← Chapters

အခန်း (၁၇၅၉-၁၇၆၀)

Vol. 176 Ch. 1759-1760

အခန်း (၁၇၅၉-၁၇၆၀)

Vol. 176 Ch. 1759-1760

အခန်း (၁၇၅၉) - အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့်

"ဒီအမျိုးသမီးက ငါတို့နဲ့ ဆွေးနွေးဖို့တောင် ထိုက်တန်တယ်လို့ မယူဆတာလား"

"တကယ့်ကို မောက်မာလွန်းတယ်"

"အပြင်လောကက လာတဲ့ လူရိုင်းမ၊ အခုတော့ အကျဉ်းသား ဖြစ်နေတာတောင် ငါတို့ကို အထင်သေးနေတုန်းပဲ"

ထိုနေရာရှိ အမာခံတပည့်များမှာ ဒေါသကိုယ်စီ ထွက်လာကြသည်။ ဖန့်ချန်သည် ထူးခြားသော အဆင့်အတန်းရှိသည့် စစ်မှန်သော ငရဲမင်းဆက်ခံသူ၊ ယနေ့ခေတ်၏ ငရဲမင်း ဖြစ်သည်ကို သူတို့ သိကြသော်လည်း လက်ရှိတွင် ယင်လောကမှာ နှစ်ခြမ်းကွဲနေပြီး အင်အားအကြီးဆုံးမှာ မော်ထျန်းဌာန ဖြစ်သည်။ ထို့ပြင် အင်အားစုအသီးသီးက ဖူထူနယ်မြေ အတွင်း တည်ထောင်ထားသည့် ယင်လောကတုများမှာပင်လျှင် ဖန့်ချန်၏ ယင်လောကငယ်လေးထက် ပို၍ အင်အားတောင့်တင်းနိုင်ပေသည်။

"နင်က ရန်တိုက်ပေးနေတာပဲ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး "အရှင် အထင်လွဲနေပါပြီ" ဟု ဆိုသည်။

"ဒီမှာရှိတဲ့ အမာခံတွေအားလုံးက နယ်မြေကိုးခုမှာ အင်အားအကြီးဆုံး ဂိုဏ်းကြီးတွေက လာကြတာ။ သူတို့ရဲ့ အဆင့်အတန်းက လူသားလောကမှာ ထိပ်သီးတွေပဲ၊ အမြင့်ဆုံး အာဏာပိုင်တွေနဲ့ တိုက်ရိုက် ရင်ဆိုင်တွေ့ခွင့် ရှိကြတယ်။"

"ဒါကြောင့် ဆွေးနွေးမယ်ဆိုရင် အားလုံးအတူတူ ဆွေးနွေးကြတာပေါ့။ ငါတို့ တစ်ခုခု သဘောတူညီချက် ရလာရင် သူတို့က ဒီသတင်းကို ပြန်တင်ပြပြီး အားလုံး စုပေါင်းတိုင်ပင်ကြတာပေါ့။"

"ဒီလို ကိစ္စကြီးမျိုးကိုတော့ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး"

ဖန့်ချန်က အေးဆေးစွာ ဆိုလိုက်သည်။

လူတိုင်းမှာ သက်ပြင်းချနိုင်သွားကြသည်။ သူတို့နှစ်ယောက် သီးသန့်ဆွေးနွေးသွားမှာကို လူတိုင်းက စိုးရိမ်နေကြခြင်း ဖြစ်သည်။ အကြောင်းမှာ လူ့လောကနယ်မြေကိုးခုကို အထုပ်လိုက် ရောင်းစားခံရမည့် ကိစ္စဖြစ်သဖြင့် အလွန်ဆိုးရွားပြီး နောက်ဆက်တွဲ ကြီးမားလှရာ သူတို့ကိုယ်တိုင်လည်း ပထမသတင်းကို သိရှိထားရန် လိုအပ်သည်။

"ကောင်းပါပြီ... ဒါဆိုရင်လည်း အတူတူ ဆွေးနွေးကြတာပေါ့။ ခုနက ငါ့ရဲ့ အဆိုပြုချက်ကို အားလုံးက ဘယ်လိုသဘောရကြလဲ"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက အလျှော့ပေးလိုက်ပြီး သူတို့၏ သဘောထားကို ထပ်မံ မေးမြန်းလိုက်သည်။

"လူသားလောက နယ်မြေကိုးခုဆိုတာ ငါတို့ရဲ့ အမြစ်ပဲ။ ဒါကို အထုပ်လိုက် ရောင်းစားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

အမာခံတပည့်တစ်ဦးက ပြတ်ပြတ်သားသား ဆိုလိုက်သည်။

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အလားတူပင် သဘောထားကို ဖော်ပြကြသည်။ အများစုမှာ ရောင်းစားရန် လုံးဝ သဘောမတူကြချေ။ အချို့သော သူများသာ မတင်မကျ ဖြစ်နေပြီး ပြတ်သားသော စကားကို မပြောကြသေးပေ။ သူတို့၏ နောက်ကွယ်တွင် ရှိနေသည်မှာ ထိပ်သီးအင်အားစုကြီးများနှင့် အဆင့် ၉ မသေမျိုးများ ဖြစ်သည်။

