အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉)
သူ့ကို ခေါင်းကိုင်အဖေလို့ ခေါ်နေတာ
ဝမ်တန်း စင်ထရယ် ဗီလာ။
ထျန်ရှောင်ရို့သည် ဖောက်သည်နှစ်စုကို အိမ်အကြောင်း မိတ်ဆက်ပြသပြီးနောက် အချိန်အတော်ကြာ မတ်တတ်ရပ်နေရသဖြင့် သူမ၏ ခြေသလုံးများမှာ ထုံကျင်လာခဲ့လေ၏။
သူမ၏ နေရာသို့ ပြန်ရောက်ပြီး ခြေထောက်ကို အနားပေးရန် ဒေါက်မြင့်ဖိနပ်တစ်ဖက်ကို ချွတ်လိုက်ချိန် မှာပင် ဖုန်းမြည်လာခဲ့လေသည်။
ဖုန်းဆက်လာသူမှာ သူမ၏ ညီမလေး ထျန်ရှောင်ထုန်ပင် ဖြစ်လေ၏။
ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ထုန်၏ စိုးရိမ်တကြီး အသံကို ကြားလိုက်ရလေသည်။
"အစ်မ...၊ ကိစ္စဆိုးကြီး ဖြစ်သွားပြီ...၊ တစ်ခုခု မှားနေပြီ...။"
ထျန်ရှောင်ရို့၏ ရင်ထဲတွင် စိုးရိမ်စိတ်ဖြင့် ခုန်ပေါက်သွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ သူမ၏ ညီမလေးအား နှစ်သိမ့်ပေးလိုက်လေ၏။
"ဘာဖြစ်လို့လဲ ရှောင်နွမ်...၊ စိတ်မပူပါနဲ့...၊ ဖြည်းဖြည်းချင်း ပြောပြ...။"
သူမတို့၏ မိဘများသည် စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး ညီအစ်မနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အားကိုး ကာ ကြီးပြင်းလာခဲ့ကြလေသည်။ သမီးအကြီးဆုံးဖြစ်သော ထျန်ရှောင်ရို့သည် သူမ၏ ညီမလေးအား မိခင်တစ်ဦးကဲ့သို့ ဆက်ဆံကာ အလိုလိုက်ထားခဲ့လေ၏။
"အစ်မ...၊ သူဌေးကို ညစာကျွေးဖို့ အစ်မပေးလိုက်တဲ့ ပိုက်ဆံကို ကျွန်မ နည်းနည်း ရှက်နေလို့ အွန်လိုင်း မှာ အကြံဉာဏ်တချို့ ရှာကြည့်လိုက်တယ်...။ အွန်လိုင်းက လူတွေကတော့ ညစာကျွေးတာထက် လက်ဆောင်ပေးတာက ပိုကောင်းတယ်လို့ ပြောကြတယ်... ။"
"ဒါကြောင့် ကျွန်မ ပိုက်ဆံကို စာအိတ်ထဲထည့်ပြီး သူဌေးကို ပေးဖို့ စီစဉ်လိုက်တယ်...။ ဒါပေမဲ့ ဒီနေ့ ကျွန်မတို့ ကုမ္ပဏီက ခေါင်းဆောင် ပြောင်းသွားတယ်လေ...။ ကျွန်မရဲ့ တိုက်ရိုက် အထက်လူကြီးနဲ့ ခေါင်းဆောင်သစ်က လုံးဝ အဆင်မပြေကြဘူး...။ ခေါင်းဆောင်သစ်ဆီကို တိုက်ရိုက်သွားတာ ပိုကောင်း မယ်လို့ ထင်လို့ ခန့်အပ်ခံရခါစ ခေါင်းဆောင်ဆီကို စာအိတ်ကို သွားပေးလိုက်တယ်...။""
ထိုစကားများအားလုံးကို တစ်ရှိုက်တည်း ပြောဆိုပြီးနောက် ဖုန်းတစ်ဖက်မှ ရေသောက်နေသံကို ကြား လိုက်ရလေသည်။
ထျန်ရှောင်ရို့က သက်ပြင်းချလိုက်လေ၏။
"အို...၊ ဒါပဲလား...။ စိတ်မပူပါနဲ့...၊ ဒါက ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး...။ လက်ဆောင်ပေးတာက ဘယ်တော့မှ မကောင်းတဲ့အရာ မဟုတ်ပါဘူး...။ ပေးပြီးသွားပြီဆိုရင် ရပါတယ်...။"
ဖုန်းတစ်ဖက်မှ ညီမဖြစ်သူက ငိုသံပါကြီးဖြင့် ပြောလိုက်လေသည်။
"မဟုတ်ဘူး အစ်မ...၊ ကျွန်မ အဓိကအချက်ကို မရောက်သေးဘူး...။ အရေးကြီးတာက ကျွန်မ ပစ္စည်း မှားပေးလိုက်မိတာ...။ ပိုက်ဆံကို မပေးလိုက်မိဘဲ တခြားစာအိတ်တစ်ခုနဲ့ ပေးလိုက်မိတာ...။"
ထျန်ရှောင်ရို့သည် ချက်ချင်းပင် မကောင်းသော ခံစားချက်ကို ရရှိသွားခဲ့လေ၏။
"တခြားစာအိတ်တစ်ခုလား...၊ အထဲမှာ ဘာပါလို့လဲ...။"
ထျန်ရှောင်ထုန်က အနည်းငယ် ကြောက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။
"ဟူး...၊ ပြီးခဲ့တဲ့လက ကျွန်မ အလုပ်မစခင် အစ်မ ကျွန်မကို အပြင်ခေါ်သွားတုန်းက ရိုက်ထားတဲ့ ဟို အနုပညာ ဓာတ်ပုံတွေပါသွားတာ...။ ကျွန်မတို့ ရွေးထားတဲ့ ဓာတ်ပုံ နှစ်ဆယ်ကျော်လောက် အားလုံး အထဲမှာ ပါသွားတယ်...။"
"ဘာ...၊ နင် ဘာပြောလိုက်တယ်...။"
ထျန်ရှောင်ရို့က အံ့အားသင့်စွာ အော်ဟစ်လိုက်သဖြင့် အရောင်းပြခန်းထဲရှိ လူအားလုံး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေ၏။
