← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 46 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 46 Ch. 499-501

အပိုင်း (၄၉၉)

လင်းပိုင်ဖန်သည် စိတ်ထဲမှ ရယ်မောလိုက်မိသည်။

ဤလူမှာ အားနည်းသူကို အနိုင်ကျင့်ပြီး ခွန်အားကြီးသူကို ကြောက်တတ်သည့် လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လိုအပ်လျှင် နောက်ဆုတ်တတ်ပြီး မျက်နှာပြောင်းလဲပုံမှာ စာအုပ်တစ်အုပ်ကို ဟိုဘက်ဒီဘက် လှန်လိုက်သကဲ့သို့ပင် မြန်ဆန်လှသည်။ ဤမျှ အလိုက်သင့် ပြောင်းလဲတတ်၍သာ ဤမျှ ကြာရှည် အသက်ရှင်နေခြင်း ဖြစ်ပေလိမ့်မည်။

ယွီရွှီတာအိုဆရာကြီးမှာ လင်းပိုင်ဖန်၏ အကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်လာပြီး နောက်တစ်ကြိမ် ရိုသေစွာ ဦးညွှတ်လိုက်ပြန်သည် - "စီနီယာ... တခြား ထူးထူးခြားခြား မရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး။ နောက်တစ်ခါ ဆုံကြသေးတာပေါ့... သွားခွင့်ပြုပါဦး"

"နေဦး၊ မင်းက လာချင်သလိုလာပြီး ပြန်ချင်သလို ပြန်လို့ရမယ် ထင်နေတာလား" လင်းပိုင်ဖန်က လှမ်းအော်လိုက်သည်။

"စီနီယာ... ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲခင်ဗျာ" ယွီရွှီတာအိုဆရာကြီး၏ ရင်ထဲတွင် မကောင်းသော နိမိတ်အာရုံတစ်ခု ပေါ်ပေါက်လာသည်။

"မင်း မသွားခင်... မင်းရဲ့ အသက်ကို ဒီမှာ ထားခဲ့လိုက်" လင်းပိုင်ဖန်က သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ အေးစက်တည်ငြိမ်စွာ ပြောလိုက်သည်။

ယွီရွှီတာအိုဆရာကြီး၏ ရင်ထဲတွင် တင်းခနဲ ဖြစ်သွားပြီး ခြိမ်းခြောက်လိုသော လေသံဖြင့် - "စီနီယာ... ဒါကတော့ လွန်သွားပါပြီ။ ကျွန်တော်က တာအိုဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦးပါ။ စီနီယာက ကျွန်တော့်ကို သတ်မယ်ဆိုရင် ဒါက အားကြီးသူက အားနည်းသူကို နှိပ်စက်ရာ ရောက်ပါလိမ့်မယ်။ ကျွန်တော်တို့ တာအိုဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့်က စီနီယာ့ကို အပြစ်တင်မှာ မလွဲပါဘူး"

"ဒါဆိုရင်လည်း သူ့ကို လာခိုင်းလိုက်ပေါ့" လင်းပိုင်ဖန်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဤလက်ဝါးရိုက်ချက်မှာ အရှိန်အဝါကြီးမားခြင်း မရှိဘဲ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ယွီရွှီတာအိုဆရာကြီးမှာမူ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်ဝါးရိုက်ချက်ထဲတွင် သေစေနိုင်သော အန္တရာယ်ကို သူ ခံစားမိသောကြောင့် ဖြစ်သည်။

သူသည် ချက်ချင်းပင် လက်ဝယ်ရှိသမျှ နတ်ဆေးလုံးများကို ထုတ်ကာ တစ်ကျိုက်တည်း မျိုချလိုက်သည်။ ထို့နောက် သူ၏ လျှို့ဝှက်လက်နက်ဖြစ်သော ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။

ဤဓားမြှောင်မှာ နတ်ဘုရားလက်နက်အဆင့် မရှိသော်လည်း နတ်ဘုရားလက်နက်နှင့် ထပ်တူနီးပါး အစွမ်းထက်သည့် လက်နက်ဖြစ်ပြီး အရေးကြုံမှ သုံးရန် သူ လျှို့ဝှက်သိမ်းဆည်းထားခြင်း ဖြစ်သည်။ သူသည် ကောင်းကင်အဆင့်တစ်ဦးအနေဖြင့် ဤလက်နက်ကို တစ်ဘဝလုံး သုံးစရာ လိုလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း ယခုမူ အသက်ဘေးနှင့် ကြုံရသောကြောင့် ထုတ်သုံးလိုက်ရပြီ ဖြစ်သည်။

ထို့အပြင် သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများကို နှစ်ဆ တိုးလာစေမည့် လျှို့ဝှက်နည်းလမ်းကိုပါ အသုံးပြုလိုက်သည်။ ယခုဆိုလျှင် သူ၏ ခွန်အားမှာ ကောင်းကင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားရုံသာမက၊ မဟာကောင်းကင်အဆင့်သို့ပင် ခြေတစ်လှမ်း လှမ်းနိုင်သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။ တာအိုဂိုဏ်း၏ ကောင်းကင်အဆင့် တစ်ဦးဖြစ်သည့်အတိုင်း သူ၏ အခြေခံမှာ အလွန်ပင် ခိုင်မာလှသည်။

