အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃) မိမိအိမ်ထောင်ရေး၊ မိမိဆုံးဖြတ်ချက်
စွန်းဝေဝေ၏ မသိစိတ်မှ မေးခွန်းထုတ်လိုက်မှုသည် သူမ၏အစ်ကို စွန်းရှင်းကို ချက်ချင်းပင် ဒေါသ ထွက်သွားစေခဲ့လေသည်...။
“မင်း ဘာကို ဆိုလိုတာလဲ...။ တို့မိသားစုမှာ ကံဆိုးမှုတွေက မလောက်ငှသေးဘူးလို့ မင်း ထင်နေတာ လား...။”
စွန်းတာ့ဖူး၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားသည်ကို မြင်သောအခါ စွန်းဝေဝေ၏ မိခင် သည် အလျင်အမြန်ပင် ဖျောင်းဖျလိုက်ရလေသည်...။
“ဝေဝေ... လျှောက်မပြောနဲ့လေ...။ တို့မိသားစုက တကယ်ကို အကျပ်အတည်းထဲရောက်နေတာ...။”
စွန်းတာ့ဖူးသည် စားပွဲကို ဒေါသတကြီး ရိုက်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်...။
“ဝေဝေ... အဖေက မင်းကို ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် ထားခဲ့တယ် မဟုတ်လား...။”
စွန်းဝေဝေသည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီးနောက် ပြောလိုက်လေသည်...၊
“ဖေဖေ... သမီး ခုနက မယဉ်ကျေးမိတာကို ခွင့်လွှတ်ပါ...။ ဖေဖေ ထင်သလို မဟုတ်ပါဘူး...။ သမီးကို ရှင်းပြခွင့်ပေးပါဦး...။”
စွန်းတာ့ဖူးသည် ဒေါသကို မနည်းထိန်းချုပ်ထားရင်း လက်ကို ခါယမ်းလိုက်လေသည်...။
“အေးပါ... ဒီအကြောင်းတွေကို ဆက်မပြောကြနဲ့တော့...။ မင်းရဲ့ အမေနဲ့အတူ သွားပြီးတော့ မင်္ဂလာ ဝတ်စုံနဲ့ အသုံးအဆောင်တွေကိုပဲ ပြင်ဆင်လိုက်ပါတော့...။ ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ...။”
ထိုသို့ပြောပြီးနောက် စွန်းတာ့ဖူးသည် အခန်းထဲမှ အပြင်သို့ လှမ်းထွက်သွားလေသည်...။ သူ ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် စွန်းဝေဝေ၏ အရေးတကြီး အော်ဟစ်သံကို နောက်ကွယ်မှ ကြားလိုက်ရလေ၏...။
“ဖေဖေ... ရွှေပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိတယ်...။”
စွန်းတာ့ဖူးသည် နေရာတွင်တင် တောင့်ခဲသွားပြီးနောက် ရုတ်တရက် ပြန်လှည့်လာကာ သိမ်းငှက်နှင့် ဝံပုလွေကဲ့သို့ စူးရှသောအကြည့်ဖြင့် စွန်းဝေဝေ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်...။
“သမီး ဘာပြောလိုက်တယ်...။”
စွန်းဝေဝေ၏ အစ်ကိုဖြစ်သူကမူ လှောင်ပြုံးတစ်ချက် ပြုံးလိုက်လေသည်...။
“ဖေဖေ... ဖေဖေက တကယ်ပဲ သူမကို ယုံနေတာလား...။ အိမ်ပြင်တောင် မထွက်ဖူးတဲ့ ကလေးမလေး က ဘာလုပ်နိုင်မှာတဲ့လဲ...။”
စွန်းတာ့ဖူး၏ စိတ်ဓာတ်မှာ ချက်ချင်းပင် ပြန်လည်ကျဆင်းသွားကာ သားဖြစ်သူ၏ စကားကို သဘောတူ ပုံရလေသည်...။
စွန်းဝေဝေသည် ခေါင်းကို မော့ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ပြောလိုက်လေသည်...။
“ဟွန့်... သမီးကို အထင်မသေးပါနဲ့...။ တကယ်လို့ သမီးက ရွှေပြဿနာကို ဖြေရှင်းနိုင်ရင်ရော...၊ သမီးနဲ့ လောင်းကြေးထပ်ရဲလား...။”
စွန်းဝေဝေ၏ အစ်ကိုက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်...။
“ဟားဟား...၊ ကောင်းပြီလေ...။ တို့တွေ လောင်းကြေးထပ်ကြတာပေါ့...။ တကယ်လို့ မင်းက တို့မိသားစုရဲ့ ရွှေပြဿနာကို ဖြေရှင်းနိုင်ပြီး ကျင့်မိသားစုနဲ့ လက်ထပ်ရမယ့်ကိစ္စကိုပါ တားဆီးနိုင် မယ်ဆိုရင်တော့၊ အဖေနဲ့ ငါက မင်းကို ထပ်ပြီး ဖိအားမပေးတော့ပါဘူး...။”
