← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

121

ဌာနချုပ်မှ လူရှစ်ယောက်တိတိ လွှတ်ပေးမည် ဖြစ်သောကြောင့် ပါလီမြစ်ရဲစခန်း၏ ဝန်ထုပ်ဝန်ပိုးများမှာ အတော်အတန် လျော့ကျသွားပြီး အလုပ်လုပ်ရာတွင် ပိုမိုမြန်ဆန် လွယ်ကူသွားမည် ဖြစ်သည်။

ချင်ရန်သည် အလွန်တော်သော်လည်း ပါလီမြစ်ရဲစခန်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများသည် အမြဲတမ်း အမှုကြီးများချည်းသာ မဟုတ်ချေ။

ချင်ရန်၏ ထူးခြားပြောင်မြောက်လှသည့် စွမ်းရည်မျိုးကို ဤနေရာတွင် အသုံးမချဘဲ ထားရှိခြင်းက နှမြောစရာကောင်းလှသည်ဟု အထက်ပိုင်းက ယူဆမိသည်။

"လူရှစ်ယောက်ဆိုရင် အဆင်ပြေပါတယ်"

ချင်ရန်က ခေါင်းငြိမ့်ပြလိုက်သည်။

မိမိအနေဖြင့် ပါလီမြစ်တွင် တစ်သက်လုံး နေသွား၍ မရမှန်း သူ သိရှိနားလည်ပြီးသား ဖြစ်သည်။

ဤနေရာသည် ကျဉ်းလွန်းလှပြီး သူ့စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသရန် နေရာလပ် မရှိသလောက်ပင် ဖြစ်သည်။

ဘေးနားတွင် ရှိနေသော ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့သည် တိတ်ဆိတ်နေကြသည်။

အထူးသဖြင့် စောစောကမှ စိတ်လှုပ်ရှားတက်ကြွနေသည့် ချောင်ကျန့်ကျွင်းသည် ယခုအခါ ငြိမ်သက်သွားတော့သည်။

"ချင်ရန်ရာ မင်းထွက်သွားရင် ငါတော့ တကယ်လွမ်းနေတော့မှာပဲ"

ချောင်ကျန့်ကျွင်းက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

ချင်ရန်သည် သူ့အပေါ်တွင် ဖျောက်ဖျက်၍ မရနိုင်သော အမှတ်တရများကို ချန်ရစ်ခဲ့သည်။

ချင်ရန်လို လူတစ်ယောက် ပါလီမြစ်မှ ပြောင်းရွှေ့သွားတော့မည်ဆိုသည့် စကားက သူ့ကို အကြီးအကျယ် စိတ်မကောင်း ဖြစ်စေခဲ့သည်။

"ဘာများ လွမ်းစရာရှိလို့လဲ၊ ကျွန်တော်ထွက်သွားရင် စီနီယာချောင်က ပါလီမြစ်ရဲ့ မပြောင်းလဲတဲ့ ဂန္ထဝင်တစ်ဦး ဖြစ်လာမှာပေါ့"

ချင်ရန်က ရယ်မောရင်း နောက်ပြောင်ပြောဆိုလိုက်သည်။

ချောင်ကျန့်ကျွင်း သက်ပြင်းချပြီး ချင်ရန်အား လက်မြှောက်ကာ ဝိုင်တစ်ခွက်ဖြင့် ဂုဏ်ပြုလိုက်သည်။

ချင်ရန်နှင့် သူ့အဖွဲ့သည် နောက်လမှစ၍ ဌာနချုပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည် ဖြစ်သဖြင့် ကျန်ရှိသည့်ရက်များကို ပါလီမြစ်စခန်း၌ပင် အေးအေးဆေးဆေး ကုန်ဆုံးစေကြသည်။

ဤသို့ မပြောင်းရွှေ့မီ အချိန်ကာလတွင် ချင်ရန်မှာ အလုပ်သိပ်မရှိလှချေ။

သို့သော် ချောင်ကျန့်ကျွင်းမှာမူ လန်တင်းယာရှဲ့ ဟုခေါ်သည့် အနှိပ်ခန်းတစ်ခုတွင် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရှိထားခဲ့သည်။

၎င်းသည် အရပ်ဝတ်ဖြင့် အကြိမ်ကြိမ် သွားရောက်စုံစမ်းခဲ့သော်လည်း အဆိုပါ အနှိပ်ခန်းမှာ မည်သည့်အပြစ်အနာအဆာမှ ရှာမရဘဲ စနစ်ကျလွန်းနေခဲ့သည်။