သို့သော်လည်း လင်းပိုင်ဖန်မှာ ငြိမ်သက်စွာသာ ကြည့်နေသည်။ သူသည် နောက်လူ နောင်တ မရစေရန်အတွက် ထိုသူ၏ အစွမ်းများကို ကုန်စင်အောင် ထုတ်ပြနိုင်စေရန် သူ၏ လက်ဝါးလှုပ်ရှားမှုကိုပင် နှေးကွေးပေးထားလိုက်သည်။

လင်းပိုင်ဖန်၏ ထိုကဲ့သို့သော လုပ်ရပ်မှာ ယွီရွှီတာအိုဆရာကြီးကို အလွန်ပင် ဒေါသထွက်စေခဲ့သည်။ သူက အသာစီးမရနိုင်မှန်း သိသော်လည်း ဤကဲ့သို့ အထင်သေးခံရခြင်းကိုမူ မခံရပ်နိုင်ပေ။

"ပင်လယ်ပြာဓားချက်..”

ယွီရွှီတာအိုဆရာကြီး၏ ဓားချီများမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ အဆုံးအစမရှိ၊ အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။ သို့သော်လည်း လင်းပိုင်ဖန်၏ လက်ဝါးရိုက်ချက်မှာမူ သာမန်အတိုင်းပင် ရှိနေဆဲဖြစ်သည်။

အမှန်စင်စစ် သူ၏ အဆင့်အတန်းအရ မည်သည့် လှုပ်ရှားမှုမဆိုသည် ကောင်းကင်နှင့် မြေကြီး၏ အလိုအတိုင်း ဖြစ်ပေါ်နေပြီး မြေကမ္ဘာကို တုန်ဟိန်းစေနိုင်သော စွမ်းအားများ ကိန်းအောင်းနေခြင်း ဖြစ်သည်။ အပြင်ပန်းကြည့်ရုံဖြင့် သာမန်ဟု ထင်ရသော်လည်း ထိုအစွမ်းကို လျှော့တွက်မိသူတိုင်းမှာ မြေမြှုပ်ရန် နေရာပင် ရှိလိမ့်မည်မဟုတ်ပေ။

ထိုခဏတွင် ဓားချီနှင့် လက်ဝါးရိုက်ချက်တို့ ထိပ်တိုက် တွေ့ဆုံကြတော့သည်။

"စီနီယာ..." ဘေးမှ ကြည့်နေသော မိုယုယန်မှာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။

သူမ၏ စီနီယာမှာ ထိုတာအိုအဖိုးအိုကြီးထက် ပိုအစွမ်းထက်သည်ဟု ယုံကြည်သော်လည်း စိုးရိမ်စိတ်ကိုမူ မထိန်းနိုင်ပေ။ သူမသည် ဘာတစ်ခုမှ လွတ်မသွားစေရန် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေမိသည်။

နောက်ဆုံးတွင် ဓားနှင့် လက်ဝါး ထိတွေ့သွားခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ လူတိုင်းထင်ထားသကဲ့သို့ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးများ ထွက်မလာခဲ့ပေ။ လင်းပိုင်ဖန်၏ လက်ဝါးရိုက်ချက်မှာ နွေးထွေးသော လေပြေညင်းတစ်ခုကဲ့သို့ဖြစ်ပြီး တစ်ဖက်လူ၏ ဓားချီများမှာ ဆီးနှင်းများကဲ့သို့ လင်းပိုင်ဖန်၏ လက်ဝါးအောက်တွင် တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။

ထို့နောက်တွင်တော့ ထိုလက်ဝါးမှာ အရှိန်မပျက်ဘဲ ယွီရွှီတာအိုဆရာကြီးကို ရိုက်မိသွားလေသည်။

သူ၏ အဖိုးတန်ဓားမြှောင်မှာ အပိုင်းပိုင်း ပြတ်သွားခဲ့သည်။

"ဝုန်း" ခနဲ အသံနှင့်အတူ ယွီရွှီတာအိုဆရာကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ဒဏ်ရာရကာ သွေးများ တအော့အော့ အန်တော့သည်။ သူ၏ အဝတ်အစားများမှာလည်း အဖတ်ဖတ် ပြဲထွက်သွားခဲ့သည်။

ထိုလက်ဝါးတစ်ချက်တည်းဖြင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး တုံ့ပြန်ရန် အင်အားပင် မရှိတော့ပေ။ သို့သော်လည်း ခန္ဓာကိုယ်က နာကျင်မှုထက် ရင်ထဲက နာကျင်မှုက ပို၍ ဆိုးဝါးနေသည်။ သူသည် ရှိသမျှ အစွမ်းကုန်သုံး၍ မဟာကောင်းကင်အဆင့်နီးပါး အစွမ်းကို ထုတ်ခဲ့သော်လည်း တစ်ဖက်လူ၏ လက်ဝါးတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။

ကောင်းကင်အဆင့်နှင့် မဟာကောင်းကင်အဆင့်ကြားက ကွာဟချက်မှာ ဤမျှအထိ ကြီးမားနေသလော။

သို့သော် ဤသို့ မဖြစ်သင့်ပေ။ သူသည် ယခင်က တာအိုဂိုဏ်းမှ မဟာကောင်းကင်အဆင့်နှင့် လေ့ကျင့်စဉ်က အစွမ်းကုန် ခုခံလျှင် အနည်းဆုံး ၅ ချက် ၆ ချက်ခန့် အလဲအလှယ် လုပ်နိုင်ခဲ့ပြီး၊ ၁၀ ချက်ကျော်မှသာ အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ လက်ဝါးတစ်ချက်ကိုပင် မခံနိုင်ပါတကား။