“အဲဒါတော့ မရဘူးလေ...။ တကယ်လို့ သမီးက ရွှေပြဿနာကို ဖြေရှင်းနိုင်ရင် ဒီအိမ်ထောင်ရေး ကလည်း လိုအပ်မှာ မဟုတ်တော့ဘူးလေ...။ ဒါကို ဘယ်လိုလုပ် လောင်းကြေးအဖြစ် သတ်မှတ်လို့ ရမှာလဲ...။” ဟု စွန်းဝေဝေက မကျေမနပ်ဖြင့် ပြောလိုက်လေသည်...။
စွန်းဝေဝေ၏ အစ်ကိုသည် စိတ်မရှည်စွာဖြင့် ပြောလိုက်လေ၏...။
“ကောင်းပြီလေ...။ အဲဒါဆို မင်းက ဘယ်လိုမျိုး လောင်းချင်တာလဲ...။ မင်းရဲ့ လောင်းကြေးကို ပြောစမ်း ပါဦး...။”
စွန်းဝေဝေက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်...။
“အရမ်း ရိုးရှင်းပါတယ်...။ တကယ်လို့ သမီး ရှုံးသွားရင်တော့ အဖေတို့ရဲ့ စကားကို နားထောင်ပြီး အဲဒီကောက်ကျစ်တဲ့ ကျင့်ပေါ်လီကို လိမ္မာပါးနပ်စွာနဲ့ပဲ လက်ထပ်ပါ့မယ်...။ တကယ်လို့ သမီး နိုင်သွား ရင်တော့ နောင်ကျရင် သမီးရဲ့ အိမ်ထောင်ရေးကို သမီးကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ့မယ်...။ ဘယ်သူမှ ဝင်မစွက်ဖက်ရဘူးနော်...။”
သူမ၏ ယုံကြည်မှုရှိလှသော လေသံကို ကြားရသောအခါ စွန်းတာ့ဖူး၏ မျှော်လင့်ချက်မှာ ပြန်လည် နိုးထလာခဲ့သည်...။ ထို့ကြောင့် သူက အလျင်အမြန်ပင် တိုက်တွန်းလိုက်လေ၏...။
“ကောင်းပြီလေ... မင်းပြောသလိုပဲ လုပ်ကြတာပေါ့...။ မင်းရဲ့ အစီအစဉ်ကို မြန်မြန်ပြောပြစမ်းပါဦး...။”
စွန်းဝေဝေသည် သူမ၏ အဘိုးဖြစ်သူ လီလောင်ဆန်းနှင့် ရွာလူကြီး လီခန့်ရှန်းတို့ သူမကို မှာကြား လိုက်သော စကားများကို အလျင်အမြန် ပြန်လည်ပြောပြလိုက်လေသည်...။
တောင်စောင့်နတ်မင်းကြီး တန်ခိုးပြသသည့် အကြောင်းကိုမူ သူမ မပြောပြသေးပေ...။
ခေါင်ရှန်းရွာသားများသည် တောင်ပေါ်သို့ တက်ကာ အသက်ရှင်ရန် ကြိုးစားရင်း တစ်စုံတစ်ရာနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ရွှေအချို့ ရရှိခဲ့သည်ဟုသာ သူမက ပြောလိုက်လေသည်...။
မြင်းလှည်းမောင်းသူ ဦးလေးလင်းမှာလည်း ခေါင်ရှန်းရွာထံမှ အကျိုးကျေးဇူးအချို့ ရရှိခဲ့ရုံသာမက တောင်စောင့်နတ်မင်းကြီး တန်ခိုးပြသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့သူဖြစ်ရာ လျှောက်မပြောရဲပေ...။
သာမန်လူသားများသည် နတ်ဘုရားများအပေါ် အလွန်အမင်း ရိုသေကိုးကွယ်မှု ရှိကြသည် မဟုတ်ပါ လော...။ နတ်ဘုရားများ၏ ကယ်တင်မှုနှင့် ကောင်းချီးပေးမှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများသည် ပို၍ပင် ကိုးကွယ်ကြပြီး နတ်ဘုရားများကို ကြောက်ရွံ့သဖြင့် ထိုအကြောင်းကို လျှို့ဝှက်ချက်အဖြစ်သာ သိမ်းဆည်းထားလိုကြပေသည်...။
“ဖေဖေ... ဒါပါပဲ...။ သမီးတို့တွေ နှင်းဆီပြာကျောက်တွေကို လုံလုံလောက်လောက် ပေးနိုင်ရင်၊ အခု ဖေဖေတို့တွေ ကြုံတွေ့နေရတဲ့ ရွှေပြဿနာက အလွယ်တကူ ပြေလည်သွားမှာပါ...။”
ထိုစကားကို ကြားသောအခါ စွန်းတာ့ဖူးသည် ဝမ်းသာအားရ ရယ်မောလိုက်လေသည်...။
“နှင်းဆီပြာကျောက်လား...။ ဟားဟား...၊ ဒါက ပြဿနာ မရှိပါဘူး...။ မင်း လိုချင်သလောက် ရစေရ မယ်...။”
စွန်းဝေဝေ၏ အစ်ကိုကမူ မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလာလေသည်...။
“ဝေဝေ... မင်း ငါ့ကို နောက်နေတာလား...။ အဲဒီလို ဆင်းရဲတဲ့ ခေါင်ရှန်းရွာမှာ ရွှေတွေ ရှိနိုင်လိမ့်မယ်လို့ မင်း တကယ်ပဲ ပြောနေတာလား...။”
စွန်းဝေဝေက အများကြီး ပြန်မပြောဘဲ သူမ၏ဖခင် စွန်းတာ့ဖူးကို ကြည့်ကာ ပြောလိုက်လေသည်...၊
