အခန်း (၉၅၀-၉၅၁)
Vol. 54 Ch. 950-951
Chapter 950
ဖုံးကွယ်နေသော အန္တရာယ်များ ၂
ကွပ်ကဲခန်းမ သတင်းအချက်အလက်စင်တာအတွင်းမှ ရိုင်ယန်သည် ပြတင်းပေါက်မှတစ်ဆင့် လင်းရှန်တို့ ထွက်ခွာသွားသည်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေမိသည်။
“ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့သလိုပဲနော်”
ဂေဒီက ပြောသည်၊၊
“ဓားကိုင်ဆောင်သူက ယန္တရားစွမ်းအားရှင်တစ်ယောက်ပဲ၊၊ ကုန်း၊ရေ၊လေ ... ဘယ်နေရာမဆို သူ့အတွက် ပြဿနာရှိမှာမဟုတ်ဘူး၊၊သူတို့အဖွဲ့တွေကလည်း အကုန်လုံး ထိပ်တန်းစွမ်းအားရှင်တွေဆိုတော့ သလင်းကျောက်ကိုပဲ စိတ်ဝင်စားကြမှာပါ”
ရိုင်ယန်က လက်ကာပြလိုက်ပြီး လေးနက်သော အမူယာဖြင့် ပြောလိုက်သည်၊၊
“သလင်းကျောက်က အရေးမကြီးပါဘူး၊၊ သူတို့သာ လိုချင်ရင် ဖီးနစ်အဖွဲ့အစည်းဆီကနေ သတင်းအချက်အလက်တွေ အလွယ်တကူရနိုင်တာပဲ”
ထိုစဉ် အက်ဇ်လန်က မေးခွန်းထုတ်သည်၊၊ “ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အခြေအနေက လုံးဝထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်တယ်၊၊ သတိပေးတာကလွဲလို့ တခြားဘာပူးပေါင်းဆောင်ရွက်မှုမှ မပေးနိုင်ဘူးဆိုရင် ဒါက ဘာထူးမှာလဲ”
ဗန်နက်ဆာက ပြုံးလိုက်သည်၊၊
“နင်က အူကြောင်ကြောင်နဲ့… ပင်လယ်ကျောက်ဆောင်ကျွန်းမှာ ပြဿနာရှိနေမှန်း နင်သိရင် သူတို့လည်း သိတာပေါ့၊၊ ရိုင်ယန်ရဲ့ ဆိုလိုရင်းက ငါတို့ မကူညီနိုင်ရင်တောင်မှ မိတ်ဆွေပီသစွာ သတိပေးတာဟာ စေတနာကို ပြရာရောက်တယ်၊၊ အနည်းဆုံးတော့ ဓားကိုင်ဆောင်သူနဲ့ ရန်သူမဖြစ်တော့ဘူးပေါ့”
“ငါတို့ မကူညီနိုင်ဘူးလို့ ဘယ်သူပြောလဲ”
ရိုင်ယန်က လှည့်ကြည့်ကာ အားလုံးကို အလေးအနက် ပြောလိုက်သည်။
“အဆင်သင့်ပြင်ထားကြ… ငါတို့ ဒီည ကျွန်းပေါ်ကို တက်မယ်”
“ဒီညလား”
“မှန်တယ်”
ရိုင်ယန်က အပြင်သို့ ခပ်သွက်သွက် လျှောက်သွားရင်း နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“မြင့်မြတ်မြို့တော်ရဲ့ ပစ်မှတ်က သူတို့သာဆိုရင် အဲဒီ တားမြစ်ပစ္စည်းဟာ ဒီညမှာပဲ ပေါ်လာလိမ့်မယ်”
…
ပင်လယ်ရေပြင်အထက်မှ ပျံသန်းလာစဉ် လင်းရှန်သည် လေထုသည် အနည်းငယ် လေးလံထိုင်းမှိုင်းနေသည်ဟု ခံစားရသည်။ သူသည် ရေဒါဖြင့် ပင်လယ်ပြင်ကို မပြတ်တမ်း စကင်ဖတ်နေပြီး ပင်လယ်ကျောက်ဆောင်ကျွန်းနှင့် နီးကပ်လာသောအခါ ချီလီနှင့် နန်ကျင်းတို့၏ အဖွဲ့များကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
“အားလုံးပဲ အခြေအနေဘယ်လိုရှိလဲ”
“ရာသီဥတုကတော့ သိပ်မကောင်းဘူး”
အထပ်မြင့် အဆောက်အဦးတစ်ခုပေါ်တွင် အီလက်ထရွန်နစ် မှန်ပြောင်းကို ကိုင်ထားသည့် ချီလီက အရှေ့တောင်ဘက်ရှိ တိမ်မည်းကြီးများကို ကြည့်ကာ ပြန်ဖြေသည်။
“မိုးလေဝသစနစ်အရ အဲဒီဘက်မှာ မုန်တိုင်းတစ်ခုက အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတယ်၊၊ ကျွန်းပေါ်ကို မိုးရွာနိုင်တယ်”
“ရှဲ... ရှဲ...”
