← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 8 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 8 Ch. 101-102

အပိုင်း(၁၀၁)

ကောင်းကင်ကြီး မှောင်မိုက်လာသောအခါ တကယ်ပင် လျိုပေါ်ချင် သည် သူ၏ထံသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

ထိုနေ့အတွက် ကံကောင်းသည်ဟု ဆိုရမည်လားမသိ လျိုပေါ်ချင် သည် ပေါင်ငါးဆယ်ခန့် အလေးချိန်ရှိသော တောဝက်တစ်ကောင်ကို ထမ်းလာခဲ့ပြီး လက်ဗလာမဟုတ်ဘဲ ပြည့်စုံစွာဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်မှာ သိသာလှပေသည်။

"အာ... ဆရာတော်... ဘာ... ဘာလုပ်နေတာလဲ..."

ကျန်းလျို ပြန်လှည့်လာသည်ကို မြင်သောအခါ လျိုပေါ်ချင် သည် ခေတ္တမျှ မှင်တက်သွားပြီး အံ့သြတကြီး မေးလိုက်သည်။

မနက်စောစောက သူ အလျင်စလို ထွက်သွားသည်ကို မြင်လိုက်ရသည်မဟုတ်ပါလော။ အဘယ်ကြောင့်များ နေဝင်ချိန်ကျမှ ပြန်ရောက်လာရသနည်း။

"ဒကာကြီး လျို… ဒကာကြီးကို တောင်စောင့်စစ်သူကြီး လို့ လူသိများတယ်ဆိုတော့… ဒီဒေသကို အတော်လေး ရင်းနှီးကျွမ်းဝင်မှာပဲနော်..."

ကျန်းလျို သည် ကိုယ်ဟန်ကို မတ်မတ်ထားလိုက်ပြီး လက်အုပ်ချီကာ အရိုအသေပေးပြီးနောက် မေးလိုက်သည်။

"ဆရာတော့်ကို တပည့်တော် မလိမ်ရဲပါဘူး… တပည့်တော် ဒီမှာနေလာတာ ဆယ်စုနှစ်ချီနေပါပြီ... မိုင်ဆယ်ဂဏန်း ပတ်လည်လောက်မှာဆိုရင် သစ်ပင်တိုင်းရဲ့ နေရာကိုတောင် တပည့်တော် မှတ်မိတယ်..."

လျိုပေါ်ချင် က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

"ဒါဆိုလည်း ကောင်းတာပေါ့..."

လျိုပေါ်ချင် ၏ အဖြေကို ကြားသောအခါ ကျန်းလျို သည် ခေါင်းညိတ်လိုက်ပြီး ဒြပ်စင်ငါးပါးတောင် ဘက်သို့ လှည့်ကာ လက်ညှိုးထိုးပြလိုက်သည်။

"ရှေ့က နှစ်ဘုံနယ်ခြားတောင် ရဲ့ အောက်မှာ မျောက်တစ်ကောင်ကို ဖိနှိပ်ထားတယ် ဆိုတဲ့ ကောလာဟလတစ်ခု ရှိတယ်... အဲဒီအကြောင်း ဒကာကြီး သိလား..."

"သိတာပေါ့... တပည့်တော်တောင် အကြိမ်ပေါင်းများစွာ မြင်ဖူးသေးတယ်..."

လျိုပေါ်ချင် က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"အဲဒီမျောက်က ဘယ်နေရာမှာ အတိအကျ အဖိနှိပ်ခံထားရတာလဲ ဆိုတာ ဒကာကြီး သိလား... ဘုန်းကြီးက ဒီထူးဆန်းတဲ့ အကြောင်းကို ကြားဖူးလို့ သွားကြည့်ချင်တာ… တစ်နေ့လုံး လိုက်ရှာနေတာတောင် မတွေ့ခဲ့ဘူး..."

လျိုပေါ်ချင် ၏ အဖြေကို ကြားပြီးနောက် ကျန်းလျို က ထပ်မံမေးမြန်းလိုက်သည်။

"ဒါတော့ မဖြစ်နိုင်ပါဘူး... တပည့်တော် မှတ်မိသလောက်ဆိုရင် အဲဒီမျောက်က တစ်နေရာတည်းမှာပဲ အမြဲတမ်း အဖိနှိပ်ခံနေရတာပါ... ဒီနေရာမှာ ရှိနေခဲ့တာ မျိုးဆက်ပေါင်းများစွာ ကြာနေပြီလို့တောင် ပြောကြတယ်..."

