← Chapters

အခန်း (၉၄၈-၉၄၉)

Vol. 54 Ch. 948-949

အခန်း (၉၄၈-၉၄၉)

Vol. 54 Ch. 948-949

Chapter 948

ပင်လယ်အောက် မီးတောင် ၃

ရိုင်ယန်က ပြုံးလိုက်သည်။ မိုနီကာ၏ လှောင်ပြောင်မှုကို စိတ်မဆိုးပဲ လင်းရှန်ကိုသာ ကြည့်လိုက်သည်။

“ကပ္ပတိန်လင်း… တကယ်လို့ အဆင့် ၄ သွေးပဲစေ့ကို သုံးပြီး သလင်းကျောက်မွေးမြူခြင်းနဲ့ ဖျက်ဆီးခြင်းအဆင့်ကို တက်လှမ်းဖို့ အောင်မြင်မှုနှုန်း အနည်းဆုံး ၉၀ ရာခိုင်နှုန်း ရှိတယ်လို့ ငါပြောရင် မင်း ဒီအန္တရာယ်ကို ရင်ဆိုင်မလား”

“မလုပ်ဘူး”

လင်းရှန်က တည်ငြိမ်စွာပင် တုံ့ပြန်သည်။

“အကယ်လို့ အစီအစဉ်က ဒီလောက်ပဲဆိုရင်တော့ ဒါက အတော်လေးကို မိုက်မဲတာပဲ။ ဒါပေမဲ့ ကိစ္စက ဒီလောက်နဲ့ မပြီးဘူးလို့ ငါခံစားနေရတယ်… မင်းလည်း ငါ့လိုပဲ ခံစားနေရတယ်မလား”

ဗန်နက်ဆာနှင့် အခြားသူများမှာ တည်ငြိမ်နေဆဲပင်။ လင်းရှန်၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေသကဲ့သို့ပင်။ ရိုင်ယန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ပြောလိုက်သည်။

“ဟုတ်ပါတယ်။ အဆင့် ၄ သွေးပဲစေ့ဆိုတာ အခုအချိန်မှာ စတားဖလိ့နဲ့ ဖီးနစ်အဖွဲ့အစည်းနှစ်ခုလုံးအတွက် အရမ်းတန်ဖိုးရှိတဲ့ ပစ္စည်းပဲ။ ပင်လယ်အုပ်စုက အသက်ရှင်ကျန်ရစ်သူတွေဖြစ်တဲ့ ငါတို့အတွက်တော့ အထူးအဆင့်တစ်ကောင်တည်းကို ရင်ဆိုင်ဖို့တောင် ငရဲလိုပဲ ခက်ခဲတယ်။ အခုက တစ်အုပ်ကြီး ဖြစ်နေနိုင်တာလေ”

သူက ပြောရင်းနှင့် မျက်နှာပြင်မှ ပုံကို ပြောင်းလိုက်ရာ ပင်လယ်အောက် ကုန်းမြေ၏ သုံးဖက်မြင် ဟိုလိုဂရမ်ပုံရိပ် ပေါ်လာသည်။ ရိုင်ယန်က ကျောက်ဆောင်ကျွန်း၏ မြောက်ဘက်တွင်ရှိသည့် ကန်တော့ချွန်ပုံစံ ထူးဆန်းသော မြေမျက်နှာသွင်ပြင်ရှိသည့် နေရာတစ်ခုကို ညွှန်ပြသည်။ လင်းရှန်က ၎င်းကို မြင်သည်နှင့် လေးနက်စွာ ပြောလိုက်သည်။

“ပင်လယ်အောက် မီးတောင်လား”

“ဂါလန် မီးတောင်ပဲ။ ဂါလန်ထရန့်ထဲက ပစိဖိတ်သမုဒ္ဒရာအနက်ပိုင်းတောင်တန်းရဲ့ တောင်ဘက်မှာ ရှိတယ်။ ကျောက်ဆောင်ကျွန်းကနေ ရေမိုင် ၉၆ မိုင်လောက်ပဲ ဝေးတယ်။ အဲ့ဒီမီးတောင်က နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ လှုပ်ရှားနေတာပဲ။ အကြိမ်ရေနည်းပေမယ့် နောက်ဆုံးတစ်ခါ ပေါက်ကွဲတုန်းက မီတာ ၄၉၀ ကျော်မြင့်တဲ့ ဆူနာမီဖြစ်ပေါ်စေခဲ့ပြီး ကျောက်ဆောင်ကျွန်းကို ၁၄ ပိုင်း ကွဲသွားစေခဲ့တယ်...”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါနဲ့ သန္ဓေပြောင်း မွန်းစတားနဲ့ ဘာဆိုင်လို့လဲ”

