← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 40 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 40 Ch. 391-392

အခန်း (၃၉၁) - မိုလော့၊ မိုးကြိုး နှလုံးသား(၁)

ဝူယွမ်နှင့် အခြားသူများမှာ အမြန်ဆုံးဖြစ်ပြီး ဆန်းကြယ်သေခြင်းအဆင့် မိစ္ဆာအလောင်းကောင် ဆယ့်ရှစ်လောင်းကို ကိုင်တွယ်ဖြေရှင်းပြီးနောက် အနောက်မှ မည်သူမျှ လိုက်မမီလာသေးပေ။

“ဒါက ဘယ်လို အစွမ်းထက်တဲ့ ဝိညာဉ်ရတနာမျိုးလဲ၊ ဆန်းကြယ်သေခြင်းအဆင့် မိစ္ဆာအလောင်းကောင်တွေကိုတောင် ထည့်ထားနိုင်တယ်”

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး ဝူယွမ်နှင့် ပိုင်ယွမ်တို့ ချက်ချင်း သတိကပ်သွားရြသည်။

ယခုလေးတင် မိစ္ဆာအလောင်းကောင် ဆယ့်ရှစ်လောင်းကို ဖိနှိပ်ရန် အာရုံစိုက်နေခဲ့သဖြင့် မည်သူ ချဉ်းကပ်လာသည်ကိုပင် ဝူယွမ် သတိမပြုမိခဲ့ပေ။

အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အနီရောင်ဝတ်ရုံနှင့် လူရိပ်တစ်ခုက ရှေ့ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူ့ထံမှနေ၍ ပြင်းထန်သော မီးတောက် ဘိုးဘေးအဆောင် စွမ်းအင်လှိုင်းများကို ဝူယွမ် ခံစားမိသည်။ သူ၏ တည်ငြိမ်သော အပြင်ပန်းသွင်ပြင်အောက်တွင် ပူပြင်းလောင်ကျွမ်းနေသော၊ ဆူပွက်နေသော စွမ်းအားတစ်ခု ရှိနေသည်။

ဤလူကို မြင်သောအခါ ဝူယွမ်က သူ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း ပြန်လည်သတိရသွားသည်။

သို့သော်လည်း သူက မသိဟန်ဆောင်ကာ မေးလိုက်သည်။ “လေးစားရတဲ့ လူကြီးမင်းက ဘယ်သူပါလဲ”

“မစိုးရိမ်ပါနဲ့၊ မင်းကို ငါ နည်းနည်း စူးစမ်းချင်ရုံသက်သက်ပါ” အနီရောင်ဝတ် အမျိုးသားက ခပ်ပေါ့ပေါ့ ပြောလိုက်ပြီး သူ၏မျက်လုံးများက ဝူယွမ်၏ရင်ဘတ်ပေါ်ရှိ ရှေးဟောင်းကျောက်တိုင်ငယ်လေးအပေါ်သို့ စူးစိုက်သွားသည်။

သူသည် အနီရောင်ဝတ်ရုံဖြင့် အပြည့်အဝ လွှမ်းခြုံထားပြီး အရိပ်ထဲတွင် သူ၏ မျက်နှာကိုပင် လုံးဝ ဖုံးကွယ်ထားသည်။ ထို့အပြင် သူ၏ ပတ်ဝန်းကျင်တွင် အလွန်တရာ အစွမ်းထက်သော ယွမ်စွမ်းအင် လှုပ်ရှားမှုများကိုလည်း မမြင်တွေ့ရပေ။

ဤသို့သော ထိန်းချုပ်နိုင်စွမ်းမျိုးကို ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသာ လုပ်ဆောင်နိုင်ပေသည်။

“လူကြီးမင်းက အရမ်း စူးစမ်းချင်နေတယ်ဆိုရင် အထဲဝင်ပြီး ကြည့်လို့ ရပါတယ်” ဝူယွမ်က ပြုံးကာ ရှေးဟောင်းကျောက်တိုင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

အကယ်၍ တစ်ဖက်လူသာ ဝင်လာပါက ဝူယွမ်သည် သူ့ကို တိုက်ရိုက်ဖိနှိပ်ရန် ကြိုးစားနိုင်ပေလိမ့်မည်။

“မစိုးရိမ်ပါနဲ့ ကောင်လေး၊ မင်းရဲ့ ရတနာကို ငါ မလိုချင်ပါဘူး၊ အဲဒီ မိစ္ဆာအလောင်းကောင်တွေက သာမန်မဟုတ်ဘူး၊ ပြီးတော့ တခြားစွမ်းအားတွေရဲ့ တိုက်စားတာကို ခံထားရတယ်၊ မင်းရဲ့ ဝိညာဉ်ရတနာက သူတို့ကို ထိန်းထားနိုင်ချင်မှ ထိန်းထားနိုင်လိမ့်မယ်ဆိုတာ ငါ သတိပေးချင်ရုံသက်သက်ပါ”

အနီရောင်ဝတ် အမျိုးသားက ကြင်နာစွာ ပြောလိုက်သည်။

“ဟုတ်လား၊ အဲဒီလိုဆိုရင်လည်း လူကြီးမင်းရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သူတို့က ကမ္ဘာခြားနတ်ဆိုး စွမ်းအင်တွေရဲ့ တိုက်စားတာကို ခံထားရတာပါ၊ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်ကို ဖယ်ရှားလိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူး” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