'ကောင်းကင်ဘုံနိယာမ' နှင့် နီးစပ်သူများ ထွက်ပေါ်မလာခင်အထိ အဆင့် ၉ မသေမျိုးများသည် လူ့လောကနယ်မြေကိုးခု၏ အမြင့်ဆုံး ဆုံးဖြတ်ချက်ချသူများ ဖြစ်ကြသည်။ ယခု အမာခံတပည့်များ၏ သဘောထားမှာ ထိုသူများ၏ သဘောထားအမှန်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း အကြမ်းဖျင်းအားဖြင့်တော့ ခန့်မှန်းနိုင်သည်။

"အရှင်ကရော"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်။ ရှေ့မှလူက ခေါင်းညိတ်လိုက်လျှင် သူမအတွက် ယနေ့ ဘေးကင်းနိုင်မည်ဟု သူမ ယုံကြည်နေသည်။

"ငါ့ရဲ့ သဘောထားကလည်း သူတို့နဲ့ အတူတူပဲ။ လူ့လောကနယ်မြေကိုးခုကို ရောင်းစားဖို့ မဖြစ်နိုင်ဘူး။ ငါတို့က ကုန်ပစ္စည်းတွေ မဟုတ်ဘူး"

ဖန့်ချန်က အေးဆေးစွာ ဆိုလိုက်သည်။

ထိုစကားကို ကြားရသည့်အခါ လူအတော်များများ စိတ်သက်သာရာ ရသွားကြသည်။ ဤငရဲမင်း၏ သဘောထားမှာ သူတို့အတွက် အလွန် အရေးပါလှသည်။

"ဒါပေမဲ့ နင်တို့ ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် နင်တို့နဲ့ နင်တို့နောက်ကွယ်က အင်အားစုတွေက အသာစီး ရနိုင်သေးတယ်"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်လျက် ဆိုသည်။

"ဒီက 'ရှေးရိုးစွဲဂိုဏ်း' က အပြင်ကို သတင်းပို့ထားတာ။ ငါက တိုက်တိုက်ဆိုင်ဆိုင် တာဝန်တစ်ခု ထမ်းဆောင်ရင်း ဒီနားမှာ ရှိနေလို့ သတင်းကို ပထမဆုံး လက်ခံရရှိတဲ့သူ ဖြစ်နေတာ။ ဒါပေမဲ့ နောက်ထပ် နှစ်အနည်းငယ်ကြာရင် တခြားသူတွေလည်း သတင်းရလာကြလိမ့်မယ်လို့ ငါ အာမခံတယ်။

အကယ်၍ စံသုံးဘာသာစကားကို နားမလည်တဲ့ အဆင့်နိမ့်မျိုးနွယ်စုတွေဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ ငါ့လိုလူမျိုးတွေသာဆိုရင်တော့ သူတို့က တစ်နေ့မှာ တံခါးဝအထိ ရောက်လာကြမှာပဲ။ နှစ်ပေါင်း ရာချီတာပဲဖြစ်ဖြစ်၊ ထောင်ချီတာပဲဖြစ်ဖြစ် ရလဒ်ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး"

လူတိုင်း၏ အမူအရာမှာ အလွန် လေးနက်သွားသည်။ ဝမ်ယဲ့က ရုတ်တရက် မေးလိုက်သည်။

"နင်ပြောတဲ့ ရှေးရိုးစွဲဂိုဏ်းဆိုတာ ဘယ်သူလဲ"

"ရှေးဟောင်းခေတ်တုန်းက နတ်ဆိုးမျိုးနွယ် နယ်မြေကိုးခုမှာ မသေမျိုးစွမ်းအားတွေ ကုန်ခမ်းလာတာကြောင့် အဆင့် ၉ မသေမျိုး အတော်များများက နယ်ပယ်သစ်ကို မတက်လှမ်းနိုင်ဘဲ အုပ်စုနှစ်စု ကွဲသွားခဲ့ကြတယ်"

အမျိုးသမီးက အေးဆေးစွာ ရှင်းပြသည်

"တစ်အုပ်စုကတော့ ဟင်းလင်းပြင်ကို စူးစမ်းရှာဖွေပြီး လက်ရှိ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အကန့်အသတ်ကျော်ဖြတ်ခြင်း နည်းလမ်း ကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ထဲက အားအကောင်းဆုံး ပုဂ္ဂိုလ်တွေကတော့ အဆင့် ၉ ပြီးရင် လျှောက်လှမ်းစရာ လမ်းစဉ် ရှိသေးတယ်၊ ကောင်းကင်ဘုံနိယာမရဲ့ အစိတ်အပိုင်း ဖြစ်သွားရုံတင် မဟုတ်ဘူးလို့ ယုံကြည်ကြတယ်"

"အဆင့် ၉ ပြီးရင် ကောင်းကင်ဘုံနိယာမ တစ်ပိုင်း မဟုတ်ဘူးလား"

ရှန်ယွဲ့ကွမ်းက မျက်မှောင်ကြုတ်၍ ဆိုသည်။

"ကောင်းကင်ဘုံနိယာမ တစ်ပိုင်း ဟုတ်လား"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ တစ်စုံတစ်ခုကို သဘောပေါက်သွားသလိုမျိုး သူမ၏ မျက်လုံးထဲတွင် အထင်သေးရိပ်များ ဖြတ်ပြေးသွားသည်။

"ဪ... နင်တို့က အဆင့် ၉ ပြီးရင် တိုးတက်မှုက ကောင်းကင်ဘုံနိယာမ တစ်ပိုင်း လို့ ထင်နေတာကိုး။ အဲဒီလို ထင်တာကလည်း မမှားပါဘူး၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဆင့် ၉ ပြီးရင် အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့် ရှိတာ"

"အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့် "

လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

"အဲဒီ အဆင့်သုံးဆင့်က ဘာလဲ"

ဖန့်ချန်က မေးလိုက်သည်။

"အဆင့် ၉ အကန့်အသတ်ကို ကျော်ဖြတ်ပြီးတဲ့နောက် လျှောက်လှမ်းရမယ့် အမှန်ကန်ဆုံး လမ်းစဉ် သုံးဆင့်ကို ငါတို့က အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့် လို့ ခေါ်တယ်။

ဒီအဆင့်သုံးဆင့်ကို ရှေးဟောင်းဘိုးဘေးတွေ အလီလီ စမ်းသပ်ခဲ့ကြပြီးပြီ၊ ဒါက စစ်မှန်တဲ့ ကျင့်ကြံခြင်း ဦးတည်ချက်ပဲ။ ဒီသုံးဆင့်ကို လျှောက်လှမ်းပြီးတာနဲ့ သွေးသားမျိုးဗီဇက နောက်ဆုံးအဆင့်အထိ ဆင့်ကဲပြောင်းလဲသွားပြီး နယ်ပယ်သစ်တစ်ခုဖြစ်တဲ့ သူတော်စင်တစ်ပိုင်း အဆင့်ကို ရောက်သွားလိမ့်မယ်"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြုံးလျက် ဆက်ပြောသည်။

"နင်တို့ပြောတဲ့ ကောင်းကင်ဘုံနိယာမ တစ်ပိုင်း ဆိုတာက သူတော်စင်တစ်ပိုင်း တွေရဲ့ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ၊ ဘာမှ အားစိုက်စရာမလိုဘဲ အသာလေး ခြေမွှသတ်ပစ်လို့ ရတယ်"

"ကြွားလိုက်တာ ကောင်းကင်ဘုံနိယာမ တစ်ပိုင်းရဲ့ အထက်မှာ ကောင်းကင်ဘုံနိယာမ ရှိတာလေ။ နင်ပြောတဲ့ သူတော်စင်တစ်ပိုင်းက ကောင်းကင်ဘုံနိယာမကို ယှဉ်နိုင်လို့လား"

ရှန်ယွဲ့ကွမ်းက လှောင်ပြောင်လိုက်သည်။

"တကယ်လို့ ဒီနေရာမှာ ကောင်းကင်ဘုံနိယာမ ရှိနေသေးရင်တော့ သူတော်စင်တစ်ပိုင်း တွေ ဘယ်လောက်ပဲလာလာ ကောင်းကင်ဘုံနိယာမကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံနိယာမ ဆိုတဲ့ လမ်းစဉ်က လုံးဝ မှားယွင်းနေတဲ့ လမ်းစဉ်မို့လို့ပဲ။"

"ကောင်းကင်ဘုံနိယာမဆိုတာ ဒီနယ်မြေကို အခြေခံပြီး တရားထိုင်တာဖြစ်လို့ ကန့်သတ်ချက်တွေ အများကြီး ရှိတယ်။ အကျဉ်းကျနေတဲ့ အကျဉ်းသားတစ်ယောက်လိုပဲ။ သူ့မှာ ကြီးမားတဲ့ တန်ခိုးစွမ်းအားတွေ ရှိနေတာကလည်း ဒီနယ်မြေရဲ့ ကံကြမ္မာ ကို စုပ်ယူပြီး အသက်ဆက်နေရလို့ပဲ"

အမျိုးသမီးက ပွင့်ပွင့်လင်းလင်း ဆိုသည်

"ဒါကြောင့် သူတော်စင်တစ်ပိုင်း တင် မကဘူး၊ တကယ့် သူတော်စင် အစစ်အမှန်တွေ၊ သူတော်စင်အထက်က ပုဂ္ဂိုလ်တွေတောင်မှ ကောင်းကင်ဘုံနိယာမကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ ကောင်းကင်ဘုံနိယာမနဲ့ ရင်ဘောင်တန်းနိုင်သူက နယ်မြေအရှင်သခင် ပဲ ရှိတယ်။ ပြီးတော့ ကြယ်စုနယ်မြေ ပေါင်းသောင်းခြောက်ထောင်မှာမှ နယ်မြေအရှင်သခင် တစ်ယောက် ထွက်ပေါ်ဖို့ဆိုတာ ဖြစ်ခဲတယ်"

"နယ်မြေအရှင်သခင်နဲ့ ကောင်းကင်ဘုံနိယာမရဲ့ ခြားနားချက်က..."