“မဟုတ်ဘူး။ အဲ့ဒါက ကျောက်ဆောင်ကျွန်းပေါ်က အရာတစ်ခုနဲ့ ဆိုင်တာ”

ရိုင်ယန်က ထိတ်လန့်ဖွယ်ကိစ္စကို ထုတ်ဖော်လိုက်သည်။

“ဘာ။ မီးတောင်နဲ့ တစ်ခုခုက ပတ်သက်နေတယ် ဟုတ်လား”

ကီကီက နားမလည်နိုင်သလို ကြည့်လိုက်သည်။

“ရှင် ဘာတွေပြောနေတာလဲ”

“အဲ့ဒါက တားမြစ်ပစ္စည်းတစ်ခုပဲ”

ဂေဒီက လင်းရှန်တို့ဘက်သို့ လှည့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ငါတို့ ဒီအချက်အလက်ကို ရရချင်းတုန်းကလည်း နင်တို့လိုပဲ အံ့သြခဲ့ကြတယ်”

လင်းရှန် အလွန်တုန်လှုပ်သွားသည်။

“တားမြစ်ပစ္စည်းက ပင်လယ်အောက် မီးတောင်ကို ထိန်းချုပ်နိုင်တယ်ပေါ့။ ဒါဆို မင်းတို့က ဒါကို သုံးပြီး သန္ဓေပြောင်းမွန်းစတားတွေကို အမဲလိုက်ဖို့ ကြံနေတာလား”

ရိုင်ယန်က ခေါင်းခါပြပြီး လင်းရှန်ကို ကြည့်ကာ ရိုးသားစွာ ပြောသည်။

“လင်း။ မင်း နားမလည်သေးဘူးလား။ အခု အခြေအနေက ငါတို့က အမဲလိုက်မှာ မဟုတ်ဘူး။ ငါတို့က အမဲလိုက်ခံနေရတာ”

ထိုအချိန်တွင် ဗန်နက်ဆာက ရှေ့သို့တက်လာပြီး လင်းရှန်ကို ပြောသည်။

“အဆင့် ၄ သွေးပဲစေ့က တန်ဖိုးရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ အဓိကဂရုစိုက်တာက ဒါမဟုတ်ဘူး။ နေ့ဘက်မှာတောင် ထွက်ပေါ်လာတတ်တဲ့ အထူးအဆင့် သန္ဓေပြောင်းမွန်းစတားတွေနဲ့ ဂါလန်မီးတောင်ရဲ့ မူမမှန်တဲ့ လှုပ်ရှားမှုတွေ ကြားထဲကနေ ဒီပင်လယ်ပြင်ကနေ ဘယ်လို ဘေးကင်းကင်းနဲ့ ထွက်သွားမလဲဆိုတာပဲ”

ရိုင်ယန်က ခေါင်းညိတ်ကာ ထပ်ဖြည့်ပြောသည်။

“ဒါက တကယ်တော့ အရမ်းအန္တရာယ်များတယ်။ ငါတို့အပြင် မြင့်မြတ်မြို့တော်က လူတွေလည်း ဒါကို ရှာဖို့ ကျောက်ဆောင်ကျွန်းပေါ် ရောက်နေကြတယ်။ ဒါကြောင့် ငါတို့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နေရတာပဲ။ သွေးပဲစေ့ဆိုတာကတော့ ငါတို့ အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်မှာပဲ ရှိပါတယ်”

လင်းရှန်၏ အကြည့်က Neptune သင်္ဘောကြီး ဘေးက ပင်လယ်ယာဉ်တန်းကို ဝေ့ကြည့်လိုက်သည်။ အကယ်လို့ ဒီယာဉ်တန်းက ထွက်သွားချင်ရင် ပစိဖိတ်သမုဒ္ဒရာရေနက်ပိုင်းတောင်တန်းကို မြောက်ဘက်ကနေ ပတ်သွားမှ ရမည်။ သို့သော် ဒီလေယာဉ်တင်သင်္ဘောကြီးက နေ့အချိန်ကိုပဲ အားကိုးပြီး ပင်လယ်ကွေ့ကြီးတစ်ခုကို ပတ်ဖို့ဆိုတာ မလွယ်ကူပေ။ ထို့ကြောင့် ရိုင်ယန် ပြောချင်သည့် အဓိပ္ပာယ်ကို လင်းရှန် ချက်ချင်း နားလည်သွားသည်။