လျိုပေါ်ချင် ၏ အဖြေက ကျန်းလျို ကို အံ့အားသင့်သွားစေခဲ့သည်။

ခေတ္တမျှ တွေးတောပြီးနောက် လျိုပေါ်ချင် က ပြောလိုက်သည်။

"ဆရာတော်… ဒီနေ့လည်း မိုးချုပ်နေပြီ… ညဘက်ဆိုရင် အဆိပ်ပြင်းတဲ့ ပိုးမွှားတွေနဲ့ သားရဲတိရစ္ဆာန်တွေ အများကြီး ရှိတယ်… ဆက်သွားမယ့်အစား ဒီည တပည့်တော်ရဲ့ တဲအိမ်လေးမှာ အနားယူလိုက်တာက ပိုမကောင်းဘူးလား… မနက်ဖြန် မနက်စောစောကျမှ တပည့်တော်ကိုယ်တိုင် ဆရာတော့်ကို အဲဒီမျောက်ဆီ လိုက်ပို့ပေးပါ့မယ်..."

ကောင်းကင်ကြီး မှောင်မိုက်လာပြီး တောင်တက်လမ်းများလည်း သွားရလာရ ခက်ခဲလာမည်ကို ထည့်သွင်းစဉ်းစားကာ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ကျန်းလျို သည် ခေါင်းညိတ်လိုက်သည်။

"ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဒကာကြီး..."

စကားပြောဆိုပြီးနောက် ကျန်းလျို ၏ စိတ်ထဲတွင် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရတော့သည်။

စွန်ဝူခုန်း က တကယ်ပဲ ဘယ်ချောင်ကို ရောက်သွားသနည်း။ အခြားသူတွေ အားလုံးက သိနေကြပုံရပြီး အဘယ်ကြောင့် သူကိုယ်တိုင်ကျမှ ရှာမတွေ့ရသနည်း။

လျိုပေါ်ချင်သည် တောင်ပေါ်တက်၍ အမဲလိုက်ခြင်းအပြင် သူ၏ အိမ်ဘေးတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းငယ်လေး တစ်ခုကိုလည်း ရှင်းလင်းစိုက်ပျိုးထားရာ ဟင်းသီးဟင်းရွက် အတော်များများသည် အတော်လေး ဖြစ်ထွန်းနေပုံရလေသည်။

"ဆရာတော်… ခဏလောက် အနားယူပြီး ရေသောက်ပါဦး... တပည့်တော် ဆရာတော့်အတွက် သက်သတ်လွတ်ဟင်းလျာ သွားပြင်ဆင်ပေးပါ့မယ်..."

လျိုပေါ်ချင် သည် ကျန်းလျို အား ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် နွေးထွေးစွာ ပြောလိုက်သည်။

"နေပါဦး ဒကာကြီး လျို… ဘုန်းကြီးက ဟင်းချက်တဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တယ်… ဒါကြောင့် ဒီနေ့တော့ ဘုန်းကြီးကိုပဲ စီစဉ်ခွင့်ပြုပါ... ဒကာကြီးက အဲဒီတောဝက်ကိုသာ သန့်ရှင်းနေအောင် သွားကိုင်လိုက်ပါ..."

လျိုပေါ်ချင် ၏ စကားကို ကြားသောအခါ ကျန်းလျို က ကြားဖြတ်ပြောလိုက်သည်။

ထိုခေတ် မဟာထန် မင်းဆက်ကာလတွင် ဟင်းချက်နည်းများမှာ အတော်လေး ရိုးရှင်းလှပြီး ကင်ခြင်း၊ ပြုတ်ခြင်း သို့မဟုတ် ပေါင်းခြင်းတို့သာ ရှိကာ အခြားသော ဟင်းချက်နည်းပညာများ မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ဆီသတ်ကြော်လှော်သည့် ဟင်းလျာများကို စားသားကျနေသော ကျန်းလျို အတွက်မူ အတော်လေး အားမလိုအားမရ ဖြစ်နေခဲ့လေသည်။

သူသည် ဧည့်သည်အဖြစ် တည်းခိုနေရပြီး စွန်ဝူခုန်း ကို ရှာဖွေရာတွင် အကူအညီတောင်းနေရသူဖြစ်ရာ လျိုပေါ်ချင် အား သူ၏ လက်ရာကို မြည်းစမ်းခွင့်ပေးရန် ဟင်းချက်စွမ်းရည် ပြသရမည်ကို ကျန်းလျို ဝန်မလေးခဲ့ပေ။

"ဗျာ... ဆရာတော် ပြောချင်တာက… ဒီတောဝက်ကို..."