“ဖေဖေ... ဦးလေးလင်းက သမီးနဲ့အတူ ပါသွားတာလေ...။ တကယ်လို့ ဖေဖေ သံသယရှိနေသေးရင် ဦးလေးလင်းကို ခေါ်ပြီး မေးကြည့်လိုက်ပါ...။”
စွန်းတာ့ဖူးက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်...။
“ဦးလေးလင်းက တို့စွန်းမိသားစုမှာ နေလာတာ အနှစ်နှစ်ဆယ်ကျော်ပြီပဲ...။ သူက ယုံကြည်စိတ်ချရ တဲ့သူပါ...။ သားကြီး... တကယ်လို့ မင်း မယုံရင် ဦးလေးလင်းကို သွားမေးကြည့်လိုက်လေ...။ ဝေဝေ လေးကိုတော့ တို့တွေ ယုံရမှာပဲ...။ ဒီရွှေကိစ္စကို သမီးနဲ့ ထပ်ပြီး ဆွေးနွေးရဦးမယ်...။”
စွန်းဝေဝေ၏ အစ်ကိုမှာ ဆွံ့အသွားရလေသည်...။
*ဒီအဘိုးကြီးက သူလည်းမယုံကြည်တဲ့ဟာကို ငါ့ကို ဦးလေးလင်းကိုသွား မေးခိုင်းနေတာ မဟုတ်ဘူး လား..။ ဘာလို့များ ဒီနေရာမှာ လိမ္မာယဉ်ကျေးသလိုလို၊ ဟန်ဆောင်ကောင်းနေရသေးတာလဲ...။*
သူသည် မကျေမနပ်ဖြစ်ကာ မြည်တွန်တောက်တီးနေသော်လည်း ဖခင်ဖြစ်သူ၏ အမိန့်ကို မလွန်ဆန် ရဲသဖြင့် ထွက်သွားရလေသည်...။
“ဝေဝေ... အဲဒီ ရွှေတွေရဲ့ အရည်အသွေးက ဘယ်လိုနေလဲ...။ မင်း သေသေချာချာ မြင်ခဲ့ရလား...။” ဟု စွန်းတာ့ဖူးက ရင်းနှီးသော လေသံဖြင့် မေးလိုက်လေသည်...။
စွန်းဝေဝေသည် ခဏတာ ဝေခွဲမရဖြစ်သွားပြီးမှ ပြောလိုက်လေသည်...။
“ကြည့်ရတာတော့ အတော်လေး ကောင်းပုံရပါတယ်...။ ဒါပေမဲ့ သမီးလည်း သေချာတော့ မပြောတတ် ဘူးလေ...။ သေချာ သိချင်ရင်တော့ ဆိုင်က ကျွမ်းကျင်တဲ့ ရွှေပညာရှင်ကိုပဲ ကြည့်ခိုင်းရမှာပေါ့...။”
“ရွှေပညာရှင်” ဆိုသည်မှာ ရွှေနှင့် ပတ်သက်၍ ကျွမ်းကျင်သော ပညာရှင်များကို ခေါ်ဝေါ်သော ဘွဲ့အမည် ဖြစ်ပြီး၊ ထိုနည်းတူစွာပင် ငွေနှင့် ပတ်သက်၍ ကျွမ်းကျင်သူကို “ငွေပညာရှင်” ဟု ခေါ်ဝေါ်ကြလေ သည်...။
လက်ဝတ်ရတနာ လုပ်ငန်းလုပ်ကိုင်သူများသည် တစ်နှစ်ပတ်လုံး ရွှေနှင့် ငွေများကို ကိုင်တွယ်နေရ သဖြင့် ပန်းထိမ်ဆရာများ၊ ကျောက်မျက်စီဆရာများ၊ ရွှေရောင်တင်ဆရာများနှင့် ရွှေချဆရာများ အစရှိသော ကျွမ်းကျင်ပညာရှင်များကို ငှားရမ်းထားကြသည်မှာ ဓမ္မတာပင် ဖြစ်၏...။
စွန်းတာ့ဖူးသည် လက်ခုပ်တီးကာ ပြောလိုက်လေသည်...။
“ဒါက စီစဉ်ရတာ လွယ်ပါတယ်...။ မင်းအစ်ကို ပြန်လာရင် ဦးလေးလင်းကို မြင်းလှည်းပြင်ခိုင်းလိုက် မယ်...။ ပြီးရင် တို့ဆိုင်မှာ လက်ရာအကောင်းဆုံးဖြစ်တဲ့ ဆရာကြီး ကျိုးရှန်းရှန်းကို ခေါ်ပြီး ခေါင်ရှန်း ရွာကို တစ်ခေါက် ထပ်သွားကြတာပေါ့...။”
သူသည် အောင်မြင်မှုအတွက် အလွန်အမင်း စိတ်လောသွားသည်ကို သတိပြုမိသွားသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ထပ်ပြောလိုက်လေသည်...။
“မင်းရဲ့ အဘိုးဆီကို မရောက်ဖြစ်တာလည်း ကြာပြီပဲ...။ တို့တွေ အစားအသောက်တွေနဲ့ အဝတ်အထည် တွေ ဝယ်သွားပြီး တို့ရဲ့ သိတတ်မှုကို ပြသကြတာပေါ့...။”
စွန်းဝေဝေမှာ ခေတ္တမျှ ဆွံ့အသွားရလေသည်...။ မရောက်ဖြစ်တာ ကြာပြီဆိုသည်ထက် နှစ်ပေါင်းများစွာ ရှိနေပြီဟု ဆိုရပေလိမ့်မည်...။ စွန်းတာ့ဖူး၏ စီးပွားရေးမှာ အတော်အတန် ကောင်းမွန်သော်လည်း သူ သည် မွေးရာပါ စိတ်နှလုံး အေးစက်သူတစ်ဦး ဖြစ်လေသည်...။ သို့မဟုတ်ပါက လီလောင်ဆန်းသည်
ဘေးဒုက္ခဆိုက်သည့် နှစ်အတွင်း ခေါင်ရှန်းရွာတွင် ငတ်ပြတ်ပြီး အေးစက်စွာ နေထိုင်နေရမည် မဟုတ် ပေ...။
သို့သော်လည်း စီးပွားရေးသမားတစ်ဦး၏ အမြင်တွင်မူ ဤလုပ်ငန်းနယ်ပယ်မှ လူများသည် ဤသို့ ဖြစ်တတ်သည်မှာ သာမန်ပင် ဖြစ်သည်ဟု ယူဆကြပုံရလေ၏...။