တစ်ဆက်တည်းမှာပင် သူ စိတ်ထဲတွင် လေးလံသွားသည်။ ကျောက်ဆောင်ကျွန်း၏ အခြေအနေက ဒီလောက်ရှုပ်ထွေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရိုင်ယန်၏ အချက်အလက်များအရ ပတ်ဝန်းကျင်က အထူးအဆင့် သန္ဓေပြောင်းမွန်းစတားများသည် တားမြစ်ပစ္စည်းကြောင့်သော်လည်းကောင်း၊ ဂါလန်မီးတောင်၏ လှုပ်ခတ်မှုများကြောင့်သော်လည်းကောင်း ဆွဲဆောင်ခံရပုံရပြီး ကျောက်ဆောင်ကျွန်းမှာ အဓိကသက်ရောက်မှုခံနေရသည့် ဗဟိုချက်ဖြစ်နေသည်။

ကံကောင်းသည်မှာ ပင်လယ်ထဲမဝင်မီ သူက ဂြိုလ်ပတ်လမ်းကြောင်းပြတ်တောက်မှု သို့မဟုတ် မုန်တိုင်းများဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခဲ့ခြင်းပင်။ အနန္တရထားသည် ရေအောက်တွန်းအားပေးစနစ်နှင့် မီတာ ၅၀၀ ကျော်အထိ ရေငုပ်နိုင်သည့် စစ်ဘက်ဆိုင်ရာ အရည်အသွေး ရှိသည်။ အကယ်၍ အခြေအနေများ တကယ်ဆိုးလာခဲ့ရင်တောင် S-Class အဆင့် ကောင်းကင်သတ္တဝါများနှင့် တွေ့နိုင်သည့် အန္တရာယ်ရှိသော်လည်း ကောင်းကင်အမိုးခုံးရထားကို မောင်းနှင်ပြီး ရီပက်ဘလစ်ကန်ကျွန်းစုများဆီသို့ ပျံသန်းသွားနိုင်သည်။ ထို့ကြောင့် လင်းရှန်အတွက်တော့ ဒါက လမ်းပိတ်နေသည်ဟု မဆိုနိုင်ပေ။

သို့သော် ပင်လယ်နက်ကြီး၏ ကောင်းကင်ဓာတ်ပုံများကို မြင်ရသောအခါ သူသည် တကယ်မလိုအပ်ဘဲ ရေမငုပ်ချင်သလို ချင်းလွမ်ကောင်းကင်မြို့တော်၏ အဖြစ်ဆိုးကို မှတ်မိနေသေးသဖြင့် မပျံသန်းချင်သေးပေ။ ရိုင်ယန်၏ အစီအစဉ်မှာ အမဲလိုက်ခြင်းထက် ထိုကိစ္စများထဲတွင် မပတ်သက်မိအောင် လုပ်ဆောင်ရန်ဖြစ်ပုံရသည်ကို လင်းရှန် သတိထားမိသည်။ ထို့ကြောင့် အစီအစဉ်၏ နောက်ကွယ်က လူများနှင့် ရည်ရွယ်ချက် အပြည့်အစုံကို သူ သိမှ ဖြစ်မည်။

“ငါ သိချင်တာက တကယ်လို့ မီးတောင်က တကယ်ပေါက်ကွဲလာရင် သန္ဓေပြောင်းမွန်းစတားတွေကို ရှင်းနိုင်တာ၊မရှင်းနိုင်တာက တစ်ပိုင်း…q ရှင်တို့ကရော ဘယ်လိုအသက်ရှင်မှာလဲ”

မိုနီကာ၏ အတွေးမှာ လင်းရှန်နှင့် ထပ်တူကျနေပြီး အဓိကအချက်ကို တိုက်ရိုက်မေးလိုက်သည်။

“တကယ်တော့ ငါတို့လည်း မီးတောင်ကို မပေါက်ကွဲစေချင်ဘူး။ ဒါကြောင့်လည်း ဒီတားမြစ်ပစ္စည်းကို လိုက်ရှာနေတာပေါ့။ အကယ်လို့ ဒါက မြင့်မြတ်မြို့တော်ရဲ့ လက်ထဲရောက်သွားရင်တော့ အဆိုးဆုံးဖြစ်လာလိမ့်မယ်”

ဗန်နက်ဆာက ပြောသည်။

“ငါတို့ရထားတဲ့ သတင်းအရ ဒီတားမြစ်ပစ္စည်းက မီးတောင်ရဲ့ အပူစွမ်းအင်လှုပ်ရှားမှုကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားရှိနိုင်တယ်။ အဲ့ဒါကို သုံးပြီး နေ့ဘက်မှာ ပေါ်လာတဲ့ သန္ဓေပြောင်းမွန်းစတားတွေကို ဆွဲဆောင်ပြီး နေ့ဘက်မှာတင် ကြိုတင်တိုက်ခိုက်မှုတွေ လုပ်လို့ရတယ်”