ဤလူမှာ လက်ရှိ မီးတောက် ဘိုးဘေးအဆောင် ပိုင်ရှင်ဖြစ်သော မိုလော့ ဖြစ်သည်မှာ သေချာလှသည်။

ဝူယွမ်သည် မိုလော့အကြောင်း အများအပြား သိထားသည်။ သူနှင့် လင်းတုန်တို့မှာ နာမည်မကြီးသေးမီ အစောပိုင်းကတည်းက ဘိုးဘေးအဆောင်များကို ရရှိခဲ့ကြခြင်းတွင် ဆင်တူကြသည်။ သို့သော်လည်း လင်းတုန်နှင့် မတူဘဲ သူသည် သည်းမခံခဲ့ပေ။

ယင်းအစား သူသည် အလွန် မာနထောင်လွှားခဲ့ပြီး ဘိုးဘေးအဆောင် ပိုင်ဆိုင်ထားကြောင်းကို စောစီးစွာ ထုတ်ဖော်ခဲ့သဖြင့် ကမ္ဘာခြားနတ်ဆိုးများ၏ လိုက်လံတိုက်ခိုက်မှုကို ဆွဲဆောင်မိကာ သူ၏မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရသည်။

ထိုအချိန်မှစ၍ သူသည် ပိုမို ထိန်းချုပ်တတ်လာပြီး ကမ္ဘာခြားနတ်ဆိုးများအပေါ် ကြီးမားသော အမုန်းတရားများကို မွေးမြူထားခဲ့သည်။ ဤနေရာသို့ သူ လာရောက်ရသည့် အဓိက အကြောင်းရင်းမှာ ဤနေရာတွင် ကမ္ဘာခြားနတ်ဆိုး ဘုရင်တစ်ပါး ဖိနှိပ်ခံထားရကြောင်း သူ သိရှိထားပြီး ၎င်းကို သတ်ဖြတ်လိုသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူ၏ လျှို့ဝှက်ချက်များကို သိသွားမည်ကို ဝူယွမ် မစိုးရိမ်ပေ။ ဤလူမှာ ကမ္ဘာခြားနတ်ဆိုးများကို ဆန့်ကျင်သည့် ရှေ့တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးပင် ဖြစ်သည်။

“အို၊ မင်းက ကမ္ဘာခြားနတ်ဆိုးတွေအကြောင်းကိုတောင် သိနေတာပဲ၊ မင်းက မြင်ရသလောက် ရိုးရှင်းပုံမပေါ်ဘူး” မိုလော့က အနည်းငယ် အံ့အားသင့်စွာ ပြောလိုက်သည်။

ရှေးဟောင်း ကောင်းကင်နှင့် မြေကြီး စစ်ပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာခြားနတ်ဆိုးများသည် လှုပ်ရှားမှု အရိပ်အယောင်များကို မပြသခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သူတို့ တည်ရှိနေကြောင်းကို သိရှိသူ အလွန် နည်းပါးလှသည်။

ဤလူများမှာ အားလုံးနီးပါး လောကတွင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ထိပ်တန်းအင်အားစုများမှ အရေးကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဝူယွမ်က ပြန်ပြောလိုက်သည်။ “သေချာပေါက် သိတာပေါ့၊ ကျွန်တော်က ကမ္ဘာခြားနတ်ဆိုး အနည်းဆုံး ရှစ်ရာ၊ တစ်ထောင်လောက်ကိုတော့ သတ်ဖူးတယ်”

“သတ္တိကောင်းတဲ့ လူငယ်လေး၊ ဒီလောက်မောက်မာတဲ့ စကားမျိုး ငါ တစ်ခါမှ မကြားဖူးဘူး၊ မင်းက ကမ္ဘာခြားနတ်ဆိုးတွေ အကြောင်း သိနေမှတော့ သူတို့ ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာကိုလည်း နားလည်သင့်တယ်၊ ဒါတောင် မင်းက ကမ္ဘာခြားနတ်ဆိုးအများကြီး သတ်ဖူးတယ်လို့ ပြောရဲသေးတယ်၊ မင်းရဲ့ အသွင်အပြင်ကို ကြည့်ရတာ မင်းက ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာ၊ ဒီလို ကြွားလုံးထုတ်တဲ့ စကားမျိုးပြောဖို့ ဘယ်လိုသတ္တိမျိုး ရနေတာလဲ”

မိုလော့မှာ ရယ်ချင်စိတ်ပေါက်သွားသည်။ ဝူယွမ်ပြောသည့် စကားတစ်ခွန်းကိုမျှ သူ မယုံကြည်ပေ။

ယခုအခါ ထျန်းရွှမ်တိုက်ကြီးတွင် ပုန်းအောင်းနေသော အားအနည်းဆုံး ကမ္ဘာခြားနတ်ဆိုးများပင်လျှင် ဆန်းကြယ်ရှင်ခြင်းအဆင့် စွမ်းအား ရှိလောက်ပြီး ကမ္ဘာခြားနတ်ဆိုးစွမ်းအင်၏ ထူးခြားပြီး ဆန်းကြယ်သော သဘာဝကြောင့် သာမန် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ကမ္ဘာခြားနတ်ဆိုးများ၏ပြိုင်ဘက် မဟုတ်သည်မှာ သေချာလှသည်။

