ဒါဆို ရှင်က ရှင်လုပ်တာ မှန်တယ်လို့ ပြောချင်တာလား ရှင်လုပ်ခဲ့တာတွေကို ရှင်က တရားမျှတအောင် လုပ်နေတာလား"

ဆိုင်းလပ်စ် ချက်ချင်း ခေါင်းခါလိုက်သည်။ သူသည် ကတိသစ္စာပြုသကဲ့သို့ လက်ကို မြှောက်လိုက်သည်။

"ဟင့်အင်း က်ိုယ်က အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ် မင်းလိုချင်တဲ့ ဘယ်လို အပြစ်မျိုးပဲဖြစ်ဖြစ် ပေးနိုင်ပါတယ် ကိုယ် အားလုံးကို လက်ခံမယ် ဒါပေမဲ့ ကိုယ် တရားမျှတမှု လိုချင်တဲ့ အချက်အချို့လည်း ရှိသေးတယ်"

အိုင်ဗီ မျက်တောင်ခတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ "တရားမျှတမှု ဟုတ်လား ရှင် ဘာကို ပြောတာလဲ"

ဆိုင်းလပ်စ်၏ မျက်ဝန်းများက သူမ၏ မျက်လုံးများထဲသို့ ထိုးဖောက်ကြည့်နေသည်။

"ကိုယ် မင်းကို နေပေးဖို့ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ မင်းက ကိုယ့်ကို ထားခဲ့တုန်းပဲ မင်း ပက်ထရစ်ရှာကြောင့်သာ ပြန်လာခဲ့တာ ပက်ထရစ်ရှာသာ ပေါ်မလာခဲ့ရင် မင်းရဲ့ 'ကံဆိုးခြင်း' ဆိုတဲ့ စိတ်ကူးကြီးကို ဆုပ်ကိုင်ပြီး ကိုယ့်ဆီကနေ အမြဲတမ်း ထွက်ပြေးနေဦးမှာပဲ ဒါပေမဲ့ မင်းနဲ့ ရုပ်ချင်းတူပြီး မင်းလိုပဲ ကံဆိုးခြင်းတွေ ရှိနေတဲ့ ပက်ထရစ်ရှာကို ငါက လက်ခံထားတာကို မြင်လိုက်ရတဲ့ အခါမှာတော့ မင်း တစ်ခုခုကို နားလည်သွားခဲ့တယ် မင်းက လူတိုင်းကို တွန်းထုတ်နေခဲ့တာ မင်းရဲ့ ကံဆိုးခြင်းအကြောင်းကို သိသွားရင် ဘယ်သူမှ မင်းနဲ့အတူ ရှိချင်မှာ မဟုတ်ဘူးလို့ မင်း ယုံကြည်နေခဲ့တာ ဒါပေမဲ့ အဲဒါက အမှန်တရား မဟုတ်ဘူး"

အိုင်ဗီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ နှလုံးခုန်သံများမှာလည်း မြန်ဆန်နေသည်။

ဆိုင်းလပ်စ်၏ အသံမှာ တုန်ရီနေသော်လည်း ခိုင်မာလှသည်။

"အမှန်တရားကတော့... ကိုယ်တို့က မင်းနဲ့အတူရှိဖို့ အရာရာကို လုပ်ဆောင်သွားမှာပါ ဘာလို့လဲဆိုတော့ မင်းကိုယ်တိုင်ကလည်း အန္တရာယ်ထဲမှာ ရှိနေတယ်ဆိုတာ ကိုယ်တို့ သိလို့ပဲ ကိုယ်တို့တင် မဟုတ်ဘူး အိုင်ဗီ မင်းရဲ့ ကံဆိုးခြင်းကြောင့် အခံရဆုံးက မင်းကိုယ်တိုင်ပဲ"

အိုင်ဗီ နှုတ်ခမ်းများ တုန်ယင်လျက် သူ့ကို စိုက်ကြည့်နေမိသည်။

"ဒါဆို ကျွန်မမှာ ကံဆိုးခြင်းတွေ ရှိနေမှန်း သိသိကြီးနဲ့တောင် ကျွန်မချစ်တဲ့သူတွေနဲ့အတူ ဆက်နေသင့်တယ်လို့ ရှင် ပြောချင်တာလား"

ဆိုင်းလပ်စ် မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

"ဟုတ်တယ် နေသင့်တယ် မင်းအနားမှာ ရှိနေဖို့က ကိုယ်တို့ရဲ့ ရွေးချယ်မှုပဲ ကိုယ်တို့ အဲဒါကို သေသေချာချာ စဉ်းစားပြီးသား ကိုယ်လည်း စဉ်းစားပြီးပြီ ကိုယ် အဲဒါကို လက်ခံပြီးသား တစ်နေ့မှာ အဲဒါကြောင့် ကိုယ် သေရမယ်ဆိုရင်တောင်..."