မိုနီကာ အတွေးနက်သွားသည်၊၊

“ဒါဆို ရှင်တို့က အထူးအဆင့် မွန်းစတားတွေကို တိုက်ရိုက်အမဲလိုက်ဦးမှာပဲလား”

“ဟုတ်တယ်”

ရိုင်ယန်က ခေါင်းညိတ်သည်။

“ပြီးတော့ နေ့ဘက်က အကောင်းဆုံးအချိန်ပဲလို့ ငါတို့ ယုံကြည်တယ်”

“ဘာလို့လဲ” ကီကီက နားမလည်သလို မေးသည်။

“အကြောင်းရင်း သုံးချက် ရှိတယ်” ဗန်နက်ဆာက ရှင်းပြသည်။

“ပထမတစ်ခုက လိုက်လျောညီထွေဖြစ်မှု”

သူမက လက်ညှိုးတစ်ချောင်း ထောင်ပြသည်။

“ငါတို့ သူတို့နဲ့ တွေ့ခဲ့ဖူးတယ်။ နေ့ဘက်မှာ လိုက်လျောညီထွေဖြစ်အောင် လုပ်ထားတဲ့ နတ်ဆိုးမိစ္ဆာတွေက ဇီဝစွမ်းအင်နယ်ပယ်တွေကို တိုးတက်အောင် လုပ်ထားပေမယ့် သူတို့ရဲ့ သက်တမ်းနဲ့ အသက်စွမ်းအားက သိသိသာသာကို ညံ့ဖျင်းတယ်။ ဒါက အမှောင်ညကနေ ရုန်းထွက်လာရတဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ။ ဒါက ငါတို့အတွက် အခွင့်အရေးပဲ။ နေ့ဘက်က ငါတို့ လူသားတွေရဲ့ နယ်မြေပဲလေ”

“ဒုတိယတစ်ခုက သလင်းကျောက်စွမ်းအား”

ဂေဒီက စကားဆက်သည်။ သူ၏ လက်မောင်းပေါ်ရှိ သလင်းကျောက်စွမ်းအင် စီးကြောင်းများကို ပြသလိုက်သည်၊၊

“ငါတို့ရဲ့ အမှောင်စွမ်းအင်က နေ့ဘက်မှာ ပိုသန်မာတယ်။ အမှောင်အမှတ်အသားတွေအတွက် စိုးရိမ်စရာမလိုဘူး”

“တတိယကတော့ မွန်းစတားဒီရေပဲ”

ရိုင်ယန်က နောက်ဆုံးအချက်ကို ထည့်ပြောသည်။

“နေ့ဘက်မှာတော့ မွန်းစတားဒီရေက အလုံးအရင်းနဲ့ ပေါ်မလာနိုင်ဘူး။ ငါတို့က အဆုံးမရှိတဲ့ ဒီရေလို စစ်ကူတွေကို ရင်ဆိုင်နေရမယ့်အစား ပစ်မှတ်အတွင်းမှာ ရှိတာတွေကိုပဲ ရှင်းရမှာ”

“ဝါး” ကီကီက စိတ်ဝင်တစား ပြောသည်။

“ရှင်တို့က အတော်လေး စဉ်းစားထားတာပဲ။ ဒါပေမဲ့ အဲ့ဒီဆွဲဆောင်ခံရတဲ့ အထူးအဆင့်တွေက တစ်ကောင်ထက် ပိုနေရင်ရော။ ဥပမာ အဲ့ဒီသတ္တဝါအသိုက်ဆိုရင် အပေါ်မှာ သန္ဓေပြောင်းမွန်းစတား ဘယ်နှကောင်ရှိနေမလဲ ဘယ်သူသိမှာလဲ”

လင်းရှန်က ရိုင်ယန်နှင့် အခြားသူများကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ကီကီကို ပြောလိုက်သည်။

“ငါ ထင်တာ မမှားဘူးဆိုရင် သူတို့က အမဲလိုက်နေတဲ့ အချိန်မှာတင် လေယာဉ်တင်သင်္ဘောရဲ့ နူကလီးယားစွမ်းအင်ဗဟိုချက်ကို ဖွင့်ပြီး အရှိန်အပြည့်နဲ့ နေရာရွှေ့ပြောင်းဖို့ ရည်ရွယ်ထားတာပဲ”

“ပြီးတော့ ကျောက်ဆောင်ကျွန်းနဲ့ ဂါလန်မီးတောင်ကတော့ ကြီးမားလှတဲ့...”