ထို့အပြင် ကမ္ဘာခြားနတ်ဆိုး ရာပေါင်းများစွာတွင် ကမ္ဘာခြားနတ်ဆိုး ခေါင်းဆောင်များ သို့မဟုတ် နတ်ဆိုးဗိုလ်ချုပ်များပင် သေချာပေါက် ပါဝင်ပေလိမ့်မည်။

ကမ္ဘာခြားနတ်ဆိုး ခေါင်းဆောင်တစ်ဦး၏ စွမ်းအားမှာ ဆန်းကြယ်သေခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။

နတ်ဆိုးဗိုလ်ချုပ်ဆိုလျှင် ဝင်စားခြင်းအဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်သေးသည်။

“ယုံတာ မယုံတာ စီနီယာသဘောပဲ၊ စီနီယာကို ရှင်းပြနေဖို့ အချိန်မရှိဘူး၊ အခု ရတနာရှာဖို့ အလုပ်ရှုပ်နေတာ၊ စီနီယာနဲ့ စကားမပြောတော့ဘူး”

ဝူယွမ်သည် စကားတစ်ခွန်း ချန်ထားရစ်ကာ အတွင်းသို့ တိုက်ရိုက် ပြေးဝင်သွားလေသည်။ မိုလော့နှင့်အတူ စကားအများကြီးပြောနေရန် သူ မပြင်ဆင်ထားပေ။

ဤသံသရာဝင်စားသူ၏ လျှို့ဝှက်ဂူတွင် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကောင်းအများအပြား ရှိနေသည်။

ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများနှင့် ချိတ်ဆက်ထားသော အစွမ်းထက်သည့် မိုးကြိုးစွမ်းအားတစ်ခုသာ မရှိပါက ဝူယွမ်ကို မည်သူမျှတားဆီးနိုင်မည် မဟုတ်ဘဲ လျှို့ဝှက်ဂူ နယ်မြေတစ်ခုလုံးကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ တိုက်ရိုက်ပြောင်းရွှေ့ကာ ဖြည်းဖြည်းချင်း စူးစမ်းရှာဖွေနိုင်မည် ဖြစ်သည်။

မိုးကြိုးဘိုးဘေးအဆောင် တည်ရှိနေခြင်းက ဤလျှို့ဝှက်ဂူနှင့် လောကကြီးကြားတွင် ဆက်သွယ်မှုတစ်ခုကို ဖန်တီးထားကြောင်း ထင်ရှားလှသည်။

ဝူယွမ်က ဤလျှို့ဝှက်ဂူကို စုပ်ယူလိုသော်လည်း မိုးကြိုးဘိုးဘေးအဆောင်၏ ခွင့်ပြုချက်ကို သူ အရင်ဆုံး ရရှိရမည်ဖြစ်သည်။

“ကောင်းလိုက်တဲ့ ကောင်လေး၊ တကယ့်ကို စိတ်၀င်စားစရာပဲ၊ ငါတို့ ထပ်တွေ့ကြဦးမှာပါ” မိုလော့က ထွက်ခွာသွားသော ဝူယွမ်၏ကျောပြင်ကို လေးနက်စွာ ကြည့်ကာ သူ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ တောက်လောင်နေသော မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေသည်။

“ဒီအင်အားစုက မဟာရှေးဟောင်းဂိုဏ်းထက် မနိမ့်ကျဘူးပဲ”

သူတို့ အတွင်းသို့ ပိုမိုဝင်ရောက်သွားလေလေ၊ ရှေးဟောင်းနှင့် ယိုယွင်းပျက်စီးနေသော အဆောက်အအုံများ ပိုများလေလေ ဖြစ်သည်။ ဤအင်အားစုမှာ ယခင်က မည်မျှအစွမ်းထက်ခဲ့ကြောင်း တွေးကြည့်နိုင်ပေသည်။

မဟာရှေးဟောင်းဂိုဏ်းမှာ ပိုမို၍ ကြေကွဲဖွယ်ကောင်းစွာ ဖျက်ဆီးခံခဲ့ရသော်လည်း ဤဂိုဏ်းတွင် ဆန်းကြယ်သေခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော မိစ္ဆာအလောင်းကောင် အများအပြား ရှိနေဆဲပင်။

ဤမိစ္ဆာအလောင်းကောင်များအားလုံးမှာ သူတို့ အသက်ရှင်စဉ်က ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လမ်းခရီးတစ်လျှောက်လုံး ဝူယွမ်သည် ၎င်းတို့ထဲမှ အနည်းဆုံး ရာကျော်နှင့် ကြုံတွေ့ခဲ့ရသည်။

သူသည် ဤမိစ္ဆာအလောင်းကောင်များထံမှ သေမင်းငြိမ်သက် ဆေးလုံးများကို ယူဆောင်ကာ ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ထည့်သွင်းပြီး ဟွမ်နှင့် အခြားသူများထံ လွှဲပြောင်းပေးကာ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များကို ထုတ်ယူပြီး ကမ္ဘာသစ်ပင်ကို အားဖြည့်ပေးခဲ့သည်။

ဝူယွမ်နှင့် ပိုင်ယွမ်တို့ လျင်မြန်စွာ ချီတက်သွားကြသည်။ လမ်းခရီးတစ်လျှောက်လုံး ဝူယွမ်သည် စူးစမ်းရှာဖွေရန် သူ၏ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။