စွန်းဝေဝေ၏ မိခင်သည် အလွန်အမင်း ဝမ်းသာသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်...။
“သခင်ကြီး... ကျွန်မရော လိုက်လို့ရမလား...၊ ဖေဖေ့ကို အရမ်း သတိရနေလို့ပါ...။”
စကားက ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ စွန်းတာ့ဖူးအနေဖြင့် သဘောမတူဘဲ မနေနိုင်တော့ပေ...။ ခေါင်ရှန်းရွာမှ သမက်ဖြစ်သူသည် အကူအညီတောင်းရန် ရွာသို့ ပြန်သွားသည့်အခါ ရွာမှ ထွက်ခွာ လာခဲ့သော သမီးဖြစ်သူကို ခေါ်သွားခြင်းက အကောင်းဆုံး မဟုတ်ပါလော...။
“ရတာပေါ့...။”
စွန်းတာ့ဖူးသည် စွန်းဝေဝေ၏ မိခင်၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်လေသည်...။
စွန်းဝေဝေ၏ မိခင်၏ မျက်လုံးထဲတွင်မူ သူမသည် ကောင်းကင်နှင့် မြေကြီးကို ဦးချကာ မင်္ဂလာခန်းဝင်ခဲ့ သည့် နေ့ရက်များသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရပေသည်...။
“ကောင်းပါပြီ သခင်ကြီး....။ ကျွန်မ အခုပဲ သွားပြီး ပြင်ဆင်ထားလိုက်ပါ့မယ်...။”
ထိုသို့ပြောပြီးနောက် စွန်းဝေဝေ၏ မိခင်သည် ဝမ်းသာအားရဖြင့် ထွက်သွားတော့မည့်အချိန်တွင် မသင့်တော်သော အသံတစ်ခုက ကြားဖြတ် ထွက်ပေါ်လာခဲ့လေသည်...။
“ဝေဝေ... မင်း မေ့နေတာလား...။ ငါ့မှာ ရွှေတွေ ပါလာတယ်လေ...။ ဒါကြောင့် ရွာကို ပြန်သွားနေစရာ မလိုတော့ဘူး...။ ဟိုဟိုဒီဒီ သွားနေရတာက တကယ်ကို အလုပ်ရှုပ်လွန်းတယ်လေ...။”
လီချိန်းရှီ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ စွန်းဝေဝေ၏ မိခင်မှာ ကြောင်သွားရလေသည်..၊
“မင်းက ရွာလူကြီးရဲ့ ကျောက်တုံးလေး မဟုတ်လား...။”
“အဒေါ်...၊ ကျွန်တော်ပါပဲ...။”
လီချိန်းရှီသည် ရိုးသားစွာ ခေါင်းညိတ်လိုက်လေသည်...။
လီချိန်းရှီနှင့် စွန်းတာ့ဖူးတို့၏ စကားဝိုင်းကို ကြားရသောအခါ သူသည် လီချိန်းရှီ မည်သို့ ရုတ်တရက် ပေါ်လာသနည်းဟုပင် မမေးနိုင်တော့ပေ...။ သူက အလောတကြီး မေးလိုက်လေသည်...။
“မင်းဆီမှာ ရွှေပါလာတယ် ဟုတ်လား...။ ထုတ်စမ်းပါဦး...၊ ငါ့ကို ပြပါဦး...။”
“ဟုတ်ကဲ့...” ပြောရင်းဆိုရင်းပင် လီချိန်းရှီသည် သူ၏အိတ်ထဲတွင် အတော်ကြာအောင်
ရှာဖွေလိုက်ပြီးနောက် သေသေချာချာ ဝှက်ထားသော ရွှေတုံးကို နောက်ဆုံး၌ ရှာတွေ့သွားလေသည်...။
“ဦးလေး...၊ ဒါကို နှင်းဆီပြာကျောက် ဘယ်လောက်နဲ့ လဲလို့ရမလဲ ကြည့်ပေးပါဦး...။”
ထိုအချိန်တွင် စွန်းဝေဝေ၏ မိခင်၏ မျက်နှာပေါ်၌ ဖုံးကွယ်၍မရသော အထီးကျန်မှု အရိပ်အယောင်များ ပေါ်လာခဲ့လေသည်...။ စွန်းဝေဝေ၏ မျက်နှာတွင်မူ စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာကာ သူမ၏ နှာခေါင်းကို ရှုံ့လိုက်ပြီး မြေပြင်ကို ခြေဖြင့် ခပ်ဖွဖွ ဆောင့်လိုက်လေတော့သည်...။
အခန်း (၅၄) အလွန်အကျွံ သုံးဖြုန်းခြင်း
“ငါ့အဖေဆီကို ပြန်ပြီး တွေ့ခွင့်ရတော့မယ်လို့ ထင်ထားခဲ့တာ...။ ဒါပေမဲ့... ဟင်း...။”
စွန်းဝေဝေ၏ မိခင်သည် စိတ်မကောင်းဖြစ်သွားကာ မသိမသာ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိ လေ၏။ သမီးဆိုသည်မှာ မိခင်အတွက်တော့ အနွေးထည်လေးသဖွယ်ပင် ဖြစ်ပေသည်။ စွန်းဝေဝေ သည် သူမ၏မိခင် ခံစားနေရသည်ကို ကောင်းစွာ နားလည်လှပေသည်။ သူမသည် မိခင်ဖြစ်သူ၏ နံဘေး သို့ ချက်ချင်းပင် တိုးကပ်သွားကာ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်လိုက်လေ၏။