ကျန်းလျို ၏ စကားကြောင့် လျိုပေါ်ချင် မှာ နားမလည်နိုင်စွာဖြင့် ခေတ္တရပ်တန့်သွားလေသည်။

ဘုန်းကြီးများဆိုသည်မှာ သက်သတ်လွတ် စားသုံးကြသည် မဟုတ်ပါလော။

"ဒကာကြီး လျို… သွားလုပ်စရာရှိတာ သွားလုပ်ပါ… ဘုန်းကြီးက အသားရှောင်တဲ့သူ မဟုတ်ပါဘူး..."

လျိုပေါ်ချင် ၏ အံ့သြနေသော မျက်နှာကို မြင်သောအခါ ကျန်းလျို က အပြုံးလေးဖြင့် ပြောလိုက်သည်။

လျိုပေါ်ချင် သည် တောဝက်ကို သန့်စင်ရန် ထွက်သွားပြီး ကျန်းလျို ကမူ အပြင်ဘက်တွင် မီးဖိုတစ်ခု ဖိုလိုက်ကာ သူ၏ သိုလှောင် နေရာလွတ်ထဲမှ ဒယ်အိုးတစ်လုံးကို ထုတ်ယူလိုက်လေသည်။

ရှည်လျားလှသော အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း တွင် သိုလှောင် နေရာလွတ် ကဲ့သို့သော အရာမျိုး ပါရှိနေသောကြောင့် သူ သယ်ယူနိုင်သမျှ အဝတ်အစားများ၊ ငွေများနှင့် ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များကိုပင် သယ်ဆောင်လာခဲ့လေသည်။

ဤဒယ်အိုးကို ကျန်းလျို သည် ချန်အန်းမြို့တော် တွင် ရှိနေစဉ်က လက်မှုပညာရှင် တစ်ဦးအား အထူးမှာယူပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။

မကြာမီမှာပင် လျိုပေါ်ချင် သည် တောဝက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်သန့်စင်ပြီးစီးသွားပြီး ကျန်းလျို က အဆီတုံးကြီးတစ်တုံးကို ဖြတ်ယူလိုက်သည်။

အဆီတုံးကို ပါးပါးလှီးကာ ဝက်ဆီထုတ်ရန် ဒယ်အိုးထဲသို့ ထည့်လိုက်လေသည်။

ဟင်းကြော်ရာတွင် ဆီသည် မရှိမဖြစ် လိုအပ်သည်မှာ သဘာဝပင်ဖြစ်သည်။ ဟင်းသီးဟင်းရွက်ဆီ မရှိသောကြောင့် ဝက်ဆီတုံးမှ တိရစ္ဆာန်အဆီကို ထုတ်ယူရခြင်း ဖြစ်လေသည်။

ဒယ်အိုးထဲတွင် အဆီများ ကြုံ့ဝင်သွားသည်နှင့်အမျှ၊ အဆီတုံးထဲမှ ဆီများအားလုံး ထွက်လာပြီး စွဲမက်ဖွယ်ကောင်းသော ဝက်ဆီနံ့သင်းသင်းလေး ထွက်ပေါ်လာသည်။ လျိုပေါ်ချင် မှာ နှာခေါင်းကို အကြိမ်ကြိမ် ရှုံ့ကာ နှုတ်ခမ်းသပ်မိသည်အထိပင် ဖြစ်သွားရလေသည်။

အနံ့က အလွန်မွှေးပျံ့နေသည်။

အချိန်တိုအတွင်းမှာပင် ကျန်းလျို သည် တရုတ်မုန်ညင်းဖြူနှင့် တောဝက်သားနှပ် အိုးကြီးတစ်အိုးကို ချက်ပြုတ်ပြီးစီးသွားခဲ့သည်။ အသားဟင်းအနံ့မှာ ဆွဲဆောင်မှုရှိလွန်းလှသဖြင့် လျိုပေါ်ချင် သည် ထမင်းသုံးပန်းကန်တိုင်တိုင် စားလိုက်ရပြီး ဗိုက်အပြည့်အမောက် ဖြစ်သွားလေတော့သည်။

ဒြပ်စင်ငါးပါးတောင်တွင် နေ့လည်က မုန့်ပေါင်းအနည်းငယ်သာ စားခဲ့ရသော ကျန်းလျို သည်လည်း ထိုညနေက မြိန်ယှက်စွာ စားသောက်ခဲ့လေသည်။

တရုတ်မုန်ညင်းဖြူနှင့် တောဝက်သားနှပ် အိုးကြီးမှာ သူတို့နှစ်ဦး၏ လက်ချက်ဖြင့် ပြောင်သလင်းခါသွားတော့သည်။

"တကယ်ပါပဲ… ဘဝမှာ စားဝတ်နေရေး အားလုံးထဲမှာ စားရေးက အရေးအကြီးဆုံးပဲ..."