ဤလျှို့ဝှက်ဂူကမ္ဘာမှာ ကျယ်ပြောလွန်းလှပြီး ၎င်းကို ပိတ်ဆို့ထားသော အစွမ်းထက်သည့် စွမ်းအားတစ်ခုလည်း ရှိနေသဖြင့် ဝူယွမ်၏ဝိညာဉ်စွမ်းအင်နှင့်ပင် အပြည့်အဝ မလွှမ်းခြုံနိုင်ပေ။

ထို့ကြောင့် ဝူယွမ်သည် လမ်းတစ်လျှောက် ရှာဖွေပြီးနောက် အနက်ထဲသို့ အလျင်အမြန် ပြေးဝင်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

“ရှေ့မှာ တစ်ခုခုတွေ့လိုက်တယ်”

ပိုင်ယွမ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

ထူထပ်သော ခန်းမဆောင်များကို ဖြတ်သန်းပြီးနောက် ရှေ့တွင် ပေတစ်သောင်းခန့် ကြီးမားသော တောင်တန်းကြီးတစ်ခု ပေါ်လာသည်။ တောင်တန်းကြီးမှာ ဧရာမ ဘီလူးကြီးတစ်ခုပမာ ဤကမ္ဘာကြီးကို ဖြတ်သန်းကာ ရပ်တည်နေသည်။

အချိန်များ ကုန်လွန်သွားသည့်တိုင် ၎င်း၏ ခမ်းနားကြီးကျယ်မှုမှာ လုံးဝလျော့ပါးသွားခြင်း မရှိပေ။

ဝုန်း၊ ဝုန်း၊ ဝုန်းးးးး။

ထိုတောင်တန်းကြီး၏ အဆုံးစွန်တွင် ပေတစ်ထောင်ခန့် ကျယ်ဝန်းသော ငွေရောင်ရေတံခွန်ကြီးတစ်ခုက ဟိန်းဟောက်ကာ အောက်သို့ ကျဆင်းနေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

“မိုးကြိုးအရည်တွေက မြစ်တစ်စင်းဖြစ်နေတာပဲ”

ဝူယွမ် သေချာကြည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိသည်။

ငွေရောင် ရေတံခွန်မှာ သာမန် ငွေရောင်ရေများ မဟုတ်ဘဲ စေးပျစ်သော ငွေရောင် မိုးကြိုးအရည်များဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့ထံမှ မိုးခြိမ်းသံများ ထွက်ပေါ်နေသည်။

ရေတံခွန်အောက်တွင် မိုးကြိုးအရည်ကန်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ကန်ကြီးမှာလည်း ပေတစ်သောင်းခန့် ကျယ်ဝန်းပြီး အလွန်တရာ ကျယ်ပြောလှကာ ၎င်းကို ကြည့်လိုက်လျှင် အဆုံးစွန်ကိုပင် မမြင်နိုင်ပေ။

“ရှေးဟောင်းဂိုဏ်းရဲ့ လက်ရာက တကယ့်ကို အံ့မခန်းပဲ၊ ဒီလောက်ကြီးတဲ့ မိုးကြိုးအရည်ကန်ကြီးကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာထဲကို သေချာပေါက်ထည့်သွင်းရမယ်”

ဝူယွမ်၏ မျက်လုံးများက လိုချင်တပ်မက်မှုများဖြင့် တောက်လောင်နေသည်။ ဤမိုးကြိုးအရည်၏ စွမ်းအင်မှာ ကြမ်းတမ်းသော်လည်း ၎င်းသည် တန်ဖိုးဖြတ်၍မရနိုင်သော စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်သည်။

၎င်းကို တိုက်ရိုက်စုပ်ယူ၍ မရနိုင်သော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း၊ ဆေးလုံးများ၊ ဝိညာဉ်ရေးရာ ပစ္စည်းများ သန့်စင်ခြင်း၊ အစီအရင်များတည်ဆောက်ခြင်း အစရှိသည်တို့အတွက် အသုံးပြုနိုင်သည်။

“ဒီလောက်မြင့်မားတဲ့ မိုးကြိုးတောင်တန်းနဲ့ မိုးကြိုးကန်ကြီးကို ဖန်တီးနိုင်တာဆိုတော့ ဒီလျှို့ဝှက်ဂူပိုင်ရှင်က သူ့ခေတ်သူ့အခါက ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လောက်တယ်” ဟွမ်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

ရှေးဟောင်းခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့သော သူကဲ့သို့ နတ်ဘုရားရတနာတစ်ခုပင်လျှင် အံ့အားသင့်မှုကို မထိန်းနိုင်ခဲ့ပေ။

အခန်း (၃၉၂) - မိုလော့၊ မိုးကြိုး နှလုံးသား(၂)

ဝူယွမ်နှင့် ပိုင်ယွမ်တို့ မိုးကြိုးကန်ကြီးရှေ့သို့ ရောက်ရှိလာကြသည်။ ကန်ရေပြင်ပေါ်တွင် တဖျပ်ဖျပ်လက်နေသော လျှပ်စီးတန်းများနှင့် လျှပ်စစ်ပိုက်ကွန်များကို သူတို့ မြင်တွေ့လိုက်ရပြီး မိုးကြိုးအရည်အောက်တွင် စီးဆင်းနေသော လျှပ်စီးတန်းများက ကြမ်းကြုတ်သော သားရဲတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ပုံပေါက်နေသည်။