ထိုစဉ် နန်ကျင်း၏ အသံ ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။
“ကပ္ပတိန်လင်း... မြို့ထဲမှာ လူတစ်ယောက်မှ မရှိဘူး၊၊ အရှေ့ပိုင်းမြို့က ကမ်းရိုးတန်း ဆိပ်ကမ်းဆက်သွယ်ရေးနေရာ တိုက်ခိုက်ခံထားရတယ်...”
နန်ကျင်းတို့ဘက်တွင် ဒရုန်းများစွာက မြို့ကို စကင်ဖတ်နေကြသည်။ ဝေဟင်တွင် မီးတောက်က အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေပြီး သူဖြတ်သန်းသွားသည့် လေအဟုန်ကြောင့် မြို့ပျက်ကြီးအတွင်းရှိ အမှိုက်များ လွင့်စင်နေသည်။ ဤဆိပ်ကမ်းမှာ မီးလောင်ထားသကဲ့သို့ မည်းတူးနေပြီး ဧရာမ ရထားလမ်းအခြေခံအုတ်မြစ်ကြီးမှာ ပင်လယ်ရေပြင်ထက်တွင် ဒူးထောက်နေသည့် ဘီလူးကြီးတစ်ကောင်အလား တစ်ဝက်တစ်ပျက်ပေါ်နေသည်။
“မီးတောက် သွားကြည့်ပြီးပြီ၊၊ အနီးဆုံး ရထားလမ်းပိုင်းက ကီလိုမီတာ အတော်များများဝေးသေးတယ်၊၊ ရှေ့မှာ ဘာဖြစ်နေမလဲဆိုတာ မသေချာဘူး... ဒီပုံစံအတိုင်းဆိုရင်တော့ ကျွန်မတို့ ပျံသွားတာ ဒါမှမဟုတ် လှေလှော်သွားတာပဲ ရတော့မယ်”
သတင်းပေးချက်ကို ကြားလိုက်ရသောအခါ လင်းရှန်၏ အမူအရာတင်းမာသွားသည်။ အဖွဲ့နှစ်ဖွဲ့စလုံး အနောက်ဘက်ကမ်းရိုးတန်းရှိ တောင်ကုန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။ လင်းရှန်သည် အောက်ဘက်ရှိ တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ဧရိယာကို ကြည့်ကာ အတွေးနက်နေမိသည်၊၊
အာရုဏ်ဦးမြို့တော်တိုက်ပွဲပြီးကတည်းက ထူးဆန်းမှုများ ပေါ်လာခဲ့သည်။ ကာကွယ်ရေးပလက်ဖောင်းပေါ်က “ခုခံခွင့်မပြု”သတင်းစကား၊ တာ့ကူးရေနက်ဆိပ်ကမ်းက သတ္တုအန်စာတုံး၊ ယခု ပင်လယ်ကျောက်ဆောင်ကျွန်းဆီ ဦးတည်နေတဲ့ မုန်တိုင်းနဲ့ ကျွန်းမျော...
လင်းရှန်သည် သူ၏ရှေ့တွင် မြူထုကြီးတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားနေရသည်။ အနန္တရထားပေါ်တွင် လူ ၂၀ ခန့်သာ ရှိသော်လည်း မမြင်ရသော အရာတစ်ခုခု၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ဖိအားပေးသည့် ခံစားချက်မျိုးကို ရနေသည်။
“ဒီလောက်ကြီးတဲ့ မြို့ကြီးမှာ ဖုတ်ကောင်တစ်ကောင်မှ မရှိတာ ထူးဆန်းတယ်...”
ရှားရှားက သူမ၏ မိုးပျံမက်မွန်သီးပေါ်မှ ခုန်ဆင်းလိုက်ပြီး စွမ်းအားဝတ်စုံ မျက်နှာဖုံးရှိ စကင်နာကို မြို့ဘက်သို့ လှည့်လိုက်သည်။
“ဒီနေရာက အရမ်းတိတ်ဆိတ်နေတယ်လို့ မထင်ဘူးလား...”