သူ စကားမဆုံးခင်မှာပင် အိုင်ဗီက သူ၏ ပါးစပ်ကို လက်ဖြင့် အတင်းပိတ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ဒေါသကြောင့် တောက်လောင်နေသည်။

"မပြောနဲ့ အဲဒီစကားကို နောက်တစ်ခါ ထပ်မပြောနဲ့ ရှင်သာ အဲဒါကို ထပ်ပြောရင် ကျွန်မ ရှင့်ကို တကယ် ကိုက်ပစ်မှာ"

သူမ၏ ရင်ထဲတွင် အော်ဟစ်နေမိသည်။

'သူက ဘယ်လိုတောင် အဲဒီစကားကို အလွယ်တကူ ပြောထွက်ရတာလဲ။ အဲဒါက ကျွန်မကို ဘယ်လောက်တောင် ကြောက်လန့်စေသလဲဆိုတာ သူ မသိဘူးလား'

ဆိုင်းလပ်စ် မှင်သက်သွားပြီးမှ ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူသည် သူမ၏ လက်ကို အောက်သို့ ဆွဲချလိုက်ပြီး အားနည်းသော်လည်း နွေးထွေးသော အပြုံးလေးဖြင့် ဆိုလိုက်သည်။

"ကောင်းပြီ ကိုယ် မပြောတော့ဘူး ကတိပေးပါတယ် ဒါပေမဲ့ အခုတော့... ထွက်ပြေးသွားတဲ့အတွက် ငါ့ကို နစ်နာကြေး ပြန်ပေးရမယ်"

အခန်း ၁၉၆-၂၀၀ - လက်ထပ်စာအုပ်

နစ်နားကြေးကတော့ တစ်ညလုံး။

နောက်တစ်နေ့ နံနက်ခင်း။

နိုးနိုးချင်းမှာပင် အိုင်ဗီ၏ မျက်စိထဲသို့ ပထမဆုံး ဝင်လာသည်မှာ မျက်နှာကြက် ဖြစ်သည်။ မနေ့ညက အမှတ်တရများမှာ သူမ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသည်။ ဖြည်းဖြည်းချင်းပင် သူမ၏ ပါးပြင်များ ပူထူးလာပြီး လူမိုက်တစ်ယောက်လို ပြုံးမနေမိစေရန် အစွမ်းကုန် ထိန်းချုပ်လိုက်ရသည်။

သူမ၏ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ လက်ကလေးက အလိုအလျောက် ဆိုင်းလပ်စ် ရှိနေကျနေရာသို့ စမ်းမိသွားသည်... သို့သော် ထိုနေရာမှာ အေးစက်ပြီး ဟာလာဟင်းလင်း ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။

'သူ တပ်ထဲကို သွားပြီ ထင်တယ်...' စိတ်ပျက်မှု အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားသည်။

သူ့မှာ အလုပ်တွေ အများကြီး ရှိနေမှာပေါ့... မဟုတ်ရင် သူ ထွက်သွားမှာ မဟုတ်ဘူး မဟုတ်လား

ထိုစဉ်မှာပင် အိပ်ခန်းတံခါး ပွင့်သွားပြီး ဆိုင်းလပ်စ် ဝင်လာသည်။ ကုတင်ဘေး တစ်ဖက်ခြမ်းကို ဟာလာဟင်းလင်း ငေးကြည့်နေသော အမျိုးသမီးငယ်လေးကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းထဲတွင် အရွှန်းဖောက်လိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

"နိုးပြီလား"

အမျိုးသမီးငယ်လေး၏ ပတ်ဝန်းကျင်ရှိ အထီးကျန်ဆန်သော အငွေ့အသက်များမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏ မျက်ဝန်းများမှာ မှောင်မိုက်သော ညတွင် တောက်ပနေသည့် ကြယ်ပေါင်း ထောင်သောင်းကဲ့သို့ လင်းလက်သွားတော့သည်။

သူမရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး လက်ထဲမှ မနက်စာ ဗန်းကို စားပွဲပေါ် တင်လိုက်ကာ နူးညံ့စွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ အချစ်ရယ်"

"မင်္ဂလာနံနက်ခင်းပါ" အိုင်ဗီ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများ ဝင်းပနေသည်။ သူမ၏ ခံစားချက်များက ကူးစက်သွားသဖြင့် သူ၏ နှုတ်ခမ်းဖျားတွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။