တစ်ဖက်လူကပဲ အလွန်အမင်း အစွမ်းထက်နေခြင်းလော၊ သို့မဟုတ် သူကိုယ်တိုင်ကပဲ အလွန် အားနည်းနေသလော။

အကယ်၍ လင်းပိုင်ဖန်သည် ဤလက်ဝါးရိုက်ချက်ကို အားအကုန်မသုံးဘဲ ၃၀ ရာခိုင်နှုန်းခန့်သာ သုံးထားသည်ကို သိလိုက်ရပါက ထိုတာအိုဆရာကြီးမှာ ယခုထက်ပင် ပို၍ မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။

"မင်းက အသက်ရှင်နေသေးတော့လည်း နောက်ထပ် လက်ဝါးတစ်ချက်နဲ့ပဲ အဆုံးသတ်ပေးလိုက်တော့မယ်" လင်းပိုင်ဖန်က လက်ကို မြှောက်လိုက်ရာ ယွီရွှီတာအိုဆရာကြီး၏ မျက်နှာတွင် သေဘေးကို မြင်နေရသည့်အလား အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် အားနည်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည် - "စီနီယာ... သူ့ကို မသတ်ပါနဲ့ဦး"

"ဘာဖြစ်လို့လဲ" လင်းပိုင်ဖန်က မြေပြင်ပေါ်တွင် လဲကျနေသော မိုယုယန်ကို အေးဆေးစွာ ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့... သူက ကျွန်မကို သေလုမတတ် ရိုက်ခဲ့ဖူးလို့ပါ၊ အဲဒီအတွက် ကျွန်မကိုယ်တိုင်ပဲ ကလဲ့စားပြန်ချေချင်ပါတယ်" မိုယုယန်က အားနည်းစွာ ပြောလိုက်သော်လည်း သူမ၏ အကြည့်များမှာ အလွန်ပင် ပြတ်သားလှသည်။

ဒါဟာ သူမရဲ့ ပင်ကိုယ်စရိုက်အတိုင်းပင် ဖြစ်သည်။ သူမ၏ မိသားစု သတ်ဖြတ်ခံရစဉ်ကလည်း ဘာကိုမျှ ဂရုမစိုက်ဘဲ ကလဲ့စားချေရန်သာ အာရုံစိုက်ခဲ့သည့် စိတ်ထားမျိုး ဖြစ်သည်။

"ကောင်းပြီ... ဒါဆိုရင်တော့ သူ့ကို မင်းရဲ့ လေ့ကျင့်ဖော်အဖြစ် ချန်ထားပေးလိုက်မယ်" လင်းပိုင်ဖန်က သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ့အတွက်မူ ဤတာအိုဆရာကို သတ်ရန်မှာ အရေးမကြီးပေ။ သူ၏ နိုင်ငံအတွက် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ပေါ်ထွက်လာစေရန် လမ်းစဖြစ်မည်ဆိုလျှင် ဤမျှနှင့် တန်လှပေသည်။

လင်းပိုင်ဖန်က လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်တွင် လဲနေသော မိုယုယန်မှာ အံ့ဖွယ်ကောင်းစွာ လွင့်တက်လာပြီး လင်းပိုင်ဖန်၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသည်။ ထို့နောက်တွင်တော့ ထိုသူနှစ်ဦးမှာ အဝေးသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။

ယွီရွှီတာအိုဆရာကြီးတစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပြီး သူတို့ ထွက်ခွာသွားရာကို ရှုပ်ထွေးလှသော ခံစားချက်တို့ပါသည့် မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။

အပိုင်း (၅၀၀)

လူကယ်ဖို့ လာတုန်းကတော့ လျှပ်စီးပမာ မြန်ဆန်ခဲ့သော်လည်း ယခုမူ အန္တရာယ် မရှိတော့သည်ဖြစ်ရာ အလျင်လိုနေဖို့ မလိုအပ်တော့ပေ။

လင်းပိုင်ဖန်သည် မိုယုယန်ကို ရင်ခွင်ထဲ ပိုက်ပွေ့ထားရင်း ဖြည်းညှင်းစွာပင် ကျားဖြူတောင်တန်းဆီသို့ ပျံသန်းလာခဲ့သည်။

ထိုခဏတွင် မိုယုယန်၏ ရင်ထဲ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ကြည်နူးနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ တွေ့ဆုံရန် တမ်းတနေခဲ့ရသည့် စီနီယာနှင့် ဆုံတွေ့ရရုံသာမက စီနီယာက သူမကို ရင်ခွင်ထဲ၌ ပွေ့ချီထားသောကြောင့်ပင် ဖြစ်လေ၏။

သူတို့နှစ်ဦး ဤမျှအထိ နီးကပ်ခဲ့ဖူးခြင်း မရှိပေ။

သို့သော် နှမြောစရာကောင်းသည်မှာ သူမ ရှေ့မှ စီနီယာမှာ မြူနှင်းများဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေပြီး မျက်နှာကိုမူ အကဲခတ်၍ မရနိုင်ခြင်းပင် ဖြစ်သည်။