ချောင်ကျန့်ကျွင်း ပို၍ ဇဝေဇဝါဖြစ်ရသည်မှာ သူစောင့်ကြည့်နေစဉ်က ထိုကလပ်မှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် တွေ့ဆုံနေသည့် အမျိုးသားမှာ အခြားသူမဟုတ်ဘဲ သူ့ယောက်ဖဖြစ်သူ စွန်းယိုကွမ်း ဖြစ်နေခြင်းပင် ဖြစ်သည်။

မိမိအစ်မဖြစ်သူ လှည့်စားခံနေရသည်ကို မကြည့်ရက်သဖြင့် ချောင်ကျန့်ကျွင်းက ချင်ရန်ကို အကူအညီတောင်းလိုက်တော့သည်။

ချင်ရန် ခဏစဉ်းစားပြီးနောက် ချောင်ကျန့်ကျွင်းကို သေချာစိုက်ကြည့်ကာ ပြောလိုက်သည်။

"စီနီယာချောင် ခင်ဗျားက ပါလီမြစ်ရဲ့ ဝါရင့်ရဲအရာရှိတစ်ယောက်ပဲ၊ လန်တင်းယာရှဲ့က ဒီကနေ ၇ ကီလိုမီတာ၊ ၈ ကီလိုမီတာလောက်ပဲ ဝေးတာလေ၊ အဲဒီအနှိပ်ခန်းကလူတွေက ခင်ဗျားမျက်နှာကို မှတ်မိနေကြလို့ နေမှာပေါ့၊ ဒါကြောင့် ခင်ဗျားဝင်စုံစမ်းတိုင်း ဘာမှမိမလာတာ မဟုတ်ဘူးလား"

ချင်ရန်၏ အချက်ကျသော စကားကြောင့် ချောင်ကျန့်ကျွင်း သူ့နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး အော်လိုက်သည်။

"ဟာ ဟုတ်သားပဲ! ငါ ဒါကို မေ့သွားတယ် ဒါပေမဲ့ သူတို့က ငါ့ကို ဘာလို့ သိနေရမှာလဲ"

ချင်ရန်က ရယ်မောရင်း ရှင်းပြလိုက်သည်။

"ဖိန်လင်မြို့မှာ ပြည့်တန်ဆာနှိမ်နင်းရေးတွေက အမြဲလုပ်နေတာလေ၊ အဲဒီတော့ အနှိပ်ခန်းပိုင်ရှင်တွေက ဒီလိုလုပ်ငန်းကို လုပ်ချင်တယ်ဆိုရင် ရဲတွေကို အရင်သေသေချာချာ မှတ်ထားတာကလွဲလို့ တခြားနည်းလမ်း ရှိလို့လား"

"ဒါဆိုရင်တော့ ငါသွားလို့ အဆင်မပြေတော့ဘူးပေါ့"

ချောင်ကျန့်ကျွင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"ကျွန်တော် သွားစုံစမ်းပေးရမလား၊ ကျွန်တော်က အလုပ်သင်ရဲပဲ ရှိသေးတာဆိုတော့ သူတို့ ကျွန်တော့်ကို သိမှာမဟုတ်သေးဘူး၊ ကျွန်တော့်ကို အသွင်ယူပြီး စုံစမ်းခိုင်းမလား"

ချင်ရန် အကြံပေးလိုက်ရာ ချောင်ကျန့်ကျွင်းက ဝမ်းသာအားရ သဘောတူလိုက်သည်။

"အိုးဟိုး မင်းမှာ အကြံတွေ ရှိသားပဲ၊ ကောင်းပြီ ဒီညပဲ သွားကြတာပေါ့"

ချင်ရန်နှင့် ချောင်ကျန့်ကျွင်းတို့ သဘောတူညီမှု ရသွားကြသည်။

သူတို့သည် ယန်ရှုနှင့် လီတဝေကိုပါ ခေါ်လိုက်သော်လည်း ကျောက်ကျိဝေ့ကိုမူ အလွန်ရိုးလွန်းသဖြင့် ချန်ထားခဲ့လိုက်ကြသည်။