ဝူယွမ်က သူ၏လက်ဖဝါးကို ကန်ထဲသို့ ဆန့်ထုတ်လိုက်ရာ မိုးကြိုးစွမ်းအားများက ချက်ချင်း ရစ်ခွေလာပြီးနောက် သူ၏လက်ဖဝါးကို နေရာအနှံ့မှ ထိုးဖောက်ဝင်ရောက်လာကာ အနည်းငယ် ထုံကျင်သွားစေသည်။

သို့သော်လည်း ထိုထုံကျင်မှုအောက်တွင် ဤမိုးကြိုးစွမ်းအားများ၏ တိုက်စားမှုအောက်၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများ ကြီးမာကျစ်လစ်လာသည့် လက္ခဏာများကိုလည်း သူ ခံစားလိုက်ရပြီး ဤမိုးကြိုးစွမ်းအားများသည် အတော်လေး ကောင်းမွန်သော ခန္ဓာကိုယ်သန့်စင်သည့် အကျိုးသက်ရောက်မှုများ ရှိကြောင်း သူ သိလိုက်ရ၏။

“ဟိုတုန်းက ဂိုဏ်းရဲ့တပည့်တွေက ဒါကို ကျင့်ကြံဖို့အတွက် သုံးခဲ့ပုံရတယ်”

“ဒီအတိုင်းအတာက ဆေးမြစ်ထက်တောင် အများကြီး ပိုပြီး အထင်ကြီးစရာကောင်းသေးတယ်”

ဝူယွမ် တံတွေးတစ်ချက် မျိုချလိုက်မိသည်။

အနာဂတ်တွင် သူ၏မဟာရှေးဟောင်းဂိုဏ်းနှင့် တောင်ဂိုဏ်း တပည့်များသည်လည်း ဤစံနှုန်းအတိုင်း လိုက်နာရမည်ဟု သူ စိတ်ပိုင်းဖြတ်လိုက်သည်။

ဤအချိန်တွင် ကန်ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ပြန့်ကျဲသွားပြီး လေဝဲကတော့တစ်ခု ဖြစ်ပေါ်လာမှုက ဝူယွမ်နှင့် ပိုင်ယွမ်၏ အာရုံကို ဆွဲဆောင်သွားသည်။ လူ့ခေါင်းတစ်လုံးခန့် အရွယ်အစားရှိသော မိုးကြိုးလုံးတစ်ခု ဖြည်းညင်းစွာ လွင့်မျောလာပြီး ထိုအလုံးအတွင်း၌ ငွေရောင် နှလုံးသားတစ်ခု ဖြည်းညင်းစွာ ခုန်နေသည်ကို ဝေဝါးဝါး မြင်တွေ့နိုင်သည်။

ငွေရောင်နှလုံးသား ခုန်လိုက်တိုင်း မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။

“မိုးကြိုးနှလုံးသား”

ဝူယွမ်၏မျက်လုံးများ တောက်ပသွားသည်။

ဤကဲ့သို့သော မိုးကြိုးနှလုံးသားမျိုးကို အလွန်တရာ သန့်စင်သော မိုးကြိုးစွမ်းအားများ ဖိသိပ်ထားခြင်းဖြင့် ဖွဲ့စည်းထားပြီး အထူး စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းတို့အတွက် အသုံးပြုသော ရှားပါးသည့် ကောင်းကင်နှင့် မြေကြီး ရတနာတစ်ခု ဖြစ်သည်။

၎င်းအတွင်းရှိ စွမ်းအင်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် သန့်စင်လှသည်။

တစ်စုံတစ်ယောက်က ၎င်းကို ခံနိုင်ရည်ရှိသရွေ့ စုပ်ယူပြီးနောက် ဘေးထွက်ဆိုးကျိုးများ ရှိမည် မဟုတ်ပေ။

ရွှီး

ဝူယွမ်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ကာ မိုးကြိုးနှလုံးသားကို သူ့ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာစေသည်။

“မိုးကြိုး နှလုံးသားလား”

ဝူယွမ် ၎င်းကို လက်ထဲတွင် ကိုင်ထားစဉ်မှာပင် လှပသော အဖြူရောင် လူရိပ်တစ်ခု မိုးကြိုးကန်ကြီး၏အစွန်းသို့ ရုတ်တရက် ရောက်ရှိလာသည်။ သူမ၏ လှပသောမျက်လုံးများက ဝူယွမ်အပေါ်သို့ စူးစိုက်နေသည်။

“အစ်ကိုကြီး ဝူယွမ်က တကယ်ကို ကံကောင်းတာပဲ၊ မိုးကြိုး နှလုံးသား တစ်ခုကိုတောင် ရသွားတယ်၊ တကယ့်ကို အားကျစရာ ကောင်းတာပဲ”

လျှိုရှန်ရွှမ်က သက်ပြင်းရှည်ကြီး တစ်ချက်ရှူလိုက်ပြီး မကျေနပ်မှုအရိပ်အယောင် အနည်းငယ်ဖြင့် ပြောလိုက်သည်။

သူမသည် ဝူယွမ်ကို မယှဉ်ပြိုင်ရဲပေ။

လူရိပ် အများအပြား ထပ်မံရောက်ရှိလာကြပြီး အားလုံးမှာ ရွှမ်ထျန်းနန်းတော်မှ ဖြစ်ကြသည်။ သူတို့သည် လျှိုရှန်ရွှမ်၏ ဘေးတွင် ရပ်လိုက်ကြပြီး ဝူယွမ်၏လက်ထဲရှိ မိုးကြိုး နှလုံးသားကို မြင်သောအခါ သူတို့၏ တံတွေးများကို တိတ်တဆိတ် မျိုချလိုက်ကြကာ သူတို့၏မျက်လုံးများက ပြင်းပြသော လိုချင်တပ်မက်မှုများဖြင့် တောက်လောင်လာကြသည်။