ကျန်းလျို သည် သူ၏ ဗိုက်ကို ပွတ်သပ်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဆရာတော်…ဆရာတော်က တပည့်တော် တွေ့ဖူးသမျှထဲမှာ အထူးဆန်းဆုံး ဘုန်းကြီးပဲ... ဆရာတော့် လက်ရာက တကယ်ကို အရသာရှိလွန်းပါတယ်..."

လျိုပေါ်ချင်သည် စားသောက်ပြီးနောက် ကျေနပ်စွာ ရယ်မောရင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ခေတ္တမျှ ရပ်တန့်သွားကာ...

"ဒါပေမယ့် ဆရာတော်… ဘာလို့ တခြားဘုန်းကြီးတွေနဲ့ မတူဘဲ အသားမရှောင်ရတာလဲ..."

လျိုပေါ်ချင်က ဆက်မေးလိုက်သည်။

"အရက်နဲ့ အသားက အူလမ်းကြောင်းထဲ ဖြတ်သွားပေမယ့်… ဗုဒ္ဓကတော့ နှလုံးသားထဲမှာ ကိန်းဝပ်နေတယ်လေ... ဘုန်းကြီးရဲ့ ကျင့်ကြံမှုက ဒီလိုအဆင့်ကို ရောက်နေပြီမို့လို့ ဒီလို စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေစရာ မလိုတော့ပါဘူး..."

ကျန်းလျို သည် လက်အုပ်ချီကာ ပြန်လည်ဖြေကြားလိုက်သည်။

"ဆရာတော်… ဆရာတော့် စကားတွေက ဇင်တရားရဲ့ အနှစ်သာရတွေ ပါဝင်နေပေမယ့်… လောကက ဘုန်းကြီးတွေအားလုံး ဒါကို အကြောင်းပြချက်လုပ်ပြီး အသားစားကြမယ်ဆိုရင်… သူတို့က ဘုန်းကြီးလည်း မဟုတ်၊ ဗုဒ္ဓလည်း မဟုတ် ဖြစ်မသွားဘူးလား..."

လျိုပေါ်ချင် က မေးလိုက်သည်။

"တကယ်တော့… အဲဒီ ဂါထာမှာ ဒုတိယတစ်ပိုဒ် ရှိသေးတယ်... သာမန်လူတွေသာ ငါ့ကို လိုက်တုပမယ်ဆိုရင် မိစ္ဆာ လမ်းစဉ်ထဲကို ကျရောက်သွားသလို ဖြစ်လိမ့်မယ် တဲ့..."

ကျန်းလျို သည် ဗုဒ္ဓဂါထာကို အဆုံးသတ်ကာ ပြောလိုက်သည်။

"ဆရာတော် ပြောချင်တာက… ဆရာတော်က စားခွင့်ရှိပေမယ့် တခြားသူတွေက စားခွင့်မရှိဘူးပေါ့..."

ကျန်းလျို ၏ စကားများကြောင့် လျိုပေါ်ချင် သည် သံသယမျက်လုံးများဖြင့် ကြည့်လိုက်ရာ အပြည့်အဝ မယုံကြည်ကြောင်း သိသာလှပေသည်။

ကျန်းလျို၏ ခေါင်းပေါ်ရှိ ဝိဒျာရာဇာ သရဖူ ကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ဤဘုန်းကြီး၏ သရုပ်အမှန်ကို သူ သံသယဖြစ်မိသွားသည်။ သူက ဘုန်းကြီးတစ်ပါးလို ပြုမူနေပုံ လုံးဝမပေါ်ပေ။

“အရာရှိတွေက မီးရှို့ခွင့်ရှိပေမယ့် သာမန်ပြည်သူတွေက မီးအိမ်လေးတောင် ထွန်းခွင့်မရှိဘူး ဆိုသလိုမျိုး” သူက ပြောဆိုနေခြင်း ဖြစ်သည်။

***

အပိုင်း(၁၀၂)

"အောမိတော်ဖော..."