“ပိုတိတ်ဆိတ်လေ ပိုသတိထားသင့်လေပဲ”
မိုနီကာက ဝင်ပြောသည်။
“အဲဒီမြင့်မြတ်မြို့တော်အဖွဲ့အစည်းက ငါတို့ကို စောင့်ကြည့်နေမှာ သေချာတယ်”
“လင်းရှန်” ကီကီက လင်းရှန်ဘက် လှည့်လာပြီး မေးသည်၊၊
“ရေအောက်မီးတောင်နဲ့ ထူးဆန်းတဲ့သတ္တဝါအသိုက်က ဒီဘက်လာနေပြီဆိုတော့ ကျွန်မနဲ့ မီးတောက်… ဝေဟင်ကနေ ရထားလမ်းတစ်လျှောက် သွားကြည့်လိုက်ရမလား”
လင်းရှန်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြီးမားလှသော တိမ်တိုက်ကြီးများက နေရောင်ကို တဖြည်းဖြည်းဖုံးကွယ်နေပြီး မြို့ပြအဆောက်အဦးများပေါ်သို့ အရိပ်ကြီးများ ကျရောက်လာသည်။ ထိုအချိန်တွင် သူသည် ကြယ်နက်ပန်းပဲဖိုအတွင်းမှ အထူးပျံသန်းရေးဝတ်စုံ ဝတ်ဆင်ထားသည့် ဗိုင်အိုလာကို ခေါ်ထုတ်လိုက်သည်။
“ဗိုင်အိုလာ... ပင်လယ်လင်းယုန်အုပ်စုဆီက ရထားတဲ့ သတင်းတွေအရ အမြင့်ပိုင်းကနေ စောင့်ကြည့်စစ်ဆေးပါ၊ ပြီးရင် G3 ကနေ G25 ဘူတာတွေအထိ ရထားလမ်းတစ်လျှောက် အမြန်ကင်းလှည့်ပြီး သတင်းပြန်ပို့ပါ”
[ဗိုင်အိုလာ နားလည်ပါပြီ။ သန္ဓေပြောင်းမွန်းစတားတွေနဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ့ရင် ချက်ချင်း ပြန်လာရမလား]
လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်၊၊ အမိန့်ရသည်နှင့် ဗိုင်အိုလာသည် လှည့်ထွက်သွားပြီး ပျံသန်းရေးအင်ဂျင်ကို နှိုးကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ အသံထက်မြန်သော အရှိန်ဖြင့် တိမ်တိုက်များကို ဖြတ်ကျော်ပျံသန်းသွားသည်။
“ရထားလမ်းကလည်း ပျက်နေတယ်၊၊ ရေအောက်ရော ရေပေါ်မှာပါ ပြဿနာတွေ ရှိနေတော့ ကောင်းကင်အမိုးခုံးရထားကို သုံးဖို့ စဉ်းစားနေပေမဲ့ အပေါ်မှာ ရှိနေတဲ့အရာက ပိုပြီး ဒုက္ခပေးလာမလားလို့ ငါစိုးရိမ်တယ်”
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ၊၊ ဗိုင်အိုလာ ပြန်လာတာကိုပဲ ဒီမှာ စောင့်နေကြမလား”
ကီကီက မေးသည်။
“မြင့်မြတ်မြို့တော်ကလူတွေက ငါတို့ကို စောင့်ကြည့်နေနိုင်တယ်လို့ ပင်လယ်လင်းယုန်အုပ်စုက ပြောပေမဲ့ အဲဒါက အကြီးမားဆုံး ပြဿနာမဟုတ်ဘူးလို့ ငါထင်တယ်”
မိုနီကာက လက်ပိုက်ပြီး လင်းရှန်ကို ကြည့်လိုက်သည်။
လင်းရှန်ကလည်း သူ နားလည်ကြောင်း ခေါင်းညိတ်ပြသည်။
“မီးတောင်တွေ၊ ကျွန်းမျောတွေ... ဒါတွေက ပိုပြီး စိုးရိမ်စရာကောင်းတယ်”
“ပြီးတော့...”