ရှက်ရွံ့သွားသော ထျန်ရှောင်ရို့သည် အလျင်အမြန် ဖိနပ်စီးကာ လှေကားခွင်ဆီသို့ ပြေးသွားလေတော့ သည်။
"တောင်းပန်ပါတယ် အစ်မ...။ ကျွန်မ အမှားဆိုတာ သိပါတယ်...။ ဒါပေမဲ့ အခု ဘယ်လိုလုပ်ရမလဲ...။" ဟု ထျန်ရှောင်ထုန်၏ အသံက အနည်းငယ် လမ်းပျောက်နေပုံရလေသည်။
"ငါတို့ ဘာလုပ်နိုင်မှာလဲ...၊ အမြန်သွားပြီး ရှင်းပြလိုက်...။ သူ အဲ့ဒီဓာတ်ပုံတွေကို မကြည့်ရသေးတာ လည်း ဖြစ်နိုင်တာပဲ...။ ဒါနဲ့ ခေါင်းဆောင်က ယောက်ျားလား မိန်းမလား...။"
ထျန်ရှောင်ရို့က တကယ်ကို စိုးရိမ်တကြီးဖြင့် အလျင်စလို ပြောလိုက်လေ၏။
ထိုနေ့က အပြင်သွားလည်ကြစဉ် သူမ၏ ညီမလေး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုတွင် အလုပ်ရသွား သည်ကို တွေးမိပြီး ကွယ်လွန်သွားသော မိဘများ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဟု သူမ ခံစားခဲ့ရလေသည်။
သူမတို့နှစ်ဦးသည် တစ်နေကုန် ပျော်ရွှင်စွာ အချိန်ဖြုန်းခဲ့ကြပြီး အရက်အနည်းငယ် သောက်ပြီးနောက် တွင် ပို၍ပို၍ ပျော်ရွှင်လာကာ ဓာတ်ပုံပက်ကေ့ချ်များ ရောင်းချနေသော ဆိုင်တစ်ဆိုင်တွင် ဓာတ်ပုံအချို့ ရိုက်ဖြစ်ခဲ့ကြလေ၏။
ဓာတ်ပုံများမှာ အမှားအယွင်း မရှိသော်လည်း ၎င်းတို့သည် အမှတ်တရအဖြစ် ကိုယ့်ဘာသာကိုယ် သိမ်း ထားသင့်သည့် အမျိုးအစားများဖြစ်ပြီး အခြားသူများကို မပြသသင့်သော ဓာတ်ပုံများ ဖြစ်လေသည်။
မမျှော်လင့်ဘဲ သူမ၏ ညီမသည် ယနေ့တွင် အခြားသူတစ်ဦး၏ စားပွဲပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ သွား ရောက် ပေးအပ်ခဲ့လေ၏။
ဤအရာက ဧကရာဇ်ထံသို့ ကိုယ်လုပ်တော် စာရင်းကို ပေးပို့လိုက်သကဲ့သို့ပင် ဖြစ်ပြီး အလွန် ရှက်စရာ ကောင်းလှပေသည်။
ထျန်ရှောင်ထုန်က အားနည်းသောအသံဖြင့် ပြောလိုက်လေ၏။
"ယောက်ျားလေးပါ...။ သူက သူ့ရုံးခန်းထဲ ရောက်နေပြီ...၊ ငါတို့ရဲ့ ဓာတ်ပုံတွေကို သူ သေချာပေါက် မြင်သွားလောက်ပြီလို့ ကျွန်မ ထင်တယ်...။ ဘာလို့လဲဆိုတော့ ကျွန်မက ဓာတ်ပုံတွေကို သူ့စားပွဲပေါ်မှာ ပေါ့ပေါ့ပါးပါးပဲ တင်ထားခဲ့တာလေ...။"
ထျန်ရှောင်ရို့က ဘာလုပ်ရမှန်းမသိဘဲ ပြောလိုက်လေသည်။
"နင် အရမ်းတုံးတာပဲ...၊ လိပ်စာမှားမပို့ခဲ့ရင်တောင်မှ ပိုက်ဆံပါတဲ့ စာအိတ်ကို သူများစားပွဲပေါ်မှာ ဒီလို ဗြောင်ကျကျ တင်ထားခဲ့လို့ မရဘူးလေ...။"
ထျန်ရှောင်ထုန်က မကျေမနပ်ဖြင့် ပြောလိုက်လေ၏။
"ကျွန်မ နားမလည်လို့ပါ...၊ အရမ်းဝှက်ထားပြီး သူ မမြင်ရင် ဘယ်လိုလုပ်မလဲလို့ တွေးမိလို့ပါ...။ ဒါဆိုရင် အလကားဖြစ်သွားမှာပေါ့...။"
"ဟူး...၊ ဒိအကြောင်း ဆက်မပြောကြရအောင်...၊ အရင်ဆုံး ဘာလုပ်ရမလဲဆိုတာ စဉ်းစားကြတာပေါ့...။ " ဟု ထျန်ရှောင်ရို့က စကားမပြောနိုင်အောင် ဖြစ်သွားခဲ့လေသည်။
ထိုအချိန်တွင် ရွှီပေါ်အန်းသည် ဓာတ်ပုံများကို ဒုတိယအကြိမ် ပေါ့ပေါ့ပါးပါး လှန်ကြည့်နေပြီး ဓာတ်ပုံထဲ မှ လူများက သူ၏အကြောင်းကို ဆွေးနွေးနေကြသည်ကို လုံးဝ မသိရှိခဲ့ချေ။
သူ အာရုံစိုက်ကာ ကြည့်ရှုနေစဉ် ရုတ်တရက် ရုံးခန်းတံခါးကို ခေါက်သံ ကြားလိုက်ရလေ၏။
ရွှီပေါ်အန်းသည် ဓာတ်ပုံများကို သိမ်းဆည်းလိုက်ပြီး "ဝင်ခဲ့ပါ" ဟု တုံ့ပြန်လိုက်လေသည်။ ကိုယ်လုံး တုတ်တုတ်နှင့် အမျိုးသားတစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ အတင်းအကျပ် ပြုံးလျက် ဝင်လာခဲ့ လေ၏။
အင်ဂျင်နီယာဌာန ဝန်ကြီး လွီယန်ဝေ။
ဤသူမှာ အင်ဂျင်နီယာချုပ် ရွှီပေါ်အန်း၏ တိုက်ရိုက် လက်အောက်ငယ်သားများထဲမှ တစ်ဦး ဖြစ်လေ သည်။
"မင်္ဂလာပါ ဆရာရွှီ...၊ ကျွန်တော့်ရဲ့ မကြာသေးမီက အလုပ်အခြေအနေနဲ့ ကိုယ်ပိုင် အမြင်တွေကို အစီရင် ခံချင်လို့ပါ...။"