လျိုပေါ်ချင် ၏ သံသယဖြစ်နေသော မျက်နှာထားကို မြင်သောအခါ ကျန်းလျို သည် ဗုဒ္ဓဂါထာတစ်ပုဒ်ကို တိုးညင်းစွာ ရွတ်ဆိုလိုက်ပြီး သူ၏ ခေါင်းပေါ်မှ ဝိဒျာရာဇာ သရဖူ ကို ချွတ်လိုက်လေသည်။

ကျန်းလျို ၏ ခေါင်းပေါ်တွင် မြင်တွေ့ရသော နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုကို မြင်လိုက်ရသောအခါ လျိုပေါ်ချင် ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ဆရာတော်… ဆရာတော်က အနောက်အရပ် ကို ပိဋကတ်တော်ပင့်ဖို့ သွားမယ့် သူတော်စင်ဆရာတော် ရွှမ်ကျန်း လား..."

ကျန်းလျို ၏ ခေါင်းပေါ်ရှိ နံ့သာတိုင်အမာရွတ် ဆယ့်နှစ်ခုကို ကြည့်ရင်း လျိုပေါ်ချင် ၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားတော့သည်။

စကားပြောဆိုရင်း သူသည် လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်ကာ ကျန်းလျို ၏ ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

"ဒကာကြီး လျို… ဘာတွေ လုပ်နေတာလဲ..."

လျိုပေါ်ချင် ၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်သောအခါ ကျန်းလျို သည် သူ့ကို အမြန် ဆွဲထူလိုက်သည်။

"သူတော်စင်ဆရာတော် ရွှမ်ကျန်း… ကြီးမြတ်တဲ့သူမှန်း မသိဘဲ မရိုမသေ လုပ်မိတာ ခွင့်လွှတ်ပါဘုရား... အရှင်မင်းကြီးက ဆရာတော့်ကို မြင်တာဟာ သူ့ကို မြင်တာနဲ့ အတူတူပဲလို့ မိန့်ဆိုထားတာဆိုတော့ တပည့်တော် ဒူးထောက်ရမှာ သဘာဝပါပဲ..."

လျိုပေါ်ချင်က အလောတကြီး ပြောလိုက်သည်။

"ရပါတယ်… ဒီမှာ အပြင်လူတွေမှ မရှိတာ… ဒီလို တရားဝင် အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး..."

ကျန်းလျို သည် ခေါင်းခါယမ်းရင်း လျိုပေါ်ချင် ကို မြေပြင်မှ ဆွဲထူလိုက်သည်။

ခေတ်သစ်လူ့အဖွဲ့အစည်းမှ ကူးပြောင်းလာသူ ဖြစ်သောကြောင့်လောမသိ ကျန်းလျို သည် ဤကဲ့သို့ စိတ်လိုက်မာန်ပါ ဒူးထောက်တတ်သည့် အပြုအမူမျိုးကို အတော်လေး မနှစ်မြို့ချေ။

အခြားသူများ၏ရှေ့တွင် ဒူးထောက်ရခြင်းကို သဘောမကျရုံသာမက သူ၏ရှေ့တွင် အခြားသူများ ဒူးထောက်ကြသည်ကိုလည်း သူ သိပ်ပြီး သဘောမကျလှပေ။

"ဒါနဲ့လေ… ဘုန်းကြီးရဲ့ ခရီးကလည်း ရှည်လျားပြီး တောင်တန်းတွေကလည်း ဝေးကွာတော့… ဒကာကြီး ဒီနေ့ အမဲလိုက်လို့ရလာတဲ့ တောဝက်ကို ဝယ်လို့ရမလား..."

အဆင့်အတန်းနှင့် ပတ်သက်သည့် ကိစ္စရပ်တွင် အချိန်မဖြုန်းချင်တော့သဖြင့် ကျန်းလျို သည် စကားလမ်းကြောင်းလွှဲရန် စကားစလိုက်သည်။

"သူတော်စင်ဆရာတော်က ဘာတွေ မိန့်နေတာလဲဘုရား... ဒီနေ့ ဆရာတော့်ရဲ့ လက်ရာကို မြည်းစမ်းခွင့်ရတာတင် တကယ့်ကို ကြီးမားတဲ့ ကံကောင်းမှုကြီးပါ… အသားနည်းနည်းပါးပါးလေးအတွက် ဆရာတော့်ဆီက ငွေကို တပည့်တော် ဘယ်လိုလုပ် ယူရဲပါ့မလဲ… ဆရာတော် သိပ်ပြီး သဘောကောင်းလွန်းနေပါပြီ..."