နီလာရောင် မျက်ဝန်းနှင့် နူးညံ့သော အပြုံးပိုင်ရှင် အမျိုးသားကို ကြည့်ရင်း အိုင်ဗီ့ရင်ထဲက အမှောင်ထုများမှာ အနည်းငယ် လျော့ပါးသွားသလို ခံစားရသည်။

"သွားတိုက် မျက်နှာသစ်လိုက်ဦးလေ ကိုယ် မင်းအတွက် မနက်စာ လုပ်ထားတယ် ပြီးတော့ မင်းအတွက် အံ့သြစရာ တစ်ခုလည်း ရှိသေးတယ်" ဆိုင်းလပ်စ်၏ သြရှရှ အသံနက်ကြီးက အိုင်ဗီ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ခဏအကြာတွင် အိုင်ဗီသည် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ တံခါးဆီသို့ ပြေးသွားကာ အမြန် ရေချိုးလိုက်ပြီး အေးစက်သော ရေများ ခန္ဓာကိုယ်ထဲသို့ ထိတွေ့သွားသည်နှင့်အမျှ မနေ့ညက မေးခွန်းများမှာ သူမ၏ စိတ်ထဲတွင် ပြန်လည် ပြည့်နှက်လာသည်။

'အတွေးမလွန်စမ်းနဲ့...'

ရေချိုးခန်းထဲက ထွက်လာသည့်အခါ သူမ၏ ရင်ခုန်သံမှာ မြန်ဆန်နေသည်။ Surprise... ဆိုင်းလပ်စ်က သူမကို ဘယ်လို Surprise မျိုး ပေးမှာပါလိမ့်

ဆိုင်းလပ်စ် အခန်းထဲမှာ မရှိတော့သည်ကို သတိထားမိလိုက်သဖြင့် မနက်စာကို ပါးစပ်ထဲ အတင်းထိုးထည့်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ခြေလှမ်းတိုင်းမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ကုလားထိုင်ပေါ်တွင် ထိုင်နေသော အရပ်ရှည်ရှည် ပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူမ၏ ခြေလှမ်းများ နှေးကွေးသွားပြီး အသက်ရှူကို ထိန်းလိုက်သည်။

"ဘာ Surprise လဲဟင်" သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း တုန်ရီနေသော အသံက သူမ၏ ခံစားချက်အစစ်အမှန်ကို ဖော်ပြနေသည်။

ရွှေရောင်ဆံပင်နှင့် ခန့်ညားသော ထိုအမျိုးသားက လှည့်ကြည့်လိုက်ပြီး သူမကို ထိုင်ရန် အမူအရာပြလိုက်စဉ် သူ၏ မျက်ဝန်းထဲတွင် အပြုံးများ လက်ခနဲ ဖြစ်သွားသည်။

အိုင်ဗီသည် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦးကဲ့သို့ ထိုင်ချလိုက်သည်။

"ရော့" အနီရောင် စာအုပ်ငယ်လေးတစ်ခု သူမ၏ ရှေ့သို့ ရောက်လာသည်။ သူမ၏ စိတ်လှုပ်ရှားမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ရင်ထဲတွင် ဟာခနဲ ဖြစ်သွားရသည်။

'လက်ထပ်စာအုပ်လား' တစ်ကိုယ်လုံး အေးစက်သွားကာ အသက်ရှူများ မမှန်တော့ဘဲ မေးလိုက်သည်။ "ဒါ... ဒါက ဘာကို ဆိုလိုတာလဲ"

သူမ အတင်းဖုံးကွယ်ထားချင်သော အားနည်းချက်များမှာ လွှတ်ခနဲ ထွက်ပေါ်လာသည်။

ဆိုင်းလပ်စ်မှာ အံ့အားသင့်သွားသည်။ သူ မျှော်လင့်ထားသော ပျော်ရွှင်မှုနှင့် အပြုံးများအစား အမျိုးသမီးငယ်လေး၏ မျက်နှာမှာ ညှိုးငယ်သွားသောကြောင့်ပင်။

သို့သော် မကြာမီမှာပင် အတွေးတစ်ခု ဝင်လာသဖြင့် သူက ချောင်းဟန့်ကာ သူမ၏ အာရုံကို ပြန်ဆွဲလိုက်သည်။ "ကြည့်လိုက်ဦးလေ"

ကြည့်ရမယ် ဘာကို ကြည့်ရမှာလဲ သူ သစ္စာဖောက်ခဲ့တဲ့ သက်သေကိုလား ဒါမှမဟုတ် ဒါက အိပ်မက်လား