မိုနီကာက လင်းရှန်ကို စိုက်ကြည့်ရင်း
“အဲဒါကိုတော့ လျစ်လျူရှုထားလို့ မရဘူး”
လင်းရှန် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်၊၊
“ဒီနေ့တော့ ငါတို့ ထွက်သွားလို့ရမှာ မဟုတ်ဘူး၊၊ နေ့ခင်းဘက်မှာ မြို့ထဲကို ရှာဖွေပြီး ပြင်ဆင်စရာရှိတာတွေ လုပ်ကြရအောင်”
“အဲဒါကတော့ အကောင်းဆုံးပဲ” မိုနီကာက သဘောတူသည်။
ထို့နောက် မြို့၏ အနေအထားအရ လင်းရှန်သည် မိုနီကာ၏ အဖွဲ့ကို ပင်လယ်ရေကြောင်းစီးပွားရေးဇုန်သို့ လွှတ်လိုက်ပြီး ချီလီကိုမူ အရှေ့တောင်ဘက်ကမ်းရိုးတန်းရှိ စက်မှုဆိပ်ကမ်းဧရိယာတွင် နန်ကျင်းတို့အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် တာဝန်ပေးလိုက်သည်။ သူကိုယ်တိုင်မှာမူ ကီကီ၊ ရှီဇီတို့နှင့်အတူ ပင်လယ်ကျောက်ဆောင်မြို့၏ အလယ်ဗဟိုရှိ အဖြူရောင်မျှော်စင်ရပ်ကွက်ကို သွားရောက်စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုသို့မသွားမီ သူသည် အနောက်ဘက်ကမ်းရိုးတန်း ကျောက်ဆောင်တောင်ကုန်းပေါ်တွင် ခဏထိုင်လိုက်ပြီး အချိန်စောနေသေးသည်ကို အခွင့်ကောင်းယူကာ ကြယ်နက်ပန်းပဲဖိုအတွင်းသို့ အသိစိတ်ဖြင့် ဝင်ရောက်ကာ ချူယန်နှင့် ဆက်သွယ်လိုက်သည်။
ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောပေါ်ရှိ ယဲ့လန်၏ ရုံးခန်းအတွင်းတွင် လင်းရှန်သည် သူ၏ စိတ်ဝိညာဥ်ပုံရိပ်ဖြင့် ချူယန်၏ ဘေးတွင် ပေါ်လာပြီး ပရော်ဖက်ဆာယဲ့နှင့် ဆက်သွယ်ေသည်။
“မင်း သလင်းကျောက်အကြောင်းကို မကြာခင် မေးလာတော့မယ်လို့ ချူယန်ကို ငါ ပြောထားပြီးသားပါ”
ယဲ့လန်က သူ၏ ထိုင်ခုံတွင် ထိုင်နေရင်း ချူယန်၏ ဘေးရှိ ထိုင်ခုံအလွတ်ကို လင်းရှန် ရှိနေသကဲ့သို့ လှမ်းကြည့်လိုက်သည်။
“ဖီးနစ်အဖွဲ့အစည်းက သလင်းကျောက်ကို အန္တရာယ်ရှိတယ်လို့ ထင်နေတာလား”
လင်းရှန်က မေးသည်။
“အဲဒါက ထင်သလောက် မရိုးရှင်းဘူး”
ချူယန်က ပြန်ဖြေသည်။
“လွန်ခဲ့တဲ့ တစ်လလောက်က ပစိဖိတ်သမုဒ္ဒရာမှာ စွမ်းအားရှင်တွေ စပေါ်လာတယ်၊၊ ငါတို့ နောဧဆီကနေ အချက်အလက်တွေ အများကြီးရခဲ့တယ်၊ အာရုဏ်ဦးဗဟိုစင်တာနဲ့ ဖီးနစ်မြို့တော်တို့က သုတေသနတွေ စလုပ်နေပြီ၊၊ ငါတို့ရဲ့ မြောက်အမေရိကပေါင်းစည်းတပ်ဦးကလည်း မြောက်အမေရိကနဲ့ တောင်အမေရိကရဲ့ မြို့ကြီးတွေမှာ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီ”
“လင်းရှန်” ယဲ့လန်က သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်၊၊
“တောင်ဘက်ကောင်းကင်ဂိတ်က ပေးပို့လာတဲ့ စာလုံးလေးလုံးပါတဲ့ သတင်းစကားကို မြင်တုန်းက မင်းဘယ်လိုထင်လဲ”
“ကျုပ်လည်း နားမလည်ဘူး၊၊ ထူးတော့ ထူးဆန်းနေတယ်”
လင်းရှန်လည်း ယဲ့လန်က ဘာကြောင့် ဤမေးခွန်းကို ရုတ်တရက် မေးသည်ကို မသိပေ၊၊
“ဒါက အဓိပ္ပာယ်မရှိတဲ့ စကားလို့ပဲ ထင်တယ်”
Chapter 951
စူပါအလင်းယိုင်ဓား ၁
ချူယန်က လင်းရှန်၏ စကားကို ပြန်ပြောပြပေးသည်။ ယဲ့လန်က ခေါင်းညိတ်လိုက်သည်၊၊