"စီနီယာ... ကျွန်မ စီနီယာ့မျက်နှာကို ကြည့်ခွင့်ရမလားဟင်" မိုယုယန်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - "မရသေးဘူး... ငါ့ရဲ့ အခြေအနေက အလွန်ထူးခြားတာမို့ အခုလောလောဆယ် ထုတ်ဖော်ပြလို့ မဖြစ်သေးဘူး"

မိုယုယန် ကြောင်အသွားလေသည်။

စီနီယာ့ရဲ့ အခြေအနေက ထူးခြားလို့ ထုတ်ပြလို့ မရဘူးတဲ့လား။

စီနီယာက ဘယ်သူဘယ်ဝါဆိုတာ သူမ မသိသော်လည်း စီနီယာက မပြချင်မှတော့ သူမ အတင်းအကျပ် မလုပ်လိုပေ။

သို့သော်လည်း မျက်စိဖြင့် မမြင်ရသော်ငြား သိနိုင်မည့် နည်းလမ်းတစ်ခုတော့ ရှိသေးသည်။

မိုယုယန်သည် တစ်နေရာရာမှ ရလာသည့် သတ္တိကို မွေးမြူကာ လင်းပိုင်ဖန်၏ မျက်နှာဆီသို့ လက်လှမ်းလိုက်သည်။

ထို့နောက်တွင်တော့ ထင်ရှားပြတ်သားသော မျက်နှာအသွင်အပြင်ကို သူမ ထိတွေ့လိုက်ရသည်။

စင်းလုံးချောသော နှာတံ၊ နက်ရှိုင်းသော မျက်ဝန်း၊ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော နဖူးပြင်နှင့် အလွန်နုနယ်ချောမွေ့သော အသားအရေ... ဤမျက်နှာမှာ လူအိုကြီးတစ်ဦးနှင့် လုံးဝ မတူဘဲ အသက် ၂၀ ကျော် လူငယ်တစ်ဦးနှင့်သာ တူနေသည်။

ထို့အပြင် အလွန်ပင် ချောမောသော လူငယ်တစ်ဦး ဖြစ်ပေလိမ့်မည်။

"မင်း ဘာလုပ်နေတာလဲ" လင်းပိုင်ဖန်က နားမလည်နိုင်စွာ မေးလိုက်သည်။

"အဟမ်း... ဘာမှမဟုတ်ပါဘူး။ ဒီလောက် အမြင့်ကြီးကို ရောက်ဖူးတာ ဒါပထမဆုံးဆိုတော့ နည်းနည်း ကြောက်လို့ပါ... ဒါကြောင့် လက်က ကယောင်ကတမ်း စမ်းမိသွားတာပါ။ စီနီယာ ခွင့်လွှတ်ပေးပါဦး" မိုယုယန်က ဆင်ခြေတစ်ခု ပေးရင်း လက်ကို အမြန်ပြန်ရုပ်လိုက်သည်။

ယခုဆိုလျှင် သူတို့မှာ မြေပြင်မှ ပေ ၃၀၀၀ ခန့် အမြင့်သို့ ရောက်နေပြီဖြစ်ရာ လင်းပိုင်ဖန်က နားလည်ပေးလိုက်သည်။

ဤမျှ မြင့်မားသော အရှိန်အဝါမျိုးတွင် အခြားသူများကို ထားရုံနှင့်မက၊ ကောင်းကင်အဆင့်ပင်လျှင် ပျံသန်းနိုင်ရန် မလွယ်ကူပေ။

မိုယုယန်အဖို့ ဤမျှ အမြင့်တွင် ပျံသန်းရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူမ၏ ရင်ထဲတွင် ကြောက်စိတ်နှင့် အမြင့်ကြောက်စိတ်များ ရှိနေသည်မှာ သဘာဝကျပြီး ယောင်ယမ်းကာ ဆွဲမိဆွဲရာ ဆွဲခြင်းမှာလည်း ဖြစ်နိုင်ချေရှိသည်။

"မကြောက်ပါနဲ့... ငါရှိနေသရွေ့ မင်းပြုတ်မကျစေရဘူး" လင်းပိုင်ဖန်က ပြုံးကာ နှစ်သိမ့်လိုက်သည်။

"အင်း... အင်း..." မိုယုယန်က ခေါင်းကို အခါခါ ညိတ်လိုက်ပြီး စီနီယာ့အနားတွင် ရှိနေခြင်းကြောင့် လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရသည်။

ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ တိမ်တိုက်များက လျင်မြန်စွာ လွင့်မျောနေကြသည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်လျှင်လည်း တောင်တန်းနှင့် မြစ်ချောင်းများမှာ အလျင်အမြန်ပင် နောက်၌ ကျန်ရစ်ခဲ့ကြသည်။ သူမ၏ စိတ်ဝိညာဉ်မှာ အတိုင်းအဆမရှိ လွတ်လပ်ပေါ့ပါးသွားပြီး အင်မော်တယ် တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အတိုင်း ခံစားလိုက်ရသည်။

မိုယုယန်က အိပ်မက်ဆန်စွာဖြင့် - "စီနီယာ... စီနီယာက ပျံသန်းနိုင်တယ်ဆိုတော့ ဒဏ္ဍာရီထဲက အင်မော်တယ်တစ်ဦး ဖြစ်နေတာလားဟင်"