လင်းရှန်က ရိုင်ယန်တို့အဖွဲ့ကို တစ်လုံးချင်း ပြောလိုက်သည်။

“သွေးဆောင်ဖြားယောင်းဆေးရည်တွေပေါ့”

Chapter 949

ဖုံးကွယ်နေသော အန္တရာယ်များ ၁

Neptune၏ သတင်းအချက်အလက်စင်တာအတွင်း လေထုမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

လင်းရှန်သည် ရိုင်ယန်ကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ပွင့်လင်းသော အမူအရာကို မြင်ရသောအခါ သူ စဉ်းစားမိသွားသည်။ ရိုင်ယန်က အစီအစဉ်၏ အဓိကအချက်ကို ချပြလိုက်ကတည်းက သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို လင်းရှန် ရိပ်မိလိမ့်မည်ဟု မျှော်လင့်ထားခြင်းမှာ ထင်ရှားသည်။ အနန္တရထားသည် လက်ရှိတွင် ပင်လယ်ကျောက်ဆောင်ကျွန်း၌ ဆိုက်ကပ်ထားသော်လည်း ဤပြဿနာကို တိုက်ရိုက်ရှောင်လွှဲရန် ခဲယဉ်းနိုင်ကြောင်း လင်းရှန် သိလိုက်သည်။

ထင်သည့်အတိုင်းပင် ရိုင်ယန်သည် ငြင်းဆိုခြင်းမရှိဘဲ သူ၏ သံသယတစ်ခုကို လင်းရှန်အား တိုက်ရိုက်ပြောပြလာသည်။

“ဒီထူးခြားဖြစ်စဉ်တွေက တိုက်ဆိုင်မှုမဟုတ်ဘူး၊၊ တားမြစ်ပစ္စည်းကြောင့်ပဲမဟုတ်ဘဲ တခြားတစ်ခုခုရှိနေနိုင်တယ်”

ရိုင်ယန်က သက်ပြင်းတစ်ချက်ချပြီး ပြုံးလိုက်သည်။

“ထူးဆန်းတယ်မလား၊၊ အာရုဏ်ဦးမြို့တော်တိုက်ပွဲပြီးကတည်းက ကမ္ဘာတစ်ဝှမ်းမှာ ထူးဆန်းတာတွေ ဖြစ်လာတယ်၊၊ မြူတွေ ပိုထူလာတယ်၊ သန္ဓေပြောင်းမွန်းစတားတွေရဲ့ လှုပ်ရှားမှုက ပိုပြီး ထူးဆန်းလာတယ်၊၊ အမှတ် ၈ တွင်းနက်၊ တာ့ကူမြူထု၊ ဂါလန်မီးတောင်နဲ့ ဝိုင်းရံထားတဲ့ သန္ဓေပြောင်းမွန်းစတားတွေ...”

“ဟမ့်… ဒါတွေက အကောင်ကြီးတွေချည်းပဲ၊၊ သူတို့အားလုံးက တစ်ခုခုကို ပစ်မှတ်ထားသလိုမျိုး တစ်ညီတစ်ညွတ်တည်း လှုပ်ရှားနေကြတာ”

အဲရစ်ကာက လင်းရှန်ကို ကြည့်လိုက်သည်။

“ဓားကိုင်ဆောင်သူ... ရှင်ရော ဘယ်လိုထင်လဲ”

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”

မိုနီကာက ကြားဖြတ်ပြောလိုက်သည်။

“အာရုဏ်ဦးမြို့တော်တိုက်ပွဲက အမှောင်ထုရဲ့ ပိုမိုပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးလိုက်ပြီး အဓိကပစ်မှတ်က ဓားကိုင်ဆောင်သူကို ရှင်းထုတ်ဖို့လို့ ရှင်ထင်နေတာလား”

“ဒီလိုမျိုး တွေးတဲ့ လူကြောက်တွေ အမြဲရှိတာပဲ”

ဗန်နက်ဆာက ဝင်ပြောသည်။

“အမှောင်အဖွဲ့အစည်းတွေကလည်း သူ့ကို ရန်သူလို့ သတ်မှတ်ထားတာပဲ၊၊ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး၊၊ အဓိကက ထွက်ပြေးတာနဲ့ တုံ့ပြန်တာကလွဲလို့ ငါတို့မှာ တခြားရွေးချယ်စရာ ရှိလို့လား”

လင်းရှန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ ပင်လယ်လင်းယုန်အုပ်စု၏ ဆိုလိုရင်းကို သူ နားလည်သည်။ ပင်လယ်ထဲမထွက်ခင် မိုနီကာ ဤအကြောင်းပြောဖူးသည်ကို သူ သတိရသွားသည်။

ထိုအကြောင်းကို တွေးရင်း သူက ရိုင်ယန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဒီကနေ ထွက်သွားဖို့ဆိုရင် တားမြစ်ပစ္စည်းတွေ၊ မီးတောင်တွေကို စုံစမ်းနေဖို့ မလိုဘူး၊၊ တခြားအကြောင်းပြချက် ရှိသေးတယ် မဟုတ်လား”