ရွှီပေါ်အန်းသည် တစ်ဖက်လူအား ထိုင်ရန် ပေါ့ပေါ့ပါးပါး အမူအရာပြလိုက်ပြီး လွီယန်ဝေသည် သူ၏ ရှည်လျားပြီး အသေးစိတ်ကျသော အစီရင်ခံစာကို စတင်ပြောဆိုလေတော့သည်။
လွီယန်ဝေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဗဟိုဓာတ်ခွဲခန်း၏ ညွှန်ကြားရေးမှူး ယွီဝေ့သည် သူ၏ အလုပ်များကို အစီရင်ခံရန် အပြေးအလွှား ရောက်ရှိလာခဲ့လေ၏။
ထို့နောက် လုံခြုံရေးနှင့် အရည်အသွေးဌာန မန်နေဂျာ၊ အင်ဂျင်နီယာဌာန ဒုမန်နေဂျာ၊ သံမဏိထုတ်လုပ် ရေး စင်တာ ညွှန်ကြားရေးမှူး၊ စက်ယန္တရားဌာနခွဲ မန်နေဂျာ၊ ကွန်ကရစ်ဖျော်စပ်စက်ရုံ မန်နေဂျာချုပ်၊ ပစ္စည်း ရေးရာ ဝန်ကြီး၊ စာချုပ်ရေးရာ မန်နေဂျာနှင့် ဘဏ္ဍာရေး မနနေဂျာတို့ အသီးသီး ရောက်ရှိလာကြ လေသည်။
၎င်းတို့သည် အင်ဂျင်နီယာချုပ်၏ တိုက်ရိုက် ကြီးကြပ်မှုအောက်တွင် ရှိသော လုပ်ငန်းများ ဖြစ်စေ၊ မဖြစ်စေ ကြိုတင်စီစဉ်ထားသည့်အလား သူတို့၏ အလုပ်အခြေအနေများကို အစီရင်ခံရန် ရောက်ရှိ လာကြခြင်း ဖြစ်လေ၏။
ကားဂိုဒေါင်မှ အဖွဲ့ခေါင်းဆောင်နှင့် စားသောက်ခန်းမှ စားဖိုမှူးချုပ်ပင်လျှင် သူတို့၏ သန္နိဋ္ဌာန်ကို ဖော်ပြ ရန် အရိုအသေပေးကာ ရောက်ရှိလာခဲ့ကြလေသည်။
ရွှီပေါ်အန်းသည် စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
လက်ဖက်ရည်နှင့် အရက်ရှိချိန်တွင် ညီအစ်ကိုများစွာ ရှိသော်လည်း ဒုက္ခရောက်ချိန်တွင်မူ တစ်ဦး တစ်ယောက်ကိုမျှ မတွေ့ရချေ။
နာမည်ကြီးသူ တစ်ဦးက ဤသို့ ပြောခဲ့ဖူးလေသည်။
သင် မအောင်မြင်ချိန်တွင် သင့်ပတ်ဝန်းကျင်ရှိ လူများသည် သင့်ကို မမြင်နိုင်တော့သကဲ့သို့ ဖြစ်နေတတ် သည်။ သူတို့သည် သင်နှင့်အတူ ရှိနေချိန်တွင်ပင် ရည်ရွယ်ချက် အမျိုးမျိုးနှင့် ပြည့်နှက်နေတတ်ကြ လေ၏။
အောင်မြင်ကျော်ကြားလာပြီးနောက်တွင်မူ ကျွန်ုပ်သည် အောင်မြင်သူတစ်ဦးအဖြစ် ခံစားရပြီး ပတ်ဝန်း ကျင်ရှိ လူတိုင်းသည် အလွန်တရာ အကောင်းမြင်တတ်ကာ ကြင်နာတတ်၊ ကိုယ်ကျိုးမဖက်တတ်၊ နွေးထွေးပြီး ယဉ်ကျေးပျူငှာသူများ ဖြစ်လာကြလေသည်။
ရွှီပေါ်အန်းက သက်ပြင်းချကာ လှောင်ပြောင်ရယ်မောလိုက်လေ၏။
နေ အနောက်ဘက်သို့ ဝင်သွားချိန်တွင် သင်သည် ကျွန်ုပ်အတွက် ရှိမနေခဲ့ဘဲ ကျွန်ုပ် အရှေ့ဘက်မှ ပြန် လည် ထွက်ပေါ်လာချိန်တွင် သင်သည် မည်သူဖြစ်မည်နည်း။
*ငါ့ရဲ့ ရှောင်ဟူလေးက အယုံကြည်ရဆုံးပါပဲ...။*
ရွှီပေါ်အန်း၏ ရေရွတ်သံ မဆုံးမီမှာပင် ဖုန်းမြည်လာခဲ့လေ၏။
"ဟဲလို...၊ ဆရာရွှီ...။ ကျွန်တော် လုံခြုံရေးရုံးကပါ...။ အမျိုးသမီးငယ်တစ်ဦး ဂိတ်ပေါက်ကို ရောက်လာ ပြီး ဒုတိယညွှန်ကြားရေးမှူး ထျန်ရှောင်ဟူက သူမကို သွေးဆောင်ဖြားယောင်းပြီး စွန့်ပစ်သွားတယ်လို့ ပြောနေပါတယ်...။ သူမကို ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာကို သိချင်နေပြီး မဟုတ်ရင် အထက်လူကြီး တွေဆီ တိုင်ကြားမယ်တဲ့...။ ဒီကိစ္စကို ဘယ်လို သဘောရပါသလဲ ခင်ဗျာ...။"
ရွှီပေါ်အန်းမှာ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့လေသည်။
"ထျန်ရှောင်ဟူ...၊ မင်းက တကယ်ကို ချီးကျူးခံရဖို့ မထိုက်တန်ပါဘူး...။"
"ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်တောင် မိသားစု အရှုပ်အထွေးတွေကို မဖြေရှင်းနိုင်ပါဘူး။ ထျန်ရှောင်ဟူ ကို သူ့ဘာသာ ဖြေရှင်းခိုင်းလိုက်...။ ကုမ္ပဏီရဲ့ ပုံရိပ်နဲ့ ရုံးခန်းအစီအစဉ်ကို မထိခိုက်စေနဲ့လို့ ...။"
ရွှီပေါ်အန်း ဖုန်းချပြီး မကြာမီမှာပင် ရွိုင်ရယ်ဒိုင်းနက်စတီ ဟိုတယ်မှ ဝေ့ဝမ်ပင် ရောက်ရှိလာခဲ့လေ၏။