နီယွန်မီးများ လင်းထိန်စပြုသည့် ညနေစောင်းတွင် ချောင်ကျန့်ကျွင်းက အနှိပ်ခန်းအပြင်တွင် စောင့်နေခဲ့ပြီး ချင်ရန်၊ လီတဝေနှင့် ယန်ရှုတို့ သုံးယောက်မှာ လန်တင်းယာရှဲ့ အတွင်းသို့ ဝင်ရောက်လာကြသည်။

အနှိပ်ခန်းအရှေ့တွင် ရွှေရောင်ဆိုင်းဘုတ်ကြီးက တလက်လက်တောက်ပနေပြီး ခန္ဓာကိုယ်အချိုးအစား လှပသည့် ဧည့်ကြိုအမျိုးသမီးနှစ်ယောက် ရပ်နေကြသည်။

ထိုအမျိုးသမီးများမှာ အရပ်ရှည်ပြီး ၄ လက်မခန့်ရှိသော ဒေါက်မြင့်ဖိနပ်များကို စီးထားကြသည်။

လှပသော ခြေတံသွယ်သွယ်များကို အသားကပ်ခြေအိတ်များဖြင့် ဖုံးအုပ်ထားသည်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။

လီတဝေနှင့် ယန်ရှုတို့မှာ မြင်မြင်ချင်းမှာပင် ဆွဲဆောင်ခံလိုက်ရပြီး တံတွေးများပင် မြိုချနေရတော့သည်။

သူတို့သည် သန်မာသည့် လူပျိုအရွယ်များ ဖြစ်သဖြင့် စိတ်မထိန်းနိုင်ကြသည်မှာ မဆန်းသော်လည်း ချင်ရန်မှာမူ တည်ငြိမ်နေဆဲပင်။

"မင်းတို့နှစ်ယောက်ရဲ့ ဒီလိုပုံစံက ကောင်းတယ်၊ အခုမှ စလုပ်တဲ့ အလုပ်သင်တွေလိုပဲ၊ ဒါမှ သူတို့ အယုံလွယ်မှာ"

ချင်ရန်က တိုးတိုးလေး ပြောလိုက်သည်။

"ချင်ရန် မင်းက ဘာမှမခံစားရဘူးလား"

လီတဝေက ကပ်မေးလိုက်သည်။

"ဒီလောက်လေးနဲ့ ဘာဖြစ်ရမှာလဲ"

ချင်ရန် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"ကဲ စကားတွေ အများကြီး မပြောနဲ့တော့၊ အထဲဝင်ရအောင်"

သုံးယောက်သား ပုံမှန်ဧည့်သည်များကဲ့သို့ အထဲဝင်သွားကြသည်။

အနှိပ်ခန်းအတွင်းသို့ ရောက်သည်နှင့် မြင်လိုက်ရသည့် အခန်းပုံစံမှာ သာမန်အတိုင်းပင် ဖြစ်သည်။

သို့သော် ဝင်ဝင်ချင်းမှာပင် ဆွဲဆောင်မှုရှိသော ရနံ့များက နှာခေါင်းထဲ တိုးဝင်လာသည်။

လီတဝေနှင့် ယန်ရှုတို့ မိန်းမောနေစဉ် ချင်ရန်ကမူ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မှားနေသည်ကို ရိပ်မိလိုက်သည်။

'ဒီရနံ့က သာမန်တော့ မဟုတ်ဘူး၊ ကြည့်ရသေးတာပေါ့'

ထိုအချိန်တွင် မန်နေဂျာအမျိုးသမီး တစ်ဦး ရောက်လာသည်။

"ကြွပါရှင် လူကြီးမင်းတို့"

သူမက ပြုံးရွှင်စွာ နှုတ်ဆက်ပြီး သူတို့အား အခန်းတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားသည်။

သူတို့ ဖြတ်သန်းလာသည့် လမ်းတစ်လျှောက်တွင် အလုံပိတ် သီးသန့်အခန်းများကို တွေ့ရသည်။

မန်နေဂျာမှ သူတို့အား အခန်းထဲ ပို့ပေးပြီးနောက် စတင်မိတ်ဆက်လာသည်။

"လူကြီးမင်းတို့က ဘယ်လို ဝန်ဆောင်မှုမျိုးကို ရွေးချယ်ချင်ပါသလဲရှင်"