“သေချာတာပေါ့”

ရိုင်ယန်က ပြုံးလျက် ပြန်ဖြေသည်။

“ဒီအကျပ်အတည်းကို စပြီး စုံစမ်းတုန်းကတော့ ပထမဆုံးအတွေးက ဆုတ်ခွာဖို့ပဲ၊၊ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက မြင့်မြတ်မြို့တော်အဖွဲ့အစည်းရဲ့ သတင်းအရ အနန္တရထားနဲ့ မင်းတို့က ဂြိုဟ်ပတ်ရထားလမ်းထဲ ဝင်လာတယ်ဆိုတာ သိလိုက်ရတယ်၊၊ လင်း... မင်းဆိုတဲ့ ကယ်တင်ရှင်က ဘယ်လိုလူမျိုးလဲဆိုတာ ငါအမြဲတွေ့ချင်နေခဲ့တာ”

ရိုင်ယန်၏ စကားမှာ တည်ငြိမ်သယောင်ရှိသော်လည်း လင်းရှန်တို့ဘက်ကမူ ချက်ချင်းပင် ထူးခြားမှုကို ခံစားလိုက်ရသည်။

“ဆိုလိုတာက ဒီပြဿနာက ကျွန်မတို့နဲ့ ပတ်သက်နေနိုင်တယ်လို့ ပြောချင်တာလား”

ကီကီက မေးလိုက်သည်။

“ဟုတ်တယ်၊၊ ရိုင်ယန်က လင်းကို အတော်လေး လေးစားနေတာ”

ဂေဒီက ဝင်ပြောသည်။

“ပင်လယ်ကျောက်ဆောင်ကျွန်းက တားမြစ်ပစ္စည်းက ဒီအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပေါ်လာတာဟာ ပြဿနာတစ်ခုပဲလို့ သူချက်ချင်းစဉ်းစားမိခဲ့တယ်”

“လင်း”

ရိုင်ယန်က လင်းရှန်၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“မင်းမှာ ဒီပြဿနာတွေကို ရှောင်လွှဲဖို့ နည်းလမ်းတွေ အများကြီးရှိကောင်းရှိလိမ့်မယ်၊၊ ပင်လယ်ပေါ်က ကျွန်းတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ ဆူနာမီတွေ... ဒါပေမဲ့ ငါသတိပေးပါရစေ၊၊ မင်း ခဏလောက် အနားယူနေသင့်တယ်၊၊ ပင်လယ်ကျောက်ဆောင်ကျွန်းကနေ ထွက်လိုက်တာနဲ့ အဆုံးအစမရှိတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေနက်ပိုင်းထဲ ရောက်တော့မယ်၊၊ ငါသာ မင်းနေရာမှာ အစောင့်ကြည့်ခံနေရတယ်ဆိုရင် ပိုပြီး သတိထားမှာပဲ”

လင်းရှန်က တည်ငြိမ်စွာဖြင့်ပင် တစ်ဖက်လူ၏ စကားထဲမှ အချက်အလက်အချို့ကို ဖမ်းဆုပ်လိုက်ပြီး မေးလိုက်သည်။

“အဲဒီမြင့်မြတ်မြို့တော်ဆိုတာက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ”

“အလွန်ကြီးမားတဲ့ ပင်လယ်ပြင်အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့ပဲ”

အဲရစ်ကာက ခါးထောက်ပြီး လင်းရှန်တို့ကို ရှင်းပြသည်။

“အဲဒါက ပင်လယ်ပေါ်က ရေပေါ်က ခိုလှုံမြို့တော်ကြီးလိုပဲ၊၊ သူတို့မှာ ကျွန်းခံတပ်တွေ အများကြီးရှိတယ်၊၊ အဲဒါအပြင် သင်္ဘောအစင်းတစ်ရာကျော်ပါတဲ့ ရေတပ်ကြီးလည်း ရှိသေးတယ်၊၊ သူတို့ရဲ့ ပင်မသင်္ဘောကြီးကတော့ အရင်က ကရာကန်ရေပေါ်မြို့တော်ကြီးပဲ”

“ကရာကန်လား… ဟိုပင်လယ်ကြည့်သင်္ဘောကြီးလား”

ကီကီက မေးသည်။

“အဲဒီအကောင်ကြီးက သုံးလာတာ ဆယ်စုနှစ်ချီနေပြီလေ၊၊ အခုထိ မြုပ်မသွားသေးဘူးလား”