လျိုပေါ်ချင် သည် လျင်မြန်စွာ လက်ကာပြလိုက်ပြီး မည်သည့်ငွေကိုမျှ လက်ခံရန် ပြတ်သားစွာ ငြင်းဆန်လိုက်သည်။

"ဒါဆိုလည်း ကျေးဇူးကြီးမားလှပါတယ် ဒကာကြီး..."

လျိုပေါ်ချင်က ပြတ်သားစွာ ငြင်းဆန်နေသောကြောင့် ကျန်းလျို သည်လည်း ဆက်လက်၍ အတင်းအကြပ် မပေးတော့ချေ။

ဗိုက်ဝအောင် စားသောက်ပြီးနောက် ကျန်းလျို သည် လက်ကျန် တောဝက်သားများ အားလုံးကို သိမ်းဆည်းလိုက်ပြီး အိပ်ရာသို့ ပြန်ကာ အနားယူလေသည်။

တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် သူသည် ကောင်းကင်နဂါး ဓမ္မတေးသံ ကို တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်လေရာ သူ၏ အတွေ့အကြုံမှတ် များမှာ တဖြည်းဖြည်း တိုးပွားလာလေသည်။

ညအချိန်မှာ မည်သည့် ပြဿနာမျှမရှိဘဲ ကုန်လွန်သွားခဲ့၏။ တစ်ညလုံး ကျင့်ကြံအားထုတ်ပြီးနောက်တွင် သူသည် အတွေ့အကြုံမှတ် ထောင်ပေါင်းများစွာကို ရရှိခဲ့လေသည်။

နောက်တစ်နေ့တွင် ကျန်းလျို သည် စောစောထကာ ကိုယ်လက်သန့်စင်ပြီးနောက် မွေ့ရာအောက်တွင် ငွေဒင်္ဂါးနှစ်ပြားကို ထားရစ်ခဲ့လိုက်သည်။ ထို့နောက် မနက်စောစော၌ပင် လျိုပေါ်ချင် အား ဆွဲခေါ်လျက် ဒြပ်စင်ငါးပါးတောင် ဆီသို့ ထွက်ခွာခဲ့လေသည်။

လျိုပေါ်ချင်သည် ဆင်းဆင်းရဲရဲ နေထိုင်ရသော တောင်ပေါ်မုဆိုး တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်... ပေါင်ဆယ်ဂဏန်း အလေးချိန်ရှိသော တောဝက်တစ်ကောင် နှင့် သူ၏ ညအိပ်တည်းခိုခတို့အတွက် ငွေအချို့ ချန်ထားခဲ့ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက သူသည် စိတ်မသန့်ဖြစ်နေမည်သာတည်း။

ဘုန်းကြီးများအနေဖြင့် ဆွမ်းခံစားခြင်းနှင့် အခမဲ့ တည်းခိုနေထိုင်ခွင့် ရရှိခြင်းမှာ ရေးသားမထားသော စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေသည်။သို့သော်လည်း ကျန်းလျို ကိုယ်တိုင်ကမူ ထိုသို့လုပ်ဆောင်ရန် စိတ်မပါခဲ့ပေ။

ချန်အန်းမြို့တော်မှ ထွက်ခွာလာကတည်းက သူသည် ဘယ်သောအခါမျှ အလကား မစားသောက်ခဲ့ပေ။ ငွေကြေးကိစ္စများသည် အသေးအဖွဲသာဖြစ်ပြီး အနည်းဆုံးတော့ လိပ်ပြာသန့်ခြင်းကသာ အမှန်တကယ် အရေးကြီးသော အရာဖြစ်ပေသည်။

ဒြပ်စင်ငါးပါးတောင် ဆီသို့ သွားရသော ခရီးမှာ မဝေးလှဘဲ မနက်စောစောတွင် သူနှင့် လျိုပေါ်ချင် တို့သည် အချိန်တိုအတွင်း ခရီးရောက်ခဲ့လေသည်။

လျိုပေါ်ချင် သည် ပတ်ဝန်းကျင်ကို အလွန်ရင်းနှီးကျွမ်းဝင်ပြီး စွန်ဝူခုန်းအား အကျဉ်းချထားသည့် နေရာအတိအကျကိုလည်း သိရှိနေသည်မှာ သိသာထင်ရှားလှသည်။ ထိုနေရာဆီသို့ တိုက်ရိုက်ပင် ရည်ရွယ်ချက်ရှိရှိ ဦးဆောင်ခေါ်သွားလေသည်။