“ယဉ်ကျေးမှုအချင်းချင်း ဆက်သွယ်တဲ့ သတင်းအချက်အလက်တွေကို ကိုင်တွယ်တဲ့အခါ ငါတို့က အရမ်းသတိထားရတယ်၊၊ မင်းတို့နဲ့ အမှောင်ယဉ်ကျေးမှုကြားက ဆက်သွယ်မှုလည်း အတူတူပဲ၊၊ ဘယ်လိုသတင်းမျိုး ရလာမလဲ၊ ဘယ်လို ပေးဆပ်မှုတွေ ရှိလာမလဲဆိုတာ ငါတို့ တကယ်မသိဘူး၊ သလင်းကျောက်ဆိုတာလည်း အဲဒီလိုပဲ”
လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ယဲ့လန်က ဆက်ပြောသည်။
“ငါတို့ရဲ့ ညလမ်းလျှောက်သူအဖွဲ့အစည်းက သလင်းကျောက်နဲ့ ပတ်သက်ပြီး စမ်းသပ်မှုပေါင်း ရာနဲ့ချီ လုပ်ခဲ့ပြီးပြီ၊၊ ဒေသအသီးသီးက ရတဲ့ သတင်းတွေကို ပေါင်းစပ်ကြည့်တယ်၊၊ စွမ်းအားရှင်သုတေသနအဖွဲ့ကလည်း ဒီစွမ်းအားအောင်မြင်မှုကနေ အတွေ့အကြုံနဲ့ နည်းလမ်းတွေ အများကြီး ရခဲ့တယ်၊၊ အဲဒါက မင်းစိတ်ကူးထားသလိုပါပဲ၊၊ လူသားတွေရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ ဒါဟာ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခုပဲ၊၊ ဒီသလင်းကျောက်စွမ်းအင်သိုလှောင်မှုနဲ့ဆိုရင် စွမ်းအားရှင်တွေဟာ အိန်ဂျယ်အဆင့်ထက် ကျော်လွန်တဲ့ အဆင့်သစ်တစ်ခုကို ရောက်နိုင်တယ်၊၊ လှိုင်းတန်ဖိုး ၃၀,၀၀၀ ကျော်သွားတဲ့သူတွေအတွက် ငါတို့ အဆင့်သစ်တစ်ခု သတ်မှတ်လိုက်တယ်...”
“အဆင့်သစ် ဟုတ်လား”
“သာလွန်အဆင့်”
ချူယန်က ပြန်ဖြေလိုက်သည်။
“အခြေအနေက သိပ်ပြီး အကောင်းမြင်စရာ မရှိဘူးပဲ” လင်းရှန်က မှတ်ချက်ပြုသည်။
“စွမ်းအားတွေအကြောင်း ပိုသိလာလေလေ… မေးခွန်းထုတ်စရာတွေ ပိုများလာလေလေပဲ”
ချူယန်က ပြန်ဖြေသည်။
“ဥပမာ- ဘာတွေလဲ”
“ဥပမာ... လူ့ခန္ဓာကိုယ်ထဲမှာ သလင်းကျောက်လို စွမ်းအင်သိုလှောင်တဲ့ အရာတစ်ခု ပေါ်လာတာဟာ ကောင်းတဲ့အချက်လား… ဆိုးတဲ့အချက်လားဆိုတာ မင်းတွေးဖူးလား”
ယဲ့လန်က ခပ်ဖြည်းဖြည်းပင် စကားကို စပြောလိုက်သည်။
ထိုစကားကြောင့် လင်းရှန် အံ့အားသင့်သွားသည်။ အမှန်တကယ်တော့ ဗန်နက်ဆာဆီက ဒီအကြောင်းကို စကြားကတည်းက သူ့မှာ ထိုကဲ့သို့ သံသယမျိုးရှိခဲ့ဖူးသည်။
“ဒါကို ငါတို့က ဘက်လိုက်ပြီး ဆုံးဖြတ်လို့တော့ မရပါဘူး၊၊ စွမ်းအားတွေရဲ့ ပြောင်းလဲမှုအောက်မှာ လူသားတွေဟာ အတောင်ပံတွေ၊ လက်တံတွေ ပေါက်လာကြတယ်၊၊ ကောင်းကင်ကို ပျံတက်နိုင်သလို မြေအောက်ထဲလည်း ငုပ်လျှိုးနိုင်ကြတယ်၊၊ ဆိုတော့ သလင်းကျောက်တစ်ခုပေါက်လာတာက သိပ်ပြီး မထူးဆန်းဘူးလို့ ထင်ရပေမဲ့… ငါတို့ စမ်းသပ်ချက်တွေအရတော့ သလင်းကျောက်ဖြစ်တည်လာတဲ့ စွမ်းအားရှင်အတော်များများဟာ အာရုံချောက်ခြားမှုတွေကို ခံစားနေရတယ်”
“အာရုံချောက်ခြားမှုတွေလား”
ယဲ့လန်က စားပွဲပေါ်ရှိ ကွန်ပျူတာကို နှိပ်လိုက်ရာ စမ်းသပ်ချက်မှတ်တမ်းများစွာ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ လင်းရှန် ကြည့်လိုက်သောအခါ မကြာမီမှာပင် သူ၏ မျက်မှောင်များ ကြုတ်သွားတော့သည်။