ထိုအမည်နှင့် ပတ်သက်၍ လင်းရှန်တို့ဘက်မှ လူများမှာ မစိမ်းကြပေ။ ကရာကန် ရေပေါ်မြို့တော်ဆိုသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက လန်ဒီသင်္ဘောအုပ်စုမှ ထုတ်လုပ်ခဲ့သည့် ‘အိုအေစစ်’စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး ‘ဘယ်တော့မှ မမြုပ်နိုင်သော ပင်လယ်မြို့တော်’ ဟု ကျော်ကြားခဲ့သည်။ တန်ချိန် သန်းနှင့်ချီ၍ အလေးချိန်ရှိပြီး လူပေါင်း ၉၀,၀၀၀ ကျော် ဆံ့သည့် ဧရာမ ပင်လယ်ပြင်အပန်းဖြေဥယျာဉ်ကြီး ဖြစ်သည်။ ထိုနေရာတွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ရုက္ခဗေဒဥယျာဉ်များနှင့် ကာစီနိုများပင် ပါဝင်ပြီး ရေနက်ဆိပ်ကမ်းများတွင် လှည့်လည်ဆိုက်ကပ်လေ့ရှိသည်။

အရင်တုန်းကဆိုလျှင် ကျောင်းသုံးစာအုပ်များတွင်ပင် ပါဝင်သည့် နာမည်ကြီး ပင်လယ်ပြင်လည်ပတ်စရာနေရာတစ်ခု ဖြစ်သည်။ လင်းရှန် ငယ်ငယ်က အပေါဆုံးလက်မှတ်ဈေးနှုန်းမှာ နှစ်ထောင်ကျော်မျှသာ ရှိသဖြင့် သွားလည်ချင်ခဲ့သော်လည်း အခွင့်အရေးမရခဲ့ပေ။ ကြာလာသည်နှင့်အမျှ စက်ကိရိယာများဟောင်းနွမ်းလာပြီး ရေပေါ်မြို့တော်သစ်များနှင့် အာကာသစီမံကိန်းများ ခေတ်စားလာသောအခါ ဤနာမည်ကြီး ရေပေါ်မြို့တော်ကြီးမှာ လူအများ၏ မျက်စိအောက်မှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရာမှ ယခုတစ်ဖန် ပြန်ကြားရခြင်း ဖြစ်သည်။

“ဟုတ်တယ်၊၊ ကမ္ဘာပျက်ကပ်နေ့ပြီးတော့ အဲဒီနေရာကို ဗေလန်ရဲ့ ကြေးစားအဖွဲ့က သိမ်းပိုက်လိုက်တာ”

အက်ဇ်လန်က အလေးအနက် ပြောသည်။

“ဖုတ်ကောင်တွေကို ရှောင်ဖို့အတွက်တော့ အဲဒီနေရာက တကယ်ကို ကောင်းတဲ့နေရာပဲ၊၊ ဧရိယာကလည်း မြို့ငယ်လေးတစ်မြို့စာလောက် ကျယ်ပြီး ရိက္ခာတွေလည်း အများကြီးရှိတယ်၊၊ မြင့်မြတ်မြို့တော်က ဒီခံတပ်ကို ဗဟိုပြုပြီး ဒီနေ့မှာ လူဦးရေ နှစ်သိန်းကျော်အထိ တိုးတက်လာတာပဲ၊၊ ဘာကြောင့်လဲတော့ မသိပေမဲ့ ဒီအဖွဲ့အစည်းက အနီရောင်ကမ္ဘာက အမှောင်ဂိုဏ်းနဲ့ ပေါင်းပြီး တခြားအသက်ရှင်ကျန်ရစ်သူတွေကို ပစ်မှတ်ထားလာတယ်၊၊ သူတို့ရဲ့ လုပ်ရပ်တွေက ပိုပိုပြီးတော့ ရူးသွပ်လာတယ်”

“ငါတို့ သိရသလောက်တော့ မြင့်မြတ်မြို့တော်ရဲ့ လူအင်အားက တဖြည်းဖြည်းနည်းလာပေမဲ့ အထဲမှာတော့ ထိပ်သီးတွေပဲ ကျန်တော့တည်၊၊ သူတို့က စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကို အထူးပြုသုတေသနလုပ်နေကြတယ်၊၊ သူတို့ရဲ့ အင်အားက အတော်တောင့်တင်းပြီး ဖီးနစ်အဖွဲ့အစည်းရဲ့ နောဧမြို့တော်နဲ့လည်း ခဏခဏထိပ်တိုက်တွေ့ဖူးတယ်”

အဲရစ်ကာက ရှင်းပြသည်၊၊

ထပ်..