ဖန့်ချန်က အမျိုးသမီးကို ကြည့်ရင်း မေးလိုက်သည်။

"ခုနက ပြောပြီးပြီလေ။ နယ်မြေအရှင်သခင်က ဘယ်ကန့်သတ်ချက်မှ မရှိဘူး။ အဲဒီလို တည်ရှိမှုမျိုးက ကိုယ်တိုင် အစွမ်းထက်တာဖြစ်လို့ ကြယ်စုနယ်မြေရဲ့ ကံကြမ္မာကို စုပ်ယူပြီး အသက်ဆက်ဖို့ မလိုဘူး။ နယ်မြေအရှင်သခင် စောင့်ရှောက်ထားတဲ့ နေရာက ပိုပြီး စည်ပင်ဝပြောလာမှာပဲ။ အခု နတ်ဆိုးမျိုးနွယ် နယ်မြေကိုးခုလိုမျိုး ကောင်းကင်ဘုံနိယာမကြောင့် မသေမျိုးစွမ်းအားတွေ ကျဆုံးပြီး ပျက်သုဉ်းမယ့်လမ်းကို ရောက်သွားမှာ မဟုတ်ဘူး"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြောင်သလို ဆိုသည်။

"ဖြစ်နိုင်တာကတော့ ကောင်းကင်ဘုံနိယာမနဲ့ နယ်မြေအရှင်သခင်ဆိုတာ လုံးဝ ဆန့်ကျင်ဘက် လမ်းစဉ်နှစ်ခု ဖြစ်နေတာပဲ။ နယ်မြေအရှင်သခင်က စွမ်းအားတွေ တိုးတက်စည်ပင်မှုကို ကိုယ်စားပြုပြီး၊ ကောင်းကင်ဘုံနိယာမကတော့ စွမ်းအားတွေ ကျဆုံးပျက်သုဉ်းမှုကို ကိုယ်စားပြုတယ်။

စွမ်းအားတွေ ကျဆုံးသွားပြီးတဲ့နောက်မှာ အရင်ဆုံး ကျင့်ကြံလို့ မရတော့ဘဲ လောကသားအားလုံး သာမန်လူတွေ ဖြစ်ကုန်မယ်။ အဲဒီနောက်မှာတော့ သာမန်လူတွေရဲ့ သက်တမ်းကိုတောင် ကောင်းကင်ဘုံနိယာမက စုပ်ယူအသက်ဆက်ရလိမ့်မယ်။ နောက်ဆုံးမှာတော့ ဘာမှမရှိတဲ့ သုညနယ်မြေ ဖြစ်သွားမှာပဲ"

လူတိုင်း၏ မျက်နှာများမှာ အလီလီ ပြောင်းလဲကုန်ကြသည်။ အကယ်၍ ဤအမျိုးသမီးက သူတို့ကို မလိမ်ညာဘူးဆိုလျှင် သူမပေးသော သတင်းမှာ တစ်လောကလုံး၏ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာကို ပြောင်းပြန်လှန်ပစ်နိုင်လောက်ပေသည်။

"လျှောက်မပြောနဲ့"

ယဲ့ချင်းချူး၏ မျက်နှာမှာ နီရဲနေပြီး မျက်လုံးထဲတွင် ဒေါသများ ပြည့်နေသည်။

"ဒီစကားတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။ ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးဖို့ ပြောနေတာ"

"နင်တို့ဆီက မသေမျိုးစွမ်းအားတွေက အကုန်လုံး ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြောင်သလို မေးလိုက်သည်။

"ဒီလို မြင်ကွင်းမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီကတည်းက ငါတို့မျိုးနွယ်စုရဲ့ ရှေးဦးလူကြီးတွေ ကြိုမြင်ခဲ့ကြတယ်။ ခုနက ငါပြောသလိုပဲ၊ ငါတို့မျိုးနွယ်စုက နှစ်ဖွဲ့ကွဲသွားတယ်။ တစ်ဖွဲ့က ဟင်းလင်းပြင်ထဲကို စူးစမ်းဖို့ ထွက်သွားကြတယ်။ အကြောင်းရင်း နှစ်ချက်ရှိတယ်။ တစ်ခုက ငါတို့မျိုးနွယ်စုရဲ့ အားအကောင်းဆုံး ပုဂ္ဂိုလ်တွေအတွက် အကန့်အသတ်ကျော်ဖြတ်ခြင်း နည်းလမ်း လိုအပ်လို့။"

"ဒုတိယအချက်ကတော့ ဒီနေရာဟာ နောက်ဆုံးမှာ သုညနယ်မြေ ဖြစ်သွားမယ်ဆိုတာကို သူတို့ ကြိုမြင်ခဲ့လို့ပဲ။ ငါတို့မျိုးနွယ်စု ဒီနေရာမှာတင် သုညဖြစ်ပြီး မျိုးတုံးသွားမှာကို သူတို့ မလိုလားကြဘူး။ ဒါကြောင့် နယ်မြေရှာဖွေရေးအဖွဲ့ ပေါ်လာတာ။ ငါတို့တွေ နတ်ဆိုးမျိုးနွယ် နယ်မြေကိုးခုကနေ ထွက်သွားခဲ့ကြတယ်။

နှစ်ပေါင်းများစွာ၊ မရေမတွက်နိုင်တဲ့ သေရေးရှင်ရေး ဘေးဒုက္ခတွေကို ကျော်ဖြတ်ပြီးမှ နောက်ဆုံးမှာ အပြင်လောကမှာ ခြေကုပ်ယူနိုင်ပြီး ဒီနေ့လို စည်ပင်ဝပြောတဲ့ အခြေအနေကို ရောက်လာခဲ့တာ"

"နောက်ထပ် တစ်ဖွဲ့ကတော့ ငါပြောတဲ့ ရှေးရိုးစွဲဂိုဏ်း ပေါ့။ သူတို့ကတော့ နတ်ဆိုးမျိုးနွယ် နယ်မြေကိုးခုမှာပဲ နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခု အကူအညီတောင်းတဲ့ သတင်းကို ပို့လိုက်တာလည်း သူတို့ပဲ"