လက်ထပ်စာအုပ်ကို မြင်လိုက်ရခြင်းက သူမကို မလုံခြုံသလို ခံစားရစေသည်။ ထိုစာအုပ်ကို မြင်သည်နှင့် သူမ၏ ဦးနှောက်က 'ပက်ထရစ်ရှာ' ဆိုသည့် နာမည်နှင့် အလိုအလျောက် ဆက်စပ်တွေးတောမိသွားသည်။

သူမ၏ စိတ်ကူးထဲတွင် စကားလုံးများက ပဲ့တင်ထပ်နေသည်။

'ဒါက လက်ထပ်စာအုပ်ပဲ။ ငါ ပက်ထရစ်ရှာနဲ့ လက်ထပ်စာချုပ် ချုပ်လိုက်ပြီ။ မင်း သူ့အတွက် ဖယ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ်... အရင်က ဖြစ်ပျက်ခဲ့တာတွေက အမှားတွေပါ'

သူမ၏ လည်ချောင်းမှာ ခြောက်သွေ့သွားသော်လည်း ဆိုင်းလပ်စ်၏ အကြည့်များက သူမဆီမှ ခွာမသွားပေ။ သူက တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

"ဖွင့်ကြည့်လိုက်ပါ" သူက တည်ငြိမ်သော်လည်း နူးညံ့သောအသံဖြင့် ထပ်ပြောသည်။

အိုင်ဗီသည် တွန့်ဆုတ်စွာဖြင့် ထိုစာအုပ်ငယ်လေးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများ ကျယ်သွားသည်။ ထိုနေရာတွင် ရေးထားသော နာမည်မှာ ပက်ထရစ်ရှာ မဟုတ်ပေ။ သူမ၏ နာမည်ကိုယ်တိုင် ဖြစ်နေသည်။ ဘေးတွင် ရှိနေသော နာမည်မှာလည်း ဆိုင်းလပ်စ်၏ နာမည်ဖြစ်ပြီး ထင်ထင်ရှားရှား ရှိနေသည်။

သူမ မှင်သက်စွာ စိုက်ကြည့်နေမိသည်။ 'ဒါ... ဒါက ဘာလဲ ကျွန်မနာမည် ဘာလို့... ဘာလို့ ကျွန်မနာမည် ဖြစ်နေတာလဲ'

သူမ၏ နှုတ်ခမ်းများ ဟသွားသော်လည်း စကားလုံးများ ထွက်မလာပေ။

ဆိုင်းလပ်စ်က ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး သူ၏ နီလာရောင် မျက်ဝန်းများက သူမ၏ ပန်းရောင်မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်သည်။

"မင်း ထင်တဲ့အတိုင်းပါပဲ ဒီစာအုပ်မှာ ကိုယ်တို့နှစ်ယောက်လုံးရဲ့ နာမည်တွေ ပါတာပေါ့ မင်းနဲ့ ကိုယ်နဲ့လေ အိုင်ဗီ... အခု မင်းက ငါ့ရဲ့ ဇနီးသည် ဖြစ်သွားပြီ"

ရင်ထဲမှ လေးလံမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများက အစားထိုး ဝင်ရောက်လာသည်။ သူမ၏ လက်ချောင်းလေးများက "အိုင်" နှင့် "ဆိုင်းလပ်စ်" ဆိုသည့် စကားလုံးများပေါ်တွင် ပွတ်သပ်နေမိပြီး မယုံနိုင်စရာ ကောင်းလှသည့် ခံစားချက်လှိုင်းလုံးကြီးက သူမကို လွှမ်းမိုးသွားသည်။

"ကျွန်မတို့... ဘယ်တုန်းက လက်ထပ်လိုက်တာလဲ" သူမ၏ အသံတွင် အံ့သြမှုများ ထင်ရှားနေသလို မျက်လုံးများကလည်း လက်ထဲမှ စာအုပ်ငယ်ဆီမှ ခွာမရ ဖြစ်နေသည်။

"မင်းရဲ့ အိမ်ထောင်စုစာရင်းကို ကိုယ်တောင်းခဲ့တုန်းက မှတ်မိလား အဲဒီအချိန်ကတည်းက ကိုယ် လက်ထပ်စာချုပ်အတွက် လျှောက်ထားခဲ့တာ" သူ၏ နူးညံ့သောအသံမှာ နားထဲတွင် တေးဂီတတစ်ခုကဲ့သို့ပင်။