“မေမေ... စိတ်မကောင်း မဖြစ်ပါနဲ့...။ နောင်ကျရင် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်...။ ပြီး တော့ စိတ်မပူပါနဲ့...။ အဘိုးက အခုတလော အရမ်းကို ကျန်းမာနေပါတယ်...။”
ခေါင်ရှန်းရွာတွင် အစားအသောက်များ ပေါများနေပြီး တောင်စောင့်နတ်မင်းကြီး၏ ကောင်းချီးပေးမှုကို ခံထားရသည့်အကြောင်းကို စွန်းဝေဝေမှာ လူတိုင်းကို အော်ပြောချင်စိတ်ပင် ပေါက်နေမိတော့သည်။
စွန်းဝေဝေ၏ မိခင်သည် သမီးဖြစ်သူ၏ လက်ကို ခပ်ဖွဖွပုတ်ကာ စိုးရိမ်စရာမရှိကြောင်း အချက်ပြလိုက် သော်လည်း သူမ၏ ရင်ထဲတွင်မူ ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေချေတော့၏။ ဤကဲ့သို့သော ခံစားချက်မျိုး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် အဆုံးမရှိ ပြန့်နှံ့သွားတတ်ပေသည်။
စွန်းမိသားစုကဲ့သို့ အသင့်အတင့် ချမ်းသာသော မိသားစုများတွင် ခိုင်းစေရန် အစေခံနှင့် အစေခံမိန်း ကလေး အနည်းငယ်သာ ရှိကြလေသည်။ ငွေပန်းထိမ်ဆိုင်တွင် ဆရာကြီးများ၊ အစေခံများနှင့် တပည့် များစွာ ရှိသော်လည်း ၎င်းတို့မှာ လုပ်ငန်းကိစ္စနှင့် သက်ဆိုင်သဖြင့် အိမ်သို့ ခေါ်လာလေ့ မရှိပေ။
အိမ်တွင်း၌မူ မယားငယ်များ၏ အဆင့်အတန်းမှာ အစေခံများနှင့် အတူတူပင် ဖြစ်ကာ အနည်းငယ်မျှ သာ ပို၍ မြင့်မားပေသည်။ ထို့ကြောင့် ၎င်းတို့သည် အိမ်မှုကိစ္စ အဝဝကို ကိုယ်တိုင် လုပ်ဆောင်ကြရပြီး မယားကြီးကဲ့သို့ လွတ်လပ်ခွင့်မျိုးနှင့်မူ များစွာ ဝေးကွာလှပေသည်။
မယားကြီး၏ ခွင့်ပြုချက်ဖြင့် တစ်နှစ်လျှင် တစ်ကြိမ် မိဘအိမ်သို့ ပြန်ခွင့်ရခြင်းမှာပင် ကြီးမားလှသော ကောင်းချီးတစ်ခုဟု မှတ်ယူကြရလေသည်။
လီလောင်ဆန်း ကျန်းမာနေသည်ဟူသော စွန်းဝေဝေ၏ စကားကိုမူ စွန်းဝေဝေ၏ မိခင်က လုံးဝ မယုံ ကြည်ပေ။ ခေါင်ရှန်းရွာသည် မကြာသေးမီ နှစ်များအတွင်း ဆုတ်ယုတ်နေခဲ့သည် မဟုတ်ပါလော။ သမီး ဖြစ်သူမှာ သူမကို စိတ်သက်သာရာရစေရန်အတွက်သာ ထိုသို့ ပြောနေခြင်းဟု သူမက ထင်မှတ် နေခဲ့ ပေသည်။
မိခင်ဖြစ်သူ၏ စိတ်မကြည်မလင် ဖြစ်နေသည်ကို မြင်သောအခါ စွန်းဝေဝေသည် နှာခေါင်းရှုံ့လိုက်ပြီး အူကြောင်ကြောင် ပြုံးနေသော လီချိန်းရှီကို မကျေမနပ် ကြည့်လိုက်မိလေသည်။
မိန်းကလေးငယ်သည် သူမ၏ စိတ်ထဲမှနေ၍ မကျေမနပ် ရေရွတ်နေမိသည်။
*ဒီကျောက်တုံးအစ်ကိုကတော့လေ...။ အချိန်အခါမဟုတ် ထွက်လာပြီးတော့ အမေ့ရဲ့ ရွာပြန်ခရီးကို ဖျက်ဆီးလိုက်ရုံတင်မကဘူး...။ အဖေကလည်း သူ့ကို နှိမ်ပြီး ဈေးဆစ်တော့မှာပဲ...။*
အမှန်တကယ်ပင် စွန်းတာ့ဖူးသည် လီချိန်းရှီ ကမ်းပေးလိုက်သော လက်သီးဆုပ်ခန့်ရှိသော ရွှေတုံးကို သေချာစွာ စစ်ဆေးနေချေပြီ။ သူသည် ပထမဦးစွာ ဝမ်းသာအားရ ဖြစ်သွားပြီးနောက် အနီးကပ် သေချာ ကြည့်ကာ သွားဖြင့်ကိုက်၍ အသံကို နားထောင်လိုက်ပြန်လေ၏။
နောက်ဆုံးတွင် သူ၏ မျက်လုံးများမှာ ခေတ္တမျှ လည်သွားပြီးနောက် နှမြောတသဟန်ဖြင့် ပြောလိုက် လေသည်။
“နှမြောစရာပဲ...၊ ဒီရွှေတုံးရဲ့ အရည်အသွေးက သာမန်ပဲ ရှိတာပဲ...။ ငါ့ဆိုင်က ဒုတိယတန်းစား ရွှေတွေ ထက် နည်းနည်းပဲ သာတာ...။ ဒါကို နှင်းဆီပြာကျောက်နဲ့ လဲမယ်ဆိုရင် မင်းရဲ့ ခေါင်းတစ်ဝက်လောက်ပဲ တန်ဖိုးရှိမှာ...။”
ထိုစကားကို ကြားသောအခါ လီချိန်းရှီက တဟဲဟဲ ရယ်မောလိုက်ပြီး ရိုးသားစွာ ပြောလိုက်လေသည်။