အခန်း (၁၇၆၀) - လူဆိုတာ အပေါ့အပါးသွားချင်တာနဲ့တင် အောင့်အီးပြီး သေသွားမှာလား

လူတိုင်းသည် ထိုစကားများကို ကြားလိုက်ရသည့်အခါ စိတ်နှလုံးထဲတွင် လှိုင်းတံပိုးများ အပြင်းအထန် ထကြွလာသကဲ့သို့ ခံစားလိုက်ရပြီး အတော်ကြာသည်အထိ ငြိမ်သက်သွားခြင်း မရှိချေ။

ဤရှေးဟောင်းလျှို့ဝှက်ချက်များကိုသာ ရှေ့မှအမျိုးသမီးက ပြောမပြခဲ့လျှင် သူတို့တစ်သက်လုံး သိရှိနိုင်ကြမည်မဟုတ်ပေ။ လက်ရှိတွင် သူမပြောသမျှ အမှန်ဖြစ်ကြောင်း သက်သေပြရန် အထောက်အထား မရှိသေးသော်လည်း သူမ၏ စကားလမ်းကြောင်းများအရ မှန်းဆကြည့်လျှင်... ထိုအကြောင်းအရာများသည် အနည်းဆုံး ခုနစ်ပုံ၊ ရှစ်ပုံခန့် မှန်ကန်နေပေလိမ့်မည်။

အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့်...

သူတော်စင်တစ်ပိုင်း...

နယ်မြေအရှင်သခင်က ထူးကဲစွမ်းအား တိုးတက်စည်ပင်မှုကို ကိုယ်စားပြုပြီး၊ ကောင်းကင်ဘုံနိယာမကတော့ ထူးကဲစွမ်းအား ကျဆုံးပျက်သုဉ်းမှုကို ကိုယ်စားပြုသည်။

ဤအချက်အလက် တစ်ခုချင်းစီသည် သူတို့၏ စိတ်ကူးစိတ်သန်းများကို ဝေဝါးသွားစေလောက်အောင်ပင် ရိုက်ခတ်နေတော့သည်။

"အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့်... ထူးကဲစွမ်းအား ကျဆုံးပျက်သုဉ်းမှု..."

ဖန့်ချန်သည် တိုးတက်လေးလံသောလေသံဖြင့် ရေရွတ်လိုက်ပြီးနောက် စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်ကာ မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးအား စိုက်ကြည့်လိုက်သည်။

"မင်းတို့ရဲ့ နယ်မြေရှာဖွေရေးအဖွဲ့ နဲ့ ရှေးရိုးစွဲဂိုဏ်း က အဆက်အသွယ်ပြတ်နေတာ ဘယ်နှစ်နှစ်ရှိပြီလဲ"

လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး အမျိုးသမီးထံသို့ စုပြုံကြည့်လိုက်ကြသည်။ ဤအချက်မှာ အလွန်အရေးကြီးလှသည်။ အကယ်၍ ရှေးရိုးစွဲဂိုဏ်းဝင် နတ်ဆိုးများနှင့် နယ်မြေရှာဖွေရေးအဖွဲ့ဝင် နတ်ဆိုးများမှာ နှစ်ရှည်လများ အဆက်အသွယ် ရှိနေခဲ့ကြလျှင် သူတို့၏ နောင်အနာဂတ်အတွက် ပြင်ဆင်မှုများကို ပြောင်းလဲရမည် ဖြစ်သည်။

အမှန်တကယ်တော့ ယခုအချိန်တွင် ထိုက်ချန်းနယ်မြေ တိုက်ပွဲမှာ အရေးမကြီးတော့သလိုပင်။ ရှေးရိုးစွဲဂိုဏ်း၏ သတင်းပေးပို့ချက်ကြောင့် အပြင်လောကသားများစွာက နယ်မြေကိုးခုကို ချောင်းမြောင်းလာနိုင်ခြင်းမှာသာ တကယ့် ကပ်ဘေးကြီးဖြစ်သည်။ နယ်မြေကိုးခုတွင် ကောင်းကင်ဘုံနိယာမ တစ်ပါး ထပ်မံထွက်ပေါ်မလာသရွေ့ အန္တရာယ်မှာ ကြီးမားလှသည်။

သို့သော် ကောင်းကင်ဘုံနိယာမ ရှိနေခြင်းကလည်း... ထူးကဲစွမ်းအားများ ကျဆုံးပျက်သုဉ်းမှုကို ကိုယ်စားပြုနေပြန်သည်။

"အဆက်အသွယ် ရှေးရိုးစွဲဂိုဏ်းနဲ့ ငါတို့ကြားမှာ ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ဘူး။ ငါတို့ရဲ့ အဆက်အသွယ်က ပြတ်တောက်နေတာ နှစ်ပေါင်း မရေမတွက်နိုင်တော့ဘူး။ ဘိုးဘေးတွေ နတ်ဆိုးနယ်မြေကိုးခုကနေ ထွက်သွားကတည်းက ဒီအဆက်အသွယ်က လုံးဝ ပြတ်တောက်သွားတာ"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"သူတို့က နယ်မြေရှာဖွေရေးအဖွဲ့ ဘယ်လိုအခြေအနေ ရှိနေလဲဆိုတာတောင် မသိကြဘူး၊ ကမ္ဘာပေါ်မှာ ရှိသေးရဲ့လားဆိုတာတောင် မသိကြဘူး။ သူတို့ပို့တဲ့ သတင်းက တစ်ဖက်သတ် အကူအညီတောင်းတာပဲ"