သူမက ဈေးနှုန်းစာရင်းကို ပြသည်။

ထိုစာရင်းထဲတွင် သာမန်အနှိပ်ဝန်ဆောင်မှုများသာ ပါရှိသော်လည်း မန်နေဂျာမှာ သူတို့အား စေ့စေ့စပ်စပ် အကဲခတ်နေသည်ကို ချင်ရန် သတိထားမိလိုက်သည်။

သူမသည် သူတို့အား အသွင်ယူစုံစမ်းနေသည့် ရဲများဟု သံသယရှိနေပုံရသည်။

ချင်ရန်သည် မသိချင်ယောင်ဆောင်ကာ ၁၈၈ ယွမ်တန် အနှိပ်ဝန်ဆောင်မှုကို ရွေးလိုက်ပြီး လီတဝေနှင့် ယန်ရှုတို့ကလည်း လိုက်ရွေးလိုက်ကြသည်။

ချင်ရန်က သူ့အင်္ကျီရင်ဘတ်တွင် လျှို့ဝှက်ကင်မရာ တပ်ထားပြီး အစအဆုံး မှတ်တမ်းတင်နေသည်။

မန်နေဂျာအမျိုးသမီးသည် အခန်းအပြင်ရောက်သည်နှင့် အခြားသီးသန့်လမ်းကြားမှတစ်ဆင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးများ ပြည့်နှက်နေသည့် အခန်းကြီးထဲ ဝင်သွားသည်။

"အခုပဲ အသစ် သုံးယောက် ရောက်လာတယ်၊ သူတို့ ဝတ်ပုံစားပုံ ကြည့်ရတာ ပိုက်ဆံရှိမယ့်ပုံပဲ၊ နင်တို့ သူတို့ကို ကောင်းကောင်း ပြုစုပေးရမယ်နော်၊ ဒါဆို သူတို့က နင်တို့ကို စွဲလန်းသွားပြီး အိတ်ထဲက ပိုက်ဆံတွေ အကုန် နင်တို့ဟာ ဖြစ်မှာပဲ"

သူမ စကားဆုံးသည်နှင့် အမျိုးသမီး အယောက် ၃၀ ခန့်မှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ကြတော့သည်။

နောက်ဆုံးတွင် မန်နေဂျာက အလှဆုံး သုံးယောက်ကို ရွေးပြီး ချင်ရန်တို့ အခန်းသို့ ပို့လိုက်သည်။

တစ်ချိန်တည်းမှာပင် မန်နေဂျာမှာ လက်သပ်မွေးထားသော လူမိုက်များကိုပါ ခေါ်လိုက်သည်။

သူတို့သည် ချိန်းခြောက်ငွေညှစ်ရန် အသင့်ပြင်ထားကြသည်။

လန်တင်းယာရှဲ့၏ လုပ်ငန်းမှာ ပြည့်တန်ဆာလုပ်ငန်းသာမက ပျားရည်ထောင်ချောက်ဆင်ကာ ငွေညှစ်သည့် အလုပ်ကိုပါ ပူးတွဲလုပ်ကိုင်နေခြင်း ဖြစ်လေသည်။

122

ချင်ရန်သည် သီးသန့်အခန်းလေးထဲတွင် အေးအေးဆေးဆေး ထိုင်နေရင်း စိတ်ထဲမှ တွေးနေမိသည်။

‘ဒီလိုဆိုင်မျိုးတွေရဲ့ ထုံးစံကတော့ သာမန်အနှိပ်နဲ့ပဲ အစပြုကြတာပဲ ဒါပေမဲ့ အနှိပ်ကြာလာတာနဲ့အမျှ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပုံမှန်မဟုတ်တော့ဘူး၊ သူတို့ရဲ့ အနှိပ်ပညာကိုက ကာမစိတ်ကြွလာအောင် ရည်ရွယ်ပြီး အထူးပြုလုပ်ထားတာ၊ အဲဒီအချိန်ကျမှ ဧည့်သည်ဘက်ကနေ အလိုလို တောင်းဆိုလာအောင် သူတို့က တွန်းအားပေးတော့တာပဲ’

ဤခေတ်ကာလတွင် ဈေးနှုန်းအတိအကျ သတ်မှတ်ပြီး ပေါ်တင်ရောင်းစားရန်မှာ မလွယ်ကူသဖြင့် ဆိုင်ပိတ်ခံရရန် နီးစပ်လှသည်။