လုံခြုံရေးရုံးမှ ရွှီပေါ်အန်းအား အစီရင်ခံပြီးဖြစ်ရာ ရွှီပေါ်အန်းသည် လှေကားမှ ဖြည်းညင်းစွာ ဆင်းလာခဲ့ ပြီး ခြံဝင်းထဲတွင် ရပ်ထားသော အနက်ရောင် တိုယိုတာ အယ်လ်ဖတ် ကားတစ်စီးကို မြင်လိုက်ရလေ သည်။
ဘေးတွင် H8888 လိုင်စင်နံပါတ်တပ်ထားသော အနက်ရောင် မာစီဒီး-မေဘတ် ကားတစ်စီးလည်း ရှိနေ လေ၏။
ရွှီပေါ်အန်းသည် ကားများနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း နားလည်မှု မရှိသလို ကား၏ တိကျသော မော်ဒယ်၊ တန်ဖိုး သို့မဟုတ် စွမ်းဆောင်ရည်တို့ကိုလည်း မသိရှိခဲ့ချေ။ သို့သော် မြင်လိုက်ရုံဖြင့် ဤကား သည် သေချာပေါက် တန်ဖိုးမနည်းကြောင်းကိုမူ သူ သိရှိလေသည်။
ဝေ့ဝမ်ပင်သည် ကားဘေးတွင် ရပ်နေစဉ် ရွှီပေါ်အန်း ဆင်းလာသည်ကို မြင်သောအခါ သူ၏ထံသို့ ပြေးသွားကာ လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းပေးလိုက်လေ၏။
"ဆရာရွှီ...၊ ကျွန်တော် တကယ် တောင်းပန်ပါတယ်... ။ ကျွန်တော်တို့ သူဌေးက မူလက ကိုယ်တိုင် လာမလို့ပဲ...။ ဒါပေမဲ့ သူ ထွက်လာခါနီးလေးတင် အထက်အာဏာပိုင်တွေဆီက အဆင့်မြင့် စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ တုန်းကျန်းကို လာပြီး ကျွန်တော်တို့ ဟိုတယ်မှာ တည်းခိုမယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာလို့ပါ...။ ကျွန်တော်တို့ သူဌေးက တစ်ချိန်တည်းမှာ နေရာနှစ်ခုကို ဘယ်လိုမှ မရောက်နိုင်လို့ ပါ...။"
ရွှီပေါ်အန်းက လျစ်လျူရှုဟန်ဖြင့် လက်ယမ်းပြကာ ပြောလိုက်လေသည်။
"တရားဝင် အလုပ်ကိစ္စတွေက အရေးကြီးပါတယ်... ။ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်...။ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး...။"
ဝေ့ဝမ်ပင်က အနက်ရောင် မေဘတ်ကားကို လက်ညှိုးထိုးပြကာ ပြောလိုက်လေ၏။
"ဒါပေမဲ့ ကျွန်တော်တို့ သူဌေးက လမ်းပြဖို့အတွက် ဒီကားကို မောင်းလာဖို့ ညွှန်ကြားလိုက်ပါတယ်...။ ဒီကားက တုန်းကျန်းမှာ တော်တော်လေး ဩဇာလွှမ်းမိုးမှု ရှိပါတယ်...။ အခုက ရုံးဆင်းချိန်ဆိုတော့ လမ်းပေါ်မှာ ဦးလေးနဲ့ အန်တီတို့ အဆင်မပြေဖြစ်မှာကို မလိုလားလို့ပါ...။"
ရွှီပေါ်အန်းသည် တိတ်တဆိတ် အံ့အားသင့်သွားခဲ့လေသည်။ ဤလိုင်စင်နံပါတ်ပြားကို ကြည့်ရုံဖြင့် လူမိုက်ပင်လျှင် သာမန်ကား မဟုတ်ကြောင်း သိနိုင်ပေသည်။ ဆယ်ကြိမ်တွင် ကိုးကြိမ်ခန့် မည်သူကမျှ ဤကားရှေ့သို့ ဖြတ်ဝင်ရန် ကြိုးစားမည် မဟုတ်ချေ။ အကယ်၍ အနည်းငယ် ပွတ်တိုက်မိပါကလည်း တစ်ဖက်လူသည် သေချာပေါက် အလွန် ယဉ်ကျေးမည်ဖြစ်ပြီး ပြဿနာရှာမည် မဟုတ်ပေ။
"ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...။"
အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ရွှီပေါ်အန်းသည် ကားပေါ်သို့ တက်ကာ ဝေ့ဝမ်ပင်၏ အနောက်မှ ဘူတာရုံဆီသို့ တိုက်ရိုက် လိုက်ပါသွားခဲ့လေ၏။
ကုမ္ပဏီဂိတ်ပေါက်မှ မထွက်ခွာမီ ရွှီပေါ်အန်းက ဂိတ်စောင့်အား ထျန်ရှောင်ဟူ ကိစ္စ မည်သို့ ဖြေရှင်း နေသနည်းဟု အထူးတလည် မေးမြန်းခဲ့လေသည်။
လုံခြုံရေးဝန်ထမ်း၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့လေ၏။ သူက ပြန်ဖြေလေသည်။
"ဆရာရွှီ... ၊ ခုနက ဥက္ကဋ္ဌစူးနဲ့ သူ့အဖွဲ့ ထွက်သွားတုန်းက ထိုအမျိုးသမီးငယ်နဲ့ ဆုံသွားတယ်...။ သူမက ဥက္ကဋ္ဌစူးကို ခေါင်းကိုင်အဖေလို့ ခေါ်တာ ကျွန်တော် ကြားလိုက်တယ်...။"
ရွှီပေါ်အန်းသည် အစပိုင်းတွင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့လေ၏။
*အို...၊ သူ စူးအိုကြီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးဖို့ မေ့သွားခဲ့တာပဲ...။*