"နင် လိမ်နေတာပဲ။ တကယ်လို့ အဲဒီလိုဆိုရင် နင်က ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင် သတင်းကို လက်ခံရရှိတာလဲ"

တစ်စုံတစ်ဦးက သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။

ဖန့်ချန်ကလည်း ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

"ငါလည်း နင့်စကားထဲမှာ အမှန်ရော အလိမ်ရော ပါနေတယ်လို့ ထင်တယ်။ နင်က စိတ်ရင်းအမှန်ကို ထုတ်ပြမှ လက်ရှိ အသက်ကို ဆက်နိုင်မယ့် အခွင့်အရေး ရလိမ့်မယ်"

"ငါ သတင်းရတာက ငါကိုယ်တိုင်က ဒီအနီးအနားမှာ ရှိနေလို့ပဲ"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက ဆိုသည်

"ငါ သတင်းရတုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်ငါးရာတုန်းက။ သတင်းထဲမှာ ပါတဲ့ တည်နေရာကို ရောက်ဖို့ ငါ တစ်ထောင့်ငါးရာ ကြာအောင် ခရီးနှင်ခဲ့ရတာ"

လမ်းမှာတင် နှစ်ပေါင်း တစ်ထောင့်ငါးရာ ကုန်ဆုံးခဲ့သည် ဟုတ်လား။

လူတိုင်း၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။ သူတို့ရှိနေသည့် နေရာမှ အဝေးဆုံးဖြစ်သော ရှေးဟောင်းတားမြစ်နယ်မြေများသို့ သွားလျှင်ပင် နှစ်ပေါင်း နှစ်ရာ၊ သုံးရာထက် ပိုမကြာချေ။

"နှစ်ပေါင်း တစ်ထောင့်ငါးရာလုံးလုံး... ဒီအချိန်တွေကို အလဟဿ ဖြစ်သွားမှာ နင်မကြောက်ဘူးလား။ ရှေးဟောင်းမသေမျိုး တွေရဲ့ သက်တမ်းကလည်း အကန့်အသတ်မရှိတာ မဟုတ်ဘူးလေ"

ဝမ်ယဲ့က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

အမျိုးသမီး၏ မျက်နှာတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် အေးဆေးစွာပင် ဆိုသည်။

"သက်တမ်း တစ်ထောင့်ငါးရာကို သုံးပြီး တစ်ခါတည်း ချမ်းသာနိုင်မယ့် အခွင့်အရေးကို လောင်းကြေးထပ်ရတာ ငါ့အတွက်တော့ တန်ဖိုးရှိတဲ့ အလုပ်တစ်ခုပဲ"

သူမ ခဏမျှ ရပ်တန့်လိုက်ပြီးမှ

"အားလုံးပဲ ငါ့စကားကို နားထောင်ကြပါ။ ငါနဲ့ ပူးပေါင်းပြီး နယ်မြေကိုးခုကို ရောင်းစားလိုက်ပါ။ ရလာမယ့် အကျိုးအမြတ်တွေက ဒီမှာရှိတဲ့သူ အားလုံးကို အဆင့် ၉ ရောက်အောင် တွန်းပို့ပေးနိုင်တယ်"

"လောကမှာ မသေမျိုးလမ်းစဉ် တွေက အဲဒီလောက် မများပါဘူး။ နင်... ဒါမှမဟုတ် နင်တို့က မသေမျိုးလမ်းစဉ်တွေ မလိုဘဲနဲ့ အဆင့် ၉ ကို တက်လှမ်းနိုင်နေပြီလား "

ရှန်ယွဲ့ကွမ်းသည် အစက တစ်ဖက်လူ၏ စကားထဲမှ အားနည်းချက်ကို ရှာတွေ့ပြီဟု ထင်လိုက်သော်လည်း နောက်မှ အမှန်တရားကို သဘောပေါက်သွားကာ မှင်သက်သွားတော့သည်။

"မသေမျိုးလမ်းစဉ် မလိုဘူးဆိုတော့... ကျဆုံးမသေမျိုးတွေနဲ့ တူနေတာပေါ့။ ဒါပေမဲ့ သူမဆီမှာ ကျဆုံးမသေမျိုးတွေရဲ့ အငွေ့အသက်မျိုးလည်း မရှိဘူး..."

လူတိုင်းက မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးကို သေသေချာချာ စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးထဲတွင် သံသယနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"မသေမျိုးလမ်းစဉ်ဆိုတာ ရှေးဟောင်းလမ်းစဉ် အိုကြီးတွေပဲ၊ ခေတ်နောက်ကျနေတဲ့ လမ်းစဉ်တွေ။ ဒီလိုလမ်းစဉ်တွေက တကယ့် ပါရမီရှင်တွေကို ပိတ်လှောင်ထားပြီး ရှေ့မဆက်နိုင်အောင် လုပ်ထားတာ"

အမျိုးသမီးက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။

"မင်းတို့ မသေမျိုးဆေး တွေ မလိုဘူးလား"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

"မသေမျိုးဆေးကတော့ လိုသေးတာပေါ့"

အမျိုးသမီးက အေးဆေးစွာ ဆိုသည်

"ဒါပေမဲ့ ငါတို့က အဆင့် ၉ နေရာ ကန့်သတ်ချက်အောက်မှာ မရှိဘူး"