စွမ်းအားရှင်စာရင်းတွင် သလင်းကျောက်ဖြစ်တည်ပြီးနောက် စွမ်းအားအမှတ် ၁၀,၀၀၀ ကျော်သွားသူများမှာ ဗန်နက်ဆာပြောခဲ့သလိုပင် စွမ်းအားပမာဏ နှစ်ဆ သို့မဟုတ် နှစ်ဆထက်မက တိုးလာကြသည်ကို တွေ့ရသည်။ သို့သော် လေ့လာချက်မှတ်တမ်းများအရ သလင်းကျောက်ဖြစ်တည်ပြီးနောက် မကြာမီမှာပင် ထူးဆန်းသော အာရုံချောက်ခြားမှုများကို ခံစားရကြောင်း ဖော်ပြထားသည်။ ထိုအာရုံချောက်ခြားမှုများသည် လင်းရှန် အာရုဏ်ဦးမြို့တော်တိုက်ပွဲအတွင်း ဖုတ်ကောင်သိုးထိန်းမှတစ်ဆင့် မြင်ခဲ့ရသည့် ပုံရိပ်များ—ညအမှောင်ထုနှင့် ပင်လယ်နက်ပိုင်းမှ ထူးဆန်းသော မြင်ကွင်းများနှင့် များစွာဆင်တူနေသည်။
ပို၍ ထူးဆန်းသည်မှာ ထိုလူများအနက် စွမ်းအားအမှတ် အလွန်မြင့်မားသူအချို့သည်... သန္ဓေပြောင်းပြီး တခြားသတ္တဝါများအဖြစ် ပြောင်းလဲသွားကြခြင်းပင်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“အခုထိတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး”
ယဲ့လန်က စကားဆက်သည်။
“ပထမအချက်က သလင်းကျောက်မွေးမြူခြင်းက အန္တရာယ်ရှိတယ်၊၊ ညစ်ညမ်းတဲ့ အဆိပ်အတောက်တွေကို ထိန်းချုပ်ဖို့ ခဲယဉ်းတယ်၊၊ ဒုတိယအချက်က ဒီစွမ်းအားက ကိုယ့်ကို ဘယ်လိုပြောင်းလဲစေပြီး ဘယ်လိုထိခိုက်မှုတွေ ပေးမလဲဆိုတာ ငါတို့ မသိသေးဘူး၊၊ အထူးသဖြင့် အဆင့် ၄ သွေးပဲစေ့တွေက နည်းပညာပိုင်းအရ အမှောင်စွမ်းအင်ကို အပြည့်အဝမပြောင်းလဲနိုင်သေးခင်မှာ ကိုယ့်ကိုယ်ကိုယ် သလင်းကျောက်အဖြစ် ပြောင်းလဲသွားစေနိုင်တဲ့ အန္တရာယ်က ကြီးမားလွန်းတယ်၊၊ ပြီးတော့ ဒီစွမ်းအားကို သုံးလိုက်တာနဲ့ ညဘက်မှာ အမှောင်အမှတ်အသားက ထွက်ပေါ်လာတာပဲ၊၊ အဲဒီအချိန်မှာ အမှောင်အမှတ်အသားကို အသစ်တွေ့ရှိထားတာဆိုတာ မင်းသိထားဖို့ လိုတယ်”
ဖီးနစ်အဖွဲ့အစည်းက ဘာကြောင့် ဒီကိစ္စကို သတိထားနေရသလဲဆိုသည်ကို လင်းရှန် ချက်ချင်း နားလည်သွားသည်။
သူ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်၊၊
“ဒါပေမဲ့ ဒီစွမ်းအားကို သုံးတာက အမှောင်ထုကို ရင်ဆိုင်ဖို့အတွက် တကယ်ကို ကောင်းတဲ့ နည်းလမ်းပဲ မဟုတ်လား”
“ဟုတ်တယ်၊၊ အဲဒါကြောင့်လည်း အာရုဏ်ဦးမြို့တော်မှာ ရခဲ့တဲ့ အဆင့် ၄ သွေးပဲစေ့အချို့ကို မင်းကို ပေးဖို့ ချူယန်ကို ငါပြောခဲ့တာ၊၊ ဒါပေမဲ့ မွေးမြူမှုအပိုင်းမှာတော့ အမှောင်စွမ်းအင် နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး အစီအစဉ်သစ်တွေ ထပ်ဆွဲနေတုန်းပဲ၊၊ ရလဒ်ကောင်းတွေ ထွက်လာရင် ချူယန်ကတစ်ဆင့် မင်းကို တိုက်ရိုက် ပေးပို့ခိုင်းလိုက်မယ်”
ယဲ့လန်က ပြောသည်။
“နောက်ထပ် တစ်ခုရှိသေးတယ်”
ချူယန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊
“သလင်းကျောက်နည်းပညာက မြင့်မြတ်မြို့တော်အဖွဲ့အစည်းကနေ စတာပဲ၊၊ ငါတို့ အဲဒါကို စုံစမ်းနေတယ်၊၊ ဒါပေမဲ့ နင်အရင်က ပြောခဲ့တဲ့ တွင်းနက် ၁၃ က SIID ဖောင်ဒေးရှင်းအဖွဲ့အစည်းအကြောင်း...”