“ဦးလေးက ဝေဝေရဲ့ အဖေပဲ...။ ဦးလေးက ကျွန်တော့်ကို လိမ်မှာ မဟုတ်ပါဘူး...။ ဒါကြောင့် ဦးလေး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...။”
စွန်းဝေဝေသည် သူမ၏ဖခင်နှင့် လီချိန်းရှီကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိလေ ၏။
*ဘုရားရေ... ဒါက တကယ့်ကို ရက်စက်လွန်းတာပဲ...။*
*နှင်းဆီပြာကျောက်ရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ... ။ ရွှေရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ...။*
*ဒုတိယတန်းစား ရွှေဆိုရင်တောင် ဝယ်ယူနိုင်စွမ်းက ဤမျှအထိတော့ မနည်းသင့်ဘူး မဟုတ်လား...။*
ထို့အပြင် စွန်းဝေဝေသည် ရွှေပညာရှင် မဟုတ်သော်လည်း ပညာရှင် မိသားစုတွင် မွေးဖွားလာသူဖြစ်ရာ အနည်းဆုံးတော့ အဆင့်အတန်းတစ်ခုကို ခွဲခြားနိုင်စွမ်း ရှိပေသည်။ ဤကဲ့သို့သော အရောင်အသွေးနှင့် အထိအတွေ့ရှိသည့် ရွှေမျိုးမှာ ဆိုင်ရှိ ပထမတန်းစား ရွှေများထက်ပင် သာလွန်နိုင်သလို အနည်းဆုံး တော့ အဆင့်နိမ့် ပထမတန်းစား ရွှေမျိုး ဖြစ်ရပေမည်။ ဒုတိယတန်းစား ရွှေနှင့်မူ များစွာ ကွာခြားလှပေ သည်။
စွန်းဝေဝေသည် သူမ၏ဖခင်အပေါ် မကျေမနပ် ဖြစ်နေမိသည်။
*ကျောက်တုံးအစ်ကိုက ဖေဖေကို ဤမျှ ယုံကြည်နေတာကို၊ ဖေဖေက သူ့ကို အရူးတစ်ယောက်လို သဘောထားနေတာလား...။*
လီချိန်းရှီ၏ ရိုးသားလှသော အမူအရာနှင့် စစ်မှန်သော အပြုံးကို မြင်သောအခါ စွန်းတာ့ဖူးသည် အနည်းငယ် ရှက်သွားမိပြီး ဟန်ဆောင်ကာ ပြောလိုက်လေ၏။
“ဒါပေါ့...။ ငါက မင်းရဲ့ ဦးလေးလည်း ဖြစ်တယ်၊ လူကြီးတစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ မင်းကို မတရား မလုပ်ပါဘူး...။ ဒီလို လုပ်ကြတာပေါ့...၊ မင်းအတွက် ဈေးကို နှစ်ဆတိုးပေးမယ်...၊ ဒီရွှေတုံးကို မင်းနဲ့ အရွယ်အစားတူတဲ့ နှင်းဆီပြာကျောက် အဆင်တန်ဆာတစ်ခုနဲ့ လဲပေးမယ်...။”
ထိုစကားကို ကြားရသောအခါ လီချိန်းရှီမှာ ပို၍ပင် ဝမ်းသာသွားရလေသည်။
*တကယ်လို့ တောင်စောင့်နတ်မင်းကြီးသာ ဒီလောက်ကြီးမားတဲ့ နှင်းဆီပြာကျောက်ကြီးကို ရတာသိ သွားရင် တကယ်ကို ပျော်သွားမှာပဲ...။ တို့တွေကိုတောင် ချီးကျူးစကား ပြောဦးမလား မသိဘူး...။
စွန်းဝေဝေသည် ဒေါသတကြီး လှမ်းလာပြီးနောက် မပြောဘဲ မနေနိုင်တော့ပေ။
“ဖေဖေ... ဒီလို မလုပ်ပါနဲ့...။ ဈေးကို ထပ်တိုးပေးရမယ်...။”
စွန်းတာ့ဖူး၏ မျက်နှာမှာ ညိုမှောင်သွားပြီး မကျေမနပ် ဖြစ်သွားခဲ့လေ၏။ သူ၏ အစောပိုင်း ကမ်းလှမ်း ချက်မှာ စီးပွားရေးသမားတစ်ဦး၏ မသိစိတ်အရ ဈေးနှိမ်ရန် ကြိုးပမ်းခြင်းသာ ဖြစ်ပြီး တစ်ဖက်လူက ပြန်လည် ဈေးဆစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းသာဖြစ်ချေသည်။
သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ လီချိန်းရှီသည် ဈေးဆစ်ရန် စိတ်ကူးပင် မရှိဘဲ သူ၏ ကမ်းလှမ်းချက်ကို ချက်ချင်းပင် လက်ခံလိုက်ခြင်း ဖြစ်ပေသည်။ ဤအရောင်းအဝယ်မှာ တကယ့်ကို လွယ်ကူလှပေသည်...။
လီချိန်းရှီ၏ ရက်ရောမှုမှာ သူ၏ ကိုယ်ပိုင် ဖြုန်းတီးတတ်သော သားဖြစ်သူပင် လိုက်၍ မီနိုင်ပါ့မည် လား...။
ဤကဲ့သို့သော သုံးဖြုန်းမှုမျိုးမှာ တကယ့်ကို အလွန်အကျွံ ဖြစ်နေသည် မဟုတ်ပါလော...။
စွန်းတာ့ဖူးသည် ဈေးနှိမ်လွန်းမိသဖြင့် အားနာသွားကာ ဈေးကို အနည်းငယ် တိုးပေးရန် ကမ်းလှမ်းခဲ့ ခြင်း ဖြစ်ပေသည်။ ကံကောင်းထောက်မစွာဖြင့် လီချိန်းရှီက ဘာမှ ထပ်မပြောဘဲ သူ၏စေတနာကို လက်ခံခဲ့ရာ ဤသည်မှာ လူတိုင်းအတွက် ပျော်ရွှင်စရာပင် မဟုတ်ပါလော။