ဂိတ်စောင့် စကားပြောအပြီးတွင် ရွှီပေါ်အန်းမှာ အံ့ဩမှင်တက်သွားခဲ့လေသည်။
*ထျန်ရှောင်ဟူက ဘယ်လို အချစ်ရေးကံမျိုးနဲ့ ကြုံတွေ့နေရတာလဲ...။*
အခန်း (၅၀)
ချောင်အာမန်၏ ပျော်ရွှင်မှု
ကားသည် ကုမ္ပဏီမှ ထွက်ခွာလာပြီး ဘူတာရုံဆီသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့လေသည်။
"ခရီးသည်များ ဝင်ခွင့်မပြုပါ" ဟူသော ဆိုင်းဘုတ်ရှိသည့် ပလက်ဖောင်းပေါ်တွင် ကားသည် တိုက်ရိုက် ရပ်တန့်သွားခဲ့လေ၏။
ရွှီပေါ်အန်းသည် သူ၏ရင်ထဲတွင် "ဘုရားရေ..." ဟု အကြိမ်ကြိမ် ရေရွတ်လိုက်မိလေသည်။ သူ ဤကဲ့သို့ သော အခမ်းအနားမျိုးကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်မှာ ချိုင်းနား မီးရထားကော်ပိုရေးရှင်းမှ ထိပ်တန်းခေါင်းဆောင်များကို ဘူတာရုံတွင် လာရောက်စစ်ဆေးပြီး ခရီးသည်များကို ကြိုဆိုစဉ်ကပင် ဖြစ်လေ၏။
*တစ်နေ့ကျရင် ဒီလိုအခြေအနေမျိုးမှာ ငါက အဓိကဇာတ်ကောင် ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေး ဖူးခဲ့ဘူး... ။*
ရွှီပေါ်အန်း၏ မိဘများ ကားပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် သူတို့ထံသို့ ပြုံးရွှင် စွာ သွားရောက်ကာ တင်းကြပ်စွာ ဖက်လှဲတကင်း နှုတ်ဆက်လိုက်လေသည်။
ရွှီပေါ်အန်း၏ မိဘနှစ်ပါးစလုံးမှာ အံ့အားသင့်သွားကြလေ၏။ သူတို့သည် အချင်းချင်း ကြည့်လိုက် ကြပြီး သူတို့၏သားသည် ဤမျှ စိတ်လှုပ်ရှား တက်ကြွနေသည်ကို တွေ့ရသဖြင့် လုံးဝကို အံ့ဩသွား ကြလေသည်။
သက်ကြီးရွယ်အို နှစ်ဦးသည် အစပိုင်းတွင် ရွှီပေါ်အန်းမှာ ကွာရှင်းပြီးနောက် စိတ်ဓာတ်ကျပြီး ဝမ်းနည်း နေမည်ကို စိုးရိမ်နေခဲ့ကြလေ၏။
ထို့ကြောင့် ရွှီပေါ်အန်းအပေါ် ဖိအားမပေးမိစေရန် သူတို့သည် လာရောက်မလည်ပတ်ခဲ့ခြင်း ဖြစ်လေ သည်။
*မမျှော်လင့်ဘဲ ငါတို့တွေ လိုတာထက်ပိုပြီး တွေးပူနေခဲ့မိတာပဲ...။*
ရွှီပေါ်အန်းသည် မိဘများထံမှ ခရီးဆောင်အိတ်များကို ယူရန် ပြင်လိုက်သော်လည်း ထိုအခွင့်အရေး မရှိတော့ကြောင်း သတိပြုမိသွားခဲ့လေ၏။
ဝေ့ဝမ်ပင်၏ ညွှန်ကြားချက်ဖြင့် ယာဉ်မောင်းနှစ်ဦးသည် ရွှီပေါ်အန်း၏ မိဘများ ပိုင်ဆိုင်သော ခရီးဆောင်အိတ်များနှင့် ပစ္စည်းများကို ယူဆောင်သွားပြီး ဖြစ်လေသည်။
ရွှီပေါ်အန်း၏ မိခင် ထန်ရုံကျီမှာ ဤသည်ကို မြင်သောအခါ လန့်ဖြန့်သွားခဲ့လေ၏။
"ဟေ့...၊ ဘာလုပ်နေကြတာလဲ...။ ဒါတွေက ငါ့ပစ္စည်းတွေလေ...။"
ရွှီပေါ်အန်းက ပြုံးကာ ရှင်းပြလိုက်လေသည်။
"အမေ...၊ စိတ်မပူပါနဲ့...။ ဖေဖေနဲ့ မေမေ့ကို လာကြိုဖို့ ကျွန်တော့်သူငယ်ချင်း လိုက်လာတာပါ...။"
ဝေ့ဝမ်ပင်က ခါးကို အနည်းငယ် ကိုင်းညွတ်ကာ ရွှီပေါ်အန်း၏ မိဘများအား နှုတ်ဆက်လိုက်လေ၏။
"ဦးလေးနဲ့ အန်တီ...။ ကျွန်တော့်ကို ရှောင်ဝေ့ လို့ပဲ ခေါ်ပါ...။"
ရွှီပေါ်အန်း၏ မိဘများသည် ဝတ်စုံပြည့်နှင့် နက်တိုင်ကို သပ်ရပ်စွာ ဝတ်ဆင်ထားသော ဝေ့ဝမ်ပင်နှင့် ယာဉ်မောင်းနှစ်ဦးကို အလွန်တရာ အံ့အားသင့်စွာဖြင့် ကြည့်နေကြလေသည်။
ယခင်ကလည်း ရွှီပေါ်အန်းသည် သူ၏ မိဘများကို ဘူတာရုံမှ ကြိုရန် လူများ ခေါ်လာဖူးသော်လည်း ထိုအချိန်က သူသည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော ယာဉ်မောင်းတစ်ဦးကိုသာ အမြဲ ခေါ်လာလေ့ရှိ လေ၏။
ဤကဲ့သို့သော ဝတ်စုံပြည့်ဖြင့် ခမ်းနားသော ဝတ်စားဆင်ယင်မှုမျိုးသည် သက်ကြီးရွယ်အိုများ အပေါ် တွင် ကြီးမားသော ခြိမ်းခြောက်မှု သက်ရောက်မှုကို ဖြစ်စေဆဲပင်။
"ကောင်းပါပြီ...၊ ကောင်းပါပြီ...။ ပင်ပန်းသွားပြီနော် ရှောင်ဝေ့...။"
ထန်ရုံကျီသည် ဝေ့ဝမ်ပင်အား လက်ဆွဲနှုတ်ဆက်ရန် ကိုယ်တိုင်ကိုယ်ကျ လက်ကမ်းပေးလိုက်လေ၏။
ဝေ့ဝမ်ပင်က ပြုံးကာ ပြောလိုက်လေသည်။