တကယ်တော့ ကျန်းလျို သည် အလွန် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ကွမ်ယင်ဗောဓိသတ် သည် သူ့အား ကယ်တင်ရန် စောင့်ဆိုင်းနေဖို့ စွန်ဝူခုန်း ကို အသိပေးထားပြီးဖြစ်ရမည် ဖြစ်ရာ ယမန်နေ့က သူ တောင်စောင်းတစ်ဝိုက်ကို ရှာဖွေခဲ့စဉ်က အဘယ်ကြောင့် စွန်ဝူခုန်း က အကူအညီတောင်းဖို့ မအော်ဟစ်ခဲ့ရသနည်း။ မျောက်မွှေးတစ်ပင်ကိုမျှပင် သူ မမြင်ခဲ့ရချေ။

တစ်ခုခုကတော့ သေချာပေါက် လွဲချော်နေပြီဖြစ်သည်။ သို့တည်းမဟုတ် သူ ကူးပြောင်းရောက်ရှိလာသော ဤ အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း သည် မူရင်းနှင့် မတူညီနေခြင်းများလော။

သို့တည်းမဟုတ်... လိပ်ပြာတောင်ပံခတ်ခြင်း အကျိုးသက်ရောက်မှု ဟု ခေါ်သည့် အရာမျိုးလော။

အတွေးပေါင်းများစွာထဲတွင် နစ်မျောနေရင်း လျိုပေါ်ချင် ၏ နောက်မှ လိုက်ပါလာခဲ့ရာ သူတို့သည် ဒြပ်စင်ငါးပါးတောင် ၏ ခြေရင်းသို့ မကြာမီပင် ရောက်ရှိသွားကြလေသည်။

"ဆရာတော်… ဟို မက်မွန်ပင်ကို မြင်လား... နတ်မျောက် က အဲဒီအပင်ဘေးမှာပဲ အဖိနှိပ်ခံထားရတာပါ..."

လျိုပေါ်ချင်က မဝေးလှသော တောင်စောင်းအနီးရှိ မက်မွန်ပင်တစ်ပင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

ကျန်းလျို သည် ယမန်နေ့ကလည်း ထိုမက်မွန်ပင်ကို မြင်တွေ့ခဲ့ရသော်လည်း ၎င်း၏အနီးတစ်ဝိုက်တွင် မည်သည့်အရာကိုမျှ သတိမထားမိခဲ့ပေ။

သို့သော်လည်း ချောက်ကမ်းပါး ခြေရင်းရှိ သစ်ရွက်ခြောက်ပုံကြီး တစ်ပုံက ကျန်းလျို ၏ အာရုံကို ဖမ်းစားသွားလေသည်။

ဖြစ်နိုင်တာက...

အတွေးတစ်ခုက ကျန်းလျို ၏ ခေါင်းထဲသို့ ဝင်ရောက်လာရာ သူသည် လျင်မြန်စွာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး သတိထားမိရန် ခက်ခဲသော သစ်ရွက်ခြောက်ပုံကြီးကို ဖယ်ရှားလိုက်လေသည်။

တကယ်ပင် ခန္ဓာကိုယ်တစ်ဝက်က တောင်အောက်တွင် ဖိနှိပ်ခံထားရပြီး ကျန်တစ်ဝက်မှာ သစ်ရွက်ခြောက်များအောက်တွင် နစ်မြုပ်နေသော မျောက်တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။

"မင်း ငါ့ကို မမြင်ရဘူး… မင်း ငါ့ကို မမြင်ရဘူး..."

သစ်ရွက်ခြောက်များကို ဖယ်ရှားလိုက်သည်နှင့်တပြိုင်နက် ထိုမျောက်က တိုးတိုးလေး ရေရွတ်နေသည်ကို ကျန်းလျို ကြားလိုက်ရလေသည်။

"ဒီမျောက်က အမြဲတမ်း ဒီလောက်တောင် မျက်နှာပြောင်တိုက်တတ်သလား..."

စွန်ဝူခုန်း ၏ ရေရွတ်သံကို ကြားသောအခါ ကျန်းလျို ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။

မနေ့က သူ့ကို ရှာမတွေ့ခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။ သူက ပုန်းအောင်းဖို့အတွက် သစ်ရွက်ခြောက်တွေအောက်မှာ တမင်တကာကို ဖွက်ထားခဲ့တာ ဖြစ်သည်။

"အဟမ်း… စွန်ဝူခုန်း ဟုတ်တယ်မလား… ငါက..."