ထို့ကြောင့် သူတို့သည် ကလူမြှူဆွယ်သည့် နည်းလမ်းကိုသာ အသုံးပြုကြခြင်း ဖြစ်သည်။

ခဏအကြာတွင် အသက် ၂၅ နှစ်ဝန်းကျင်ရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီးသုံးဦးသည် ချင်ရန်၊ လီတဝေနှင့် ယန်ရှုတို့ရှိရာ အခန်းငယ်လေးထဲသို့ ဝင်လာကြသည်။

လီတဝေနှင့် ယန်ရှုတို့မှာ ချက်ချင်းပင် နေရခက်သွားကြ၏။

ဤကဲ့သို့ သီးသန့်ဆန်သော နေရာမျိုးတွင် ယောကျ်ားနှင့် မိန်းမ နှစ်ယောက်တည်း ရှိနေခြင်းက စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

လီတဝေမှာ ငါက ရဲအရာရှိတစ်ယောက်ပဲ၊ ငါ့မှာ တခြားစိတ်တွေ ရှိလို့မဖြစ်ဘူး ဟု မိမိကိုယ်ကို သတိပေးနေရသည်။

ယန်ရှုမှာမူ တည်ကြည်ဖြောင့်မတ်သူ ဖြစ်သည့်အတိုင်း ထူးထူးခြားခြား တုံ့ပြန်မှု မရှိပေ။

ချင်ရန်မှာမူ အလွန်ပင် တည်ငြိမ်နေသည်။

ထိုအမျိုးသမီး ဝင်လာသည်ကို မြင်လျှင် မြင်ချင်း ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"ညီမလေးက တော်တော်လှတာပဲနော်"

"အစ်ကိုကလည်း အရမ်းချောတာပဲ"

ထိုအမျိုးသမီးက ပြုံးလျက် ပြန်ပြောရင်း ချင်ရန်၏ ဒူးပေါ်သို့ လက်ကလေး တင်လိုက်သည်။

"အစ်ကိုက ဒီကို ပထမဆုံးအကြိမ် လာတာလားဟင်"

သူမက ကလူမြှူဆွယ်သော အသံဖြင့် တိုးတိုးလေး ပြောရင်း သူမ၏ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ကာ အပေါ်ပိုင်းကို တမင်ဖော်ပြလိုက်သည်။

"ဟဲဟဲ၊ မင်းတို့ဆီကို လာတာ ဒါပထမဆုံးအကြိမ်ပါပဲ၊ မင်းလေးတို့ဆီမှာ ရှိတဲ့ ဝန်ဆောင်မှုတွေကို ညွှန်းပေးပါဦး"

ချင်ရန်က ပြုံးလျက် ပြောလိုက်သည်။

ထိုအမျိုးသမီး၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

‘ဒီလူက အတွေ့အကြုံရှိတဲ့ လူပျိုကြီးတစ်ယောက် ဖြစ်မှာပဲ၊ လန်တင်းယာရှဲ့ကိုတော့ မရောက်ဖူးသေးတာ ဖြစ်မယ်၊ ဒီလိုလူမျိုးတွေက ကြောက်တတ်ကြတာ၊ ငါ သူ့ကို တခြားအခန်းထဲ ခေါ်သွားလိုက်မယ်ဆိုရင် ငါတို့ဘက်က လူမိုက်တွေလည်း အထဲဝင်လာရော သူ ကြောက်လွန်းလို့ သေသွားမှာပဲ၊ ဒါနဲ့ ဒီလောက်ချောပြီး အရပ်ရှည်တဲ့ လူတစ်ယောက်က ဘာလို့ ဒီလိုနေရာမျိုး လာရတာလဲ ယောကျ်ားတွေကတော့ အတူတူပါပဲ’

ထိုဝန်ထမ်းမလေးမှာ မခန့်လေးစား တွေးလိုက်သည်။

သူမသည် ချင်ရန်ကို စတင်နှိပ်ပေးတော့သည်။

အမှန်စင်စစ် သူမ၏ အနှိပ်ပညာမှာ အခြေခံမျှသာ ရှိပြီး မည်သည့် ကျွမ်းကျင်မှုမှ မရှိပေ။

သာမန်အားဖြင့် အသက် ၂၀ ကျော် မိန်းကလေးများမှာ အနှိပ်မတတ်ကြဘဲ အသက် ၄၀၊ ၅၀ အရွယ် အမျိုးသမီးများသာ ကျွမ်းကျင်ကြခြင်း ဖြစ်သည်။