"အဆင့် ၉ နေရာ ကန့်သတ်ချက်အောက်မှာ မရှိဘူး ဟုတ်လား "

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ရှေးအစဉ်အဆက်ကတည်းက လမ်းစဉ်တစ်ခုမှာ အဆင့် ၉ တစ်ယောက်ပဲ ရှိနိုင်တာလေ"

ဤနယ်မြေရှာဖွေရေးအဖွဲ့ဝင်များက လမ်းစဉ်၏ ကန့်သတ်ချက်များကို ရုန်းထွက်နိုင်မည့် နည်းလမ်းအသစ်ကို မည်သို့ရှာဖွေခဲ့ကြသည်ကို လူတိုင်း စိတ်ကူးပင် မယဉ်နိုင်ကြချေ။

"ဖြစ်နိုင်တာက မင်းတို့ဆီမှာ အဆင့် ၉ ဆိုတာ မရှိတာလား"

ဖန့်ချန်က ရုတ်တရက် ဆိုလိုက်သည်

"မင်းတို့က အဆင့် ၈ ကနေ ၉ ကို တက်ဖို့ မသေမျိုးဆေး သောက်ဖို့ လိုလား မင်းပြောတဲ့ လမ်းစဉ်အသစ်၊ အကန့်အသတ်ကျော်ဖြတ်ခြင်း လမ်းစဉ်ဆိုတာက အဆင့် ၉ ကနေ စတာမဟုတ်ဘဲ အဆင့် ၈ ကနေ ၉ ကို တက်ကတည်းက လမ်းစဉ်အသစ် ဖြစ်နေပြီ မဟုတ်လား"

အမျိုးသမီး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားပြီး ဖန့်ချန်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။ သူမ၏ စကားအနည်းငယ်ကို ကြည့်ပြီး တစ်ဖက်လူက အဓိက အချက်အချာကို တွေးမိသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

ဖန့်ချန်က ဆက်ပြောသည်

"မသေမျိုးလမ်းစဉ် တစ်ခုစီမှာ အဆင့် ၉ မသေမျိုး တစ်ယောက်ပဲ ရှိတယ်ဆိုတာ နယ်မြေကိုးခုရဲ့ နှစ်ရှည်လများ အယူအဆပဲ။ အဆင့် ၉ ကို တက်နိုင်တဲ့သူတွေက ဘယ်လောက်တောင် ပါရမီထူးတဲ့သူတွေလဲ။ အကယ်၍ လမ်းစဉ်အသစ် ရှိနေမယ်ဆိုရင် သူတို့ တစ်စွန်းတစ်စတောင် မသိဘဲ နေပါ့မလား။

ဒါကြောင့် မင်းတို့ ပြောင်းလဲလိုက်တာက လမ်းစဉ်ကို မဟုတ်ဘဲ မင်းတို့ကိုယ်တိုင် ကို ပြောင်းလဲလိုက်တာပဲ။ အဆင့် ၈ ကတည်းက တခြားကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်မှသာ အဆင့် ၉ ကို ကျော်ဖြတ်နိုင်မှာ။

အဲဒီကျမှ နောက်ပိုင်းမှာ အဆင့်သုံးဆင့်၊ သူတော်စင်တစ်ပိုင်း၊ သူတော်စင် ဆိုတာတွေ ဖြစ်လာမှာ။ အဲဒီလိုမှ မဟုတ်ရင် မင်းတို့လည်း အဆုံးမှာ ကောင်းကင်ဘုံနိယာမဆီပဲ ဦးတည်သွားမှာပဲ"

ဝမ်ယဲ့တို့အဖွဲ့မှာ အတွေးကိုယ်စီ နစ်ဝင်သွားကြသည်။

"အဆင့် ၈ ကတည်းက ကျင့်ကြံခြင်းလမ်းစဉ် ပြောင်းလိုက်တာလား"

"ဒါဆို သူမပြောတဲ့ အဆင့် ၉ က ငါတို့ပြောတဲ့ အဆင့် ၉ နဲ့ တူမှာ မဟုတ်ဘူး၊ အမည်နာမပဲ တူတာ ဖြစ်မယ်"

"ဟေ့... ပြောစမ်းပါဦး။ ဖန့်ငရဲမင်းရဲ့ ခန့်မှန်းချက်က မှန်နေတာလား"

"ငါတို့က အဆင့် ၈ ပြီးတာနဲ့ လမ်းစဉ်ကို တကယ်ပဲ ပြောင်းလဲလိုက်ကြတာ"

မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသမီးက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

"အရင်လမ်းဟောင်းက မှားနေမှတော့ လမ်းဟောင်းအတိုင်း ဆက်လျှောက်လို့ မရဘူးလေ"

"ဒီလမ်းစဉ်ကို နင်တို့ကိုယ်တိုင် ဖော်ထုတ်ခဲ့တာလား"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

အမျိုးသမီးက တိတ်ဆိတ်သွားသည်။

"ကြည့်ရတာ ဒီလမ်းစဉ်ကိုလည်း တခြားတစ်ယောက်က ဖော်ထုတ်ထားတာ ဖြစ်မယ်၊ နင်တို့ နယ်မြေရှာဖွေရေးအဖွဲ့ကတော့ အဆင်သင့် စားသုံးသူတွေပေါ့"

ဝမ်ယဲ့က လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

"ငါတို့ နယ်မြေရှာဖွေရေးအဖွဲ့က ဒီနေရာကနေ ရုန်းထွက်နိုင်ခဲ့တာကတင် ဘာထက်မဆို သာလွန်နေပြီ"