လင်းရှန် ရုတ်တရက် သဘောပေါက်သွားသည်။ ပရော်ဖက်ဆာယဲ့က တစ်ခုခုကို ရိပ်မိထားပြီးသားပင်၊၊
“လင်းရှန်”
ယဲ့လန်၏ အကြည့်က အနည်းငယ် ပြောင်းလဲသွားသည်၊၊
“ငါ အရင်က ပြောဖူးသလိုပဲ၊၊ အမှောင်ယဉ်ကျေးမှုက မင်းကို တကယ် ပစ်မှတ်ထားနေတာဆိုရင် မင်းမှာ ကောင်းကင်အမိုးခုံးရထားရှိနေရင်တောင် ပင်လယ်ရေကြောင်းခရီးစဉ်က ချောမွေ့မှာ မဟုတ်ဘူး”
“ကျွန်တော် သိပါတယ်”
လင်းရှန်က တည်ငြိမ်စွာပင် ပြန်ဖြေသည်၊၊
“တစ်နေရာတည်းမှာ ရပ်နေတာ ဒါမှမဟုတ် အာရုဏ်ဦးဗဟိုစင်တာနောက်ကိုပဲ လိုက်နေတာကလည်း အဓိပ္ပာယ်မရှိဘူး၊၊ ပင်လယ်ရေကြောင်းက သွားတာက အမြန်ဆုံးပဲ”
သူက ပြုံးလျက် ချူယန် ကြည့်ကာ ဆက်ပြောသည်၊၊
“ဒီလို စဉ်းစားကြည့်ရအောင်… အကယ်၍ ဖောင်ဒေးရှင်းအဖွဲ့အစည်းက ကမ္ဘာပေါ်က အမှောင်ယဉ်ကျေးမှုရဲ့ ဆင်းသက်လာမှုဖြစ်နေမယ်၊၊ ပြီးတော့ ဒီသလင်းကျောက်တွေနဲ့ မြင့်မြတ်မြို့တော်က သူတို့နဲ့ ပတ်သက်နေမယ်ဆိုရင်... ကျုပ်က ပစ်မှတ်ထားခံရပြီဆိုရင် ဒါဟာ ကျုပ်တို့ရဲ့ ယူဆချက် မှန်တယ်ဆိုတာ သက်သေပြလိုက်တာပဲ၊၊ အမှောင်ယဉ်ကျေးမှုက ကျုပ်ကို ရှင်းထုတ်ချင်နေတာဟာ ကျုပ်တို့ရဲ့ ဟန့်တားမှုက တကယ်ကို ထိရောက်နေလို့ပဲပေါ့”
ချူယန်၏ အမူအရာမှာ အေးစက်မြဲ အေးစက်နေဆဲပင်။
“တောင်ဘက်ကောင်းကင်ဂိတ်အကြောင်း မင်းကို ငါ ခုနက မမေးခဲ့ဘူးလား၊၊ ဒါကို ထည့်တွေးရင် တောင်ဘက်ကောင်းကင်ဂိတ်က အမှောင်ယဉ်ကျေးမှုအတွက် ခြိမ်းခြောက်မှုဖြစ်နေသေးတယ်လို့ မင်း ထင်နေတုန်းပဲလား”
လင်းရှန်၏ အပြုံးက မျက်နှာပေါ်တွင်ပင် အေးခဲသွားသည်။
“အဲဒါကတော့ ဟုတ်တယ်...”