သို့သော် ဤနေရာတွင် အနှိပ်ပညာထက် ကလူမြှူဆွယ်သည့် ပညာကသာ ပို၍ အရေးကြီးသည်။

အစပိုင်းတွင် သူမ၏ လက်များမှာ ချင်ရန် ခြေထောက်များပေါ်တွင်သာ ရှိနေသော်လည်း နောက်ပိုင်းတွင် သူမ၏ လက်များမှာ ပိုမိုရဲတင်းလာကာ ဆွဲဆောင်မှုရှိသော လှုပ်ရှားမှုများ ပြုလုပ်လာသည်။

ချင်ရန်မှာ စက်ဆုပ်မိသော်လည်း လူသားတစ်ယောက်အနေဖြင့် အလိုအလျောက် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုကို မရှောင်လွှဲနိုင်ခဲ့ချေ။

ချင်ရန်က ယခုအချိန်မှာ မိမိဘက်မှ စတင်ရမည့် အချိန်ဖြစ်ကြောင်း သိလိုက်သည်။

"ညီမလေးက အရမ်းလှတာပဲ၊ ကိုယ့်ကို တစ်ညလောက် အဖော်ပြုပေးလို့ ရမလား"

ချင်ရန်က ပေါ်တင်ပင် မေးလိုက်သည်။

ထိုအမျိုးသမီးမှာ စိတ်ထဲမှ ဝမ်းသာသွားသော်လည်း ချက်ချင်း သဘောမတူဘဲ မူနေသေးသည်။

ချင်ရန်က သူမ၏ ဟန်ဆောင်မှုကို ရိပ်မိလိုက်သည်။

"ကိုယ့်မှာ အခု ပိုက်ဆံ ၃,၀၀၀ ပါလာတယ်၊ တစ်ညလုံးအတွက် ဆိုရင်ရော အဆင်ပြေမလား၊ လိုအပ်ရင်လည်း ပြော ထပ်ရှိသေးတယ်"

ချင်ရန်က စားနေကြ ကြောင်ဖားလူရှုပ်တစ်ယောက်ကဲ့သို့ သရုပ်ဆောင်လိုက်သည်။

"အစ်ကိုကသာ ဒီလောက် မချောရင် ညီမ သဘောတူမိမှာ မဟုတ်ဘူး၊ ဒီနေရာက အသံသိပ်မလုံဘူး၊ တခြားနေရာ သွားရအောင်လေ နော်"

အမျိုးသမီးဝန်ထမ်းက ပျော့ပျောင်းစွာ ပြောလိုက်သည်။

"ကောင်းပြီလေ"

ချင်ရန်က ပြုံးလိုက်ပြီး ကုတင်ပေါ်မှ ထကာ သူမနောက်သို့ လိုက်သွားစဉ် ဘေးခန်းမှ လီတဝေနှင့် ယန်ရှုတို့၏ အသံကို ကြားလိုက်ရသည်။

"မလုပ်နဲ့၊ အဲဒီမှာ လက်မတင်နဲ့"

"ဟေ့ ကောင်းကောင်းနှိပ်စမ်းပါ၊ ဘာလို့ လက်က မငြိမ်တာလဲ"

ချင်ရန် ထိုအသံများကို ကြားပြီး ပြုံးလိုက်မိသည်။

သူမနောက်သို့ လိုက်သွားရာတွင် လမ်းကြားတစ်ခုရှိ အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သော်လည်း ထိုအခန်းအတွင်း၌ နောက်ထပ် လမ်းကြားတစ်ခု ထပ်ရှိနေသည်ကို တွေ့လိုက်ရသည်။

‘ဒီအိမ်ရဲ့ တည်ဆောက်ပုံက လျှို့ဝှက်ချက်တွေ အများကြီးပဲ၊ ဒါကြောင့်လဲ စီနီယာချောင် လာတုန်းက ရှာမတွေ့တာ မဆန်းပါဘူး’

ချင်ရန် တွေးလိုက်ပြီးနောက် သူသည် သူမနောက်မှ အကွေ့အကောက်များစွာကို လိုက်သွားပြီးနောက် အခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။