ပြိုင်ဘက်က ဝူယွမ်သာ မဟုတ်ခဲ့လျှင် သူတို့သည် စတင် လုယူနေကြပြီ ဖြစ်လောက်သည်။

“မမလေး လျှို၊ လောစရာ မလိုပါဘူး၊ ဒီလျှို့ဝှက်ဂူထဲမှာ ဒါတွေထက်ပိုကောင်းတဲ့ ရတနာတွေ အများကြီး ရှိပါသေးတယ်”

ဝူယွမ်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

ကျွိ၊ ကျွိ... မိုးကြိုးကန်ကြီးထဲတွင် နောက်ထပ် လေဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ကန်ရေအောက်မှ ငွေရောင် အလင်းတန်းတစ်ခုက ဖြည်းညင်းစွာ ထပ်မံ ထွက်ပေါ်လာပြီးနောက် ဝူယွမ်၊ လျှိုရှန်ရွှမ်နှင့် အခြားသူများ၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များအောက်တွင် ၎င်းက တိတ်ဆိတ်စွာ လွင့်မျောနေသည်။

နောက်ထပ် မိုးကြိုးနှလုံးသားတစ်ခု ပေါ်လာခြင်းပင်။

လျှိုရှန်ရွှမ်နှင့် ရွှမ်ထျန်းနန်းတော်အဖွဲ့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

သူတို့၏ အကြည့်များက ဝူယွမ်နှင့် မိုးကြိုး နှလုံးသားကြားတွင် အပြန်အလှန် ရွေ့လျားနေသည်။ နှစ်ဖက်စလုံး ခဏတာ ရပ်တန့်နေကြသည်။

အစောပိုင်းက နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်း အဖွဲ့ဝင်များ၏ ကံကြမ္မာက ဝူယွမ်ထံမှ မည်သည့်အခွင့်ကောင်းကိုမျှ ရရှိနိုင်မည်မဟုတ်ကြောင်း သူတို့ကို နားလည်သဘောပေါက်စေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဝူယွမ် မလှုပ်ရှားသေးချိန်တွင် ထိုမိုးကြိုး နှလုံးသားကို အဆောတလျင် လုယူရန် မဝံ့ရဲကြပေ။

“အစ်ကိုကြီး ဝူယွမ်၊ ဒီမိုးကြိုး နှလုံးသားက...” လျှိုရှန်ရွှမ်က စကားပြောရန် တုံ့ဆိုင်းနေသည်။

သို့သော်လည်း ဝူယွမ်က ထိုမိုးကြိုး နှလုံးသားကို သူ၏ လက်ထဲသို့ ယူလိုက်ပြီဖြစ်သည်။

သူက ၎င်းကို ကြည့်လိုက်ပြီးနောက် မိုးကြိုး နှလုံးသားကို လျှိုရှန်ရွှမ်ထံသို့ ပစ်ပေးလိုက်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ “မင်းတို့ ရောက်နေပြီဆိုမှတော့ အားလုံး ဝေစုရတာပေါ့”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဝူယွမ်” လျှိုရှန်ရွှမ်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

ဤအချိန်တွင် လူအများအပြားက ဤနေရာဆီသို့ ပြေးဝင်လာနေကြပြီး ဤမိုးကြိုးကန်ကြီးထဲတွင် မိုးကြိုးနှလုံးသား အများအပြား ရှိနေသေးကြောင်း ဝူယွမ် သိထားသည်။ ဤအရင်းအမြစ်များကို အခြားသူများ ရရှိသွားမည်ကို သူ မလိုလားပေ။

“ဒီကန်အောက်မှာ အခွင့်အရေးကောင်းတစ်ခုရှိသင့်တယ် မမလေး လျှို၊ ငါတို့ ပူးပေါင်းလုပ်ဆောင်ကြရင် ဘယ်လိုလဲ၊ မင်းက ကန်ရေပြင်ကိုစောင့်ကြည့်ဖို့ ကူညီပေးရမယ်၊ ငါက ကန်ထဲကို ဝင်ပြီး စူးစမ်းရှာဖွေမယ်၊ အကယ်၍ တစ်ခုခု ရခဲ့ရင် ငါတို့ အတူတူ ခွဲကြတာပေါ့”

“ဒါက မိုးကြိုးအရည်ကန်ကြီးလေ၊ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် အထဲက မိုးကြိုးစွမ်းအားကို ခံနိုင်ရည်ရှိဖို့ ခက်ခဲလိမ့်မယ်၊ ပြီးတော့ အောက်က အခြေအနေကိုလည်း မသိရသေးဘူး၊ အစ်ကိုကြီး ဝူယွမ်၊ အောက်ဆင်းတာက နည်းနည်း အန္တရာယ်များနိုင်တယ်...” လျှိုရှန်ရွှမ်က သတိကြီးစွာဖြင့် ပြောလိုက်သည်။