ကျန်းလျို သည် ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး စကားစတင်ပြောလိုက်သည်။

သို့သော် ကျန်းလျို စကားစပြောသည်နှင့်တပြိုင်နက် စွန်ဝူခုန်း ၏ အသံက သူ၏စကားကို ပြတ်သားစွာ ဖြတ်ပြောလိုက်လေသည်။

"ငါ မလိုက်ဘူး...”

သူ အံ့သြမှင်တက်သွားခဲ့သည်။ စွန်ဝူခုန်း ၏ စကားများက ကျန်းလျိုအား မည်သို့ ဆက်လက်ပြောဆိုရမည်ကို မသိတော့လောက်အောင် ဆွံ့အသွားစေခဲ့လေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းကာ ခန္ဓာကိုယ်တစ်ဝက် ဖိနှိပ်ခံထားရသော စွန်ဝူခုန်းသည် ကျန်းလျို ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို ကြည့်ကာ သွားဖြီးလိုက်ပြီး သူ၏ နားရွက်များနှင့် ပါးပြင်များကို ပျော်ရွှင်စွာ ကုတ်ဖဲ့နေလေသည်။ ထို့နောက် သူသည် အောင်ပွဲခံနေသည့်ဟန်ဖြင့်

"ဂီး …ဂီး…"

စူးရှစွာ ရယ်မောလိုက်လေသည်။ ထိုရယ်မောသံတွင် လှောင်ပြောင်သရော်မှုများ အပြည့်အဝ ပါဝင်နေလေသည်။

“...”

အမှန်တကယ်ပင် သူ အံ့သြမှင်တက်သွားခဲ့ခြင်း ဖြစ်သည်။ ဤအချိန်၌ ကျန်းလျိုသည် တကယ်ကို ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။

မူရင်း အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ဇာတ်လမ်းအရ ကွမ်ယင်ဗောဓိသတ်သည် စွန်ဝူခုန်း နှင့် သဘောတူညီမှု ရယူထားပြီး ဖြစ်ရပေမည်။ သူသည် ကျန်းလျို ၏ အနောက်အရပ် သို့ သွားမည့် ခရီးစဉ်တွင် ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ပြီး ၎င်းအတွက် အပြန်အလှန်အနေဖြင့် သူ၏ လွတ်လပ်ခွင့်ကို ရရှိမည့်အပြင် ဗုဒ္ဓအဖြစ်သို့ပင် ရောက်ရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် လွတ်လပ်ခွင့်ကို အလွန်အမင်း တောင့်တနေသော စွန်ဝူခုန်း အနေဖြင့် ကျယ်လောင်စွာ အော်ဟစ်ကာ သူ့ကို ကယ်တင်ပေးရန် ကျန်းလျို အား တက်ကြွစွာ တောင်းဆိုရမည် မဟုတ်ပါလော။

သို့သော်လည်း ယခု ကျန်းလျို ရောက်ရှိလာသောအခါ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီလော။ စွန်ဝူခုန်း က အမှန်တကယ် မလိုက်ချင်ဘူးလော။

ကျန်းလျို သည် အစောပိုင်းကတည်းက သတိထားခဲ့သည်။ လျိုပေါ်ချင် နှင့် စကားပြောဆိုရာတွင် ဤနေရာ၌ နတ်မျောက် တစ်ကောင်ကို ဖိနှိပ်ထားကြောင်း ကြားသိခဲ့ရသဖြင့် ထူးဆန်းမှုတစ်ခုကို လာရောက်ကြည့်ရှုချင်ရုံမျှသာ ဖြစ်ကြောင်းကိုသာ သူ ပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာဂိုဏ်း မှ အထက်လူကြီးများက သူ၏ အပြုအမူကို ထူးဆန်းသည်ဟု ထင်မြင်လျှင်တောင်မှ သူတို့သည် လိုတာထက်ပို၍ တွေးတောကြလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ကျန်းလျိုသည် ယခင်ကတည်းက မဟာဗုဒ္ဓကျောင်းတော် တွင် လုံဟိုင်ဆရာတော် နှင့် စွန်ဝူခုန်း အကြောင်းကို ဆွေးနွေးပြောဆိုခဲ့ဖူးသောကြောင့် ဝင်ရောက်ကြည့်ရှုရန်အတွက် ယုတ္တိတန်သော အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပေသည်။

***

All Chapters