သူ၏ မှတ်ဉာဏ်ကောင်းမှုကြောင့် လမ်းကြောင်းတစ်ခုလုံးကို မှတ်သားထားလိုက်ပြီဖြစ်သည်။

အခန်းထဲသို့ ရောက်လျှင် ရောက်ချင်းပင် အမျိုးသမီးများ၏ အော်ဟစ်သံများနှင့် ညည်းညူသံများကို ကြားလိုက်ရသဖြင့် ဤနေရာသည် သူတို့အဓိက အခြေစိုက်စခန်းဖြစ်ကြောင်း ချင်ရန် သိလိုက်သည်။

သူသည် လမ်းကြောင်းကို အလွတ်မှတ်ထားပြီးဖြစ်သဖြင့် အပြင်ကစောင့်နေသော ချောင်ကျန့်ကျွင်းတို့ကို လူဖမ်းရန် အချိန်မရွေး အချက်ပေးနိုင်ပြီ ဖြစ်သည်။

ချင်ရန် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ထိုအမျိုးသမီးမှာ သူ့အပေါ်သို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။

ချင်ရန်မှာ အံ့အားသင့်သွားရသည်။

ဘာလို့ ဒီလောက်တောင် လောနေရတာလဲ၊ သူက အရမ်းချောနေလို့လား။

သူ စဉ်းစားမရခင်မှာပင် သူမက သူ့ကို ဖက်ထားပြီး ကုတင်ပေါ်သို့ တွန်းလှဲကာ အပေါ်မှ ခွစီးလိုက်သည်။

ထိုစဉ်မှာပင်

*ကလစ်*

အခန်းတံခါးသော့ ဖွင့်အသံနှင့်အတူ တံခါးမှာ ပွင့်ထွက်သွားတော့သည်။

"မင်းလိုကောင်က ငါ့မိန်းမကို ထိရဲတယ်ပေါ့လေ"

ကျယ်လောင်လှသော အော်သံကြီးတစ်ခုသည် ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး ကင်မရာ ရိုက်သံများပါ ဆက်တိုက် ထွက်ပေါ်လာသည်။

"အဟင့် ဟင့်"

ထိုအခါ ချင်ရန်အပေါ်မှ ခွစီးထားသော အမျိုးသမီးမှာ ချက်ချင်းပင် အောက်သို့ ပြေးဆင်းသွားပြီး မျက်ရည်စက်လက်ဖြင့် တိုင်တန်းတော့သည်။

"ယောကျ်ား ဒီလူက အရမ်းယုတ်မာတာပဲ၊ သူက ညီမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတာ"

အော်ဟစ်လိုက်သော အမျိုးသားမှာ အရပ် ၆ ပေနီးပါးရှိပြီး ဝဝတုတ်တုတ်နှင့် လည်ပင်းတွင် ရွှေကြိုးအကြီးကြီး ဆွဲထားကာ လက်မောင်းတွင် တက်တူးများဖြင့် လူမိုက်ပုံစံ ပေါက်နေသည်။

"မင်းက ငါ့မိန်းမကို နှောင့်ယှက်ချင်တာလား၊ သေချင်လို့လား ဟမ် ဒီနေ့ ပိုက်ဆံ ၂၀,၀၀၀ မပေးရင် မင်း ဒီအခန်းထဲက အသက်ရှင်လျက် ထွက်မသွားရဘူးလို့ မှတ်ထားလိုက်၊ ဒါမှမဟုတ် မင်းရဲ့ ခြေထောက်တစ်ဖက်ကို လျော်ကြေးအနေနဲ့ ဖြတ်ပစ်ရမလား"

ထိုလူမိုက်က ကြိမ်းဝါးလိုက်သည်။

ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ ချင်ရန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။

ဒီလူတွေက ဘာတွေလုပ်နေကြတာလဲ။

ဒါက သာမန် ပြည့်တန်ဆာလုပ်ငန်း မဟုတ်ဘဲ အကွက်ဆင် ငွေညှစ်တဲ့ အလှပြထောင်ချောက် ဖြစ်နေတာကိုး။

သာမန်လူဆိုလျှင် ဤအခြေအနေမျိုးတွင် ကြောက်လွန်း၍ ဆီးထွက်ကျသွားနိုင်သလို စိတ်ဒဏ်ရာပင် ရသွားနိုင်သည်။

ဒါပေမဲ့ သူတို့ ရင်ဆိုင်နေရတဲ့သူက ဘယ်သူလဲ၊ ချင်ရန်ပင် မဟုတ်ပါလား။

All Chapters