ဝူယွမ်က မေးလိုက်သည်။ “ကိစ္စမရှိပါဘူး၊ အန္တရာယ် များလေလေ၊ အခွင့်အရေး ကြီးလေလေပဲ၊ မမလေး လျှို၊ ငါနဲ့ ပူးပေါင်းလုပ်ဆောင်ချင်လား”

လျှိုရှန်ရွှမ်က ပြန်ဖြေလိုက်သည်။ “ဒါဆိုရင် အစ်ကိုကြီးဝူယွမ်၊ ကျေးဇူးပြုပြီး သတိထားပါ၊ ကန်ရေပြင်ကို စောင့်ကြည့်ဖို့ ငါ ကူညီပေးပါ့မယ်”

“ပိုင်ယွမ်၊ သူတို့ကို သေချာစောင့်ကြည့်ထား၊ ဘယ်သူ့ကိုမှ အောက်ဆင်းခွင့်မပေးနဲ့” ဝူယွမ်က ပိုင်ယွမ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ ညွှန်ကြားလိုက်ပြီးနောက် ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ယခုလေးတင် သူ ထည့်သွင်းခဲ့သော ခြောက်သွေ့နေသည့် အလောင်းဆယ့်ရှစ်လောင်းကို ခေါ်ထုတ်ကာ ပိုင်ယွမ်အား ၎င်းတို့အပေါ်တွင် ဝိညာဉ်အမှတ်အသားတစ်ခု ချန်ထားခဲ့ရန် ညွှန်ကြားလိုက်သည်။

ဤမိစ္ဆာအလောင်းကောင် ဆယ့်ရှစ်လောင်းမှာ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ ထုတ်ယူပြီးဖြစ်ရာ ထိန်းချုပ်ရန် လွယ်ကူသည်။ သူတို့၏ စွမ်းအားမှာ ခြေလှမ်း၀က်ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်သည်။

ဤအလောင်း ဆယ့်ရှစ်လောင်းအပြင် ဝူယွမ်သည် ယခင်က သူ သန့်စင်ခဲ့သော ဝိညာဉ်ရုပ်သေးရုပ် နှစ်ခုဖြစ်သည့် သွေးတိမ်တိုက်နှင့် အရိုးတိမ်တိုက်တို့ကိုလည်း ခေါ်ထုတ်လိုက်သည်။

ဤအရာများမှာ မဟာယန်အင်ပါယာမှစ၍ သူ သယ်ဆောင်လာခဲ့သော ဝိညာဉ်ရုပ်သေးများ ဖြစ်ကြသည်။

သွေးတိမ်တိုက် သွေးဝိညာဉ်ရုပ်သေးသည် ဝူယွမ်၏ ဧကရာဇ်သွေးကြောကို ရရှိပြီးနောက် ဆေးမြစ်အတွင်းရှိ စွမ်းအင်များကို စုပ်ယူခဲ့ပြီး နောက်ပိုင်းတွင် ဝူယွမ်၏ အဆင့်မြှင့်တင်မှုအပြီး၌ ၎င်း၏ လက်ရှိစွမ်းအားမှာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

အရိုးတိမ်တိုက်နှင့် ပတ်သက်၍မူ ၎င်းသည် မိစ္ဆာသားရဲများ၏ အနှစ်သာရ သွေးများကို စုပ်ယူကာ တိုးတက်နိုင်ပြီး ကမ္ဘာသစ်ပင်၏ အာဟာရဖြင့် ၎င်းသည်လည်း ဆန်းကြယ်သေခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ထို့အပြင် သူတို့နှစ်ဦးစလုံးမှာ ဉာဏ်ရည်များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဝိညာဉ်ရေးရာ ညွှန်ကြားမှု မလိုအပ်တော့ပေ။

ဝူယွမ်သည် သူတို့ကို ပိုင်ယွမ်၏အစီအစဉ်များအတိုင်း လိုက်နာရန် အမိန့်ပေးလိုက်သည်။

ဆန်းကြယ်သေခြင်းအဆင့် နှစ်ခုနှင့် ခြေလှမ်း၀က်ဆန်းကြယ်သေခြင်း ဆယ့်ရှစ်ခု ပါဝင်သော ဤအဖွဲ့အပြင် ဆန်းကြယ်သေခြင်းအဆင့်ထက် မနိမ့်ကျသော ပိုင်ယွမ်၏စွမ်းအားဖြင့် လူမည်မျှပင် ဤနေရာကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားစေကာမူ ပိုင်ယွမ်၏ ကာကွယ်ရေးမျဉ်းကို ချိုးဖောက်ရန်မဖြစ်နိုင်ဟု သူ ယုံကြည်သည်။

ထို့အပြင် ရွှမ်ထျန်းနန်းတော်သည် ဝင်ရောက်လာသော သူများထဲတွင် အင်အားအကြီးဆုံး အင်အားစု ဖြစ်နေပြီဖြစ်ပြီး သူတို့သည် ယခုအခါ ဝူယွမ်နှင့် ပူးပေါင်းနေကြသည်။

လျှိုရှန်ရွှမ်သည် ဝူယွမ်နောက်သို့ လိုက်ပါလာသော အလွန်တရာ နူးညံ့သိမ်မွေ့သည့် မိန်းမပျိုလေး ပိုင်ယွမ်ကို စိုက်ကြည့်နေမိသည်။ သူမသည် အဖြူရောင် အမွေးပွ ဦးထုပ်လေးကို ဆောင်းထားသော်လည်း သူမကို အလွန် အန္တရာယ်များသည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