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - "မဟုတ်ပါဘူး... ဒါက ငါ့ရဲ့ သိုင်းပညာရပ်တစ်ခုဖြစ်တဲ့ ဓားထိန်းချုပ်သိုင်းပဲ။ မင်းသာ ငါ့လို ကျင့်စဉ်အဆင့်ကို ရောက်လာရင် မင်းလည်း ကောင်းကင်ဘုံက အင်မော်တယ်တွေလို ဓားပျံစီးနိုင်လိမ့်မယ်"

"ဟုတ်ကဲ့... ကျွန်မ သေချာပေါက် ဖြစ်အောင်လုပ်မှာပါ" မိုယုယန်က ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။

လမင်းဆီသို့ ပျံသန်းကာ ကြယ်တာရာများနှင့်အတူ ရှိနေရခြင်းမှာ လူတိုင်း၏ ရင်ထဲတွင် ရှိတတ်သည့် ရိုမန်းတစ်ဆန်သော အိပ်မက်တစ်ခု ဖြစ်ပေသည်။

မိုယုယန်လည်း ထိုနည်းတူပင် ပျံသန်းချင်မိသည်။

သို့သော်လည်း...

မိုယုယန်က လင်းပိုင်ဖန်ကို တစ်ချက်ကြည့်ကာ 'စီနီယာနဲ့ အတူတူ ပျံသန်းရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ' ဟု တွေးနေမိသည်။

တကယ်ကို ကောင်းကင်က ဖန်တီးပေးတဲ့ စုံတွဲဖြစ်မှာ မလွဲပင်။

လက်ဖက်ရည်တစ်ခွက် သောက်စာခန့် ကြာသောအခါ သူတို့သည် ကျားဖြူတောင်တန်းသို့ ပြန်လည်ရောက်ရှိလာပြီး ဂူတစ်ခုအတွင်း ဆင်းသက်လိုက်ကြသည်။

လင်းပိုင်ဖန်က သူမကို ချပေးလိုက်ပြီး မှာကြားသည် - "မင်း အခု အားနည်းနေသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ဦး... သုံးရက်နေရင်တော့ ပြန်ကောင်းသွားမှာပါ"

ပြောပြီးသည်နှင့် သူက လှည့်ထွက်ရန် ပြင်လိုက်သည်။

မိုယုယန်က မခွဲနိုင်မခွာရက်ဖြင့် လှမ်းခေါ်လိုက်သည် - "စီနီယာ... စီနီယာ ဘယ်သွားမလို့လဲ"

"ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်၊ ဒီမှာပဲ ငါ့ကို စောင့်နေပါ။ တစ်ခုခု လိုအပ်ရင် ငါ့ကို လှမ်းခေါ်လိုက်... ငါ ကြားနိုင်တယ်။ ငါ သွားပြီ"

လင်းပိုင်ဖန်က သူ၏ ဓားပျံပေါ်တွင် တစ်ဖန်ပြန်လည် စီးနင်းကာ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ထိုခဏတွင်ပင် မိုယုယန်မှာ ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေသည်။

........

သို့သော်လည်း ပြင်ပလောကတွင်မူ ယခုအခါ ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်။

"မင်း ကြားပြီးပြီလား။ မိုယုယန်က မဟာလော့နန်းတော်ကို ထပ်ပြီး တိုက်ခိုက်လိုက်ပြန်ပြီတဲ့။ တာအိုဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရှေ့မှာတင် မဟာလော့ ဧကရာဇ်ကို သတ်ပစ်လိုက်တာတဲ့"

"ဟမ်၊ သူက ဒီလောက်တောင် သတ္တိရှိတာလား"

"အေးလေ... ဘယ်သူ ထင်ထားမှာလဲ။ မိုယုယန်က တကယ်ပဲ အဲ့ဒီလို လုပ်ခဲ့တာ... အောင်လည်း အောင်မြင်သွားတယ်"

"ဒီတစ်ခါတော့ တာအိုဂိုဏ်းကို ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ။ မင်းသိတဲ့အတိုင်း တာအိုဂိုဏ်းက ဧကရာဇ်တွေကို ကျောထောက်နောက်ခံ ပေးလာတာ နှစ်ပေါင်း ထောင်ချီနေပြီ။ သူတို့ ရွေးချယ်ထားတဲ့ ဧကရာဇ်က ပြင်ပလူလက်ချက်နဲ့ အသတ်ခံရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါက တကယ်ကို မကြုံစဖူး ကိစ္စပဲ"

"ဒါဟာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပဲ... တာအိုဂိုဏ်းကတော့ ရူးမတတ် ဖြစ်နေတော့မှာပဲ မဟုတ်လား"

"သူတို့ တကယ်ကို အရူးလိုပဲ၊ ကြားတာတော့ မဟာလော့ ဧကရာဇ်ကို စောင့်ရှောက်ပေးနေတဲ့ တာအိုဂိုဏ်းက စီနီယာက အလွန်အမင်း ဒေါသထွက်ပြီး မိုယုယန်နောက်ကို မရပ်မနား လိုက်လံ ဖမ်းဆီးနေတယ်တဲ့။ သူတို့ လိုက်တမ်းပြေးတမ်း ကစားနေတာကို လူအများကြီး တွေ့လိုက်ကြတယ်တဲ့"

"နှမြောစရာပဲ၊ ဒီတစ်ခါ လွတ်သွားရင်တောင် နောင်တစ်ချိန်မှာတော့ မလွယ်ဘူး"