“ဒီလို ဖြစ်နိုင်မလား”
လင်းရှန်က သက်ပြင်းတစ်ချက်ချကာ သူ၏ အတွေးကို ထုတ်ဖော်ပြောပြသည်။
“တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ ဆိုလာမျက်နှာပြင်ပေါ်က သတင်းစကားက အမှောင်ယဉ်ကျေးမှုဆီက လာတာ မဟုတ်ဘူးဆိုရင်ရော”
ချူယန်ထံမှတဆင့် ထိုစကားကို ကြားသောအခါ ယဲ့လန်က သူ့ဘက်လှည့်ကြည့်သည်၊၊
“မင်း ဘာကြောင့် အဲဒီလို ပြောတာလဲ”
“ဘာလို့လဲဆိုတော့ အဲဒါက အဓိပ္ပာယ်မရှိလို့ပဲ၊၊ လူသားတွေရဲ့ ၉၉ ရာခိုင်နှုန်းကို သုတ်သင်ခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုက ပြောမယ့်စကားမျိုး မဟုတ်ဘူး”
လင်းရှန်က လေးနက်စွာ ပြောသည်။
“ခုခံခွင့်မပြုတဲ့လား… ဘာလို့ မခုခံရမှာလဲ… ခုခံရင်ရော ဘာဖြစ်မှာလဲ… ကျုပ်တို့က မျိုးတုံးတော့မယ့် အခြေအနေကို ရောက်နေတာပဲ… ဒီထက် ပိုဆိုးတဲ့ ရလဒ် ရှိဦးမှာမို့လို့လား”
ယဲ့လန်က ပြန်မပြောဘဲ လင်းရှန်၏ အတွေးများကို တိတ်ဆိတ်စွာ နားထောင်နေသည်။
“ပထမအချက်က မူလအစီအစဉ်အရ တွင်းနက်တွေက ချဲ့ထွင်နေတယ်၊၊ လူသားတွေ ထွက်ပြေးနေရတယ်၊၊ ကျုပ်တို့ လေ့လာချက်အရ အနီရောင်ကမ္ဘာရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် တွင်းနက် ၅၊ ၇ နဲ့ ၈ တွေမှာ ကြီးမားတဲ့ ထူးခြားမှုတွေကို တွေ့ခဲ့ရတယ်၊၊ ဂျူးလိယပ်စ်ရဲ့ S-Class အဆင့် ချိတ်ဆက်မှုအပြီးမှာ သန္ဓေပြောင်းမွန်းစတားတွေက အာရုဏ်ဦးမြို့တော်ကို ဝိုင်းထားပြီး လူသားတွေက ပြန်လည်တိုက်ခိုက်ခဲ့ကြတယ်”
“ဒီလိုအနေအထားမျိုးမှာ စစ်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး၊၊ အမှောင်ယဉ်ကျေးမှုအနေနဲ့ ကျုပ်တို့ လူသားတွေနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘူး၊၊ သူတို့အတွက် ညဟာ ကျုပ်တို့ရဲ့ နေ့အချိန်ပဲ၊၊ အားလုံးက အမှောင်တောအုပ်ထဲမှာ ရှိနေကြတယ်၊၊ အမှောင်အမှတ်အသားမရှိသရွေ့တော့ ကျုပ်တို့က ငြိမ်နေလို့ ရတယ်၊၊ ဒါက ကစားပွဲတစ်ခုပဲ၊၊ လူသားတွေက ကြောက်လန့်တကြား ထွက်ပြေးနေရတဲ့ အဆင့်ကနေ အခုတဖြည်းဖြည်း အသက်ရှင်ဖို့ အခွင့်အရေးကို ရှာတွေ့လာပြီ၊၊ ဒါက စတင်နေပြီဖြစ်တဲ့ ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းပဲ”
“ဒါဆိုရင် ‘ခုခံခွင့်မပြု' ဆိုတဲ့ စကားလုံးက ဘာကိုဆိုလိုတာလဲ။ အကယ်၍ ဒါဟာ အမှောင်ယဉ်ကျေးမှုဆီက လာတာဆိုရင် ဘာအဓိပ္ပာယ်မှရှိမှာမဟုတ်ဘူး။ ကောင်းပြီ... ဒီယဉ်ကျေးမှုက အဲဒီလောက်အထိ ပျင်းစရာမကောင်းဘူး ဒါမှမဟုတ် ကျုပ်တို့ နားမလည်နိုင်တဲ့ ဆက်သွယ်ရေးစနစ်ကို သုံးနေတာမဟုတ်ဘူးလို့ပဲ ယူဆလိုက်ရအောင်။ ဒါဆိုရင် အဲဒီစကားက တကယ်ပဲ အနှစ်သာရမရှိဘူးပေါ့”