မထင်မှတ်ဘဲ သူ၏သမီးဖြစ်သူက မသင့်တော်သော အချိန်တွင် ဝင်ပြောလိုက်သဖြင့် သူ့ကို နှလုံး သားမရှိသော စီးပွားရေးသမားတစ်ဦးအဖြစ် ပေါ်လွင်စေခဲ့ပြီဖြစ်ချေ၏။
စီးပွားရေးသမားတိုင်းမှာ ကောက်ကျစ်သည့် ဘက်ရှိတတ်ကြသည်မှာ မှန်ကန်လှသည် မဟုတ်ပါလော။ သူက စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး အလှူရှင်တစ်ဦး မဟုတ်ပေ။
*ငါ စွန်းတာ့ဖူးက ငါ့မိသားစုကို ကျွေးမွေးဖို့နဲ့ ဘဝကို မြှင့်တင်ဖို့ ပိုက်ဆံရှာနေတာပဲ... အဲဒါ ဘာမှား လို့လဲ...။ ဒီကလေးမလေးကလည်း ငါ စွန်းတာ့ဖူး ရှာထားတဲ့ ပိုက်ဆံတွေကို အများကြီး သုံးထားတာပဲ လေ...။*
ထိုသို့ တွေးမိသည်နှင့် စွန်းတာ့ဖူးသည် ပို၍ပင် ဒေါသထွက်လာကာ စွန်းဝေဝေကို မကျေမနပ် ကြည့်၍ ပြောလိုက်လေသည်။
“မင်းကတော့လေ...၊ ဘာတွေ လျှောက်ပြောနေတာလဲ...။ တို့တွေ စီးပွားရေးလုပ်တဲ့အခါ ဝင်မပြော ရဘူးလို့ မင်းတို့ကို ငယ်ငယ်ကတည်းက မှာထားတာ မေ့သွားပြီလား...။”
စွန်းဝေဝေသည် မျက်မှောင်ကြုတ်လိုက်ပြီး အလောတကြီး ပြောလိုက်လေသည်။
“ဖေဖေ... သမီး လိမ်ပြောနေတာ မဟုတ်ပါဘူး...။ ကျောက်တုံးအစ်ကို့ဆီမှာ ဒီလောက်ပဲ ရှိတာ မဟုတ် ဘူး...။ ရွာထဲမှာ အများကြီး ကျန်သေးတယ်...။ ပြီးတော့ အရည်အသွေးကလည်း ဒီထက် အများကြီး ပိုကောင်းတယ်...။ သမီးတို့တွေဘက်က စစ်မှန်တဲ့ စေတနာကို ပြမှ ကျောက်တုံးအစ်ကိုက ရွာကို ပြန်ပြောပြ နိုင်မှာလေ...။ ဒါမှ ရွာသားတွေက သမီးတို့တွေနဲ့ ဒီရွှေလုပ်ငန်းကို စိတ်အေးလက်အေး ဆက်လုပ်နိုင်မှာပေါ့...။”
အမှန်စင်စစ်တွင် ရွာရှိ ရွှေနှင့် လီချိန်းရှီ၏လက်ထဲရှိ ရွှေမှာ အရည်အသွေး အတူတူပင် ဖြစ်သည်ကို စွန်းဝေဝေ သိရှိပြီးသား ဖြစ်ချေ၏။ သူမ ထိုသို့ ပြောလိုက်ခြင်းမှာ ဖခင်ဖြစ်သူအတွက် လမ်းစတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပြီး နောက်ပိုင်းတွင် စွန်းတာ့ဖူးအနေဖြင့် သူ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင် ရန်အတွက် ဖြစ်လေသည်။
ထိုစကားကို ကြားရသောအခါ စွန်းတာ့ဖူး၏ မျက်လုံးများမှာ အံ့အားသင့်ကာ ပြူးကျယ်သွားရလေ တော့၏။
စွန်းဝေဝေက ခေါင်ရှန်းရွာတွင် ရွှေအချို့ကို မတော်တဆ ရရှိခဲ့သည်ဟုသာ ဆိုခဲ့သည် မဟုတ်ပါလော။ စွန်းတာ့ဖူး၏ အမြင်တွင်မူ လီချိန်းရှီ ထုတ်ပြလိုက်သော လက်သီးဆုပ်ခန့်ရှိသော ရွှေတုံးမှာပင် အတော် အတန် များပြားနေချေပြီဖြစ်၏။
ရွှေသည် အခြားသော သတ္တုများထက် ပို၍ လေးလံလှပေသည်...။ လက်သီးဆုပ်ခန့် အရွယ်အစားရှိ သော အရာတစ်ခုမှာ အနည်းဆုံး လေးငါးကျင်းခန့် လေးပေလိမ့်မည်။ မဟာကျင့်မင်းဆက်၏ အလေး ချိန် သတ်မှတ်ချက်မှာ တစ်ကျင်းလျှင် (၁၆) လျန် ရှိသော စနစ်အပေါ်တွင် အခြေခံထားပေသည်။
လီချိန်းရှီ၏ လက်သီးဆုပ်ခန့်ရှိသော ရွှေတုံးကို သေသေချာချာ တွက်ချက်မည်ဆိုလျှင် အနည်းဆုံး (၇၀) လျန် ခန့် ရှိမည်ဖြစ်ကာ ဤအမှာစာရှိ ရွှေလက်ဝတ်ရတနာများနှင့် အသုံးအဆောင် အများစုကိုပင် လောက်ငှနေချေပြီဖြစ်၏။
ဤသည်မှာ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်၏ လက်ရှိ အကျပ်အတည်းကို ကျော်လွှားရန် လုံလောက် သည်ထက်ပင် ပိုနေချေပြီဖြစ်လေ၏။
*ငါ့တို့သာ လက်ရှိ အခက်အခဲကို ကျော်ဖြတ်နိုင်ရင် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က ဆက်လက် ရပ် တည်နိုင်မှာပဲ….၊စွန်းမိသားစုအနေနဲ့လည်း ပြန်လည် ထွန်းကားလာမယ့် အခွင့်အရေးတွေပါ ရှိနေသေး တယ်...။*