နောက်တစ်စက္ကန့်တွင် ပူနွေးသော ခန္ဓာကိုယ်ကြီးက သူမကို လွှမ်းခြုံ ဖက်ထားလိုက်သည်။ "ဒီဘဝမှာတော့ ငါတို့ ဘယ်တော့မှ ခွဲခွာလို့ မရတော့ဘူး မစ္စစ် ဘလက်ခ်သော်န် ကိုယ်တို့တွေ အကောင်းအဆိုးတွေကို အတူရင်ဆိုင်မယ် အေးအေးချမ်းချမ်း အတူနေထိုင်ပြီး အတူတူ သေဆုံးကြမယ်"

အမျိုးသမီးငယ်လေး၏ ရင်ထဲတွင် ကျန်ရှိနေသော အမှောင်ထုများမှာ အပြီးတိုင် လွင့်စင်သွားသကဲ့သို့ ခံစားရသည်။

အတိတ်ဘဝကတော့ ခါးသီးပြီး စိတ်ပျက်စရာ ကောင်းခဲ့ပေမဲ့... ဒီဘဝမှာတော့... အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ ချစ်တတ်သော ခင်ပွန်းတစ်ယောက်... ကိုယ်ပိုင် စခန်းတစ်ခု... ပြီးတော့ တရားဝင် လက်ထပ်စာချုပ်။

အတိတ်ဘဝက မြင်ကွင်းများ စိတ်ထဲတွင် ဖြတ်ပြေးသွားသဖြင့် သူမ၏ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာသည်။

.........................

"ဆိုင်းလပ်စ်... ရှင့်ကို လွမ်းတယ်... ဒါပေမဲ့ ကျွန်မ ဘာလုပ်ရမလဲ... ရှင့်ကိုလည်း မမြင်ရတော့ဘူး၊ ကျွန်မတို့ ပတ်သက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေလည်း ဘာမှမရှိဘူး... ဓာတ်ပုံလည်း မရှိ... အမှတ်တရ ပစ္စည်းလည်း မရှိဘူး..."

အိုင်ဗီ၏ သက်မဲ့နေသော မျက်ဝန်းများက သူမ ရင်ထဲက ဝရုန်းသုန်းကား ဖြစ်မှုများကို မဖော်ပြနိုင်ခဲ့ပေ။ သူမ၏ လက်က ရင်းနှီးသော နွေးထွေးမှုများကို ရှာဖွေလိုသော မျှော်လင့်ချက်ဖြင့် ဟောင်းနွမ်းနေသော ဓာတ်ပုံကြမ်းကြီးကို ပွတ်သပ်နေမိသည်။

"ကျွန်မသာ ရှင့်ကို လက်ခံခဲ့ရင်... အနည်းဆုံးတော့ ကျွန်မတို့ကြားမှာ ပတ်သက်မှုရှိတယ်ဆိုတာ သက်သေပြဖို့ လက်ထပ်စာချုပ်လေးတော့ ရှိနေမှာပဲ"

သူမ ရင်ထဲက ဟာလာဟင်းလင်း ဖြစ်နေမှုများမှာ ပိုမို ကြီးထွားလာသော်လည်း ပြန်ရရှိလိုက်သည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ...

..........................

ဒီဘဝမှာတော့ ဆိုင်းလပ်စ်နဲ့ သူမကို ဆက်သွယ်ပေးမယ့်၊ သူတို့ရဲ့ ဆက်ဆံရေးကို သက်သေပြပေးမယ့် စာရွက်တစ်ရွက်ကို သူမ နောက်ဆုံးမှာ ရရှိခဲ့ပါပြီ။

"ဒီလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာကိုယ် ချလိုက်တဲ့အတွက် မင်း စိတ်ဆိုးနေလား" ဆိုင်းလပ်စ်၏ သြရှရှ အသံကြီးထဲတွင် ရှားရှားပါးပါး အားနည်းမှုနှင့် စိုးရိမ်စိတ်များ ရောယှက်နေခြင်းက အိုင်ဗီ့၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

ပူနွေးသော ထိုခန္ဓာကိုယ်ကို ဖက်ထားရင်း ကျေးဇူးတင်သော သက်ပြင်းလေးတစ်ခုကို သူမ မှုတ်ထုတ်လိုက်သည်။ "ဟင့်အင်း ကျွန်မ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဆိုင်းလပ်စ်"

ကျွန်မကို အိမ်တစ်လုံး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်မတို့ကို ဆက်သွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

"အော် ဒါနဲ့... ကိုယ် မေ့လို့၊ မင်း ရှာခိုင်းထားတဲ့ လူတွေအကြောင်း အချက်အလက်တွေ ကိုယ် ရထားပြီ"

All Chapters