"ဘာမှ ဒုက္ခမများပါဘူး...၊ ဆရာရွှီက ကျွန်တော့်ကို ဤအခွင့်အရေး ပေးတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ...။"
ထိုသို့ပြောပြီးနောက် သူသည် ရွှီပေါ်အန်း၏ ဖခင် ရွှီကျန်းချန်နှင့်ပါ လက်ဆွဲနှုတ်ဆက်ကာ အပြန်အလှန် နှုတ်ဆက်စကားများ ပြောဆိုလိုက်လေ၏။
ရွှီပေါ်အန်းက ပြုံးကာ ပြောလိုက်လေသည်။
"ဖေဖေ၊ မေမေ...။ ကားပေါ်အရင်တက်ကြရအောင်...။ လမ်းကျမှ စကားပြောကြတာပေါ့...။"
ဝေ့ဝမ်ပင်က အလျင်အမြန် ဝင်ပြောလိုက်လေ၏။
"ဦးလေးနဲ့ အန်တီ...၊ ဒီဘက်ကို လာပါ...။ ဖြည်းဖြည်းသွားပါနော်...။"
ထိုသို့ပြောပြီးနောက် သူသည် ရွှီကျန်းချန်၏ ဘေးတွင် ရပ်ကာ တွဲပေးမည့်ဟန် ပြုလုပ်လိုက်ပြီး သူတို့ နှစ်ဦးသည် မလှမ်းမကမ်းရှိ အယ်လ်ဖတ်ကားဆီသို့ လျှောက်သွားကြလေသည်။
ထန်ရုံကျီနှင့် သူမ၏ ခင်ပွန်း ရွှီကျန်းချန်တို့သည် သူတို့၏ ရှေ့ရှိ ကားနှစ်စီးကို မြင်သောအခါ လုံးဝကို အံ့ဩမှင်တက်သွားကြလေ၏။
သူတို့နှစ်ဦးသည် ကားများနှင့် ပတ်သက်၍ များစွာ နားမလည်ကြသော်လည်း ကားတစ်စီးသည် ကြည့်ကောင်းခြင်း ရှိမရှိကိုမူ အနည်းဆုံး သိရှိနိုင်ကြလေသည်။
၎င်း၏ တောက်ပသော အနက်ရောင် အပြင်ပိုင်း၊ ချွန်ထက်သော ထောင့်ချိုးများနှင့် ကျော့ရှင်းသော မျဉ်းကြောင်းများသည် ရင်သပ်ရှုမောဖွယ်ကောင်းသော အတွင်းပိုင်းနှင့် ပေါင်းစပ်လိုက်သောအခါ တကယ်ကို အထင်ကြီးစရာကောင်းသော မောင်းနှင်မှု အတွေ့အကြုံကို ဖန်တီးပေးလေ၏။
အရေးအကြီးဆုံးမှာ အနက်ရောင် မာစီဒီးဘင့်ဇ် ကား၏ လိုင်စင်နံပါတ်ပြားမှာ ထင်ရှားပေါ်လွင်နေပြီး ယာဉ်မောင်းနှစ်ဦး၏ ဆင်တူ ဝတ်စုံများနှင့် အဖြူရောင် လက်အိတ်များမှာလည်း အလွန် စွဲမက်ဖွယ် ကောင်းလှပေသည်။
*ဒါကက သာမန်လူတွေ ခံစားခွင့်ရတဲ့ ဆက်ဆံရေးမျိုးလား...။*
*ငါ့သားက...၊ အချစ်ရေးမှာ အဆင်မပြေပေမယ့် အလုပ်မှာတော့ အောင်မြင်နေတာလား...။*
*တကယ်ပဲ ဘုရားသခင်က တံခါးတစ်ပေါက်ကို ပိတ်လိုက်ရင် ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ပေး တတ်တယ် ဆိုတာ မှန်တာပဲ...။*
*ဒါပေမဲ့ ဒီပြတင်းပေါက်က နည်းနည်း ကြီးလွန်းနေသလိုပဲနော်...။*
သက်ကြီးရွယ်အို ဇနီးမောင်နှံသည် သက်သောင့်သက်သာရှိသော လေယာဉ်ထိုင်ခုံများတွင် ထိုင်နေ ကြပြီး ဝေ့ဝမ်ပင်က သူတို့အား နွေးထွေးသော နွားနို့ကို စေတနာပါပါဖြင့် လာပေးသောအခါ အလွန် တရာ ကြည်နူးသွားကြလေ၏။
*ဘုရားရေ...၊ ဒီကောင်လေးက ချမ်းသာပြီး အာဏာရှိလာလို့ မိန်းမကို စွန့်ပစ်ခဲ့တာများလား...။*
ထိုအကြောင်းကို တွေးမိသည်နှင့် ထန်ရုံကျီနှင့် ရွှီကျန်းချန်တို့ နှစ်ဦးစလုံးသည် မေးခွန်းထုတ်လိုသော အကြည့်များဖြင့် ရွှီပေါ်အန်းထံသို့ လှည့်ကြည့်လိုက်ကြလေသည်။
ရွှီပေါ်အန်းမှာ လုံးဝကို ရှုပ်ထွေးသွားခဲ့လေ၏။ ဟိုတယ်ရှိ သီးသန့်အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့ မိသားစု သုံးယောက်တည်း ကျန်ရှိနေချိန်ရောက်မှသာ သူ၏ မိဘများ သံသယဖြစ်နေသည့် အကြောင်းရင်းကို ရွှီပေါ်အန်း နားလည်သွားခဲ့လေသည်။
"သား...၊ အမေ့ကို အမှန်တိုင်း ပြောစမ်း...။ မင်းက အောင်မြင်လာလို့ ရှောင်ရွှယ်ကို စွန့်ပစ်ခဲ့တာလား...။"
မိဘများ စိုးရိမ်ပူပန်မှု မရှိစေရန်အတွက် ရွှီပေါ်အန်းသည် သူနှင့် ချီရှောင်ရွှယ်တို့ သဘောတူညီမှုဖြင့် ကွဲသွားကြခြင်းဖြစ်ကြောင်းကိုသာ အမြဲ ပြောပြခဲ့လေ၏။
ရွှီပေါ်အန်းသည် ခါးသက်စွာ ပြုံးလိုက်လေသည်။ တစ်နေ့ကျလျှင် ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ပစ်မိ လိမ့်မည်ဟု မည်သူက မျှော်လင့်ထားခဲ့မည်နည်း။