ဤမိန်းမပျိုလေး၏စွမ်းအားမှာ သူမထက် သေချာပေါက် သာလွန်နေသည်။

ယခု ဝူယွမ်က သူမကို ရုပ်သေးရုပ် နှစ်ဆယ် ပေးအပ်လိုက်ချေပြီ။ ထိုအဖွဲ့သက်သက်ကပင် သူတို့၏ရွှမ်ထျန်းနန်းတော် အဖွဲ့ကို ကြောက်ရွံ့မှု ခံစားရစေသည်။

အခြားအရာများကို ထည့်မပြောဘဲ သူတို့ ဤနေရာသို့ လာရာလမ်းတွင် ထိုမိစ္ဆာအလောင်းကောင် ဆယ့်ရှစ်လောင်းနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့ အဖွဲ့ထဲရှိ အစွမ်းအထက်ဆုံး ဆန်းကြယ်သေခြင်းအဆင့် အကြီးအကဲပင်လျှင် သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့ခဲ့ရသည်။

ဝူယွမ်က ရုတ်တရက် ၎င်းတို့ထဲမှ ဆယ့်ရှစ်လောင်းကို ထုတ်ယူလိုက်ခြင်းဖြစ်သည်။

ဝူယွမ်က အရမ်းကို ရက်ရောလွန်းတယ်လို့ပဲ ပြောရတော့မည့်ပုံပင်။

“ဗွမ်း”

ဝူယွမ်သည် မိုးကြိုးကန်ကြီးအတွင်းသို့ ဝင်ရောက်သွားသည်။

သူ၏ခန္ဓာကိုယ်မှာ ရေကူးနေသော ငါးတစ်ကောင်ပမာ လျင်မြန်စွာ ရွေ့လျားသွားသည်။ ဤမိုးကြိုးကန်ကြီးမှာ သာမန်ရေ မဟုတ်ဘဲ ငွေရောင်မိုးကြိုးအရည် အစုအဝေးများပင်။

၎င်းအတွင်း၌ ရေတွက်၍မရနိုင်သော လျှပ်စီးတန်းများ တဖျပ်ဖျပ်လက်နေပြီး အတော်လေးကြမ်းတမ်းသော စွမ်းအင်လှိုင်းတစ်ခုက သိမ်မွေ့စွာ ပြန့်ကျဲထွက်ပေါ်နေသည်။

သူ၏ မျက်လုံးများက တဖျပ်ဖျပ်လက်သွားပြီး ကန်အတွင်းရှိ ပတ်ဝန်းကျင်နှင့် အသားကျသွားသည်။ သူ တဖြည်းဖြည်း အောက်သို့ ဆင်းသက်သွားသည်နှင့်အမျှ ဤမိုးကြိုးကန်ကြီး၏ ကျယ်ပြောမှုကို ခံစားလိုက်ရသည်။

မိုးကြိုးကန်ကြီးအောက်ရှိ မြေမျက်နှာသွင်ပြင်မှာ အလွန်တရာ ထူးခြားလှပြီး ငွေရောင်ကျောက်တုံးကြီးများ နေရာအနှံ့တည်ရှိနေကာ သန္တာကျောက်တန်းများ ဖန်တီးထားသကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြသည်။ ၎င်းကို ကြည့်လိုက်လျှင် အဆုံးကို မမြင်နိုင်ပေ။

ဝူယွမ်က ထိုသန္တာကျောက်တန်းများရှိရာသို့ ပျံသန်းသွားပြီး သူ၏ စူးရှသောအကြည့်များက နေရာအနှံ့သို့ အဆက်မပြတ် လှည့်ပတ်ကြည့်ရှုနေသည်။

ခဏအကြာတွင် သူ၏နှလုံးသား ရုတ်တရက် လှုပ်ရှားသွားပြီး အောက်သို့ ရုတ်ခြည်း လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အတော်လေးအစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပြန့်ကျဲထွက်ပေါ်လာနေသည်။

ထို့နောက် လေဝဲကတော့တစ်ခု ဖြစ်ပေါ်လာပြီး မိုးကြိုးနှလုံးသားတစ်ခု အပေါ်သို့ လွင့်မျောလာသည်။

ဝူယွမ်က ၎င်းကို ဖမ်းဆုပ်လိုက်ပြီး ရှေ့သို့ ဆက်လက်ကူးခတ်သွားလေသည်။

ဤအချိန်တွင် အလွန်တရာ ကျယ်ပြောလှသော မိုးကြိုးကျောက်ဆောင် ချောက်ကမ်းပါးကြီးတစ်ခု အရှေ့တွင် ပေါ်လာသည်။ ချောက်ကမ်းပါးမှာ မြေကြီး၏ နက်ရှိုင်းရာနှင့် ဆက်သွယ်နေသကဲ့သို့ အောက်ခြေမရှိဘဲ ချောက်ကမ်းပါး၏ နံရံနှစ်ဖက်လုံးတွင် ရေတွက်၍မရနိုင်သော ကျောက်ဂူများရှိနေသည်။

မိုးကြိုးအရည် ကန်ရေပြင်မှ ရောင်ပြန်ဟပ်နေသော အလင်းရောင်ကြောင့် ထိုကျောက်ဂူများအတွင်း၌ တင်ပျဉ်ခွေထိုင်နေသော လူရိပ်များ ရှိနေသကဲ့သို့ ဝူယွမ် ဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

All Chapters