"ဟုတ်တယ်... တာအိုဂိုဏ်းကို ရန်စမိရင်တော့ အနာဂတ်မှာ ကောင်းကျိုးရှိမှာ မဟုတ်ဘူး"

"မိုယုယန်က သတ္တိရှိပေမဲ့ စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်"

အားလုံးက မိုယုယန်၏ ကံကြမ္မာအတွက် စိုးရိမ်တကြီးဖြင့် သက်ပြင်းချနေကြသည်။

သို့သော်လည်း မကြာမီမှာပင် နောက်ထပ် တုန်လှုပ်ဖွယ် သတင်းတစ်ခု ထွက်ပေါ်လာပြန်သည်။ မိုယုယန်နောက်ကို လိုက်သွားသည့် ယွီရွှီတာအိုဆရာကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ ပြန်လည်ရောက်ရှိလာသည်ဟူ၍ ဖြစ်သည်။

"မိုယုယန်က... ယွီရွှီတာအိုဆရာကြီးကို ဒဏ်ရာရအောင် လုပ်လိုက်တာလား"

"မဖြစ်နိုင်တာ၊ မိုယုယန်က အစွမ်းထက်တယ် ဆိုပေမဲ့ သူက အခုမှ ချီဖွဲ့တည်ခြင်းအဆင့်ပဲ ရှိသေးတာ။ ချီဖွဲ့တည်ခြင်းအဆင့်က ကောင်းကင်အဆင့်ကို ဘယ်လိုမှ မနိုင်နိုင်ဘူး"

"ဒါဆို ဘယ်သူက ယွီရွှီတာအိုဆရာကြီးကို ဒဏ်ရာရအောင် လုပ်လိုက်တာလဲ။ ယွီရွှီတာအိုဆရာကြီးဆိုတာ တာအိုဂိုဏ်းက ဝါရင့် ကောင်းကင်အဆင့် တစ်ဦးလေ။ သူရဲ့ သိုင်းပညာရော၊ လက်နက်တွေရောက ထိပ်တန်းအဆင့်တွေပဲ... သာမန် ကောင်းကင်အဆင့်တွေတောင် ယှဉ်နိုင်တာ မဟုတ်ဘူး။ ဒါဆို ဘယ်သူက လုပ်လိုက်တာလဲ"

"သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုရင် အနည်းဆုံးတော့ ထိပ်သီး ကောင်းကင်အဆင့် ၅ ဦးထဲက တစ်ယောက်ယောက် ဖြစ်ရမယ်"

"ငါကတော့ တာအိုဂိုဏ်းအတွက်ပဲ စိတ်ဝင်စားတယ်။ ဒီတစ်ခါတော့ တကယ်ကို အရှက်ကွဲတာပဲ။ သူတို့ စောင့်ရှောက်တဲ့ ဧကရာဇ်လည်း အသတ်ခံရတယ်၊ လိုက်ဖမ်းတဲ့ ကောင်းကင်အဆင့်လည်း ပြင်းထန်စွာ ဒဏ်ရာရလာတယ်... အစကနေ အဆုံးထိကို အရှက်ရနေတော့တာပဲ"

"အတိအကျပဲ... ဟားဟား…"

လူအတော်များများက စတင် ရယ်မောနေကြတော့သည်။

မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းကို လှောင်ပြောင်ရမည့် အခွင့်အရေးမှာ ရှားပါးလှသည်ဖြစ်ရာ ယခုအခါတွင်တော့ သူတို့ အစွမ်းကုန် လှောင်ပြောင်နေကြတော့သည်။

အပိုင်း (၅၀၁)

မကောင်းသော ရည်ရွယ်ချက်ရှိသူများ၏ အားပေးမြှောက်ပင့်ပေးမှုတို့ကြောင့် ဤဟာသမှာ တစ်ကမ္ဘာလုံးသို့ အလျင်အမြန်ပင် ပျံ့နှံ့သွားပြီး လူအများအပြား သိရှိသွားကြတော့သည်။

တာအိုဂိုဏ်းမှာမူ သူတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယွီရွှီတာအိုဆရာကြီး ပြင်းထန်စွာ ဒဏ်ရာရရခြင်း အကြောင်းရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

သူသည် လျှို့ဝှက်နက်နဲလှသော မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့်သာ ယခုကဲ့သို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကောင်းကင်အဆင့် တစ်ဦးအနေဖြင့် မဟာကောင်းကင်အဆင့် တစ်ဦးကို ရှုံးနိမ့်ခြင်းမှာ အလွန်ပင် သဘာဝကျလှပေသည်။

ယွီရွှီတာအိုဆရာကြီးမှာ မဟာကောင်းကင်အဆင့်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းမှာလည်း မိုယုယန်သည် ထိုသိုင်းပညာရှင်နှင့် ပတ်သက်မှုရှိနေသောကြောင့် ဖြစ်သည်။ သူသည် မိုယုယန်ကို သတ်ရန် ကြိုးစားခဲ့သောကြောင့် ထိုသိုင်းပညာရှင်၏ ပစ်မှတ်ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။ မဟာကောင်းကင်အဆင့်တစ်ဦး၏ လက်ထဲမှ အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာပင် ကံကောင်းလှပြီဟု ဆိုရပေမည်။