အမျိုးသမီးက မျက်မှောင်ကြုတ်၍ ဆိုသည်

"နင်တို့အားလုံး ဒါတွေကို သိသွားပြီဆိုမှတော့ ငါ့ဘက်မှာ ရပ်သင့်တာ မဟုတ်ဘူးလား။ နတ်ဆိုးနယ်မြေကိုးခုပဲ ဖြစ်ဖြစ်၊ လူသားလောကနယ်မြေကိုးခုပဲ ဖြစ်ဖြစ်။ သူ့ရဲ့ ကံကြမ္မာက ကောင်းကင်ဘုံနိယာမကို အသက်ဆက်ပေးရတာနဲ့တင် ခုနစ်ပုံ၊ ရှစ်ပုံလောက် ကုန်ခမ်းနေပြီ။

နောက်ထပ် နှစ်အနည်းငယ် ကြာရင် ဒီလောကမှာ ရှိနေတဲ့ ရောထွေးနေတဲ့ ဝိညာဉ်စွမ်းအားတွေတောင် ရှိတော့မှာ မဟုတ်ဘူး။ နင်တို့က နင်တို့ရဲ့ မျိုးဆက်တွေ နောက်ဆုံးမှာ သာမန်လူတွေ ဖြစ်သွားပြီး ဒီလောကကြီးထဲမှာတင် မျိုးတုံးသွားတာကို ကြည့်နေချင်လို့လား"

ဤအချက်တွင် လူတိုင်း တိတ်ဆိတ်သွားကြပြန်သည်။

"တခြားနည်းလမ်း ရှိမှာပါ"

ယဲ့ချင်းချူးက ရုတ်တရက် ဆိုလိုက်သည်။

အမျိုးသမီးက လှောင်ပြောင်သလို မေးလိုက်သည်

"ပြောစမ်းပါဦး၊ ဘာနည်းလမ်းရှိလဲ။ ရှေးရိုးစွဲဂိုဏ်းရဲ့ သတင်းကို တခြားသူတွေ သိသွားတဲ့အခါ ရောက်လာမယ့်သူက အကန့်အသတ်ကျော်ဖြတ်ခြင်း အဆင့်သုံးဆင့်က ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေနိုင်တယ်။ နင်တို့ ဘာနဲ့ ခုခံမှာလဲ။ နောက်ဆုံးတော့ ကျွန်တွေ၊ စစ်သုံ့ပန်းတွေ ဖြစ်သွားကြမှာပဲ"

"ဒီနေရာမှာ ကောင်းကင်ဘုံနိယာမ တစ်ပါးသာ ထပ်ပေါ်လာရင် နင်ပြောတဲ့ ပုဂ္ဂိုလ်ကြီးတွေက လာရဲပါဦးမလား"

ယဲ့ချင်းချူးက အေးစက်စွာ ဆိုလိုက်သည်။

"ကောင်းကင်ဘုံနိယာမ ဖြစ်ဖို့ ဘယ်လောက်ခက်လဲဆိုတာ ထားလိုက်ဦး၊ တကယ်လို့ နင်တို့ထဲက တစ်ယောက်ယောက်က ကောင်းကင်ဘုံနိယာမ အဖြစ် အောင်မြင်သွားရင်တောင် ဒါက ဒီနေရာရဲ့ ပျက်သုဉ်းမှုကို ပိုမြန်စေမှာပဲ"

"ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။ ကောင်းကင်ဘုံနိယာမ ရှိလာရင် အနည်းဆုံးတော့ ငါတို့အတွက် အချိန်အတော်ကြာအောင် ဆွဲထားပေးနိုင်လိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ ငါတို့လည်း နယ်မြေရှာဖွေရေးအဖွဲ့လိုမျိုး အပြင်ကို ထွက်သွားပြီး ငါတို့ ရှင်သန်လို့ရမယ့် နေရာအသစ်ကို ရှာလို့ရတာပဲ။ ဥပမာ... နင်တို့ အခုနေတဲ့ နေရာမျိုးပေါ့"

ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။

အမျိုးသမီး၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီးမှ တည်ငြိမ်စွာပင် ဆိုသည်။

"နင်တို့မှာ အဲဒီလို အစွမ်းမရှိပါဘူး။ အနည်းဆုံးတော့ အခုလက်ရှိ နယ်မြေရှာဖွေရေးအဖွဲ့ရဲ့ အင်အားက နင်တို့ စိတ်ကူးယဉ်လို့ ရတာထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"

"အစွမ်းမရှိရင်လည်း အခြေခံကနေ ဖြည်းဖြည်းချင်း တည်ဆောက်ယူရမှာပေါ့။ လူဆိုတာ အပေါ့အပါး သွားချင်တာနဲ့တင် အောင့်အီးပြီး သေသွားမှာလား (အတားအဆီးရှိတိုင်း အရှုံးပေးရမှာလား)"

ဝမ်ယဲ့က ထိုသို့ဆိုပြီးနောက် ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်။

"နံပါတ် ၉... ဒီအမျိုးသမီးကို ဖေးယွီ ကြယ်စုတန်း ဆီ အတူတူ ခေါ်သွားပြီး အထက်က လူတွေကို စစ်ဆေးခိုင်းလိုက်ရင် ဘယ်လိုလဲ"

All Chapters