ဤကဲ့သို့သော အခြေအနေမျိုးတွင် အရင်းအနှီးအချို့ကို သိမ်းဆည်းထားနိုင်ခြင်းက အမြဲတမ်း ကောင်း မွန်လှပေသည်။ ထို့ကြောင့် စွန်းတာ့ဖူးက ဤသည်မှာ တစ်ကြိမ်တည်းသာ လုပ်ရမည့် အရောင်းအဝယ် ဖြစ်သဖြင့် ဈေးအနည်းငယ် နှိမ်ထားခြင်းမှာ ပြဿနာမရှိဟု ထင်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် မထင်မှတ်ဘဲ သူ၏သမီးဖြစ်သူက ခေါင်ရှန်းရွာတွင် ပို၍များပြားသော ရွှေများ ရှိနေသေး သည်ဟု ပြောလိုက်ခြင်းမှာ စွန်းတာ့ဖူးကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်ပင်။
“ရွာထဲမှာ ရွှေတွေ ဘယ်လောက်တောင် ကျန်သေးတာလဲ...။” ဟု စွန်းတာ့ဖူးက မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်လေ၏။
“ဒီလောက်လောက် ရှိမယ်ဗျ...။”
လီချိန်းရှီသည် ခန်းမထဲရှိ ကြီးမားခိုင်ခံ့သော ဝိုင်းစားပွဲကြီးကို ကြည့်ကာ လမ်းလျှောက်သွားပြီး ၎င်း၏ အရွယ်အစားအတိုင်း လက်ဟန်ပြလိုက်လေသည်။
“ဘာ...။ မင်း တကယ် ပြောနေတာလား...။”
စွန်းတာ့ဖူးမှာ လုံးဝ ဆွံ့အသွားရတော့၏။ ထိုမျှလောက်သော ရွှေများဆိုလျှင် စွန်းမိသားစု ငွေပန်းထိမ် ဆိုင် တစ်ခုလုံးကို ရောင်းလိုက်လျှင်ပင် အားလုံးကို ဝယ်ယူနိုင်ရန် လောက်ငှမည် မဟုတ်ပေ။
“အမှန်ပါပဲ...။ ဒါပေမဲ့ အလယ်မှာတော့ အခေါင်းကြီး ဖြစ်နေတာဗျ...။ စားပွဲတင်ခုံရဲ့ အလယ်ကို ထွင်းထုတ်လိုက်သလိုမျိုးပေါ့...။ လက်ဝါးနှစ်ဖက်စာလောက်ပဲ အနားသတ် ကျန်နေတာပါ...။”
ထိုစကားကို ကြားသောအခါ စွန်းတာ့ဖူးသည် အနည်းငယ် စိတ်အေးသွားသော်လည်း မသိစိတ်အရ တံတွေးတစ်ချက်ကို ခပ်ပြင်းပြင်း မျိုချလိုက်မိ၏။ ဤသည်မှာပင် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်း နေချေပြီဖြစ်၏။
*ခေါင်ရှန်းရွာက လူတွေမှာ ဘယ်လိုတောင် ကံကောင်းမှုမျိုး ရှိနေကြတာလဲ...။ ခွေးချီးတွေ တန်နဲ့ချီပြီး နင်းမိထားလို့လား...။*
*ဒီရွှေရောင်းဝယ်ခွင့်ကို ငါ သေချာ ထိန်းချုပ်နိုင်မယ့် နည်းလမ်း ရှာရမယ်...။ စွန်းမိသားစု ပြန်လည် ထွန်းကားဖို့က ဒီလောင်းကြေးအပေါ်မှာ မူတည်နေပြီ...။ ဒါကိုသာ လောင်းလိုက်ရင် စက်ဘီးကနေ မော်တော်ဆိုင်ကယ် ဖြစ်သွားနိုင်တာပဲ...။*
ထိုသို့ တွေးမိသည်နှင့် စွန်းတာ့ဖူး၏ မျက်နှာပေါ်တွင် နွေးထွေးသော အမူအရာများ ပြန်လည် ပေါ်ပေါက် လာလေတော့သည်။
ထိုအချိန်မှာပင် ရွှီပေါ်အန်းက ဘွန်ဆိုင်းဧရိယာအတွင်း တည်ဆောက်ထားသော ခိုင်ခံ့လှသော မြို့ရိုး ကြီး၏ အပြင်ဘက်တွင်...။ မျက်လုံးတစ်ဖက်တွင် အကာအကွယ်တပ်ထားသော မျက်လုံးတစ်ဖက်လပ် လူတစ်ယောက်သည်လည်း စွန်းတာ့ဖူးနှင့် ဆင်တူလှသော အပြုံးမျိုးကို ပြုံးနေခဲ့လေ၏။
“ဟားဟား...။ ညီအစ်ကိုတို့...၊ တို့တွေ ချမ်းသာဖို့ အလှည့်ရောက်ပြီ...။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တို့တွေ ရွှေနဲ့ ငွေအမှာစာတွေကို ဓားပြတိုက်ခဲ့ကြတယ်လေ...။ ဒီနေ့တော့ တို့တွေ ကောင်းကောင်း မွန်မွန် စားသောက်ကြရမယ့် အလှည့်ပဲ...။ အားလုံး ဒီမှာပဲ အိပ်လိုက်ကြ...။ ဒီည တို့တွေ အပြင်ထွက်တဲ့ အခါ ဘယ်သူမှ ငါ့ကို စိတ်ပျက်အောင် မလုပ်ကြနဲ့နော်...။”
သေသေချာချာ ကြည့်မည်ဆိုလျှင် ဤလူမှာ စွန်းတာ့ဖူးနှင့် တကယ့်ကိုပင် ရုပ်ချင်း ဆင်တူနေချေတော့ သည်။