နောက်ဆုံးပြောခဲ့သည့် စကားမှာမူ မိမိကိုယ်ကိုယ် ဂုဏ်တက်အောင် အမွှန်းတင်ထားခြင်းပင် ဖြစ်သည်။ တကယ်တမ်းတွင်မူ မိုယုယန်ကသာ တောင်းပန်မပေးခဲ့ပါက ထိုသိုင်းပညာရှင်သည် သူ့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးခဲ့မည် မဟုတ်ပေ။

သို့သော်လည်း ပြင်ပလောကကမူ ထိုအကြောင်းကို မသိကြချေ။ သူတို့ သိသည်မှာ ယခုအခါ လောကကြီးတွင် နောက်ထပ် မဟာကောင်းကင်အဆင့်တစ်ဦး ထွက်ပေါ်လာပြီဟူ၍သာ ဖြစ်သည်။

ဤသတင်းမှာ နျူကလီးယားဗုံး ပေါက်ကွဲလိုက်သကဲ့သို့ပင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"လောကကြီးထဲမှာ တကယ်ပဲ နောက်ထပ် မဟာကောင်းကင်အဆင့် တစ်ဦး ရှိနေတာလား"

"မဟာကောင်းကင်အဆင့်ဆိုတာ... ကောင်းကင်အောက်မှာ ထိပ်သီးအကျဆုံး သိုင်းပညာရှင်ပဲ၊ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ တိမ်တွေကို လွင့်စင်စေပြီး မိုးတွေကို ရွာချစေနိုင်တဲ့သူမျိုးပဲ။ ယွီရွှီတာအိုဆရာကြီးအနေနဲ့ ဒီလိုလူမျိုးကို ရှုံးတာကတော့ မဆန်းပါဘူး"

"မိုယုယန်က ပိုတိုက်ခိုက်လေ ပိုအစွမ်းထက်လာတာကို မပြောနဲ့တော့။ သူ့နောက်ကွယ်မှာ လမ်းညွှန်ပေးနေတဲ့သူ ရှိနေတာကိုး"

"ငါ့နောက်မှာသာ မဟာကောင်းကင်အဆင့်တစ်ဦး ရှိနေရင် ငါလည်း ဘယ်သူ့ကိုမှ မကြောက်ဘူးကွ"

လောကတွင် မဟာကောင်းကင်အဆင့်တစ်ဦး ထွက်ပေါ်လာခြင်းမှာ သာမန်လူများအဖို့ ပါးစပ်အဟောင်းသား ဖြစ်ရမည့် သတင်းမျိုး ဖြစ်သော်လည်း လက်ရှိ အင်အားကြီး ဂိုဏ်းအသီးသီးအတွက်မူ သတင်းတစ်ခုထက်မကဘဲ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုသိုင်းပညာရှင်မှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိသော မဟာကောင်းကင်အဆင့်တစ်ဦးဖြစ်ပြီး ကောင်းသလား ဆိုးသလားဟူသည်ကိုလည်း မည်သူမျှ မသိသောကြောင့်ပင် ဖြစ်ချေ၏။ ထိုသူသည် တစ်ချက်တည်းဖြင့် အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။

အကယ်၍ သူသာ ဆူပူသောင်းကျန်းရန် ကြံရွယ်ခဲ့ပါက မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သင်က ခံနိုင်ရည်ရှိခဲ့လျှင်ပင် သင့်နောက်ကွယ်ရှိ အင်အားစုများက ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ မဟာကောင်းကင်အဆင့်တစ်ဦး၏ ဂုဏ်သတင်းမှာ ထိုမျှအထိ ကြောက်မက်ဖွယ် ကောင်းလှသည်။

မဟာကောင်းကင်အဆင့် နှစ်ဦးအထိ ပိုင်ဆိုင်ထားသော ဗုဒ္ဓဂိုဏ်း တစ်ခုတည်းသာလျှင် ဤအခြေအနေကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပေလိမ့်မည်။

ဗုဒ္ဓဂိုဏ်း : (ー_ー)

.........

ရလဒ်အနေဖြင့် အင်အားစုအသီးသီးတို့မှာ ထိုလျှို့ဝှက်သော မဟာကောင်းကင်အဆင့်၏ နောက်ကြောင်းကို စတင် စုံစမ်းကြတော့သည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူ့ကို မိတ်ဆွေဖွဲ့ရန်၊ အနည်းဆုံးတော့ ရန်မစမိရန် သူတို့ အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်ဖြစ်သည်။

လက်ရှိ အင်အားစုများထဲတွင် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဇီလျိုလီ တစ်ဦးတည်းသာလျှင် ထိုလျှို့ဝှက်သော မဟာကောင်းကင်အဆင့်အကြောင်းကို အနည်းငယ် သိရှိထားသည်။

"ယွီရွှီကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ မဟာကောင်းကင်အဆင့်က မဟာရှနောက်ကွယ်က စီနီယာပဲ ဖြစ်ရမယ်" ဟု သူမက ခန့်မှန်းလိုက်သည်။

လောကတွင် မဟာကောင်းကင်အဆင့်ရှိ သိုင်းပညာရှင် အရေအတွက်မှာ လက်ချိုးရေ၍ ရသဖြင့် ခန့်မှန်းရန် မခက်ခဲလှပေ။ ထို့အပြင် ယွီရွှီတာအိုဆရာကြီးမှာ မဟာရှနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျားဖြူတောင်တန်းအနီးတွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်ပြီး ထိုစီနီယာမှာလည်း မဟာရှဘက်မှ လာခြင်းဖြစ်ရာ အချက်အလက်များမှာ ကွက်တိပင် ဖြစ်သည်။