ရိုင်ယန်က လက်ဖျစ်တစ်ချက် တီးလိုက်သောအခါ ဟိုလိုဂရမ်ဖန်သားပြင်ပေါ်တွင် ပင်လယ်ကျောက်ဆောင်ကျွန်း၏ မြေမျက်နှာသွင်ပြင်မြေပုံပေါ်လာသည်။

“မကြာခင်ကပဲ ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အရှေ့တောင်ဘက်နဲ့ အရှေ့မြောက်ဘက် ပင်လယ်ပြင်တွေမှာ မြင့်မြတ်မြို့တော်က ရေတပ်အချို့ကို တွေ့ခဲ့ရတယ်၊၊ သူတို့က ကုန်းပေါ်တက်ပြီး တစ်ခုခုကို မကြခဏလုပ်နေကြတယ်၊၊ တားမြစ်ပစ္စည်းအကြောင်း သတင်းကိုလည်း ငါတို့က မှောင်ခိုဈေးကွက်ကနေ ဝယ်ခဲ့တာပါ၊၊ ဒါဟာ မြင့်မြတ်မြို့တော် လုပ်နေတဲ့ ကိစ္စတစ်ခုခုနဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါတို့ ထင်တယ်...”

သူက လင်းရှန်ကို ကြည့်ပြီး ပြောလိုက်သည်၊၊

“ဒါက မင်းနဲ့လည်း တိုက်ရိုက်ပတ်သက်နေနိုင်တယ် လင်း၊၊ သတိထားဖို့ လိုလိမ့်မယ်”

“သတိပေးတာ ကျေးဇူးပဲ”

လင်းရှန်က ရိုင်ယန် မြေပုံပေါ်တွင် မှတ်သားပေးထားသည့် နေရာကို ကြည့်လိုက်သည်၊၊

“ဒါက တကယ် အထောက်အကူပြုတယ်”

“တားမြစ်ပစ္စည်းတွေ၊ သလင်းကျောက်တွေ၊ မြင့်မြတ်မြို့တော်... အဲဒါတွေကို အသေးစိတ်ပြောပါဦး”

မိုနီကာက ရှေ့တိုးလာပြီး လိုရင်းကိုပဲ တည့်တိုးမေးလိုက်သည်။

“ဘယ်လို ပူးပေါင်းဆောင်ရွက်ချင်တာလဲ”

ရိုင်ယန်က ခေါင်းခါပြလိုက်သည်၊၊

“လင်း… ပြောပြီးသားပဲ မဟုတ်လား၊၊ တားမြစ်ပစ္စည်းတို့ သလင်းကျောက်တို့ဆိုတာ အသက်ထက် အရေးမကြီးပါဘူး၊၊ ငါတို့က မြို့ထဲမှာ မြင့်မြတ်မြို့တော်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာပဲ၊၊ အဲဒါက မင်းတို့နဲ့လည်း ပတ်သက်နေနိုင်တယ်၊၊ သူတို့နဲ့ ထိပ်တိုက်တွေ့တာပဲဖြစ်ဖြစ်၊ တစ်ခုခု ရှာတွေ့တာပဲဖြစ်ဖြစ် ငါတို့ မဟာမိတ်တွေအဖြစ်ဆက်သွားလို့ ရပါတယ်”

လင်းရှန်က ပြုံးလိုက်ပြီး အထူးဆက်သွယ်ရေးစက်တစ်ခု ထုတ်ပေးလိုက်သည်၊၊

“ကောင်းပြီလေ၊၊ ဒါဆို ကျွန်းပေါ်မှာ တွေ့ကြတာပေါ့”

“လင်း”

လင်းရှန် ထွက်ခွာတော့မည့်အချိန်တွင် ရိုင်ယန်က ဆက်သွယ်ရေးစက်ကို လှမ်းယူလိုက်ရင်း “ပင်လယ်ပြင်မှာ အမှောင်အမှတ်အသားတွေနဲ့ လွယ်လွယ်နဲ့ မပတ်သက်မိစေနဲ့.. မဟုတ်ရင် ရေအောက်ထဲက ဘယ်လို မိစ္ဆာမျိုး ထွက်လာမလဲဆိုတာ မင်း သိနိုင်မှာမဟုတ်ဘူး”

လင်းရှန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းရှန်၏ အဖွဲ့နှစ်ဖွဲ့စလုံးသည် သူတို့၏ စွမ်းအားဝတ်စုံမှ မျက်နှာဖုံးများကို ပိတ်လိုက်ကြသည်။ သူတို့သည် ကုန်းပတ်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပျံတက်သွားကြပြီး ဝေးလံသော ပင်လယ်ပြင်ဆီသို့ ဦးတည်ပျံသန်းသွားကြလေသည်။

All Chapters