"ဖေဖေ၊ မေမေ... အများကြီး မတွေးပါနဲ့...။ ကျွန်တော့်ကို မဆူပါနဲ့...။ တကယ်တော့ ကျွန်တော်က သူမ ရဲ့ ဖောက်ပြန်တာကို ခံလိုက်ရတာပါ...။"
"ဘာ...။"
ရွှီကျန်းချန်သည် မျက်လုံးများ ပြူးကျယ်သွားကာ စားပွဲကို ဒိုင်းခနဲ ရိုက်လိုက်လေ၏။
ရွှီပေါ်အန်းသည် ဖခင်ဖြစ်သူ၏ လက်ကို ကိုင်ကာ ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်လေသည်။
"စိတ်မလှုပ်ရှားပါနဲ့ ဖေဖေ...။ အားလုံးက အတိတ်ဖြစ်သွားပါပြီ...။ ကျွန်တော် အဲဒါကို ခွင့်လွှတ်လိုက် ပါပြီ...။"
"ဘာကို ခွင့်လွှတ်လိုက်တာလဲ...။ ငါတို့ ရှင်းပြချက် တစ်ခုတော့ လိုတယ်...။"
ရွှီကျန်းချန်၏ သဘောထားမှာ အလွန် ပြတ်သားနေလေ၏။
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ အကြည့်များမှာ အတွေးနက်နေသည့်အလား နက်ရှိုင်းနေကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ ရှင်းပြချက် တစ်ခု လိုအပ်ပါတယ်...။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး...။"
"မင်းလို ကြောက်တတ်တဲ့ကောင်လေး...။ မင်းက မင်းအမေရဲ့ သဘောကောင်းမှုကိုပဲ အမွေရထား တာပဲ...။"
ထိုသို့ပြောရင်း ရွှီကျန်းချန်သည် ရွှီပေါ်အန်းအား မကျေမနပ်ဖြင့် မျက်စောင်းထိုးလိုက်လေ၏။
ထန်ရုံကျီသည် သူမ၏ ခင်ပွန်းကို ခပ်ဖွဖွလေး ထိုးကာ ပြောလိုက်လေသည်။
"ရှင်က ဘာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ အဘိုးကြီးရဲ့...၊ အခုခေတ်က ဘယ်လိုခေတ်လဲ..။ ရှင်က ဘာလိုချင်နေသေးတာလဲ...။ သူတို့က ကွာရှင်းပြီးပြီလေ...၊ ရှင်က သူ့ကို သေတဲ့အထိ သွားချချင် လို့လား...။"
ရွှီကျန်းချန်သည် သူ၏ အင်္ကျီလက်စများကို ခေါက်တင်ကာ ပြောလိုက်လေ၏။
"ငါ့အသက်ကို စွန့်ရတော့ ဘာဖြစ်လဲ...။ မင်းတို့ မသွားရဲရင် ငါသွားမယ်...။ ဘာပဲဖြစ်ဖြစ် ငါက ခန္ဓာ ကိုယ်တစ်ဝက်လောက် မြေကြီးထဲ ရောက်နေတဲ့ အဘိုးကြီးပဲဟာ...။ တစ်ယောက်ကို ခေါ်သွားနိုင်ရင် ငါ အရှုံးမပေါ်ဘူး...။ နှစ်ယောက်ကို ခေါ်သွားနိုင်ရင်တော့ အမြတ်ကြီး ထွက်ပြီပေါ့...။"
ထန်ရုံကျီက စိတ်တိုတိုဖြင့် ပြောလိုက်လေသည်။
"ပြီးတော့ရော...။ ရှင်က ထောင်ကျမယ်...၊ ကံကောင်းရင် ကျွန်မတို့ သားအမိတွေ အားလပ်ရက်တွေမှာ ရှင့်ကို လာတွေ့နိုင်မယ်...။ ကံမကောင်းရင်တော့ နှစ်တိုင်း သင်္ချိုင်းရှင်းတဲ့ပွဲတော်မှာ ရှင့်အတွက် အမွှေးတိုင် လာထွန်းပေးရုံပဲ ရှိတော့မှာပေါ့...၊ ဟုတ်တယ်မလား...။"
ရွှီကျန်းချန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် အားလျော့သွားသော်လည်း မကျေမချမ်းဖြင့် ရေရွတ်နေသေးလေ၏။
"ငါတို့ ဒီကိစ္စကို ဒီအတိုင်း အလွယ်တကူ လွှတ်ထားလို့တော့ မဖြစ်ဘူး...။"
ရွှီပေါ်အန်းက ညင်သာစွာ နှစ်သိမ့်ပေးလိုက်လေသည်။
"ဖေဖေ...။ စိတ်မပူပါနဲ့...၊ ကျွန်တော့်မှာ ကိုယ်ပိုင် နည်းလမ်းရှိပါတယ်... ။ နောက်ကျရင် ဖေဖေ့အတွက် အရမ်းကို ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခု ပေးပါ့မယ်လို့ ကတိပေးပါတယ်...။"
ရွှီကျန်းချန်သည် အခြေအနေကို အခွင့်ကောင်းယူကာ လေသံပြောင်းသွားပြီး နှာခေါင်းရှုံ့လိုက်လေ၏။
"ဟွန်း...၊ ဒီလိုမှပေါ့...။ မင်းကို ကြည့်စမ်း...၊ ရာထူးတက်သွားပြီ မဟုတ်လား...။ ငါပြောမယ်...၊ ကိုယ့်ရဲ့ မူဝါဒကို မြဲမြဲကိုင်ထား...။ ပြည်သူ့ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှ အလွဲသုံးစား မလုပ်နဲ့...။"
"ရွာလူကြီးရွှီ...၊ စိတ်မပူပါနဲ့...။ ဖေဖေ့ရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ အလုပ်လုပ်ပုံ လုပ်နည်းတွေကို ကျွန်တော် သေချာပေါက် လိုက်နာပါ့မယ်... ။ ပြည်သူ့ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှ အလွဲသုံးစား မလုပ်ပါဘူး...။ ဒီကုန်ကျစရိတ်တွေ အားလုံးကို ကျွန်တော်ကိုယ်တိုင် ကျခံမှာပါ...။"