"ဒါပေမဲ့ အဲ့ဒီစီနီယာက ငါထင်ထားတာထက်တောင် ပိုအစွမ်းထက်နေပါလား" ဟု ဇီလျိုလီက ရေရွတ်လိုက်သည်။

သူမသည် ထိုစီနီယာ ကိုယ်တိုင် တိုက်ခိုက်သည်ကို မမြင်ဖူးသော်လည်း သူမ၏ သူလျှိုများဆီမှ ရရှိသော သတင်းအရ စီနီယာသည် မိုယုယန်ကို လက်တစ်ချက်တည်းဖြင့် ကယ်တင်ခဲ့ပြီး နောက်ထပ် လက်တစ်ချက်ဖြင့် ယွီရွှီကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ထိုခဏ၌ မိုယုယန်က တောင်းပန်မပေးခဲ့လျှင် ထိုတာအိုဆရာကြီးအိုမှာ အသတ်ခံရသည်မှာ ကြာလှပြီ ဖြစ်သည်။

သူမသည် ယွီရွှီတာအိုဆရာကြီး၏ အစွမ်းကို ကောင်းကောင်း သိသည်။ သူသာ အစွမ်းကုန် ထုတ်သုံးခဲ့ပါက အထွတ်အထိပ် ကောင်းကင်အဆင့် ခွန်အား ရှိသည်။

မဟာကောင်းကင်အဆင့်တစ်ဦးပင်လျှင် သူ့ကို အနိုင်ယူရန် လှုပ်ရှားမှုအချို့ ပြုလုပ်ရပေလိမ့်မည်။ သို့သော် ထိုစီနီယာ၏ ရှေ့တွင်မူ သူသည် လက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ပေ။

"အဲ့ဒီစီနီယာရဲ့ ခွန်အားက တကယ်ကို နက်နဲလွန်းတယ်။ ငါတို့ဂိုဏ်းက စီနီယာတောင်... သူ့ကို နည်းနည်း ရှုံးလိမ့်မယ် ထင်တယ်။ ကံကောင်းတာက ငါတို့ မိစ္ဆာဂိုဏ်းက သူ့နဲ့ အဆက်အသွယ် ရထားပြီးသားမို့လို့ ပစ်မှတ်ထားခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး" ဟု ဇီလျိုလီက ဂုဏ်ယူစွာ တွေးလိုက်သည်။

အခြားသူများက ထိုစီနီယာကို ရှာဖွေနေဆဲအချိန်တွင် သူမတို့ကမူ အဆက်အသွယ် ရရှိထားရုံသာမက နက်နက်ရှိုင်းရှိုင်းပင် ပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်သည်။ သူတို့သည် စီးပွားရေးအရ အပြန်အလှန် ထောက်ပံ့နေကြပြီး တစ်ဦးက အတွင်းပိုင်းကိစ္စများကို စီမံကာ နောက်တစ်ဦးက ပြင်ပကိစ္စများကို ကိုင်တွယ်လျက် အလွန်ပင် ရင်းနှီးစွာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ပတ်သက်မှုအရ ဆိုလျှင်လည်း သူမ၏ တပည့်မဖြစ်သူမှာ လင်းပိုင်ဖန်၏ ရင်းနှီးသော ချစ်သူဖြစ်ပြီး သူတို့နှစ်ဦးမှာ အတူတူရှိရန် ကံပါလာပြီးသား ဖြစ်သည်။ ဤသည်မှာ အလွန်ကြီးမားသော အားသာချက်ပင် မဟုတ်ပါလား။

နောင်တွင် ဗုဒ္ဓဂိုဏ်း သို့မဟုတ် တာအိုဂိုဏ်းနှင့် ပဋိပက္ခဖြစ်လာခဲ့လျှင် ထိုစီနီယာသည် သူမတို့ဘက်က သေချာပေါက် ရပ်တည်ပေးလိမ့်မည် ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကတော့ တာအိုဂိုဏ်းနဲ့ တစ်ဖက်တည်း မရပ်တည်ဘူး"

တာအိုဂိုဏ်းက မသိဘဲနှင့် ထိုစီနီယာကို သွားရောက် ရန်စမိပုံကို တွေးမိသောအခါ ဇီလျိုလီမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ သို့သော် နောက်တစ်ခဏ၌ သူမမှာ ခေါင်းကိုက်စရာ ကိစ္စတစ်ခုကို တွေးမိသွားပြန်သည်။

"ဒါပေမဲ့ ဒီယောင်ယောင်ကတော့ တကယ်ပါပဲ။ ဒီလောက်ကြာနေပြီ ဖြစ်တာတောင် အရှင်မင်းကြီးရဲ့ စိတ်ကို အပိုင်မစီးနိုင်သေးဘူး။ ပုံမှန်ဆို သတ္တိရှိသလောက် ဒီလိုကိစ္စမျိုးကျတော့ လိပ်လိုပဲ ခေါင်းထဲဝင်နေတော့တာပဲ။ ယောင်ယောင်... နင်သာ မြန်မြန် မလုပ်ရင်တော့ ဆရာလည်း 'ဆေး' သုံးဖို့ပဲ ရှိတော့တယ်"

All Chapters