ဟု ရွှီပေါ်အန်းက ဖခင်ဖြစ်သူကို ပြုံးကာ မြှောက်ပင့်ပြောဆိုလိုက်လေသည်။
သူတို့ ထိုသို့ ပြောဆိုခဲ့ကြသော်လည်း ရွိုင်ရယ်ဒိုင်းနက်စတီ ဟိုတယ်ပိုင်ရှင် လင်းရှန်းကမူ ရွှီပေါ်အန်း၏ ငွေကို မယူလိုသဖြင့် ရွှီပေါ်အန်းမှာ ဘာမှ မတတ်နိုင်ခဲ့ချေ။
သက်ကြီးရွယ်အို နှစ်ဦးသည် စားသောက်ပြီးနောက် ပျော်ရွှင်စွာ အနားယူပြီးချိန်တွင် လင်းရှန်းသည် ကိုယ်တိုင်ကိုယ်ကျ ကားမောင်းကာ သူတို့နှင့် ရွှီပေါ်အန်းအား ဗီလာသို့ ပြန်ပို့ပေးပြီးနောက်မှ ထွက်ခွာ သွားခဲ့လေ၏။
သေချာသည်မှာ ဤအရာအားလုံးသည် အလကား ရရှိလာခြင်း မဟုတ်ပေ။
သက်ကြီးရွယ်အို နှစ်ဦးသည် စားသောက်ပြီးနောက် အနှိပ်ခန်းနှင့် ရူပကုထုံးခန်းတွင် တရုတ်တိုင်းရင်း ဆေး အနှိပ်ကို ခံစားနေစဉ် လင်းရှန်းနှင့် ရွှီပေါ်အန်းတို့သည် ခေတ္တမျှ စကားပြောဆိုခဲ့ကြပြီး လင်းရှန်း သည် ရွှီပေါ်အန်း ကတိပေးထားသော အမူးပြေဆေး အချို့ကိုလည်း ရရှိခဲ့လေသည်။
ဤသည်ကို ကုန်စည်ဖလှယ်ရေး စနစ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး အားလုံး ပျော်ရွှင်ရလေ၏။
ဝမ်တန်း စင်ထရယ် ဗီလာ။
သူ၏ ရှေ့တွင်ရှိသော သီးသန့်ဗီလာကို ကြည့်ရင်း ရွှီကျန်းချန်က မမေးဘဲ မနေနိုင်အောင် ဖြစ်သွား ခဲ့လေသည်။
"မင်း ဒီအိမ်ကို ပြောင်းလာတာလား ကောင်လေး...။"
"ကုမ္ပဏီက ခေါင်းဆောင်မှုအဖွဲ့အတွက် ယာယီအိမ်ရာ စီစဉ်ပေးတာပါ...။"
ရွှီပေါ်အန်းက သက်ကြီးရွယ်အို နှစ်ဦးအား အခြေအနေနှင့် အသားကျရန် အချိန်ပေးသည့်အနေဖြင့် တိုက်ရိုက် မပြောလိုသဖြင့် ထိုသို့ ပြောလိုက်လေ၏။
ရွှီ၏ မိဘများသည် စားသောက်နေစဉ်အတွင်း ရွှီပေါ်အန်းက အင်ဂျင်နီယာချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရ ကြောင်း ပြောပြသည်ကို ကြားခဲ့ရပြီး ဖြစ်လေသည်။
သူတို့နှစ်ဦးသည် ဤအကြောင်းကို များစွာ နားမလည်ကြသော်လည်း ၎င်းတို့သည် မြို့ကြီးပြကြီးရှိ ကုမ္ပဏီကြီးတစ်ခု၏ အဆင့်မြင့် ခေါင်းဆောင်များဖြစ်ကြောင်းကိုမူ သိရှိထားသဖြင့် ဤအရာတွင် မှားယွင်းမှု ရှိနေသည်ဟု မခံစားရချေ။
ရွှီပေါ်အန်း၏ မိဘများ တံခါးဝသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးစလုံးသည် သူ့အား မေးခွန်း ထုတ်လိုသော အကြည့်ဖြင့် ကြည့်နေကြသည်ကို ရွှီပေါ်အန်း သတိပြုမိသွားခဲ့လေ၏။
ရွှီပေါ်အန်းသည် သူ၏ မိဘများကို ဘာဖြစ်လို့လဲဟု မေးရန် ပြင်လိုက်စဉ်မှာပင် သူတို့ ဖယ်ပေးထား သော ကွက်လပ်မှတစ်ဆင့် ဧည့်ခန်းထဲသို့ လှမ်းကြည့်လိုက်ရာ ချက်ချင်းပင် အံ့ဩမှင်တက်သွားခဲ့ လေသည်။
ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် ကျော့ရှင်းသော ပုံရိပ်တစ်ခု ထိုင်နေပြီး သူမ၏ ခေါင်းကို ထိုင်ခုံနောက် မှီတွင် အနည်းငယ် မှီထားကာ အိပ်ပျော်နေခဲ့လေပြီ။ အပေါ်ယံကြည့်ရုံဖြင့် သူမ၏ မရည်ရွယ်ဘဲ ဖြစ်နေ သော ကိုယ်နေဟန်ထားနှင့် ရှုထောင့်သည် နာမည်ကျော် မင်းသမီး လျှိုထောင်းနှင့် ပို၍ပင် တူနေစေ လေ၏။
အေပရွန်က အမြင်မတော်စရာ ဖြစ်နေသော်လည်း ဤသဘာဝကျသော ပေါင်းစပ်မှုသည် အမှန်တ ကယ်ပင် သူမကို ပို၍ ကျော့ရှင်းတင့်တယ်ပြီး မွန်မြတ်ကြင်နာတတ်သော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေစေလေသည်။
*ဘုရားရေ...။*
*ချောင်အာမန်က ဘာလို့ ရုတ်တရက် ငါ့ခေါင်းထဲ ရောက်လာရတာလဲ...။*
*ချောင်အာမန်...၊ အို ချောင်အာမန်...။ မင်းရဲ့ ပျော်ရွှင်မှုမှာ တစ်ခုခုများ ရှိနေသလား မသိဘူး...။*